← Chapters

သုံးသပ်ချက် အမှားနဲ့ ကောက်ချက်ချမှု အမှန်

Vol. 16 Ch. 233

သုံးသပ်ချက် အမှားနဲ့ ကောက်ချက်ချမှု အမှန်

Vol. 16 Ch. 233

ဟူရှောင်း၏ မက်ဆေ့ချ်ကို မြင်သောအခါ ဖေးချမ့်လည်း တိတ်ဆိတ်သွားပြီး အနည်းငယ် စိတ်ပျက်သွား၏။

သူ့စိတ်ဝိညာဥ်ကို တိုက်ရိုက်လာရောက် တိုက်ခိုက်လိုက်သည့် မေးခွန်းမျိုးပင်။

ဖေးဟွမ်လုပ်ငန်းကို ဒီလိုအစီအစဥ်မျိုး ဖန်တီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။

ဖေးဟွမ်လုပ်ငန်း အများဆုံးလုပ်နိုင်တာဆိုလို့ တီဗီ တစ်လုံး စမ်းသပ််မှုနှင့် ဆင်တူသော Review ဗီဒီယိုများ ရိုက်ကူးခြင်းသာဖြစ်ပြီး ပစ္စည်းတစ်ခုကို ဝေဖန်ဖို့ အာရုံစိုက်ထားပြီး ဗီဒီယိုထဲတွင် ရိုးရိုးရှင်းရှင်း ဇာတ်ဝင်ခန်းများ ထည့်ထားသော ဗီဒီယိုမျိုးသာ ဖန်တီးနိုင်လိမ့်မည်ဟု ဖေးချမ့် အရင်က ထင်ခဲ့မိသည်။ ဒီလိုဆို ထုတ်ကုန်ပစ္စည်း Review နှင့် ဗီဒီယိုအတိုနှစ်ခုတို့အကြား ရောစပ်မှု စံနှုန်းကို ပြည့်မှီစေပါလိမ့်မည်။

ဖေးချမ့်အထင် မှားသွားခဲ့လေပြီ။

ဖေးဟွမ်လုပ်ငန်းက ဗီဒီယို၏ အဓိကအကြောင်းအရာအဖြစ် ဗီဒီယိုအတိုလေးများကို သုံးပြီး ပစ္စည်း Review ကဏ္ဍကိုလည်း ကြမ်းကြမ်းတမ်းတမ်း ရောစပ်ထား၏။ အလွန်အားနည်းလွန်းသဖြင့် လူတချို့ဆို ဒီဗီဒီယိုက တစ်ခုခုကို Review လုပ်နေသည်ဟုပင် မထင်ချင်စရာ ဖြစ်နေသည်။

ဒီလိုသာဆို ပစ္စည်းက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြည့်ရှုသူတွေက နစ်နာသည်ဟု ခံစားရတော့မည် မဟုတ်ပေ။

Review အတုသမားများ ရေးထားသည့် 'ဒီပစ္စည်းကို အရင်က သုံးဖူးတယ်။ ဒီပစ္စည်းက အရမ်းအသုံးဝင်လို့ အများကြီး ထောက်ခံပေးချင်ပါတယ်' ဟူသော စာကြောင်းကိုပင် မှားယွင်းစွာ အဓိပ္ပာယ်ကောက်ခံလိုက်ရသည်။

ယခုချိန်ကစပြီး ဖေးဟွမ်လုပ်ငန်းက ဒီအစီအစဥ်ကို စပွန်ဆာပါတနာများ လက်ခံဖို့ ဘယ်လိုပဲသုံးသုံး အစီအစဥ်၏ အရည်အသွေးက မဆိုးရွားသရွေ့ ၎င်း၏ ကြည့်ရှုသူတွေ ဘယ်သူမှ နစ်နာမည်မဟုတ်ပါ။ ထိုအခါမှ ဖေးဟွမ်လုပ်ငန်းက စပွန်ဆာ ပါတနာလောကထဲ ရဲရဲတင်းတင်း ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။

အမှန်ပင်။ အားနည်းချက်တစ်ခုတော့ ရှိနေပါသေးသည်။

စပွန်ဆာပါတနာအဖြစ် ဝင်ရောက်နိုင်မည့် ပစ္စည်း အမျိုးအစားကလည်း ကန့်သတ်ချက် ရှိပါသေးသည်။ ဥပမာအားဖြင့် ဒီအိတ်ဆောင် အဝတ်လျှော်စက်ကိုပဲ နမူနာ ယူကြည့်လိုက်ပါ။ ကြောင်တောင်တောင်ပစ္စည်းဖြစ်မှန်း သိသာလွန်းသည်။ တကယ့်ဆဲလ်ဖုန်း တစ်လုံးလုံး၊ ကင်မရာ၊ ကွန်ပျူတာနဲ့ တခြား ဒစ်ဂျစ်တယ်ထုတ်ကုန် တစ်ခုခုဖြစ်ပါက ဒီဗီဒီယိုတွေထဲမှ ရည်ရွယ်ထားသည့် အာနိသင်မျိုး ရနိုင်မည်မဟုတ်ပေ။

တစ်နည်းအားဖြင့် 'မဟာတီထွင်သူကြီးတစ်ယောက် ဘဝရဲ့နေ့တစ်နေ့' ဗီဒီယိုက ဒီလိုကြောင်တောင်တောင် ပစ္စည်းများကိုသာ အာရုံစိုက်ထားနိုင်သည်။ သာမန်ဆန်သည့် ဘယ်လိုပစ္စည်းကိုမဆို အသုံးမပြုနိုင်ပါ။

ဒီလို ကန့်သတ်ချက်ကြောင့် စပွန်ဆာများအတွက် အခက်အခဲအများကြီးပေးနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဟွမ်စစ်ပေါ်က ဖေးချမ့်၏ စကားလုံးများကို နှစ်နှစ်ကာကာ နားထောင်ခဲ့သည့်ပုံပင်။ ထုတ်လုပ်မှု၏ အရည်အသွေးနှင့် ကုမ္ပဏီ ဂုဏ်သတင်းတို့ကို ဦးစားပေးခဲ့လေသည်။

ဖေးချမ့် အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရ၏။

သူ့ကိုယ်ပိုင် ပိုက်ဆံ ထောင်ဂဏန်းလောက် သုံးတာ အများကြီး မဟုတ်သော်လည်း ဒီလိုသုံးစွဲလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် လုံးဝ ဆန့်ကျင်ဘက် သက်ရောက်မှုကိုတော့ လုံးဝ မျှော်လင့်မထားခဲ့မိချေ။

ဆင်တူသည့် အတုအယောင် Review များက ပရိသတ်များအကြား အမြင်မကြည်မှုကို မဖြစ်စေခဲ့ရုံသာမကဘဲ သူတို့အားတက်သရောပါဝင်ပြီး ဖေးဟွမ်လုပ်ငန်းအပေါ် အများကြီး အာရုံပိုစိုက်လာစရာဖြစ်ခဲ့သည်။ တကယ်တော့ ကောမန့်အကန့်ထဲတွင် Review အတုအယောင်များ ပါနေတာတောင် ဘယ်သူမှ မသိလောက်တော့ပါ။

ဒီ ငွေ ၁,၀၀၀ ကိုခိုးကြောင်ခိုးဝှက်သုံးစွဲခဲ့ရပြီး ဘာသက်ရောက်မှုမှ မရှိခဲ့ချေ။ ဘော့စ်ဖေးရဲ့ ငွေတွေလည်း လေထဲအငွေ့ပျံသွားသလိုလိုပင်။

ဖေးချမ့်က ဟူရှောင်း၏ အသည်းနာစရာ မေးခွန်းကို ကြည့်လိုက်ပြီး ယာယီဆွံ့အသွားသည်။

မင်းကများ ငါ့ကို ဒီမေးခွန်းလာမေးသေးတယ်။ ငါ မင်းကို ပြန်မေးလိုက်မယ်။

မင်းရဲ့ သောက် Review အတုတွေက အသုံးကိုမကျဘူး ငါ့ပိုက်ဆံ ပြန်လိုချင်တယ်။

သို့သော်လည်း ပြန်စဥ်းစားကြည့်ခါမှ ဒီလို စာတစ်ကြောင်းတည်းအသုံးပြုဖို့ Review သမားအတုတွေကို တောင်းဆိုခဲ့တာက ဖေးချမ့်ကိုယ်တိုင်ပဲဖြစ်သည်။

သြော်... ဒါဆိုလည်း ရပါတယ်လေ။

တစ်ဖက်မှာတော့ အမာခံဝေဖန်ချက်များက အကြာကြီး စာမပြန်တာကို မြင်သည့်ဟူရှောင်းကတော့ ပို၍ပင် သံသယကြီးမားလာခဲ့လေသည်။ အရင်တုန်းက အမာခံဝေဖန်ချက်များက သူ့ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ Review အတုများကို ဝယ်ယူချင်နေသည်ဟုသာ ထင်ခဲ့မိ၏။

အခု လက်ရှိ အခြေအနေကို ကြည့်ရသလောက်တော့ အဲ့လိုလည်း ဟုတ်မနေပြန်ပေ။

ဖေးဟွမ်လုပ်ငန်းနဲ့ ဒီအမာခံဝေဖန်ချက်များက ပေါင်းပြီး လုပ်စားနေကြတာပဲဖြစ်နိုင်တယ်မလား။

အမာခံဝေဖန်ချက်များက ဘာလို့ ပစ္စည်းတစ်ခုကို နာမည်ဖျက်ဖို့ Review အတုတွေကို ဝယ်ချင်တာလို့ တိတိကျကျ မပြောခဲ့တာလဲ။ အဲ့ဒီအစား ကောမန့်အကန့်ထဲမှာ ဖြည့်ဖို့ အဲ့လိုမျိုး ရိုးရှင်းတဲ့ စာကြောင်းတစ်ကြောင်းတည်းပဲ ရေးခိုင်းခဲ့တယ်တဲ့လား။

ပြီးတော့လည်း အမာခံဝေဖန်ချက်များ Review အတုတွေကို ဝယ်ပြီး ဖေးဟွမ်လုပ်ငန်းကော ဘာလို့ ဗီဒီယိုကို ဒီလောက် မြန်မြန် တင်လိုက်တာလဲ။ ဖေးဟွမ်လုပ်ငန်းက ဒီ့မတိုင်ခင် ၁ လလောက် ပျောက်နေခဲ့တာကို။

ဒီဗီဒီယိုထုတ်လုပ်မှုနဲ့ ဒီစာကြောင်းနဲ့ပေါင်းလိုက်တော့... အကောင်းဆုံး ကြော်ငြာသက်ရောက်မှုကို ဖန်တီးနိုင်ခဲ့တာမဟုတ်လား။

ဒါတွေအကုန်လုံးက တိုက်ဆိုင်မှုပဲလား။

မဖြစ်နိုင်တာ မဟုတ်သော်လည်း ဖြစ်နိုင်ချေကတော့ နည်းပါးလွန်းသည်။

တစ်ယောက်ကိုတစ်ယောက် ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် အကူအညီပေးမိပြီး ဗီဒီယို၏ ရေပန်းစားမှုကို မြှင့်တင်ပေးမိသည်။

အသင့်ခုန်ကူးနိုင်မည့် ရေပန်းစားအကြောင်းအရာတစ်ခုကိုပါ ဖန်တီးမိခဲ့၏။ ဒါသာ တိုက်ဆိုင်မှုနဲ့ ကံကောင်းခြင်းဖြစ်မယ်ဆို ဟူရှောင်း လုံးဝ မယုံကြည်ပါ။

ဒီဆိုသာဆို အဖြစ်နိုင်ဆုံးက...

ဒါတွေအကုန်လုံးက ကြိုတင်ကြံစည်မှုတစ်ခုသာ ဖြစ်နိုင်၏။

ဖေးဟွမ်လုပ်ငန်းနဲ့ အမာခံဝေဖန်ချက်များက အချင်းချင်းသိကြသည်။ သူတို့က ကုမ္ပဏီတစ်ခုတည်းကတောင် ဖြစ်နိုင်ပြီး ဒီ ယွမ် ၁,၀၀၀ ကို တမင်သက်သက်သုံးပြီး Review အတုတွေ ဝယ်ကာ သူတို့ဗီဒီယိုအား ရေပန်းစားမှု မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

အခု ဒီလိုစဥ်းစားကြည့်မှ ဖေးဟွမ်လုပ်ငန်း ဗီဒီယိုတွေ မထုတ်တော့တာ ဘယ်လောက် ကြာနေပြီလဲ။ ၎င်း၏ ရေပန်းစားမှုက လျော့ကျသွားခဲ့တာ ကြာပါပြီ။

ဒီအစီအစဥ်သစ်ကတော့ ဒီလို အာရုံစိုက်မှုများနဲ့ ရေပန်းစားမှုကို ဖန်တီးနိုင်ဖို့အတွက် ယွမ် ၁,၀၀၀ တန် Review သမားအတုများကိုသာ လိုအပ်သည်။

ဒီကြော်ငြာ အကြံ၏ နောက်ကွယ်က အစီအစဥ်ချမှုက ပညာသားပါလွန်းသည်။

ထိုအချက်နှင့် အမာခံဝေဖန်ချက်များလို လူမသိ သူမသိ အကောင့်တစ်ခုက ဆဲလ်ဖုန်းများကို ရိုက်ခွဲပြီး အာရုံစိုက်မှု အများကြီး ရရှိခဲ့တာကို ဆက်ကြည့်လိုက်ပါက...

ဟူရှောင်း ပိုပြီး စဥ်းစားကြည့်လေလေ အမာခံ ဝေဖန်ချက်များနောက်ကွယ်မှ UP မာစတာကြီးက ဆရာကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု ပိုပြီး ခံစားမိလေလေဖြစ်သည်။ ဒီလူက လူမသိသူမသိ ဇာတ်နိမ့်နေတတ်သော်လည်း အဆုံးသတ်ရလဒ်ကတော့ သိသာပါသည်။ ဒီလူက ပြဿနာကို မီးမွှေးနိုင်ပေသည်။

ဒီလိုဆို ဒါတွေအာားလုံးက မဟာအစီအစဥ်ကြီးတစ်ခုရဲ့ တစ်စိတ်တစ်ဒေသပဲလား။

ဟူရှောင်း ပိုတွေးလေလေ တစ်ခုခုလွဲနေသည်ဟု ပိုခံစားရလေလေပင်။

သူပို့လိုက်သည့် မက်ဆေ့ချ်ကို ပြန်ကြည့်လိုက်သည်။

"ညီအစ်ကို... မင်း.... မင်းက ဘယ်သူလဲ။"

ဒီမက်ဆေ့ချ်က အတွေးခေါင်းပါးပြီး စဥ်းစားဉာဏ် မပါလှပေ။ အနည်းငယ် စော်ကားရာကျပြီး မလေးမစားရာလည်း ကျသည်။

ဖေးချမ့်ကလည်း သင့်တော်သည့် စာပြန်ဖို့ အကြံမရသေးပါ။

သူ ငွေပြန်တောင်းချင်သောာ်လည်း ဒီတစ်ခေါက် အလွဲကို တစ်ဖက်က အတုအယောင် Review သမားများကို အပြစ်တင်လို့ မရပေ။

ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး စာရိုက်လိုက်သည်။ "ဒါ နားလည်မှုလွဲတာပါ၊ ကျွန်တော် မထင်ထား..."

ဖေးချမ့် စာရိုက်လို့ မပြီးခင်မှာပင် ဟူရှောင်းဘက်မှ မက်ဆေ့ချ် ပြန်ဖျက်သွားတာကို သတိထားမိ၏။

ဟူရှောင်းက နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လာသည်။ "ညီအစ်ကို မင်းရဲ့ အရောင်းဗျူဟာတွေက သောက်ရမ်းလန်းလွန်းတယ်။ ငါအထင်ကြီးသွားပြီ။ အရမ်းအထင်ကြီးသွားပြီ။"

ဖေးချမ့် "?"

ဘော့စ်ဖေး ထပ်ပြီး သတိလစ်ချင်သွားပါသည်။ ဘာတွေဖြစ်နေတာလဲ။ ဟိုဘက်ကကောင် ဘာတွေပြောနေတာလဲ။

ဖေးချမ့်က ပြန်စာရိုက်နေစဥ်မှာပင် 'ဒင်' ဟူသော အသံနှင့်အတူ ငွေလွှဲအသိပေးချက် ဝင်ရောက်လာ၏။

ယွမ် ၁,၀၀၀...

ဟူရှောင်းက စာပို့၏။ "ညီအစ်ကို ငါတို့အကုန်လုံးက တစ်လောကတည်းသားချင်းတွေပဲ။ ဒီတစ်ခေါက်တော့ မင်းပိုက်ဆံကို မယူတော့ပါဘူး။ မင်းနဲ့ မိတ်ဆွေဖွဲ့ချင်တယ်လို့ပဲ သဘောထားလိုက်။ နောက်ပိုင်း ငါကူညီနိုင်တာ တစ်ခုခုရှိရင် ငါ့ကိုအသိပေးပါ။ ငါတို့က ညီအစ်ကိုတွေပဲကို အကုန်လုံးကို ဆွေးနွေးလို့ရတယ်။"

ဖေးချမ့် "?"

အလွန် စိတ်ရှုပ်ထွေးနေသော်လည်း သူ့ပိုက်ဆံ ယွမ် ၁,၀၀၀ သူ့ဆီပြန်ရောက်လာတာကို မြင်ပြီး ဖေးချမ့် ပြန်ဝမ်းသာသွားပါသည်။

သို့သော်လည်း ရှောက်ဟူဝေဖန်ချက်များ နောာက်ကွယ်က လူက တကယ် စိတ်ဝင်စားဖို့ ကောင်းသည့်လူ ဖြစ်သည်။ သူနောက်ထပ် Review အတုသမားများ ထပ်ဝယ်ဖို့ လိုအပ်ပါက ဖေးချမ့် ရှောက်ဟူဝေဖန်ချက်များကို ထပ်ပြီး ဆက်သွယ်နိုင်ပါသည်။

ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး စာပြန်လိုက်၏။ "အခုတစ်ခေါက် အလုပ်တွဲလုပ်ရတာ ကျေနပ်ဖို့ ကောင်းပါတယ်။ နောက်တစ်ခေါက်အတွက် မျှော်လင့်နေပါ့မယ်။"

ဟူရှောင်းက အမြန်စာပြန်လိုက်၏။ "သေချာတာပေါ့။"

ဟူရှောင်းစိတ်ထဲ အလွန်ပျော်ရွှင်နေသည်။ အမာခံဝေဖန်ချက်များ၏ UP မာစတာက ဘာမှလည်းမပြောသလို ဘာမှလည်း မရှင်းပြပါ။ 'အလုပ်တွဲလုပ်ရတာ ကျေနပ်ဖို့ကောင်းပါတယ်' ဟုသာ ပြောသွားသည်။ ဒါက သူ့အကဲဖြတ်မှုကို အတည်ပြုပေးလိုက်သလိုပင်။

အားလုံးကို အမာခံဝေဖန်ချက်များက အစီအစဥ်ချထားခြင်းဖြစ်သည်။

ဆိုလိုရင်းက ဖေးဟွမ်လုပ်ငန်းနှင့် အမာခံဝေဖန်ချက်များတို့က နီးနီးစပ်စပ် အဆက်အသွယ် ရှိကြ၏။ သူတို့က တစ်လှတည်းစီးကြသူများတောင် ဖြစ်နိုင်သည်။ ဒါက အလွန် အရေးကြီးသော သတင်းတစ်ခု ဖြစ်ပါသည်။

ဟူရှောင်း စတင်ပြီး သတင်းအချက်အလက်များကို ချိတ်ဆက်မိ၏။

ဘာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ပစ္စည်း Review လောကတွင် လူများများစားစား မရှိပေ။ ဒီလောကက ဖွံ့ဖြိုးဆဲဆိုသော်လည်း မျှော်လင့်ထားသလောက် ဖွံ့ဖြိုးမှု မမြန်ဆန််ပါ။ ဒီလောကထဲကို ဝင်လာသည့် လူသစ်တိုင်းကို သေသေချာချာ စိစစ်မှဖြစ်မည်။ သူများ ထမင်းအိုးကို တုတ်နဲ့ လာထိုးဖို့ ဝင်လာတာဆို ဘယ်လိုလုပ်မလဲ။

ကံကောင်းစွာဖြင့် ကြည့်ရသလောက်ကတော့ ဖေးဟွမ်လုပ်ငန်းဖြစ်ဖြစ်၊ အမာခံဝေဖန်ချက်များဖြစ်ဖြစ် ရှောက်ဟူဝေဖန်ချက်များနှင့် တူညီသည့် စျေးကွက်ကို ပစ်မှတ်ထားနေသည့် ပုံတော့ မပေါ်ကြပေ။

ဟူရှောင်း အိပ်မပျော်တော့ပါ။ သူ သက်တောင့်သက်သာဖြင့် ကျင်လည်နေခဲ့သည့် ဒီလောကထဲ မကြာခင် မသေချာမရေရာသည့် အနှောင့်အယှက်တစ်ခုခု ရင်ဆိုင်လာရတော့မည်ဟု ခံစားနေရသည်။ ဖေးချမ့်ကတော့ ဟူရှောင်း အခု ဘယ်လောက်တောင် ဖိအားများနေသလဲ မသိခဲ့ပါ။ ဖေးချမ့်၏ သုံးသပ်ချက် အမှားများကြောင့် ဟူရှောင်း ကောက်ချက်ချ မှန်သွားကြောင်းလည်း မသိခဲ့ပါ။

ဘော့စ်ဖေးက တခြားအကြောင်းအရာတစ်ခုကို စဥ်းစားနေ၏။

ဖေးဟွမ်လုပ်ငန်းကို အခက်တွေ့အောင်လုပ်ဖို့က မဖြစ်နိုင်လောက်တော့ပါ။ ဖေးဟွမ်လုပ်ငန်း၏ လက်ရှိမော်ဒယ်အရဆို တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ပေ။ အမှန်ပင်။ သူတို့ဘက်ကလည်း စပွန်ဆာပါတနာရဖို့ ခက်ခဲသွားပါသည်။

ထို့ကြောင့် ဖေးချမ့် လောလောဆယ်တော့ ဆက်ပြီး အာရုံ မနောက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီအမာခံဝေဖန်ချက်များ အစီအစဥ်ကို ဆက်တင်ဆက်သည့်အပြင် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းကိုလည်း ဖေးချမ့် အာရုံစိုက်ထားရမည်။

ဒီနှစ်ရက်အတွင်း အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်း၏ Demo (အစမ်းဗားရှင်း) ထွက်လာလိမ့်မည်။ ဖေးချမ့်က ဂိမ်းကို ကစားကြည့်ပြီး ၎င်း၏ ခက်ခဲမှုကို မြည်းစမ်းပြီးမှ သူ့လက်နက်ထည့်သွင်းဖို့ကို စီစဥ်မည်ဖြစ်သည်။ အခုချိန် အနာခံထားမှ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို စတင်ရောင်းချသည့်အခါ ကစားသမား အမြောက်အများကို မကစားအောင် တွန်းအားပေးနိုင်မည် ဖြစ်သည်။

"ဟူး ငါ့အတွက် မလွယ်ကူပါလားနော်။"

ဖေးချမ့်လည်း မတတ်နိုင်ဘဲ တွေးမိပါသည်။ ဘော့စ်တစ်ယောက်ဖြစ်ရတာ တကယ် ခက်ခဲလွန်းလေသည်။

All Chapters