← Chapters

ကြယ်တပွင့်ခန်းမ၏အတော်ဆုံးသူ.....

Vol. 37 Ch. 513

ကြယ်တပွင့်ခန်းမ၏အတော်ဆုံးသူ.....

Vol. 37 Ch. 513

ကြယ်တစ်ပွင့်ခန်းမ၏ နောက်ဆုံးရလဒ် ထွက်ပေါ်လာသောအခါ မရေတွက်နိုင်သော ပရိသတ်များ၏ အမူအရာ ထူးဆန်းသွားကြသည်။

အပြင်းအထန် အဆုံးအဖြတ်တိုက်ပွဲသည် ရယ်စရာကောင်းသည့်ပုံစံဖြင့် ပြီးဆုံးလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

လီလော့၏အတုမရှိသော နည်းလမ်းများကြောင့် ကျင်းထန်ရှုတောင် အရှုံးပေးခဲ့ရသော်လည်း လီလော့ရဲ့ ထူးခြားတဲ့ နည်းလမ်းတွေကြောင့် မဟုတ်ဘဲ အနိုင်ရဖို့ မျှော်လင့်ချက် မရှိတာကြောင့်ဟုသာ အားလုံးက နားလည်ခဲ့ကြပါတယ်။

နှစ်ဖက်စလုံး ပင်ပန်းနေပြီ ဖြစ်၍ ဤသို့ဆုံးဖြတ်ခဲ့ခြင်းကိုအားလုံးက နားလည်ပေးနိုင်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင်၊ လီလော့၏ ရေနှင့် သစ်သားပဲ့တင်ထပ်သံသည် ကြီးမားသော အားသာချက်ကို ပြသထားသည်။ ဤကဲ့သို့သော နှစ်ဆမြန်ဆန်သည့် ကုသနှုန်း၏အကျိုးသက်ရောက်မှုအောက်တွင်၊ သူသည်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာသို့မဟုတ် စွမ်းအား ပြန်လည်ဖြည့်တင်းခြင်းသည် ကျင်းထန်ရှုထက် သေချာပေါက်မြန်ဆန်မည်သာ.....

ကျင်းထန်ရှုလည်း ဒါကို ရှင်းရှင်းလင်းလင်း နားလည်လောက်မည်။

မြှားနှစ်ချောင်းကို ကြုံသလို ပစ်နေတဲ့ လီလော့ကိုအထင်မသေးသင့်ပေ။ မိနစ်အနည်းငယ်အကြာတွင် ခွန်အားနည်းနည်း ပြန်လည်ရရှိလာတဲ့ လီလော့ဟာ ပြတ်ပြတ်သားသား ထိုးနှက်ချက်တစ်ခု သေချာပေါက်ထုတ်ဖော်နိုင်လိမ့်မည်။

အကယ်၍ ဤတိုက်ခိုက်မှုသည် ပုံမှန်အချိန်များတွင်သာ ဖြစ်ပါက၊ ကျင်းထန်ရှုကို လုံးဝမထိခိုက်စေမည်မဟုတ်ပေ။ သို့သော် လက်ရှိအခြေအနေတွင်၊ အနိုင်ရသူကို ဆုံးဖြတ်ရန် လုံလောက်ပါသည်။

ကျင်းထန်ရှုသည်လည်း ထိုကဲ့သို့ အရှုံးပေးချင်မည်မဟုတ်ပေ။

ထို့ကြောင့် ရိုးရှင်းစွာနှုတ်ထွက်ရန်ရွေးချယ်ခဲ့သည်။

မျှော်စင်ရှေ့မှ ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"နောက်ဆုံးတော့ လီလော့ အနိုင်ရခဲ့ပြီ...."

လုမင်သည် ကြယ်တစ်ပွင့်ခန်းမတိုက်ပွဲမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်နေ၏။

ကျင်းထန်ရှုသည် ချန်ပီယံဆုကို ဆွတ်ခူးရန် ထင်ကြေးပေးခံရသူဖြစ်ပြီး လီလော့သည်ပြိုင်ပွဲသို့ ဝင်ရောက်ပြီးမှသာ ပေါ်ထွက်လာသော ဖျက်မြင်းဖြစ်သည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီဖျက်မြင်းရှေ့တွင် ကျင်းထန်ရှုမှောက်ရက်လဲခဲ့ရသည်။

လုမင် အနီးတစ်ဝိုက်ရှိ အခြားကျောင်းသားများသည်လည်း ထပ်တူအံ့အားသင့်နေကြသည်။ လီလော့သည် လုမင်ကို လှည့်စားခြင်းနည်းလမ်းဖြင့် အနိုင်ယူခဲ့သော်လည်း ယခု ကျင်းထန်ရှုပင် ရှုံးနိမ့်သွားခဲ့သည်ဆိုလျှင် လီလော့သည် လုမင်ကိုပင်ကိုယ်စွမ်းရည်သက်သက်ဖြင့်ပင်အနိုင်ယူနိုင်သည့်အဓိပ္ပါယ်ပင်.....

လုမင်၏ အတွေးများရှုပ်ယှက်ခတ်နေသည်။

ဒီကောင် တကယ်ကိုဖုံးကွယ်ထားခဲ့တာပဲ.....

"ကျင်းထန်ရှုရဲ့ ပင်ကိုယ်အသိစိတ်က မိန်းမတစ်ယောက်ထက် ပိုထက်မြက်တယ်...."

လီလော့ကို ချေမှုန်းရန် ကျင်းထန်ရှုကမ်းလှမ်းခဲ့စဉ်က အကြောင်းတွေးမိသည့်အခါ ခြောက်ကပ်စွာရယ်မောလိုက်မိသည်။ ထိုအချိန်တွင် ကျင်းထန်ရှုဘက်က လီလော့ကို အဘယ်ကြောင့် အလွန်စိတ်ဝင်စားသည်ကို သူမ နားမလည်ခဲ့သော်လည်း ယခုချိန်တွင် သေချာစွာနားလည်ခဲ့ရပြီ......

သို့သော် ပင်ကိုယ်အသိစိတ်အရ ပြင်ဆင်မှုများကြိုတင်လုပ်ဆောင်ခဲ့သော်လည်း လီလော့ကို ရှုံးနိမ့်ခဲ့ရသည်သာ......

လီလော့ နောက်ဆုံးပစ်လိုက်သော မြှားချက်များကြောင့် ကျင်းထန်ရှုနှင့် ကမ္ဘာမကြေရန်သူများဖြစ်ကုန်ကြပြီ....

မည်သို့ပင်ဆိုစေ နောက်ပိုင်းပြသာနာများက သူမနှင့်သက်ဆိုင်ခြင်းမရှိတော့ပေ။

လုမင် ရလဒ်ကိုကြည့်ပြီး သက်ပြင်းချနေချိန်တွင် စွန်းတရှန်လည်း အံ့အားသင့်သွားလေသည်။ တကယ်တော့ သူက လီလော့ ကို တိုက်ခိုက်တဲ့ သုံးယောက်ထဲမှာ ပထမဆုံး သူတစ်ယောက်ပါ... ထိုအချိန်က လီလော့၏ ခွန်အားသည် သူ့ကို အနည်းငယ် အံ့အားသင့်စေသော်လည်း ဤမျှလောက်ထိစွမ်းမည်သုဟုထင်မထားမိခဲ့ပေ။

"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာ ပုန်းနေတဲ့နဂါးတွေ ဝပ်နေတဲ့ကျားတွေအတော်များတာပဲ..... ဒီတစ်ခါ ရန်သူကို လျှော့တွက်ခဲ့မိတယ်.... ငါသာ ကြိုးစားနိုင်ရင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်ကိုတက်လှမ်းပြီး ကျင်းထန်ရှုကိုရော လီလော့ကိုရောအနိုငိယူနိုင်ပြီ....."

"စိတ်မပူပါနဲ့၊ ငါတို့ ခန်းမအဆင့်ပြိုင်ပွဲမှာ ရှုံးပေမယ့် ရှန့်ပိန်းတွေ့ဆုံပွဲက မပြီးသေးဘူး...."

"နောက်ထပ်ပြိုင်ပွဲတွေအတွက် အခွင့်အရေးကျန်ပါသေးတယ်....."

စွန်းတရှန်၏မျက်လုံးများတွင် မာနနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အနည်းငယ်ရှိနေသည်။ ကျင်းထန်ရှုကို တိုက်ခိုက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် စိတ်ဓာတ်ကျမနေတော့ဘဲ တိုက်ခိုက်ရေး စိတ်ဓာတ် အပြည့်ရှိနေဆဲ ဖြစ်သည်။

အခြားနေရာများတွင်.....

လူတိုင်း၏ သက်ဝင်လှုပ်ရှားနေသော စိတ်အခြေအနေနှင့်ယှဉ်လျှင် ဉာဏ်အလင်းကောလိပ်၏ အငွေ့အသက်သည် ယခုအချိန်တွင် ထူးထူးခြားခြား စိတ်ပျက်စရာကောင်းပြီး တိတ်ဆိတ်နေသည်။

ဉာဏ်အလင်းကောလိပ်အတွက် ပထမနှစ်ပြိုင်ပွဲနှင့် စတုတ္ထနှစ်ပြိုင်ပွဲ နှစ်ခုစလုံးကို အနိုင်ရရှိမည်ဟုကြိုတင်ခန့်မှန်းထားကြသည်။ ကျင်းထန်ရှုသည် ဉာဏ်အလင်းကောလိပ်အတွက် မြင့်မားသော မျှော်လင့်ချက်များရှိသူဖြစ်ပြီး လူတိုင်းက သူ့ကို ပထမနေရာဆွတ်ခူးရန် အခွင့်အလမ်းကောင်းရှိသည်ဟုထင်မြင်ကြသည်။

သို့သော်... ယခုတော့ ထိုမျှော်လင့်ချက် ပျက်သုန်းသွားလေပြီ။

ကျင်းထန်ရှုသည် လုံကူပုလ္လင်နှင့် လက်တကမ်းအလိုတွင် ရှုံးနိမ့်သွားခဲ့သည်။

အနိုင်ရတဲ့သူကတော့ အရင်က သိပ်မကျော်ကြားခဲ့သည့် လီလော့ပင်......

ထိုအချိန်တွင် ဉာဏ်အလင်းကောလိပ်မှ ကျောင်းသားများ၏ နှလုံးသားများ အေးခဲသွားသည်။

အမြဲတမ်း အေးဆေးတည်ငြိမ်တဲ့ ဒုကျောင်းအုပ်ဂေါင်ဂျူဖန်သည်လည်း ထိန်းမရအောင်အမူအရာပျက်ယွင်းနေသည်။

ယခုချိန်တွင် လီလော့သည် လုံကူပုလ္လင်ပေါ်တွင် အခန့်သားနေရာယူထားနှင့်ပြီ.....

"ကျင်းထန်ရှု ဘယ်လို ရှုံးသွားတာလဲ...."

ဂေါင်ဂျူဖန်အပြင် ခရမ်းအဆင့်နည်းပြများကလည်းမယုံနိုင်လောက်အောင် ခံစားနေရသည်။

"လီလော့ရဲ့လက်ထဲကဓားက....."

ဂေါင်ဂျူဖန် အသက်ပြင်းပြင်းရှူလိုက်ပြီး.....

"ကျုပ်ထင်တာမမှားရင် အဲ့ဓားက ဖန်ချန်ယွမ်ရဲ့ဓားပဲ....အဲ့ဓားက ရွှေမျက်လုံးအဆင့်ရတနာဆိုပေမယ့် နတ်ဘုရားစွမ်းရည်ရှိတယ်.... သူ့ရဲ့ခွန်အားကိုအပြည့်အဝအသုံးချနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုရှိရမယ်....လီလော့မှာ ဒီလိုလိုသန်မာမှုမျိုးမရှိဘူး....."

ခရမ်းအဆင့်နည်းပြများ သက်ပြင်းချလိုက်သည်။ အခု ဒီအချက်တွေကို ပြောနေလို့လဲအပိုပင်... အဆုံးအဖြတ်တိုက်ပွဲက ပြီးသွားခဲ့ပြီ....

ဉာဏ်အလင်းကောလိပ်အဖွဲ့သားများ စိတ်ဓာတ်ကျနေချိန်တွင်၊ စွမ်းအင်ရေစုန်မှ အလင်းတန်းများ ထွက်လာပြီး ကျင်းထန်ရှု ၏ရုပ်သွင်သည် လူတိုင်း၏အမြင်အာရုံတွင် ပေါ်လာသည်။

ကျင်းထန်ရှု၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသေးသော်လည်း သူပေါ်လာသောအခါတွင် တခုခုမူမမှန်ကြောင်း ခံစားလိုက်ရပြီး သူ့ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးသောအကြည့်များက သူ့ကို အလွန်တရာ စိတ်မသက်မသာ ဖြစ်စေသည်။

ဤနှစ်များတွင် သူသည် ဤကဲ့သို့သော ဆုတ်ယုတ်မှုမျိုးကို ပထမဆုံးအကြိမ်အဖြစ်ကြုံတွေ့ဖူးခြင်းပင်.....

သို့သော် ဟန်မပျက်အောင်ထိန်းပြီး ဂေါင်ဂျူဖန်ကို အရိုအသေပေးကာ.....

"ဒုကျောင်းအုပ်...ကျွန်တော် ကောလိပ်အတွက် နစ်နာစေခဲ့မိပြီ....."

ဂေါင်ဂျူဖန်သည် ကျင်းထန်ရှု ကို ကြည့်လိုက်သည်၊ သူ၏ မျက်နှာသည် အနည်းငယ် တောင့်တင်းနေသော်လည်း နောက်ဆုံးတွင် အသက်ပြင်းပြင်းရှူကာ....

"မင်း အစွမ်းကုန် လုပ်ခဲ့ပြီးပြီ၊ မင်း ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့၊ ရှန့်ပိန်းတွေ့ဆုံပွဲကမပြီးသေးဘူး၊ နောက်ဆုံးပိုင်းကျရင်အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့မျှော်လင့်တယ်....

ကြယ်တစ်ပွင့်ခန်းမ၏ရလဒ်များက စိတ်ပျက်စရာကောင်းသော်လည်း၊ ဂေါင်ဂျူဖန်သည် ကျင်းထန်ရှုကို ဤနေရာတွင် တိုက်ရိုက်မာန်မဲလောက်အောင် မမိုက်မဲသေးပေ။

ကျင်းထန်ရှုက ခေါင်းညိတ်ပြပြီး ဘာမှ မပြောဘဲ လှည့်ကြည့်ကာ မျှော်စင်ထဲဝင်သွားသည်ကိုကြည့်လျှင် ဒီပတ်ဝန်းကျင်မှာ မနေချင်တော့တာမှန်း သိသာပါသည်။

ဂေါင်ဂျူဖန်၏ မျက်နှာသည် ရေပြင်ကဲ့သို့တည်ငြိမ်နေပြီး ကြယ်လေးပွင့်ခန်းမတိုက်ပွဲဆီ လှည့်ကြည့်လိုက်သည်။

ယနေ့ ခန်းမအဆင့်ပြိုင်ပွဲမှ လေးခုတွင် လန်လန်သည် ဉာဏ်အလင်းကောလိပ်၏တဉီးတည်းသော အောင်နိုင်သူဖြစ်နေသည်။

ဉာဏ်အလင်းကောလိပ်ဘက်တွင် ပွဲမစမီ ၎င်းတို့၏ ရည်မှန်းချက်များနှင့် နှိုင်းယှဉ်ပါကရလဒ်က ကြိီးမားစွာ ခြားနားနေသည်။

အဘယ်ကြောင့်ဆိုသော် ကနဦးမျှော်လင့်ချက်တွင်၊ သူတို့သည် ခန်းမအဆင့်ပြိုင်ပွဲတွင် ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးသုံးခု ရယူလိုသောကြောင့်ဖြစ်သည်။

ဤနည်းအားဖြင့် ၎င်းတို့သည် ယခင်ချန်ပီယံများ၏ အင်အားကို ပြသနိုင်သည်။

အခုတော့ ဒီရည်မှန်းချက်က လုံး၀ ပျက်သုန်းသွားခဲ့ပြီ.....

ဆန့်ကျင်ဘက်အနေနှင့်၊ ပြိုင်ပွဲမစမီ မထင်မရှားဖြစ်နေခဲ့သည့် ကြယ်တာယာခရီးရှည်ကောလိပ်သည် ရုတ်တရက် ကြယ်တစ်ပွင့်နှင့် ကြယ်သုံးပွင့်ခန်းမအတွက် အသန်မာဆုံးဘွဲ့ကို ရုတ်တရက်ရရှိသည်။

ဂေါင်ဂျူဖန်၏ အကြည့်များ ရုတ်တရက် ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် ငြိမ်သက်သွားသည်။

၎င်းတို့သည် အားနည်းချက်တစ်ခုဖြင့် စတင်ခဲ့သော်လည်း ရှန့်ပိန်းတွေ့ဆုံပွဲ မပြီးဆုံးသေးသဖြင့် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။

အနည်းဆုံးတော့၊ ကြယ်လေးပွင့်ခန်းမအတွက် ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးတစ်ခုရရှိိနိုင်ပါသေးသည်။

All Chapters