← Chapters

မင်ဘုရင်ကျမ်းစာ၏သုံးကြိမ်ဉီးညွတ်ခြင်း......

Vol. 37 Ch. 517

မင်ဘုရင်ကျမ်းစာ၏သုံးကြိမ်ဉီးညွတ်ခြင်း......

Vol. 37 Ch. 517

လန်လန်၏နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သောရုပ်သဏ္ဍာန် ပေါ်လာသောအခါ ကုန်းရှန်ကျွင်းတင်မကဘဲ ပရိသတ်များအားလုံးလည်း အံ့သြသွားကြသည်။

ဖန်သားပြင်များမှတဆင့်ပင်၊ ၎င်းတို့သည် ထိုအရာမှ ဆိုးရွားသောဖိအားကို ခံစားနိုင်သည်။

"ဒါက တကယ့်မြို့စားအဆင့်ပညာရပ်ပဲ"

စွန်းတရှန်က သဘောကျစွာ တွေးလိုက်သည်။ သူအသုံးပြုသည့်အရာသည် မပြည့်စုံသောဗားရှင်းဖြစ်ပြီး သူသည် ဆရာသခင်အဆင့်တစ်ဦးသာဖြစ်သည်။ သူနှင့်လန်လန်ကြားက ခွန်အားကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကျယ်ဝန်းသည်။

ဒါပေမယ့် စွန်းတရှန်ကတော့ လုံးဝ စိတ်ဓာတ်မကျခဲ့ပေ။ သူသာ ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့်ရောက်တဲ့အခါလန်လန်နဲ့ တန်းတူဖြစ်နိုင်သည်။

" လန်လန်လို့ သန်မာတဲ့သူရဲ့လက်ထဲမှာဆို မင်ဘုရင်ကျမ်းစာက ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ကိုတောင်ဖြုတ်ချနိုင်တယ်" ဟုမင်းသမီးက အလေးအနက် မှတ်ချက်ပေးလိုင်သည်။

"သူနဲ့တွေ့တုန်းက ဒီလောက်ထိအားမကောင်းသေးဘူး....."

လီလော့သည် လန်လန်၏ နောက်ကွယ်မှ ပုံရိပ်ကို အနီးကပ် ဆန်းစစ်နေသည်။ ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့်များကြားက တိုက်ပွဲသည် အမှန်တကယ်ပင် ရှားပါးသော မြင်ကွင်းဖြစ်သည်။

ဥပမာအားဖြင့်၊ လော့လန်အိမ်တော်တွင် ထိုအဆင့်သို့ရောက်နေသော ဘိုးဘေးသုံးဦးသာရှိသည်။

"မင်ဘုရင်ကျမ်းစာကို ဉာဏ်အလင်းကောလိပ်ကျောင်းအုပ်ကြီးက ဖန်တီးထားတာ....အဲ့ဒီပုံရိပ်က ကျောင်းအုပ်ကြီးကိုယ်တိုင်ရဲ့ပဲ့တင်ထပ်သံကလွဲလို့ သူ့စွမ်းအားအပိုင်းအစတစ်ခုပါနေတယ်..."

ဒုကျောင်းအုပ်စုရှင်းက ရုတ်တရက်ပြောလိုက်သည့်အခါ လီလော့နှင့် အခြားသူများ အံ့သြစွာ သူမဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဉာဏ်အလင်းပညာကောလိပ်ရဲ့ကျောင်းအုပ်ကလည်း ဘုရင်အဆင့်ပဲလား...."

“အရှေ့ပိုင်းနတ်ဘုရားကုန်းမြေကကောလိပ်တွေမှာ ဘုရင်အဆင့်ကကျောင်းအုပ် အများကြီးမရှိပေမယ့် ဉာဏ်အလင်းကောလိပ်ရဲ့ ကျောင်းအုပ်ကလည်း ဘုရင်အဆင့်ပဲ.... သူနဲ့ငါတို့ကျောင်းအုပ်ကို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့နတ်ဘုရားတွေလို့တင်စားကြတယ်....."

"သူ့ရဲ့မင်ဘုရင်ကျမ်းစာကညလေ့ကျင့် ဖို့ ခက်ခဲလွန်းပြီး အန္တရာယ်အရမ်းများတယ်.... ဘုရင်အဆင့်ရဲ့ ဖိအားကို ခံနိုင်ရည်ရှိပြီး ကျောင်းအုပ်ကြီးရဲ့ ရှေ့မှောက်မှာ လေ့ကျင့်ဖို့လိုတယ်...အဲ့ဒါမှသာလျှင် မင်ဘုရင်ရဲ့ပုံရိပ်ကိုသေချာပုံဖော်နိုင်မှာ......"

"ဒီဖြစ်စဉ်ကြောင့် ထူးချွန်ကျောင်းသားတော်တော်များများ ထိခိုက်ဖူးတယ်..... မအောင်မြင်ရင် အတွင်းနတ်ဆိုးကြောင့် ကျင့်ကြံရေးလမ်းစဉ်ကမောက်ကမဖြစ်သွားနိုင်တယ်....."

လီလော့ သူမကို စိုက်ကြည့်ရင်း အံ့အားသင့်သွားသည်။ ဘုရင်အဆင့်ရဲ့ ဖိအား..... ဤအရာ မည်မျှကြီးမားသည်ကို သူ စိတ်ကူးကြည့်နိုင်သည်။

မြို့စားအဆင့်ပညာရပ်ကိုလေ့ကျင့်ခြင်းသည် ထမင်းစားရေသောက်သလို လွယ်ကူနေမည်မဟုတ်ပေ။

ပြီးတော့ လန်လန် ဒီလို လုပ်နိုင်တယ်ဆိုတဲ့ အချက်က သူ့ရဲ့ ရင့်ကျက်မှုနဲ့ အရည်အသွေးကိုသက်သေပြနေသည့်အဓိပ္ပါယ်ပင်.....

သူ၏ ပဲ့တင်ထပ်သံသည် အဆင့်အတန်းမြင့်သည့်အရာမဟုတ်သော်လည်း သူ၏ကိုယ်ရည်ကိုယ်သွေးသည် ပိုမိုကောင်းမွန်သော ပဲ့တင်ထပ်သံရှိသော အခြားသူများ မယှဉ်နိုင်သောအရာဖြစ်သည်။ ဒီအားသားချက်က သူ့ကို ဒီနေ့ ရောက်နေတဲ့ နေရာဆီ ပို့ဆောင်ပေးည်။

"ဒုကျောင်းအုပ် ...စီနီယာ ကုန်းရှန်ကျွင်းက လန်လန်ရဲ့ မင်ဘုရင်ကျမ်းစာကို ခံနိုင်ရည်ရှိပါ့မလား?"

ကျန်းချင်းအာနှင့် မင်းသမီးတို့သည်ပင် ဤမေးခွန်း၏အဖြေကိုသိချင်နေကြသည်။

ဒုကျောင်းအုပ်စုရှင်းသည် မြို့စားတစ်ဦးဖြစ်ပြီး သူမ၏စီရင်ဆုံးဖြတ်မှုသည် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက တိကျမှုအဆပေါင်းများစွာသာလွန်သည်။ သူမ၏ တိုက်ပွဲအကြောင်း အကဲဖြတ်မှုက အလွန်ယုံကြည်စိတ်ချရသည်။

ဒုကျောင်းအုပ်စုရှင်းက ခဏလောက် နှုတ်ဆိတ်နေပြီး....

"မင်ဘုရင်ကျမ်းစာရဲ့ကြောက်မက်ဖွယ်စွမ်းအားက သုံးကြိမ်ဉီးညွတ်ခြင်းပဲ.... ဒါ့ကြောင့်မို့ တိုက်ခိုက်မှုသုံးကြိမ်ထုတ်သုံးနိုင်တယ်....."

လီလော့ သူမကို နားမလည်နိုင်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

ဘုရင်နှင့် မြို့စားတို့သည် သာလွန်မြင့်မြတ်သူများ ဖြစ်ကြသည်။ သူတို့၏ အဆင့်အတန်းသည် တိုင်းသူပြည်သားတို့ထက် သာလွန်၍ မြင့်မြတ်သော အခြေနေအရ သဘာဝတရားအပေါ် လွှမ်းမိုးချုပ်ကိုင်မှု ရှိလာ၏။

"ဒီလိုမြင့်မြတ်သူတစ်ယောက်သာ သာမန်သေမျိုးရှေ့မှာ ဉီးညွတ်လိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်း စိတ်ကူးကြည့်နိုင်မလား....."

လီလော့ စိတ်ရှုပ်ထွေးနေသေးသော်လည်း ဤအတွေးကို လိုက်နာရန် ကြိုးစားခဲ့သည်။ သည်းမခံနိုင်လောက်အောင်ပင် အဆင်မပြေဖြစ်နိုင်သည်။ ထိုသို့သော အမူအရာ၏ သက်ရောက်မှုများသည် လူမှုရေးကျင့်ဝတ်များနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။

"ငရဲကြီးတယ်ဆိုတဲ့စကားကိုနင်သိလား....တန်ခိုးအာနုဘော်ကြီးမြတ်သူတွေ သာမာန်လူတွေကိုဉီးညွတ်ပြီဆို သဘာဝတရားကြီးက ဉီးညွတ်ခံရသူကိုအပြစ်ပေးလိမ့်မယ်....မင်ဘုရင်ကျမ်းစာကအဲ့သဘောသဘာဝကိုအခြေခံပြီးဖန်တီးထားတာ...."

"လန်လန်က သုံးကြိမ်ဉီးညွတ်ခြင်းကို အသက်သွင်းလိုက်တဲ့အခါ မင်းမျက်မြင်တွေ့ရမယ့် ဖြစ်စဉ်က ယုတ်ညံ့တဲ့ပုံစံတစ်ခု ဖြစ်သွားလိမ့်မယ်....ဘုရင်တစ်ပါးရဲ့ ပဲ့တင်ထပ်သံကမင်းကိုဉီးညွတ်တဲ့အခါ သဘာဝတရားကအမျက်ရှပြီး သဘာဝစွမ်းအင်တွေနဲ့တိုကိခိုက်လိမ့်မယ်....."

“ဒါကို မင်း သည်းမခံနိုင်ရင် အသတ်ခံရလိမ့်မယ်”

လီလော့ ချွေးပျံနေပြီ...ဒါတကယ့်ကိုရူးသွပ်တဲ့နည်းလမ်းပဲ....

"ဒါက မင်ဘုရင်ကျမ်းစာရဲ့ အဆုံးမဟုတ်ဘူး....နောက်ထပ် ထိတ်လန့်စရာတစ်ခု စောင့်နေသေးတယ်.... သုံးကြိမ်ဉီးညွတ်ခြင်းကို သည်းမခံနိုင်ရင် မင်းရဲ့ စိတ်ဝိညာဉ်ကို ထိတ်လန့်စေမယ့် ဉာဏ်အလင်းကောလိပ်ရဲ့တစ္ဆေပေါ်လာလိမ့်မယ်.... အဲ့ဒီ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုက ကံကောင်းရင်တောင် တစ်နှစ်လောက်ကြာမှပျောက်ကင်းလိမ့်မယ်...."

ကျန်းချင်းအာပင် မျက်မှောင်ကြုတ်နေသော်လည်း မင်းသမီးကတော့ ခပ်အေးအေးပင်.... ဤသည်မှာ သူမအတွက် သိထားပြီးသောသတင်းဟောင်းဖြစ်နိုင်သည်။

"အတော်ဆိုးတာဘဲ...ဘယ်ဘက်ကကြည့်ကြည့်ပြေးပေါက်မရှိဘူး...."

တစ်နှစ်ခွဲကြာအောင် ကျင့်ကြံမှု နှေးကွေးနေခြင်းသည် ပေါ့ပေါ့တန်တန် ခံယူရမည့် အရာမဟုတ်ပါ။ ကောင်းကင်ပဲ့တင်ထပ်သံအဆင့် မတိုင်မီ လူတစ်ယောက်၏ပဆင့်သည် အလျင်မြန်ဆုံး တိုးမြင့်လာသည်။ ဤအရေးကြီးသောအဆင့်တွင် တစ်နှစ်ခွဲနှောင့်နှေးသွားရခြင်းမှာ ပေးဆောင်ရမည့် ကြီးလေးသောစျေးနှုန်းဖြစ်သည်။

"အဲ့ဒါကြောင့် မင်ဘုရင်ကျမ်းစာက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာ နာမည်ဆိုးနဲ့ကျော်ကြားတယ်..... ဒါကို ကုန်းရှန်ကျွင်း ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ...."

"သူ နောက်ထပ်တစ်လှမ်းတိုးလိုက်မယ်ဆိုရင် သုံးကြိမ်ဉီးညွတ်ခြင်းကို အသက်သွင်းလိမ့်မယ်....အောင်ပွဲနဲ့ ရှုံးနိမ့်မှုကို မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆုံးဖြတ်မှာပါ" ဟု စုရှင်းက လေးနက်စွာ ပြောကြားခဲ့သည်။

"သူ့ရဲ့ရွေးချယ်မှုက ဘယ်လိုဖြစ်မယ်ဆိုတာ ငါတို့မသိဘူး"

အားလုံးက ကုန်းရှန်ကျွင်းတို့တိုက်ပွဲကိုသာရင်တထိတ်ထိတ်ဖြင့်ကြည့်နေကြသည်။

……

ရေကန်နားတွင်......

ကုန်းရှန်ကျွင်း၏ ချောမောသောအသွင်အပြင်သည် ယခုချိန်တွင် လေးနက်သောအမူအရာဖြင့် ပြည့်နှက်နေသည်။ သူသည် လန်လန်၏ နောက်ကွယ်မှ ပုံရိပ်ကို လေးလေးနက်နက် ထိတ်လန့်စွာဖြင့် ကြည့်လိုက်မိသည်။

သူသည်လည်း မင်ဘုရင်ကျမ်းစာပုံပြင်ကို ကောင်းစွာသိသည်။

ဒါကြောင့်လည်း တုံ့ဆိုင်းနေခဲ့ခြင်းပင်....

ဤနောက်ဆုံးပွဲသည် ရူးသွပ်သော လောင်းကစားတစ်ခုဖြစ်သည်။

လန်လန်သည် စင်မြင့်နှင့် လောင်းကြေးများကိုပိုင်စိုးထားသည်။ လက်ခံမလား လက်မခံဘူးလားဆိုတာတော့ သူ့အပေါ်မှာပဲ မူတည်နေသည်။

ကုန်းရှန်ကျွင်း ခြေထောက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

လန်လန် သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်သည်နှင့် သူ့နောက်ကွယ်တွင် မင်ဘုရင်ပုံရိပ် ပေါ်လာသည်။

ကုန်းရှန်ကျွင်း ခြေထောက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။

ထို့နောက် သူက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

“ညီနောင်လန်.... ဒီတစ်ခါတော့ မင်းနဲ့အတူ အန်စာတုံးတွေ မလှိမ့်ဖို့ ရွေးချယ်ထားတယ်....ဒါပေမယ့် စိတ်မပူပါနဲ့...ရှန့်ပိန်းတွေ့ဆုံပွဲက မပြီးသေးဘူး.... ရောနှောအဆင့်ပြိုင်ပွဲမှာ ထပ်တွေ့ဖို့ အခွင့်အရေးရှိမယ်ထင်တယ်......"

သူသည် ဘူးသီးခြောက်ကို ဆွဲထုတ်ပြီး ငြိမ်သက်စွာ ရိုက်ချိုးလိုက်သည်။

အလင်းတန်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။

ကုန်းရှန်ကျွင်း တခဏချင်း ပျောက်ကွယ်သွားပြီး ပရိသတ်ကို အံ့အားသင့်စေခဲ့သည်။

All Chapters