← Chapters

လျှို့ဝှက်ပညာရပ်များနှင့် တိုက်ပွဲ

Vol. 22 Ch. 330

လျှို့ဝှက်ပညာရပ်များနှင့် တိုက်ပွဲ

Vol. 22 Ch. 330

ဖယောင်းမီးဓါးဝင်္ကပါက အဆုံးမဲ့ဓါးချီများနှင့် လောင်ကျွမ်းတောက်ပနေသော နေမင်းကြီးအသွင် ပြောင်းသွားပြီး ဟယ်ကျင်းထုတ်လိုက်သော ပန်းပဲမီးဖိုကြီးကို အဆက်မပြတ် ထိုးနှက်ရိုက်ခတ်လိုက်၏။

ချွမ် ချွမ်း.. ချွင် ချွင်...

ပန်းပဲမီးဖို၏ မျက်နှာပြင်ကို ဓါးချီများက အဆက်မပြတ် ရိုက်ခတ်နေပြီး သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာ၏။ ဖယောင်းမီးဓါးဝင်္ကပါ၏ ပြိုးပြိုးပြက်ပြက် တောက်ပသော ရောင်ခြည်များက ဟယ်ကျင်းနှင့် သူ့ပန်းဖိုတစ်ခုလုံးနီးပါးကို လွှမ်းခြုံသွား၏။

ဝုန်း..

နောက်ထပ်ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာပြန်၏။

ဓါးအလင်းများက ဖျော့လာပြီးနောက် အရောင်မှိန်ကျသွား၏။ နောက်ဆုံးမှာတော့ ဖယောင်းမီးဓါးဝင်္ကပါသည် အရှိန်ကုန်ပျက်ပြယ်သွားပြီး ဓါးပျံ ၁၈လက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဒြပ်စင်ငါးမျိုးထီးအတွင်းနှင့် အပြင်ဘက်ရှိ ကျင့်ကြံသူများအားလုံးသည် အာရုံစူးစိုက် ငေးကြည့်နေကြ၏။

ကြီးမားသည် ပန်းပဲမီးဖိုကြီးက ခပ်ဖျော့ဖျော့ အရောင်ထွက်၍ ဟယ်ကျင်း၏ ခန္ဓာကိုယ်ရှေ့မှာ ပိတ်ကာရှိနေဆဲဖြစ်၏။ အဲ့ဒါက အဖြူရောင် ဓါးခြစ်ရာများနှင့် ပြည့်နေသော်လည်း မပျက်ဆီးသွားသေးပေ။

ဘာပဲဖြစ်ဖြစ် အဲ့ဒါက ထိပ်တန်းအဆင့်ထက် တစ်ဆင့်သာနိမ့်သော သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။

ဟယ်ကျင်းသည် ပန်းပဲမီးဖိုကြီး၏ အနောက်တွင် ဘေးကင်းလုံခြုံနေပုံရပြီး သူ့မျက်လုံးများကတော့ တစ်နည်းနည်းနှင့် အသက်မဲ့နေသလို ထင်ရ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူများအားလုံး စိတ်သက်သာရာရကာ သက်ပြင်းချနို်ငသွားကြ၏။

“တော်သေးတာပေါ့ကွာ. ဟူး”

“အခုမှပဲ စိတ်အေးရတော့တယ်”

စီမာကျီ၊ အကြီးအကဲကျန်းနှင့် အခြားသူများသည် စိတ်ပြေလျော့သွားကာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏တပည့်က အသက်ရှင်နိုင်မည်ဆိုမှတော့ နည်းနည်းပါးပါး သွေးပျက်ထိတ်လန့်သွားလည်း ပြဿနာမရှိတော့ပေ။

“ဘာပဲဖြစ်ဖြစ် ဟယ်ကျင်းက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရဲ့ အမွေခံတပည့်တစ်ယောက်ပဲလေ.. သူလဲ ဒီလောက်ကတော့ စွမ်းမှာပေါ့”

ရွှေအမြုအချို့က တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။

အားလုံးက ထိုသို့တွေးထင်နေကြသော်လည်း နိုးထဝိညာဉ်အဆင့်များ ဖြစ်ကြသည့် ပကတိအရှင်မင်းကျီနှင့် ဂူရှီတို့ကတော့ ဘာစကားမှ မပြောကြပေ။

ဧကရာဇ်သည်လည်း အမူအယာမဲ့နေပြီး ခေါင်းခါရမ်းလိုက်၏။

ထိုအချိန်မှာပင် ဟယ်ကျင်း၏ မူလက ဖြူလျော့နေသော မျက်နှာပေါ်တွင် သွေးနီရောင်အစင်းကြောင်းများက ပေါ်လာပြီး ပွင့်ဟကာ ကျယ်ပြန့်လာ၏။

ရှီး..

ဟယ်ကျင်း၏ ခန္ဓာကိုယ်ရှိ အဝတ်များသည် အကြောင်းပြချက်မရှိ စုတ်ပြတ်ကျလာ၏။ သူ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော ဓါးချီများက ထိုးဖောက်မွှေနှောက်ထားသလို ဒဏ်ရာဒဏ်ချက်များက သူ့ခန္ဓာကိုယ်အနှံ့ မြင်မကောင်းရှုမကောင်း ကြောက်စရာကောင်းလောက်အောင် ပေါ်လာ၏။

လူအုပ်ကြီးထံမှ ဝေဖန်လေကန်သံများက ပျောက်ကွယ်သွား၏။

အားလုံး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်မှာပင်.. ဟယ်ကျင်း၏ မျက်နှာ၊ လည်ပင်း၊ ခြေလက်များနှင့် အခြားသော အစိတ်အပိုင်းတိုင်းသည် သူ့ကိုယ်ကနေ ဟပြဲလာပြီး သွေးများက ပန်းထွက်လာကာ ကြီးမားသည့် သွေးမြူများ ဖြစ်သွား၏။

ထိုသွေးမြူများထဲတွင် ဟယ်ကျင်းသည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပစ်လဲကျသွားပြီး သူမျက်လုံးများက အရောင်မှိန်ကျသွား၏။ သူက အသက်မရှိတော့ပေ။

ပန်းပဲမီးဖိုက ဖယောင်းမီးဓါးဝင်္ကပါ၏ ထက်ရှ၏ ခုခံနိုင်သော်လည်း ဓါးဝင်္ကပါမှ ထွက်ပေါ်လာသော ဓါးချီများက ဟယ်ကျင်းကို နဖူးမှခြေဖျားထိ နုတ်နုတ်စင်းသွားခဲ့လေသည်။

သူကသေလေပြီ..

စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် တစ်နေရာရဖို့ သေချာခဲ့သော အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ အမွေခံတပည့်တစ်ယောက်က ဒြပ်စင်ငါးမျိုးထီးထဲမှာ ဤကဲ့သို့ပင် သေဆုံးခဲ့ရလေပြီ။ သူသည် ထွက်ပြေးဖို့အတွက် ကျောက်စိမ်းအဆောင်ကို ချိုးဖျက်ဖို့ပင် အချိန်မရလိုက်ပေ။

စီမာကျီနှင့် အခြားသူများသည် ဒယီးဒယိုင်နှင့် ဖင်ထိုင်လျက်လဲကျသွားပြီး သူတို့စိတ်များက ရှုပ်ထွေးနောက်ကျိ၍ ငူငိုင်နေမိကြ၏။

အစတုန်းက အစစ်အမှန်မီးစွမ်းအင်းဂိုဏ်းသည် နတ်ဆေး၊ နတ်ပန်းပဲနှင့် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတို့တွင် တစ်နေရာစီရဖို့ သေချာသလောက်ရှိခဲ့၏။ သို့သော်လည်း ဟယ်ရှင်းသည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲမတိုင်ခင်ကတည်းက မြို့တော်ထဲတွင် ဆူဇီမို၏ သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ထောင်ဖုန်းက မိုကလန်၏ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ကို သွားပြီးစမ်းသပ်မိသည့်အတွက် အပြင်းအထန် ဒဏ်ရာရရှိထား၏။ ယခုအခါ ဟယ်ကျင်းကလည်း သေလေပြီ။

ဒီတစ်ခေါက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းသည် တော်တော်ကို အထိနာသွား၏။

“ကြည့်ကြည့်”

တစ်ယောက်ယောက်က ဒြပ်စင်ငါးမျိုးထီး၏ ပိတ်သားပြင်ကို လက်ညိုးထိုးပြ၍ အော်လိုက်၏။

သတ္တုနယ်မြေတွင် ဆူဇီမိုက ဖုန်ဟောက်ယွီထံသို့ အလွန်တရာ လျှင်မြန်စွာပြေးချသွားပြီး နောက်သူ့နောက်တွင် နောက်ချန်ပုံရိပ်များက အတန်းလိုက်ကျန်ရစ်ခဲ့၏။

ဖုန်ဟောက်ယွီက အေးစက်စက် သရော်လိုက်၏။

သူတို့က မြေပြင်ပေါ်မှာသာဆိုလျှင် သူသည် ဆူဇီမိုကို စိုးရိမ်ရပေမည်။

သို့သော် အခုအခါမှာတော့ သူ့မှာဆန်းကြယ်တောင်ပံများ ရှိသောကြောင့် သူသည် လေထဲတွင် ရွှေအမြုတေများကဲ့သို့ ပျံသန်းနိုင်လေသည်။ ဆူဇီမိုက သူ့အနားကို ကပ်လာနိုင်စရာ အကြောင်းမရှိပေ။

ဆန်းကြယ်တောင်ပံက ဘာပဲပြောပြော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်၏။ ဆူဇီမိုက ဓါးပျံကိုထုတ်ပြီး စီးနင်းမည်ဆိုလျှင်တောင် သူက အမြန်နှုန်းမှာရော၊ ပေါ့ပါးဖျတ်လတ်မှုမှာပါ ဖုန်ဟောက်ယွီအောက် နောက်ကျနေပေမည်။

ဇီ...

ဖုန်ဟောက်ယွီသည် သူ့အင်္ကျီလက်စကို လှုပ်ခါ၍ ဓါးပျံသုံးလက်ကို ဆင့်ခေါ်လိုက်၏။ အားလုံးက သာလွန်အဆင့်များ ဖြစ်၏။

သူက အခြေတည်အဆင့်မှာပင် သာလွန်အဆင့်ဓါးပျံသုံးလက်ကို ပိုင်ဆိုင်ထားသောကြောင့် သွေးကျီးကန်းနန်းတော်က သူ့ကို ဘယ်လောက်အလေးပေးထားကြောင်း ထင်ရှားလေသည်။

သူသည် ဆန်းကြယ်တောင်ထွတ်မှာ ဆူဇီမိုကို ရှုံးနိမ့်သွားပြီးကတည်းက ဖုန်ဟောက်ယွီသည် အပတ်တကုတ် ကျင့်ကြံပြီး ဓါးပျံများစွာကို ကိုင်ဆောင်နိုင်ဖို့ လေ့ကျင့်ခဲ့၏။ သူသည် ဓါးဝင်္ကပါများကို မဖန်တီးနိုင်သော်လည်း သူ့ခွန်အားနှင့် ဆန်းကြယ်ဓါးသိုင်းကို ပေါင်းစပ်လိုက်လျှင် သွားနောက်လို့တော့ မရပေ။

ဓါးများက တောက်ပစွာလင်းလက်လာ၏။ သို့သော် ရုတ်တရတ် ချက်ချင်း သူတို့က ပျောက်ကွယ်သွား၏။

ဆန်းကြယ်ဓါးသိုင်း အဆင့်-၂ .. လေဟာနယ်အဆင့်..

ဆူဇီမိုက လုံးဝမရပ်တန့်ဘဲ ဖုန်ဟောက်ယွီထံသို့ ဆက်လက်ပြေးဝင်သွား၏။ သူ့မျက်လုံးက ဝင်းလက်လာပြီး.. သူ့ဘယ်ဘက်လက်ခလယ်နှင့် လက်မကို ချိတ်ဆက်ကာ ထူးဆန်းသော လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။

ထိုလက်ဟန်ချိတ်စည်းကို ပုံဖော်လိုက်သည့်ခဏ၌ ဆူဇီမို၏ ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် အရူးအမူး လည်ပတ်လာ၏။ မရီးဒါန်သုံးခုက ခပ်ရေးရေးမြင်နိုင်လောက်အောင် တောက်ပလာပြီး စိတ်ဝိညာဉ်စွမ်းအင်များက ထိုလက်ဟန်ချိတ်စည်းထဲသို့ တိုးဝင်သွား၏။

ဝုန်း..

ရုတ်တရတ် ကြီးမားသည့် အက်ကွဲကြောင်းကြီးက ကောင်းကင်ထက်တွင် ပေါ်လာပြီး ရွှေရောင်လက်ဝါးကြီးက ဆင်းသက်လာ၏။ အဲ့ဒါက ကမ္ဘာပေါ်ရှိ အပြစ်သားအားလုံးကို နှိမ်နင်းတော့မည့်အလား.. မြင့်မြတ်ထည်ဝါသည့်အော်ရာက ထွက်ပေါ်လာ၏။

မိစ္ဆာနှိမ်နင်းချိတ်စည်း..

ပွဲကြည့်စင်ထက်ရှိ ရွှေအမြုတေများသည် အာရုံစူးစိုက်၍ ကြည့်လိုက်ကြ၏။ ထိုလက်ဟန်ချိတ်စည်းက လွန်စွာစွမ်းအားကြီးကြောင်း သူတို့ ပြောနိုင်လေသည်။

လေထဲတွင် အပြည့်အဝ သတိမထားမိသော ဖုန်ဟောက်ယွီက ဟိန်းဟောက်လိုက်၏။

“အချိန်ကိုက်ပဲ.. ငါဘာတွေ လုပ်နိုင်လဲ မင်းကို ပြရသေးတာပေါ့”

ပြေးဝင်လာသော ဆူဇီမိုကို ထိုးနှက်ဖို့အတွက် ဓါးပျံသုံးလက်ကို ထိန်းချုပ်ရင်း ဖုန်ဟောက်ယွီသည် သူ့သိုလှောင်အိတ်ထဲကနေ အရိုးဖြူတောင်ဝှေးတစ်ချောင်းကို ထုတ်ယူလိုက်၏။

သူ့လျှာကို ကိုက်လိုက်ပြီး ထိုအရိုးတောင်ဝှေးပေါ်သို့ သူ၏ သွေးအဆီအနှစ်များကို ထွေးချလိုက်၏။

သွေးအဆီအနှစ်က အရိုးတောင်ဝှေးပေါ်သို့ ကျရောက်သွားသောအခါ စားသုံးခံလိုက်ရသည့်အလား ထူးဆန်းစွာ ပျောက်ကွယ်သွား၏။

ထို့နောက် တောင်ဝှေးပေါ်တွင် သွေးစီးကြောင်းများက ပေါ်လာ၏။ သလင်းလိုကြည်လင်နေသော ထိုအပေါ်တွင် သွေးစီးကြောင်းများက သက်ရှိတစ်ကောင်၏ သွေးကြောများအလား.. အလွန်တရာ ဆိုးယုတ်သော အော်ရာနှင့်အတူ အသက်ဝင်လာ၏။

ဖုန်ဟောက်ယွီသည် အရိုးတောင်ဝှေးကို လှုပ်ရမ်း၍ အမျိုးအမည်မသိရသော ဘာသာစကားတစ်မျိုးနှင့် မန်းမှုတ်နေ၏။ ချက်ချင်းပင် သူ့မျက်လုံးများက ကြောက်စရာကောင်းသော စိမ်းဖန့်ရောင်နှင့် တောက်ပလာ၏။

“စုဖွဲ့စမ်း”

သူသည် အရိုးတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ကျဆင်းလာသော ရွှေရောင်လက်ဝါးကြီးကို ချိန်ရွယ်၍ အော်ဟစ်လိုက်၏။

“ဂါး”

ဘယ်ကဘယ်လိုမသိ.. ကြီးမားသည့် သွေးရောင်ဦးခေါင်းခွံကြီးက ပေါ်လာပြီး ဟောင်းလောင်းပေါက် မျက်တွင်းအိမ်ကြီးများက သွေးနီညိုရောင်ဖြင့် တောက်ပလာ၏။ သူ၏ ကြီးမားသည့်ပါးစပ်ပေါက်ကြီးကို ဟလိုက်သောအခါ ကျယ်လောင်သည့်ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာပြီး ရွှေရောင်လက်ဝါးကြီကို ပစ်တိုက်လိုက်၏။

ဟိန်းဟောက်သံနှင့်အတူ သွေးနီရောင်ဦးခေါင်းခွံကြီးက ရွှေရောင်လက်ဝါးကြီးကို ဝါးမျိုတော့မည့်အလား ပြင်းထန်စွာ တိုးဝင်သွား၏။

ဧကရာဇ်က ဖြစ်ပျက်သမျှကို အမူအယာမဲ့စွာ မမှိတ်မသုန်စိုက်ကြည့်နေ၏။ သို့သော်လည်း သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခုက ဖြတ်သွား၏။

ပကတိအရှင်မင်းကျီ၏ အမူအယာကလည်း ပျက်ယွင်းသွားပြီး သူက မနောသိစိတ်နှင့် အသံလှမ်းပို့လိုက်၏။

“သူက တစ်ကယ်ပဲ တားမြစ်နယ်မြေက အမွေဆက်ခံသူတစ်ယောက်ပဲ”

ဂူရှီ၏ လှပသော မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမ၏ နှုတ်ခမ်းထက်ရှိ ခပ်ယဲ့ယဲ့အပြုံးကလည်း ပျောက်ကွယ်သွား၏။

တိုက်ပွဲမြေတွင် ဓါးပျံသုံးလက်က ပျောက်ကွယ်သွားသော်လည်း လေထဲတွင် ရေဂယက်ကဲ့သို့ ခပ်ရေးရေးလှိုင်းတွန့်များက ပေါ်နေ၏။

ဆူဇီမိုက သူ့ကိုယ်ကို ဝပ်ချလိုက်ပြီး မြေပြင်တွင် အနာကွန်ဒါတစ်ကောင်လို လျှောထိုးသွားလိုက်၏။ သူ့အမြန်နှုန်းက လျော့ကျသွားခြင်း မရှိပေ။

ဖုန်ဟောက်ယွီက အဲ့ဒါကို မျှော်လင့်ထားမိပုံပင်။ သူ၏ ဓါးပျံတစ်လက်က ဦးတည်ရာလမ်းကြောင်း ရုတ်တရတ် ပြောင်းလဲသွားပြီး မြေပြင်တွင် ဝပ်သွားနေသော ဆူဇီမို၏ နောက်ကျောကို ဦးတည်သွား၏။

ဖောက်..

သွေးရောင်က ပေါ်လာ၏။

ရလဒ်က ထွက်လာပြီလား..

လူတိုင်းအာရုံစိုက်ကြည့်လိုက်ကြည့်ကြ၏။ ဆူဇီမိုက ခဏလေးမျှသာ ရပ်တန့်သွားပြီးနောက် ရှေ့သို့ ဆက်လက်ပြေးတက်သွား၏။ သူ့ကျောကုန်းတွင် ဒဏ်ရာတစ်ခု ရှိနေသော်လည်း အဲ့ဒါက သေစေနိုင်သောဒဏ်ရာ မဟုတ်ပေ။

“ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်မရှိရင် ဆူဇီမိုက ဓါးဝင်္ကပါတစ်ခု ဖန်တီးနိုင်မှာ မဟုတ်တော့ဘူး.. သူကတော့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်တော့မယ်ထင်တယ်”

များစွာသောကျင့်ကြံသူများက တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

“အမ်”

ဧကရာဇ်၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။

ရွှေအမြုတေများတောင်မှ အသေးစိတ်ကျကျ မြင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဒြပ်စင်ငါးမျိုးထီးက သူ၏ မူပိုင်ဓမ္မလက်နက်ဖြစ်တာကြောင့် ဧကရာဇ်က ဖြစ်ပျက်သမျှကို အသေးစိတ်ကျကျ မြင်နိုင်လေသည်။

ဆူဇီမို၏ ကျောကုန်းက ဒဏ်ရာမှ သွေးများစွာ ထွက်မလာသောကြောင့် သူအံ့အားသင့်သွားရ၏။

ဒဏ်ရာပတ်လည်မှ ကြွက်သားများသည် ချက်ချင်းပေါင်းစပ်တင်းကျပ်သွားပြီး ဆဲလ်အသစ်များ ပြန်လည်မွေးဖွားပေးနေ၏။

“ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်တဲ့ ကိုယ်ကာယလဲ”

ဧကရာဇ်၏ နုလုံးသားက ဒိန်းကနဲ ခုန်သွား၏။

All Chapters