← Chapters

ဓါးဝင်္ကပါသခင်

Vol. 22 Ch. 324

ဓါးဝင်္ကပါသခင်

Vol. 22 Ch. 324

“ဆူဇီမိုက ရေနယ်မြေရဲ့ တစ်ဝက်ကျော်ကိုတောင် ဖြတ်လာခဲ့ပြီးပြီ.. သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“ကြည့်ရတာတော့ သူက ရေနယ်မြေရဲ့ နယ်စပ်နားကို လျှောက်သွားချင်နေပုံပဲ”

သူသွားနေသော ရေနယ်မြေအစပ်ဘေးတွင် သစ်သားနယ်မြေရှိပြီး သစ်သားနယ်မြေပြီးလျှင် ဖုန်ဟောက်ယွီရှိသော သတ္တုနယ်မြေဖြစ်လေသည်။

“သူက ဟိုကိုများ သွားချင်နေတာလား...”

များစွာသော ကျင့်ကြံသူများသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိပြီး တုန်လှုပ်သွားကြ၏။ သို့သော်လည်း သူတို့၏ တွေးထင်ချက်က လွန်စွာအဓိပ္ပါယ်ရှိမနေကြောင်း သူတို့သဘောပေါက်လိုက်ကြ၏။

ရွှမ်ယီနှင့် လျှိုဟွေ့တို့က အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် တစ်ယောက် တည်တံ့လေးနက်မှုကို တွေ့လိုက်ကြရ၏။

ဆူဇီမို၏ စိတ်နေစရိုက်နှင့် ပတ်သတ်ပြီး သူတို့အတန်အသင့်တော့ နားလည်ထားကြလေသည်။

ထိုသူက ကျားနုလုံးသားနှင့်လူဖြစ်ပြီး သူ၏ သတ်ဖြတ်မှုများက လွန်စွာ ယတိပြတ် ပြတ်သား၏။

‘ဖုန်ဟောက်ယွီအသက်ရှင်နေသမျှ ကျုပ်စိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ဘူး’ဟု ဆူဇီမိုက ပြောခဲ့လျှင် ဖြစ်နိုင်ခြေက တစ်ခုသာရှိ၏။ သူက နယ်မြေများကို ဖြတ်သန်း၍ ဖုန်ဟောက်ယွီကို အသေသတ်ရန်အတွက် အမဲလိုက်ပေတော့မည်။

သို့သော်လည်း အဲ့ဒါက ဖြစ်နိုင်ပါ့မလား..

သူတို့နှစ်ယောက်အကြား ခွန်အားကွာဟချက်ကို အသာထားဦး.. နယ်မြေများအကြားရှိ အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါများကပင် မည်သူကိုမဆို တားဆီးနိုင်လေသည်။

အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါများက စိတ်ဝိညာဉ်စွမ်းအင်အတိုင်းအတာထက်ကျော်လွန်ပြီး အန္တိမဓမ္မစွမ်းအားများ ပါဝင်လေသည်။ ထိုအထဲသို့ အတင်းဝင်ရောက်မည်ဆိုလျှင် ရွှေအမြုတေများတောင်မှ သူတို့၏ ခန္ဓာကိုယ်ရော၊ စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံရပေလိမ့်မည်။

. . .

ဒြပ်စင်ငါးမျိုးထီး.. ရေနယ်မြေ။

ဆူဇီမိုသည် သူသွားရာလမ်းကြောင်းကို ဖုံးကွယ်နေခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်းပင် ခရီးနှင့်နေခဲ့၏။ တစ်ချိန်တည်းမှာပင် သူ့အပေါ် အာရုံကျလာသော ကျင့်ကြံသူအရေအတွက်က တဖြည်းဖြည်းတိုးလာနေပြီး အခုဆို အယောက်တစ်ရာကျော်လောက် ရှိနေပေပြီ။

ထိုကျင့်ကြံသူအယောက်တစ်ရာကျော်က ဆူဇီမိုထက် ကျင့်ကြံမှုအဆင့်ပိုမြင့်သော မရီးဒါန်လေးခုအခြေတည်အဆင့်များသာ ဖြစ်ကြ၏။

တဖြည်းဖြည်းနှင့် အခြားသောကျင့်ကြံသူများကပါ ထိုနေရာသို့ အပြေးအလွှားရောက်လာကြ၏။

လူတိုင်းမျှော်လင့်ထားခဲ့သည့်အတိုင်းပင်။ ဒြပ်စင်ငါးမျိုးထီးထဲသို့ ဝင်ရောက်ခဲ့သည်နှင့် သူသည် အကြီးမားဆုံး ပစ်မှတ်တစ်ခု ဖြစ်လာခဲ့၏။

ရေနယ်မြေနှင့် သစ်သားနယ်မြေတို့ ထိစပ်ရာ ဆုံချက်က ရှေ့မလှမ်းမကမ်းမှာပင်။

ကောင်းကင်နှင့်မြေကြီးအကြားတွင် အဆုံးမရှိအောင် ကျယ်ပြန့်သော ဧရာမအလင်းရောင်ပိတ်ကားစကြီးကို ထောင်လျက်ဖြန့်ထား၏။

ပိတ်ကားစဆိုသည်မှာ တင်စားခေါ်ဝေါ်ခြင်းသာဖြစ်၏။ ထိုမျက်နှာပြင်ပေါ်တွင် အလင်းလှိုင်းကလေးများက လျှို့ဝှက်ဆန်းကြယ်စွာ၊ လှပစွာနှင့် တောက်ပကခုန်နေကြ၏။ ထိုအလင်းရောင်မျက်နှာပြင်မှ ကြောက်စရာကောင်းသည့်အော်ရာတစ်မျိုးကလည်း ပေါ်ထွက်နေ၏။ ဒြပ်စင်ငါးမျိုးထီးထဲရှိ ကျင့်ကြံသူများအားလုံးကို ငါနဲ့ဝေးဝေးမှာနေဟု သတိပေးနေသလိုပင်။

ဆူဇီမိုသည် အရှိန်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ပြီးနောက် ရပ်တန့်လိုက်၏။

ရွှစ်.. ရွှစ်.. ရွှစ်

မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော်သည် ဆူဇီမိုကို အဘက်ဘက်ကနေ ဝိုင်းပတ်ထားပြီးပေပြီ။

ဝိုင်းပတ်ထားသည့်အဖွဲ့ထဲတွင် မပါဘဲ အခွင့်အ‌ရေးရမှ အလစ်ဝင်ရောက်တိုက်ခိုက်မည့် အပြင်ဘက်ကနေ စောင့်ဆိုင်းနေသည့် ကျင့်ကြံသူများလည်း ရှိသေး၏။

ဆူဇီမိုက မှင်သေသေနှင့်ပင် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။ လူအုပ်ကြီးထဲတွင် သူရင်းနှီးနေကျ မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသောအခါ ခဏမျှ ရပ်တန့်လိုက်၏။

သူ့ကို ဝိုင်းပတ်ထားသော ကျင့်ကြံသူတစ်ရာကျော်ထဲတွင် ရှန်မန်းကီလည်း ပါဝင်လေသည်။

သူမက ဆူဇီမိုကို မပြတ်မသားသောပုံစံနှင့်ကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဆူဇီမို.. မရီးဒါန်လေးခုအခြေတည်အဆင့်တစ်ရာကျော်ရဲ့ ဝိုင်းပိတ်ဆို့ထားတာခံရရင် နင်က မရီးဒါန်ငါးခုအခြေတည်အဆင့်တစ်ယောက်ဆိုရင်တောင် သွားမှာပဲ.. နင်... ဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်တော့ဘူး”

ဆူဇီမိုက သူမကို ပြန်တောင်လှည့်မကြည့်ဘဲ အေးစက်စက်သရော်လိုက်၏။

“တချို့လူတွေ အတွက်ပေါ့.. ငါအကြံလေးတစ်ခု ပေးပါရစေ.. ကိုယ့်ဒုက္ခကိုယ် မရှာကြနဲ့.. ငါနဲ့ တတ်နိုင်သမျှ ဝေးဝေးသွားနေကြစမ်း”

ဇီ.. ဇီ.. ဇီ..

သူ့ဝတ်ရုံစကို လှုပ်ခါလိုက်သောအခါ.. သိုလှောင်အိတ်ထဲမှ ဓါးပျံများက တစ်လက်ပြီးတစ်လက် ဆက်တိုက်ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ဝဲပျံနေ၏။

လူတိုင်း စိုက်ကြည့်လိုက်ကြပြီးနောက် တုန်လှုပ်သွားကြ၏။

ဓါးပျံ ၁၈လက်..

ဓါးပျံ၁၈လက်က သေသပ်ညီညာစွာ စီတန်းနေပြီး အရောင်အဝါများ တောက်ပကာ ထက်ရှနေ၏။ သူတို့အားလုံးက ထိပ်တန်းအဆင့်ဓါးပျံများ ဖြစ်လေသည်။

“သူ့ကို သတ်ကြဟေ့.. အဲ့ဒီထိပ်တန်းအဆင့်ဓါးပျံတွေက ငါတို့အတွက်ပဲ” လိုချင်ရမ္မက်ငမ်းငမ်းတက်နေသော အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က စိတ်လွတ်သွားကာ အော်ဟစ်လိုက်၏။

“အားလုံးပဲ.. အတူပေါင်းပြီး တစ်ခါထဲ တိုက်ကြရအောင်.. အဲ့ဒါမှ သူ့ကျောက်စိမ်းအဆောင်ကို ချိုးဖျက်ဖို့ အချိန်မရမှာ”

ထိုအချိန်မှာပင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ မရီးဒါန်လေးခုအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က အော်ဟစ်၍ သူ့ဓါးပျံကို ထုတ်ယူလိုက်၏။ ထိုဓါးက တောက်ပနေပြီး အေးစက်စက်နှင်းခဲအော်ရာ ထွက်ပေါ်နေ၏။

ဝိုင်းပတ်ထားသော အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော်သည် အစကတည်းက လောဘမီး ဝင်းဝင်းတောက်နေကြပြီးသားဖြစ်၏။ အခု တစ်ယောက်က မီးစမွှေးလိုက်သောအခါ အားလုံးက ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ စတင်တိုက်ခိုက်လိုက်ကြ၏။

ရွှစ်.. ရွှစ်.. ရွှစ်..

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော စိတ်ဝိညာဉ်အလင်းများသည် တောက်ပလာပြီး များစွာသော ဓါးပျံများသည် လေထဲတွင် ကူးလူးယှက်ဖြာသွားကာ ကြီးမားသော ပိုက်ကွန်တစ်ခုပုံစံဖြစ်တည်လာစေ၍ ဆူဇီမိုကို လွှမ်းခြုံကာရံသွား၏။

ဆူဇီမိုက ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်ကို ဆင့်ခေါ်လိုက်သည်ကို တွေ့လိုက်ရသောအခါ ဒြပ်စင်ငါးမျိုးထီးအပြင်ဘက်ရှိ များစွာသောရွှေအမြုတေများသည် ကြောင်အမှင်သက်သွားကြ၏။

ဧကရာဇ်သည် သူ့မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာ အာမေဋိတ်သံတစ်ချက်ပြုလိုက်၏။

ထိုဓါးပျံ ၁၈လက်သည် အတိုင်းအတာအရွယ်အစားအရရော၊ ပုံသဏ္ဍာန်အရပါ တထေရာတည်း ထပ်တူညီနေတာကို သူသတိထားမိလိုက်၏။

ဖြစ်များဖြစ်နေမလား..

ဧကရာဇ်၏ အကြည့်က ရွှမ်ယီပေါ်သို့ ကျရောက်သွား၏။

ဆန်းကြယ်တောင်ထွတ်မှ ရွှမ်ယီသည် ရှားရှားပါးပါး ဓါးဝင်္ကပါသခင်များထဲမှ တစ်ယောက်ဖြစ်၏။ ဆန်းကြယ်တောင်ထွတ်၏ ဆဋ္ဌဂံဓါးဝင်္ကပါသည် မဟာကျိုးအင်ပါယာတစ်ခွင်မှာ ကျော်ကြားလေသည်။

ဧကရာဇ်၏ အတွေးမဆုံးသေးခင်မှာပင် လူအုပ်ကြီးထဲမှ အော်ဟစ်သံများက ထွက်ပေါ်လာ၏။

“ဘုရားရေ.. အဲ့ဒါ ဘာကြီးလဲ”

“ကြည့်ရတာတော့ အဲ့ဒါ ဝင်္ကပါတစ်ခုထင်တယ်”

“ဓါးဝင်္ကပါသခင်လား.. ဆူဇီမိုက ဓါးဝင်္ကပါသခင်တစ်ယောက်လား”

ရေနယ်မြေတွင်.. ဆူဇီမိုသည် ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်ကို ထိန်းချုပ်ကာ ၎င်းတို့ကို ဓါးပျံခြောက်လက်တစ်အုပ်စုအဖြစ် အုပ်စုသုံးစု ခွဲလိုက်၏။ ဓါးပျံများက လေထုကို ဖြတ်သန်းသွားသောအခါ ၎င်းတို့၏နောက်တွင် ဓါးချီများက အတန်းလိုက်ကျန်ရစ်ခဲ့၏။

မျက်စိတစ်မှိတ်မှာပင်.. ဓါးပျံခြောက်လက်စီသည် ကြယ်ပုံသဏ္ဌာန် ဓါးဝင်္ကပါတစ်ခုစီအဖြစ် ဖွဲ့တည်ကာ တဖျတ်ဖျတ်တလက်လက် တောက်ပနေ၏။

ဆဋ္ဌဂံဓါးဝင်္ကပါ..

ဆူဇီမို၏ ဘေးပတ်လည်တွင် ဆဋ္ဌဂံဓါးဝင်္ကပါသုံးခုက ဧရာမ လှည်းဘီးကြီးများကဲ့သို့ လည်ပတ်နေ၏။ လည်ပတ်နေသော ဓါးဝင်္ကပါက ဝင်ရောက်လာသော ဓါးပျံများအားလုံးကို ပိတ်ဆို့တားဆီးလိုက်၏။

“အားလုံးပဲ.. စိတ်မပျက်ကြနဲ့.. ဓါးပျံ ၁၈လက်ကို ထိန်းချုပ်ဖို့အတွက် ဆူဇီမိုက စိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီးသုံးနေရမှာ.. သူ့အကန့်အသတ်ကို ရောက်နေလောက်ပြီ.. ငါတို့ဆက်ပြီး ဖိအားပေးနေရုံပဲ.. သူသက်လုံကျပြီး မခုခံနိုင်တော့နဲ့ သူအသေပဲ”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ဆူဇီမို၏ မထီတရီလေသံက ထွက်ပေါ်လာ၏။

“လျှပ်တစ်ပြက်မိုးကြိုး”

ဆူဇီမိုသည် ဓါးပျံများကို ထိန်းချုပ်နေရင်းနှင့် စိတ်ဝိညာဉ်ချိတ်စည်းတစ်ခုကို ဆင့်ခေါ်ကာ လက်တစ်ချောင်းနှင့် ကောင်းကင်ထက်သို့ ညွှန်လိုက်၏။

ဝုန်း..

ကြီးမားသည့် မိုးကြိုးလျှပ်စီးချောင်းကြီးက လူအုပ်ကြီးထဲသို့ ပစ်ချလိုက်၏။

“အား..အ”

အခြေတည်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် အငိုက်မိသွားကြ၏။ သူတို့သည် မိုးကြိုးပစ်ခတ်ခံလိုက်ကြရပြီး မြေပြင်တွင် ဝပ်တွားကာ စူးစူးရှရှ အော်ဟစ်နေကြ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ကျင့်ကြံသူသည် အလိုအလျောက် ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်လိုက်မိ၍ မိုးကြိုးရန်မှ လွတ်မြောက်သွားသော်လည်း သူ့ရှေ့မှ မြင်ကွင်းကိုကြည့်၍ ရပ်တလျှပ်လျှပ်နှင့် ကြောက်ရွံ့နေဆဲဖြစ်၏။

သူပြောခဲ့တာ မှန်၏။ စိတ်ဝိညာဉ်တိုက်ကွက်များကို ဖော်ထုတ်ဖို့ ဆူဇီမိုမှာ တစ်ကယ်ကို စိတ်ဝိညာဉ်စွမ်းအင်များ ပိုလျှံမနေတော့ပေ။

သို့သော်လည်း ဆူဇီမို၏ မိုးကြိုးစွမ်းအားက သူ့မျိုးဆက်သွေးထဲမှ လာခြင်းဖြစ်လေသည်။ သူ့မျိုးဆက်သွေးထဲမှာပါဝင်သော စွမ်းအင်က သူ့မရီးဒါန်သုံးခု၏ စိတ်ဝိညာဉ်စွမ်းအင်ထက်ပင် ပိုကြောက်ဖို့ကောင်းသေး၏။

“သွား”

ဆူဇီမိုက သူ့လက်ကို ဝေ့ရမ်းလိုက်သောအခါ ဆဋ္ဌဂံဓါးဝင်္ကပါတစ်ခုက ရွေ့လျားသွားပြီး ဝင်ရောက်လာသော ဓါးပျံများကို ရိုက်ထုတ်ကာ လူအုပ်ကြီးထဲသို့ တိုးဝင်သွား၏။

ဖောက်.. ဖောက်.. ဖောက်..

လေထုက သွေးရနံ့များဖြင့် ချက်ချင်းပြည့်နှက်သွား၏။

ကျင့်ကြံသူအချို့သည် မိုးကြိုးစွမ်းအားကို တောင့်ခံပြီးနောက် ဒဏ်ရာများ ရရှိခဲ့ကြပြီးဖြစ်၏။ ယခုတစ်ဖန်.. ထိပ်တန်းအဆင့်ဓါးပျံများနှင့် ဖွဲ့စည်းထားသော ဆဋ္ဌဂံဓါးဝင်္ကပါကို မည်သို့ ခုခံနိုင်ပါတော့မည်နည်း။

ဓါးဝင်္ကပါက သူ့ရှေ့မှာ ရှိသမျှ အရာတိုင်းကို ချေမှုန်းသွား၏။

သတိကြီးသော ကျင့်ကြံသူအချို့ကတော့ သူ့တို့၏ ကျောက်စိမ်းအဆောင်များကို ချိုးဖဲ့ကာ ဒြပ်စင်ငါးမျိုးထီးထဲကနေ ထွက်ခွာသွားကြ၏။ သူတို့သည် စိတ်ထဲမှာ မချင့်မရဲ မကျေနပ်ကြသော်လည်း ဘာပဲဖြစ်ဖြစ် သူတို့အသက် မသေရဖို့က ပိုအရေးကြီးလေသည်။

ဆူဇီမို၏ ထိပ်တန်းအဆင့်လက်နက်များအပေါ် အာသာရမ္မက်ငမ်းငမ်းတက်၍ မထွက်ခွာနိုင်ကြသော ကျင့်ကြံသူများလည်း ရှိကြ၏။ သူတို့ထဲမှ အများစုမှာ ဆဋ္ဌဂံဓါးဝင်္ကပါအောက်တွင် အသက်ပျောက်ကုန်ကြရ၏။

ဆဋ္ဌဂံဓါးဝင်္ကပါ၏ အစွမ်းကို ခုခံတောင်ခံနိုင်သော စွမ်းအားကြီးသည့် ကျင့်ကြံသူတစ်စိတ်တစ်ဒေသလည်း ရှိသေး၏။ သို့သော် သူတို့သည်လည်း ဒဏ်ရာများစွာရရှိ၍ စိတ်ဝိညာဉ်အဆင့်မှတ်စာရင်းတွင် ရပ်တည်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားကြလေပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော်သည် ဆူဇီမို၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံလိုက်ကြရပြီး လုံးဝ ကစင်ကလျား ဖရိုဖရဲ ဖြစ်ကုန်ကြလေပြီ။

မြေပြင်လေးထောင့်ကွင်းတွင် အခြေတည်ကျင့်ကြံသူ တစ်သိန်းကျော်သည် ပါးစပ်အဟောင်းသားနှင့် ပင့်သက်ကိုရှိုက်၍ ငေးနေကြ၏။

သူတို့ရှေ့မှ မြင်ကွင်းက လူတိုင်း၏ တွေးထင်မှန်းဆထားသည်ထက် လုံးဝကို ကျော်လွန်ထွက်နေပေပြီ။

ဒြပ်စင်ငါးမျိုးထီးထဲတွင် မရီးဒါန်သုံးခုအခြေတည်အဆင့်တစ်ယောက်က ပြိုင်ဘက်ကင်း၊ လွှမ်းမိုးခြယ်လှယ်ပြီး လုပ်ချင်သလိုကိုလုပ်၍ သွေးချောင်းစီးစေလိမ့်မည်ဟု မည်သည်မှ မျှော်လင့်မထားမိခဲ့ကြပေ။

ကျင့်ကြံသူတစ်ယောက်က ရေရွတ်မြည်တမ်းလိုက်၏။

“ငါကြားဖူးတာ.. အဆင့်တူတွေကြားထဲမှာဆို ဓါးဝင်္ကပါသခင်တွေက ပြိုင်ဘက်ကင်းပဲတဲ့.. အဲ့စကားတွေက ချဲ့ကားပြီး ပြောခဲ့ကြတာ မဟုတ်ဘူးပဲ”

ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်နှင့် အဆင့်၂ ဝင်္ကပါ.. ဆူဇီမို၏ တိုက်ခိုက်ရည်က မည်သည့်မရီးဒါန်ငါးခုအခြေတည်အဆင့်ထက်မဆို အောက်ကျမနေတော့ပေ။

All Chapters