← Chapters

ကံကောင်းလို့ ကျွန်တော့်လက်ထောက်က နေရာမှတ်မိတယ်

Vol. 16 Ch. 239

ကံကောင်းလို့ ကျွန်တော့်လက်ထောက်က နေရာမှတ်မိတယ်

Vol. 16 Ch. 239

ဖေးချမ့် "???"

ကျန်းကျုထျင်... ခင်ဗျားကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကိုတောင် ကျုပ်ကို ဒီလိုကျေးဇူးပြန်ဆပ်လိုက်တာပေါ့။

ဖေးချမ့် ကျန်းကျုထျင် Weibo အကောင့်၏ ကောမန့်များကို အမြန်ဖတ်ကြည့်လိုက်ပြီး အခြေအနေ ပြင်းထန်မှုကို စစ်ဆေးကြည့်လိုက်ပါသည်။

တုန့်ပြန်ချက်တွေသာ ကောင်းမွန်နေပါက ပြဿနာတက်တောာ့မည်။

ကျန်းကျုထျင်က 'ကျင်းကျိုး'နှင့် 'စားဖိုဆောင်' ဆိုသည့် စကားလုံးများကိုတောင် ထုတ်ပြောပြီးနေပါပြီ။ တစ်ယောက်ယောက်သာ တကယ်စိတ်ဝင်စားပြီး မေးလာပါက ဖေးချမ့် ဘယ်လိုလုပ်ရမည်နည်း။

ကျန်းကျုထျင်က သိပ်ပြီး ရေပန်းမစားတော့သော်လည်း သူ့အမာခံပရိသတ်တွေတော့ ရှိနေဆဲ ဖြစ်သည်။ သူတို့ထဲကတချို့သာ ကျင်းကျိုးမြို့ထဲ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပြီး 'ကျန်းကျုထျင်၏ ညစာ'ကို စမ်းစားကြည့်ချင်ပါက ဖေးချမ့်၏ စားသောက်ဆိုင် ပေါ်သွားတော့မည်မဟုတ်ပါလား။

ကျန်းကျုထျင်၏ ရေပန်းစားမှုက တိမ်ကောနေပြီဖြစ်သော်လည်း လွန်ခဲ့သည့်ရက်ပိုင်းလောက်က ဒီမက်ဆေ့ချ်ကို တင်လိုက်ပြီးကတည်းက ကောမန့် ၅၀၀ ကျော်လောက် ရှိနေပါသည်။

ဖေးချမ့် ခပ်မြန်မြန်ပဲ ကြည့်လိုက်သည်။

"စပွန်ဆာတွေ လက်ခံနေပြီပေါ့လေ။ ကောင်းပါတယ်။ ကောင်းပါတယ်။"

"ဟားဟားဟား ဘာဖြစ်လို့ စောစောက မပြောတာလဲ။ ခင်ဗျား ကျင်းကျိုးမြို့ရောက်နေမှန်း သိရင် လာတွေ့ပါတယ်။"

"နှမြောစရာကြီးကွာ။ ငါ့အိုင်ဒေါကိုတွေ့ဖို့ အခွင့်အရေး လက်လွှတ်လိုက်ရပြီ။"

"ဂိမ်းကုမ္ပဏီတစ်ခုတဲ့လား။ ဘယ်လိုဂိမ်းကုမ္ပဏီမျိုးက အမြော်အမြင်ရှိပြီး ဦးလေးကျန်းလို ရတနာမျိုးကို တွေ့ခဲ့တာလဲ။"

"ဦးလေးကျန်း ဒီစားသောက်ဆိုင်ကို ကြော်ငြာဖို့ ကူညီပေးနေတာလား။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ကို တည်နေရာသာ ပို့ပေးလိုက်။ ကျွန်တော်တို့ အားသွားပေးမယ်။"

"အဲ့တော့ အဲ့ဒီ စားဖိုဆောင်ကို ဘယ်မှာရှာလို့ရမလဲ။"

"အဲ့ဒီစားသောက်ဆိုင်က နည်းနည်းတော့ ပရော်ဖက်ရှင်နယ်မကျဘူးကွာ။ ကြော်ငြာပေးဖို့ ဦးလေးကျန်းကို အကူအညီတောင်းထားမှတော့ အနည်းဆုံး ဓာတ်ပုံကောင်းကောင်းလေးတွေ ပေးသင့်တာပေါ့။ အခုဓာတ်ပုံတောင် တစ်ပုံမှ မရှိတာ ဘယ်သူက သွားစားကြည့်မှာလဲ။"

ကျန်တာအားလုံးက အပေါ်က ကောမန့်များနဲ့ ဆင်တူပါသည်။

ဖေးချမ့် အခုတော့ အနည်းငယ် စိတ်အေးသွားပြီဖြစ်၏။

ပရိသတ်အများစုက မက်ဆေ့ချ်၏ အဓိပ္ပာယ်ကို နားလည်မှန်း သိသာပါသည်။ ကျန်းကျုထျင်က ဂိမ်းကုမ္ပဏီတစ်ခုနှင့် အလုပ် တွဲလုပ်နေပြီး ဘယ်လိုကုမ္ပဏီမျိုးဖြစ်ကြောင်းနဲ့ ဘယ်လိုအလုပ်မျိုးဖြစ်ကြောင်းကိုသာ ခန့်မှန်းဖို့ကြိုးစားနေကြသည်။

အနည်းစုကသာ Weibo မက်ဆေ့ချ်၏ ဒုတိယ တစ်ဝက်ကို စိတ်ဝင်စားကြပါသည်။

အဓိက အချက်က ဘာဓာတ်ပုံမှ တင်မထားခြင်းပင်။

အစားအသောက်နှင့် ဟင်းလျာများအတွက် ဓာတ်ပုံများက ဆွဲဆောင်မှု အရှိဆုံး ဖြစ်သည်။ ၎င်းတို့က စကားလုံး ၁,၀၀၀ နဲ့ ကိုက်ညီပြီး အားလုံး၏ စိတ်ဝင်စားမှုကို ချက်ချင်း ဖမ်းစားနိုင်ပါသည်။

အမှန်ပင်။ တစ်ယောက်ယောက်က စာရေးဆရာ တစ်ယောက်ဖြစ်ကာ စကားလုံးတွေနဲ့ သွားရည်ယိုစရာ အစားအသောက်အကောင်း ဖော်ပြနိုင်ပါက ခြားနားပါလိမ့်မည်။

သို့သော် ကျန်းကျုထျင်ကတော့ စာရေးဆရာကောင်း တစ်ယောက် မဟုတ်တာ သိသာပါသည်။

ထို့ကြောင့် တချို့တွေက စားဖိုဆောင်၏ လိပ်စာကို မေးနေကြတာတောင် အများစုက ဂရုမစိုက်ကြပေ။

ကျန်းကျုထျင်က တချို့ ရေပန်းစားသည့် ကောမန့် တချို့ကို ရွေးပြီး စာပြန်ထားပါသည်။

"ဒီပါတနာပူးတွဲလုပ်ဆောင်မှုက လောလောဆယ်တော့ လျှို့ဝှက်ထားရဦးမှာ။ အားလုံးကို သိပ်မကြာခင် Update လုပ်ပေးပါ့မယ်။"

"ဒီတစ်ခေါက် ကျင်းကျိုးမြို့ကို သွားရတာ နည်းနည်း အလျင်လိုခဲ့တာဆိုတော့ နောက်ပိုင်း အခွင့်အရေးရရင် သေချာပေါက် ကျင်းကျိုးမြို့က ကျုပ်မိတ်ဆွေတွေကို သွားတွေ့ဦးမှာပါ။"

"ကြော်ငြာပေးတာမဟုတ်ပါဘူးဗျာ။ အဲ့ဒီက အစားအသောက်တွေက တကယ် တကယ် စားကောင်းတာဗျ။"

"ကျုပ်လည်း တည်နေရာ အတိအကျတော့ မသိဘူး။ ကျုပ် ပါတနာတွေက ကားတစ်စီးနဲ့ ကျုပ်ကို ခေါ်သွားတာပဲ။ တော်တော်လေး လူနေနည်းတဲ့ ဗီလာနယ်မြေတစ်ခုထဲမှာဆိုတာပဲ မှတ်မိတယ်။ တစ်မူထူးခြားပြီး ရှုခင်းတွေကလည်း လှပါတယ်။"

"ကျုပ်မှာ ဓာတ်ပုံတော့ မရှိဘူး။ အဲ့ဒီ စားဖိုဆောင်က ဓာတ်ပုံရိုက်တာတွေ တားမြစ်ထားတဘ်။ ဓာတ်ပုံရိုက်တာက အစားအသောက်တွေရဲ့ ရသကို ပျက်စီးစေပြီးတော့ အသေးစိတ်တွေကို မြင်နိုင်မှာ မဟုတ်ဘူးလို့ထင်လို့တဲ့လေ။ ကျင်းကျိုးမြို့က ဒေသခံတွေကို သွားစားကြည့်ကြဖို့ လေးလေးနက်နက် တိုက်တွန်းချင်ပါတယ် ပြီးတော့ စျေးလည်း တော်တော် ကြီးနိုင်တယ်နော်။"

ကျန်းကျုထျင်သာ စာမပြန်ပါက ကိစ္စတွေ အကုန်အေးချမ်းသွားနိုင်သော်လည်း သူစာပြန်လိုက်သဖြင့် ပရိသတ်တွေက ပိုပြီး ဇဝေဇဝါဖြစ်လာကြသည်။

သူက တည်နေရာလည်း မသိ၊ ဓာတ်ပုံလည်း မရှိ၊ ထိုနေရာက အစားအသောက်တွေရဲ့ စျေးနှုန်းကိုတောင် မသိပါ။

တစ်ခုတည်းသော သဲလွန်စက အလွန်ထူးခြားသည့် လူနေနည်းသော ဗီလာနယ်မြေတစ်ခုထဲမှာ ဆိုခြင်းသာ ဖြစ်သည်။

သို့သော်လည်း ကျင်းကျိုးမြို့မှာ ထိုကဲ့သို့ နယ်မြေတွေက အများကြီး ရှိပါသည်။

ကျင်းကျိုးမြို့မှာ ရှုခင်းလှသည့် နယ်မြေ ၇ ခု ၈ ခုလောက်ရှိသည်။ တစ်ခုချင်းစီတိုင်းမှာလည်း ဗီလာအပိုင်း ၆ ခု ၇ ခုလောက်ရှိကြသည်။ ထိုနယ်မြေများအပြင် ပြန့်ကျက်နေသည့် ဗီလာတချို့လည်းရှိပါသေးသည်။

'လူနေနည်းပြီး'၊ 'ထူးခြားကာ'၊ 'ရှုခင်းလှပသည်' ဟူသော စကားလုံးများဖြင့် ရွေးချယ်ပါက အနည်းဆုံး ထိုဖော်ပြချက်များနှင့် ကိုက်ညီသည့် နေရာက ၂၀ - ၃၀ လောက််ရှိကြပါသည်။ ထို့အပြင် ထိုနေရာတစ်ခုချင်းစီတိုင်းမှာလည်း ဗီလာများစွာရှိပါသည်။ ဒီစားဖိုဆောင် ဘယ်နေရာမှာ ပုန်းကွယ်နေမလဲဆိုတာ ပရိသတ်တွေ ဘယ်လိုသိနိုင်ပါမည်နည်း။

လမ်းညွှန်ချက်လည်း မရှိ ဓာတ်ပုံလည်း ဘာမှ မရှိဘဲ သူတို့ ထိုစားသောက်ဆိုင်ကို ဘယ်လို သွားရှာရမည်နည်း။

သူတို့ တစ်အိမ်ချင်းသွားပြိး 'ဟယ်လို ဒါစားဖိုဆောင်လား' ဟူ၍တော့ လိုက်မေးဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။

အနည်းငယ် အဓိပ္ပာယ်မဲ့လွန်းပါသည်။

အသေးစား ကော်မာရှယ်ဗီလာဟု အားလုံး သိသွားပါက ဖြစ်နိုင်သည့် နေရာများစွာကို ပယ်ချနိုင်လိမ့်မည်။ ပြဿနာက ကျန်းကျုထျင်လည်း ထိုအကြောင်း မသိခဲ့ပေ။ ထို့ကြောင့် သူ့ပရိသတ်များလည်း လမ်းပျောက်နေဆဲ ဖြစ်သည်။

ကျန်းကျုထျင်က စားဖိုဆောင်၏ နာမည်ကိုတောင် မသိပါ။

သူ့ပရိသတ်တွေက ဆက်မေးနေရင်တောင် ကျန်းကျုထျင်ကိုယ်တိုင်က အဖြေကို မသိသဖြင့် ဘယ်လိုလုပ် အဖြေရနိုင်မည်နည်း။

ကောမန့်အားလုံးကို ဖတ်ပြီးနောက် ဖေးချမ့် စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။

အိုခေတယ် အားလုံးအဆင်ပြေတယ်။ ဒီတိုင်း သတိပေးချက် အတုအယောင်တစ်ခုပါပဲ။

ဖေးချမ့် စားသောက်ဆိုင်၏ တည်နေရာကို မဖော်ပြဘဲ ကျန်းကျုထျင်ကို ဓာတ်ပုံရိုက်ခွင့် မပေးခဲ့ခြင်းဖြင့် မှန်ကန်သော ရွေးချယ်မှုကို လုပ်ခဲ့ပါသည်။

ကျန်းကျုထျင်က ကြယ်ပွင့်တစ်ပွင့်ဖြစ်ကာ ဘဝ အတွေ့အကြုံများစွာရှိသည်။ သူက ဟင်းလျာကောင်းကောင်း စားသောက်ရတာကို ကြွားချင်ရုံသက်သက်နဲ့ ဓာတ်ပုံရိုက်တတ်သော လူနုံတွေလိုမဟုတ်ပေ။ စားသောက်ဆိုင်၏ တည်နေရာကိုလည်း အထူးတလည် အာရုံစိုက်မည့်လူမဟုတ်ပါ။

ဖေးချမ့် အလွန်ဝမ်းသာသွားပါသည်။ ကျားကျုထျစ် သူ့ကို ပြဿနာ အများကြီးရှာမပေးခဲ့တာ ကျေးဇူးတင်ရမလိုပင်။

ကြည့်ရသလောက်တော့ မင်ယွမ်စားဖိုဆောင်က လူတွေရှာတွေ့မည့်အန္တရာယ် ကျရောက်နိုင်မည့်ပုံမပေါ်သေးပေ။

သူ့ဆဲလ်ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ဖို့ လုပ်ရုံရှိသေးသည်။ 'ဒင်' ဟူသော အသံဖြင့် မက်ဆေ့ချ် အသိပေးချက် ဝင်လာ၏။ ကျန်းကျုထျင်က Weibo မက်ဆေ့ချ်သစ်တစ်ခု တင်လိုက်ပါသည်။

"ကျုပ်မှာ တည်နေရာ ရှိတယ်ဗျို့။ ကျုပ်လက်ထောက်ကို မေးကြည့်ပြီးပြီ။ ကံကောင်းလို့ သူတည်နေရာကို ချမှတ်ထားတယ်တဲ့။ တည်နေရာ: ကျင်းကျိုးမြို့ - မင်ယွမ်ဗီလာ"

"ဖွီးး..."

ဖေးချမ့် သွေးအန်လုနီးပါးဖြစ်သွားသည်။

သွားပြီ...။ ဒီလက်ထောက် ငါ့ကို သတ်လိုက်ပြီ။

ကျန်းကျုထျင်က တည်နေရာကို မမှတ်မိဘဲ သူ့လက်ထောက်ကတော့ မှတ်မိနေပါသည်။

စဥ်းစားကြည့်မှ ထိုလက်ထောက်က အရသာရှိ ဟင်းလျာများဖြင့် ပြည့်နှက်နေသော စားပွဲကြီး၊ အထူးသဖြင့် ကဏန်းဘုရင် ဟင်းလျာကြီးကို မြင်ခဲ့ပြီးဖြစ်ကာ သူ့မျက်လုံးတွေကလည်း တောက်ပနေခဲ့သည်။ ထိုမြင်ကွင်းကို သူ ဘယ်တော့မှ မမေ့နိုင်တော့မှာ အသေအချာပင်။

ဖေးချမ့် အများကြီး မစဥ်းစားမိခဲ့ဘဲ လက်ထောက်ကို ဓာတ်ပုံမရိုက်ဖို့သာ တားခဲ့ပါသည်။

သို့သော်လည်း သူက စားသောက်ဆိုင်၏ တည်နေရာကို တကယ်ကြီး ချမှတ်ထားခဲ့၏။ ဖေးချမ့် ဘယ်လိုမှ သတိမထားမိနိုင်ခဲ့ပေ။

မကြာမီ ကောမန့်အကန့်ထဲ ပိုပြီး ပူညံပူညံဖြစ်လာသည်။

"မင်ယွမ်ဗီလာ ဟုတ်လား။ အဲ့နေရာကတော့ တကယ် လူနေနည်းတယ်။ ညွှန်းပေးတဲ့အတွက် ကျေးဇူးပါပဲနော် ဦးလေးကျန်း။ တစ်ရက်လောက်တော့ ကားနဲ့ သွားကြည့်လိုက်ဦးမယ်။"

"ဝိုး တော်တော်ဝေးသားပဲ။ ကားနဲ့ဆိုရင်တောင် ၁ နာရီလောက် ကြာမယ်။"

"တကယ်ကောင်းလွန်းလို့ ဦးလေးကျန်း ဒီလောက် ချီးကျူးနေတာလား။ တစ်ယောက်ယောက်လောက် သွားစားကြည့်ကြပါလား။ တကယ်ကောင်းရင် ငါလည်း ကျင်းကျိုးမြို့ဆီ လေယာဥ်နဲ့လာပြီး စမ်းစားကြည့်ဦးမယ်။ ရှုခင်းတွေလည်း ကြည့်ရတာပေါ့။ ကျင်းကျိုးမြို့မှာ ဘယ်လို သွားကောင်းတဲ့နေရာတွေ ရှိနေမလဲ မသိနိုင်ဘူး။"

ဖေးချမ့်တစ်ယောက် Weibo အကောင့် Page ကို ဆွဲကြည့်နေရင်း အေးခဲသွားပါသည်။

ယခင် မက်ဆေ့ချ်ကဘာမှမဖြစ်ပေ။ လူအများစုက ကျန်းကျုထျင်၏ ကော်မာရှယ်ပါတနာ အကြောင်းကိုသာ အာရုံစိုက်ထားကြ၏။

ဒီမက်ဆေ့ချ်ကတော့ ဆိုးပါသည်။ မင်ယွမ်စားဖိုဆောင်၏ တည်နေရာကို အထူးတလည် ဖော်ပြလိုက်ခြင်းပင်။

အလွန်မျက်စိကျစရာလည်း ကောင်းသည်။

လူတွေ ရောက်လာတော့မည်။

ဖေးချမ့် ခေါင်းတွေကုတ်မိသည်။

ဒီလူတွေကို မောင်းထုတ်ဖို့ ဘာလုပ်နိုင်မလဲ။

သူတို့ကို ပြန်လွှတ်ဖို့ မကောင်းတာတစ်ခုခုတော့ သေချာပေါက် မလုပ်နိုင်ပေ။

"စိတ်အေးအေးထားစမ်း။ ကိစ္စတွေက အဲ့လောက်တော့ မဆိုးလောက်ပါဘူး။ ဒီကို လူနည်းနည်း ရောက်လာရင်တောင် ပြဿနာမရှိဘူး။ ဒီဆိုင်က စျေးသောက်ရမ်းကြီးနေတာ အများစု ဝယ်စားနိုင်မှာ မဟုတ်ဘူး။"

"ကျန်းကျုထျင်ရဲ့ အရင်မက်ဆေ့ချ်က Like ၄,၀၀၀ ကျော်ပဲ ရတယ်။ သူ့ပရိသတ်တွေကလည်း နိုင်ငံတစ်ဝှမ်းလုံးမှာ ပြန့်ကြဲနေတာပဲလေ။ သူတို့ထဲက နည်းနည်းလောက်ပဲ မင်ယွမ်စားဖိုဆောင်ကို တွေ့သွားတယ် ထားဦး။ လူ ဆယ်ဂဏန်းလောက်ပဲရှိမှာ။ တချို့က စျေးနှုန်းကို တတ်နိုင်မှာတောင် မဟုတ်ဘူး။"

"အင်း မင်ယွမ်စားဖိုဆောင်က လစဥ် အရှုံးကြီးကြီး ပေါ်နေမှာ။ ကတ်စတမ်မာ တစ်လှိုင်းလောက် ရောက်လာရင်တောင် ရေရှည်အတွက် အရှုံးကို ကာမိမှာ မဟုတ်သေးဘူး။"

ဖေးချမ့် အစကတော့ အနည်းငယ် ပျာယာခတ်သွားသော်လည်း အနည်းငယ် စိတ်အေးအေးထားကြည့်လိုက်သောအခါ ကိစ္စတွေက သူထင်သလောက် မဆိုးရွားသေးဟု ခံစားလိုက်ရပါသည်။

ဘာပဲဖြစ်ဖြစ် မင်ယွမ်စားဖိုဆောင်တွင် ခံတပ် တချို့ရှိနေဆဲဖြစ်၏။ အတော်လေး ချောင်ကျပြီး သွားရလာရတာ ဝေးကာ ဟင်းလျာများကလည်း မတော်မတရား စျေးကြီးလွန်းသည်။ ဟင်းလျာတွေထဲက ရှားပါး ပါဝင်ပစ္စည်းတချို့ကို ကြိုတင်မှာယူထားရမည်။ ဒီလိုဆို သေချာပေါက် သာမန်ကတ်စတမ်မာတွေကို ပထုတ်နိုင်ပါလိမ့်မည်။

အမှန်ပင်။ ဒီလိုဖြစ်နိုင်တာမှန်သော်လည်း ဖေးချမ့် ဒီတိုင်း ထိုင်ကာ ဘာမှမလုပ်ဘဲ နေလို့ မဖြစ်ပေ။

သူ ခေတ္တ စဥ်းစားကြည့်ကာ စားဖိုမှူးလင်းကိ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

All Chapters