← Chapters

ဘော့စ်ဖေးရဲ့ အထူးလက်နက်

Vol. 16 Ch. 235

ဘော့စ်ဖေးရဲ့ အထူးလက်နက်

Vol. 16 Ch. 235

ဘော့စ်ဖေးက သူ့ရဲ့ ကျွမ်းကျင်စကေးတွေကို သုံးပြီး မွန်းစတားတွေကို အနိုင်ယူသွားလိမ့်မည်ဟု လီယာ့တာက ထင်ထားခဲ့၏။ ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဘော့စ်ဖေးတစ်ယောက် သူမကို မွန်းစတားများ၏ တိုက်ခိုက်စွမ်းအားကို ၃ ဆတိတိ ယုံကြည်ချက်ပြည့်ဝစွာဖြင့် တိုးခိုင်းကာ ဘော့စ်ဖေး ယုံကြည်ချက်ပြည့်ဝစွာဖြင့် လက်နက်ကို ကိုင်ဆောင်ရင်း ဘော့စ်ဖေး ယုံကြည်ချက်ပြည့်ဝစွာ ရန်သူထံ အပြေးသွားပြီး ဘော့စ်ဖေး တိုက်ပွဲမှာ အသတ်ခံလိုက်ရတာကိုသာ သူမ မြင်လိုက်ရပါသည်...။

အားလုံးက ကြိုတင်စီစဥ်ထားသလိုပင်။ မွန်းစတား၏ မြက်ခြောက်ခက်ကြီးက ဖေးချမ့် ရှောင်လိုက်ခါမှ သူ့ခန္ဓာကိုယ်ထဲ ကွက်တိဝင်သွား၏။

ဒီလောက် ယုံကြည်ချက်တွေ အရမ်းမြင့်မားပြီးမှ အသေးစား မွန်းစတားလေး သတ်တာကို ဘော့စ်ဖေး တကယ်ကြီး ခံလိုက်ရတာလား။

ဖေးချမ့်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။

ဘယ်ဆိုးလို့လဲ၊ ဒီဂိမ်းက ငါ့ကို စိတ်မပျက်စေဘူးပဲ ငါလိုချင်တာလည်း ငါ့ကစားသမားတွေ ဆက်ကစားချင်စိတ်ပျောက်အောင်လုပ်ဖို့ ဒါမျိုးတွေကို လိုအပ်တာကွ။

လီယာ့တာက ဘော့စ်ဖေး၏ အပြုံးကို မြင်ကာ အနည်းငယ် အံ့သြသွားပါသည်။

ဘော့စ်ဖေး၏ တွေးခေါ်ပုံက တကယ်ပဲ သာမန်လူတွေထက် မြင့်မားနေသည်။

သာမန်ကစားသမားတွေသာဆို မွန်းစတား အသေးစားတစ်ကောင်၏ ထိုးချက် ၂ ချက်လောက်နဲ့ သေဆုံးသွားပါက အလွန်စိတ်ရှုပ်ဖို့ကောင်းပြီး ဒေါသထွက်ဖို့ကောင်းလွန်းလိမ့်မည်။ သို့သော်လည်း ဘော့စ်ဖိုးကတော့ တကယ်ကြီး ဝမ်းသာနေတာလား။

မဟုတ်မှလွဲရော ဘော့စ်ဖေး အတည်ပေါက် ကစားပြီး အစွမ်းကုန်ကြိုးစားတော့မှာ မို့လို့လား။

မကြာမီ ဖေးချမ့်၏ ဇာတ်ကောင် ပြန်ရှင်လာသည်။

သူ့ဓားမကို နောက်တစ်ခေါက် မြှောက်လိုက်ပြီး မြက်ခြောက်ခက်ကိုင် ရွာသားထံသို့ ချီတက်သွားပြန်သည်။

၅ စက္ကန့်ခန့်ကြာပြီးနောက် ဖန်သားပြင် နောက်တစ်ခေါက် နက်မှောင်သွားပြန်ပါသည်။

"ဟားဟားဟား..."

ထိုရွာသား၏ ကျက်သရေမရှိသော ရယ်သံကြီးက အရွဲ့တိုက်နေသလိုပင်။

ဖေးချမ့်က တစ်ခုခုကို စဥ်းစားမိပြီး Edit လုပ်သည့် ပရိုဂရမ်ကိုဖွင့်လိုက်၏။ ထို့နောက် သူမေးလိုက်သည်။ "ဘယ်ဆက်တင်က ဒီမွန်းစတားအသေးစားတွေရဲ့ တိုက်ခိုက်စွမ်းအားလဲ"

လီယာ့တာက အမြန်ညွှန်ပြလိုက်သည်။ "ဒီတစ်ခုပါ။ ဘော့စ်ဖေး မွန်းစတား တစ်ကောင်တည်းရဲ့ Stats ကို ညှိချင်တာဆိုရင် နံပါတ် Value လေးထည့်လို့ရတယ်။ အကုန်လုံးကို နမူနာသုံးပြီး တသမတ်တည်း ညှိချင်တာဆိုရင်တော့..."

လီယာ့တာ၏ လမ်းညွှန်ချက်များကို လိုက်နာပြီး ဖေးချမ့် မွန်းစတားအားလုံး၏ တိုက်ခိုက်စွမ်းအားကို တသတ်မတ်တည်း ချိန်ညှိိနိုင်မည့် မော်ဂျူးကို ဖွင့်လိုက်သည်။

"ဟုတ်တယ်... ငါအတွေးတွေလွန်နေတာပါ။ ဘော့စ်ဖေးက အခုတော့ မွန်းစတားတွေရဲ့ တိုက်ခိုက်စွမ်းအားကို လျှော့ချင်နေပြီမလား" လီယာ့တာ တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။

ဘော့စ်ဖေးက လက်ရွှေးစင်ဂိမ်မာကြီးတစ်ယောက်ဟု ထင်လုနီးပါးဖြစ်သွားသည်။

သို့သော် ဖေးချမ့်က Value တစ်ခုကို နှိပ်လိုက်ပြီး လက်ရှိ နံပါတ်အားလုံးကို ၁.၃ ဆ တိုးလိုက်၏။

ချိန်ညှိပြီးသောအခါ ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။

အင်း ဒီလိုမှပေါ့။

အရင်တစ်ခေါက်က တစ်ချက်ထိလျှင် အသက် ၆၀ ရာခိုင်နှုန်းလောက် လျော့ကျသွားသည်။ အခုပြောင်းလဲပြီးနောက် ၈၀ ရာခိုင်နှုန်းနီးပါးဖြစ်သွား၏။

ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ၂ ချက်ထိရင် သေမှာချင်းတူတူ ခြားနားချက် များများစားစားမရှိပါ။

လီယာ့တာ အနည်းငယ် မူးလဲချင်သွား၏။ သူမ မျက်မှန်ထူထူကြီးတပ်ထားသော်လည်း ဘော့စ်ဖေး ဘာကိုလိုချင်နေမှန်း နားမလည်သေးပါ။

"ဟုတ်ပြီ ဒီဂိမ်းကို လေးလေးနက်နက် ကစားကြည့်ချင်တယ်။ နင်သွားလို့ရပြီ" ဖေးချမ့်က ပြောလိုက်၏။

လီယာ့တာက ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ပြဿနာတစ်ခုခုတွေ့ရင် ကျွန်မကို အကြောင်းကြားလိုက်ပါ။”

လီယာ့တာ ထွက်သွားပြီးနောက် ဖေးချမ့် ဂိမ်းထဲ ထပ်ဝင်လိုက်ပြန်သည်။

"ကောင်းတယ် ဒီခက်ခဲမှုအဆင့်နဲ့ ဂိမ်းကို စိန်ခေါ်ကြည့်မယ်။"

ဖေးချမ့်က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်နေခြင်း မဟုတ်သော်လည်း သူ့ကိုယ်သူတောင် မရက်စက်ပါက ကစားသမားတွေ ဆော့ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။

ထို့ကြောင့် ဖေးချမ့် ဒီလို တင်းကြပ်သည့် ခရီးလမ်းကို စတင်ခဲ့ပါသည်။

ရွာထဲတွင် ၁၀ ကြိမ်ကျော်လောက် သေဆုံးပြီးနောက် ဖေးချမ့် အနည်းနဲ့အများ တမ်ပိုကို အသားကျလာပြီဟု ခံစားလာရသည်။

ဖေးချမ့်၏ တောင်းဆိုချက်က ကစားသမားများအတွက် ခက်ခဲအောင်လုပ်ပြီး ဆော့ချင်စိတ်ပျောက်အောင် လုပ်ဖို့ ဖြစ်သော်လည်း ခက်ခဲသည့်ဂိမ်းတွေ အကုန်လုံးက ဇာတ်သိမ်းတူကြမှန်း နောက်တော့ တွေ့ရှိသွားခဲ့ပါသည်။

လုမင်လျန်နဲ့ ပေါင်ရှုတို့နှစ်ယောက်လည်း ဒီဂိမ်းအတွက် အထောက်အကူပြုခဲ့ပြီး လီယာ့တာကတော့ ထိုအခြေခံအုတ်မြစ်ကို အရင်းခံကာ ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့သည်။ ဒီဂိမ်းက တကယ့်ကို တစ်ခုခုပဲဖြစ်ပါသည်။

ဒါက တမင်သက်သက်လုပ်ထားတာ မဟုတ်ဘဲ သဘာဝဆန်သည့် တိုးတက်မှုသာ ဖြစ်၏။

ဂိမ်းများ၏ 'ခက်ခဲခြင်း' 'လွယ်ကူခြင်း'ကို အောက်ပါ ရှုထောင့်များဖြင့် ဆုံးဖြတ်ရ၏။

ပထမတစ်ခုက စနစ်ဒီဇိုင်း ဖြစ်သည်။

ဂိမ်း၏ ခက်ခဲမှုကို ပြောင်းလဲဖို့အတွက် မွန်းစတားများ၏ တိုက်ခိုက်စွမ်းအားများကို တိုးမြှင့်ပြီး စနစ်ဒီဇိုင်းကို ပြောင်းလဲဖို့လွယ်ကူသည်။ ဂိမ်မာတွေက အလွန်လွယ်ကူစွာ သေဆုံးနေပါက ဒီလိုလှည့်ကွက်မျိုး သုံးနိုင်သည်။

သို့သော်လည်း ခက်ခဲမှုအဆင့်က အလွန်မြင့်မားနေသော စနစ်ဒီဇိုင်းမျိုး ဖြစ်နေပါက ဖေးချမ့်ကိုယ်တိုင်တောင် ဂိမ်းကို ပြီးဆုံးအောင် ဆော့နိုင်မည် မဟုတ်ပါ။ ထိုအခါ ဂိမ်းက အောင်နိုင်ဖို့ မဖြစ်နိုင်သလောက် ရှိလာလိမ့်မည်။ ပြီးမြောက်ထားသည့် ဂိမ်းဟုတောင် သတ်မှတ်လို့ မရနိုင်တော့ပေ။ ဂိမ်းက Bug ကိုက်နေပြီး ဟိုမရောက်ဒီမရောက်ဖြစ်နေသည်ဟု အားလုံး ထင်ကုန်ကြလိမ့်မည်။

ထို့ကြောင့် စနစ်ဒီဇိုင်းအား ပြောင်းလဲနိုင်စွမ်းကလည်း အကန့်အသတ် ရှိနေပါသည်။ အလွန်အကြူးလုပ်လို့ မရပေ။

ဒုတိယတစ်ခုက လှုပ်ရှားမှု ကွန်ထရိုးများ ဖြစ်သည်။

ဥပမာအားဖြင့် ကစားသမားတွေက အထူးစွမ်းရည်တစ်ခုခုကိုသုံးဖို့အတွက် တိကျသော အက်ရှင်အတွဲလိုက်တစ်ခုကို အစဥ်လိုက်သို့မဟုတ် တမ်ပိုအလိုက် နှိပ်ရပြီး အထူးရန်သူတစ်ယောက်ကို အနိုင်ယူခြင်း ဖြစ်သည်။

တတိယတစ်ခုက တုန့်ပြန်ချိန်ဖြစ်၏။

မွန်းစတားတွေမှာလည်း ၎င်းတို့၏ ကိုယ်ပိုင် အလွန်လျှင်မြန်သော စွမ်းရည်များ ရှိကြပါလိမ့်မည်။ ကစားသမားတွေက အချိန်မှီ တုန့်ပြန်နိုင်ပါက သူတို့ အသတ်ခံရမည်မဟုတ်ပါ။

စတုတ္ထတစ်ခုကတော့ ခွန်အားနှင့် အားနည်းချက်များ ဖြစ်သည်။

ဥပမာအားဖြင့် ဂိမ်းထဲက Stats တချို့က ရန်သူအမျိုးအစားတစ်ခုကို တိုက်ခိုက်အနိုင်ယူရာတွင် ပို၍ အားသာချက် ရှိတာမျိုး ဖြစ်၏။

ပဉ္စမ တစ်ခုကတော့ မထင်ထားစရာ အဖြစ်အပျက်များ ဖြစ်၏။

ဥပမာအားဖြင့် ကစားသမားတစ်ယောက် ချောက်ကမ်းပါးစွန်းတွင် လမ်းလျောက်နေစဥ် မွန်းစတားတစ်ကောင်က ရုတ်တရက်ကြီး ခုန်တက်လာပြီး သူတို့ကို တွန်းချတာမျိုး ဖြစ်၏။

ဂိမ်းအများစုက အထက်ပါ အချက်ငါးချက် အပေါ်မူတည်ပြီး မတူညီသည့် ခက်ခဲမှုအဆင့်များ ရှိကြပါသည်။

သို့သော်လည်း ဖေးချမ့်က သူကိုယ်တိုင် ဂိမ်းကို အောင်နိုင်သည်ဟု သက်သေပြရန်တော့ လိုအပ်သည်။ ထို့ကြောင့် စနစ်ဒီဇိုင်းများ၊ လှုပ်ရှားမှု ထွန်ထရိုးများနဲ့ တုန့်ပြန်မှုအမြန်နှုန်းတို့က လက်ခံနိုင်သည့် အတိုင်းအတာအတွင်းမှာ ရှိရမည်။

စနစ်ဒီဇိုင်းအပေါ်ကိုပဲ အာရုံစိုက်ပြီး ဘော့စ်တစ်ကောင်ကို အသက် ၁ သန်းလောက် ပေးလိုက်ကာ ကစားသမား၏ တိုက်ချက်တစ်ချက်စီတိုင်းကလည်း အသက် ၁ မှတ်သာ လျော့မည့် ပုံစံလုပ်လိုက်ပါက ကစားသမားတွေကို ဆက်ကစားချင်စိတ်ပျောက်အောင် လုပ်နိုင်မှာ မှန်သော်လည်း ဖေးချမ့်ကိုယ်တိုင်လည်း ဆက်ကစားနိုင်မှာ မဟုတ်ပေ။

ထိုနည်းလည်းကောင်း အထူးလှုပ်ရှားကွက်များနှင့် အက်ရှင်များက နှိပ်ဖို့ အလွန်ခက်ခဲနေပြီး သတ်မှတ်ထားသည့် တုန့်ပြန်ချိန်ကလည်း အလွန်တိုတောင်းလွန်းပါက ဂိမ်မာတွေကို ဆက်မကစားအောင် လုပ်သည့်နေရာမှာ သက်ရောက်မှု ရှိနိုင်သော်လည်း ဖေးချမ့်ကိုယ်တိုင်ပါ ကြာရှည်ခံနိုင်မှာ မဟုတ်ပါ။

ထို့ကြောင့် ဒီနယ်ပယ် ၃ ခု၏ ခက်ခဲမှုအဆင့်တွေက ဖေးချမ့် ကိုင်တွယ်နိုင်မည့် အတိုင်းအတာအတွင်း ရှိရမည်ဖြစ်ကာ သာမန် လူတစ်ယောက်၏ အကန့်အသတ်အတွင်း ရှိရမည်ဖြစ်သည်။

ခက်ခဲမှုအဆင့်ကို ထပ်ပြီး တိုးမြှင့်ချင်ပါက ခွန်အားနှင့် အားနည်းချက်အမှတ်များ သို့မဟုတ် မထင်ထားသည့် အဖြစ်အပျက်များကိုသာ အသုံးချပြီး လုပ်နိုင်ပါသည်။

ဥပမာ အထူးလက်နက်များဖြင့် တိုက်ခိုက်လျှင် ပိုပြီး အာနိသင်ရှိသော မွန်းစတားတချို့ သို့မဟုတ် အရိပ်ထဲတွင် မွန်းစတားတချို့ ပုန်းကွယ်နေပါက ထူးခြားသည့် ကိရိယာများ သို့မဟုတ် အဝေးပစ်လက်နက်များဖြင့် ရှင်းရမည့်ပုံစံမျိုး စသည်တို့ ဖြစ်သည်။

ဖေးချမ့်က ဂိမ်းအပေါ် သူ့နားလည်နိုင်စွမ်းကို အသုံးချပြီး (အနှစ်ချုပ် ဒီဇိုင်းပလန်ကို တစ်ချက်လောက်ကြည့်ပြီး) ဒါတွေအကုန်လုံးကို ကိုင်တွယ်နိုင်ပါသည်။

ပထမ ကဏ္ဍသုံးခုကိုတော့ သာမန်ကစားသမားများအနေဖြင့်လက်ခံနိုင်မည့် အတိုင်းအတာတစ်ခုအထိသာ ကလိနိုင်မည်။

ထို့ကြောင့် ဟိုနားဒီနား ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ဂိမ်းက Souls-like ဂိမ်းမျိုး ဖြစ်လာခဲ့ပြန်သည်။

ဖေးချမ့်က Souls-like ဂိမ်းများ၏ ပရိသတ်တော့ မဟုတ်ပါ။ သူက ပထမ ဘော့စ် သုံးလေးကောင်လောက်ကို ရင်ဆိုင်ပြီး ဂိမ်းကို ပစ်ထားလေ့ရှိသော လူမျိုး ဖြစ်၏။

သို့သော်လည်း ဂိမ်း၏ အစပိုင်းတွင် အားပျော့သော မွန်းစတားတချို့ကို တိုက်ခိုက်ရတာက သူ့အတွက် ပြဿနာ မရှိပါ။

မြောက်ခြောက်ခက်ကိုင် ရွာသား၏ နှိပ်စက်မှုကိုအကြိမ်ပေါင်းများစွာ ခံရပြီးနောက် ဖေးချမ့် ဂိမ်းကို အကျွမ်းတဝင်ရှိလာပြီး ထိုရွာသားနဲ့ တခြားကောင်တွေကိုပါ ရှင်းလင်းဖို့ ကိုယ့်အစွမ်းအစကိုကိုယ် သုံးခဲ့ပါသည်။

နောက်ထပ်လာမည့်အရာက ပိုပြီးအရေးကြီးသည်။ သူ့အတွက်သူ အထူးလက်နက်တစ်ခု ခိုးထည့်ထားဖို့ ဖြစ်သည်။

ဖေးချမ့်က Edit ပလက်ဖောင်းထဲကို ဝင်နိုင်သည်။ သူ လုပ်ချင်တာက အလွန်ရိုးရှင်းပါသည်။

ပန်းချီအရင်းအမြစ်ထဲမှ ကျပန်းလက်နက်မော််ဒယ် တစ်ခုကို ရွေးလိုက်ပြီး လက်နက်စာရင်းထဲထည့်လိုက်မည်။ ဒိလက်နက်၏ Stats များကို ကော်ပီကူးပြီး ၎င်း၏ တိုက်ခိုက်စွမ်းအား၊ အမြန်နှုန်း အစရှိသော ဂုဏ်သတ္တိတချို့ကို ပြောင်းလဲလိုက်မည်ဖြစ်သည်။

ဒီလက်နက်ကိုရဖို့အတွက် အထူးတာဝန်နှင့် အခြေအနေရပ်များကို ဒီဇိုင်းဆွဲမည်။

အနှစ်ချုပ်အားဖြင့် ဘယ်သူမှ မစဥ်းစားမိနိုင်မည့် နေရာမျိုးတွင် ဝှက်ထားမည်ဖြစ်သည်။ ဖေးချမ့်က ဂိမ်းထဲရှိ လက်နက်များအားလုံးကို ကြည့်လိုက်သည်။ လက်နက်ပေါင်းစုံရှိနေပြီး အကုန်လုံးမှာာ ရှုပ်ထွေးသည့် Stats များနှင့် ဂုဏ်သတ္တိများစွာ ရှိနေပါသည်။

သို့သော်လည်း သူ လေးလေးနက်နက် စဥ်းစားပြီး ဘယ်လက်နက်ကို ပြောင်းလဲချင်သလဲဆိုတာ စဥ်းစားရမည်။

အဝေးပစ်လက်နက်တစ်ခုကို ရွေးချယ်လိုက်ပါက သေချာပေါက် ဂိမ်း၏ ခက်ခဲမှုအဆင့် အများကြီးလျော့နည်းသွားလိမ့်မည်။

သို့သော်လည်း ပြဿနာရှိတာက ဒီဂိမ်းက အက်ရှင်ဂိမ်းဖြစ်သည်။ အဝေးပစ်လက်နက် များများစားစား မရှိပေ။ လေးနှင့် ဒူးလေးတချို့သာရှိ၏။ Dark Souls ဂိမ်းတွေလိုပဲ ထိုလက်နက်တွေက ပင်မလက်နက်များအဖြစ် အသုံးပြုလို့ မရဘဲ အရန်လက်နက်များအဖြစ်သာ အသုံးပြုနိုင်ပါသည်။

ဒါက အနီးကပ်လက်နက်နှင့် အဝေးပစ်လက်နက်တို့အကြား ညီမျှမှုရှိစေရန်ဖြစ်သည်။ ဒီလိုဂိမ်းမျိုးထဲမှာ အကွာအဝေးအလွန်များကာ တိုက်ခိုက်စွမ်းအား အလွန်မြင့်ပြီး ဆက်တိုက်အသုံးပြုနိုင်သည့် အဝေးပစ်လက်နက်တစ်ခုကို ရရှိသွားပါက အနီးကပ်လက်နက်များထက် သာလွန်ပြီး ဂိမ်းက ပျော်စရာကောင်းမည်မဟုတ်တော့ပေ။

ထို့ကြောင့် လုမင်လျန်နှင့် ပေါင်ရှုတို့၏ မူလ အစီအစဥ်အရ လေးဖြစ်ဖြစ် ဒူးလေးဖြစ်ဖြစ် ထိုလက်နက်များ၏ Damage က အလွန်နိမ့်ပြီး တစ်ချက်တစ်ချက်ပစ်ဖို့ အလွန်ကြာသည်။ ဒါက မွန်းစတားတွေကို မျှားခေါ်ဖို့ ဆောင်ရွက်ထားခြင်းဖြစ်၏။

သူသာ စနိုက်ပါရိုင်ဖယ်သို့မဟုတ် စက်သေနတ် တစ်လက်လောက်ဖန်တီးလိုက်ပြီး မွန်းစတားအားလုံးကို ချက်ချင်း သတ်ပစ်လိုက်နိုင်လောက်သည့် Stats မျိုးပေးလိုက်ပါက စနစ်မှ သေချာပေါက် လက်ခံမည် မဟုတ်ပါ။

ထို့ကြောင့် ဖေးချမ့်က ဂိမ်းထဲကို လက်နက်တစ်ခု ခိုးထည့်ဖို့ ရည်ရွယ်ထားသော်လည်း လွန်လွန်ကြူးကြူးတော့ လုပ်လို့ မရပေ။

All Chapters