← Chapters

ငါတစ်ယောက်တည်းတော့ အနာမခံနိုင်ဘူး

Vol. 16 Ch. 238

ငါတစ်ယောက်တည်းတော့ အနာမခံနိုင်ဘူး

Vol. 16 Ch. 238

"ဘော့စ်ဖေးကတော့ တကယ့်ဘော့စ်ဖေးပါပဲလား။ ဒါက ဒီလိုဂိမ်းအမျိုးအစားရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးအရာလို့တောင် ပြောလို့ရတယ်"

လီယာ့တာက တကယ်ပဲ အထင်ကြီးသွားသလို သူမ သင်ယူစရာတွေ အများကြီးရှိသေးသည်ဟု လေးလေးနက်နက်ခံစားလိုက်ရပါသည်။ အမှန်ပင် တစ်ခုတည်းသော ပြဿနာက ဘော့စ်ဖေး၏ အကွက်က ရှာတွေ့သိရှိဖို့ ခက်ခဲနေခြင်းဖြစ်သည်။

ဒီလိုဖြစ်နိုင်ခြေက သုညနီးပါးလောက် နိမ့်နေသည်ဟုတောင် လီယာ့တာ ခံစားမိပါသည်။

"ဘော့စ်ဖေးက ဘာလို့ ဂိမ်းထဲ ဒီလောက် နက်နက်ရှိုင်းရှိုင်း ဖွက်ထားဖို့ ရွေးချယ်ခဲ့တာလဲ။ တကယ်ပဲ သေဆုံးခြင်း ၆ ကြိမ်က ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးကို ကိုယ်စားပြုပြီး ၇ ကြိမ်မြောက်က ဉာဏ်အလင်းပွင့်ခြင်းကို ကိုယ်စားပြုတာ ဟုတ်ရဲ့လား။"

"မဟုတ်သေးပါဘူး။ ဘော့စ်ဖေးက ဘုန်းတော်အိုကြီးရဲ Stats တွေကိုလည်း နှိမ့်ပစ်လိုက်သေးတယ်။ ကစားသမားတွေ ဘုန်းတော်အိုကြီးရဲ့ လက်ချက်ကြောင့် သေဆုံးနိုင်ခြေက တော်တော်လေး နည်းနေတယ်။"

သာမန် ဆက်တင်အရသာဆို ဘုန်းတော်အိုကြီးက ဘော့စ်အသေးစားတစ်ကောင်နီးပါးလောက် သန်မာသဖြင့် ကစားသမားတွေက ဒီနေရာမှာ ဆက်တိုက်သေဆုံးကြလိမ့်မည် ဖြစ်ပြီး ခပ်မြန်မြန်ပဲ ၆ ကြိမ်လောက် သေဆုံးသွားကြပါလိမ့်မည်။

ဒီလိုသာဆို ဒီလက်နက်ကို သေချာပေါက် ရှာတွေ့သွားကြလိမ့်မည်။

သို့သော်လည်း ယခု ဘုန်းတော်အိုကြီး၏ Stats များက အလျှော့ခံထားရသဖြင့် လက်တစ်ဖက်တည်းရှိသည့်လူတွေတောင် ဘုန်းတော်အိုကြီး၏ လက်ချက်ကြောင့် အလွန်ဆုံး ၁ ကြိမ် ၂ ကြိမ်သာ သေနိုင်သည်။

ဘာပဲဖြစ်ဖြစ် ဒုက္ခိတ တကယ်ဖြစ်နေသည့်သူများက အစောပိုင်းအဆင့်များရှိ တခြား လွယ်ကူသော မွန်းစတားများများကို သတ်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဒီဘုန်းတော်အိုကြီးကို ရင်ဆိုင်ဖို့လောက်အထိ ကြာရှည်ခံနိုင်မည်မဟုတ်ပါ။

"ဒီလောက် ပြောင်မြောက်တဲ့ ဒီဇိုင်း၊ ထူးခြားတဲ့ ဂိမ်းရဲ့ အနှစ်သာရတွေ ရှိနေတာတောင် ဘော့စ်ဖေးက ကစားသမားတွေ အများကြီးကို ရှာမတွေ့စေချင်ဘူးတဲ့။ တကယ်ပါပဲ။ ဘော့စ်ဖေးကတော့ အဲ့လောက်တောင် ထူးခြားတာပါလား။"

လီယာ့တာ စိတ်ခံစားချက်ကြီးစွာ သက်ပြင်းချလိုက်သည်။

ဘော့စ်ဖေးက သာမန်ဒီဇိုငနာ တစ်ယောက် မဟုတ်တာကို ဝန်ခံရပါမည်။

တခြားဒီဇိုင်နာတွေသာဆို ကစားသမားတွေ စိတ်ကျေနပ်မှုရှိအောင်သာ အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ တစ်ဖက်မှာတော့ ဘော့စ်ဖေးက ဂိမ်မာတွေရဲ့ ဝေဖန်ခံရမှု မခံရမှုကို ဘယ်တော့မှ ဂရုစိုက်မည်မဟုတ်ပါ။

ကစားသမားတွေကို စိတ်ကျေနပ်အောင် လုပ်ပေးတာက မှားယွင်းပြီး ကစားသမားတွေကို နှိပ်စက်တာက မှန်ကန်သည်ဟုတော့ မဆိုလိုပေ။ ဘော့စ်ဖေးတွင် အလွန်ထူးခြားသော ဒီဇိုင်းဆွဲနည်းရှိကာ ကစားသမားတွေကို သူ့တွေးပုံခေါ်နည်းများအား နားလည်ဖို့ မျှော်လင့်မထားချေဟုသာ လီယာ့တာ ဆိုလိုခြင်းဖြစ်ပါသည်။

ဒါက Game Designer ဂိမ်း၏ သက်သေပဲဖြစ်သည်။

ကစားသမားပေါင်းများစွာက ဒီဂိမ်းနောက်ကွယ်က နက်ရှိုင်းသည့် အဓိပ္ပာယ်များကို အကဲခတ်နေကြသောာ်လည်း ဘောစ့်ဖေးကတော့ ဘယ်တုန်းကမှ တရားဝင် ရှင်းလင်း အတည်ပြုချက်များ မထုတ်ပြန်ခဲ့ပေ။

'လူအမျိုးမျိုး စိတ်အထွေထွေ'ဟူသည့် ဆိုရိုးစကားပင်ရှိသည်မဟုတ်ပါလား။ တချို့ စာရေးဆရာများက လက်ရာတစ်ခုကို ပြီးမြောက်ပြီးနောက် စာဖတ်သူ အားလုံးနှင့် သက်ဆိုင်ပြီး စာရေးဆရာကိုယ်တိုင်မှာပဲ စစ်မှန်သည့် အဓိပ္ပာယ်ကောက်ယူချက်မရှိဟု ယုံကြည်ကြသည်။

ဘော့စ်ဖေးလည်း ဒီဂိမ်းအတွက် ထိုနည်းလည်းကောင်း တွေးထားတာ သိသာပါသည်။

ဘော့စ်ဖေးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းအတွက် ဒီလောက် ကောင်းမွန်သည့် ပြောင်းလဲမှု လုပ်ထားသော်လည်း ကစားသမားတွေ သိသွားကြပြီး ထို့နောက်ကိုသာ လိုက်ကြဖို့ မျှော်လင့်မထားပေ။

တစ်နည်းအားဖြင့် ဘော့စ်ဖေး၏ အမြင်မှာတော့ ဘယ်သူမှ သူပြောင်းလဲထားတာတွေကို ရှာမတွေ့ခဲ့ရင်တောင်၊ လနဲ့ချီပြီး သို့မဟုတ် နှစ်တွေနဲ့ချီပြီးမှ တစ်ယောက်ယောက်က ဒီရွှေကို တူးမိရင်တောင် သူ့အတွက် အရေးမကြီးတော့ပေ။

ဧကန္တ ဘယ်သူမှ ရှာမတွေဖို့တောင် ဘော့စ်ဖေး မျှော်လင့်နေလောက်ပါသည်။

ထို့ကြောင့်လည်း ဘော့စ်ဖေးက ဂိမ်းထဲ ဒီ အထူးပြောင်းလဲထည့်သွင်းမှုကို မကြေညာဖို့ ထပ်ခါထပ်ခါ သတိပေးသွားခြင်း ဖြစ်သည်။

ဒါက ဘော့စ်ဖေး၏ ဉာဏ်ပညာအဆင့်ပဲ ဖြစ်သည်။

ဂိမ်း၏ ဒီလောက်ကောင်းမွန်သည့် အပိုင်းက တကယ်တမ်း နစ်မြုပ်သွားနိုင်သည်ကို လီယာ့တာ အနည်းငယ် ဘဝင်မကျ ဖြစ်မိပါသည်။ သူမ တကယ်ပဲ စိတ်မကောင်းဖြစ်မိ၏။

သို့သော်လည်း သူမ ဘော့စ်ဖေး၏ စိတ်ကို နားလည်နိုင်ပြီး ဒီသတင်းအချက်အလက်ကို ပေါက်ကြားအောင် သူမ မလုပ်နိုင်ဘူးဟု ခံစားမိသည်။

သူမ အလွန်ဒွိဟ ဖြစ်နေသော်လည်း ဒီကိစ္စကို ဆက်တိုက်စဥ်းစားပြီးသည့်နောက် ဘော့စ်ဖေး၏ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့သာ လီယာ့တာ ဆုံးဖြတ်လိုက်ပါတော့သည်။

"ငါအခုလုပ််နိုင်တာက ဂိမ်းထဲက အသေးစိတ် မှန်သမျှကို ပြီးပြည့်စုံအောင် အချောသပ်ပြီး ဘော့စ်ဖေး အချိန်မှီမပြောင်းလဲလိုက်နိုင်တဲ့ အသေးစိတ် အပြစ်အနာအဆာတွေကို ဖျက်ပစ်ဖို့ ကြိုးစားတာပဲ။ ကစားသမားတစ်ယောက်သာ ဒီလျှို့ဝှက်ချက်ကို တွေ့သွားမယ်ဆိုရင် ဘာ Bug မှ ကိုက်လို့ မဖြစ်ဘူး။ ဒီကံကောင်းတဲ့ ကစားသမားတွေကို အကောင်းဆုံး ဂိမ်းရသပေးနိုင်အောင် ငါလုပ်ရမယ်။"

လီယာ့တာက သူမ၏ မျက်မှန်ထူထူကို ပင့်တင်လိုက်ပြီး ရုတ်တရက်ကြီး စိတ်အားထက်သန်မှုများဖြင့် ပြည့်ဝသွားခဲ့သည်။ ဘော့စ်ဖေး ရာထူးတိုးပေးခဲ့သည့် အစီစဥ်ဆွဲသူချုပ်တိုင်းက ဘာကြောင့် အားအင်နဲ့ ခွန်အားတွေ ဒီလောက်ပြည့်ဝနေရသလဲ နားလည်စပြုလာပုံပင်။

ဘော့စ်ဖေးလိုလူမျိုးက စိတ်ခံစားချက်များကို တွန်းအားပေးနိုင်သဖြင့် သူ့လက်အောက်ရှိ ဝန်ထမ်းများက အားအင်များ တက်ကြွကာ ရှေ့ဆက်တိုးချင်စိတ်များ ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။

...

...

ထိုအချိန်တွင် ရုံးခန်းထဲ၌ စိတ်ခံစားချက်များကို တွန်းအားပေးနိုင်ပြီး ဝန်ထမ်းများကို အားအင်တက်ကြွစေကာ ရှေ့ဆက်တိုးချင်စိတ်များပေါ်လာစေသည့် ခေါင်းဆောင်ကြီးကတော့... သူ့ဖန်သားပြင်သူကြည့်နေမိသည်။ ထိုအချိန်တွင် သူ ဒေါသ အလွန်ထွက်နေမိပါသည်။

စိတ်တိုလိုက်တာကွာ>

ဖေးချမ့်က ဒီအထူးလက်နက်ကို ဂိမ်းထဲ ထည့်ပြီးပြီဖြစ်သောလည်း လက်နက်က ထင်သလောက် မစွမ်းပေ။

၎င်း၏ Stats များကို ပြောင်းလဲပြီးနောက် ဖုတုက ဖေးချမ့်အတွက်တော့ Dark Souls 1 ထဲက လခြမ်းဓားသွားလိုပင်။ သာမန်တိုက်ကွက်များက သိပ်အသုံးမဝင်ဘဲ တိုက်ကွက်များက နှေးကွေးသော်လည်း ဆက်တိုက်တိုက်ခိုက်မှုများတွင်တော့ အသုံးဝင်ပါသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ တိုက်ခိုက်မှု အကွာအဝေးက အတော်လေး ဝေးသည်။ ၎င်း၏ Damage ကလည်း မြင့်မား၏။ အတော်လေး ပြီးပြည့်စုံသည့်လက်နက်ဟု သတ်မှတ်နိုင်ပါသည်။

မွန်းစတားများနှင့် တိုက်ခိုက်ရာတွင် ၎င်းတို့၏ တိုက်ကွက်များကို ကစားသမားများ သေသေချာချာ ရှောင်ရှားနိုင်ပြီး ပြန်တိုက်ခိုက်ကာ ပြန်ဆုတ်ဖို့ အခွင့်အရေးတစ်ခုရှာနိုင်ပါက ထိုကဲ့သို့ ဆက်တိုက်လုပ်ဆောင်လျှင် ရန်သူအများစုကို အနိုင်ယူနိုင်သည်။

ထို့အပြင် ဖုတု၏ Damage က လခြမ်းဓားသွားထက်ပင် ပိုမြင့်မားနေပါသေးသည်။ ဂိမ်း၏ ခက်ခဲမှုအဆင့်ကို ပိုပြီးတောင် နိမ့်သွားစေပါသည်။

ပြဿနာက... ဒီလက်နက်ကို ပိုင်ဆိုင်ပြီးတာတောင် ကစားသမားများ၏ Damage က အတော် တိုးမြင့်သွားလိမ့်မည်ဖြစ်သော်လည်း မွန်းစတားတွေက ချိန်ရွယ်နိုင်သေးဆဲဖြစ်ကာ ချိန်ရွယ်ကြပြီး သူ့ကို သတ်နိုင်ပါသေးသည်။

ထို့ကြောင့် ဖေးချမ့်လည်း အခုထိ အခက်တွေ့ နာကျင်ခံစားနေရဆဲဖြစ်သည်။

"ငါ ဘာလို့ ဒီလိုအဆုံးသတ်သွားရတာလဲ..."

ဖေးချမ့် ဆိုးဆိုးဝါးဝါး ခံစားနေရပါသည်။

မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ငါတစ်ယောက်တည်းတော့ အနာမခံနိုင်ဘူး။

ဖေးချမ့် စိတ်တွေ ပိုပို တိုလာပြီး သူ့မှတ်စုစာအုပ်ထဲက နာမည်တစ်ခုကို သတိရသွားသည်။

ထိုအကြောင်းစဥ်းစားရင်း ဆဲလ်ဖုန်းကိုထုတ်ကာ လက်ထောက်ရှင်းထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

"ဆရာချောင်းကို ဆက်သွယ်ပြီး ကျွန်တော်တို့ ဂိမ်းသစ်ကို စမ်းကစားကြည့်ဖို့ စိတ်ဝင်စားလားလို့ မေးကြည့်လိုက်။ သူနဲ့စာချုပ်ချုပ်ပြီး ဂိမ်းဖန်တီးစဥ်ကာလမှာ သူက ပရော်ဖက်ရှင်နယ် ဂိမ်းစမ်းသပ်သူ လုပ်ရမယ်လို့ ပြောလိုက်။ ဒီဂိမ်းကို တစ်ရက် ၈ နာရီကစားပြီး သူ့ကိုနေ့စဥ် ယွမ် ၅၀၀ ပေးမယ်လို့ပါ ပြောလိုက်ချေ။"

"အင်း ဒီဂိမ်းကို တရားဝင် ထုတ်တဲ့နေ့ မတိုင်ခင်အထိ တစ်ရက် ၈ နာရီ ကစားရမယ်။ သူ မကစားနိုင်တော့ဘဲ စာချုပ်ကို ချိုးဖောက်မယ်ဆိုရင် တစ်ပြားတစ်ချပ်မှ မပေးဘူး။"

လက်ထောက်ရှင်း ချက်ချင်းပဲ သွားစီစဥ်လိုက်သည်။

ဆရာချောင်းက အမြဲလိုလို အပြေးလာပြီး သူနဲ့ အတူတူ အနာခံတတ်ကြောင်းတွေးကာ ဖေးချမ့် အများကြီး သက်သာသွားပါသည်။

ဆရာချောင်း ရောက်လာလိမ့်မည်ဟု ဖေးချမ့် ဘာကြောင့် သေချာနေရသလဲ။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့် သေသေချာချာ လေ့လာထားပြီးသားဖြစ်သောကြောင့်ပင်။

ဆရာချောင်း အိုင်လီကျွန်းဆီကို ရောက်သွားတော့ သူ့ငွေရေးကြေးရေးက အခြေအနေ ကောင်းနေသော်လည်း ငွေပိုရမည့်ကိစ္စကိုတော့ ဘယ်သူမှ ငြင်းဆန်မည်မဟုတ်ပေ။

ဖေးချမ့်၏ ကမ်းလှမ်းချက်က ဆရာချောင်းအတွက် ကဏ္ဍ ၃ ခုတွင် ဆွဲဆောင်မှု ရှိလိမ့်မည်။

ပထမတစ်ချက်က ငွေးကြေး အကျိုးခံစားခွင့်ဖြစ်၏။ တစ်လကို ရက် ၂၀ အလုပ်လုပ်လျှင် ဆရာချောင်း ယွမ် ၁၀,၀၀၀ ရရှိသွားမည်။

ဒုတိယ တစ်ချက်က ထန်းတာ့ဂိမ်း၏ ဂိမ်းသစ်အား ဆရာချောင်း ပထမဆုံး ခံစားခွင့်ရှိိမည်။ နောက်ပိုင်း ဒီဂိမ်းနဲ့ပတ်သတ်ပြီး ဗီဒီယိုရိုက်ချင်သည်ဖြစ်စေ သူ့ပရိသတ်တွေကို ကြွားချင်တာဖြစ်စေ ဆရာချောင်းက တခြား UP မာစတာများထက် ခြေတစ်လှမ်းသာနေပါလိမ့်မည်။

တတိယတစ်ချက်ကတော့ ဆရာချောင်းက ထန်းတာ့နှင့် ဘော့စ်ဖေးတို့အား အစစ်အမှန် တွေ့နိုင်တော့မည် ဖြစ်သည်။

ဂိမ်းကစားရုံနဲ့ ပိုက်ဆံရလိမ့်မည်။ ဒီလောက် ကောင်းတဲ့ အပေးအယူမျိုး ဘယ်မှာ ရှာတွေ့နိုင်ပါဦးမည်နည်း။ ထို့ကြောင့် ဆရာချောင်းက ကမ်းလှမ်းချက်ကို သေချာပေါက် လက်ခံပြီး ရောက်လာပါလိမ့်မည်။

မိနစ်အနည်းငယ်လောက် ဆက်ကစားပြီးနောက် ဖေးချမ့် ဂိမ်းခလုတ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။ ဒီနေ့အတွက်တော့ နာကျင်ရတာ လုံလောက်သွားပါပြီ။

ဂိမ်းထဲမှာ ဘာမှမတိုးတက်သော်လည်း အထူးလက်နက်ကိစ္စကိုတော့ဖြေရှင်းပြီးပြီ။ ဂိမ်းကို ဆက်လက် ကြိုးစားပြီး ကစားနေပါက မကြာခင် ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး ဇာတ်သိမ်းသို့ ရောက်နိုင်ပါလိမ့်မည်။

ဂိမ်း၏ တရားဝင် ထုတ်လုပ်ရက်မတိုင်ခင် အချိန်လိုသေးသဖြင့် သူ အလျှင်မလိုသေးပေ။

ဖေးချမ့်က ဒီနေ့ လက်ခံရရှိထားသည့် အမြန်ချောပို့ ဒလီဘာရီပစ္စည်းကိုယူပြီး အိမ်ပြန်နားဖို့ ပြင်လိုက်သည်။

သူ ဝင်ပေါက်နားကိုရောက်တော့ လက်ထောက်ရှင်း၏ မက်ဆေ့ချ် ဝင်လာခဲ့ပါသည်။

"ဘော့စ်ဖေး ဆရာချောင်းက သဘောတူပါတယ်တဲ့။ သူ ဒီအပတ် အားလပ်ရက်ကျရင် လာနိုင်တယ်လို့ပြောပါတယ်။ ကျွန်မ နေရာထိုင်ခင်း၊ အစားအသောက်နဲ့ ခရီးသွားစရိတ်တွေကို စီစဥ်ပေးလိုက်ပါ့မယ်။"

ဖေးချမ့် အလွန်ပျော်ရွှင်သွားသည်။ ကိစ္စတွေက အလွန်ချောမွေ့နေပါသည်။ ကြည့်ရတာ ဆရာချောင်းက အချိန်ယူပြီးတောင်မစဥ်းစားဘဲ လက်ထောက်ရှင်း ပြောပြီးတာနဲ့ ချက်ချင်း လက်ခံလိုက်သည့်ပုံစံပင်။

ဖေးချမ့် ချက်ချင်း စာပြန်လိုက်သည်။ "ဟုတ်ပြီ ကျွန်တော်တို့ စားသောက်စရိတ်နဲ့ နေထိုင်စရိတ်တွေ အကုန်လုံးကို တာဝန်ယူမယ်။ အားလုံးက အကောင်းဆုံး ဖြစ်နေရမယ်နော်။"

ဆရာချောင်းက အနာခံဖို့ သက်သက် ဒီအထိတောင် ရောက်လာမည်ဖြစ်ပြီး သူ့စိတ်အခြေအနေကိုလည်း ပြင်းပြင်းထန်ထန် စမ်းသပ်ခံရမည်ဖြစ်သောကြောင့် ဖေးချမ့်က အလျော်ပေးရမည် မဟုတ်ပါလား။

လက်ထောက်ရှင်းက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။ "နောက်တစ်ခု ဘော့စ်ဖေး။ ကျန်းကျုထျင်က ကျွန်မတို့ကိုကျေးဇူးတင်ထားတဲ့ Weibo မက်ဆေ့ချ်တစ်ခု ပို့ထားပါတယ်။ ကျွန်မတို့ရဲ့ တရားဝင် Weibo အကောင့်နဲ့ သူ့ကိုစာပြန်ဖို့ တစ်ယောက်ယောက်ကို စီစဥ်လိုက်ပါ့မယ်။"

"ဒါပေမယ့် ဘော့စ်ဖေးရဲ့ တရားဝင် Weibo အကောင့်နဲ့ အတည်ပြုချင်လား။"

ဘော့စ်ဖေးမှာလည်း ကိုယ်ပိုင် Weibo အကောင့် ရှိပါသည်။ သို့သော်လည်း အင်တာနက်သုံးဖို့နှင့် တစ်ခါတစ်လေ ကောင်မလေး လန်းလန်းလေးများ ကြည့်ဖို့သာ အသုံးပြုလေ့ ရှိသည်။ အတည်ပြုခံထားရသည့်အကောင့် မဟုတ်သဖြင့် ဘော့စ်ဖေး၏ အကောင့်ဖြစ်မှန်း ဘယ်သူမှ မသိကြပါ။

ထန်းတာ့မှာတော့ တရားဝင် Weibo အကောင့် ရှိပါသည်။ သို့သော်လည်း မကြာသေးခင်ကမှ ဖွင့်ထားခြင်းဖြစ်ပြီး စီမံရေးဌာနက တစ်စုံတစ်ယောက်က တာဝန်ယူစီမံထားပြီး အရမ်းကြီး နာမည်မရသေးပေ။

ဖေးချမ့်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါသည်။ "မလိုပါဘူး"

Weibo ပေါ်မှာ သူရေပန်းစားလာဖို့ မရည်ရွယ်ပေ။ သူ စိတ်လည်း မဝင်စားပါ။

ဖေးချမ့်က ဖုန်းကိုသိမ်းလိုက်ပြီး အိမ်ပြန်နားဖို့ ပြင်လိုက်သည်။ သို့သော် ခြေလှမ်း ၂လှမ်းလောက် လှမ်းပြီးနောက်တွင် တစ်ခုခုတော့ လွဲနေသလို ခံစားလိုက်ရ၏။

သူ့ဆဲလ်ဖုန်းကို ပြန်ထုတ်ကာ Weibo ဖွင့်လျက် 'ကျန်းကျုထျင်' ဟု ရှာလိုက်ပြီး သူတင်ထားသည့် မက်ဆေ့ချ်ကို ရှာလိုက်ပါသည်။

"အလုပ်ကိစ္စကြောင့် ကျွန်တော် ကျင်းကျိုးမြို့ကို ခရီးသွားခဲ့ရပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော် ဂိမ်းကုမ္ပဏီတစ်ခုနဲ့ တွဲလုပ်မှာပါ။ ဧကန္တ အားလုံးလည်း ကျွန်တော့်ကို မကြာခင် လိုင်းပေါ်မှာ တွေ့ရတော့မယ်ထင်တယ်။ ကျွန်တော် ဒီနှစ်ပိုင်းတွေထဲမှာ အကောင်းဆုံး အစားအသောက်ကို စားခဲ့ရပါသေးတယ်။ ကျွန်တော် လေးလေးနက်နက် ထောက်ခံပေးချင်ပါတယ်။ ခင်ဗျားတို့ထဲက ဘယ်သူမဆို ကျင်းကျိုးမြို့ကိုသွားရင် လက်လွတ်ခံလို့ မဖြစ်ဘူးနော်။"

All Chapters