ကျင်းထန်ရှု၏နဂါးအဆင့်ပညာရပ်......
Vol. 37 Ch. 511
ဖန်းးးးးး
ပြင်းထန်သော ပဲ့တင်ထပ်သံအင်အားစုနှစ်ခတပြိုင်နက် တိုက်ခတ်သွားသည်။ ဖြောင့်စင်းသောဓားနှင့် မိုးပြာရောင်သစ်ရွက်ပုံရိပ်တို့ ထိခတ်မိသည့်အခါ မီးပွားများ လွင့်စင်သွားကာ ပတ်ဝန်းကျင်တခွင်လုံးကိုမုန်တိုင်းထန်စေခဲ့သည်။
ပြင်းထန်သောတွန်းကန်အားကြောင့် လီလော့နှင့်ကျင်းထန်ရှုတို့အသီးသီးနောက်ဆုတ်လိုက်ရပြီး ခြေလှမ်းတိုင်းတွင် နက်ရှိုင်းသောခြေရာများကို ချန်ရစ်ခဲ့ကြသည်။
ဘန်းးးးး
ကျင်းထန်ရှု ခြေဆောင့်နင်းလိုက်သောကြောင့်သူ့ခြေဖဝါးအောက်ရှိ ကျောက်သားမျက်နှာပြင် အက်ကွဲသွားသည်။ ထိုအချိန်တွင် သူ့မျက်နှာပေါ်ရှိ တည်ငြိမ်သော အပြုံးများ ပျောက်ကွယ်သွားသော်လည်း ဟန်မပျက်အောင်ထိန်းနေဆဲပင်....
လီလော့သည် ထင်မှတ်မထားရလောက်အောင် ဇွဲကောင်းလွန်းသည်။
နှစ်ဉီးနှစ်ဖက်စလုံး နည်းစုံလမ်းစုံသုံးပြီး အပြင်းထန်တိုက်ခိုက်ခဲ့ကြသော်လည်း အခုထိ အနိုင်အရှုံး မသဲကွဲသေးပေ။
ထို့ကြောင့် ကျင်းထန်ရှုသည် ဤသို့သောမတိုးသာမဆုတ်သာအခြေနေကို ချိုးဖျက်ဖို့ ကြံရွယ်နေသည်။
ဒီလိုမှမဟုတ်ရင် အချိန်တွေကြာလာတာနဲ့အမျှ၊ သူ့ရဲစွမ်းအားတွေ အများကြီးလောင်ကျွမ်းလာမှာဖြစ်ပြီး သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုရဲ့ စွမ်းအားတွေလည်း အားနည်းလာပါလိမ့်မည်။
"လီလော့ မင်းက အံ့သြစရာကောင်းတယ်....."
ကျင်းထန်ရှုသည် သွေးစွန်းနေသော လက်ဖြင့် ရွှေသစ်ရွက်ကိုဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ရင်း....
"ဒါပေမယ့် ဒီအဆုံးအဖြတ်တိုက်ပွဲမှာ ငါ သေချာပေါက် အောင်နိုင်လိမ့်မယ်...."
လီလော့သည် အဓိပ္ပါယ်မရှိသောစကားများကိုပြန် ဖြေမနေတော့ပေ။ နောက်ဆုံးအောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှုသည် စကားလုံးများပေါ်တွင်မူတည်ခြင်းမရှိပေ။
သို့သော်၊ ကျင်းထန်ရှု၏ ခန္ဓာကိုယ်ရှိ စွမ်းအားသည် ယခုအချိန်တွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားသိရှိနိုင်ပြီး၊ ကျင်းထန်ရှုဘက်က နောက်ဆုံးသောဝှက်ဖဲကိုထုတ်သုံးတော့မည့်လက္ခဏာပင်.....
ထို့ကြောင့် လီလော့က ကျင်းစဲ့ယွီ့ရှန်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်လည်း တင်းမာလာသည်။
ကျင်းထန်ရှုကလည်း အချိန်ဆွဲမနေဘဲ သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လေဓားတစ်လက်ဖြင့် လှီးဖြတ်လိုက်သဖြင့် လက်ချောင်းထိပ်များမှ သွေးများ စီးကျလာသည်။
ထို့နောက် သွေးစိုနေသောလက်ချောင်းများဖြင့် ရွှေငးသစ်ရွက်ပေါ်တွင် ပုံသဏ္ဍန်တခုရေးဆွဲလိုက်သည်။
ဝူးးးးဝူးးးးးး
ကောင်းကင်နှင့်မြေပြင်ကြားတွင် လေပြင်းများတိုက်ခတ်လာသည်။
ဒီအချိန်မှာ တောင်ထိပ်က ကျောက်တုံးတွေအားလုံးလည်း လှိမ့်တက်လာသည်။
ကျင်းထန်ရှု၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသော လေတမာန်၏ မှုန်ဝါးသော အရိပ်အယောင်သည် စိမ်းပြာရောင် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေသစ်ရွက်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ရုတ်တရက်၊ ကျင်းထန်ရှုရဲ့လက်ထဲက ရွှေသစ်ရွက်က ကျောက်စိမ်းနဲ့ပိုတူလာသည်။
ရွှေသစ်ရွက်ကို ကိုင်ထားသည့် သူ့လက်သည် အလွန်လေးလံသော အလေးချိန်ကို ထမ်းထားသကဲ့သို့ အနည်းငယ် တုန်လှုပ်သွားသည်။
သို့သော်လည်း ရွှေသစ်ရွက်ကိုအားကုန်သုံးပြီး လွှဲယမ်းလိုက်လေသည်။
ဝူးးးးးးးးး
ကောင်းကင်နှင့်မြေပြင်ကြားရှိ လေစွမ်းအင်များသည် ရွှေသစ်ရွက်မှထွက်ပေါ်လာသောအပြာရောင်အလင်းတန်းများကြောင့် လေပြင်းများအဖြစ်သးဖိသိပ်ခံလိုက်ရသည်။
အသက်ရှုကြိမ် ၁၀ကြိမ်ခန့် အကြာတွင် အပြာရောင်အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်လာသည်။ ဤအခိုက်တွင်၊ နဂါးဟိန်းသံ တိုးတိုးတိတ်တိတ် ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
လီလော့ ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။
နဂါးဟိန်းသံ... ဒါက နဂါးအဆင့်ပညာရပ်လား.....
ဒီမြင်ကွင်းက စိတ်ကူးယဉ်ဆန်လွန်းတယ်... သူက နဂါးအဆင့်ပညာရပ်ကိုဘယ်လိုထုတ်သုံးနိုင်တာလဲ.....
လီလော့အတွက်မူ နဂါးအဆင့်ပညာရပ်များသည် စစ်သူကြီးအဆင့်သို့တက်လှမ်းနိုင်မှသာထိတွေ့နိုင်သောအရာများအဖြစ် သိမှတ်ထားသည်။ ဆရာသခင်အဆင့်လောက်ဖြင့် နဂါးအဆင့်ပညာရပ်ကို လေ့ကျင့်ရန်အလွန်ခက်ခဲသည်။ အမှန်မှာ၊ ထိုပညာရပ်ကိုထုတ်သုံးရန် စွမ်းအင်ပမာဏများစွာထုတ်သုံးရပြီသ ထိုပမာဏသည် ဆရာသခင်အဆင့်များတတ်နိုင်သောပမာဏမဟုတ်ပေ။
ယခုတွင်မူ ကျင်းထန်ရှုက ဆရာသခင်အဆင့်များလည်း နဂါးအဆင့်ပညာရပ်သုံးနိုင်ကြောင်းသက်သေပြနေပြီ.....
သူ့ထံတွင် "လေဝိဥာဉ်တမန်"၏ကောင်းချီးများရှိနေသဖြင့် ဤတိုက်ကွက်သည် မရေမတွက်နိုင်သောလူများကို ထိတ်လန့်သွားစေသည်မှာ သေချာပါသည်။
ဟမ်!
ကြည်ပြာရောင်အလင်းတန်းများ လေထဲတွင် အဆက်မပြတ် လှုပ်ရှားနေသည်။
ထိုအပြာရောင်အလင်းတန်းအတွင်းတွင် စိမ်းပြာရောင်လေးလံသောလှံတစ်ချောင်းရှိသည်။ တုန်ခါမှုတိုင်းသည် စွမ်းအင်လှိုင်းလုံးများကို ဖြစ်ပေါ်စေပြီး နားမလည်နိုင်သော လေးလံသော ဖိအားတစ်ခု ထုတ်လွှတ်နေသည်။
လီလော့သည် စိမ်းပြာရောင်လှံကို ကြည့်ကာ နောက်ဆုံးတွင် ကျင်းထန်ရှုကို "မဟာလှံ" ဟုအဘယ့်ကြောင့်တင်စားခေါ်ဝေါ်ကြောင်း နားလည်သွားသည်။
အသုံးပြုသူ ခွန်အားနည်းသည်ဖြစ်စေ သန်မသည်ဖြစ်စေ နဂါးအဆင့်ပညာရပ်သည် ထူးခြားသောအဖျက်စွမ်းအားကိုထုတ်လွှတ်နိုင်ဆဲပင်...ထိုစွမ်းအားကို ကျားအဆင့်ပညာရပ်များ လိုက်မှီဖို့လုံးဝမဖြစ်နိုင်ပေ။
လီလော့သည် ပဲ့တင်ထပ်သံပညာရပ်များအပေါ်နားလည်ရာတွင် အလွန်မြင့်မားသော အရည်အချင်းရှိသော်လည်း သူသည် နဂါးအဆင့်ပညာရပ်များကို တခါမျှ မလေ့ကျင့်ဖူးခဲ့ပေ။
စွန်းတရှန်၏ မပြည့်စုံသော "မြို့စားအဆင့်ပညာရပ်"ကတော့ အထူးချွင်းချက်ဖြစ်သည်။
"လီလော့၊ စွန်းတရှန်က ငါ့ရဲ့ လှုပ်ရှားမှုကြောင့် ရှုံးသွားပြီ..... မင်းသတ္တိသိပ်ကောင်းနေရင် ရွေတံဆိပ်နတ်ဘုရားသစ်ပင်ရဲ့ ကြယ်တံတိုင်းတိုက်ကွက်ကိုခံယူလိုက်...."
ကျင်းထန်ရှု၏ မျက်နှာသည် အေးစက်တင်းမာနေပြီး သူ့လက်ထဲမှ ရွှေသစ်ရွက်ဖြင့် လီလော့ကိုရိုက်ချလိုက်သည်။
"အဆင့်နိမ့် နဂါးအဆင့်ပညာရပ်...နေနတ်သမီးရဲ့မှော်လှံ....."
"သွား!"
ကျင်းထန်ရှု၏ တင်းမာသောအသံနောက်တွင်၊ စိမ်းပြာရောင်လှံသည် လေထဲတွင် ပေါက်ကွဲထွက်လာပြီး အလွန်အံ့ဩဖွယ်ရာ လှိုင်းလုံးကြီးတစ်ခုအဖြစ် ကောင်းကင်သို့ တက်လာခဲ့သည်။
ပြင်းထန်သော အသံလှိုင်းများ ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။
လီလော့သည် ကောင်းကင်ယံတွင် ကွဲအက်နေသော စိမ်းပြာရောင်သက်တံကို ကြည့်လိုက်ပြီး ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။
သူ့မျက်နှာမှာ လေးနက်မှုအပြည့်ရှိပြီး ကျင်းထန်ရှု၏တိုက်ခိုက်မှုမှ အန္တာရာယ်အငွေ့အသက်များကိုခံစားနေရသည်။
ဒါကို သာမာန်ဓားချက်ဖြင့်တားနိုင်မည်မဟုတ်ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် ခုခံရန် လုံလောက်သော ခွန်အားရှိနေသည်။
လီလော့ အလျင်အမြန် ဆုတ်ခွာသွားသည်နှင့် တပြိုင်နက်တွင် သူကိုင်ထားသောဓားကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးထဲတွင် ပြတ်သားသောအရိပ်အယောင်များထင်ဟပ်လာပြီး သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို
ဓါးထဲသို့ လောင်းထည့်လိုက်သည်။
"ကျင်းစဲ့ယွီရှန်းဓားရဲ့ဒုတိအလွှာ...ဆင်နတ်ဘုရားစွမ်းအား...."
ကျင်းစဲ့ယွီရှန်းဓားတွက် ၎င်း၏ကိုယ်ပိုင်အင်အား အလွှာသုံးခုရှိသော်လည်း ထိုစွမ်းအားသည် အလွန်အမင်း ပြင်းထန်လွန်းသည်။ လီလော့
သည် ပထမအလွှာကိုအသုံးပြုသောအခါ အရေပြားနှင့် ကြွက်သားများ ကွဲအက်သွားခဲ့သည်။ထို့ကြောင့် ဒုတိယအလွှာသည် မည်သို့သော ပျက်စီးမှုမျိုးဖြစ်စေမည်နည်း.....
အခုချိန်တွင် ဒါတွေကိုတွေးမနေသင့်တော့ပေ။
ဝူးးးးးးးးးး
လီလော့ ဓား၏ဒုတိယအလွှာကို အသက်သွင်းလိုက်သည့်အခိုက်တွင်၊ ရှေးဟောင်းဆင်နတ်ဘုရားအော်သံသည် သူ့ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်နေပြီး၊ ထို့နောက်တွင် သူ့အမူအရာသည်လည်း ရုတ်ချည်း ပြောင်းလဲသွားသည်။
အလွန်ကြောက်စရာကောင်းတဲ့ မဟာစွမ်းအားကို ခံစားလိုက်ရတဲ့အတွက်ပင်.... ထိုအချိန်မှာတွင် ပြင်းထန်သောဝေဒနာသည် တခဏချင်း ထွက်ပေါ်လာသည်။
ထိုခံစားချက်သည် လက်နှစ်ဖက်ရှိသွေးကြောများထဲတွင်ရှေးဟောင်းဆင်ကြီးများပြေးလွှားနေသကဲ့သို့ အသွေးအသားများအပိုင်းပိုငိးကွဲထွက်တော့မည်ပမာနှယ်....
လီလော့ ခေါင်းငုံ့ကာ သူ့လက်နှစ်ဖက်က အသွေးအသားများ အက်ကွဲလာသည်ကို ကြည့်လိုက်သည်။
သွေးများရွှဲစိုနေသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
ဤသည်မှာ ဆင်နတ်ဘုရားစွမ်းအားဒုတိယအလွှာ ၏မောက်မာမှုဖြစ်သည်။ လီလော့၏ လက်ရှိ ကြံ့ခိုင်မှုနှင့် လုံးဝ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ဒီအတိုင်းဆက်သွားရင် သူ့လက်တွေ သွေးထွက်လွန်ပြီး သုံးစားမရဖြစ်ကုန်လိမ့်မည်။
သူ့လက်မောင်းပေါ်က ကြေကွဲဖွယ်အခြေအနေကို ကြည့်ပြီးနောက် လီလော့ရဲ့ မျက်နှာက လေးနက်နေပေမယ့်လည်းထိတ်လန့်ခြင်းစိုးစဉ်းမျှမရှိပေ။
ဒါဟာ မျှော်လင့်ထားသည့်အတိုင်းပင်.....
အချိန်တိုအတွင်း သူ့ခန္ဓာကိုယ်ရဲ့ ခွန်အားကို တိုးမြှင့်ပေးနိုင်ပေမယ့် ဆိုးကျိုးများလည်းရှိလိမ့်မည်သာ.....
လီလော့သည် လေကို ပြင်းပြင်း ရှုရှိုက်ရင်း အချိန်အတော်ကြာအောင် ပြင်ဆင်ထားသည့် လှုပ်ရှားမှုကို လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်။
"မြေပဲ့တင်ထပ်သံပညာရပ်..မြေသားကွန်ယက်...."
"အလင်းပဲ့တင်ထပ်သံပညာရပ်... အလင်းဖြာခြင်း...."
"ရေပဲ့တင်ထပ်သံပညာရပ်... ဝိညာဉ်စမ်းရေ.."
ပညာရပ်သုံးခုကိုတပေါင်းတည်းထုတ်သုံးလိုက်ခြင်းပင်.....ထိုပညာရပ်များတွင် တူညီသည့်ကုသခြင်းစွမ်းရည်များပါရှိနေသည်။
ဤသည်မှာ လီလော့၏ ရုပ်ခန္ဓာပေါ်ရှိ ဆင်နတ်ဘုရားစွမ်းအား၏ သက်ရောက်မှုကို စစ်ဆေးချိန်ညှိရန် အသုံးပြုခဲ့သော နည်းလမ်းဖြစ်သည်။
ပြန်လည်ကူသနှုန်း မြန်သရွေ့ လက်နှစ်ဖက်စလုံး သဘာဝအတိုင်း ခံနိုင်ရည်ရှိမည်ဖြစ်သည်။
လီလော့ ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ကြည့်လိုက်သည့်အခါ အပြာရင့်ရောင် မရေမတွက်နိုင်သော ချည်မျှင်များ အသွေးအသားထဲ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။ ဤအပြာရောင စွမ်းအားများသည် အသွေးအသားကို ထိုးဖောက်ဝင်ရောက်ကာ ပျက်စီးတော့မည်သွေးကြောများကိုပြန်လည်ကုသပေးနေသည်။
တစ်ချိန်တည်းမှာပင်၊ဝိဉာဉ်စမ်းရေနှင့်အလင်းဖြာခြင်းမှယူဆောင်လာသော ပြန်လည်သက်သာစေသည့်အကျိုးသက်ရောက်မှုသည် ကြွက်သားများကြားရှိအရွတ်များပျက်စီးနေမှုကို လျင်မြန်စွာပြန်လည်ပြုပြင်ပေးသည်။
ထိုပညာရပ်သုံးမျိုး၏ အဆင့်များသည် မမြင့်မားသော်လည်း ၎င်းတို့၏ မတူညီသော အကျိုးသက်ရောက်မှုများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သွေးများရွှဲနေပြီး ကွဲလုဆဲဆဲ လီလော့၏လက်များသည် အမှန်တကယ်ပင် တည်ငြိမ်စပြုလာသည်။
သို့သော်လည်း မုန်တိုင်းမိထားသော ငှက်ငယ်ပမာ သနားစရာကောင်းနေဆဲပင်.....
ဒါပေမယ့် ဒါက လီလော့ လုပ်နိုင်တဲ့အရာရဲ့ ကန့်သတ်ချက်ဖြစ်နေပါပြီ။
ဒါ့ပြင်၊ ဓားကို လွှဲယမ်းနိုင်ရုံနှင့်ပင်လုံလောက်နေပြီ
လီလော့ ခေါင်းမော့ကာလျင်မြန်စွာ ရွှေ့လျားနေသော အပြာရောင် လှံတံကို ကြည့်ကာ လက်ထဲမှ သွေးစွန်းနေသော ဓားကို မြှောက်လိုက်ပြီး ဆတ်ခနဲ ခုတ်လိုက်သည်။
မင်းမှာ နဂါးအဆင့်ပညာရပ်ရှိသလို ငါ့မှာလဲဆင်နတ်ဘုရားရဲ့စွမ်းအားရှိတယ်....
ဒါဆို ဘယ်သူ အဆုံးထိ ရပ်တည်နိုင်မလဲ ကြည့်လိုက်ရအောင်........