ဒဏ္ဍာရီတပုဒ်ရေးထိုးခြင်း.....
Vol. 37 Ch. 514
လီလော့ ကြယ်တာယာခရီးရှည်ကောလိပ်၏မျှော်စင်ရှေ့တွင် ပေါ်လာသောအခါ မရေမတွက်နိုင်သော ကြည်နူးမှုများဖြင့် ကြိုဆိုခံခဲ့ရသည်။
ပထမနှစ်ကျောင်းသားတိုင်းက လီလော့ကို စူးစူးရဲရဲ မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူသည် အခုချိန်မှစ၍ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတခွင်တွင် နာမည်ဂုဏ်သတင်းကျော်ဇောလာတော့မည်သာ....
နောင်အနာဂတ်တွင် ရှန့်ပိန်းတွေ့ဆုံပွဲ၏ အသန်မာဆုံး ကျောင်းသားများစာရင်းတွေ သေချာစွာမှတ်တမ်းတင်ခံထားရမည်။
အခြားကောလိပ်များမှ ကျောင်းသားများသည်လည်း ရွှင်မြူးစွာဖြင့် သက်ပြင်းချကြသည်။ ကောင်းကင်ငရဲကောလိပမှ ကျောင်းသားများပင် လီလော့ကို လေးနက်စွာ ကြည့်နေကြသည်။
အဆုံးအဖြတ်တိုက်ပွဲတွင် လီလော့၏စွမ်းဆောင်ရည်သည် ၎င်းတို့၏လေးစားမှုကို ခံယူထိုက်သောကြောင့်ဖြစ်သည်။
လီလော့သည်အခြားသူများထက် အချိန်ကာလများစွာနောက်ကျပြီးမှ စွမ်းအားကျင့်စဉ်များကိုလေ့ကျင့်နိုင်ခဲ့သော်လည်း ပြင်းထန်သောတိုက်ပွဲများဆင်နွှဲ၍ အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့သည်။ထို့နောက် အနာဂတ်တွင် ဘယ်လောက်တောက်ပလာဉီးမည်ကိုမည်သူမျှမမှန်းဆနိုင်ပေ။
မည်သို့ပင်ဆိုစေ အသန်မာဆုံးဘွဲ့ကို ဆွတ်ခူးခဲ့သော ကျောင်းသားတစ်ဦးကို မည်သူမျှ လျှော့မတွက်ဝံ့ပေ။
"လီလော့... မင်းအကောင်းဆုံးကြိုးစားနိုင်ခဲ့ပြီ.... မင်း လုံဖုကိုဖြတ်ကျော်နိုင်ဖို့ငါတို့ကြိုးစားပေးခဲ့သမျှ အရာထင်လာခဲ့ပြီ....."
ယုလန်သည် လီလော့အား စိတ်သက်သာရာ ရသွားသည့် အကြည့်ဖြင့် ကြည့်ကာ အဖေကသားကို ချီးမွှန်းနေသလိုလေသံမျိုးဖြင့်ချီးမွှန်းနေသည်။
"တော်စမ်းပါ....."
"လီလော့...နင်တကယ်တော်တယ်..!"
အမြဲတစေ အေးတိအေးစက် နေတတ်သောပိုင်တုတုပင်လျှင် လီလော့ကို အထင်ကြီးလေးစားသောအကြည့်များနှင့်ကြည့်နေသည်။
"လီလော့... မင်းက အရမ်းသန်မာတယ်...ကောလိပ်မှာ မင်းလိုလူနဲ့တွေ့ရတာ တကယ်ကံကောင်းတာပဲ.... ဒါပေမယ့် စိတ်မပူပါနဲ့၊ အနာဂတ်မှာ မင်းကို ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး သေချာကြိုးစားတော့မှာ...မကြာခင်မင်းကိုနောက်ကောက်ချန်ခဲ့ပြမယ်..."
ချင်ဇူလု၏ ပြင်းပြပူလောင်သောအကြည့်သည် အခြားသောမိန်းကလေးများထက်ပင်ပိုစူးရှနေသည်။
ချင်ဇူလုသည် စရိုက်ကြမ်းတမ်းပြီး တိုက်ပွဲဆာလောင်စိတ်ပြင်းပြသော်လည်း လီလော့ကို ဒီတကြိမ် ရှုံးနိမ့်ခဲ့သည်ကိုတော့ ပွင့်လင်းစွာဝန်ခံခဲ့ပါသည်။
လီလော့ သူ့ကိုပြုံးရုံသာပြုံးပြနိုင်ခဲ့သည်။
နဂိုကတည်းကမှ တိုက်ပွဲရူးဆိုတော့ နောင်ဆို အရူးအမူးလေ့ကျင့်နေတော့မှာမြင်ယောင်နေပြီ.......
ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့ အနည်းငယ်စိတ်ရှုပ်ထွေးနေပုံရသည်။ သူတို့က လီလော့နဲ့ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေး မရှိခဲ့ပေ။ ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှုသည် ဒုကျောင်းအုပ်စုရှင်း၏ ဖိအားမြင့်ခြိမ်းခြောက်မှုကြောင့်သာဖြစ်ခဲ့သည်။
လီလော့ ကျောင်းဂုဏ်ဆောင်နိုင်သည့်အတွက် ဝမ်းသာစိတ်၊ ပြိုင်ဘက်တစ်ဉီး တောက််ပလာသည်ကို မနာလိုစိတ်...ထိုသို့သောအခြေနေနှစ်ရပ်ကြောင့် အလွန်စိတ်ရှုပ်ထွေးနေကြသည်။
"ခေါင်းဆောင်...နင်က နောက်ဆို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာ နာမည်ကြီးလာတော့မှာမို့ ဂုဏ်ယူပါတယ်"
ပိုင်မျန်မျန်က ရွှတ်နောက်နောက် ပြုံးလိုက်သည်။ ဒီတိုက်ပွဲပြီးရင် လီလော့ရဲ့ နာမည်ဟာ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတခွင်ပျံ့နှံ့သွားမှာ သေချာသည်။
လုချင်းအာကတော့ လီလော့ကိုသာပြုံးပြုံးကြီးကြည့်နေခဲ့သည်။
ယခုအချိန်တွင်၊ လီလော့ နန်ဖန်းကောလိပ်စတင်တက်ရောက်ခဲ့ချိန်ကို အမှတ်ရနေမိသည်ယ ထိုအချိန်တွင်တုန်းကလည်း ပဲ့တင်ထပ်သံပညာရပ်များတွင် ထူးချွန်သောကြောင့် တောက်ပခဲ့ဖူးသည်။
နှစ်အနည်းငယ်ကြာပြီးချိန်တွင် စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက်၊ သူသည် ယခင်ကထက် ပိုမိုတောက်ပလာသော်လည်း လေးလံသောဖိအားများကို ထမ်းပိုးနေရပြီဖြစ်သည်။
လီလော့ကတော့ ကျန်းချင်းအာထမ်းထားရသည့် ဖိအားက သူ့ထက်ပိုများသည်ဟုဆိုခဲ့ဖူးသည်။
"ဟေ့.."
လီလော့က အတွေးထဲတွင်နစ်မြောနေသော လုချင်းအာကို လှမ်းခေါ်လိုက်သည်။
Lu Qing'er သက်သာလာပြီး ပြုံးပြီး "ဂုဏ်ယူပါတယ်"
"နင့်ရဲ့ ရေခဲချပ်ဝတ်အတွက် ကျေးဇူးတင်ပါတယ်.... မဟုတ်ရင် ငါ အစောကြီးကတည်းက ဖယ်ထုတ်ခံရဖို့ ဖြစ်နိုင်ချေများတယ်....."
လုချင်းအာ၏ ရေခဲချပ်ဝတ်က သူ့ကို အချိန်ပိုပေးခဲ့ပြီးလုံကူကျွန်းဆီရောက်အောင်ကူညီပေးခဲ့သည်။ ရေခဲချပ်ဝတ်သာမရှိရင် နဂါးမီးတောက်များကိုလည်းစုဆောင်းနိုင်မည်မဟုတ်ပေ။
အရေးကြီးသောအခိုက်အတန့်တွင် နဂါးသွေးပုလဲမှပေးသောစွမ်းအားကို တိုးမြှင့်ခြင်းမရှိဘဲ၊ စတုတ္ထအဆင့် စွမ်းအားမျိုးရရှိနိုင်ဖို့မလွယ်ပေ။ နဂါးသွေးပုလဲသာရှိပါက အမြီးသုံးချောင်းကောင်းကင်ဝံပုလွေဝှက်ဖဲကိုထုတ်သုံးရလိမ့်မည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် နောက်ဆုံးအောင်ပွဲရရှိရန် လုချင်းအာ၏ပံ့ပိုးမှုက အလွန်အရေးကြီးခဲ့သည်။
လုချင်းအာက ခပ်ဖွဖွပြုံးပြလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ရွှင်မြူးမှုနှင့် ပြည့်နှက်နေသည်။ လီလော့ကိုကူညီနိုင်ခဲ့သည့်အတွက် ကျေနပ်နေမိသည်သာ...
လီလော့က သူတို့နဲ့ စကားစမြည်ပြောပြီးတဲ့အခါ ဒုကျောင်းအုပ်စုရှင်းဆီ အမြန်လျှောက်သွားခဲ့သည်။
"ဒုကျောင်းအုပ်... ကံကောင်းထောက်မစွာနဲ့ ကျွန်တော် အရှက်မကွဲခဲ့ဘူး...."
စုရှင်းက လီလော့ကို အပြုံးဖြင့် ခေါင်းပုတ်ပေးလိုက်မိသည်။
သို့သော်၊ ဤအရာသည် မသင့်လျော်ကြောင်း သူမ လျင်မြန်စွာ သဘောပေါက်လိုက်သောကြောင့လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး ....
"လီလော့...နင်ဒီတကြိမ် အကောင်းဆုံးကြိုးစားခဲ့ပြီး ငါတို့ကောလိပ်ကိုဂုဏ်တက်စေခဲ့ပြီ...."
"မဟုတ်တာ...ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသားတစ်ယောက်အနေနဲ့ ကောလိပ်အတွက် တိုက်ပွဲဝင်ဖို့ကျွန်တော့်မှာလည်း တာဝန်ရှိတယ်...."
"ဒီကိစ္စကိုသေချာမှတ်သားထားပြီး နောင်မှာ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး"
လီလော့က ခပ်မြန်မြန် ပြုံးပြီး တုံ့ပြန်လိုက်သည်။
ထို့နောက် စုရှင်း၏နောက်ကွယ်မှ သူ့ကို ငေးကြည့်နေသည်ကို ခံစားလိုက်ရပြီး မျှော်ကြည့်သောအခါတွင် မင်းသမီးကို မြင်လိုက်ရလေသည်။
ဒီတစ်ခါတော့ မင်းသမီးက သူ့ကို အရင်ကထက် ပိုအံ့သြပြီး စူးစမ်းချင်စိတ်အပြည့်နှင့် ကြည့်နေသည်။
လီလော့၏အောင်ပွဲကြောင့် သူမ အလွန်တုန်လှုပ်သွားသည်မှာ ထင်ရှားသည်။
"မင်းသမီး၊ တိုက်ပွဲပြီးသွားပြီလား....."
သေစမ်း...ဒီပါးစပ်ကတော့.... ကြယ်လေးပွင့်ခန်းမရဲ့ ပြိုင်ဆိုင်မှုက မပြီးသေးဘဲ မင်းသမီးက ဒီမှာပေါ်လာတယ်... ဒါ ဖယ်ထုတ်ခံရတာမဟုတ်ဘူးလား.....
ဒါက သူ့ကို နည်းနည်းတော့ ထိတ်လန့်စေသည်။ ကြယ်လေးပွင့်ခန်းမ အဆင့်ပြိုင်ပွဲသည် အမှန်တကယ်ပင် လျှို့ဝှက်နဂါးနှင့်ကျားများ၏ ပြိုင်ပွဲဖြစ်သည်။ မင်းသမီးတောင်မှ ပထမဆုံး ဖယ်ထုတ်ခံခဲ့ရတာလား.....
မင်းသမီးက လီလော့ရဲ့ အလွဲအချော်တွေကို ဂရုမစိုက်ဘဲ .....
"ငါသာနင့်လောက်တော်ရင် အခုချိန်ထိပြိုင်ပွဲထဲမှာရှိနေဉီးမှာ...ဂုဏ်ယူပါတယ် ဒီနေ့ကစပြီးနင့်နာမည်က အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတခွင်မှာ ကျော်ကြားလာတော့မယ်..... ပြီးတော့ လော့လန်အိမ်တော်ရဲ့ သခင်ငယ်လေးက အားနည်းတဲ့သူမဟုတ်မှန်း ရှပြည်ထောင်စုတခုလုံးသိလာကြလိမ့်မယ်....ကျားကခွေးမွေးတယ်ဆိုတဲ့စကားမျိုး ဘယ်သူမှပြောရဲကြတော့မှာမဟုတ်ဘူး....."
ဤတိုက်ပွဲအပြီးတွင်၊ ရှပြည်ထောင်စုရှိ အင်အားစုများအားလုံးသည် တစ်ချိန်က လျစ်လျူရှုခံထားရသော လော့လန်အိမ်တော်သခင်လေးကို အမှန်တကယ် အာရုံစိုက်လာနိုင်သည်။ သူ့အရည်အချင်းနှင့် အလားအလာသည် ကျန်းချင်းအာထက် မနိမ့်ကျပေ။
အရင်တုန်းကတော့ လော့လန်အိမ်တော်မှာ ဖီးနစ်တစ်ကောင် ရှိနေတယ်လို့သာလူသိများခဲ့သော်လည်း ယခုမူ၊ပုန်းအောင်းနေသော ဤနဂါးသည် ၎င်း၏စွမ်းအားအစစ်အမှန်ကို ပြသတော့မည်ဖြစ်သည်။
"အခြားသူတွေ ပြောတာကို ကျွန်တော် ဂရုမစိုက်ပါဘူး....."
စုရှင်းနှင့်မင်းသမီး နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။ လီလော့၏ စိတ်နေစိတ်ထားသည် သူ့အတွက် အရေးကြီးသော အချက်တစ်ချက်လည်း ဖြစ်နိုင်သည်။
"ဒါပေမယ့် နင်ဒီတစ်ခေါက် အသန်မာဆုံးဘွဲ့ကိုရခဲ့တဲ့အပြင် မချိုးဖျက်နိုင်တဲ့ ဒဏ္ဍာရီတစ်ခုကိုလည်း ရေးထိုးနိူင်ခဲ့ပြီ....."
မင်းသမီးက ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်။
"ဘာဒဏ္ဍာရီလဲ...?"
လီလော့ အနည်းငယ် အံ့ဩသွားသည်။ အသန်မာဆုံးကျောင်းသားဘွဲ့သည် ရှားပါးသော်လည်း ရှန့်ပိန်းတွေ့ဆုံပွဲသည် လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ဒဏ္ဍာရီဟူသောစကားလုံးသည် အရည်အချင်းပြည့်မီမည်မဟုတ်ပေ။
မင်းသမီးက ရယ်မောလိုက်ပြီး.....
"လူတစ်ယောက်အတွက် အသန်မာဆုံးဘွဲ့ကိုရဖို့အတွက် မလုံလောက်ဘူး...ဒါပေမယ့် စေ့စပ်ထားသူနှစ်ယောက် တစ်ချိန်တည်းမှာ ရယူခဲ့မယ်ဆိုရင်၊ ဒါဟာ အရင်က တစ်ခါမှ မပေါ်ခဲ့ဖူးတဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်လာလိမ့်မယ်"
စကားဆုံးသောအခါ မရေမတွက်နိုင်သော အာမေဋိတ်များ ရုတ်တရက် ထွက်ပေါ်လာလာသည်။
လီလော့ လှည့်ကြည့်လိုက်တော့ စွမ်းအင်ရေစုန်မှ အလင်းတန်းများ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ရေကန်အပြင်ဘက်သို့လှပစွာသက်ဆင်းလာသူသည် ကျန်းချင်းအာမှလွဲ၍ မည်သူဖြစ်နိူင်ဉီးမည်နည်း.......