ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးနှစ်ခု......
Vol. 37 Ch. 515
လီလော့ အနိုင်ရခဲ့စဉ်က ပရိသတ်ရဲ့ လက်ခုပ်သြဘာပေးမှုကိုသာ ခံယူခဲ့ရသော်လည်း ကျန်းချင်းအာ စွမ်းအင်ရေကန်ထဲက ထွက်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုက အတော်လေးတုန်လှုပ်စရာပင်....
မျှော်စင်ရှေ့မှ မရေမတွက်နိုင်သော အာမေဋိတ်သံများနှင့် ပျော်ရွှင်မှုများ ထွက်ပေါ်လာပြီး ကောင်းကင်ထိတိုင် သောသောညံနေတော့သည်။
ထိုအသံများသည် နှလုံးသားထဲမှ မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေပါသည်။
ကြယ်သုံးပွင့်ခန်းမ အဆုံးအဖြတ်တိုက်ပွဲတွင် လူတိုင်းသည် စကားလုံးလေးလုံးကို သာနားလည်ကြသည်... မမြင်နိုင်သော ကိုယ်ဟန်အနေအထား.......
လီလော့သည်အခြေအနေကို ပြောင်းပြန်လှန်ပြီး ချန်ပီယံဆုရဖို့ ရေပန်းအစားဆုံး ကျင်းထန်ရှုကို မှောက်သိပ်နိုင်ခဲ့ပြီးလူတိုင်းအတွက် အံ့သြစရာကောင်းတဲ့ တိုက်ပွဲတစ်ခုကိုလည်း ဆင်နွှဲခဲ့ရသော်လည်း ကျန်းချင်းအာက လေးယောက် တစ်ယောက်တိုက်ခိုက်ခဲ့ရသည်။
သူ့ဖက်က ခက်ခက်ခဲခဲ တိုက်ပွဲတွေနဲ့ ယှဉ်ရင် ကျန်းချင်းအာရဲ့တိုက်ပွဲက စိတ်လှုပ်ရှားစရာကောင်းလွန်းမှာ သေချာနေသည်။
ကျန်းချင်းအာသည် ပြိုင်ဘက်လေးယောက်နှင့်ရင်ဆိုင်ခဲ့ရသည်။ သူမ၏ ပြိုင်ဘက်များအားလုံးသည် အခြားသောကောလိပ်များ၏ ထိပ်တန်းကျောင်းသားများ ဖြစ်ကြသည်။ ယခုမူ ဤအဆုံးအဖြတ်တိုက်ပွဲတွင် သူမသည် ခမ်းနားသောပုံရိပ်များကိုချန်ရစ်နိုင်ခဲ့သည်။
ကျန်းချင်းအာ သက်သေပြခဲ့သော ခွန်အားသည် လူတိုင်းကို တုန်လှုပ်ထိတ်လန့်စေခဲ့သည်။
ဉာဏ်အလင်းကောလိပ်ဘက်ကတောင် ဒီတိုက်ပွဲကို မေးခွန်းထုတ်ဖို့ ခက်ပါလိမ့်မည်။
ကျန်းချင်းအာ၏ ခွန်အားမျိုးကို ရှန့်ပိန်းတွေ့ဆုံပွဲသမိုင်းတလျှောက်တွင် ရှာတွေ့ဖို့မလွယ်ပေ။
အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်ရသောအခါတွင်၊ သံသယများ အားလုံးသည် မှေးမှိန်ပျောက်ကွယ်ကုန်သည်။
ထို့ကြောင့်၊ ကျန်းချင်းအာသည် ထိပ်ဆုံးသို့ တက်လှမ်းရာတွင် ကျောင်းသားအားလုံးနီးပါးသည် ၎င်းတို့၏ ကြည်ညိုလေးစားမှုနှင့် လက်ခုပ်သံများသာ ပေးစွမ်းနိုင်သည်။
ပြင်းထန်လွန်းတယ်....လေးယောက်ဝိုင်းတိုက်တာတောင် အလဲလဲအကွဲကွဲဖြစ်ခဲ့ရတယ်......
ဒီလို ခိုင်မာတဲ့ စံချိန်ကို ရင်ဆိုင်ရချိန်မှာတော့ ဘယ်သူမှ မလေးမစားဘဲမနေနိုင်တော့ပေ။
သူမသည် ယခင်က စစ်ပွဲတစ်ခုကို ကြုံဖူးသူဖြစ်နိုင်သည်။ ထို့ကြောင့်သာ တိုက်ခိုက်ရေးစွမ်းရည်များကြွယ်ဝပြီး ရွယ်တူပြိုင်ဘက်များကို အပြတ်အသတ်ဖိနှိပ်ထားနိုင်ခြင်းဖြစ်လိမ့်မည်။
မြေပြင်ပေါ် ခြေချလိုက်သည့်တိုင် ကျန်းချင်းအာထံမှ ပြင်းထန်သောဖိအားနှင့်အလင်းစွမ်းအားများ ထွက်ပေါ်နေဆဲပင်....
၎င်းသည် ကြယ်တာယာခရီးရှည်ကောလိပ် မှလူများအား ရုတ်တရက် အသက်ရှူမှားစေပါသည်။ ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားအချို့မှလွဲ၍ ကျန်သူများ ချင်ချင်း နောက်ပြန်ဆုတ်သွားကြသည်။
ဤအချိန်တွင် အားလုံးသော မျက်လုံးများသည် ကျန်းချင်းအာကို အံ့အားသင့်သော အကြည့်ဖြင့်သာ ကြည့်နေကြသည်။
သူမ၏ ရှည်လျားသော ဆံပင်များသည် ရေတံခွန်ကဲ့သို့ လေထဲတွင် ဖြည်းညှင်းစွာ ယိမ်းနွှဲ့နေသည်။ သူမ၏ အသားအရေသည် မြင့်မြတ်သောကျောက်စိမ်းသဖွယ် ကြည်လင်နေပြီး လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်မျက်ဝန်းတစ်စုံကြောင့် နတ်သက်ကြွေလာသောနတ်သမီးတပါးအလားပင်ထင်မှတ်စေသည်။
ကျန်းချင်းအာ ၏ ရွှေရောင်မျက်လုံးများသည် မျှော်စင်ရှေ့ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရင်းနှီးသောရုပ်သဏ္ဍာန်ကို စိုက်ကြည့်ပြီးနောက် အနည်းငယ်ပြုံးယောင်သန်းလာသည်။
"လီလော့.... ကြယ်တစ်ပွင့်ခန်းမပြိုင်ပွဲပြီးပြီလား"
ကျန်းချင်းအာသည် လီလော့ ရှေ့သို့ တိုက်ရိုက် ပေါ်လာပြီး မေးလိုက်သည်။
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ရလဒ်ကဘာလဲ?"
လီလော့ ထိုစကားကိုကြားသောအခါ သူ၏အမူအရာသည် ရုတ်တရက် လေးလံလာပြီး သက်ပြင်းချကာ အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။
ဒါကိုမြင်တော့ ကျန်းချင်းအာရဲ့ နှလုံးသားတခုလုံး နစ်မြုပ်သွားသလိုခံစားလိုက်ရသည်။
လီလော့ ရှုံးခဲ့တာလား.... စောစောကသိရင် သူ့ကို အတင်းအကြပ်အမိန့်ပေးခဲ့မိမှာမဟုတ်ဘူး...."
လီလော့၏ စိတ်ဓာတ်ကျနေသော အသွင်အပြင်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် အနည်းငယ် အပြစ်တင်လိုက်ပြီး နှစ်သိမ့်ရန် ပါးစပ်ကို ဖွင့်လိုက်သည်။
"ကျင်းထန်ရှုက တကယ့်ကို ကြောက်စရာကောင်းတဲ့ ရန်သူပါ.... ငါ သူ့ကို အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ သီသီလေး အနိုင်ရပြီး ခန်းမအဆင့်ပြိုင်ပွဲမှာ အသန်မာဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တယ်..."
ထိုအချိန်တွင် လီလော့၏ လေးလံသော အသံ ထပ်၍ ထွက်ပေါ်လာပြန်သည်။
ကျန်းချင်းအာ အနည်းငယ် လန့်ဖျပ်သွားသည်။
နိုင်ခဲ့တာလား.....
လီလော့ကို တအံ့တသြကြည့်ရင်း သူ့မျက်နှာမှာ စိတ်ပျက်စရာ အရိပ်အယောင်မရှိတာကို တွေ့လိုက်ရမှသာ နောက်ပြောင်နေမှန်း သဘောပေါက်တော့သည်။
ဒီကောင်က သက်သက်နောက်ပြောင်နေတာပဲ......
ကျန်းချင်းအာ၏ မျက်ဝန်းများ တောက်ပနေပြီး လီလော့ကို နားရွက်လှမ်းဆွဲလိုက်လေသည်။
"သတ္တိကောင်းနေတယ်ပေါ့...."
သို့သော် သူမ၏လှပသော မျက်နှာပေါ်တွင် အပြုံးတခုတည်ရှိနေပြီး ယခင်က ငြိမ်သက်နေသော ရွှေရောင်မျက်လုံးများသည် ယခုအချိန်တွင် ပိုမိုတောက်ပလာပုံရသည်။
"စိတ်မဆိုးပါနဲ့....နင့်ရဲ့ အောင်မြင်မှုက ငါ့ထက် ပိုကြီးတယ်လို့ ခံစားရတယ်..."
လီလော့သည် ကျန်းချင်းအာ၏ပြောင်းလဲမှုများကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ငါ့ဘက်က ဘယ်လိုနေနေ သေချာနေတာမို့ နင့်အတွက်ပဲစိုးရိမ်နေခဲ့တာ....."
လီလော့ ထိုစကားကိုကြားသောအခါတွင် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
ဒီငန်းဝတုတ်က ဒီလို မောက်မာတဲ့ စကားလုံးတွေကို ဘယ်လို အေးအေးဆေးဆေး ပြောထွက်တာလဲ..
ကျန်းချင်းအာ၏ မာနကြီးမှုကိုလည်း အပြစ်မဆိုသာပေ။ သူသာ ကျန်းချင်းအာလိုလေးယောက်တစ်ယောက်ယှဉ်ပြိုင်ကပါက အစောကြီးကတည်းက ဖယ်ထုတ်ခံနေရလောက်ပြီ.....
ထို့ကြောင့် လီလော့သည် ကျန်းချင်းအာ၏ အရည်အချင်းနှင့် အလားအလာတို့နှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် ကွာဟချက်အချို့ ရှိနေဆဲဖြစ်ကြောင်း ဝန်ခံရပေမည်။
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.... အဆင့်ကိုးပဲ့တင်ထပ်သံက တကယ်ကြမ်းလွန်းတယ်.....
သို့သော်လည်း လီလော့သည် ဤအရာကြောင့် သူ့ကိုယ်သူ လျှော့မတွက်ခဲ့ပေ။ သူ၏ ပဲ့တင်ထပ်သံနှစ်ခုသည် လက်ရှိတွင် ကျန်းချင်းအာနှင့် မယှဉ်နိုင်သော်လည်း၊ တတိယမြောက် ပဲ့တင်ထပ်သံကိုမကြာခင်တုပဖန်တီးနိုင်တေယ့မည်ဖြစ်သည်။
ဒဏ္ဍာရီပဲ့တင်ထပ်သံသုံးခု... ဒါကို တွေးကြည့်ရုံနဲ့ လူတိုင်းကိုရူးသွပ်စေနိုင်သည်။
ထို့ကြောင့် လီလော့သည် အိမ်တွင် အိမ်ထောင်ဦးစီး၏ ဘုန်းအာနုဘော်ကို ထူထောင်လိုပါက အချိန်အနည်းငယ်ကြာအောင် ခံနိုင်ရည်ရှိရန် လိုအပ်နေသေးပုံရသည်။
သူတို့နှစ်ဦး စကားပြောနေစဉ် စုရှင်း လျင်မြန်စွာ လျှောက်လာပြီး ကျန်းချင်းအာ နှင့် တွေ့ဆုံရန် အစပြုခဲ့သည်။
"ချင်းအာ... ဒီအချိန် မင်းရဲ့ စွမ်းဆောင်မှုက ငါတို့ကောလိပ်ကို မျက်နှာသာရစေတယ်"
စုရှင်းက ကျန်းချင်းအာ၏လက်ကို ကိုင်လိုက်သည်။ ခန်းမအဆင့်ပြိုင်ပွဲမှာ ကျန်းချင်းအာရဲ့ စွမ်းဆောင်မှုက တကယ်ကို အံ့သြစရာပင်.....
သူမသည် ယခုအချိန်တွင် အခြားကောလိပ်များ၏ အကြီးတန်းခေါင်းဆောင်များ၏ မနာလိုမှုများကို တွေးကြည့်နိုင်သည်။
အမှန်တော့၊ နှစ်ပေါင်းများစွာသော အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏သမိုင်းတွင် ကျန်းချင်းအာသည် ထင်ရှားခဲ့သော တစ်ဦးတည်းသူ မဟုတ်သော်လည်း အဆင့်ကိုးပဲ့တင်ထပ်ဖြင့် သမိုင်းသစ်ရေးထူနိုင်ခဲ့ပြီ။
သူမ၏ ထူးချွန်မှုက အကန့်အသတ်မရှိနိူင်ပေ။
"ချီးကျူးလွန်းနေပါပြီ...ကောလိပ်က ကျွန်မကို တိုးတက်အောင် ကူညီဖို့ အရင်းအမြစ်တွေ ပေးခဲ့တယ်.... အဲ့တော့ ကောလိပ်ဂုဏ်တက်ဖို့ကြိုးစားရမှာ ကျွန်မတာဝန်ပါ....."
မည်သို့ပင် ချီးကျုးနေပါစေ ကျန်းချင်းအာကတော့ ခပ်အေးအေးပင်......
"မင်းတို့နှစ်ယောက်က စေ့စပ်ထားတဲ့သူတွေလို့မပြောရဘူး ပြောတဲ့စကားတောင်အတူတူပဲနော်......"
ဘေးမှ ရယ်မောသံများ ထွက်ပေါ်လာပြီးမင်းသမီးက ပြုံးပြုံးရွှင်ရွှင်နှင့် သူတို့ဆီ လျှောက်လာခဲ့သည်။
"ချင်းအာ တစ်ချိန်တည်းမှာ အသန်မာဆုံးဘွဲ့ကို ရရှိခဲ့တဲ့အတွက် နင်တို့စုံတွဲကို ဂုဏ်ပြုပါတယ်....နောင်လာမယ့်တိုက်ပွဲမှာ ပါဝင်ကြမယ့်သူတွေတိုင်း ဒီဒဏ္ဍာရီနှစ်ခုကို မှတ်မိကြလိမ့်မယ်ထင်ပါတယ်......"
ကျန်းချင်းအာ အနည်းငယ် လန့်ဖျပ်သွားပြီးနောက် သူမ၏ ရွှေရောင်မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။ မင်းသမီးလေး ပြောတဲ့စကားက သူမကို အနည်းငယ် စိတ်ဝင်စားစေခဲ့သည်။
"မင်းသမီး ဖယ်ထုတ်ခံလိုက်ရတာလား..."
ကျန်းချင်းအာက မင်းသမီးကို ကြည့်ကာ တိုက်ရိုက်မေးလိုက်သည်။
မင်းသမီးက သက်ပြင်းချလိုက်ပြီး အနည်းငယ်စိတ်ပျက်သွားပုံရသည်ယ
"ဟုတ်တယ်...အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဖယ်ထုတ်ခံလိုက်ရတယ်...."
"မင်းသမီး..ရှင်က အရမ်းသန်မာတယ်....ဒါပေမယ့် ဒါက ကံတရားနဲ့လည်းဆိုင်သေးတယ်လေ....."
"ထားလိုက်ပါတော့...ဒါနဲ့ပြောရဉီးမယ်....နင်တို့အတွဲ အသန်မာဆုံးဘွဲ့ကိုဆွတ်ခူးနိုင်ပြီဆိုတော့ ငါတို့ကောလိပ်ဘက်က နောက်တစ်ယောက်သာ အသန်မာဆုံးဘွဲ့ထပ်ရရင် အောင်ပွဲခံလို့ရပြီပေါ့......"
အသန်မာဆုံး ဘွဲ့တံဆိပ် သုံးခုကို ဆွတ်ခူးပြီးသည်နှင့် တစ်ပြိုင်နက်၊ ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးသုံးခုရရှိမည်သာ...
ယခင်က ဉာဏ်အလင်းကောလိပ်သည် ဤသို့သောပြီးပြည့်စုံသော စတင်မှုကို လိုက်ရှာခဲ့သည်။
လီလော့နှင့် ကျန်းချင်းအာတို့ ထိုစကား ကြားသောအခါတွင် အမူအရာများ ပြောင်းလဲသွားသည်။
ဒါသာမှန်ရင် အကောင်းဆုံးအခြေအနေဖြစ်မှာပါ.....
"ကြယ်နှစ်ပွင့်ခန်းမဘက်မှာလည်း ပြိုင်ပွဲ ပြီးဆုံးသွားပြီ..... အသန်မာဆုံး ချန်ပီယံဆုကို ပေဟိုင်ရှန်းကောလိပ်က အောင်းပိုင်ရသွားတာ....."
“အခုထိ မပြီးဆုံးသေးတဲ့ တစ်ခုတည်းသောတိုက်ပွဲက ကြယ်လေးပွင့်ခန်းမဘက်ကတိုက်ပွဲပဲ....."
လီလော့နှင့်ကျန်းချင်းအာတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် သူတို့မျက်လုံးများသည် ကြယ်လေးပွင့်ခန်းမ၏တိုက်ပွဲမြင်ကွင်းဆီသို့ အလိုအလျောက် လှည့်သွားကြသည်။
ကြယ်တာယာခရီးရှည်ကောလိပ်၏ ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားတစ်ဦးကို အခုထိဖယ်ရှားနိုင်ခြင်းမရှိသေးပေ။
ထိုသူကတော့ ကုန်းရှန်ကျွင်းသာပင်......