← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 22 Ch. 328

နောက်ဆုံးတိုက်ပွဲ

Vol. 22 Ch. 328

နယ်မြေငါးခု၏ တိုက်ပွဲများက တဖြည်းဖြည်းနှင့် အဆုံးသတ်ဖို့ နီးကပ်လာပြီဖြစ်၏။

နယ်မြေတစ်ခုစီတွင် ကျင့်ကြံသူများက တစ်ရာထက် ပိုမရှိကြတော့ပေ။ ထိုကျန်ရှိနေသေးသော ကျင့်ကြံသူများသည် အသန်မာဆုံးနှင့် နည်းစနစ်ပိုင်း ကြွယ်ဝကြသူများ ဖြစ်ကြလေသည်။

သတ္တုနယ်မြေ၏ အစွန်စပ်တွင် တလက်လက်တောက်ပနေသော ကောင်းကင်းနှင့် မြေကြီးကို ချိတ်ဆက်ထားသည့် ဧရာမအလင်းပိတ်သားပြင်ကြီးတစ်ခုရှိ၏။ ထိုအနီးနားတွင် မည်သူမျှ ရှိမနေပေ။ စိတ်ဝိညာဉ်သားရဲများပင်လျှင် ထိုနေရာတစ်ဝိုက်မှာ ကြာကြာမနေကြပေ။

ရုတ်တရတ်ဆိုသလို..

ထိုအလင်းပိတ်သားပြင်ကြီးထဲမှ လူတစ်ယောက်က ဖြည်းဖြည်းချင်း လှမ်းထွက်လာ၏။ သူ၏ ဝတ်ရုံစတစ်ခုလုံးက ချွေးများဖြင့် ရွှဲနစ်နေပြီး လွန်စွာ ပင်ပန်းနွမ်းနယ်နေပုံရလေသည်။

သတ်ဖြတ်ခြင်းဝင်္ကပါကို ဖြတ်ကျော်လာပြီးနောက်.. အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ့ဘေးပတ်ဝန်းကျင်၏ တိတ်ဆိတ်အေးချမ်းမှုကို ခံစားနေသည့်အလား သူ့မျက်လုံးများကို ပိတ်ထား၏။ ကပ်ဘေးတစ်ခုမှ လွတ်မြောက်လာပြီးနောက် သူက သက်ပြင်းရှည်ကြီးချလိုက်၏။

အချိန်အတန်ကြာသွားပြီးမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ခပ်လှမ်းလှမ်းအဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“ဒီမှာ ငါရောက်လာပြီကွ”

. . .

ဒြပ်စင်ငါးမျိုးထီးထဲတွင် ကျင့်ကြံသူများသည် နောက်ဆုံးအချိန်ထိ ပုန်းလျှိုးနေဖို့က မဖြစ်နိုင်ပေ။

ဒြပ်စင်ငါးမျိုးထီးထဲတွင် နေရာတိုင်း၌ အရေအတွက်နိုင်သော ငှက်များနှင့် သားရဲများက ရှိနေတတ်၏။ ကျင့်ကြံသူတစ်ယောက်က တစ်နေရာထဲမှာ အကြာကြီး နေမိလျှင် စိတ်ဝိညာဉ်သားရဲများက သတိထားမိသွားပြီး ထိုလူက သေချာပေါက် အမဲဖျက်ခံရပေမည်။

သူတို့က ကံကောင်းလွန်းလို့ အန္တရာယ်ရှိသော နေရာများကို ရှောင်ကွင်းနိုင်ခဲ့သည်ဆိုလျှင်တောင် နယ်မြေတစ်ခုမှာ ကျင့်ကြံသူအရေအတွက် ငါးဆယ်ထက် နည်းလာခဲ့လျှင် ထိုသူများအားလုံးကို နောက်ဆုံးတိုက်ပွဲဆင်နွှဲရန်အတွက် ထိုနယ်မြေ၏ အတွင်းကျဆုံးနေရာဆီသို့ ပို့ဆောင်ပေးလိုက်မည် ဖြစ်လေသည်။

ထိုနောက်ဆုံးတိုက်ပွဲတွင်တော့ ကိစ္စများက တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်ခွန်အားအစွမ်းအစအပေါ် မူတည်သွားပြီး ဖြစ်လေသည်။

သတ္တုနယ်မြေ၊ အတွင်းကျဆုံးနေရာ..

ထိုနေရာတွင် အလင်းတန်းငါးဆယ်က ဖျတ်ကနဲလက်သွားပြီး ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ထိုသူများ အများစုမှာ သွေးသံရဲရဲနှင့် တချို့ဆို ဒဏ်ရာပြင်းထန်စွာတောင် ရရှိထားကြ၏။

သူတို့ထဲမှ အနည်းအကျဉ်းလောက်သာ ကြော့ကြော့မော့မော့နှင့် သေသေသပ်သပ် ရှိနေကြ၏။

ဤနေရာသို့ ပို့ဆောင်ခံလိုက်ရသော သူတို့ထဲတွင်မှ.. အလောင်းတစ်လောင်းလည်း ပါလာ၏။ ထိုအလောင်းကောင်က မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲနေပြီး ခန္ဓာကိုယ်က ဝဝဖိုင့်ဖိုင့်၊ သူ့မျက်နှာက စုတ်ပြတ်သတ်နေပြီး လူရုပ်သူရုပ်ပင် မပေါ်တော့ပေ။ သူ့လည်ပင်းပေါ်တွင် ကြောက်စရာကောင်းလောက်အောင် ဟက်တက်ကြီးကွဲနေသည့် အလွန်နက်သည့် ဒဏ်ရာကြီးတစ်ခုကလည်း ရှိနေ၏။

တစ်ကယ်ဆို.. သူကသာ သေပြီးသားအလောင်းတစ်လောင်းဆိုလျှင် ဤနေရာသို့ ပို့ဆောင်ခြင်းခံရစရာ အကြောင်းမရှိပေ။

သို့သော်လည်း ယခုအခါ ကျင့်ကြံသူ ငါးဆယ်ကျော်က ဤနေရာတွင် ရုတ်တရတ် စုဝေးမိကြပြီး သူတို့အားလုံးက မဟာပြိုင်ဘက်များနှင့် ယှဉ်ဆိုင်ရတော့မည်ဆိုသော အတွေးနှင့် အနည်းငယ်စိုးထိတ် တောင့်တင်းနေကြ၏။ သူတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် တတ်နိုင်သမျှ ဝေးဝေးခွာနေကြသောကြောင့် မြေပြင်ပေါ်တွင် အလောင်းတစ်လောင်းရောက်လာတာကို သတိမထားမိကြပေ။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဟယ်ကျင်းက သူ့ဘယ်ဘက်လက်ထဲတွင် သုံးချောင်းထောက်ဒယ်စောက်လေးတစ်လုံးကို ကိုင်ထားပြီး ညာဘက်လက်ညိုးက ဓါးပျံတစ်လက်ကို ထိန်းချုပ်ကာ ဘေးပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်ကြည့်နေ၏။ ရုတ်တရတ် သူ့အကြည့်က တစ်စုံတစ်ယောက်အပေါ် ကျရောက်သွားပြီး နက်ရှိုင်းသောသတ်ဖြတ်လိုစိတ်နှင့် အေးခဲသွား၏။

ဖုန်ဟောက်ယွီက လက်နှစ်ဖက်ကို နောက်ပစ်၍ မောက်မာသော အမူအယာနှင့် ဘေးပတ်ပတ်လည်ကို သာမန်ကာလျှံကာ လှည့်ကြည့်လိုက်၏။ ရုတ်တရတ်.. သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လှောင်သလိုပြုံးလိုက်၏။

ကျန်ရှိသော ကျင့်ကြံသူများ၏ စိတ်အာရုံသည် အစတုန်းကတော့ ဖုန်ဟောက်ယွီနှင့် ဟယ်ကျင်းအပေါ်မှာ ဖြစ်ကြ၏။ သူတို့နှစ်ယောက်က မရီးဒါန်ငါးခုအခြေတည်အဆင့်များ ဖြစ်ကြလေသည်။

ယခုအခါ လူတိုင်းသည် သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှာ ထူးဆန်းသောအမူအယာများကို မြင်လိုက်ရသောအခါ အံ့သြသွားကြပြီး သူတို့နှစ်ယောက် ကြည့်နေရာသို့ လိုက်ကြည့်လိုက်ကြ၏။

မလှမ်းမကမ်းတွင် အစိမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်က တည်ငြိမ်စွာ မတ်တပ်ရပ်နေ၏။ သူ့ပုံစံက သိမ်သိမ်မွေ့မွေ့လေးနှင့် စာပေသမားလေးတစ်ယောက်လိုပင်။

“ဆူဇီမို”

“ဆရာမို”

လူအုပ်ကြီးထဲမှ အာမေဋိတ်သံများစွာက ထွက်ပေါ်လာ၏။

အလောင်းကောင်၏ မျက်နှာပေါ်မှ အသားများက ရုတ်တရတ် တွန့်သွား၏။

“ဆူဇီမို.. မင်းက အခုချိန်ထိ ဇွဲကောင်းနေဦးမယ်လို့ ငါမထင်ထားမိဘူး.. တစ်ကယ်ကို အထင်ကြီးလောက်စရာပါပဲ” ဖုန်ဟောက်ယွီက လက်ခုပ်တီးပြီး ရယ်မောလိုက်၏။

ဆူဇီမို၏ ပေါ်ပေါက်လာမှုကြောင့် တိုက်ပွဲမြေတွင် မှော်ဆန်သောပြောင်းလဲမှုများက ရုတ်တရတ် ဖြစ်ပေါ်လာလေပြီ။

များစွာသော ကျင့်ကြံသူများသည် ဆူဇီမိုအပေါ် မကောင်းကြံဖို့ စတင်တွေးလာကြ၏။

ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခု၏ ဆွဲဆောင်မှုက လူတိုင်းအပေါ် ကြီးမားစွာ သက်ရောက်မှုရှိလေသည်။

သူတို့သည် ဆူဇီမို၏ သိုလှောင်အိတ်ကို ဆွဲလုပြီး ကျောက်စိမ်းအဆောင်ကို ချိုးဖျက်၍ ဤနေရာကနေ ထွက်ပြေးနိုင်မည်ဆိုလျှင် သူတို့သည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ နေရာမရတော့ဘူးဆိုလျှင်တောင် တန်တာထက်ပိုလေသည်။

“ဆူဇီမို.. မင်းငါ့ညီကို သတ်ခဲ့တဲ့အတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်” ဟယ်ကျင်းက အရိုးထိအောင် မုန်းတီးနေသော လေသံနှင့် အေးစက်စွာ ပြောလိုက်၏။

ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများကလည်း သူတို့၏ ဓါးပျံများကို ဆင့်ခေါ်၍ လောဘဇော ငမ်းငမ်းတက်နေသော မျက်လုံးများနှင့် ဆူဇီမိုကို စိုက်ကြည့်နေကြ၏။

ဖုန်ဟောက်ယွီက ဖြစ်ပျက်နေသမျှကို တည်ငြိမ်စွာ ရပ်ကြည့်၍ စိတ်အေးလက်အေးပုံစံနှင့် ပုခုံးတွန့်ပြကာ ပြောလိုက်၏။

“ကြည့်ရတာတော့ ငါကိုယ်တိုင်တောင် ဝင်ပါစရာ မလိုတော့ဘူးထင်တယ်.. ဆူဇီမို မင်းကအခုဆို လူတိုင်းရဲ့ ပစ်မှတ်ဖြစ်နေပြီ.. ဘယ်သူမှ မင်းကို ကူညီကြမှာ မဟုတ်တော့ဘူး”

ဖုန်ဟောက်ယွီ ထိုစကားကို ပြောလိုက်သည့်အချိန်တွင် မြေပြင်ပေါ်ရှိ အလောင်းကောင်က ရုတ်တရတ် ခုန်ထလာ၏။

သူ၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးက အံ့သြဖို့ကောင်းအောင် ပေါ့ပါးနေပြီး.. မြေပြင်ပေါ်ကနေ လှိမ့်၍ ဖြတ်သန်းလာ၏။ ကျင့်ကြံသူတစ်ယောက်၏ရှေ့ အရောက်၌ သူက လုံးတစ်နေသော လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ထိုကျင့်ကြံသူ၏ ခါးပေါ်မှ ကျောက်စိမ်းအဆောင်ကို ရိုက်ချလိုက်၏။

ထိုလူက ဘာဖြစ်သွားမှန်း သေချာမသိရသေးခင်မှာပင် သူ့ဘေးပတ်လည်မှာ အလင်းတန်းတစ်ခုက ပေါ်လာပြီး သူသည် ဒြပ်စင်ငါးမျိုးထီးထဲမှ ဖယ်ထုတ်ခြင်း ခံလိုက်ရလေသည်။

အလောင်းကောင်က သူ့အင်္ကျီလက်စကို သုံး၍ သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး သူ့လည်ပင်းပေါ်မှ ဒဏ်ရာအတုကြီးကို ဖယ်ရှားလိုက်သောအခါ သူ၏ လုံးလုံးဝိုင်းဝိုင်းမျက်နှာက ပေါ်လာ၏။ ထိုသူက ဆန်းကြယ်တောင်ထွတ်မှ ဖက်တီးလေးပင် ဖြစ်လေသည်။

ဖက်တီးလေးက ဖုန်ဟောက်ယွီကို လက်ညိုးထိုးပြီး အော်လိုက်၏။

“ဟျေုာင့် သစ္စာဖောက်.. ဘာတွေ ပေါက်တတ်ကရတွေ လျှောက်အော်နေတာလဲ.. ငါက လူမဟုတ်လို့လား”

သူက ဆူဇီမို၏ အနားသို့ ပြေးကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“နောင်ကြီး ဘာမှမပူနဲ့.. ဒီမှာ ကျုပ်ရှိတယ်.. အခြေအနေ မဟန်ဘူးထင်ရင်လဲ ကျုပ်တို့ ကျောက်စိမ်းအဆောင်တွေ ချိုးဖျက်ပြီး လစ်ကြတာပေါ့”

တစ်ကယ်တော့ ဆူဇီမိုတစ်ယောက်တည်း တိုက်ခိုက်ရတော့မည့် အခြေအနေကို ရောက်လာတာကြောင့် မဟုတ်လျှင် ဖက်တီးလေးက အသေကောင်လို ဆက်လက်ဟန်ဆောင်နေဦးမည် ဖြစ်လေသည်။

ထိုကဲ့သို့သော နည်းလမ်းမျိုးကို တွေးမိသူက ဖက်တီးလေးတစ်ယောက်တည်းသာလျှင် ရှိတာတော့ မဟုတ်ပေ။

သို့သော်လည်း သူကတော့ အရည်အထူဆုံး တစ်ယောက် ဖြစ်လေသည်။

ဆူဇီမိုက ဖက်တီးလေး၏ ပုခုံးကိုပုတ်၍ စိတ်ချလက်ချနေရန် ပြသလိုက်ပြီးနောက် ဖုန်ဟောက်ယွီဘက်သို့ လှည့်၍ အေးစက်စွာပြောလိုက်၏။

“ဖုန်ဟောက်ယွီ.. စကားပြောပြီး အချိန်တွေဖြုန်းမနေနဲ့.. သေဖို့သာ ပြင်ထားလိုက်တော့”

ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုသည် အတော်ဖျတ်လတ်သော အမြန်နှုန်းနှင့် ဖုန်ဟောက်ယွီထံသို့ လျှောက်သွားလိုက်၏။

“သွား”

ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးက ဝင်းလက်သွားပြီး ရုတ်တရတ် တိုက်ခိုက်လိုက်၏။ သူက လက်တစ်ဖက်ဖြင့် ဓါးပျံကို ထိန်းချုပ်၍ ဆူဇီမို၏ နဖူးကို လှမ်းထိုးလိုက်ပြီး နောက်လက်တစ်ဖက်က စိတ်ဝိညာဉ်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။

ဆူဇီမိုက နတ်မြင်းလျှပ်တပြက် ပြေးထွက်ခြင်းကိုသုံး၍ ရုတ်တရတ် အရှိန်တင်လိုက်သောအခါ သူ့နောက်တွင် နောက်ချန်ပုံရိပ်များက ကျန်ရစ်ခဲ့ပြီး ဝင်ရောက်လာသော ဓါးပျံကို ပွတ်သီကပ်သီ ရှောင်ပြီးသား ဖြစ်သွားကာ ထိုလူရှေ့သို့ ချက်ချင်းရောက်သွား၏။

ထိုလူသည် ဖျတ်ကနဲ အရိပ်တစ်ခုကိုသာ နောက်ဆုံးမြင်တွေ့လိုက်ရပြီးနောက် ကြီးမားသည့်လက်သီးကြီးက သူ့ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။

နောက်ခဏ၌ ထိုလူသည် သူ့ဦးခေါင်းမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီးနောက် အသိစိတ်လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

လူတိုင်းတုန်လှုပ်သွားကြ၏။

မရီးဒါန်လေးခုအခြေတည်အဆင့်တစ်ယောက်က သူ၏ စိတ်ဝိညာဉ်တိုက်ကွက်ကို ပုံမဖော်နိုင်သေးခင်မှာပင် အသက်ပျောက်သွားရလေပြီ။

ဆူဇီမိုက အနီးကပ်တိုက်ခိုက်ရည်မှာ သန်မာသည်ဟု လူတိုင်းကြားဖူးထားသော်လည်း ဤမျှလောက်ထိ သန်မာလိမ့်မည်ဟု‌တော့ မည်သူမျှ မျှော်လင့်မထားမိကြပေ။

လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်၍ ဆူဇီမိုနှင့် သူတို့အကြား အကွာအဝေးတစ်ခု ခြားထားလိုက်ကြ၏။

ဆူဇီမို၏ အကြည့်က လွန်စွာပြင်းပြနေပြီး စတင်ကတည်းက ဖုန်ဟောက်ယွီအပေါ်မှာသာ ရှိနေ၏။ သူသည် အရိုးပင်လယ်ကို ဖြတ်လျှောက်လာသော ကြမ်းကြုတ်ရက်စက်သည့် သားရဲတစ်ကောင်အလား သွေးပျက်ဖွယ်ရာအော်ရာက သူ့ထံမှ ထွက်ပေါ်နေပြီး သူ၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းပြင်းထန်လာ၏။

ရွှစ်..

ရုတ်တရတ်.. တောက်ပသည့် စိတ်ဝိညာဉ်တောင်ပံတစ်စုံက ဖုန်ဟောက်ယွီ၏ နောက်ကျောတွင် ပေါ်လာ၏။ သူက လေထဲသို့ ပျံတက်လိုက်ပြီး ဟန်လုပ်ပြုံး၍ ဆူဇီမိုကို ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှုက အပြည့်ဖြစ်၏။

အခြားတစ်ဖက်မှာတော့.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဟယ်ကျင်းသည် မာန်ဖီဟိန်းဟောက်၍ သူ့မရီးဒါန်ငါးခုမှ စိတ်ဝိညာဉ်စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်၏။ သူ့လက်လဲမှ ဓါးပျံက အနည်းငယ်တုန်ခါနေပြီး အလင်းရောင်သုံးခုဖြင့် တောက်ပနေ၏။ အဲ့ဒါက သာလွန်အဆင့်ဓါးပျံတစ်လက်ပင်။

“သွား”

ဟယ်ကျင်းက လက်ညိုးညွှန်၍ ဓါးပျံကို စေလွှတ်လိုက်၏။

ဓါးပျံက မီးတောက်တစ်လွှာဖြင့် တောက်လောင်နေသည်ဟု ထင်ရပြီး လေထုကို ဖြတ်သန်းလာ၏။ ဓါးပျံလာရာ လမ်းတစ်လျှောက် လေထုပင် လောင်ကျွမ်းသွားပြီး ဗျိုးဗျိုးဗျစ်ဗျစ် မြည်သံများက ထွက်ပေါ်လာ၏။

ရွှစ် ရွှစ် ရွှစ်..

ထိုအချိန်မှာပင် အနည်းဆုံး ဓါးပျံတစ်ဒါဇင်ကျော်သည် ကြမ်းကြုတ်သည့်အော်ရာများနှင့်အတူ ပျံသန်းလာ၏။ ထိုလက်နက်များအားလုံးက ဆူဇီမိုကိုသာလျှင် ရည်ရွယ်လေသည်။

ဖက်တီးလေးသည် မြေပြင်တွင် ငူငူကြီးရပ်နေမိပြီး ဖြစ်ပျက်နေသည်များကိုကြည့်၍ ကျောရိုးတစ်လျှောက် ချမ်းတုန်လာ၏။

“နောင်ကြီး.. ကျောက်စိမ်းအဆောင်ကို ချိုးလိုက်တော့” ဖက်တီးလေးက အော်ဟစ်လိုက်၏။

ထိုကဲ့သို့သော ပြင်းထန်ရက်စက်သည့် တိုက်ခိုက်မှုအောက်တွင် သူတို့အတွက် အသက်ရှင်နိုင်ဖို့ရာ တစ်ခုတည်းသော ရွေးချယ်စရာမှာ ကျောက်စိမ်းအဆောင်ကို ချိုးဖျက်၍ ဤနေရာမှ ထွက်ပြေးဖို့ပင် ဖြစ်လေတော့သည်။

All Chapters