← Chapters

ဘော့စ်လီနဲ့ ပြန်ဆုံဆည်းခြင်း

Vol. 16 Ch. 226

ဘော့စ်လီနဲ့ ပြန်ဆုံဆည်းခြင်း

Vol. 16 Ch. 226

စားသောက်ပြီးစီးသွားကြသောအခါ အားလုံး မင်ယွမ်စားဖိုဆောင်မှ ပြန်ကြပြီး တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ခဲ့ကြပါသည်။ ပေါင်ရှု၏ မျက်လုံးများက စိတ်ပူပန်မှုများဖြင့် ပြည့်နှက်နေပါသည်။ အပြင်ဘက်မှာ တစ်ယောက်တည်း လျှောက်သွားရမည့် အတွေးက သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်စေ၏။

စားသောက်ပြီးကြသောအခါ အားလုံးကိုယ့်အိမ်ကိုယ်် ပြန်ခဲ့ကြပါသည်။ မနက်ဖြန်ကျရင်လည်း အလုပ်ပြန်လုပ်ရမည်ဖြစ်ပြီး ဆက်လက် ကြိုးစားကြရဦးမည်။ သို့သော်လည်း ဖေးချမ့် စိတ်မသက်မသာ ဖြစ်သွားစေသည့် အရာက ၎င်းတို့၏ ပရောဂျက်များ အရှုံးပေါ်နေတာတောင် တာဝန်ရှိဝန်ထမ်းများက ဒီစားသောက်ပွဲအပြီး အများကြီး ပို၍ပင် တက်ကြွသွားကြသည့်ပုံပင်။

ကျုံးထျန်တရုတ်နက်ခ်ဝေါ့ကို တာဝန်ယူထားသည့် မာယိချွမ်ကိုပဲ နမူနာယူကြည့်ပါ။ ထိုဝက်ဘ်ဆိုက်က အရှုံးပေါ်နေသည်။ သို့သော်လည်း ဘော့စ်ဖေး သူ့ကိုနှစ်သိမ့်ပေးပြီးနောက် သူ့စိတ်ခံစားချက်များ တည်ငြိမ်သွားသည့်ပုံပင်။ အခု ပိုပြီး အားအင်တက်ကြွလာတာ ဖြစ်သင့်ပါသည်။

သို့သော်လည်း ဘာကြောင့် ဟွမ်စစ်ပေါ်တို့ကပါ အများကြီး အားတက်ကြွသွားကြသည့်ပုံ ပေါက်နေရသနည်း။

ဖေးချမ့် တကယ်ပဲ စိတ်ရှုပ်ထွေးသွားပါသည်။

ငါသူတို့ကို စကားတောင် သိပ်ပြောတာမဟုတ်ဘူး။ စားဖွယ်ရာတွေကြောင့်များလား။

အလွန်လျှင်မြန်စွာဖြင့် တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြသည်။ ဖေးချမ့်က သူ့လက်ပတ်နာရီကိုကြည့်လိုက်ရာ ည ၈ နာရီ ထိုးနေပါပြီ။ တွေ့ဆုံစုဝေးပွဲ၏ ကြာချိန်ကို သူ အတော်လေး အဆင်ပြေပြေ ထိန်းချုပ်ခဲ့သည်။

မင်ယွမ်စားဖိုဆောင်ထဲက စားပွဲထိုးများက ဇွန်းခွက်ပန်းကန်များကို သိမ်းဆည်းနေပြီး စားသောက်ဆိုင်ကို သန့်ရှင်းရေး လုပ်နေပါသည်။ ၎င်းတို့ကြည့်ရတာ အတော်လေး အလုပ်ရှုပ်နေပုံပင်။ သို့သော်လည်း ဒါက ယာယီသာ ဖြစ်ပါလိမ့်မည်။ နောက်ပိုင်း တော်တော်ကြာသည့်အထိ မင်ယွမ်စားဖိုဆောင်ထဲ၌ ကတ်စတမ်မာများရှိတော့မည်မဟုတ်တော့ပါ။

မင်ယွမ်စားပွဲဆောင်မှာ လူသူကင်းမဲ့ပြီး ချောင်ချသောနေရာတွင်တည်ရှိသည်။ သာမန်လူတွေ ဒီကိုရောက်လာဖို့ ခက်ခဲပါလိမ့်မည်။ ဒီကိုရောက်လာခဲ့ကြရင်တောင် ဟင်းလျာများကို မတတ်နိုင်လောက်ပါ။

အမှန်ပင်။ ဖေးချမ့် ဒီသတင်းကို အကြာကြီးတော့ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးလက်အောက်မှာ ဝန်ထမ်းတွေ များပြားလွန်းသည်မဟုတ်လား။ ဒီနေ့ည သူတို့ အစားကောင်းအသောက်ကောင်းများစွာ စားသောက်ခဲ့ကြသဖြင့် သူတို့အများစုက မိသားစုများ သူငယ်ချင်းများကို ပြန်ကြွားကြလိမ့်မည်။

သို့သော်လည်း သူတို့ ဘာတွေပဲပြောပြော ဒီနေရာကြီးက လူသူကင်းမဲ့ပြီး စျေးကြီးလွန်းပါသည်။ လူအများစုက ၎င်းတို့၏ ကိုယ်ပိုင် ပိုက်ဆံနဲ့ တတ်နိုင်ကြမည်မဟုတ်ပါ။

ဒီစားသောက်ဆိုင်အကြောင်း သတင်းများ ပျံ့နှံ့သွားကာ ဘောစိတချို့ရောက်လာရင်တောင် အရေးမကြီးပါ။ ကတ်စတမ်မာ အရေအတွက်ကို လျှော့ထားနိုင်သရွေ့ မင်ယွမ်စားဖိုဆောင်က အရှုံးပေါ်နေဦးမည်ဖြစ်ပါသည်။ အမှန်ပင်။ မင်ယွမ်စားဖိုဆောင်၏ အဓိက ရည်ရွယ်ချက်များက များနိုင်သမျှ ငွေများများ ဆုံးရှုံးစေဖို့နဲ့ ဝန်ထမ်းများ၏ အစားအသောက်များကို ပြည့်ပြည့်ဝဝ ဧည့်ခံပေးနိုင်ဖို့ဖြစ်ကြောင်း ဖေးချမ့် မမေ့သေးပါ။

ထို့ကြောင့် ဖေးချမ့် နောက်ပိုင်း တွေ့ဆုံပွဲများအတွက် ကြိုတင်စီမံချက်များ ချထားခဲ့ပါသည်။

စနစ်၏ လက်ရှိစည်းမျဥ်းများအရဆို ၂ လတစ်ခါ အသင်းဖွဲ့တွေ့ဆုံပွဲတစ်ခု လုပ်ခွင့်ရှိသည်။ ၎င်းတို့ တွေ့ဆုံပွဲများ၏ ကြိမ်နှုန်းနှင့် အရည်အသွေးများက ကုမ္ပဏီ၏ လက်ရှိ အရွယ်အစားနှင့် ဘဏ္ဍာရေး အခြေအနေပေါ်တို့တွင် မူတည်ပုံရပါသည်။

အမှန်ပင်။ ဖေးချမ့် သူ့ဝန်ထမ်းများကို စားသောက်ပွဲဖိတ်ဖို့အတွက် ယုတ္တိရှိသော အကြောင်းပြချက်တော့ လိုပါသေးသည်။

ဖေးချမ့်အတွက်တော့ အခုချိန်မှာ ယုတ္တိရှိမည့် အကြောင်းပြချက်များ ရှာရလွယ်နေပါသည်။ ဂိမ်းတစ်ခု ထုတ်လုပ်မှုကို အောင်ပွဲခံခြင်း၊ ဌာနတစ်ခု၏ စွမ်းဆောင်ရည်များကို ဂုဏ်ပြုခြင်း၊ ဌာနအသစ်တစ်ခု ဖွဲ့စည်းခြင်း၊ ဝန်ထမ်းသစ်များ ကြိုဆိုခြင်း အစရှိသဖြင့် ဖြစ်သည်။

ထို့ကြောင့် ၂ လတစ်ခါ စံနှုန်းအတိုင်း ဖေးချမ့် နောက်ပိုင်း ဝန်ထမ်းတွေ့ဆုံပွဲများအတွက် မင်ယွမ်စားဖိုဆောင်ကို ကြိုတင် ဘိုကင်လုပ်ထားခဲ့ပါသည်။

စုံဂဏန်းလတိုင်း၏ ၂၀ ရက်နေ့ကို စုဝေးပွဲနေ့အဖြစ် သတ်မှတ်သည်။ လကုန်ခါနီးဖြစ်သဖြင့် ဖေးချမ့်ကို ငွေပိုဖြုန်းနိုင်မည့် ထပ်တိုး အခွင့်အရေးတစ်ခုပေးသည်။ ထို့အပြင် လတိုင်း၏ ပထမနှင့် တတိယ တနင်္ဂနွေနေ့များအတွက် မင်ယွမ်စားဖိုဆောင်ရှိ အကြီးဆုံး သီးသန့်အခန်းကို ဘိုကင်ယူထားလိုက်သည်။ ဒါက လိုရမယ်ရ စီးပွားရေး ဧည့်ခံတွေ့ဆုံမှုများအတွက်ဖြစ်သည်။

ထိုဘိုကင်များကို အမြင့်ဆုံး ဦးစားပေးနေရာတွင် သတ်မှတ်ထား၏။ ထို့အပြင် ဖေးချမ့်ပြောင်းလဲဖို့ မဆုံးဖြတ်နိုင်ခင်မှာပင် အာနိသင်ရှိလာပါလိမ့်မည်။

ဒါက နှစ်ခါထပ် ဘိုကင်တင်ခြင်းများကို ရှောင်ရှားရန်ဖြစ်သည်။ ဘောစိများက တကယ်ပဲ ဘိုကင်တင်ဖို့ကြိုးစားပြီး မင်ယွမ်စားဖိုဆောင်ကို ၂ ပတ် ၃ ပတ်လောက်အထိ ဆက်တိုက် တင်နိုင်သွားကာ ဘော့စ်ဖြစ်သည့် ဖေးချမ့်က ဘိုကင် တစ်ခါတောင် မတင်နိုင်ပါက ခွကျပါလိမ့်မည်။

မင်ယွမ်စားဖိုဆောင် အဲ့လောက်နာမည်ကြီးလာမည်ဟု ဖေးချမ့် သိပ်မထင်သော်လည်း သတိတော့ထားရမည်။ ထိုကိစ္စများအတွက်ပါ ကြိုတင် စီစဥ်ထားရပါမည်။

ထို့အပြင် ရုတ်တရက်ကြီး လုပ်ငန်းသဘောအရ ဧည့်ခံဖို့လိုအပ်လာပါက သူဆန္ဒရှိသည့် အချိန်တိုင်း ဘိုကင်ချိတ်နိုင်သည်။ သို့သော်လည်း စားသောက်ဆိုင်တွင်တော့ နေရာရှိနေမှဖြစ်၏။ ထို့အပြင် ဟင်းချက်ပစ္စည်းများကိုလည်း ၂ ရက် ၃ ရက်လောက် ကြိုတင်ပြင်ဆင်ထားရမည်။

လင်းကန်ရုံက ဖေးချမ့်ဘေးကို လျှောက်လာသည်။ "ဘယ်လိုသဘောရလဲ ဘော့စ်ဖေး။ ဒီနေ့အစားအသောက်တွေကို သဘောတွေ့ရဲ့လား။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "အရမ်းကောင်းတယ်။ ကျွန်တော်အရမ်း သဘောကျပါတယ်"

တကယ်တော့ ဒီနေ့သူစားခဲ့သည့် စားဖွယ်ရာများက တန်ရဲ့လားမတန်ရဲ့လား သူသေချာ မသိပါ။ ဘာပဲဖြစ်ဖြစ် တခြားစားသောက််ဆိုင်တွေမှာလည်း ထိုအစားအသောက်တွေကို သူတစ်ခါမှ မစားဖူးပေ။ နှိုင်းယှဥ်ဖို့အတွက်တော့ ခက်ခဲပါလိမ့်မည်။

သို့သော်လည်း လင်းဝမ်နှင့် လက်ထောက်ရှင်းတို့၏ မျက်နှာထားများကိုတော့ သူသတိထားမိခဲ့ပါသည်။ အစားအသောက်က သာမန်ထက် ထူးကဲလိမ့်မည်ဟု သူခန့်မှန်းမိ၏။

လင်းကန်ရုံကို ဖေးချမ့်အလွန်ရိုးရှင်းသော တောင်းဆိုချက်တချို့ လုပ်ခဲ့သည်။ သူက စားဖိုမှူးကောင်းတစ်ယောက်ဖြစ်ကာ ဖေးချမ့်တို့ စားသောက်ကြဖို့အတွက် စုဝေးတိုင်း ဒီလို စားကောင်းသောက်ဖွယ်များ တည်ခင်းပေးနိုင်ပါက ဖေးချမ့် ကျေနပ်ပါပြီ။

စားဖိုမှူးလင်းက ပရိုမိုးရှင်းများဆင်းခြင်း၊ ကြော်ငြာများဆောင်ရွက်ခြင်း အစရှိသော ကဏ္ဍများအကြောင်း နားမလည်လျှင် အကောင်းဆုံးဖြစ်သည်။

"အခြေအနေက ကောင်းပါတယ်။ ဆက်ပြီး ထိန်းသိမ်းထား။ တစ်ခုတော့ မှတ်ထားပါ။ ခင်ဗျားရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ကတ်စတမ်မာတွေကို အစားအသောက်ကောင်းတွေနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ပဲ။ ကျန်တာ ဘာမှ စိတ်ပူစရာမလိုဘူး။ ခင်ဗျား ယွီအင်တာနက်ကဖေးမှာ ရှိခဲ့တုန်းကလိုပဲ ဖြစ်လိမ့်မယ်။"

ဖေးချမ့် အရိပ်အမြွက်တော့ ပေးခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေးဆိုင်ခွဲတွင် လင်းကန်ရုံ ဆိုင်ခွဲမန်နေဂျာလုပ်ခဲ့စဥ်က သူ ဘာမှ ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ပါ။ သူ ဒီတိုင်းပဲ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ဖေးချမ့် မျှော်လင့်မိပါသည်။

လင်းကန်ရုံမှာ ဖေးချမ့်၏ စကားလုံးများ နောက်ကွယ်က လျှို့ဝှက် အဓိပ္ပာယ်ကို နားမလည်ဘဲ ပုံမှန်အတိုင်းပဲ သူ့ကို အကြံပေးနေသည်ဟု ထင်သွားပါသည်။ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်လိုက်ရင်း ပြောလိုက်သည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ကျွန်တော့်အလုပ်ကို အကောင်းဆုံး ကြိုးစားပါ့မယ်။ ကျွန်တော်တို့ရဲ့ ကတ်စတမ်မာတွေကို အကောင်းမွန်ဆုံး ညစာအခိုက်အတန့်တွေ ဖန်တီးပေးပါ့မယ်လို့ ကတိပေးပါတယ်"

ယခု သူတို့ စားသောက်လို့ ဝသွားကြပြီဖြစ်သဖြင့် ဖေးချမ့်နှင့် မာယန်တို့ မင်ယွမ်စားဖိုဆောင်ထဲမှ လမ်းလျှောက်ထွက်လာာကြပြီး အနီးအနားရှိ ယွီအင်တာနက်ကဖေးကို သွားခဲ့ကြသည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်လျက်ရှိိ၏။ ရာသီဥတုကလည်း သိပ်မအေးလှပါ။ သူတို့နှစ်ယောက် အစာကြေအောင် လမ်းလျှောက်ဖို့ အချိန်ကောင်းဖြစ်ပါသည်။

သူတို့လမ်းလျှောက်ရင်း လေဆန်ပို့ဆောင်ရေး ရုံးများနှင့် အနီးအနားရှိ ဘားကို ဖြတ်သွားကြသည်။

ထိုဘား၏ ဝင်ပေါက်နားက ဖြတ်သွားမိစဥ် ပျော်ရွှင်နေသော လူငယ်နှင့် အမျိုးသမီးတချို့က သူတို့နှစ်ယောက်ကို အထဲဆွဲခေါ်ကြ၏။ သူတို့ကို ကြည့်ရတာ အလွန်အမင်း စိတ်အားထက်သန်နေကြသည့်ပုံပင်။

ဖေးချမ့်နှင့် မာယန်တို့ သူတို့ကို မနည်းငြင်းခဲ့ရပြီး ထွက်လာခဲ့ရသည်။

သူတို့ ခုမှ မင်ယွမ်စားဖိုဆောင်ထဲက ထွက်လာခဲ့ကြတာမဟုတ်ပါလား။ သူတို့ဗိုက်ထဲတွင် စားကောင်းသောက်ကောင်း ဝိုင်ကောင်းများဖြင့် ပြည့်နေဆဲပင်။ ဘယ်သူက ဒီလိုနေရာမျိုးက စျေးပေါပေါ အရက်ကို သောက်ချင်ဦးမှာလဲ။

ယခုဖေးချမ့်လုပ်ချင်တာဆိုလို့ ယွီအင်တာနက်ကဖေးတွင် ခဏထိုင်ပြီး အိမ်ပြန်ကာ အိပ်စက်ဖို့ ဖြစ်သည်။ ထိုကဲ့သို့ လူထူပြီး ဆူညံပွက်လောရိုက်နေသည့် နေရာမျိုးကို နည်းနည်းလေးမှ စိတ်မဝင်စားပါ။

သို့သော်လည်း သူတို့ဖြတ်သွားရင်း ဖေးချမ့် အထဲကိုတော့ ချောင်းကြည့်မိ၏။ အထဲက အခြေအနေက သိပ်တော့ မဟန်ပေ။ ဆိုင်ဖွင့်ပွဲ ပရိုမိုးရှင်းများ လုပ်ခဲ့ကြသော်လည်း ကတ်စတမ်မာများ သိပ်မရှိကြသေးပါ။

ဘားအဆိုတော်ကလည်း ဆိုင်ထဲက အခြေအနေကို တက်ကြွလာစေဖို့ သီချင်းကောင်းကောင်းဆိုရန် ကြိုးစားနေပါသည်။ သို့သော်လည်း သိပ်ပြီး အဆင်ပြေနေသည့်ပုံတော့ မပေါ်ပါ။

ထို့ကြောင့်လည်း စားပွဲထိုးတွေ အကုန်လုံး ဆိုင်ပြင်ရောက်နေပြီး လူတွေကို ဘားထဲ ဆွဲခေါ်ဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။

ဘာကြောင့်မှန်းမသိဘဲ ဖေးချမ့်တစ်ယောက် ဘော့စ်လီအတွက် စိတ်မကောင်းဖြစ်မိပါသည်။

ဒီအင်တာနက်ကဖေးဆိုင်ခွဲများက ဖူဟွေ့ရင်းနှီးမြှုပ်နှံလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံထားသည်ဆိုတာ သိလိုက်ရကတည်းက အနီးအနားမှာ ဖွင့်လာသည့် ဆိုင်များ၏ တရားခံမှာ ဘော့စ်လီဖြစ်လိမ့်မည်ဆိုတာ ဖေးချမ့် ခံစားမိပါသည်။ ဘော့စ်လီတစ်ယောက် သူများကောင်းကျိုးအတွက် ကိုယ့်ကိုယ်ကို မီးရှို့နေတာ ဖေးချမ့် စိတ်မကောင်းဖြစ်မိပါသည်။ သို့သော်လည်း ကိစ္စတွေ ဒီတိုင်းသာ ဆက်သွားမည်ဆိုလျှင် ဘော့စ်လီ ငွေတွေ အများကြီး ဆုံးရှုံးနိုင်ပါသည်။

ဘော့စ်လီရယ်... လူတွေ ဒီလောက်အများကြီးထဲမှာမှ ဘာဖြစ်လို့ ကျုပ်ကိုမှ အရူးမျက်ကန်းလို ပတ်သက်ချင်နေရတာလဲ။

ဖေးချမ့်နှင့် မာယန်တို့ ယွီအင်တာနက်ကဖေးဆိုင်ဝင်ပေါက်သို့ ရောက်လာကြပြီး ဝင်ဖို့ တံခါးကို တွန်းဖွင့်လိုက်သည်။ ကောင်တာတွင် ရင်းရင်းနှီးနှီး ပုဂ္ဂိုလ်တစ်ယောက် သောက်နေသည်ကို မြင်သဖြင့် ဖေးချမ့် ရပ်တန့်သွားသည်။

အဲ့တာ ဘော့စ်လီ မလား။ တိုက်ဆိုက်ချက်ပဲ ခင်ဗျားရဲ့ ဘားကို ဖြတ်လာတုန်းက ခင်ဗျားအကြောင်းကို ခေါင်းထဲမှာ ပြောနေတာ။

လီရှိလည်း ဖေးချမ့်ကိုမြင်သွားပြီး မသိစိတ်အရ လန့်ဖျပ်သွားပါသည်။ ဖေးချမ့် ယွီအင်တာနက်ကဖေးဆိုင်ကို မလာတာ တော်တော်ကြာပြီ။ လီရှိက အရက်နည်းနည်းသောက်ဖို့သာ လာခဲ့ခြင်း ဖြစ်၏။ ဖေးချမ့်ပါ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူတို့နှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် လာဆုံသဖြင့် ကိစ္စတွေက အနည်းငယ် ခွကျလာသည်။ သို့သော်လည်း ဖေးချမ့်ကတော့ စိတ်ရှိသည့်ပုံမပေါ်ပါ။ ဘော့စ်လီက သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေထဲက တစ်ယောက်ပဲ မဟုတ်ပါလား။

ဖေးချမ့်က လီရှိ၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီး အနည်းငယ် ပြုံးကာ ပြောလိုက်ပါသည်။ "ဘော့စ်လီ ကိုယ့်ရန်သူကို ထောက်လှမ်းဖို့ ဒီအထိတောင် လာခဲ့တာလား။"

ဖေးချမ့်ကတော့ ဒါကို ဟာသသဘောဖြင့် ပြောလိုက်သော်လည်း လီရှိကတော့ သူ့စကားကို လုံးဝ နားလည်မှုလွဲသွားသည့်ပုံပင်။

သူ့ရင်ထဲမှာတော့ 'ဟုတ်တယ် ဒီနားမှာ ဖွင့်ထားတဲ့ ရှင်းလဲအင်တာနက်ကဖေးနဲ့ တခြားဆိုင်တွေရဲ နောက်ကွယ်မှာ ငါရှိနေတယ်ဆိုတာကို ဘော့စ်ဖေး သိနေတယ်။ ဟင်း ဖြစ်သင့်ပါတယ်။ သူက ဘော့စ်ဖေးပဲကို...'

ယွီအင်တာနက်ကဖေး ပင်မဆိုင်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကြောင့် လီရှီ ဖေးချမ့်အကြောင်း အနည်းငယ် ပိုပြီး နားလည်လာသည်။ သူ့ကို ထပ်ပြီး အထင်မသေးရဲတော့ပါ။

ယခု ဘော့စ်ဖေးက ဒီလိုစကားမျိုးတွေကို ပွင့်ပွင့်လင်းလင်း ပြောလာပြီဖြစ်သည်။ အမှန်ပင်။ လီရှိ နေရခက်သွားပါသည်။ ဘာပဲဖြစ်ဖြစ် လီရှိက မင်ယွမ်ဗီလာနယ်မြေအတွင်းရှိ ရှင်းလဲ့အင်တာနက်ကဖေးနဲ့ တခြားဆိုင်တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တာပဲ မဟုတ်လား။ သူက ယွီအင်တာနက်ကဖေးကို ပစ်မှတ်ထားနေမှန်း သိသာပါသည်။

ဖေးချမ့်တွင် သက်သေ မရှိသေးဘဲ ဒီတိုင်း ခန့်မှန်းနေသည်ဟု လီရှိ ယုံကြည်ချင်သည်။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးက ထက်မြက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အဖြစ်မှန်ကို ငြင်းဆန်ပြီး ရူးချင်ယောင်ဆောင်နေလို့ ဘာမှ မထူးပါ။

လီရှိ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "စိတ်မရှိပါနဲ့ ဘော့စ်ဖေး။ ဒါက သာမန်စီးပွားရေး အပြုအမူတစ်ခုပဲလေ။ ပြီးတော့ ခင်ဗျားရဲ့ ယွီအင်တာနက်ကဖေးကို ပစ်မှတ်ထားဖို့ လုပ်ခဲ့တာ မဟုတ်ပါဘူး ဘော့စ်ဖေးရာ။ ခင်ဗျားရဲ့ အကဲဖြတ် ခန့်မှန်းမှုတွေကို နှစ်နှစ်ကာကာ အသိအမှတ်ပြုလို့ ကျွန်တော်လည်း ငွေနည်းနည်း ရှာချင်လို့ပါ။”

All Chapters