← Chapters

အားလုံးပဲ မင်္ဂလာပါ ကျွန်တော်က ကျားကျုထျစ်ပါ

Vol. 16 Ch. 229

အားလုံးပဲ မင်္ဂလာပါ ကျွန်တော်က ကျားကျုထျစ်ပါ

Vol. 16 Ch. 229

မန်နေဂျာက ဖုန်းကို ယူဖို့ပြင်နေရင်း အလျှင်အမြန်လက်ကို ပြန်ရုတ်သိမ်းလိုက်ရပါသည်။

စားသောက်ဆိုင်ထဲက အသွင်အပြင်က ကောင်းမွန်လှသည်။ ဟင်းလျာများကိုလည်း အလွန်လှပစွာ တည်ခင်းထား၏။ ဓာတ်ပုံရိုက်ပြီး သူငယ်ချင်းများကို မကြွားနိုင်တာက အလွန် နာကျင်ရပါသည်။ မှတ်တမ်းတင်ဖို့ ဓာတ်ပုံရိုက်လို့မရပါက ဒီလောက် လက်ရာမြောက်သည့် ဟင်းလျာများကို စားသောက်ခဲ့ရသည့် အတွေ့အကြုံကို တခြားသူတွေနဲ့ ဘယ်လိုမျှဝေနိုင်တော့မှာလဲ။

နာကျင်လိုက်တာ။

သို့သော်လည်း ဘော့စ်ဖေး ပြောတာ အဓိပ္ပာယ်တော့ ရှိပါသည်။

ဒီလို အစားကောင်းအသောက်ကောင်းမျိုးတွေက လျှာနဲ့ အရသာမခံဘဲ နှလုံးသား၊ စိတ်ဝိညာဥ်တို့ဖြင့် အရသာခံရမည်။

တခြားသူတွေကို ကြွားဖို့သာတွေးနေရင်း စားသောက်လိုက်ပါက အရသာကို အာရုံစိုက်နိုင်တော့မည် မဟုတ်ပါ။ အစားအသောက်က ပုံမှန်ထက် အများကြီး ပိုဆိုးသွားနိုင်သည်။

လက်ရာမြောက်သည့် အနုပညာတစ်ခုကို အသိအမှတ်ပြုရသလိုပင်။ တချို့သူတွေက အနုပညာပေါ်မှာသာ အပြည့်အဝ အာရုံစိုက်ထားသည်။ ထိုသို့လုပ်မှသာ ၎င်းတို့၏ ရွေ့လျားနေသော အလှအပများကို အသိအမှတ်ပြုနိုင်မည်ဖြစ်သည်။

သို့သော် တချို့သူတွေကတော့ ၎င်းတို့၏ ကင်မရာများကို ထုတ်ကာ ဓာတ်ပုံပေါင်း သောင်းခြောက်ထောင် ရိုက်ယူကြလိမ့်မည်။ သူတို့ စဥ်းစားနိုင်တာဆိုလို့ အလင်းရောင်နဲ့ ဓာတ်ပုံအနေအထားတို့သာ ဖြစ်သည်။ ထို့ကြောင့် အနုပညာမှ ပေးစွမ်းနိုင်သည့် ခံစားချက်တို့ကို လျစ်လျူရှုမိသွားနိုင်ပါသည်။

ထို့ကြောင့် သူလည်း ဒီဟင်းလျာတွေကို အာရုံစိုက်ဖို့ လိုအပ်သည်။

ဓာတ်ပုံရိုက်ဖို့သာ အာရုံစိုက်ထားပါက အာရုံလွဲသွားလိမ့်မည်။ ထိုအခါ ဟင်းလျာများ၏ အရသာပေါင်းစုံတို့ကို ခံစားနိုင်တော့မည် မဟုတ်ပေ။

ထိုသို့စဥ်းစားကြည့်လိုက်ပါက ဘော့စ်ဖေး လုံးဝ မှန်ကန်ပါသည်။

မန်နေဂျာက တိတ်ဆိတ်စွာဖြင့် သူ့ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဓာတ်ပုံ ရိုက်ဖို့ အတွေးများကိုလည်း အကုန်ရုတ်သိမ်းလိုက်ပါသည်။

ဘေးက စားပွဲထိုးများက ဧရာမ ကဏန်းဘုရင်ကြီးအား အလွန်လေးလေးနက်နက် ကိုင်တွယ်လိုက်သည်။ သေသ်သော ကတ်ကြေးတစ်စုံဖြင့် ကဏန်း၏ ခြေထောက်များကို ချိုးလိုက်ပြီး အတွင်းသားများကို နှိုက်ထုတ်သည်။ ထို့နောက် ကဏန်းအခွံထဲက ရွှေရောင်ကဏန်းဥများကို နှိုက်ထုတ်လိုက်ပြီး ကဏန်းသားပေါ်တွင် တင်ပေးလိုက်သည်။ နောက်ဆုံးတော့ စားပွဲတွင် ထိုင်နေသည့်လူတိုင်းအတွက် အညီအမျှ ခွဲဝေပေးလိုက်ပြီး သူတို့အရသာခံဖို့ စောင့်နေလိုက်ပါသည်။

ကဏန်း၏ အကောင်းဆုံး အစိတ်အပိုင်းများကိုသာ ချပေးထား၏။ ထို့နောက် ဧရာမကဏန်းလက်မကြီးများကဲ့သို့ ကျန်အစိတ်အပိုင်းများကိုတော့ မီးဖိုချောင်ထဲ ပြန်ယူသွားသည်။

ထို့နောက် စားဖိုမှူးများက ကဏန်း၏ အစိတ်အပိုင်း ပေါင်းစုံမှ အသားများကို ထုတ်ယူပြီး ဟင်းလျာကို စားပွဲသို့ ပြန်လာတည်ခင်းပေးပါလိမ့်မည်။

ဖေးချမ့်က လက်မြှောက်လိုက်ပြီး ပြောလိုက်ပါသည်။ "မစ္စတာ ကျန်း ကျေးဇူးပြုပြီးသုံးဆောင်ပါဦး။"

ကျန်းကျုထျင်နဲ့ သူ့မန်နေဂျာတို့နှစ်ဦးသား မွှေးပျံ့ပြီး အရည်ရွှမ်းနေသော သူတို့ရှေ့က ကဏန်းသားနှင့် ကဏန်းဥများကို ကြည့်လိုက်ကြသည်။ ရုတ်ခြည်းဆိုသလို သူတို့ သွားရည်ယိုတော့မလို ခံစားလိုက်ရပါသည်။

အထူးသဖြင့် ကျန်းကျုထျင်၏ မန်နေဂျာက ဒီကျင်းကျိုးမြို့ခရီးတွင် လိုက်ပါလာရကျိုး အလွန်နပ်သည်ဟု ခံစားနေမိပါသည်။

ကျန်းကျုထျင်က တကယ်ပဲ ဒီဂိမ်း၏ ကြော်ငြာ ပုဂ္ဂိုလ်လုပ်ဖို့အတွက် ယွမ် ၂ သန်း ရရှိခဲ့သည်။ သို့သော် သူ့မန်နေဂျာကိုတော့ တစ်ပြားတစ်ချပ်မှ မကမ်းလှမ်းထားပါ။

ဒီမန်နေဂျာက ကျင်းကျိုးမြို့ခရီးမှာ သာမန်ခရီးတစ်ခုသာ ဖြစ်ကာ သူ့အလုပ်ကဏ္ဍတစ်ခု သက်သက်ဟုသာ ထင်ခဲ့မိသည်။ အများကြီး မမျှော်လင့်ထားခဲ့ပါ။ ဒီခရီးတွင် ဒီလောက်အရသာရှိသည့် ဟင်းလျာများကို မြည်းစမ်းရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တခြားဟာတွေ အသာထား။ ဒီရှားရှားပါးပါး ကဏန်းဘုရင်ကြီးကို သုံးဆောင်ဖို့အတွက် ကျင်းကျိုးမြို့ဆီ လေယာဥ်စီးလာခဲ့ရတာတောင် တန်နေပါပြီ။

ကျင်းကျုထျင် ကဏန်းကို စားကြည့်လိုက်သောအခါ သဘောထား ပြောင်းလဲသွားခဲ့သည်။ ဘော့စ်ဖေး သူ့ကို အလွန် လေးလေးနက်နက် အလေးထားသည်ဟု ခံစားလိုက်ရ၏။

မနက်ဖြန် ရိုက်ကူးစရာ အများကြီး မရှိသော်လည်း အလွန်လေးနက်စွာဖြင့် ရိုက်ကူးရေးလုပ်ဖို့ စိတ်ဆုံးဖြတ်ချက်ချမိသည်။ သူ့သရုပ်ဆောင်စွမ်းရည် ၁၂၀ ရာခိုင်နှုန်းလောက် အားထုတ်ပြီး ကြော်ငြာကို ပြီးပြည့်စုံအောင် ဖန်တီးရပါမည်။

နောက်တစ်နေ့ မွန်းတည့်ချိန်၊ ရိုက်ကူးရေး စတူဒီယို၌...

ကျန်းကျုထျင် ဝတ်စားပြင်ဆင်ပြီးပါပြီ။ သူ့ပုံစံက အလွန်ရှိန်လောက်သည်။ ငွေနီရောင် တိုက်ပွဲ ချပ်ဝတ်တန်ဆာတစ်ခုကို ဝတ်ဆင်ထားပြီး ပခုံးတစ်ဖက်တစ်ချပ်စီတွင် ရွှေရောင် နဂါးခေါင်းတစ်ခုစီ ရှိကြသည်။ ၎င်းတို့အား အလွန် သေသေသပ်သပ် ထွင်းထားပြီး ဝိသေသလက္ခဏာများဖြင့် ပြည့်ဝနေပါသည်။

ဒီဝတ်စုံက သူ့အတွက် သီးသန့်ဖန်တီးပေးထားခြင်း ဖြစ်ပြီး Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းထဲက အဆင့်မြင့် ဝတ်စုံများအပေါ် မှီငြမ်းပြီး ဖန်တီးထားသည်။

ထို့အပြင် သူ့မှာ ရွှေရောင်ဓားကြီး တစ်လက်လည်း ရှိပြီး လူတစ်ကိုယ်စာလောက် ရှည်လျားသည်။ အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေပါသည်။

အမှန်ပင်။ သူ့တိုက်ပွဲသံချပ်နှင့် ဓားတို့က ရွှေအစစ်ဖြင့် ဖန်တီးထားခြင်း မဟုတ်သဖြင့် အလေးကြီး မဟုတ်ကြပါ။ ၎င်းတို့ဖြင့် ကျန်းကျုထျင် ကမည်ဆိုရင်တောင် မောပန်းမည် မဟုတ်ပေ။

သို့သော်လည်း သူဝတ်စားထားပုံကို သူပြန်ကြည့်ပြီး ကျန်းကျုထျင် အသက်မဲ့နေသလို ဖြစ်နေပါသည်။

ငါဘယ်သူလဲ။

ငါဘယ်ရောက်နေတာလဲ။

ငါဘာတွေလုပ်နေတာလဲ။

မနေ့ညက ညစာစားပွဲတုန်းကတော့ ကျန်းကျုထျင် သူတို့ စားခဲ့သည့် ကဏန်းကြီးအတွက် ဘော့စ်ဖေးကို ကျေးဇူးပြန်ဆပ်ဖို့ ရိုက်ကူးရေးတွင် သရုပ်ဆောင်စွမ်းရည်ကို ၁၂၀ ရာခိုင်နှုန်းလောက်အထိ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော် ဒီနေ့ စတူဒီယိုကို ရောက်လာတော့ အားလုံးက သူ ထင်ထားသလို ဟုတ်မနေတာကို သိလိုက်ရပါသည်။

ဘာတွေဖြစ်နေတာလဲ။

ဒီရှက်စရာ ဝတ်စုံနဲ့ ပစ္စည်းတွေက ဘာတွေလဲ။

အရင်တုန်းကလည်း ကျန်းကျုထျင် နန်းတွင်း ရုပ်ရှင်များ ရိုက်ကူးဖူးသည်။ ဒီလောက် ပုံကြီးချဲ့ထားသည့် တိုက်ပွဲသံချပ်များ၊ လက်နက်များကို မမြင်ဖူးခဲ့ပါ။ လက်ထဲတွင် ဓားကို ကိုင်ထားရင်း သူ့ခေါင်းပေါ်မှာ '-1' ဟု ပေါ်နေမှာကို ကျန်းကျုထျင် ခံစားမိလုနီးပါး ဖြစ်နေပါသည်။ သူ့ IQ က သူ့မျက်စိရှေ့မှာတင် ပြုတ်ကျနေသလို။

ဘော့စ်ဖေးကို ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သို့သော် ဘော့စ်ဖေးကတော့ လက်မသာ ပြန်ထောင်ပြ၏။ သူ့ဝတ်စားဆင်ယင်ပုံကို အလွန်အမင်း အားရနေသည့်ပုံပင်။

"ဒီမှာ ဇာတ်ညွှန်းပါ။ ကြည့်လိုက်ပါဦး အရမ်း ရိုးရှင်းတယ်။ စာကြောင်းနည်းနည်းလေးပဲ ပါတယ်" သူ့နားမှ ဝန်ထမ်းတစ်ယောက်က သူ့ကို ဇာတ်ညွှန်းကမ်းပေးလိုက်ပါသည်။

စာရွက်က တစ်ရွက်သာ ရှိ၏။ ထို့အပြင် စာလုံးများကို ဧရာမ ဖောင့်ကြီးများဖြင့် ရေးသားထားသည်။ ကျန်းကျုထျင် မမြင်ရမှာစိုးလို့လားဟုတောင် ထင်ရပါသည်။

ကျန်းကျုထျင်က ယုံကြည်ချက် ပြည့်ဝစွာဖြင့် လက်ခံလိုက်၏။

စာသားမှတ်ရတာ လွယ်ကူပါသည်။

နောက်ပိုင်းအဆင့်များမှ တခြားအသံများအပေါ် အသံထပ်သရုပ်ဆောင်ရပြီး '၁၊ ၂၊ ၃၊ ၄' သာ အော်တတ်သည့် အတွေ့အကြုံ မရှိသော လူတွေလို မဟုတ်ပါ။ ဒီဇာတ်ညွှန်းကို တစ်ခေါက်နှစ်ခေါက်လောက် ဖတ်လိုက်တာနဲ့ မှတ်မိသွားလိမ့်မည်ဟု ယုံကြည်ချက် ရှိပါသည်။

မကြာခဏဆိုသလို သူ့ဟောင်ကောင်လေသံကြောင့် သူ့အသံကို ဖုံးဖို့ တခြားအသံသရုပ်ဆောင်များကို လိုအပ်လေ့ ရှိသည်။ သို့သော်လည်း အနည်းဆုံးတော့ ကျန်းကျုထျင်က စကားလုံးများ၏ ပါးစပ်အဖွင့်အဟကို ကိုက်ညီအောင် ပြောတတ်ပါသည်။

သူဇာတ်ညွှန်းကို ကြည့်လိုက်၏။

"ဟယ်လိုအားလုံးပဲ ကျွန်တော်က ကျန်းကျုထျင် ဖြစ်ပါတယ်။ ရှိုးတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ဖူးပေမယ့် ဂိမ်းအပိုင်းမှာတော့ ကျွန်တော် Bloody Battle Song : ရှယ်ကြမ်းတဲ့ ဗားရှင်းကိုပဲ ကစားဖူးပါတယ်။ အရမ်းကို မျှတတဲ့ ဂိမ်းလေးပါ။ အားလုံးကို ဂိမ်းသူဌေးလုပ်ရတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တယ်။ ဒီဂိမ်းကို ကစားတဲ့အခါ ခင်ဗျားတို့ရဲ့ အားသာချက်ပဲ။ ဒီနေ့ည စစ်မြေပြင်မှာ ခင်ဗျားတို့ရဲ့ ညီနောင်အဖြစ် စောင့်နေမယ်နော်။"

"ကျန်းကျုထျင်က Bloody Battle Song : ရှယ်ကြမ်းတဲ့ ဗားရှင်းကို အားပေးနေတယ်။ ဒီဂိမ်းက အရမ်းကစားလို့ကောင်းတာ။ လွတ်သွားရင် ဒီလိုဂိမ်းမျိုး မြင်ရဖို့အတွက် နောက်ထပ် နှစ်ပေါင်း ၁၂၀ လောက် ထပ်စောင့်ရမယ်နော်။"

"ဒါ ခင်ဗျားတို့ အရင်က တစ်ခါမှ မကစားဖူးတဲ့ နောက်ဆုံးထွက် Update ပဲ။ သုံးမိနစ်အတွင်း ကျွန်တော့်လိုမျိုးပဲ ခင်ဗျားတို့ ဒီဂိမ်းကို ကြိုက်သွားကြလိမ့်မယ်။"

ဇာတ်ညွှန်းက ဒါအကုန်ပဲဖြစ်သည်။ စာကြောင်းက ၁၀ ကြောင်းအောက် နည်းပါသည်။ ထို့အပြင် စာကြောင်းအားလုံးကို စာမျက်နှာ ၁ ခုတည်းနဲ့တောင် ရေးလို့ ဆံ့ပါသည်။

ကျန်းကျုထျင် စိတ်ရှုပ်ထွားသည်။

ဇာတ်လမ်းက ဘယ်နားမှာလဲ။

ငါက ရုပ်ရှင်ဘုရင်ကြီးလေ။ ငါ့ခေတ် ငါ့အခါကို ကျော်လွန်သွားပြီဆိုပေမယ့် ငါမရပ်မနား လေ့ကျင့်နေခဲ့တာပါ။ ငါ့သရုပ်ဆောင်စွမ်းရည်တွေ အများကြီး ပိုတိုးတက်လာပါပြီကွ။ ဒီတစ်ခေါက် အစွမ်းကုန် သရုပ်ဆောင်ဖို့ ပြင်ဆင်ထားတာကို... ဒါက ဘာကြီးလဲ။

ဒါက ဘယ်လို ဇာတ်ညွှန်းမျိုးကြီးလဲ။ ကြော်ငြာလုပ်ဖို့ တော်တော် ကြမ်းကြမ်းတမ်းတမ်း ရေးထားတဲ့ ဇာတ်ညွှန်းကြီးမှန်း သိသာလိုက်တာ။ ငါက ဘယ်လို သရုပ်ဆောင်စွမ်းရည်မျိုး ထုတ်ပြနိုင်မှာလဲ။

ဒီစာသားတွေက ယွမ် ၂ သန်းတန်လားဆိုတာတောင် မပြောသေးဘူး။ စျေးကြီးပြီး ပုံကြီးချဲ့ထားတဲ့ ဝတ်စုံ၊ ပစ္စည်းတွေအတွက်တောင် နှမြောစရာကြီးကွာ။

ကျန်းကျုထျင် ဖေးချမ့်ကို နောက်တစ်ခေါက် လှည့်ကြည့်လိုက်ပြန်သည်။ သို့သော်လည်း ဖေးချမ့်၏ အားပေးနေပြီး ဂုဏ်ယူနေသော မျက်နှာထားကိုသာ ထပ်မြင်လိုက်ရပါသည်။

ကျန်းကျုထျင် အသက်ဝဝ ရှူသွင်းလိုက်ပြီး စာသားများကို ဖတ်ကာ ချက်ချင်း မှတ်သားလိုက်သည်။

ဖေးချမ့်က ဒါရိုက်တာဘေးတွင် ရပ်နေပြီး ပြောလိုက်ပါသည်။ "ဘာမှ စိတ်မပူနဲ့။ ရိုက်စရာရှိတာသာ ရိုက်။ မစ္စတာကျန်းရဲ့ ပရော်ဖက်ရှင်နယ်ကျမှုကိုသာ ယုံကြည်ထာားလိုက်ချေ။"

ကျန်းကျုထျင်၏ သရုပ်ဆောင်စွမ်းရည် ကောင်းမကောင်း ဖေးချမ့် ဂရုမစိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကင်မရာကိုကြည့်ပြီး ထိုစာသားတွေကို ရွတ်ပေးဖို့သာ လိုအပ်ပါသည်။

"အက်ရှင်" ဟူသော စကားကို ကြားလိုက်တာနဲ့ ကျန်းကျုထျင် ရိုက်ကူးရေးဇုန်ထဲ ဝင်လာသည်။

ကျန်းကျုထျင်က တကယ့်ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တာကိုတော့ ဖေးချမ့် ဝန်ခံရပါမည်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကျမှုကို ဖုံးကွယ်ထားလို့ မရပါ။

သူ့ပုံစံက ချက်ချင်းပဲ စိတ်ခံစားချက်များ ပြည့်ဝနေသည့်ပုံစံ ပြောင်းသွားသည်။ သူ့မျက်နှာထားက ယုံကြည်ချက်နှင့် ပျော်ရွှင်မှုတို့ ပြည့်ဝနေသည့်ပုံစံပြသရင်း ပြောလိုက်ပါသည်။

"ဟယ်လို အားလုံးပဲ။ ကျန်တော်က ကျားကျုထျစ်ပါ။ ရှိုးပွဲတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်..."

ကျန်းကျုထျင်၏ လေသံကိုကြားလိုက်ရသောအခါ ဖေးချမ့် အော်ရယ်မိလုနီးပါး ဖြစ်သွားသည်။

ဒီလိုမျိုးဖြစ်နေရမယ်ကွ။

သို့သော်လည်း မူရင်းဇာတ်ညွှန်းနှင့် ကွဲပြားသွားသည့် တစ်ခုတည်းသော အရာက ကြော်ငြာထဲ ထည့်သွင်းထားသည့် ကျန်းကျုထျင်၏ စိတ်ခံစားချက် ပမာဏပဲ ဖြစ်ပါသည်။ တစ်ချက်တည်းနဲ့ ရုပ်ရှင်ဘုရင်တစ်ပါး၏ သရုပ်ဆောင်စွမ်းရည်များကို ထုတ်ပြသွားသည်။ ဟောင်ကောင် လေယူလေသိမ်းသံ ပြင်းနေတာတောင် သူ့ကြော်ငြာက စုတ်ပြတ်သည့်ပုံမပေါ်ပါ။

ကျန်းကျားဟွေ့ ကော်မာရှယ်များ ရိုက်ကူးခဲ့စဥ်က ပင်ပန်းပြီး အာရုံမစိုက်သည့်ပုံစံပေါက်နေသည်။ ထို့ကြောင့် သူ့ကိုယ်သူ ဟောင်ကောင်လေသံပြင်းပြင်းဖြင့် မိတ်ဆက်သည့် ဇာတ်ဝင်ခန်းကြောင့် နာမည်ကျော်လာခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း ကျန်းကျုထျင်က မနေ့ကမှ ကဏန်းဘုရင်တစ်ကောင်လည်း စားခဲ့ရသည်။ တစ်ညတာလည်း ကောင်းကောင်းမွန်မွန် အိပ်စက်ခဲ့ရသည်။ ယခုသူက အားအင်များဖြင့် ပြည့်ဝနေ၏။ ထို့အပြင် ဘော့စ်ဖေး သူ့ကို ပြုစုခဲ့သသည့်ပုံစံကြောင့် ကျေးဇူးတင်နေပါသည်။ ထို့ကြောင့် ဒီလောက် စိတ်ပါလက်ပါ သရုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

ယခု ထိုအသေးစားပြဿနာလေးတစ်ခုကလွဲလို့ ကျန်တာအားလုံး အဆင်ပြေပါသည်။

"ဒါက ခင်များတို့ တစ်ခါမှမကဂျားဖူးတဲ့ နောက်ဆုံးထွက် Update ပဲ။ တုံးမိနစ်အတွင်း ကျွန်တော့်လိုမျိုးဘဲ ဒီဂိမ်းကို ကြိုက်သွားကြလိမ့်မယ်။"

နောက်ဆုံးစာသားကို သူ ပြောလိုက်ပါပြီ။ ဒါရိုက်တာာက 'ကတ်' ဟု အော်လိုက်ချိန်တွင် ကျန်းကျုထျင်က ဖေးချမ့်အား ထပ်ကြည့်လိုက်ပြန်သည်။

ဘော့စ်ဖေးက လက်မကြီးကြီး ထောင်ပြရင်း ကျန်းကျုထျင်ကို ချီးကျူးလိုက်ပါသည်။

ကျန်းကျုထျင်တစ်ယောက် စိတ်လှုပ်ရှားနေ၏။ သူလုပ်တာ ကောင်းရဲ့လား။

သူ့စာသားများကို ပြောနေစဥ် ဆိုးဆိုးရွားရွား နေရခက်ခဲ့၏။ သရုပ်ဆောင်အတွေ့အကြုံ နှစ်ပေါင်းများစွာနှင့် သူ့ပရော်ဖက်ရှင်နယ် ကျမှုတို့ကြောင့်သာ မဟုတ်ပါက ဆက်ပြီး ရွတ်နိုင်မှာ မဟုတ်ပါ။

ဘော့စ်ဖေးက အဲ့လိုတင်ဆက်မှုကို တကယ်ပဲ ကျေနပ်နေတာလား။

မဖြစ်နိုင်ဘူး။ ထပ်ကောင်းအောင်လုပ်လို့ရမယ့် တစ်နေရာရာတော့ ရှိဦးမှာပါ။"

အမှန်ပင်။ ဝန်ထမ်းများ မပြန်ရသေးပါ။ ဖေးချမ့် ကျန်းကျုထျင်ထံသို့ လျှောက်လာပြီး လမ်းညွှန်ချက်တချို့ ပေးလိုက်သည်။

"မစ္စတာကျန်း သရုပ်ဆောင်တာ အရမ်းကောင်းတယ်ဗျာ ဒါပေမယ့်... ပြင်လို့ရမယ့် နေရာလေးတွေတော့ ရှိသေးတယ်။ ကျွန်တော်တို့က လေးနက်တဲ့ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘဲ ဒီတိုင်း ကြော်ငြာတစ်ခု ရိုက်နေတယ်ဆိုတာ သိသင့်တယ်။"

"ဒီကြော်ငြာထဲမှာ မစ္စတာကျန်းက စိတ်အားထက်သန်တဲ့ ဂိမ်မာတစ်ယောက်နေရာကနေ သရုပ်ဆောင်နေတာ။ ပိုပြီး ဂိမ်မာဆန်ဆန် သဘာဝကျကျ သရုပ်ဆောင်နိုင်ရင် ပိုကောင်းမှာပဲ။ အဲ့တာဆို ကြည့်ရှုသူတွေအတွက် မစ္စတာကျန်းက ပိုပြီး နွေးထွေးတဲ့ပုံ ပေါ်စေလိမ့်မယ်။"

"ပိုပြီး သက်သက်သာသာနေပါ။ အရမ်းကြီး အတည်ပေါက်မလုပ်နဲ့။ စိတ်ကို ရှင်းလင်းထားပြီး စာသားတွေကို အေးအေးဆေးဆေးလေးပဲ ပြောသွားပါ။"

ဖေးချမ့် လမ်းလျှောက်လာတာကိုမြင်တော့ ကျန်းကျုထျင်က သူ့ကို သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သတ်ပြီး ညွှန်ကြားချက်ပေးဖို့ သို့မဟုတ် ကြမ်းတမ်းနေသည့် စာသားများကို တခြား တစ်ခုခု ပြောင်းဖို့ လာပြောသည်ဟု ထင်ထားခဲ့သည်။

အဲ့ဒီအစား ဘော့စ်ဖေးက သူ့သရုပ်ဆောင် စွမ်းရည်ကို လျှော့ချပစ်လိုက်ဖို့ လာပြောတယ်တဲ့လား။

ပိုပြီး ဂိမ်မာဆန်ဆန် သဘာဝကျကျ သရုပ်ဆောင်ရမယ်တဲ့လား။

ကျန်းကျုထျင်က စိတ်ရှုပ်ထွေးသည့်ပုံပေါက်နေသော်လည်း ဘော့စ်ဖေးက တောင်းဆိုပြီးသားဖြစ်သဖြင့် အကောင်းဆုံး ကြိုးစားဖို့သာ ရှိသည်။

နောက်တစ်ခေါက် သူတို့ ပြန်ရိုက်ကူးကြပြန်သည်။

"ဟယ်လို အားလုံးပဲ ကျွန်တော်က ကျားကျုထျစ်ပါ။ ရှိုးပွဲတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်..."

ဒီတစ်ခေါက်တော့ ကျန်းကျုထျင်က ပိုပြီး 'တိကျသည့်' ပုံစံဖြင့် သရုပ်ဆောင်နေပါသည်။ အမှန်ပင်။ မည်သည့် မေးခွန်းမှ ပြန်မထုတ်ဘဲ သူ့သရုပ်ဆောင်စွမ်းရည်ကို လျှော့ချပစ်လိုက်သည်။ သူ့ပုံစံက ပိုပြီးလည်း ခွကျလာပါသည်။

ဖေးချမ့်က စိတ်ကျေနနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဟုတ်ပြီ။ အခုမှ ခံစားချက်မှန်သွားတယ်။

အားလုံးကို ပြီးပြည့်စုံအောင် သိပ်မလုပ်နိုင်သေးဘဲ ကျန်းကျုထျင်၏ သရုပ်ဆောင်စွမ်းရည် ကောင်းမွန်မှုက အစီအစဥ်ကို ဆွဲချနေသော်လည်း သူ ဒီလို ကြော်ငြာမျိုး ရိုက်ကူးနိုင်သည့်အချက်က ဖေးချမ့်ကို စိတ်ကျေနပ်သွားစေပါသည်။

စာသားတွေအကုန်လုံးကို ဖတ်ပြီးသွားပြီး ဒါရိုက်တာက နောက်ဆုံးတော့ 'ကတ်'ဟု အော်လိုက်ပါသည်။

ကျန်းကျုထျင် နေရထိုင်ရခက်နေသည့်ပုံစံပင်။ အရင်တစ်ခေါက်ကထက် ဒီတစ်ခေါက် သူ့ပုံစံက ပိုပြီးခွကျနေသည်ဟု ခံစားမိသည်။ တကယ်တော့ သူ့ခွကျမှုက ခေါင်မိုးတောင် ဖောက်ထွက်နေပါပြီ။ ရုပ်ရှင်ဘုရင်တစ်ပါးအဖြစ် ကိုယ့်သရုပ်ဆောင်စွမ်းရည်ကို ကိုယ်စိတ်ကြိုက် ကိုင်တွယ်ခွင့် မရှိသည့် ခံစားချက်မျိုး မခံစားခဲ့ရတာ ကြာပါပြီ။

ထိုအခိုက်အတန့်မှာပင် သူ့ကိုယ်သူ သရုပ်ဆောင်စွမ်းရည်အကြောင်း ဘာမှ မသိသည့် ဖြတ်လျှောက်သရုပ်ဆောင်တစ်ယောက်လို ခံစားလိုက်ရ၏။ ကျန်းကျူထျင်တစ်ယောက် ဇဝေဇဝါဖြစ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေပါသည်။

"ဘော့စ်ဖေး ကျုပ်တောင်းပန်ပါတယ်။ ကျုပ်ရဲ့ အကောင်းဆုံး ပုံစံမပြသနိုင်ခဲ့ဘူး။ ကျုပ်မုပြန်သွင်းဖို့ အချိန်ခဏလောက် စောင့်ပေးပါ။ ပြီးရင် ကျုပ်တို့ နောက်တစ်ခေါက် ပြန်ရိုက်လို့ရပြီ။"

ကျန်းကျုထျင်က ခဏလောက် အနားယူဖို့ စီစဥ်လိုက်သည်။ ဒါမှ စာသားများကို ဘယ်လိုအကောင်းဆုံး တင်ဆက်နိုင်မလဲဆိုတာကို သိတဲ့အချိန်အထိ ဆက်တိုက် ထပ်ခါထပ်ခါ ပြန်ရွတ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း ဖေးချမ့်က အားတက်သရော ခေါင်းခါလိုက်ပါသည်။ "မလိုတော့ဘူး မစ္စတာကျန်း အဆင်ပြေသွားပြီ။ အားလုံး ပြီးပြည့်စုံသွားပြီ။ ကျွန်တော်တို့ ထပ်ရိုက်စရာ မလိုတော့ဘူး။ ရိုက်ကူးရေး ပြီးသွားပြီ။ ဟိုတယ်မှာ ပြန်နားနေလို့ ရပါပြီ။ နေ့လည်ကျရင် လေယာဥ်ကွင်းလိုက်ပို့ဖို့ တစ်ယောက်ယောက်ကို စီစဥ်ပေးပါ့မယ်။"

"အလုပ် အတူတူ လုပ်ခွင့်ခဲ့ရတာ ဝမ်းသာပါတယ်ဗျ။"

ကျန်းကျုထျင် ကြက်သေ သေသွားသည်။

သူတို့ရိုက်ကူးရေးပြီးပြီလား။

ကျန်းကျူထျင်သည် သူ့လက်ပတ်နာရီကို သူပြန်ကြည့်လိုက်မိသည်။ သူ ဒီကို မနက် ၉နာရီအမှီ အပြေးလာပြီး မိတ်ကပ်ပြင်ဖို့ နာရီဝက် အချိန်ယူခဲ့သည်။ ထို့နောက် ဝတ်စုံနဲ့ ပစ္စည်းပစ္စယများ ဝတ်ဆင်ဖို့အတွက် ၁၀ မိနစ် အချိန်ယူခဲ့သည်။ နောက်ဆုံးတော့ ဇာတ်ညွှန်းမှတ်ဖို့ ၁၀ မိနစ် အချိန်ယူပြီး ၂ ခေါက် ပြန်လည်ရိုက်ကူးခဲ့သည်။

အခု ၁၀ နာရီတောင် မထိုးသေးဘဲ ရိုက်ကူးရေး ပြီးသွားပြီတဲ့လား။

ကျန်းကျုထျင်၏ မျက်နှာထား ရှုပ်ထွေးသွားလေသည်။

"နေပါဦး ဘော့စ်ဖေး ကျုပ် ခုနက ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့ဘူးလေ။ ကြော်ငြာအပေါ် အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ကျုပ်တို့ ပြီးပြည့်စုံတဲ့အထိ သရုပ်မဆောင်နိုင်မချင်း မရပ်လိုက်သင့်ဘူး..."

"ပြီးတော့ ကျုပ်က မန်ဒရင်းစကား ပီပီသသ သိပ်မပြောတတ်ဘူး။ ကျုပ်အသံကို ဖုံးဖို့ မမေ့နဲ့ဦး..."

ဖေးချမ့်က ပြုံးလိုက်ပါသည်။ "စိတ်မပူပါနဲ့ မစ္စတာကျန်းရဲ့ ဆန္ဒအတိုင်း လိုက်နာပြီး တချို့ အပိုင်းတွေ ဖြတ်ပစ်ပြီး အသံဖုံးဖို့အတွက် ပရော်ဖက်ရှင်နယ် အသံသရုပ်ဆောင် တစ်ယောက်ကို ရှာဖို့ ကျွန်တော် စဥ်းစားပေးပါ့မယ်။"

ထိုစကားလုံးများ၏ နောက်ကွယ်က အဓိပ္ပာယ်ကတော့ မလိုအပ်ရင် ဘယ်အပိုင်းမှ မဖြတ်သလို ခင်ဗျားအသံကိုလည်း မဖုံးဘူး ဟူ၍ ဖြစ်ပါသည်။

ကျန်းကျုထျင်ကတောာ့ ထိုလျှို့ဝှက်အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ သူ့အသံကို ဖုံးဖို့ အသံသရုပ်ဆောင်တစ်ယောက် ငှားရမ်းပေးမည်ဟု ဘော့စ်ဖေး၏ ပြောစကားကိုကြားပြီးနောက် စိတ်အေးသွားပါသည်။

သို့သော် သူ့တင်ဆက်မှုကိုတော့ သူ ဝေခွဲရခက်နေဆဲ ဖြစ်၏။

သို့သော်လည်း အလုပ်ရှင် ဘော့စ်ဖေးက စိတ်ကျေနပ်သွားပြီဖြစ်ပြီး ဝန်ထမ်းတွေတောင် ပြန်ဖို့ ပြင်နေကြပြီဖြစ်သဖြင့် ကျန်းကျုထျင် ရိုက်ကူးရေး ဆက်လုပ်ဖို့ တိုက်တွန်းလည်း အဓိပ္ပာယ် သိပ်ရှိမည် မထင်ပါ။

ထို့အပြင် သူတို့ ရိုက်ကူးရေးထပ်လုပ်ရင်တောင် ကျန်းကျုထျင်က ထိုစာသား နည်းနည်းကို ပြန်ရွတ်ဖို့ ယုံကြည်ချက် မရှိပါ...။

ထို့ကြောင့် ကျန်းကျုထျင်တစ်ယောက် စိုးရိမ်တကြီး ပြန်သွားခဲ့ရပါသည်။

သူ ကောင်းကောင်း မတင်ဆက်နိုင်ခဲ့တာကို ဝမ်းနည်းခြင်း မဟုတ်ပေ။ ထို့အစား မနေ့ညက စားခဲ့ရသည့် ကဏန်းကြီးအတွက် ဘော့စ်ဖေးအား အပြည့်အဝ ကျေးဇူးပြန်မဆပ်နိုင်ခဲ့တာကို စိတ်မကောင်းဖြစ်ခြင်းသာ။

"ဒီနေ့ ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟိုတယ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါဦး။ ကျင်းကျိုးကိုလည်း အချိန်မရွေး လာလည်ဖို့ ကြိုဆိုပါတယ်ဗျာ။"

ဖေးချမ့်က ကျန်းကျုထျင်ကို ပျော်ပျော်ကြီး အပြင် လိုက်ပို့ပေးလိုက်သည်။ သူစိတ်ရွှင်နေပါသည်။

ကြော်ငြာကို ရိုက်ကူးပြီးစီးသွားပြီဖြစ်သည်။ ဆိုလိုတာကတော့ Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းက အရှုံးပေါ်မည့်လမ်းပေါ် ရောက်နေပြီဟူသော သဘောပင်။

သာမန် ဝက်ဘ်ဆိုက်ဂိမ်းများကို သဘောကျသည့် ကစားသမားများကို ဒီကြော်ငြာက စိတ်ပျက်သွားစေလိမ့်မည်။

ဂိမ်းထဲက ဝယ်ယူနိုင်သည့် ပစ္စည်းများ နည်းပါးမှုကြောင့် သာမန် ဝက်ဘ်ဆိုက်ဂိမ်းများကို သဘောကျသည့် ဂိမ်းဘောစိများကိုလည်း စိတ်ပျက်သွားစေမည်။

ခက်ရင်းသွားနှစ်ဖက်လို အစီအစဥ်မျိုးဖြစ်ပြီး သေချာပေါက် အာနိသင်ရှိပါလိမ့်မည်။

All Chapters