နယ်ရုပ်တွေသာ ဒီကမ္ဘာကို စိုးမိုးတယ် (က)
Vol. 38 Ch. 570
အကျဉ်းထောင်ကမ္ဘာပေါင်း ၃၃ကမ္ဘာ၏ ပထမကမ္ဘာတွင် ဖြစ်သည်။
နေဝန်းနီကြီးသည် မြေပြင်ကို မီးပြင်းတိုက်သကဲ့သို့ အဆုံးမဲ့သော အပူတို့ကို ထုတ်လွှတ်လျက် ကောင်းကင်တွင် မြင့်မားစွာ ရှိနေသည်။
ဤနေရာရှိ ကောင်းကင်သည် နတ်ဘုရားမျက်နှာပျက်ကြီး ရှိမနေသော်လည်း ၎င်းနေရာရှိ ဓာတ်နှောများသည် ထူထဲသိပ်သည်းနေဆဲ ဖြစ်သည်။
ဝမ်ယုကုန်းမြေတွင် ပျံ့နှံ့နေသော ဓာတ်နှောများသည် ဝမ်ယုကုန်းမြေကိုသာမက ၎င်းနှင့် ဆက်စပ်လျက်ရှိသော ကမ္ဘာငယ်များကိုပါ သက်ရောက်နေသည်။
သို့သော်လည်း ဤနေရာရှိ နေနှင့်လတို့တွင် အနားယူနေသော နတ်ဘုရားများ မရှိကြပေ။ ၎င်းတို့သည် ဓားကိုင်ရုံးတော်ကြောင့် ပြောင်းလဲသွားသော ဤကမ္ဘာ၏ ကမ္ဘာဦးကောင်းကင်တာအိုအကြည့်များမှ ဖြစ်ပေါ်လာခဲ့ကြသည်။
လက်ရှိတွင် အကြည့်များမှ ဖြစ်တည်လာသော နေအောက်တွင် အပူလှိုင်းများ ထနေပြီး တိမ်များပါးနေကာ ကောင်းကင်တွင် လမ်းလျှောက်နေကြသော လူအိုနှင့် လူငယ်တစ်ယောက်တို့၏ ပုံရိပ်နှစ်ခုကို ထူးထူးရှားရှား ထင်းနေစေသည်။
လူအိုကြီးသည် တစေလက် ဖြစ်သည်။
လူငယ်သည် ရွှီချင်း ဖြစ်သည်။
“နယ်မြေဂ နယ်ရုပ်တစ်ယောက်ရဲ့ အလုပ်က တကယ်တမ်းတော့ အရမ်း ရိုးရှင်းတယ်။ ဒီကမ္ဘာကို စောင့်ကြပ်ပေးရုံပဲ”
“မင်းက ဒီကမ္ဘာထဲမှာ တစ်ဦးထဲသော နယ်ရုပ် မဟုတ်ဘူး။ မင်းအပါအဝင် ဒီနေရာမှာ စုစုပေါင်း နယ်ရုပ် ၆၇ယောက် ရှိတယ်။ မင်းနေရာရဲ့ တာဝန်နဲ့ အချိန်ကို မင်းတစ်ယောက်ထဲ ဒီကမ္ဘာထဲကို လာနိုင်တဲ့အခါကျမှ စီစဉ်ပေးလိမ့်မယ်”
“ဒီမတိုင်ခင်တော့ မင်းက ငါ့နောက်ကို လိုက်ဖို့ပဲ လိုတယ်။ ငါက မင်းကို ဒီနေရာက အရာအားလုံးနဲ့ ကိုယ်တိုင်ရင်းနှီးသွားအောင် ခေါ်သွားပေးမယ်”
တစေလက်က ပြောလိုက်ရင်း ရှေ့သို့ ဆက်သွားသည်။
ရွှီချင်းက လေးစားစွာ ခေါင်းညိတ်လိုက်သည်။
“မင်းက နယ်မြေဂ နယ်ရုပ်တစ်ယောက်အနေနဲ့ အကျိုးကျေးဇူး ၂ခု ရမယ်”
တစေလက်က ပြုံးလိုက်ပြီး နှစ်ချို့သေရည်အိုးကြီး ထုတ်ယူကာ မော့လိုက်သည်။
“ပထမအကျိုးကျေးဇူးက လတိုင်း အကန့်အသတ်မရှိ သတ်လို့ရတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ မင်းက လွန်လွန်ကျူးကျူးတော့ သတ်မရဘူး။ မင်းကိုယ်တိုင် ချင့်ချိန်ရမယ်”
“ဒုတိယအကျိုးကျေးဇူးက နယ်မြေဂ နယ်ရုပ်တွေအားလုံး အမှန်တကယ် အာရုံစိုက်တဲ့ တစ်ခုပဲ။ ဒါက ဒီကမ္ဘာငယ်ကို နားလည်သဘောပေါက်ခြင်းပဲ”
“ဒီကမ္ဘာထဲက နိယာမစည်းမျဉ်းတွေ အကုန်လုံးက ငါတို့ရဲ့ထိန်းချုပ်မှု အောက်မှာ ရှိတယ်။ ဒါကြောင့် ကျင့်ကြံသူတွေအတွက် ကမ္ဘာကြီးရဲ့ လည်ပတ်ပုံကို ဘဘောပေါက်ဖို့နဲ့ ကောင်းကင်တာအို ဘယ်လို ဖြစ်တည်လာလဲဆိုတာကို လေ့လာဖို့ ပိုပြီး သင့်တော်တယ်”
“ဒါက ဝိညာဉ်သိုက်ကို ချိုးဖျက်ဖို့ သော့ချက်တစ်ခုပဲ။ ဝိညာဉ်သိုက်ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်သိုလှောင်နေရာက အဲဒီနေရာကို စောင့်ကြပ်ပေးမဲ့ ကောင်းကင်တာအို လိုအပ်တယ်”
“မင်းက ဝိညာဉ်သူငယ်အဆင့်ကို မရောက်သေးရင်တောင်မှ ဒါကို နက်နက်နဲနဲ သဘောပေါက်ထားရင် အကျိုးကျေးဇူးတွေ ရှိတယ်။ နောက်ပိုင်းမှာ မင်းရဲ့ကျင့်ကြံဆင့်က ဒီနေရာကို တစ်ယောက်ထဲ စောင့်ကြပ်ဖို့ လုံလောက်အောင် မြင့်လာရင် မင်းက ကိုက်ညီတဲ့ အကျိုးကျေးဇူးတွေကို အာရုံခံနိုင်လာလိမ့်မယ်။ သေချာတာပေါ့။ မင်းဘယ်လောက်ရမလဲဆိုတာ မင်းရဲ့ကံအပေါ် မူတည်လိမ့်မယ်”
ရွှီချင်း ထိုအရာကို သေချာမှတ်သားလိုက်သည်။
ဤအကြိမ်သည် ဝိညာဉ်သိုက်နှင့် ဆက်စပ်နေသောအရာများအကြောင်း ပထမဆုံး သူ ကြားဖူးခြင်း ဖြစ်သည်။ သူက သူ့ဆရာနှင့် နတ်မိမယ်ကျစ်ရွှမ်တို့ကို ထိုမေးခွန်းများ မေး၍ရပါသော်လည်း သူ့ကို ပြောပြပေးသည့်အတွက် တစေလက်ကို ကျေးဇူးတင်နေဆဲပင်။
တစေလက်သည် ပြုံးလိုက်ပြီး သေရည် နောက်တစ်ကျိုက် သောက်လိုက်သည်။ အရိုင်းနယ်မြေသို့ ဖြတ်ရသောအခါ တစေလက်သည် ခေါင်းငုံ့ကြည့်လိုက်ပြီး ကြိတ်ရယ်လိုက်သည်။
“ဟုတ်သားပဲ။ ငါမင်းကို ခုလေးပဲ ပြောဖို့ မေ့တော့မလို့။ နယ်မြေဂနယ်ရုပ်အနေနဲ့ မင်းက သူတို့က ရံဖန်ရံခါ အစာကျွေးဖို့ လိုတယ်”
ထိုသို့ ပြောပြီးနောက် တစေလက်သည် လက်များကို ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဓာတ်နှောပါဝင်မှုများပြားပြီး ဝိညာဉ်စွမ်းအင် အနည်းငယ်သာ ပါဝင်သည့် အသုံးမဝင်သော ဆေးလုံးအချို့က အောက်သို့ ပြန့်ကျဲ ကျသွားတော့သည်။
“သေချာကြည့်။ ပျော်စရာကောင်းတာ လာတော့မယ်”
တစေလက်က လျှာသပ်လျက် မြေပြင်သို့ ကြည့်သည်။
ရွှီချင်းအကြည့်များလည်း ကျရောက်သွားသည်။
သူတို့ ကြည့်နေသော ခဏချင်းပင် အရိုင်းနယ်မြေ မြေပြင်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ပိန်လှီသော ပုံရိပ်များ ပြေးထွက်လာကြသည်။
တချို့သော ပုံရိပ်များသည် လူသားပုံစံရှိကြသော်လည်း သူတို့ထဲက အများစုသည် လူသားမဟုတ်သော မျိုးနွယ်များမှ ဖြစ်ကြသည်။ သူတို့သည် ပုံပန်းသွင်ပြင် အမျိုးမျိုး ရှိကြပြီး ဝိညာဉ်သစ်ပင်များပင် ပါနေကြသည်။
ထိုအခိုက်အတန့်တွင် သူတို့က တစ်ပြိုင်နက်ထဲ တက်လာကြသည်။ သူတို့၏မျက်ဝန်းများသည် ရူးသွပ်မှုများနှင့် တပ်မက်ခြင်းများ ထုတ်ဖော်နေကြပြီး အသုံးမဝင်သော ဆေးလုံးများဆီ အပြေးအလွှား သွားကြသည်။ သူတို့က တစ်ဦးနှင့် တစ်ဦး သေသည်အထိ ကြမ်းတမ်းစွာ တိုက်ခိုက်ကြသည်။
၎င်းအသုံးမဝင်သော ဆေးလုံးများသည် သူတို့အတွက် အဖိုးမဖြတ်နိုင်သော ရတနာများကဲ့သို့ ဖြစ်နေပြီး ရူးသွပ်သွားစေသည်။
ရွှီချင်းသည် လူသားမဟုတ်သော အပြာရောင်အကြေးခွံများနှင့် လက်ခြောက်ဖက်ရှိသော သတ္တဝါတစ်ကောင်ကို တွေ့လိုက်သည်။ အသုံးမဝင်သော ဆေးလုံးများရရန်အတွက် သူ၏ လက်တစ်ဝက်မျှကို အဆုံးရှုံးခံရန်ပင် တွန့်ဆုတ်မနေပေ။ ဆေးလုံးကို ဝါးမြိုပြီးနောက် သူသည် စိတ်ကျေနပ်သော အမူအရာ ပြသလိုက်ပြီး ကသုတ်ကရက် ထွက်ပြေးသွားတော့သည်။
သို့သော်လည်း အလွန် နောက်ကျသွားပေပြီ။ လူသားမဟုတ်သော မျိုးနွယ်များ အုပ်စုကြီးသည် အပြေးအလွှား ရောက်လာကြပြီး ချေဖျက်ရခြင်း မရှိသေးသော ဆေးစွမ်းကို ရရန် သူ့ကို ဆွဲဖြဲလိုက်ကြသည်။
ရာနှင့်ချီသော အကျဉ်းသားများ သွေးနီရောင်မျက်လုံးများနှင့် တိုက်ခိုက်နေသော နေရာလည်း ရှိနေသည်။ အဆုံးတွင်တော့ ဆေးလုံး လုယူရရှိသွားသော ကျင့်ကြံသူသည် တစ်ကိုယ်လုံးသွေးလွှမ်းနေသော်လည်း တပ်မက်သော အကြည့်တစ်ချက် ထုတ်ဖော်လိုက်ပြီး ဆေးလုံးကို မြိုချလိုက်သည်။
ထိုကဲ့သို့ အရာများသည် နေရာတိုင်းတွင် ဖြစ်ပျက်နေသည်။ အာခီမီဆေးလုံးများ ကျသွားချိန်တိုင်း ဆေးလုံးတိုင်းနီးပါးသည် ခါးသက်ဖွယ် တိုက်ခိုက်မှုများကို ဖြစ်စေသည်။
များမကြာမီ ၎င်းအရိုင်းနယ်မြေသည် အလောင်းချင်း ထပ်သွားသည်။ ရှင်သန်ကျန်ရှိနေသော ရာဇဝတ်သားများသည်လည်း ကောင်းကင်ပေါ်ရှိ ရွှီချင်းနှင့် တစေလက်တို့ကို သတိပြုမိသည်။ သူတို့အားလုံးက နတ်ဘုရားများကို မြင်နေရသကဲ့သို့ ရိုကျိုးစွာကြည့်လိုက်ကြပြီး ဒူးထောက်လိုက်ကြသည်။
“ဒီနယ်မြေက လွန်ခဲ့တဲ့နှစ် ရာဂဏန်းက ဖမ်းခံထားရတဲ့လူတွေနဲ့ ပြည့်နေတယ်။ သူတို့က အသက်ဆက်ရှင်နေတုန်းပဲ။ ပြီးတော့ ပိုပြီး ပျော်စရာကောင်းလာတယ်”
“ဒီလက်ခြောက်ချောင်းမျိုးနွယ် မဖမ်းခံရခင်က သူက အဆင့်ခုနစ် ဝိညာဉ်သူငယ်စွမ်းအားနဲ့ ပြည်ထဲရေးရုံးတော်ကျင့်ကြံသူတွေကို သတ်ဖို့ သုံးခဲ့တယ်လေ။ အဲဒီအချိန်တုန်းက ဒီကောင် တော်တော် နာမည်ကြီးသွားသေးတာ။ ဒါပေမဲ့ ဒီမှာတော့ သူက ဝိညာဉ်သူငယ်ကျင့်ကြံသူ ဖြစ်နေဆဲ ဆိုပေမဲ့လည်း ဒီကမ္ဘာရဲ့ဝါးမြိုခြင်း ခံရအပြီးမှာ အင်မတန် ထိခိုက်လွယ်သွားတယ်”
“ငါ ပုဂ္ဂိုဟ်ရေးအရ ဖမ်းထားတဲ့ ကျောကုန်းမှာ တောင်ပံ ပါတဲ့ အတောင်ပံမျိုးနွယ်ကျင့်ကြံသူလည်း ရှိသေးတယ်။ ဒီကောင်က ပိုပြီးတော့တောင် စွမ်းအားကြီးသေးတယ်။ တစ်ကြိမ်က သူ့ရဲ့ဝိညာဉ်ရှစ်ပါးစွမ်းရည်နဲ့ ကျောက်ရှာပြည်နယ်ကိုတောင် ထိခိုက်သွားစေသေးတယ်။ ပြင်ပကမ္ဘာမှာ လုပ်ချင်ရာလုပ်လို့ရပေမဲ့ လက်ရှိမှာ စိတ်ဒုက္ခရောက်နေရတဲ့ အခြေအနေအကြောင်း သူတို့ တွေးမိတဲ့အခါမှာ ဘယ်လိုခံစားကြရမယ်လို့ မင်းထင်လဲ”
တစေလက် ပြုံးသည်။
ရွှီချင်းသည် မြေပြင်ပေါ်သို့ ကြည့်လိုက်ပြီး ၎င်းအကျဉ်းသားများ၏ ကျင့်ကြံချင်းအခြေခံက ထိခိုက်လွယ်သည်ကို သူ ပြောနိုင်သည်။ သူတို့၏ အရှိန်အဝါများကြောင့် ဝိညာဉ်သူငယ်ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာနေသည်။ သို့သော်လည်း ထိုသူများကို လက်ချောင်းတစ်ချောင်းနှင့်ပင် ဖိသတ်နိုင်သည်ဟု သူက ခံစားနေရသည်။
“အသုံးမဝင်တဲ့ဆေးလုံးတွေကို သူတို့ အငမ်းမရ ဖြစ်နေရတဲ့ အကြောင်းအရင်းက ဒီနေရာက ဝိညာဉ်ချီဟာ ခမ်းခြောက်နေလို့ပဲ။ အသက်ရှင်ဖို့ ပြီးတော့ မသေဖို့ သူတို့က ကျင့်ကြံချင်းအခြေခံ ဆက်ရှိနေဖို့ ကြိုးစားရတယ်။ ဒါ့ကြောင့် သူတို့က တစ်ကြိမ်အသေခံပြီး လုယက်ကြတာပဲ”
ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ တစေလက်၏ စကားများက တစ်ခုခုမှားယွင်းနေသည်ဟု သူ ခံစားရသည်။ မသေဖို့အတွက် တစ်ကြိမ်သေရန် စွန့်စားသည်။ ဤသည်က အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်နေသည်။
တစေလက်သည် ပြုံးလိုက်သော်လည်း ချက်ချင်း မရှင်းပြပေ။ ထိုအစား သူက ရွှီချင်းကို အရှေ့သို့ ဆက်ခေါ်သွားသည်။
သူတို့သည် တောင်တန်းများနှင့် သဲကန္တာရများကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် ကျယ်ဝန်းသော ကွင်းပြင်ကြီးသို့ ရောက်ခဲ့ကြသည်။
ထိုအခိုက်တွင် ရွှီချင်း၏မျက်ဆံများက ကြုံ့သွားသည်။
သူသည် မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်ပြီး ဆင်ခြင်နေကြသော မရေတွက်နိုင်သည့် ပုံရိပ်များကို တွေ့လိုက်သည်။
၎င်းမရေတွက်နိုင်သောမျိုးနွယ်များသည် တင်ပျဉ်ခွေထိုင်၍ ဆင်ခြင်နေကြကာ လှုပ်ပင် မလှုပ်ချေ။