ခြေထောက်နှစ်ဖက်ကြားကအမြှီးလေး....
Vol. 37 Ch. 512
ဘန်းးးးး
ရိုက်ခတ်မှုကြောင့် ပြင်းထန်သော စွမ်းအင် လှိုင်းလုံးများသည် တောင်ထိပ်ပေါ်မှ တိုက်ရိုက် ပေါက်ကွဲကာ တောင်များ တုန်ခါသွားပြီး ကျောက်ဆောင်များ ကွဲအက်သွားကာ တောင်နံရံကို အဆက်မပြတ် တုန်ခါသွားစေခဲ့သည်။
လီလော့နှင့် ကျင်းထန်ရှုတို့သည် ထိုတွန်းကန်အားကို ခံနိုင်ရည်သည်ဆိုရုံလောက်ပင် ခုခံနိုင်ခဲ့ကြသည်။
သူတို့၏ ခုခံကာကွယ်မှု ချက်ခြင်း ပျက်သုဉ်းသွားပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကို့ရို့ကားယားအနေအထားဖြင့် ပျံထွက်သွားကာ ကျောက်ဆောင်များနှင့် ပြင်းထန်စွာ ရိုက်ခတ်မိပြီး သွေးများ ရွှဲရွှဲစိုကုန်သည်။
လီလော့ လက်ထဲက ကျင်းစဲ့ယွီ့ရှန်းဓားနှင့် ကျင်းထန်ရှု၏ ရွှေသစ်ရွက်တို့ အသီးသီးပြုတ်ကျကုန်ကြသည်။
ပွဲကြည့်ပုရိတ်သတ်များ အားလုံးရဲ့မျက်လုံးတွေက မီးခိုးမြူမှုန်တွေနဲ့ ပြည့်နေတဲ့ တောင်ထိပ်ကို ကြည့်နေကြပြီး သူတို့ရဲ့ အမူအရာတွေက နည်းနည်းတော့ တုန်လှုပ်သွားကြသည်။ နှစ်ဖက်စလုံး၏ နောက်ဆုံးဝှက်ဖဲများ ထိပ်တိုက်တွေ့မှုမှာ ရှုံးပွဲဖြစ်ခဲ့သည်။
အခု ဒီထွက်သက်ကို ဘယ်သူက ပိုကောင်းအောင် ထိန်းထားနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပြီဖြစ်သည်။
လူအများ၏ အာရုံစူးစိုက်မှုအောက်တွင် တောင်ထိပ်ပေါ်ရှိ အခိုးအငွေ့များနှင့် ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထို့နောက် ကျင်းထန်ရှု၏ရုပ်သဏ္ဍာန်ကိုမြင်လိုက်ရသည်။ ဒီအချိန်မှာ သူ့အဝတ်အစားတွေ စုတ်ပြဲနေပြီး အရင်လိုတည်ကြည်ခန့်ညားမှုများ ပျောက်ဆုံးနေသည်။
သို့သော် ယခုအချိန်တွင် သူ့ပုံသဏ္ဍာန်ကို အာရုံမစိုက်တော့ဘဲ သူ့ရှေ့ရှိ လီလော့ကို စိုက်ကြည့်နေသည်။
ဒီကောင် ပြန်ထဖို့ ခွန်အားမရှိတဲ့ အထိ ဒဏ်ရာအပြင်းအထန်ရခဲ့တာဖြစ်မယ်....
တကယ်ကို အံ့ဩစရာပဲ...သူ့ရဲ့ နောက်ဆုံးအားကိုးရာတောင်မှ သူ့ရဲ့တိုက်ကွက်ကို တိုက်ရိုက်မအနိုင်ယူနိုင်ခဲ့ဘဲ၊ သရေအနေအထားနဲ့ အလဲလဲအကွဲကွဲဖြစ်ခဲ့တယ်....
ကျင်းထန်ရှုသည် သူ့ရှေ့မှ မီတာဆယ်နှင့်ချီသော မြေပြင်ပေါ်ရှိ ဓားအမှတ်အသားကို တစ်ချက်ကြည့်လိုက်သည်။ ဓားချက်သည် တောင်ကိုပင် နှစ်ခြမ်းကွဲလုမတတ်ပြင်းထန်သည်။ လီလော့၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။
ထင်ရှားသည်မှာ၊ ဤသည်မှာ လီလော့၏ ဝှက်ဖဲလည်းဖြစ်သည်။
ဒါပေမယ့် ကံကောင်းထောက်မစွာဖြင့် သူက နောက်ဆုံးရယ်မောခဲ့သူဖြစ်နေသည်။
ကျင်းထန်ရှု၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုရှိနေသည်။
သို့သော် ကျေနပ်စွာပြုံးနေစဉ် လီလော့၏ရုပ်သွင်ပြင်မှာ တလှုပ်လှုပ်ဖြစ်နေတာကို မြင်လိုက်ရပြီး ဖြည်းညှင်းစွာထလာသဖြင့် သူ့အပြုံးက ရုတ်တရက် အေးခဲသွားသည်။
ထိုအချိန်တွင် လီလော့သည် အလွန်စွာ အားနည်းနေသည်။
အထူးသဖြင့် သူ့လက်မောင်းတွေက သွေးတွေ အဆက်မပြတ် စီးကျနေသည်။
"မင်း ?!"
ကျင်းထန်ရှု အံတင်းတင်းကြိတ်ကာ ဒေါသကိုထိန်းနေရသည်။လီလော့သည်ကား အသက်ပြင်းလွန်းလှသည်။
လီလော့သည် သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး ကျင်းထန်ရှုကို မော့ကြည့်ကာ....
"မင်းအနိုင်ရမယ်ထင်လို့လား?"
ကျင်းထန်ရှုက ....
"မင်းရဲ့လက်ရှိအခြေအနေနဲ့ ခြေတစ်လှမ်းတက်ဖို့ ခွန်အားတောင်မရှိတော့ဘူးမလား...."
"မင်းလည်း အတူတူပဲလေ...."
လီလော့က ကျင်းထန်ရှု ကို စိုက်ကြည့်ရင်း ထူးဆန်းတဲ့ အပြုံးမျိုးပြုံးလိုက်သည်။
" အခု ငါတို့ နှစ်ယောက်စလုံး ပင်ပန်းနေပြီ .... လက်မြှောက်ဖို့ ခွန်အားတောင် မရှိတော့ဘူး .... ဒါပေမယ့် မင်းရှုံးသွားပြီ...."
ကျင်းထန်ရှု ထိုစကားကိုကြားသောအခါ ချက်ခြင်း ကဲ့ရဲ့လိုက်ချင်သော်လည်း လီလော့ကို လျစ်လျူရှုကာ စွမ်းအားဖြည့်တင်းရန် အသည်းအသန်ကြိုးစားနေသည်။ ယခု အရေးကြီးဆုံးအချက်မှာ မိမိခန္ဓာကိုယ်ကို လှုပ်ရှားနိုင်သော်လည်း စွမ်းအင်အချို့ကို လျင်မြန်စွာ ပြန်လည်ရရှိရန်ဖြစ်သည်။ တည့်တည့်သွားပြီး လီလော့ကိုတစ်ချက်ထိုးလိုက်ရမှသာ သူ့အတွက် ပြီးပြည့်စုံသော အောင်ပွဲ ဖြစ်လိမ့်မည်။
"ကျင်းထန်ရှု၊ မင်းရဲ့အဆင့်ကိုးတပိိုင်း လေပဲ့တင်ထပ်သံက တကယ်ကို ရင်ဆိုင်ဖို့ ခဲယဉ်းတယ်၊ပြီးတော့မင်းရဲ့ အရှိန်နဲ့ ရွေ့လျားမှုနည်းစနစ်က လူတွေကို အရမ်းခေါင်းကိုက်စေတယ်၊ ဒါပေမယ့် ဒီအခြေအနေမှာ မင်းရဲ့လေပဲ့တင်ထပ်သံက သုံးရတာ လွယ်သလား၊ ဒါမှမဟုတ် ငါ့ရဲ့ ရေပဲ့တင်ထပ်သံ ဒါမှမဟုတ်သစ်သားပဲ့တင်ထပ်သံက သုံးရတာ လွယ်သလား...."
လီလော့ အေးစက်စွာ ပြုံးလိုက်သည်။
ထိုအပြုံးကြောင့်ကျင်းထန်ရှု ခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်နှာက ရုတ်တရက် ပြာနှမ်းသွားသည်။
ဒါကို သူတကယ် မေ့သွားတယ်.....
ရေနှင့်သစ်သားပဲ့တင်ထပ်သံသည် လေပဲ့တင်ထပ်သံထက် အဆပေါင်းများစွာ နှေးကွေးသော်လည်း ၎င်းတို့တွင်ကိုယ်ပိုင် အားသာချက်များ ရှိသည်။နှစ်ခုစလုံးသည် ကုသရေးအတွက်အသုံးဝင်သောကြောင့် လီလော့၏ပြန်လည်သက်သာနှုန်းက သူ့ထက်နှစ်ဆပိုမြန်နေသည်။
ကျင်းထန်ရှု ထိတ်လန့်နေမှုကိုမဖုံးကွယ်နိုင်တော့ပေ။ သူသည် ဓားတောင်နှင်းမီးပင်လယ်ကိုကျော်ဖြတ်ပြီးကာမှအရှုံးပေးရတော့မည်လား....
ထို့ကြောင့် ကျင်းထန်ရှုသည် စွမ်းအားပြန်လည်ရရှိရန် အရူးအမူးကြိုးစားနေသည်။
မျက်စိတစ်မှိတ်အတွင်း မိနစ်များ ကုန်ဆုံးသွားသည်။
ကျင်းထန်ရှုသည် သူ၏ တောင့်တင်းသော ခန္ဓာကိုယ်သည် လှုပ်ရှားနေသည့် လက္ခဏာများ ပြသနေသည်ဟု ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ခြောက်သွေ့သော ပဲ့တင်ထပ်သံနန်းတော်တွင် ပဲ့တင်ထပ်သံစွမ်းအားများ တဖြည်းဖြည်း မွေးဖွားလာသည်။
ဒါက သူ့ကို စိတ်ချမ်းသာစေခဲ့သည်။
ဒါပေမယ့် လီလော့ကိုကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားစပြုလာသည်။
ချက်ခြင်းပင်၊ ကျင်းထန်ရှု၏နှလုံးသားတခုလုံး အေးခဲသွားသည် ။
"မလန့်နဲ့.. ဒါသူ့ရဲနောက်ဆုံးလှုပ်ရှားမှုပဲ သူ ချဉ်းကပ်ဖို့ သတ္တိရှိသရွေ့ သူ့ကို အဆုံးသတ်ဖို့ နောက်ဆုံးလက်ကျန် ခွန်အားကို ငါအသုံးချနိုင်မှာပါ..."
ကျင်းထန်ရှု စိတ်ထဲကနေ သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။
သို့သော်လည်း လီလော့က အိတ်ဆောင်စက်လုံးထဲနေ ငွေဖြူလေးတလက်ထုတ်ယူနေတာကို မြင်လိုက်တဲ့အခါ သူ့ရဲ့ ဦးရေပြားများ ရုတ်တရက် ထုံကျင်လာသည်။
"မင်းမေ....."
ကျင်းထန်ရှု အသက်ရှုကြပ်လာပြီး ဆုံးအောင်တောင်မဆဲနိုင်တော့ပေ။
ဒါတော်တော်လွန်လွန်းနေပြီ.....
သို့သော်လည်း လီလော့က ပြုံးနေသည်။ သူသည် လက်ချောင်းများကို ဆန့်ထုတ်ကာ ပြင်းထန်စွာ ကိုက်ခဲနာကျင်နေသည့် ဝေဒနာကိုအံတုပြီး လေးညှို့ကို ဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။
လီလော့၏လက်များသည် အလွန်တုန်ရီနေသောသောကြောင့် လေးကိုကိုင်ထားသော လက်ဖဝါးများ အနည်းငယ်တုန်ခါသွားခဲ့သည်။
ဟမ်!
သူ့လက်ချောင်းကို ဖြည်လိုက်သည်နှင့် အလင်းမြှားသည် မပြင်းလှသောအရှိန်ဖြင့် ပျံသန်းသွားသည်။ ကျင်းထန်ရှုသာ အရင်အခြေနေတိုင်းဆို လွယ်လွယ်နဲ့ ရှောင်နိုင်ပေမယ့် အခုအချိန်မှာတော့ အလင်းမြှားလေးကိုဒီအတိုင်းသာကြည့်နေနိုင်တော့သည်။
တခါအကြာတွင် ပေါင်ကြားကနေအေးစက်သောခံစားချက်ကိုခံစားလိုက်ရသည်။
မြှားချက်က သူ့ညီလေးကိုထိလုနီးပါးပင်....
ကျင်းထန်ရှုတကိုယ်လုံး အေးစက်သော ချွေးများဖြင့် ရွှဲစိုနေပြီး သူ့မျက်နှာသည် ယခုအချိန်တွင် ဖျော့တော့နေသည်။
"လီလော့ မင်းဒါဘာသဘောလဲ...?"
ခွေးသားလေး... မင်းဘယ်ကို ပစ်လိုက်တာလဲ !
" တောင်းပန်ပါတယ်..အားနည်းနေလို့လက်ချော်သွားတယ်... "
လီလော့က စိတ်ရင်းဖြင့် တောင်းပန်လိုက်သည်။
"ငြိမ်ငြိမ်ရပ်နေနော်...ရမ်းသမ်းပြီးချော်ထိသွားမှအပြစ်လာမပြောနဲ့....."
လီလော့က ကြင်နာစွာ သတိပေးလိုက်ပြီး လေးကိုဆွဲကာ ထပ်ပစ်ပြန်သည်။
ရွှတ်...ရွှတ်.....
အလင်းမြှားနှစ်စင်းက ထပ်မံပစ်ခတ်ခဲ့သည်။ ထိုမြှားချက်များသည် ဒဏ်ရာကြီးကြီးမားမားရလောက်သည်အထိမပြင်းထန်သော်လည်း ကျင်းထန်ရှု၏အရေးကြီးသော အစိတ်အပိုင်းကိုသာဉီးတည်နေသဖြင့် ကျင်းထန်ရှု ဒေါသပုန်ထနေသည်။
ဒီခွေးမသားလီလော့က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ......သိပ်ကိုအပေါစားဆန်လွန်းတယ်......
"သည်းခံလိုက်ပါ၊ ငါ့ခွန်အားက နည်းနည်းတော့ ပြန်ကောင်းလာပြီ"
ကျင်းထန်ရှု အံကြိတ်ကာ ဒေါသကိုဖိနှိပ်နေရသည်။
ရွှတ်....
အလင်းတန်းတစ်ခုက သူ့ဝမ်းဗိုက်အောက်ပိုင်းကို တည့်တည့်ထိုးဝင်လာပြန်သည်။
ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်ကိုက်ခဲသောခံစားချက် လှိုက်တက်လာသည်။
ကျင်းထန်ရှု၏ နှုတ်ခမ်းထောင့် အနည်းငယ် လှုပ်ယမ်းသွားပြီး သူ့မျက်နှာ ဖြူဖျော့သွားသည် ။
"အင်း၊ နီးနီးလေးပဲ...."
လီလော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး လေးညှို့ကိုဆွဲလိုက်ပြီး.....
"ဒါနောက်ဆုံးအကြိမ်ပဲ.... ဒီတစ်ကြိမ်တော့ သေချာပေါက် ထိမှာပါ...."
သို့သော် ယခုတစ်ကြိမ်တွင် လီလော့မပစ်ခတ်မီ၊ ကျင်းထန်ရှုက ဘူးသီးခြောက်ကို ဆုပ်ကိုင်ထားပြီး အပိုင်းပိုင်းခွဲလိုက်လေသည်။
အလင်းတန်းတစ်ခု ကောင်းကင်မှဆင်းသက်လာပြီး သူ့အား တိုက်ရိုက်ဖုံးလွှမ်းသွားသည်။
လီလော့ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် ခဏတာမျှ အံ့အားသင့်သွားကာ မထိန်းနိုင်ဘဲ သူ့လက်ထဲရှိ သိမ်းငှက်လေးကို ချက်ခြင်းပင် လွှတ်ပစ်လိုက်မိသည်။
"ကျင်းထန်ရှု၊ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို မြှင့်တင်သင့်တယ်..."
ကျင်းထန်ရှုက လီလော့ကို ဒေါသနဲ့ စိုက်ကြည့်နေ၏။
ဒီနေ့တိုက်ပွဲဟာ သူ့အတွက် အရှက်ရဆုံး ပွဲ လို့ မှတ်ယူနိုင်သည်။ ဤတိုက်ပွဲတွင် သူကျရှုံးခဲ့ခြင်းမဟုတ်ဘဲ လူယုတ်မာလီလော့ကသာ ရှုံးနိမ့်ခဲ့သည်ဟု သတ်မှတ်လိုက်သည်။
"လီလော့..ဒီကိစ္စကို ငါ မှတ်ထားမယ်!"
သို့သော် ဤအချိန်တွင် သူသည် ရက်စက်ကြမ်းကြုတ်သော စီရင်ချက်တစ်ခုကိုသာ ထုတ်ဖော်ပြောဆိုနိုင်ခဲ့ပြီး၊ သူ့ရုပ်သွင်သည် အလင်းတန်းများ ရစ်ပတ်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
ကိုယ်ဘာသာကိုယ်နှုတ်ထွက်ရတာ နည်းနည်းတော့ ရယ်စရာကောင်းတယ်.....
ကျင်းထန်ရှု ထွက်ခွာသွားချိန်တွင် အလင်းတန်းတစ်ခု ကောင်းကင်မှ ထပ်မံကျလာပြီး လီလော့ပေါ်သို့ ကျရောက်လာသည်။ အလင်းတန်းများသည် ကောင်းကင်နှင့် မြေကြီးတို့မှ အလွန်သန့်စင်သော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုအချိန်တွင် လီလော့ခန္ဓာကိုယ်တွင် ဒဏ်ရာများ သက်သာသွား ခံစားလိုက်ရသည်။
ပဲ့တင်ထပ်သံနန်းတော်၌ ကုန်ခမ်းသွားသောစွမ်းအားများပင် တိုးပွားလာတော့သည်။
ထင်ရှားသည်မှာ၊ ဤသည်မှာ နောက်ဆုံးအောင်နိုင်သူအတွက် ကုသမှုဖြစ်သည်။
သူ၏ ခွန်အားပြန်လည်ကောင်းမွန်လာမှုကို ခံစားလိုက်ရသဖြင့် လီလော့က ကျင်းစဲ့ယွီ့ရှန်းဓားကိုပြန်လည်ဆင့်ခေါ်လိုက်သည်။
ထို့နောက် ခေါင်းကို မော့ကာ တဖြည်းဖြည်း မြင့်တက်လာသော လှေကားထစ်များ ရှိရာ တောင်၏ အလယ်ဗဟိုကို မျှော်ကြည့်ကာ လှေကားအဆုံးတွင် အနီရောင် ပလ္လင်တစ်ခု ငြိမ်သက်စွာ တည်ရှိနေသည်ကိုမြင်လိုက်ရသည်။
လုံကူပုလ္လင်...
လီလော့ ရယ်မောပြီး သက်ပြင်းချလိုက်သည်။
ရှန်းလိသစ်ပင်ရင်ထိုးကို နောက်ဆုံးတွင် လက်ဝယ်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။