← Chapters

ကြောင်တောင်တောင်နဲ့ ချစ်စရာလေးတွေ

Vol. 22 Ch. 317

ကြောင်တောင်တောင်နဲ့ ချစ်စရာလေးတွေ

Vol. 22 Ch. 317

အဲ့‌ဒါက လုံး၀မျှော်လင့်မထားသည့်အရာပင်။

ဆူဇီ၏ မျိုး‌ဆက်သွေးထဲတွင် ဘယ်လောက်‌တောင် ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေကို ဝှက်ထားသလဲဆိုတာ သူတို့မသိနိုင်ပေ။

ဆူဇီမို၏ မျိူးဆက်‌သွေးက ဇန်းနစ်နွေဦးရေလို အရာမျိုးတွေထက်တောင် ပိုမိုအားကောင်း စွမ်းအားကြီးသေးလေသည်။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူများအားလုံး ငူငိုင်သွားကြ၏။

လူသားတစ်ယောက်ရဲ့ မျိုးဆက်သွေးက မြောက်ပိုင်းနှင်းရေခဲနှင့် ဇန်းနစ်နွေဦးရေတို့လို တစ်ကယ့်ရှားပါး စိတ်‌ဝိညာဉ်အရည်တို့နဲ့တောင် နှိုင်းယှဉ်နိုင်တယ်တဲ့လား…

ထိုသံသယက မရှင်းလင်းသေးခင်မှာပင် လူတို့၏ အမြင်အာရုံနှင့် စိတ်အာရုံတို့ကို အသစ်ဖြစ်ပေါ်လာသော သွေးသောက်ဓါးက ဆွဲဆောင်သွားလေသည်။

ကြီးမားတုတ်ခိုင်သော ဓါးသွားကြီးသည် ထိတ်လန့်ဖွယ်ရာ ရဲရဲနီ၍ မျက်စိစူးစရာ ကောင်းနေ၏။ ဓါးသွားက သွေးများကို သိုလှောင်ထားရာ နေရာတစ်ခုလို ရဲရဲနီနေပြီး စိတ်ဝိညာဉ်အင်းကွက်ငါးခုက အဖျက်စွမ်းအားအပြည့်နှင့် သွေးမျက်လုံးငါးလုံးက မျက်စိမှေး၍ ကြည့်နေသလို ထင်ရ၏။

ထိုဆေဘာက နေရာမှာတင် ငြိမ်သက်နေတာတောင် သတ်ဖြတ်ခြင်းအော်ရာကို ထုတ်ပေးနေလေသည်။

စီမာကျီက သူ့မေးစေ့ကို ပွတ်သပ်၍ တီးတိုးပြောလိုက်၏။

“ဒီဆေဘာက ရှားပါးစိတ်ဝိညာဉ် ပါ၀င်ပစ္စည်းတွေ အများကြီးနဲ့ ပေါင်းစပ်ထားတာပဲ.. အခု သူက ပကတိအဆင့်လက်နက် ဖြစ်လာပြီဆိုတော့ အဲ့ဒါက မူလအဆင့်လက်နက်တွေကိုတောင် ကြောက်စရာ မလိုလောက်တော့ဘူး”

ထိုစကားကို ကြားပြီးနောက် သွေးသောက်သူအပေါ် လူတိုင်း၏ အကြည့်သည် ပိုမိုပြင်းပြ၍ ရမ္မက်မီး တောက်လောင်လာကြ၏။

ထိပ်တန်းအဆင့် လက်နက်တစ်ခုကတောင် ရွှေအမြုတေများ၏ နုလုံးကို ကိုင်လှုပ်၍ ဆူပူအုံကြွလာစေဖို့ လုံလောက်လေည်။

ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုဆိုလျှင်တော့ သွေးချောင်းစီးတိုက်ပွဲတစ်ခုကိုတောင် ဖြစ်ပေါ်လာစေနိုင်လေသည်။

သူတို့သာ အခုနေ မဟာကျိုးမြို့တော်အတွင်း၊ ဧကရာဇ်၏ ရှေ့မှောက်မှာ မဟုတ်လျှင် များစွာသော ရွှေအမြတေများသည် စတင်လှုပ်ရှားပြီးလို့ ကြမ်းတမ်းသည့် သတ်ဖြတ်ပွဲကြီးက စတင်ပေါ်ပေါက်နေလောက်ပေပြီ။

ဘေးပတ်ပတ်လည်မှ တစ်မူထူးခြားသည့် အကြည့်များနှင့် လေထု၏ တင်းကျပ်လာမှုကို အာရုံခံမိပြီး ဆူဇီမိုသည် နားလည်လိုက်၏။

လူတစ်ယောက်၏ ကြွယ်၀မှုက အခြားသူများ၏ ‌လောဘရမ္မက်ကို နိုးကြွစေပြီး သူကိုယ်တိုင် ပျက်ဆီးခြင်းကို ဖြစ်လာစေနိုင်လေသည်။

သူသည် လက်ကို ဖျတ်ကနဲ လှုပ်လိုက်ပြီး သွေးသောက်သူကို သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်၏။

“ဆရာမို.. ခင်ဗျား အဲ့ဆေဘာအတွက် ဘယ်လောက်လိုချင်လဲ.. ဈေးပြောလိုက်ပါ”

ထိုအချိန်တွင် ပကတိသက်ရှိယွင်ရှန်က မတ်တပ်ထရပ်ပြီး ပြောလိုက်၏။

“ဟုတ်တယ် ဆရာမို.. ဒါက ကျုပ်တို့အတွက် ကြုံတောင့်ကြုံခဲပဲ.. ဒီလိုလုပ်လေ ဒီနေရာမှာ လေလံပွဲတစ်ခုလုပ်ပြီး အဲ့ဆေဘာကို တင်ရောင်းလိုက်လေ.. သေချာပေါက် ဈေးကောင်းကောင်းရမှာပဲ” နောက်ထပ်ရွှေအမြတေတစ်ယောက်က ၀င်ပြောလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“‌ဒီဆေဘာက တန်ဖိုးဖြတ်လို့ မရဘူး”

သူသည် ‌‌ဒီပကတိစိတ်ဝိညာ‌ဉ်လက်နက်ကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်ပြန်ကြိုးစားမည်ဆိုလျှင်တောင် သူသည် သွေးသောက်သူပုံစံမျိုး တထေရာတည်း ပြန်လည်ရရှိဖို့ အာမမခံနိုင်ပေ။

မူလစိတ်ဝိညာဉ်လက်နက်များကဲ့သို့ပင် ပကတိစိတ်‌ဝိညာဉ်လက်နက်များသည်လည်း အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်လေသည်။

‌ဒါ့အပြင် သွေးသောက်သူက သူ့သွေးကို သောက်သုံးထားလေသည်။

“ခင်‌ဗျားက နောက်နေတာပဲ ဆရာမို.. အကုန်လုံးမှာ သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်”

ပကတိသက်ရှိယွင်ရှန်က မလျှော့‌မပေး‌သေးဘဲ ဆက်လက်ငြင်းခုန်လိုက်၏။

“နောက်ပြီး ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်အရဆို အဲ့ဆေဘာကို ကိုင်ဖို့က သိပ်မလွယ်လှဘူး.. ခင်ဗျား အဲ့ဒါကို ပြန်ရောင်းလိုက်သင့်တယ် ဆရာမို”

ဆူဇီမိုက စိတ်မရှည်တော့သည့်ပုံ မျက်မှောင်ကြုတ်လိုက်ပြီး တည့်တည့်ပင် ပြောလိုက်၏။

“စိတ်မကောင်းစရာပဲ ကျုပ်ပြောတဲ့တန်ဖိုးဖြတ်လို့ မရဘူးဆိုတာ .. အဲ့ဒါကို ရောင်းမှာမဟုတ်ဘူးလို့ ပြောချင်တာပဲ”

ပကတိသက်ရှိယွင်ရှန်၏ မျက်နှာက သုန်မှုန်သွားပြီး နှာတစ်ချက်မှုတ်လိုက်၏။

သည့်အရင်မတိုင်ခင်ကဆိုလျှင် သူသည် ဆူဇီမိုနှင့် ကတောက်ကဆဖြစ်မည့် ကိစ္စကို ရှောင်ရှားပေလိမ့်မည်။

သို့သော်လည်း ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခု၏ မွေးဖွားလာမှုက သူ့စိတ်ကို လွန်စွာ ဖျားယောင်းလွန်းနေ၏။

ထိုသွေးသောက်‌သူဆေဘာကိုသာ အရယူနိုင်ခဲ့လျှင် သူ၏ တိုက်ခိုက်ရည်စွမ်းအားက အနည်းဆုံးနှစ်ဆ ဖြစ်လာပေမည်။

စီမာကျီနှင့် ပကတိသက်ရှိကန်းလန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ တစ်ယောက်မျက်လုံးထဲမှ အေးစက်မှုကို တစ်ယောက်ဖတ်နိုင်လိုက်ကြ၏။

ဆူဇီမိုသည် သူ့ထိုင်ခုံတွင်သူ ပြန်ထိုင်လိုက်ပြီး ညာဘက်လက်ထဲတွင် သာလွန်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဆုပ်ကိုင်ကာ ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအင်များကို ဖြည်းဖြည်းချင်း ပြန်လည်ဖြည့်တင်း၍ အနားယူနေလိုက်၏။

သူသည် ငါးစာတော့ ချပြီးသွားလေပြီ။ ဘယ်ငါးမိမလဲ စောင့်ကြည့်ရုံသာ။

မြေပြင်ကွင်းတွင် နတ်ပန်းပဲဆရာ တစ်‌ထောင်ကျော်က သူတို့၏ ဒုတိယအကြော့ ယှဉ်ပြိုင်မှုကို စတင်နေကြပြီဖြစ်၏။

စောစောက ဆူဇီမို၏ လက်နက်သွန်းလုပ်မှုသည် ထိုနတ်ပန်းပဲဆရာများအပေါ် အကျိုးသက်ရောက်မှု ကြီးမားခဲ့၏။

သူတို့အများစုသည် ဆူဇီမို၏ စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်အပေါ် အာရုံရောက်နေကြသော်လည်း ဆန်းကြယ်တောင်ထွတ်မှ ရွှယ်ယိကတော့ ဆူဇီမို၏ မီးဆေးခြင်းနည်းစနစ်ကိုသာ အာရုံစိုက်ထားလေသည်။

ဆူဇီမို၏ စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်က အပြင်လူများ တုပ၍ လိုက်လုပ်ဖို့ မဖြစ်နိုင်ဆိုတာ ရွှယ်ယိတစ်ယောက် သိထားသောကြောင့် ဖြစ်လေသည်။

ဆူဇီမို၏ မီးဆေးခြင်းနည်းစနစ်မှ အမြင်တချို့ ရရှိသွားပြီးနောက် ဒုတိယအကြော့ ယှဉ်ပြိုင်မှုတွင် ရွှယ်ယိသည် ယုံကြည်မှု အတော်လေး ရှိလာ၏။

ပထမအကြော့တုန်းက သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့သော ထောင်ဖုန်းသည် ယခုအခါ ဇဝေဇဝါ ဖြစ်လာ၏။

သီအိုရီအရဆိုလျှင် ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ခြင်းက ‌သက်သက်သေချင်နေတာပင်။

သို့သော်လည်း ထိုနည်းဖြင့် ဆူဇီမိုက ပကတိစိတ်‌ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်လေသည်။

ထောင်ဖုန်းက အတန်ကြာသည့်အထိ တုံ့ဆိုင်းနေပြီးမှ အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူသည် သူ့နည်းစနစ်အပေါ်မှာသာ သူယုံကြည်မှုထားဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး ဒုတိယအကြော့ကို စတင်လိုက်၏။

သူသည် ပထမ‌အကြော့မှာကတည်းက သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်ထားနိုင်ပြီး ဖြစ်သောကြောင့် နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းတွင် နေရာတစ်နေရာ ရရှိဖို့က သေချာနေပြီးသားဖြစ်၏။

ထို့ကြောင့် နောက်နှစ်ကြော့မှာ သူသည် ထိပ်တန်းအဆင့်လက်နက်တစ်ခု သွန်းလုပ်နိုင်မလား ကြိုးစားကြည့်ရမည် ဖြစ်လေသည်။

ပစ္စည်းရွေးချယ်ခြင်း၊ အရည်ဖျော်ခြင်း၊ ပုံဖော်ခြင်း၊ မီးဆေးခြင်း… အားလုံးက တစ်ခါတည်းနှင့် ကောင်းမွန်စွာ ပြီးမြောက်သွား၏။

သူ့ကိုယ်ပိုင်နည်းလမ်းအရ.. ထောင်ဖုန်းသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို ပန်းပဲမီးဖိုအတွင်းမှာသာ စတင်လုပ်ဆောင်လိုက်၏။

စိတ်ဝိညာဉ်အင်းကွက် တစ်ခု..

စိတ်ဝိညာဉ်အင်းကွက် နှစ်ခု..

တတိယမြောက် စိတ်ဝိညာဉ်အင်းကွက်… ပျက်ဆီး.. ကျရှုံး။

ထောင်ဖုန်း၏ မျက်နှာက ပျက်ဆီးသွား၏။ ဆူဇီမို၏ လက်နက်သွန်းလုပ်ပြခဲ့ခြင်းက သူ၏ စိတ်အခြေအနေအပေါ် များစွာသက်ရောက်ခဲ့၏။

သူ၏ ယခင်နည်းလမ်းအတိုင်း ဆက်သွားလျှင် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို သူသွန်းလုပ်နိုင်မှာ မဟုတ်ပေ။

အဲ့ဒါကို စမ်းကြည့်ရင် ကောင်းမလား။

ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ရင် စိတ်ဝိညာဉ်စုဆောင်းခြင်းရဲ့ အောင်မြင်မှုနှုန်းက တစ်ကယ်ပဲ မြင့်တက်လာမှာလား။

ဆင်တူသောအတွေးများက ထောင်ဖုန်း၏ စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာနေ၏။

သူအဲ့‌ဒါကို ထိန်းချုပ်ဖို့ ကြိုးစားလေလေ၊ မထိန်းချုပ်နိုင်လေ ဖြစ်ရ၏။

ငါဘာမှ ဂရုစိုက်မနေတော့ဘူးကွာ။ တစ်ခေါက်တော့ စမ်းကြည့်လိုက်မယ်။ ငါက သာလွန်အဆင့်လက်နက်တစ်ခု သွန်းလုပ်ပြီးပြီပဲ။ အခုတစ်ခေါက် အဆင်မပြေတော့ရော ဘာဖြစ်လဲ။

ထိုသို့အတွေးနှင့် ထောင်ဖုန်းသည် သူ၏ တတိယအကြော့ လက်နက်သွန်းလုပ်မှုကို စတင်လိုက်၏။

ပစ္စည်းရွေးချယ်၊ အရည်ဖျော်၊ ပုံဖော်၊ မီးဆေး…

ပဉ္စမမြောက်အဆင့် စိတ်ဝိညာဉ်စုဆောင်းခြင်း.. ထောင်ဖုံးသည် ရုတ်တရတ် သူ၏ ပန်းပဲမီးဖိုကို ဖယ်ထုတ်ပစ်လိုက်၏။

သူ၏ အပြုအမူက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်မိသွား၏။

“ကြည့်စမ်း! ထောင်ဖုန်းက သူ့ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ပြီကွ”

“နောက်ဆုံးတော့ အဲ့ဒါကို စမ်းသပ်ကြည့်မယ်သူ ပေါ်လာပြီပေါ့လေ”

“ဘာပဲဖြစ်ဖြစ် အဲ့နည်းလမ်းက အလုပ်ဖြစ်မဖြစ် ငါတို့သိရတာပေါ့”

ထောင်ဖုန်းသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ သူ့စိတ်ကိုယ်သူ တည်ငြိမ်အောင် အကောင်းဆုံးသေချာလုပ်ပြီး အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိမှသာ စိတ်ဝိညာဉ်စုဆောင်းခြင်းကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်လိုက်၏။

ဝှစ်..

အလင်းတစ်ချက် လက်သွားပြီး ပထမဆုံး စိတ်ဝိညာဉ်အင်းကွက်က အောင်အောင်မြင်မြင် စုဖွဲ့သွား၏။

ထို့နောက် သိပ်မကြာမီ နောက်ထပ်အလင်းတစ်ချက် လက်လာပြီး ဒုတိယမြောက် စိတ်ဝိညာဉ်အင်းကွက်က အောင်မြင်စွာ စုဖွဲ့သွားပြန်လေသည်။

နောက်ထပ် နည်းနည်းကြာပြီးနောက်.. နောက်ထပ် အလင်းတစ်ချက်က လက်လာပြန်၏။

တတိယမြောက် စိတ်ဝိညာဉ်အင်းကွက်..

အာ!

အံ့အားတသင့် အာမေဋိတ်သံများက လူအုပ်ကြီးထဲမှ ထွက်ပေါ်လာ၏။

“ဆူဇီမိုပြောတာ မှန်နေပုံပဲ၊ ပန်းပဲမီးဖိုဖယ်ထုတ်တာရ စိတ်ဝိညာဉ်စုဆောင်းမှု အောင်မြင်နိုင်ခြေကို တစ်ကယ်ကြီး တိုးစေတယ်ဟ”

ထောင်ဖုန်းသည် စိတ်လှုပ်ရှားပျော်ရွှင်လာပြီး သူ့မျက်လုံးများက အရောင်တောက်လာ၏။

“နောက်ထပ်စိတ်ဝိညာဉ်အင်းကွက်တစ်ခုပဲ ထပ်ရလိုက်ကွာ.. အဲ့ဒါဆို ထိပ်တန်းအဆင့်လက်နက်တစ်ခု ငါပိုင်ဆိုင်နိုင်ပြီ”

ထိုအတွေးနှင့် ထောင်ဖုန်းသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို နောက်တစ်ကြိမ် ထပ်စလိုက်၏။

ထိုအချိန်တွင် ပွဲကြည့်စင်ပေါ်ရှိ စီမာကျီသည် တစ်ခုခု လွဲမှားနေတာကို ခံစားမိလိုက်ပြီး ဆူဇီမိုရှိရာဘက်သို့ အလိုလိုလှမ်းကြည့်မိလိုက်၏။

ထိုအခိုက်အတန့်‌၌ ဆူဇီမိုသည် နှုတ်ခမ်းထက်မှာ ခပ်ယဲ့ယဲ့ပြုံး၍ စိမ်ပြေနပြေ စောင့်ကြည့်နေ၏။

“အခြေနေ မကောင်းဘူး”

ဆူဇီကျီသည် ရင်ထိတ်သွားပြီး ချာကနဲ လှည့်ကြည့်လိုက်၏။

ဝုန်း…!

မြေပြင်ကွင်းမှ ဝုန်းကနဲ ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။

ထောင်ဖုန်းသည် မျက်စိမှိတ်လျက်သားနှင့် မြေပြင်သို့ လဲကျသွား၏။ ပေါက်ကွဲစင်ထွက်လာသော ဓါး၏ အစအနများက သူ့ခန္ဓာကိုယ်တွင် အပေါက်များစွာကို ဖြစ်ပေါ်လာစေပြီး စုတ်ပြတ်ရာများ ဗရပွနှင့် သွေးများက ချင်းချင်းနီသွား၏။

ထောင်ဖုန်း၏ လက်ထဲတွင် ချိုးခြေထားသော အဆောင်တစ်ခုကို တွေ့ရ၏။

ထိုကာကွယ်ရေးအဆောင်ကြောင့်သာ မဟုတ်ရင် ထောင်ဖုန်း၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလောက်လေပြီ။

ယခုအခြေအနေအရ ထောင်ဖုန်းသည် အသက်ရှင်နိုင်ခဲ့လျှင်တောင် အချိန်တိုအတွင်း ပြန်လည်သက်သာလာဖို့ ခဲယဉ်း၏။ ရှေးဟောင်းတိုက်ပွဲမြေကို လိုက်နိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

ဆိုလိုသည်မှာ ထောင်ဖုန်း၏ နာမည်က နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းမှာ ပါလာခဲ့လျှင်တောင် ရှေးဟောင်းတိုက်ပွဲမြေသို့ ၀င်ရောက်ရမည့် သူ့နေရာက လစ်လပ်သွားပေလိမ့်မည်။

“ဆူဇီမို.. မင်း အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကို အကောက်ကြံတာပဲ!”

စီမာကျီသည် ဒေါသတကြီး ဝုန်းကနဲ ထရပ်ပြီး နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်နှင့် ဆူဇီမိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။

“သူ့စိတ်နဲ့သူ လိုလိုလားလား လုပ်ခဲ့တာပဲလေ”

ဆူဇီမိုက မထီတရီ ပြုံးလိုက်၏။

“အစစ်အမှန် မီးစွမ်းအင်ဂို‌ဏ်းက တပည့်တွေက ကြောင်တောင်တောင်လေးတွေကွာ.. ဒါပေမယ့် ချစ်စရာလေးတွေ”

All Chapters