← Chapters

ထူးတော့ထူးနေပြီ

Vol. 22 Ch. 323

ထူးတော့ထူးနေပြီ

Vol. 22 Ch. 323

ပွဲကြည့်စင်ထက်တွင်.. ဆူဇီမို၏ ပြုမူလှုပ်ရှားမှုများနှင့်ပတ်သတ်ပြီး သိပ်မထူးဆန်းသလို ဣန္ဒြေအရဆုံးသူမှာ နတ်ဆိုးမကျိဖြစ်လေသည်။

“ပြီးခဲ့တဲ့သုံးနှစ်.. သွေးမိစ္ဆာသင်္ချိုင်းမှာထဲက သူ့ရဲ့အနီးကပ်တိုက်ခိုက်ရည်က အဲ့လောက်တောင် အားကြီးတာလား” ဂူရှီက သူ၏ မနောသိစိတ်နှင့် အသံပို့လွှတ်လိုက်၏။

“ဟင့်အင်း” ကျိယောင်ရွှယ်က မိစ္ဆာဂိုဏ်းများ၏ တစ်မူထူးခြားသော အသံပို့လွှတ်ခြင်းနည်းစနစ်တစ်ခုကိုသုံးကာ ပြန်ဖြေလိုက်၏။

“အဲ့လူထူးဆန်းက အဲ့တုန်းကထက်တောင် ပိုသန်မာလာတာပဲ”

ပွဲကြည့်စင်ထက်တွင် ရွှေအမြုတေအချို့ကလည်း တိတ်တဆိတ် ဆွေးနွေးနေကြ၏။

“ဟမ့်. သူ့ဟာသူ အရမ်းသန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတော့ရော ဘာဖြစ်လဲ.. ဘယ်လိုပဲဖြစ်ဖြစ် တစ်ကယ်ထက်တဲ့ ဓါးတစ်လက်ကိုတော့ သူဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”

“အမှန်ပဲကိုယ့်လူ.. တစ်ကယ်ထက်မြက်တဲ့ ကျင့်ကြံသူတွေနဲ့တွေ့ရင် သူ့ရဲ့အနီးကပ်တိုက်ခိုက်ရည်က ဘာသွားသုံးလို့ ရဦးမှာလဲ”

ဧကရာဇ်ကတော့ လူအများအလယ် သူ့ပလ္လင်မှာသူထိုင်ရင်း ဆူဇီမိုဦးတည်နေရာဘက်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ကောင်လေး ဦးတည်သွားနေတဲ့ဘက်က.... အမ်း သူဘာဖြစ်ချင်နေတာပါလိမ့်”

. . .

ဒြပ်စင်ငါးမျိုးထီးအတွင်း.. ရေနယ်မြေတွင်..

တောအုပ်ထဲကနေ ဒုန်းစိုင်းထွက်လာပြီးနောက် ဆူဇီမိုသည် သူသွားရမည့်ဘက်ကို ရွေးချယ်ဆုံးဖြတ်ကာ သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ဆွဲထုတ်၍ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်၏။

ဇီ..

ဓါးက တုန်ခါလာပြီး ၎င်းပေါ်တွင် တဖျတ်ဖျတ်လက်နေသော အလင်းရောင်လေးခုက ပေါ်လာ၏။

“ထိပ်တန်းအင့်ဓါးပျံဟ”

ထိုအချိန်မှာပင် သူ့ဘေးကနေ စူးစူးရှရှ အော်သံတစ်သံက ထွက်လာ၏။

ဆူဇီမိုက ထိုလူကို တစ်ချက်သာကြည့်လိုက်ပြီး အရေးလုပ်မနေပေ။ သူက ဓါးပျံပေါ် ခုန်တက်လိုက်ပြီး ရှေ့သို့ ပျံသန်းလိုက်၏။

ဝှီး..

လေဟာနယ်ကို ထက်ရှသော ဓါးသွားဖြတ်သန်းလာသံက သူ့နောက်ဘက်မှ ထွက်ပေါ်လာ၏။

“ဟမ့်”

ဆူဇီမိုက မျက်စိကိမှေးကျဉ်းလိုက်ပြီး သူ့ဦးခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်၏။ အေးစက်စက် အလင်းတန်းတစ်ခုက သူ့နားအနားဘေးကနေ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖြတ်သန်းသွား၏။

ထိုဓါးက ညှာတာမှုကင်းမဲ့စွာနှင့် သူ့အသက်ကို နုတ်ယူဖို့ ရည်ရွယ်ခဲ့လေသည်။

ဆူဇီမိုက ရပ်တန့်လိုက်ပြီး အနောက်ကို လှည့်လိုက်၏။

သူ့နောက် မလှမ်းမကမ်းတွင် ကျင့်ကြံသူတစ်ယောက်က သတ်ဖြတ်ခြင်းအော်ရာနှင့်အတူ မတ်တပ်ရပ်နေ၏။ သူ့မျက်လုံးများက နက်ရှိုင်းသော အရောင်၊ ကြမ်းကြုတ်မှုတို့ဖြင့် တောက်ပနေ၏။

“မင်းက ငါ့ကို သတ်ချင်တယ်ပေါ့လေ” ဆူဇီမို၏ အကြည့်က အေးစက်လာ၏။

ပုံမှန်အားဖြင့်ဆိုလျှင် ဒြပ်စင်ငါးမျိုးထီးထဲ၌ တစ်ယောက်နှင့်တစ်ယောက် နက်ရှိုင်းသည့် ရန်ငြိုးရန်စ မရှိကြလျှင် သူတို့၏ ရန်သူကို သတ်ဖြတ်ကြလိမ့်မည် မဟုတ်ပေ။ ရှုံးနိမ့်သူကို ကျောက်စိမ်းအဆောင်သုံး၍ ထွက်ပြေးလွတ်မြောက်စေမည် ဖြစ်လေသည်။

ဘာပဲပြောပြော သူတို့၏ လှုပ်ရှားမှုတိုင်းကို အပြင်ဘက်ရှိ ရွှေအမြုတေများနှင့် ဧကရာဇ်က စောင့်ကြည့်နေကြ၏။ မလိုအပ်ဘဲ ကျင့်ကြံသူအချင်းချင်း သတ်ဖြတ်၍ ရန်းငြိုးရန်စများကို ပွားများစေခြင်းက ဉာဏ်ရှိရာမကျပေ။

“ဆူဇီမို.. မင်းရဲ့ သွေးသောက်သူကို ငါမတောင်းဘူး.. အခုမင်းလက်ထဲက ထိပ်တန်းအဆင့်ဓါးပျံကိုပဲ ပေးပါ.. ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်”

ထိုလူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူက မရီးဒါန်လေးခုအခြေတည်အဆင့်တစ်ယောက် ဖြစ်တာကြောင့် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိလေသည်။

“မင်းက ထိပ်တန်းအဆင့်ဓါးပျံကို လိုချင်တယ်ပေါ့လေ.. သေချာပြီလား.. ဟုတ်ပြီလေ”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်ကိုပုတ်ကာ စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ဒါပေမယ့်.. မင်းအဲ့ဒါတွေကို မကိုင်တွယ်နိုင်မှာတော့ ငါစိုးရိမ်မိသား”

ရွှစ်.. ရွှစ်.. ရွှစ်..

သူ့ဝတ်ရုံစကို ဝေ့ရမ်းလိုက်သောအခါ.. ဓါးအလင်းတန်းသုံးခုက ဦးတည်ဘက်သုံးခုသို့ ပျံသန်းသွားပြီး မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ထွက်ပြေးစရာ လမ်းကြောင်းများအားလုံးကို ပိတ်ဆို့လိုက်၏။

“အား”

မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ပြောင်းလဲသွားပြီး အော်ဟစ်လိုက်၏။

“ထိပ်တန်းအဆင့်ဓါးပျံသုံးလက်တောင်”

ဒြပ်စင်ငါးမျိုးထီးအပြင်ဘက်တွင်.. လေးထောင့်ကွင်းနှင့် ပွဲကြည့်စင်ထက်မှ အုန်းအုန်းကျက်ကျက် အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

လက်ရှိ အခြေတည်အဆင့်များကို အသာထား.. နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်ကြံလာခဲ့သော ရွှေအမြုတေအများစုပင်လျှင် သူတို့၏ ဘဝ၌ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို မပိုင်ဆိုင်ဖူးကြပေ။

သို့သော်လည်း မရီးဒါန်သုံးခုအခြေတည်အဆင့်သာဖြစ်သော ကျင့်ကြံသူတစ်ယောက်က တစ်ခါတည်းနှင့် ထိပ်တန်းအဆင့်ဓါးပျံသုံးလက်တောင် ထုတ်ပြလိုက်၏။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဣန္ဒြေရနေဆဲဖြစ်ပြီး သူ့ကိုယ်တွင်းက စိတ်ဝိညာဉ်စွမ်းအင်များကို အရူအမူး လှည့်ပတ်လိုက်၏။ မရီးဒါန်လေးခုမှ စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် သူ၏ဓါးပျံတစ်လက်ကို ဆွဲထုတ်လိုက်ပြီး ဝင်လာသော ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို ခုခံလိုက်၏။

“ပျက်စမ်း”

ထို့နောက် မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်၍ စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်ကာ ဝင်ရောက်လာသော နောက်ထပ်ထိပ်တန်းအဆင့်ဓါးပျံ တစ်လက်ကို ခုခုံလိုက်၏။

တတိယမြောက်ထိပ်တန်းအဆင့် ဓါးပျံအတွက်တော့... မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ဘယ်ဘက်လက်က တဖျတ်ဖျတ်တောက်ပလင်းလက်လာပြီး သံမဏိလက်အိတ်တစ်ခုက ပေါ်လာ၏။ အဲ့ဒါက အလယ်အလတ်အဆင့် ခုခံရေးစိတ်ဝိညာဉ်လက်နက်တစ်ခုပင် ဖြစ်လေသည်။

မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ခံစစ်တိုက်ကွက်များကို ထုတ်ဖော်၍ ဝင်ရောက်လာသော ထိပ်တန်းအဆင့်ဓါးပျံသုံးလက်ကို အောင်အောင်မြင်မြင် ခုခံလိုက်၏။

ဒြပ်စင်ငါးမျိုးထီးထဲသို့ ဝင်ရောက်လာရဲသူများက သက်ဆိုင်ရာဂိုဏ်းအသီးသီး၏ လက်ရွေးစင်များ ဖြစ်ကြလေသည်။ ပါချည်ပါချဲ့ တစ်ယောက်မျှ မပါပေ။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ခံစစ်တိုက်ကွက်သုံးခုကို ဆက်တိုက်ထုတ်ဖော်၍ ထိပ်တန်းအဆင့်ဓါးပျံသုံးလက်ကို လက်ကြောင်းပြောင်းလိုက်နိုင်သည်ကို တွေ့လိုက်ရသောအခါ လူအုပ်ကြီးသည် ရင်သပ်ရှုမောဖြစ်သွားကြ၏။

ပွဲကြည့်စင်ထက်တွင် ကြယ်ရောင်ဂိုဏ်းမှ ရွှေအမြုများက သူတို့၏ မုတ်ဆိတ်ရှည်များကို သပ်၍ ခေါင်းတဆတ်ဆတ်ညိတ်ကာ တည်ငြိမ်စွာမှတ်ချက်ပြုလိုက်ကြ၏။

“မဆိုးဘူးပဲ.. သူက ကြယ်ရောင်ဂိုဏ်းကို မျက်နှာမပျက်စေခဲ့ဘူး”

ထိုသို့ပြောပြီးသည့်ခဏမှာပင် ဒြပ်စင်ငါးမျိုးထီးထဲရှိ အခြေအနေက ပြောင်းလဲသွား၏။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ထိပ်တန်းအဆင့်ဓါးပျံသုံးလက်ကို ခုခံပြီးစ ရှိသေးသည်.. ဆူဇီမိုက မှင်သေသေမျက်နှာထားနှင့် သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ သူ့ရှေ့တွင် နောက်ထပ်ဓါးပျံသုံးလက်က ပေါ်လာပြန်၏။

ဇီ..

ဓါးများက တုန်ခါလာပြီး စိတ်ဝိညာဉ်အင်းကွက်လေးခုစီက တောက်ပလာ၏။

နောက်ထပ်ထိပ်တန်းအဆင့် ဓါးပျံသုံးလက်ပါလား..

ဤသည်ကိုကြည့်ပြီး လူအုပ်ကြီးသည် အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။

များစွာသော ရွှေအမြုတေများသည် အခုချက်ချင်းပင် ဒြပ်စင်ငါးမျိုးထီးထဲ ခုန်ဝင်ပြီး ဆူဇီမို၏ သိုလှောင်အိတ်ကို လုယူချင်စိတ်များ တဖွားဖွားပေါ်လာ၏။ ထိုသိုလှောင်အိတ်လေးထဲမှာ ရတနာတွေ ဘယ်လောက်တောင် ရှိနေမလဲ သူတို့သိချင်စမ်းမိလေသည်။

မိုစိတ်ဝိညာဉ်ပန်းပဲရုံအတွင်း ဆူဇီမိုသည် နောက်ဆုံးနှစ်တွင် ထိပ်တန်းအဆင့်လက်နက်များကို တစ်နေ့တစ်ခု ပုံမှန်သွန်းလုပ်ခဲ့၏။

ပြောရမည်ဆိုလျှင် ယခုသူ့သိုလှောင်အိတ်ထဲ၌ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ပေါင်း ၃၀၀ကျော်ရှိလေသည်။

ထို၃၀၀ထဲတွင်မှ ဆူဇီမိုသည် သူကိုယ်တိုင် အသုံးပြုဖို့အတွက် ထိပ်တန်းအဆင့်ဓါးပျံတစ်စုံစာကို သွန်းလုပ်ထား၏။

ယခုထုတ်သုံးလိုက်သော ဓါးပျံခြောက်လက်မှာ ထိုတစ်စုံစာ၏ အစိတ်အပိုင်းမျှသာ ဖြစ်လေသည်။

တိုက်ပွဲမြေတွင် မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် အခုမှ အသက်တောင်ပြန်မရှူရသေးဘူး.. နောက်ထပ်ဓါးပျံတွေက ရောက်ချလာပြန်လေပြီ။

“ဘာလို့ အဲ့လောက်များနေ...”

ဖောက်!

သူ့စကားတောင် မဆုံးသေး.. ဓါးပျံတစ်လက်က သူ့ရင်အုပ်ကို ထိုးဖောက်သွား၏။ သွေးများက ပန်းထွက်လာပြီး သူသည် မကျေမချမ်းနှင့် မြေပေါ်သို့ လဲကျသွား၏။ သူ့မျက်လုံးထဲ၌ လောဘရမ္မက်က အရှိန်မသေသေးဘဲ ပါးစပ်ထဲ သွေးများ ဗလုံးဗထွေးနှင့် တတွတ်တွတ်ပြောနေသေး၏။

“ထိပ်တန်းအဆင့်ဓါးပျံတွေ.. ထိပ်တန်းအဆင့်....”

ထိုသည်ကိုကြည့်ပြီး ကြယ်ရောင်ဂိုဏ်းမှ ရွှေအမြုတေများသည် ပျက်ဆီးနေသော မျက်နှာများနှင့် အေးစက်စက် နှာမှုတ်လိုက်ကြ၏။

မည်သို့ပင်ဆိုစေ.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဆူဇီမိုကို အရင်ဆုံးစတင်တိုက်ခိုက်ခဲ့သူ ဖြစ်လေသည်။ သူက ဒြပ်စင်ငါးမျိုးထီးထဲမှာ သေခဲ့လျှင်တောင် မည်သူ့ကိုမျှ အပြစ်သွားတင်လို့ မရပေ။

သူ့အင်္ကျီစကို ဝေ့ရမ်း၍ ဆူဇီမိုသည် ထိပ်တန်းအဆင့်ဓါးပျံခြောက်လက်ကို ပြန်သိမ်းလိုက်ပြီး အရပ်မျက်နှာတစ်ဖက်သို့ ဦးတည်လိုက်၏။

နောက်ထပ်မရီးဒါန်လေးခုအခြေတည်အဆင့်တစ်ယောက်က သူ့ရှေ့မှာ လာပိတ်ရပ်သောအခါ ဆူဇီမိုသည် အချိန်တွေအများကြီး ဖြုန်းမနေတော့ပေ။

ဘာစကားတစ်ခွန်းမျှ ပြောမနေတော့ဘဲ.. သူ့လက်ကို ဝေ့ရမ်း၍ ထိပ်တန်းအဆင့်ဓါးပျံခြောက်လက်ကို ပစ်လွှတ်လိုက်၏။

တစ်ဖက်ကလူမှာ သူ့ဓါးပျံကို ထုတ်ရုံမျှသာရှိသေးသည်.. စိတ်ဝိညာဉ်အင်းကွက်လေးခုစီနှင့် တလက်လက်တောက်ပနေသော ဓါးပျံခြောက်လက်က ပျံသန်းလာသည့်အခါ သူ့မျက်လုံးများက ကျိန်းစပ်၍ ဝါးတားတားဖြစ်သွား၏။

သွေးပျက်အောင် ကြောက်လန့်သွားပြီး ထိုသူသည် သူ့လက်ထဲက ဓါးပျံကို လွှတ်ချကာ ဧရာမဒိုင်းကာကြီးကို ဆွဲထုတ်လိုက်၏။ သူ့မရီးဒါန်လေးခုထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သောအခါ ဒိုင်းကာက ကြီးမာကျယ်ပြန့်လာပြီး သူ့ရှေ့ကနေ ပိတ်ကာလိုက်၏။

ခလွမ်း..

ဓါးပျံခြောက်လက်က ဒိုင်းကာကို တစ်ချိန်တည်းမှာ ရိုက်ခတ်လိုက်ကြပြီး ကျယ်လောင်သော မြည်သံကြီးကို ထွက်ပေါ်လာစေ၏။

ဖူး..

ထိုလူသည် သွေးများကို ထွေးထုတ်လိုက်ရပြီး အနောက်သို့ လွင့်စင်ထွက်သွားကာ သူ့မျက်နှာက သွေးမရှိတော့ပေ။ လေထဲမှာပင် သူသည် ကျောက်စိမ်းအဆောင်ကို ချိုးချေလိုက်၏။

ကျောက်စိမ်းအဆောင်မှ စွမ်းအားတစ်ခုက ဖြာထွက်လာပြီး ထိုလူကို ဒြပ်စင်ငါးမျိုးထီး၏ အပြင်ဘက်သို့ တွန်းပို့လိုက်၏။

လေးထောင့်ကွင်းသို့ တဖြည်းဖြည်းပြုတ်ကျလာပြီး ထိုကျင့်ကြံသူ၏ ပါးစပ်ထဲမှ သွေးများက ထွက်လာနေဆဲဖြစ်၏။

စိမ်းပြာကြေးမုံဂိုဏ်းမှ ရွှေအမြုတေတစ်ယောက်က ပြေးထွက်လာပြီး ထိုလူ၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးကို ထိုးထည့်ပေးလိုက်၏။

“ဆရာ.. ကျတော် ဆရာ့ကို အထင်သေးမိစေပြီ.. ကျတော်..” ထိုကျင့်ကြံသူ၏ မျက်လုံးက အရောင်ဖျော့သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျသွား၏။

စိမ်းပြာကြေးမုံဂိုဏ်းမှ ရွှေအမြုတေက သက်ပြင်းချပြီး စိတ်ဆိုးမာန်ဆိုးပုံစံနှင့် ပြောလိုက်၏။

“အဲ့ဒါ မင်းအမှား မဟုတ်ပါဘူး.. အဲ့ဆူဇီမိုကကို ဗိုလ်ကျလွန်းနေတာ.. ထိပ်တန်းအဆင့် ဓါးပျံခြောက်လက်ကို တစ်ခါထဲတန်းထုတ်မှတော့ ဘယ်လိုလူက ခံနိုင်မှာလဲ”

ထိုလူက မရီးဒါန်လေးခုအခြေတည်အဆင့်ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင်အရာမှာ ဆူဇီမိုထက် ပိုသန်မာသော်လည်း ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဓါးပျံခြောက်လက်၏ ခွန်အားသက်သက်ကပင် ထိုကွာဟချက်ကို ဖာထေးနိုင်လေသည်။

ဒြပ်စင်ငါးမျိုးထီးထဲတွင် ကျိချန်းရှန်ကလွဲလျှင် နောက်ထပ်မရီးဒါန်ငါးခု အခြေတည်အဆင့် မရှိတော့သောကြောင့် ဆူဇီမို၏ လမ်းကြောင်းကို တားဆီးနိုင်သူ မရှိတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများသည် ဆူဇီမိုကို သတ်ဖြတ်ဖို့ မတတ်နိုင်ရုံသာမက.. သူတို့သာလျှင် တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ခံလိုက်ရပြီး.. စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် ရပ်တည်နိုင်ဖို့အခွင့်အရေးကို ဆုံးရှုံးခဲ့ရလေသည်။

တစ်ချိန်တည်းမှာပင် ရွှေအမြုတေအချို့သည် ဆူဇီမိုဦးတည်သွားနေရာဘက်ကို ကြည့်ပြီး တစ်ခုခုထူးခြားနေတာကို တဖြည်းဖြည်း သတိပြုမိလာကာ မျက်မှောင်ကြုတ်လိုက်ကြ၏။

All Chapters