← Chapters

ရှင်းလင်းချက်မဲ့

Vol. 16 Ch. 240

ရှင်းလင်းချက်မဲ့

Vol. 16 Ch. 240

ဖုန်းက ချက်ချင်း ဝင်သွားပါသည်။ လင်းကန်ရုံက ဘော့စ်ဖေး သူ့ကို ဖုန်းဆက်လိမ့်မည်ဟု မထင်ထားလောက်ပေ။ သူ့လေသံက စိတ်မသက်သာသလိုဖြစ်နေပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဘာညွှန်ကြားစရာများ ရှိလို့လဲ။"

ဖေးချမ့်က သာမန်အတိုင်း ပြောလိုက်ပါသည်။ "ဘာမှ ရေးကြီးခွင်ကျယ်တော့ မဟုတ်ပါဘူး။ လတ်တလော မင်ယွမ် ဗီလာမှာ ကတ်စတမ်မာတွေ ရှိသေးလား မေးချင်လို့ပါ။"

လင်းကန်ရုံက ချက်ချင်း ပြန်မဖြေနိုင်ပေ။ သူ ရှက်ရွံ့မိပါသည်။

ကတ်စတမ်မာ ဘယ်လောက်ရှိသလဲဟူသည့် မေးခွန်းတောင် မဟုတ်ဘဲ... ကတ်စတမ်မာရှိသေးလား ဟူသည့် မေးခွန်း ဖြစ်နေပါသည်။

စတင်ဖွင့်လှစ်လိုက်သည့် နေ့ကတည်းက မင်ယွမ်စားဖိုဆောင်က ထန်းတာ့၏ ဝန်ထမ်းတွေ့ဆုံပွဲနှင့် ကျန်းကျုထျင် လာရောက်စဥ်တုန်းက ဧည့်ခံပွဲတို့ကိုသာ ကျင်းပပေးခဲ့သည်။ ဒါတွေကလွဲပြီး တခြား ကတ်စတမ်မာ မရှိပေ။

ဖြစ်လည်း ဖြစ်သင့်ပါသည်။ သူတို့ ကြော်ငြာလည်း မရှိသလို မြင်လည်း မမြင်သာပေ။ ထို့ကြောင့် ဘယ်သူမှ မင်ယွမ်စားဖိုဆောင်ကို အားပေးကြမှာ မဟုတ်ပါ။

တချို့ဝမ်ထမ်းတွေကတော့ မင်ယွမ်စားဖိုဆောင်အကြောင်း သူတို့မိတ်ဆွေများကို ပြောပြထားပါသည်။ သို့သော်လည်း အလွန် လူသူနည်းပါးကာ ဝေးလံလွန်းသည်။ လမ်းပြမည့်လူမရှိပါက ထိုမိတ်ဆွေတွေ စားသောက်ဆိုင်ကိုရှာဖို့ အလွန်အမင်း ခက်ခဲနိုင်ပါသည်။ လူအများစုကတော့ ကိုယ်တိုင်လာပြီး ရှာကြည့်ဖို့ စိတ်မပါကြပေ။ ထို့အပြင် သိပ်မကြာသေးခင်ကမှ ထန်းတာ့၏ ဝန်ထမ်းများက ဒီမှာ စားသောက်ခဲ့ကြသည်။ ဘယ်သူမှ အကြောင်းအရင်း မရှိဘဲ ဒီကို ဒုတိယအကြိမ် လာချင်မည် မဟုတ်ပေ။

ထို့ကြောင့် လတ်တလော ကတ်စတမ်မာ လုံးဝ လုံးဝ မရှိပါ။

သူ့အလုပ်သူ တာဝန်ကျေအောင် မလုပ်သည့်ပုံပေါက်လိမ့်မည်ဖြစ်သော်လည်း လင်းကန်ရုံ ခေတ္တစဥ်းစားပြီး အမှန်တိုင်းသာ ပြောဖို့ဆုံးဖြတ်လိုက်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘော့စ်ဖေးကို သူ လိမ်လို့ ရမှာလည်း မဟုတ်ပါ။

ဘော့စ်ဖေးက အမြော်အမြင်ကြီးသည်။ လင်းကန်ရုံသာ သူ့ကို လိမ်လိုက်ပါက အကျိုးဆက်များက ကြီးမားပါလိမ့်မည်။

"ဘော့စ်ဖေး ကျွန်တောတို့ တစ်ချိန်လုံး ကတ်စတမ်မာ တစ်ယောက်တောင် မတွေ့ရပါဘူး။ ကျွန်တော် တာဝန်ယူမှဖြစ်မယ်။ ကျွန်တော်တို့ စားသောက်ဆိုင်အတွက် သေသေချာချာ မကြော်ငြာရသေးလို့ ဖြစ်မှာပါ။ ကျွန်တော် ခုချက်ချင်းပဲ ကြော်ငြာကဏ္ဍကို အာရုံစိုက်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်ပါ့မယ်" လင်းကန်ရုံက သူ့အမှားများကို ဦးစွာ ဝန်ခံလိုက်ပါသည်။

ဖေးချမ့်က ထိုစကားကြားတာနဲ့ ချက်ချင်း ဖြတ်ပြောလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် ဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူး။ ခင်ဗျားလုပ်တာ ကောင်းပါတယ်။ ခင်ဗျားရဲ့ အဓိက တာဝန်က အကောင်းဆုံး အစားအသောက်နဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ပဲ။ ကြော်ငြာကိစ္စလိုမျိုး ကိစ္စတွေကို စိတ်ပူစရာ မလိုဘူး။"

"ကျွန်တော်ဖုန်းဆက်လိုက်တာက ကိစ္စတချို့ အသားပေးပြောစရာရှိလို့ပါ။"

"သိပ်မကြာခင် မင်ယွမ်စားဖိုဆောင်ကို လူတချို့ ရောက်လာနိုင်တယ်။ ခင်ဗျား စားပွဲထိုးတွေ အကုန်လုံးကို အခုပြောမယ့်အရာတွေကိုပဲ အာရုံစိုက်ထားဖို့ သတိပေးပါ။ ပထမအနေနဲ့ ဘယ်ကတ်စတမ်မာကိုမှ ဓာတ်ပုံရိုက်ခွင့်မပေးရဘူး။ ဒုတိယအနေနဲ့က ဘာကိုမှ လွန်လွန်ကြူးကြူးတွေ ရှင်းပြမနေနဲ့။ တတိယတစ်ခုကတော့ ဘယ်သူ့ကိုမှ ခြွင်းချက်ထားစရာ မလိုဘူး။"

"နားလည်ရဲ့လား။"

လင်းကန်ရုံ "အာ..."

သူ အပြည့်အဝ နားမလည်မှန်း သိသာပါသည်။

ဖေးချမ့်က ဘာမှ ပိုပြီး ရှင်းမပြတော့ပါ။ 'ဘာကိုမှ လွန်လွန်ကြူးကြူး ရှင်းမပြဖို့' ဆိုတာက သူတို့ ဘာကြောင့် ဟင်းချက်ပစ္စည်းတွေ အများကြီး လိုအပ်နေတာလဲ၊ အကုန်လုံးကို ဘာလို့ ကြိုတင်အော်ဒါတင်ရမှာလဲ စသဖြင့် ကတ်စတမ်မာတွေ မေးလာသည့်အခါ ဘာမှ မရှင်းပြဖို့ ဖြစ်ပါသည်။

စားပွဲထိုးတွေက ဒီလိုသာ ဖြေသင့်သည်။ "ကျွန်တော်တို့ရဲ့ ဟင်းချက်ပစ္စည်းတွေက အရမ်းတန်ဖိုးရှိတယ်။ ကျွန်တော်တို့ နိုင်ငံခြားကနေ တင်သွင်းရတာမို့လို့ပါ။”

ဒီလောက်ဆို လုံလောက်ပါပြီ။ ဘာကြောင့် အလွန် တန်ဖိုးကြီးပြီး ထိုဟင်းချက်ပစ္စည်းတွေကို ဘယ်က တင်သွင်းတာလဲ စသဖြင့် အလုံးစုံ ရှင်းပြနေဖို့ မလိုအပ်ပါ။

သူတို့ စားသောက်ဖွယ်ရာတွေက ဘာကြောင့် တခြားဆိုင်တွေထက် စျေးကြီးနေရတာလဲဟု ကတ်စတမ်မာတွေ မေးလာနိုင်ပါသေးသည်။

ဒီလိုဆို စားပွဲထိုးတွေက ရိုးရိုးရှင်းရှင်း ပြန်ဖြေရမည်။။ "ကျွန်တော်တို့က ပိုကောင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားပြီး၊ ပိုကောင်းတဲ့ စားသုံးမှုရသနဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်လို့ပါ" ဟူ၍ဖြစ်သည်။ ပါဝင်ပစ္စည်းတွေက ဘယ်လိုပြန်ကောင်းကြောင်းနဲ့ စားသုံးမှုရသ၊ ဝန်ဆောင်မှုတို့၏ အကျိုးကျေးဇူးများကို အလွန်အကြူး ရှင်းပြဖို့ မလိုအပ်ပေ။

အနှစ်ချုပ်ပြောရလျှင် အများကြီး ကြွားလုံး မထုတ်ရပါ။

ဘယ်သူ့ကိုမှ ခြွင်းချက်မထားရမည့်ကိစ္စကတော့ ဘော့စ်တစ်ယောက်ယောက် စားသောက်ဆိုင်သို့ ရောက်လာသည့်အချိန်မျိုးကို ဖေးချမ့်ဆိုလိုခြင်းဖြစ်သည်။ သူတို့တွေက ငွေအမြောက်အများ သုံးမည်ဆိုရင်တောင် သူများတွေလိပဲ ကြိုတင်ဘိုကင်တင်ဖို့ လိုပါလိမ့်မည်။ တစ်ချိန်တည်းမှာပဲ စားပွဲထိုးတွေက သူတို့ကို အထူးတလည် ဘာမှ ရှင်းပြစရာ မလိုပါ။

အမှန်ပင်။ သူတို့ကို ဝန်ဆောင်မှု ဆိုးဆိုးဝါးဝါး ပေးခိုင်းတာ မဟုတ်ပေ။

ကတ်စတမ်မာတွေကို စံနှုန်းတစ်ခုအထိသာ ဝန်ဆောင်မှုပေးသင့်သည်။ မလိုအပ်တာတွေကို အလွန်အကြူး ရှင်းပြဖို့ မလိုရုံသာ ဖြစ်သည်။

"နားလည်ရဲ့လား" ဖေးချမ့် ထပ်မေးလိုက်၏။

လင်းကန်ရုံပြန်ဖြေလိုက်ပါသည်။ "အာ... နားလည်ပါပြီ ဘော့စ်ဖေး။ အဲ့ဒီညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာပါ့မယ်။"

လင်းကန်ရုံ မေးခွန်း ထပ်မမေးတော့ပါ။ ဖေးချမ့် ကျေနပ်သွားပါသည်။

ညွှန်ကြားချက်တချို့ ထပ်ပေးပြီးနောက် တစ်ခုခုဖြစ်တာနဲ့ သူ့ကို ဖုန်းဆက်ဖို့ လင်းကန်ရုံကို သတိပေးခဲ့သည်။ ပြီးမှ ဖေးချမ့် ဖုန်းချလိုက်ပါသည်။

လင်းကန်ရုံက ဖုန်းထဲမှာ မေးခွန်း များများစားစား မမေးသော်လည်း ဖုန်းချပြီးနောက် အတွေး နက်နက်ရှိုင်းရှိုင်းထဲ ဝင်ရောက်သွားခဲ့သည်။

ဘော့စ်ဖေး ဘာလုပ်ဖို့ ကြံနေတာလဲ။ ဘာမှ မရှင်းပြဘဲ သမိုင်းဝင် ရောင်းအားမျိုးရဖို့ ကြိုးစားနေတာလား။ ကတ်စတမ်မာတွေ ဘာမေးမေး သူတို့ အများကြီး ရှင်းပြလို့ မရဘူးတဲ့လား။

'စားစရာရှိတာစား။ ဘာလို့ မေးခွန်းတွေ လာထူနေတာလဲ' ဟု ပြန်ပြောရမှာလား။

အမှန်ပင်။ ၎င်းတို့၏ အပြုအမူက ဒီလောက်တော့ ရိုင်းပျလို့ မဖြစ်ပေ။ ဘော့စ်ဖေးစကားအရဆို စားပွဲထိုးတွေက ကတ်စတမ်မာများအား တော်ဝင်သူများလို ဝန်ဆောင်မှုပေးရမည်။ သို့သော်လည်း တစ်ခုတည်းသော လိုအပ်ချက်က တော်ဝင်သူတွေရဲ့ မေးခွန်းတွေကို အသေးစိတ် ရှင်းမပြဖို့သာ ဖြစ်သည်။

ဒါက လင်းကန်ရုံ လုပ်နေကျ အရာများနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

ဘာာကြောင့်မှန်းမသိဘဲ တစ်ခုခုတော့ မူမမှန်သလို သူခံစားလိုက်ရသည်။

လူတွေက နားလည်မှု မလွဲဖို့အတွက် အချင်းချင်း ဆက်သွယ်ရသည်။ ကတ်စတမ်မာတွေက တစ်နည်းနည်းဖြင့် မပျော်မရွှင် ဖြစ်လာပါက စားပွဲထိုးတွေက အကောင်းဆုံး ကြိုးစားပြီး ၎င်းတို့၏ သံသယများကို ဖယ်ရှားကာ တတ်နိုင်သမျှ နားလည်မှုရှိအောင် ကြိုးစားပေးရမည်ဖြစ်သည်။

သူတို့ ဘာမှ မလုပ်ဘဲ ရယ်ပြ ပြုံးပြနေပါက နားလည်မှုလွဲတာ ပိုဆိုးသွားနိုင်ပါသည်။

သို့သော်လည်း... ဘော့စ်ဖေးက သူ့ညွှန်ကြားချက်ကို ရှင်းရှင်းလင်းလင်း ပြောသွားသည်။ လင်းကန်ရုံ နားလည်ဖို့အတွက် ဖုန်းတောင် ဆက်ခဲ့သေးသည်။ သူ့အတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ သိသာပါသည်။

"မသိတော့ဘူးကွာ။ ဘော့စ်ဖေးမှာ သူ့ရည်ရွယ်ချက်နဲ့ သူ ရှိမှာပါ။ ငါ အတွေးမလွန်သင့်ဘူး။ ဘော့စ်ဖေးပြောတဲ့အတိုင်းပဲ လုပ်မယ်။ နေပါဦး။ မကြာခင် ကတ်စတမ်မာတွေ ရောက်လာမယ်ဆိုတာ ဘော့စ်ဖေး ဘယ်လိုလုပ်သိလဲ။"

"သြော် ဘော့စ်ဖေးက စားသောက်ဆိုင်ကို ကြော်ငြာဖို့ နည်းလမ်း တစ်ခုခု ရှာတွေ့သွားတာ နေမှာပေါ့။ အဲ့တာကြောင့် ငါ့ကိုကြော်ငြာကိစ္စ စိတ်မပူဖို့ပြောတာနေလိမ့်မယ်။"

ဘော့စ်ဖေး ဘာတွေတွေးနေသလဲ လင်းကန်ရုံ အပြည့်အဝ နားမလည်ပေ။ သို့သော်လည်း အရာအားလုံးက ဘော့စ်ဖေး၏ လက်ပေါ်မှာ ရှိနေသည်ဟု ခံစားမိပါသည်။ ဘော့စ်ဖေးက အနာဂတ်အတွက် အားလုံးကို ကြိုတင်ပြင်ဆင်ထားသလိုပင်။

ဒီလို ခေါင်းဆောင်မျိုးရထားတာ ဘယ်လောက် ကောင်းလိုက်သလဲ။

လင်းကန်ရုံ စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ညွှန်ကြားချက်များကို စားပွဲထိုးများဆီ လက်ဆင့်ကမ်းဖို့ ပြင်ဆင်လိုက်ပါတော့သည်။

...

...

ညအချိန်ရောက်သည့်အခါ ဖေးချမ့် သူ့တိုက်ခန်းကိုသူ ပြန်ရောက်နေပြီဖြစ်သည်။ သူ တစ်စစီ ဖြုတ်ထားသည့် ကင်မရာတစ်လုံး၏ အစိတ်အပိုင်းများကို ရှင်းလိုက်ပြီး ဗီဒီယိုကို တည်းဖြတ်မှုတချို့ လုပ်ကာ တင်လိုက်ပါသည်။

အမာခံဝေဖန်ချက်များက ပရိသတ်များ ပိုပိုရလာပြီဖြစ်သည်။ ပရိသတ် အရေအတွက်က သာမန်နှုန်းဖြင့် တိုးနေသော်လည်း လက်ရှိအခြေအနေများက ဖေးချမ့် မျှော်လင့်ထားတာထက် ပိုသာနေပါသည်။

အနှစ်ချုပ်ပြောရလျှင် သူ့ရည်ရွယ်ချက်ကို သူ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါပြီ။

လင်းချန်းက ဖေးချမ့်ကို သတိရသွားရင်တောင် ငွေကို လက်ခံယူပြီးနောက် ဘာမှ မလုပ်ဘဲ ထိုင်နေသည်ဟု ပြောလို့ မရတော့ပေ။

ဖေးချမ့် ယခင်အပိုင်းများရှိ စုတ်စုတ်ပြတ်ပြတ် တချို့ Bullet ကောမန့်များကို ဖတ်ကြည့်လိုက်ပြီး အနာဂတ်အတွက် အစီအစဥ် စချလေသည်။

အရေးကြီးဆုံးက ဂိမ်းနှစ်ခုဖြစ်တာ သေချာသည်။

Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းက သူထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြီးမြောက်နေပါသည်။ ကြော်ငြာတောင် ရိုက်ကူးပြီးသွားပြီ။ ၁၀ ရက်သာ လိုတော့သည့် လာမည့်လဆန်းပိုင်းတွင် ဂိမ်းကိုကြော်ငြာပြီး စမ်းသပ်ဖို့အတွက် ထုတ်ဝေနိုင်ပါပြီ။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကတော့ အချိန် ၁ လလောက် လိုနေပါသေးသည်။

မင်ယွမ်စားဖိုဆောင်ကိုလည်း စောင့်ကြည့်ရဦးမည်။ ဒီကားကို ပက်လက်လန်ခွင့်ပေးလို့ မဖြစ်ပါ။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်၊ လေဆန်ပို့ဆောင်ရေးနှင့် ဖေဟွမ်လုပ်ငန်းအစရှိသည်တို့ကိုတော့ လောလောဆယ် စိတ်ပူဖို့ မလိုသေးပေ။ ပထမ ကုမ္ပဏီနှစ်ခုက ပုံမှန် အရှုံးပေါ်နေပြီး ဖေးဟွမ်လုပ်ငန်းကလည်း သူ ဝင်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီတိုင်းပဲ ဆက်ရှိနေမည်ဖြစ်သည်။

ကောင်းတာတစ်ခုက သူ့ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားသဖြင့် အခုဆို ငွေတွေဆုံးရှုံးတာာ ပိုမြန်ဆန်နေပါပြီ။

လေဆန်ပို့ဆောင်ရေးရုံးတွေအကုန်လုံးက ယခု လမ်းမှန်ရောက်နေပြီ။ အထူးသဖြင့် ဖေးချမ့် မကြာမကြာ သွားတတ်သော နေရာတွေမှာဆို ပါဆယ်များအား အိမ်တံခါးရှေ့ထိ ပို့ဆောင်ပေးနေနိုင်ပါပြီ။

အမှန်ပင်။ တချို့လူတွေကတော့ ဒလီဘာရီသမားတွေ သူတို့ တံခါးရှေ့ထိ ပို့ဆောင်ပေးတာမျိုးကို မလိုချင်ကြပေ။ ထိုလူတွေက သူတို့ ပါဆယ်ကို သူတို့ဖာသာ လာယူချင်ကြပါသည်။ ကိစ္စ မရှိပါ။ လေဆန်ပို့ဆောင်ရေး ရုံးများက နယ်မြေအပိုင်း သေးသေးလေးတွေကိုသာ ဝန်ဆောင်မှုပေးသညည်။ ပါဆယ်တွေကို သူတို့အိမ်တံခါးရှေ့ထိ ပို့မပေးဖို့ ဖုန်းဆက်ပြီး တောင်းဆိုနိုင်သည်။ ထို့နောက် သူတို့ပါဆယ် သူတို့လာယူနိုင်ဖို့ စီစဥ်ပေးပါလိမ့်မည်။

ဖေးချမ့် ခေတ္တစဥ်းစားကြည့်လိုက်ပြီး ဒီတစ်ခေါက် အရှုံးပေါ်ခြင်းက လေဆန်ပို့ဆောင်ရေးအပေါ် မူတည်နေတာကို သဘောပေါက်သွားပါသည်။ သူ့တခြား စီးပွားရေးလုပ်ငန်းများက ပုံမှန်ဖြစ်နေသည့်ပုံပေါက်သော်ငြားလည်း ဘယ်ကမှန်းမသိ မိုးကြိုးမုန်တိုင်း ပေါ်မလာနိုင်ဘူးဟု ဘယ်သူမှ မပြောနိုင်ပေ။

လေဆန်ပို့ဆောင်ရေး လုပ်ငန်းကို အခြေတည်အောင် လုပ်နိုင်ပါက တခြားလုပ်ငန်းတွေ ရုတ်တရက်တစ်ခုခုမှားယွင်းသွားရင်တောင် လေဆန်ပို့ဆောင်ရေး ရုံးနည်းနည်းလောက် ထပ်ဖွင့်ပြီး၊ ဒလီဘာရီသမား တချို့ထပ်ငှားကာ ဝင်ငွေကို ထိန်းချုပ်နိုင်ပါသည်။

All Chapters