← Chapters

ကုန်းရှန်ကျွင်း၏ရွေးချယ်မှု.....

Vol. 37 Ch. 518

ကုန်းရှန်ကျွင်း၏ရွေးချယ်မှု.....

Vol. 37 Ch. 518

ကုန်းရှန်ကျွင်း စစ်မြေပြင်မှ ပျောက်ကွယ်သွားသောအခါတွင် လူအုပ်ကြီးတစ်ခုလုံး အံ့အားသင့်သွားကြသည်။

သူသည် ဘူးသီးခြောက် ချိုးဖျက်ပြီး လက်နက်ချရန် အမှန်တကယ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူ့အား ဖယ်ထုတ်ခြင်းဖြင့် လန်လန်သည် ပုံမှန်အားဖြင့် အသန်မာဆုံး ကြယ်လေးပွင့် ကျောင်းသား ဖြစ်လာမည်ဖြစ်သည်။

ဒီရလဒ်ကို ဘယ်သူမှ မမျှော်လင့်ထားမိကြပေ။

ဤရလဒ်ကြောင့် လူအများ စိတ်ပျက်ခဲ့ကြသည်။ လက်ရှိမြင်ဖူးသမျှ အပြင်းထန်ဆုံး ကျောင်းသားနှစ်ဦးဖြစ်သည့် ကုန်းရှန်ကျွင်း နှင့်လန်လန်တို့ကြားတွင် ဒဏ္ဍာရီဆန်သော တိုက်ပွဲတစ်ခု ပြီးဆုံးသွားသည်ကို မြင်တွေ့ရန် မျှော်လင့်ခဲ့ကြသည်။ သူတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ တခြားခန်းမသုံးခန်းနဲ့ ယှဉ်ရင် ပိုမြင့်မှာ သေချာသလောက်ပင်.....

စိတ်ပျက်စရာကောင်းတာက ကဲ့ရဲ့ပြစ်တင်မှုတွေအဆက်မပြတ်ထွက်ပေါ်လာသည်။

"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အသန်မာဆုံး ကျောင်းသားတဲ့လား... သူရဲဘောကြောင်တဲ့နေရာမှာ သန်မာတာလား "

"ဒီအဆင့်ထိရောက်နေပြီပဲ..မြို့စားအဆင့်ပညာရပ်ဆိုရင်တောင် အမြှီးကုပ်ပြီးပြေးလာမယ့်အစား ရင်ဆိုင်လိုက်ပါတော့လား..... "

"စိတ်ပျက်စရာကောင်းလိုက်တာ..... "

"အင်း၊ အနည်းဆုံးတော့ အခု ကြယ်တာယာခရီးရှည်ကောလိပ်က ရင်ထိုးသုံးခုကို တစ်ကြိမ်တည်း ယူဖို့ အခွင့်အရေး ရှိလာမှာ မဟုတ်ဘူး....."

ကြယ်တာယာခရီးရှည်ကောလိပ်မျှော်စင်ဘက်တွင်အသံတိတ်နေကြသည်။

ကုန်းရှန်ကျွင်း ဘာ့ကြောင့် မတိုက်ခဲ့တာလဲ သူတို့နားမလည်နိုင်တော့ပေ။

ထိုသို့သောအခြေအနေများအောက်တွင် ဆုတ်ခွာခြင်းသည် ကြယ်တာယာခရီးရှည်ကောလိပ်၏အရည်အသွေးကို သံသယဖြစ်စေသည်။

နောက်ဆုံးတွင်၊ သူသည် ကြယ်တာယာခရီးရှည်ကောလိပ်၏အသန်မာဆုံးကျောင်းသားဖြစ်သင့်သည်။

သူသည် အခြားခန်းမများနှင့် နှိုင်းယှဉ်ပါက ကျောင်း၏ဂုဏ်သတင်းကို ရဲဝံ့စွာကာကွယ်ပေးသင့်သည်။

ဒုကျောင်းအုပ်စုရှင်းက သိပ်စိတ်မ၀င်စားတာကို တွေ့ရတော့ ထပ်တူထပ်မျှ အံ့သြမိပြန်သည်။ သူမသည် ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားသည်ဟုပင်ထူးထူးခြားခြားခံစားနေရသည်။

သူ့အတွေးတွေကို ဖြတ်တောက်ပစ်လိုက်တဲ့ ရေလှိုင်းတစ်ခု ပေါ်လာသည်။

ကုန်းရှန်ကျွင်း ပြန်ရောက်လာပြီ. .

ပုံမှန်အားဖြင့်၊ ကုန်းရှန်ကျွင်း၏ အသွင်အပြင်ကို ရိုသေလေးစားသော လေသံဖြင့် နှုတ်ဆက်လေ့ရှိသော်လည်း ယခုအခါတွင် လေထုက အနည်းငယ် အေးစက်နေသည်။

သူရဲဘောကြောင်သူကို ဘယ်သူမှ မလေးစားကြတော့ပေ။

ကုန်းရှန်ကျွင်းသည် မထူးမခြားနားသော

အမူအရာဖြင့် စုရှင်းအနားရောက်လာပြီး

"ဒုကျောင်းအုပ် ....ကျွန်တော့်ဘက်က အနိုင်ရဖို့မသေချာတဲ့အတွက် လူတိုင်းရဲ့မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ရလို့ စိတ်မကောင်းပါဘူး......"

"စီနီယာကုန်းရှန်ကျွင်း..."

ဒူဇီဟုန်လျန်ပင်လျှင် ပေါက်ကွဲချင်စိတ်ကိုထိန်းမရတော့ပေ.....

"ရှင်ဘာလို့ မတိုက်ခဲ့တာလဲ... ရှင့်ရဲ့ ခွန်အားနဲ့ ရှုံးမယ်ဆိုတာ ဘာလို့သေချာနေတာလဲ....မဖြစ်နိုင်ဘူး...."

အထူးသဖြင့် သူမကို သိတဲ့သူတွေကြားထဲမှာ ကုန်းရှန်ကျွင်းကို ချစ်ခင်လေးစားတဲ့သူတစ်ယောက်ရဲ့ ဒေါသဟာ အထူးအဆန်းတခုလိုဖြစ်နေသည်။ သူတို့ရဲ့ အဆင့်အတန်းနဲ့ ခွန်အားတွေ ကွာခြားနေပေမဲ့ သူ့ကို ဒီလိုပြောရဒဲတာ အံ့သြစရာပင်.....

ဒူဇီဟုန်လျန်သည် သူ့ကို အရည်အချင်းအရှိဆုံး အမျိုးသားအဖြစ်မှတ်ယူပြီး တိတ်တဆိတ် ချစ်ကြိုက်ခဲ့သည်။

သို့သော် သူမသည် ကုန်းရှန်ကျွင်းအတွက် မျှော်လင့်ချက် မြင့်မားလွန်းသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊။သူရုတ်တရက် အရှုံးပေးလိုက်ခြင်းကြောင့် နှစ်ဆ သစ္စာဖောက်သလို ခံစားခဲ့ရသည်။

ကုန်းရှန်ကျွင်းက သူမကို တိတ်တဆိတ်ကြည့်နေသည်။

“တော်ကြတော့...မင်းမှာ အကြောင်းပြချက်တွေရှိမှာ သေချာပါတယ်...ဒါကို လူတိုင်းသိအောင်ပြောပြလိုက်...."

စုရှင်း၏ခပ်ပြတ်ပြတ်စကားသံထွက်ပေါ်လာသည်။

ကုန်းရှန်ကျွင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"အင်း.... ရှင်းပြစရာ အများကြီး မရှိပါဘူး..

လန်လန်ရဲ့ မင်ဘုရင်ကျမ်းစာကိုခံနိုင်ရည် မရှိခဲ့ဘူး....ငါ မအောင်မြင်ခဲ့ရင် ပုံရိပ်တစ္ဆေကြောင့်ငါ့ရဲ့ ခွန်အားကို ပြင်းထန်စွာ ကန့်သတ်ခံရလိမ့်မယ်..... ဒါဆို ခန်းမအဆင့်မှာရှုံးရုံတင်မကဘဲ ရောနှောပြိုင်ပွဲကိုပါဝင်ပါနိုင်မှာမဟုတ်ဘူး...."

"သိကြတဲ့အတိုင်းပဲ ကြယ်လေးပွင့်ခန်းမအတွက် ရင်ထိုး ဆုံးရှုံးမှုက ခံနိုင်ရည်ရှိပေမယ့် ရောနှောအဆင့်ပြိုင်ပွဲမှာ ရှုံးရင် ကျွန်တော်တို့မှာ အခွင့်အရေး လုံးဝမရှိတော့ဘူး.... အဲဒါကြောင့် ဝှက်ဖဲတွေချန်ထားခဲ့တာပါ....."

ကျောင်းသားတော်တော်များများ ငြိမ်ကျသွားကြသည်။

ဒါဆို ကုန်းရှန်ကျွင်းက ရောနှောအဆင့်ပြိုင်ပွဲအတွက်အရှုံးပေးခဲ့တာပေါ့... ရေရှည်အတွက် စဉ်းစားခဲ့တယ်ဆို ဒါက အဓိပ္ပာယ်ရှိတယ်....

ရောနှောအဆင့်ပြိုင်ပွဲသည် အသင်းတစ်သင်းတွင် ခန်းမသုံးခန်းခုပါဝင်သည့်အတွက် ကုန်းရှန်ကျွင်းသည် ထိုစာရင်းတွင် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။

သေချာပါတယ်၊ သူအနိုင်ရခဲ့မယ်ဆိုရင် အရာအားလုံးက သာယာနေလိမ့်မည်။ ဒါပေမယ့် သူရှုံးသွားခဲ့ရင် ဒါဟာ ရင်ထိုးတစ်ခုသာမဟုတ်ပဲ နောက်တစ်ဆင့်အတွက် အခွင့်အရေးတွေကိုပါဆုံးရှုံးရလိမ့်မည်။

ရောနှောအဆင့်ပြိုင်ပွဲတွင် ရင်ထိုး သုံးခုရှိသည်။ ဒါက ချန်ပီယံ ဆုံးဖြတ်ရမယ့်နေရာဆိုလည်းမမှားနိုင်ပေ။

ကုန်းရှန်ကျွင်း၏ရွေးချယ်မှုသည် ဆင်ခြင်တုံတရားတစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်။

လေထုထဲတွင် မမြင်နိုင်သော အလင်းရောင်တစ်ခု ရှိနေသည်။

တစ်ချိန်တည်းမှာပင်၊ ကုန်းရှန်ကျွင်းကို ထောက်ခံသူများ .........

"စီနီယာ.....ဒီလိုရွေးချယ်ရင် ဒီလိုအပြောခံရမယ်မှန်းသိရင်နဲ့ကောလိပ်အတွက်တွေးပြီးကိုယ်ကျိုးစွန့်ခဲ့တယ်...မွန်မြတ်ပါပေတယ်....."

တခြားကျောင်းသားတွေလဲ ရှက်သွားပုံရသည်။

ဒူဇီဟုန်လျန် တုံ့ဆိုင်းသွားသော်လည်း ဘာမှထပ်မပြောတော့ပေ။

ကုန်းရှန်ကျွင်း ပြုံးလိုက်သည်။

“ ကျုပ်သူနဲ့တစ်ယောက်ချင်းတိုက်မှာပါ..အဲ့အတွက် ရောနှောအဆင့်ပြိုင်ပွဲမှာ အခွင့်အရေး ထပ်ရလာမယ်လို့ ထင်ပါတယ်...အဲ့အခါကျရင် ကောလိပ်အတွက် မင်ဘုရင်ကျမ်းစားကိုရင်ဆိုင်မှာပါ....."

"မင်းရဲ့ ဆင်ခြင်တုံတရားနဲ့ ရွေးချယ်မှုကိုမှားယွင်းတယ်လို့အပြစ်မတင်ပါဘူး...."

ဒုကျောင်းအုပ်စုရှင်းက ခေါင်းညိတ်သည်။

"ဒါပေမယ့် ခုနကသာ အနိုင်ရခဲ့ရင် ငါတို့မှာ ကြီးမားတဲ့ အားသာချက်ရှိမယ်ဆိုတာ မင်းသိထားသင့်တယ်"

ကုန်းရှန်ကျွင်း က သူမကို အံ့အားသင့်စွာကြည့်ပြီးနောက် အမူအရာထိန်းလိုက်ပြီး....

"ကျွန်တော်တို့မှာ ရင်ထိုးနှစ်ခုရှိနေပြီမဟုတ်လား ...တခုကဂျူနီယာကျန်း... ဒါပေမယ့် နောက်ထပ်တစ်ခု..."

"လီလော့" လို့ ဒုကျောင်းအုပ်စုရှင်းက ဖြေလိုက်သည်။

"သူက ပြိုင်ပွဲမှာ အနိုင်ရပြီး ငါတို့အတွက် ရင်ထိုးတခု ယူခဲ့တယ်...."

ကုန်းရှန်ကျွင်းသည် လီလော့ ကို ထူးထူးခြားခြား ကြည့်နေပြီးနောက် အမြန်ပြုံးလိုက်သည်။ "

ဂျူနီယာလီလော့....တကယ်ကို အထင်ကြီးစရာပဲ...."

လီလော့က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ကျွန်တော်တို့ ရွှေအခွင့်အရေးကို လက်လွတ်ခဲ့ရတပေါ့.."

ဒုကျောင်းအုပ်စုရှင်းက သူ့ကို ငဲ့ညှာစွာ ကြည့်လိုက်သည်။

"ကိစ္စမရှိပါဘူး...ခန်းမအဆင့်ပြိုင်ပွဲမှာ ရင်ထိုးသုံးခုယူတာက စံပြပါပဲ.... ဒါပေမယ့် နှစ်ခုက ငါတို့ကို ကောင်းမွန်တဲ့ အားသာချက်တွေပေးနေတုန်းပဲ ရောနှောအဆင့်ပြိုင်ပွဲအတွက် အခွင့်အရေးရှိနေသေးတယ်...."

လီလော့ တိတ်ဆိတ်နေ၏။

အခွင့်အရေးတစ်ခု၊ ...ဟုတ်တယ်.... ဒါပေမယ့် ရောနှောအဆင့်ပြိုင်ပွဲမှာ ရင်ထိုး ၃ခုရှိတာကြောင့် တခြားကျောင်းတိုင်းမှာလည်း အခွင့်အရေးရလာလိမ့်မယ်....

သူနှင့် ကျန်းချင်းအာအတွက် တစ်ကိုယ်ရေအကျိုးအမြတ်များအပြင်၊ နောက်ဆုံးရလဒ်အနေဖြင့် ရင်ထိုးနှစ်ခုရရှိခဲ့သော်လည်း အခြေနေမကောင်းနိုင်သေးပေ။

ရောနှောအဆင့်ပြိုင်ပွဲမှာ ရှုံးခဲ့ရင် သူတို့ရဲ့အောင်ပွဲတွေက ဘာမှအဓိပ္ပာယ်ရှိတော့မည်မဟုတ်ပေ။

ကုန်းရှန်ကျွင်းဘက်က အလျှောက်ကောင်းသောကြောင့် ကျောင်းသားများကျေနပ်နေကြပြီး ပြုံးပန်းဝေဆာနေကြသည်။

မည်သို့ပင်ဆိုစေကာမူ ကုန်းရှန်ကျွင်းသည် ကြယ်တာယာခရီးရှည်ကောလိပ် တွင် အရေးပါသောအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

"အားလုံးပဲ အနားယူထားကြပါ....ပြိုင်ပွဲတဝက် ပြီးသွားတော့ ရက်အနည်းငယ် အနားယူဖို့ လိုတယ်... ဒုတိယပိုင်းရဲ့ ပုံစံကို ကြေညာဖို့ စောင့်နေကြ....." ဟု ဒုတိယကျောင်းအုပ်စုရှင်းက ကြင်နာစွာ ပြောကြားခဲ့သည်။

အားလုံးအနားယူဖို့ ကိုယ်စီကိုယ်စီအခန်းထဲသို့ဝင်သွားကြသည်။

လီလော့နှင့် ကျန်းချင်းအာတို့သည် နောက်ကွယ်တွင် တမင်တကာ ရပ်နေကြသည်။

"ကုန်းရှန်ကျွင်းက အမှန်တရားကို မပြောခဲ့ဘူး"

ကျန်းချင်းအာက လီလော့နားသို့ကပ်ကာ အသံကိုပဲ့တင်ထပ်သံစွမ်းအားဖြင့်ထိန်းပြီးပို့လွှတ်လိုက်သည်။

လီလော့ မျက်လုံးပြူးသွားသည်။

"ဘာလဲ? ဘာလို့လဲ?"

ကျန်းချင်းအာက ခေါင်းခါလိုက်သည်။

"ငါ့မှာ သက်သေမရှိဘူး....ဒါပေမယ့် တစ်နည်းနည်းနဲ့ ခံစားရတယ်... သူက အနိုင်ယူချင်တာမဟုတ်ဘူး....."

All Chapters