ဆရာချောင်းရဲ့ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းခြင်း
Vol. 17 Ch. 242
ဖေးချမ့်က ဆရာချောင်း၏ လက်ကို ချက်ချင်း ဆွဲလိုက်ပါသည်။ "ဆရာချောင်း ကျွန်တော် ခင်ဗျားအကြောင်း အများကြီး ကြားဖူးတယ်။ အများကြီး ကြားဖူးပါတယ်။"
ချောင်းလျန်က ချက်ချင်းပဲ ဘော့စ်ဖေး၏ စိတ်အားထက်သန်မှုကြောင့် နေရထိုင်ရခက်လာခဲ့ပါသည်။ သူ အနည်းငယ် ဦးညွတ်လိုက်ပြီး ပြောလိုက်၏။ "ဘော့စ်ဖေး တွေ့ရတာ ဂုဏ်ယူမိပါတယ်"
ဖေးချမ့်က ဆရာချောင်းကို ပြန်မတ်ပေးလိုက်ပြီး သူ့ရန်သူတော်ဟောင်းကြီးက ရိုးသားတဲ့ပုံပေါက်တာကို မြင်လိုက်ရပါသည်။ မျက်ခုံးထူထူနဲ့ မျက်လုံးကျယ်ကျယ် ရှိသည်။ သူ့အစိတ်အပိုင်း ၅ ခုကလည်း ကြည့်ကောင်းလှပါသည်။ တစ်ခုတည်းသော အပြစ်အနာအဆာက သူ့ကြည့်ရတာ အနည်းငယ် စိတ်ဓာတ်ကျနေပြီး ဝနေသည်။ သူ့ပုံစံက အင်တာနက်စွဲနေသော ဆယ်ကျော်သက်တစ်ယောက်ပုံစံနဲ့ တူနေပါသည်။
သို့သော်လည်း သူက ပေါင်ရှုနဲ့တော့ ခြားနားသည်။ ပေါင်ရှုက အနည်းငယ် ခေါင်းပြောင်ကာ အာဟာရချို့တဲ့နေသူ ဖြစ်၏။ တစ်ဖက်မှာတော့ ဆရာချောင်းမှာ ဆံပင်ထူထူများ ခေါင်းအပြည့်ရှိနေကာ သူ့ ခန္ဓာကိုယ်ကလည်း ပြည့်ပြည့်ဖြိုးဖြိုး ရှိပါသည်။ အနည်းငယ် အားနည်းနေပုံလေး တစ်ခုသာ ရှိလေသည်။
ဖေးချမ့်က အလွန်ငယ်ရွယ်သည့်ပုံစံပေါက်နေတာကို မြင်ပြီး ချောင်းလျန် အံ့သြသွားရသည်။ ဘော့စ်ဖေးကို ငယ်ရွယ်မည်ဟု ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ချောင်းလျန် ထင်ထားတာထက် အများကြီး ပိုငယ်ရွယ်နေပါသည်။
ဘော့စ်ဖေးကို ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ချောင်းလျန်ထက် ပိုငယ်နေသည့်ပုံပေါက်ပါသည်။
ဘော့စ်ဖေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီပိုင်ရှင်တောင် ဖြစ်နေပါပြီ။ ထို့အပြင် သူကတော့ ယခု ဂိမ်းဗီဒီယို နယ်ပယ်အသေးစားလေးတွင် နေရာရခါစသာ ရှိသေးသည်။ ဘာမှ ကြီးကြီးမားမား အထောက်အကူ မပြုခဲ့ရသေးပါ။ ချောင်းလျန် ဝမ်းနည်းသွားပြီး အားလည်း ကျမိပါသည်။ ဖေးချမ့်က ချောင်းလျန်ကို ဧည့်ခန်းထဲသို့ ခေါ်သွားပြီး လက်ဘက်ရည်တစ်ခွက် ငှဲ့ပေးကာ စကားစမြည် ပြောကြသည်။
"ဘော့စ်ဖေး ကျွန်တော် နားခဲ့ပြီးပါပြီ။ အခု အလုပ်အကြောင်း ပြောရအောင်" ချောင်းလျန်က အလုပ်အကြောင်း ဆွေးနွေးဖို့ ဦးစွာ စပြောလိုက်ပါသည်။ တကယ်တော့ သူ အလောကြီးစရာ ဘာမှ မလိုပါ။ နေ့လည်စာ စားပြီးမှ အလုပ်အကြောင်း ပြောဖို့ စောင့်လို့ ရပါသည်။
သို့သော်လည်း ဘော့စ်ဖေးက သူ့ကို ဒီလောက်တောင် ကောင်းကောင်းဂရုစိုက်ထားသည်။ ချောင်းလျန်ကို ဒရိုင်ဘာတစ်ယောက် ခန့်ထားပေးပြီး နေဖို့ထိုင်ဖို့လည်း အလွန်ကောင်းမွန်စွာ စီစဥ်ထားပေးသည်။ ကဏ္ဍမျိုးစုံတွင် အမှတ်ပြည့်ရပါသည်။ အမှန်ပင်။ ချောင်းလျန်လည်း အလုပ်စလုပ်ဖို့ စိတ်အားထက်သန်နေပြီဖြစ်ကြောင်း ပြသသင့်သည် မဟုတ်ပါလား။ ဖေးချမ့်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကောင်းပါပြီ။"
ငါးကတော့ ငါးစာကို လာဟပ်နေပြီ။ ငါ ဘာတွေ ရှည်ရှည်ဝေးဝေး လုပ်နေဦးမှာလဲ။
ဖေးချမ့်က ဆရာချောင်းကို အနားယူဖို့ အချိန်ပေးချင်သေးသည်။ ဒါမှ ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ပိုင်းဆိုင်ရာအရကော မထိခိုက်နိုင်မှာ ဖြစ်ပါသည်။ သို့သော်လည်း ဆရာချောင်းဘက်က အရင်ပြောလာမှတော့ ဖေးချမ့်လည်း လိုက်လျောညီထွေစွာ ပြုမူရပါမည်။
ဖေးချမ့်က စာချုပ်ကို ပြင်ဆင်လိုက်သည်။ "စာချုပ်ကို လက်မှတ်အရင်ထိုးရအောင်"
ချောင်းလျန်က ယူလိုက်ပြီး ခပ်မြန်မြန် စစ်ကြည့်လိုက်သည်။ စာချုပ်က သူတို့အရင်က သဘောတူထားသည့် အချက်အလက်များသာ ပါဝင်ပါသည်။ သူက တစ်ရက်ကို ဂိမ်း ၈ နာရီ ကစားရမည်ဖြစ်ပြီး ယွမ် ၅၀၀ ရမည်။
သူ ပိတ်ရက်တွေမှာ အနားယူမည်ဆိုပါက တစ်လကို ယွမ် ၁၀,၀၀၀ လောက် ရနိုင်ပါသည်။ သူ အနားမယူလျှင် အချိန်ပိုလစာပါ ရမည်။ ဆိုလိုတာက လတိုင်း လစာပိုရနိုင်သည်ဟူသော သဘောပင်။
ဒီသဘောတူညီချက်တွေကို ကြိုတင် သဘောတူထားပြီးသား ဖြစ်သော်လည်း အသေးစိတ်တော့ အများကြီး မပြောရသေးပေ။ ချောင်းလျန်လည်း သူတို့ စာချုပ်ထဲမှာများ လှည့်ကွက်တွေ ထည့်ထားမလားဆိုတာ မသေမချာ ဖြစ်နေခဲ့သည်။ သို့မဟုတ် ရှုပ်ထွေးပြီး အဓိပ္ပာယ်မရှိသည့် တောင်းဆိုမှုများကို တောင်းဆိုမလားဟု စိုးရိမ်နေခဲ့သည်။ သို့သော်လည်း သူ့ရှေ့က စာချုပ်ကို ကြည့်ခြင်းအားဖြင့် ထိုကဲ့သို့ ကိစ္စမျိုး မဖြစ်နိုင်တာ အတည်ပြုနိုင်ပါပြီ။ တစ်ရက်ကို ယွမ် ၅၀၀ ရဖို့ ဂိမ်း ၈ နာရီသာ ကစားဖို့ လိုအပ်ပါသည်။
ချောင်းလျန် ကြည်နူးသွားမိ၏။ ဘော့စ်ဖေးက တကယ့်ကို ထူးချွန်တဲ့လူပါလား။
ဒီနေ့ဒီခေတ်ကြီးမှာ တစ်လကို ယွမ် ၁၀,၀၀၀ ဆိုတာ အတော်မြင့်မားသော လစာဟု သတ်မှတ်နိုင်ပါသည်။
အမှန်ပင်။ ချောင်းလျန်သာ စိတ်အားတက်ကြွပြီး စပွန်ဆာများကို အရူးလို လက်ခံမည်ဆိုပါက သူလည်း တစ်လကို ယွမ်၁၀,၀၀၀ လောက် ရနိုင်ပါသည်။
သို့သော်လည်း ထိုသို့လုပ်ပါက အလွန်ပင်ပန်းရပါလိမ့်မည်။
သူ့ဗီဒီယိုများကို ညတွင်းချင်း အမြန်ထုတ်လုပ်ရမည်။ ဇာတ်လမ်းများ လေးလေးနက်နက် ရေးသားပြီး ဗီဒီယိုများကို တည်းဖြတ်ကာ ချမ်းသာသည့် အလုပ်ရှင်များနှင့် တွေ့ဖို့လည်း ကံကောင်းရဦးမည်။ ဒီလောက်ဆို သူ ဒီငွေပမာဏမျိုး ရနိုင်ပါလိမ့်မည်။
နှိုင်းယှဥ်ကြည့်လိုက်ပါက ဒီအလုပ်က ပိုပြီး အေးချမ်းသည်။ သူ့ကို ဘာမှ မလုပ်ခိုင်းထားပါ။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို နေ့တိုင်း ၈ နာရီ ကစားဖို့သာ လိုအပ်ပါသည်။
ချောင်းလျန်က စာချုပ်ကို ၂ ခေါက်ပြန်စစ်လိုက်ပြီး ပျော်ပျော်ကြီး လက်မှတ်ထိုးလိုက်ပါသည်။
"ကောင်းပြီ။ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။"
ဖေးချမ့်နဲ့ ချောင်းလျန်တို့ စနောက်ကြရင်း ထန်းတာ့ ရုံးအဆောက်အဦးထဲမှ ထွက်လာခဲ့ကြသည်။ ဆွန်းလေးက သူတို့နှစ်ယောက်စလုံးကို အနီးဆုံးရှိ ယွီအင်တာနက်ကဖေးထံသို့ ခေါ်သွားခဲ့ပါသည်။
ဖေးချမ့်က ချောင်းလျန်ကို ရုံးခန်းထဲမှာ ကစားခိုင်းဖို့ အစီအစဥ်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ရုံးထဲက လီယာ့တာနှင့် တခြားဝန်ထမ်းများက ဂိမ်းဒီဇိုင်းအကြောင်း သိနိုင်ကြသည်။ ဘယ်လက်နက်က အကောင်းဆုံး၊ ဘယ်လမ်းကြောင်းက အကောင်းဆုံးနဲ့ ဖုတုကို ဘယ်လိုရအောင်လုပ်ရမလဲ ဆိုတာတွေကို သိနိုင်ကြပါသည်။
ချောင်းလျန်သာာ ဂိမ်းကို ရုံးခန်းထဲမှာကစားပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ပါက တခြားဝန်ထမ်းများနဲ့ ဆွေးနွေးနိုင်လိမ့်မည်။ လှည့်ကွက်များနှင့် အရိပ်အမြွက်များကို နားလည်သွားပါက ဂိမ်းက သူ့အတွက် သိပ်ခက်ခဲတော့မှာ မဟုတ်ပါ။
ဖေးချမ့်က အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအား တခြားကစားသမားတွေ ဘာမှ မသိဘဲ အခြေခံလည်း မရှိဘဲ ကစားရသည့် ခံစားချက်မျိုး ဆရာချောင်းကိုလည်း ခံစားစေချင်သည်။ ထိုကဲ့သို့ ဂိမ်းရသမျိုးကို ရရှိနိုင်ဖို့အတွက် လွှမ်းမိုးမှုများကို ဖယ်ထုတ်ရပါမည်။
ချောင်းလျန်ကို ယွီအင်တာနက်ကဖေးတွင် စားစရာ သောက်စရာများဖြင့် ဧည့်ခံလိမ့်မည်။ ကွန်ပျူတာတွေကလည်း အရည်အသွေး မြင့်မားသည်။ အကန့်အသတ်မဲ့ အရက်နဲ့ ကော်ဖီတွေလည်း ရှိသည်။ ဆရာချောင်း ဘာမှ စိတ်ပူစရာ မလိုပါ။
မကြာမီ ယွီအင်တာနက်ကဖေးသို့ ရောက်ရှိသွားကြသည်။ ဒါက ဟန်တုံးတက္ကသိုလ်မှ ယွီအင်တာနက်ကဖေး ဖြစ်၏။ ရှန်းဟွာဗျူးကနေဆို ၁၀ မိနစ် လမ်းလျှောက်ရသည်။ အမှန်ပင် ဟန်တုံးတက္ကသိုလ် ဆိုင်ခွဲဟုသာ ခေါ်သော်လည်း အမှန်တကယ်တော့ ဟန်တုံးတက္ကသိုလ်နှင့် မနီးပါ။ အနည်းဆုံး ၁၅ မိနစ်လောက် လမ်းလျှောက်ရလိမ့်မည်။
အစကတည်းက သူတို့ အင်တာနက်ကဖေးများအတွက် တည်နေရာများကို ရွေးချယ်ခဲ့တုန်းက တက္ကသိုလ်များအနီးက နေရာများကို ရှောင်ဖယ်ခဲ့သည်။
သို့သော်လည်း ဒီနယ်မြေက လူစည်ကားသည်ဟုတောင် သတ်မှတ်နိုင်ပါသည်။ ဒီဆိုင်ခွဲမှာ အစကတည်းက လူဝင်လူထွက်လည်း သိပ်မနည်းချေ။ ချန်းလျဲ့နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် စီးပွားရေးက ပိုပြီးတောင် ကောင်းလာပါသေးသည်။ ယခု ပင်မဆိုင်နှင့် ယှဥ်လျှင် ဒုတိယနေရာအထိ ရောက်နေပြီဖြစ်ပြီး အရှုံး အနည်းငယ်သာ ပေါ်တော့သည်။
ထိုအကြောင်းအရင်းကြောင့်ပဲ ဖေးချမ့်က ဒီဆိုင်ခွဲကို အမြဲလိုလို လျစ်လျူရှုထားခဲ့သည်။ သူ မလာသလောက် ရှားပါသည်။
ဒီတစ်ခေါက် လာရောက်လည်ပတ်ရခြင်းကက ဆရာချောင်းကို လိုက်ပို့ခြင်းသာ ဖြစ်သည်။ ဖေးချမ့် နောက်ပိုင်း ဝမ်းနည်းသလို ခံစားရတိုင်း ဒီကိုလာပြီး ဆရာချောင်း ဂိမ်းကစားတာကို စောင့်ကြည့်နေမည်။ ဒါဆို သူ့စိတ်ခံစားချက်ကို တိုးမြင့်သွားစေပါလိမ့်မည်။
ဖေးချမ့်က ဆရာချောင်းကို ယွီအင်တာနက်ကဖေး၏ ဆိုင်ခွဲမန်နေဂျာနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ ထို့နောက် ဒုတိယထပ်တွင် နေရာတစ်ခု ရှာခဲ့သည်။ ဒါက အခုချိန်ကစပြီး ဆရာချောင်း၏ အလုပ်စားပွဲ ဖြစ်တော့မည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ Beta ဗားရှင်းကိုလည်း ကွန်ပျူတာထဲ သွင်းထားပြီးသား ဖြစ်၏။ ဒီဗားရှင်းကို ဂိမ်း၏ ဖန်တီးလေ့လာမှုနဲ့အညီ Update လုပ်သွားမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပဲ ရိုးရှင်းသည့် အချိန်မှတ်တမ်းတင် လုပ်ဆောင်ချက်လည်း ပါဝင်သေးသည်။ နေ့တိုင်း ဆရာချောင်း ဂိမ်းကစားသည့် ကြာချိန်ကို မှတ်သားထားလိမ့်မည်။ သူ ၈ နာရီပြည့်အောင် ဖြည့်ရပါမည်။
တစ်ရက်ကို ပြည့်အောင် မဆော့နိုင်လျှင် နောက်တစ်နေ့မှ ပေါင်းဆော့နိုင်သေးသည်။ ဘယ်လိုမှ မပြည့်နိုင်ပါက သူ့လစာလည်း ဆိုင်းငံ့ခံရမည်ဖြစ်သည်။
တခြား မှတ်သားစရာများလည်း ရှိပါသေးသည်။ လောလောဆယ် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ဖန်တီးနေဆဲကာလ ဖြစ်၏။ ဂိမ်း၏ ဇာတ်လမ်းဇာတ်ကွက်များကို ပေါက်ကြားအောင်လုပ်လို့ မရပါ။ ဆိုလိုရင်းက ဆရာချောင်း ဗီဒီယိုများ ရိုက်ထားလို့ မရသလို သူ့ပရိသတ်တွေနဲ့လည်း ဂိမ်းအကြောင်း အများကြီး ဆွေးနွေးလို့ မရပါ။
အစကတည်းက ယွီအင်တာနက်ကဖေးမှာ ကတ်စတမ်မာ များများစားစား မရှိပေ။ ဆရာချောင်းကိုလည်း လူသူကင်းမဲ့သည့် ချောင်တစ်နေရာတွင် နေရာပေးထားသည်။ သူဂိမ်းကစားနေတုန်း ဘယ်သူမှ အနှောင့်အယှက် မပေးနိုင်အောင် ဖြစ်ပါသည်။
မကြာမီ အားလုံး အစီစဥ်တကျ ဖြစ်သွားသည်။
"ဆိုင်ခွဲမန်နေဂျာကို ခင်ဗျားရဲ့ နေ့စဥ်စားသောက်စရာတွေအတွက် စီစဥ်ထားခိုင်းလို့ရတယ်။ ဒီက ယွီအင်တာနက်ကဖေးက သန့်ရှင်းမှုစံနှုန်းမြင့်ပြီး စားသောက်စရာတွေကလည်း ဘေးကင်းပါတယ်။ စိတ်ချလို့ ရတယ်။"
"ဒီပတ်ဝန်းကျင်နဲ့ အသားကျအောင် နေလိုက်ပါဦး။ ဒီနေ့ည ခင်ဗျားအတွက် ကြိုဆိုပွဲတစ်ခု ပြင်ဆင်ထားတယ်။ အချိန်ကျရင် လာခေါ်မယ်။"
"ဒီမှာ နေရတာ မေးခွန်းတစ်ခုခု မေးစရာရှိရင် ဆိုင်ခွဲမန်နေဂျာကို မေးလို့ ရပါတယ်။"
ဖေးချမ့်က ဆရာချောင်း၏ စိတ်ပူပန်မှုအားလုံးကို ခပ်မြန်မြန်ပဲ ဖြေရှင်းပေးလိုက်ပါသည်။
ဆရာချောင်းက အလွန် ပျော်ရွှင်သွား၏။ "ဟုတ်ကဲ့။”
"ကွန်ပျူတာကို စမ်းကြည့်ပါဦး။ ကျွန်တော် သွားတော့မယ်။ မေးခွန်းတစ်ခုခုရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်" ဖေးချမ့်က ဆရာချောင်း နာကျင်ခံစားရမှာကို ကြည့်မနေဘဲ လှည့်ပြန်သွားသည်။
ဒါက ဆိုရိုးစကားတစ်ခုနဲ့ တူညီသေးသည်။ "တိရိစ္ဆာန်များ၏ အော်သံကိုကြားလိုက်ရပြီးနောက် သက်ရှိသတ္တဝါတစ်ကောင်သေတာကို မကြည့်နိုင်တော့သလို သူတို့အသားကိုလည်း မစားနိုင်တော့ပါ။”
ဖေးချမ့် စိတ်မကောင်းဖြစ်သွားပါသည်။ အင်း... ငါက တကယ် စေတနာကောင်းတဲ့လူပဲ။
"ဘော့စ်ဖေးက တကယ် သဘောကောင်းတယ်။ အကုန်လုံးကို တာဝန်ယူပေးထားတာပါလား။ ငါ့အတွက် ဒီနေ့ည ကြိုဆိုပွဲတောင် လုပ်ပေးဦးမယ်တဲ့။ ကြည့်ရတာ အဆင့်မြင့်မယ်ထင်တယ်။"
ဆရာချောင်းက ပျော်ရွှင်စွာဖြင့် ဂိမ်းကို ဖွင့်ကြည့်လိုက်ပါသည်။ ကျင်းကျိုးမြို့သို့ ခရီးတစ်ခေါက်က အလွန်ပြီးပြည့်စုံလွန်းပါသည်။
အင်း... ငါ့မှာ ကောင်မလေးတစ်ယောက်သာ ရှိရင် အားလုံး ပိုတောင် ကောင်းဦးမယ်ကွာ။
အမှန်ပင်။ ဒါက သူ့အတွက် စိတ်ကူးယဥ်ဆန်မှန်း ချောင်းလျန် သိပါသည်။
သို့သော်လည်း ကောင်မလေးတွေက ဂိမ်းတွေလောက်တော့ ပျော်ဖို့ကောင်းမည်မဟုတ်ပါ။
ဘော့စ်ဖေးရဲ့ သဘောထားပြည့်ဝသော ဂရုစိုက်မှုများက သူ့အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု တစ်ခုခုများ ရှိသလားမသိပါ။ သို့သော်ချောင်းလျန် ဂိမ်းထဲကို ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် အကုန်လုံးကို သဘောကျသွားပါသည်။
"အင်း... ဘော့စ်ဖေးရဲ့ ဂိမ်းတွေက အရည်အသွေး ထိပ်တန်းတွေချည့်ပဲဟေ့။ ဒီမော်ဒယ်တွေရဲ့ အရည်အသွေးကို ကြည့်ပါဦး။ ဒီစတိုင်ကိုလည်း ကြည့်ပါဦး။ ချောမွေ့နေတဲ့ လှုပ်ရှားမှုတွေကိုလည်း ကြည့်လိုက်ဦး။ ဒီမွန်းစတားလေးတွေကို..."
"လခွမ်း သေပါပြီဟ။ ဒီကောင်တွေက မွန်းစတား အသေးစားလေးတွေ မဟုတ်ဘူးလား။"
"... ငါဘယ်လိုလုပ်ပြီး သေသွားတာလဲဟ။"
အနက်ရောင်ဖန်သားပြင်ကို ကြည့်ရင်း ချောင်းလျန် အလွန်အမင်း စိတ်ရှုပ်ထွေးသွားခဲ့ပါသည်။
ဘာဖြစ်သွားတာလဲ။
သူ စုတ်ပြတ်နေသည့် အဝတ်အစားများ ဝတ်ထားပြီး မြက်ခြောက်ခက်တစ်လက် ကိုင်ထားသည့် ရွာသားတစ်ယောက်ကို ထိရုံလေး ထိမိလိုက်ရုံရှိသေးသည်။ ရွာသားက လှည့်လာပြီး သူ့ကို ၂ ချက်တည်းနဲ့ ထိုးသတ်သွားသည်။
"ငါ... ငါဂိမ်းမှားဖွင့်မိတာများလား။"
ချောင်းလျန်က ခေါင်းကုတ်ရင်း သူ့မျက်လုံးထဲမှာလည်း စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားပါတော့သည်။
နေ့လည်ခင်း၊ မင်ယွမ်စားဖိုဆောင်တွင်...
"ဟမ် မင်းတို့မှာ ကဏန်းဘုရင်ရတယ်လား။ ငါ့ကိုတစ်ပွဲပေးစမ်း။"
သီးသန့်အခန်းတစ်ခန်းထဲရှိ အလွန်အမင်း ခမ်းခမ်းနားနား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က မီနူးပေါ်က ကဏန်းဘုရင်ဟင်းပွဲကို ထိုးပြလိုက်ပြီး စားပွဲထိုးကို အော်ဒါမှာလိုက်ပါသည်။
"စိတ်မကောင်းပါဘူး ဆရာ။ ဒီဟင်းပွဲက ကြိုတင်အော်ဒါတင်မှရတာပါ" စားပွဲထိုးက ယဥ်ယဥ်ကျေးကျေးဖြင့် ကတ်စတမ်မာများကို 'ဘာမှ လွန်လွန်ကြူးကြူး မရှင်းပြဖို့' ဘော့စ်ဖေး၏ အထူးတောင်းဆိုချက်ကိုလည်း လိုက်နာပါသေးသည်။
အမှန်ပင် စားပွဲထိုးက ထိုစကားပြောလိုက်ပြီးနောက် လိပ်ပြာမလုံသလို ခံစားလိုက်ရပါသည်။
သူ့ရှေ့က ကောင်လေးက သေချာပေါက် ငွေရှားသည့်လူဖြစ်ပုံမရပါ။ သူ့အတွေ့အကြုံအရဆို သူ့စိတ်ဓာတ်ကလည်း ကောင်းမွန်မည် မဟုတ်ကြောင်း စားပွဲထိုး ခန့်မှန်းမိပါသည်။
ကတ်စတမ်မာက အသက် ၂၄ နှစ် ၂၅ နှစ်လောက်သာ ရှိပြီး ငယ်ရွယ်သည့်ပုံစံပေါ်သည်။ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်ချည်မျှင်များဖြင့် ရောစပ်ချုပ်လုပ်ထားသည့် တောက်တောက်ပြောင်ပြောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ့ကို ပျစားပိုးနဲ့တောင် တူသွားစေပါသည်။ သို့သော်လည်း သူ့အင်္ကျီက ယွမ် ၁၀,၀၀၀ - ၂၀,၀၀၀ ကျော်လောက် တန်ကြောင်း စားပွဲထိုး သိနိုင်ပါသည်။
ထို့အပြင် ဒီကတ်စတမ်မာက ရွှေတွေ ငွေတွေလည်း ဆင်ထားပါသေးသည်။ သူဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကြီးက အလွန်စျေးကြီးသည့်ပုံပေါက်ပါသည်။ လေးလံပြီး ရေချိုးဇလုံထဲ ပေါလောပေါ်နေမည့် ဆွဲကြိုးမျိုးနဲ့ မတူပါ။ အပြောင်မြောက်ဆုံးအရာကတောာ့ ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားပြီး ရွှေဆွဲကြိုး၏ အဆုံးတွင် တွဲလောင်းကျနေသောာ Spongebob Squarepants လေး ဖြစ်သည်။ ကောင်လေး၏ ခန့်မှန်းလို့မရခြင်း၊ သည်းခံနိုင်စွမ်းမရှိသော စရိုက်နှင့် ကြွယ်ဝမှုကြောင့် စိတ်တိုလွယ်သည့် စရိုက်များကို ဖော်ပြနေသလိုပင်။
စားပွဲထိုး၏ အတွေ့အကြုံအရ ဒီလို ကတ်စတမ်မာတွေက ဝန်ဆောင်မှုပေးဖို့ အခက်ခဲဆုံးလူတွေ ဖြစ်ကြသည်။ ဘော့စ်ဖေးသာ သူတို့ကို ဒီလို ညွှန်ကြားချက်များ ပေးမထားပါက စားပွဲထိုးက ကျယ်ကျယ်ပြန့်ပြန် ပြုံးကာ ကဏန်းဘုရင်များက ဘယ်လောက်ရှားပါးပြီး တင်သွင်းဖို့ ဘယ်လောက်ခက်ခဲကြောင်း ရှင်းပြမိလိမ့်မည်ဖြစ်သည်။ ဒီလိုဆို ကတ်စတမ်မာများ ဒေါသထွက်ပြီး ပြဿနာရှာနိုင်ခြေ နည်းသွားပါလိမ့်မည်။
သို့သော်လည်း အခုတော့ ဘော့စ်ဖေး၏ ညွှန်ကြားချက်ကိုလိုက်နာကာ ဘာကိုမှ လွန်လွန်ကြူးကြူး ရှင်းမပြခဲ့ပါ။
ကောင်လေးက အလွန်ဒေါသထွက်သွားသည့်ပုံမပေါ်ပေ။ ထို့အစား ခေါင်းငြိမ့်ကာသာ ပြောလိုက်သည်။ "သြော် ဟုတ်ပါတယ််လေ ကဏန်းဘုရင်တွေက ရဖို့ မလွယ်ဘူး။ ကြိုတင်မှာသင့်တာ ဖြစ်သင့်ပါတယ်။"
"ဒါဆိုရင် သံပခြုပ်တစ်ပွဲပဲ ပေးတော့"
စားပွဲထိုးက ဆက်ပြုံးနေကာ ထပ်ပြီး တောင်းပန်လိုက်ပြန်ပါသည်။ "စိတ်မကောင်းပါဘူးဆရာ အဲ့တာကိုလည်း ကြိုတင်အော်ဒါတင်မှရမှာပါ။"
ကောင်လေး မျက်မှောင်ကြုတ်သွား၏။ သူ ဘာမှ မပြောသော်လည်း စိတ်တိုင်းမကျတော့တာ သိသာပါသည်။
"ဆူးတောင်ပြာတူနာတော့ ရှိမှာပါ ဟုတ်တယ်မလား။"
"စိတ်မကောင်းပါဘူးဆရာ အဲ့တာကိုလည်း ကြိုတင်အော်ဒါတင်ရမှာပါ။"
ကောင်လေးက အနည်းငယ် စိတ်ရှုပ်စွာဖြင့် စားပွဲထိုးကိုကြည့်လိုက်သည်။ သူ ရယ်ရမလား ဒေါသထွက်ရမလားတောင် မသိတော့ပါ။ စားပွဲထိုးက ကူညီပြီး မီနူးထိပ်ရှိ စာကြောင်းတချို့ကို လက်ညှိုးထိုးပြလိုက်သည်။ "အရှေ့ဘက်က ဟင်းလျာတွေက အရမ်းစျေးကြိးတဲ့ ဟင်းချက်ပစ္စည်းတွေ လိုအပ်တာမို့လို့ ကြိုတင်အော်ဒါတင်မှရနိုင်မှာပါ။ ကျွန်တော်တို့ အဆင်မပြေဖြစ်စေမိရင် တောင်းပန်ပါတယ်။”
ကောင်လေးက မီနူးထူထူပေါ်ရှိ ဟင်းလျာတိုင်း၏ ထိပ်တွင် ရှင်းလင်းချက်တစ်ခုကို မြင်လိုက်ရပါသည်။ အားလုံးကို ကြိုတင်အော်ဒါတင်ရမည်ဟု ဆို၏။ မသေးငယ်သော်လည်း သေချာရေးမထားတာ သိသာပါသည်။ ထို့ကြောင့် သူ မတွေ့ခဲ့မိခြင်း ဖြစ်၏။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒါဆို မင်းတို့စားသောက်ဆိုင်မှာ ဘာရှိလဲ ပြောပြပေးပါဦး။"
ကောင်လေးက အာရုံနောက်ခံပြီး ဘာမှ ဆက်ရှာမနေတော့ဘဲ စားပွဲထိုးကို တိုက်ရိုက်သာ မေးလိုက်ပါသည်။ ထို့နောက် စားပွဲထိုးက ကူညီပြီး မီနူး၏ စာမျက်နှာ ၈၀ ရာခိုင်နှုန်းလောက်ကို လှန်ပြီး နောက်ဆုံး စာမျက်နှာကို သွားလိုက်ပါသည်။ ဒီမီနူးစာမျက်နှာပေါ်ရှိ ပစ္စည်းများမှာတော့ ရှင်းလင်းချက် စာကြောင်း မရှိတော့ပေ။
"ဆရာ ဒါတွေတော့ ရှိပါတယ်။"
ကောင်လေးက မီနူး၏ နောက်ဆုံးစာမျက်နှာကို ဖတ်ရင်း မျက်မှောင်ကြုတ်သွားသည်။
တချို့ ဟင်းလျာတွေက ဝက်ဝမ်းဗိုက်သားပိရမစ်၊ ခြင်္သေ့ပုံငါး အစရှိသကဲ့သို့ ရှုပ်ထွေးသော ဟင်းလျာများ ဖြစ်ကြသည်။ ဟင်းသီးဟင်းရွက်စိမ်း၊ လုံကျင်းပုစွန်ကြော် အစရှိသဖြင့် ပိုပြီး ရိုးရှင်းသည့် ဟင်းလျာများလည်း ရှိပါသည်။ ၎င်းတိုအားလုံး တူတာတစ်ခုကတော့ အကုန်လုံး အဆမတန် စျေးကြီးနေခြင်းပင်။ ၎င်းတို့၏ စျေးနှုန်းများက အဆင့်မြင့်စားသောက်ဆိုင်တွေထက်တောင် စျေးကြီးနေပါသေးသည်။
ဥပမာ ဝက်ဝမ်းဗိုက်သားပိရမစ်ကို နမူနာယူကြည့်ပါ။ စျေးနှုန်းက ၂၇၀ ယွမ် ဖြစ်သည်။ ဟန်ကျိုးမြို့မှာ ဒီဟင်းလျာကို စားခဲ့ဖူးတာ ကောင်လေး မှတ်မိပါသေးသည်။ ထိုတုန်းကတောင် ၂၄၀ ယွမ်သာ ကုန်ကျခဲ့၏။
အမှန်ပင်။ မီနူး၏ အရှေ့ပိုင်းက တန်ဖိုးကြီး ဟင်းလျာများနဲ့ ယှဥ်ရင်တော့ ဒီပုံမှန် ဟင်းလျာများက အများကြီး စျေးသက်သာသည်ဟု သတ်မှတ်နိုင်ပါသည်။
ကောင်လေး ဆွံံအသွားပါသည်။ စျေးနှုန်းက အဓိက ပြဿနာ မဟုတ်ပါ။ အဓိက ပြဿနာက သူစားချင်သည့် အရာအားလုံးက ကြိုတင်မှာယူရမည့်အရာများ ဖြစ်နေခြင်းပင်။
သာမန်ဟင်းလျာတွေ စားသောက်ဖို့လောက်နဲ့ သူ ဒီအထိ လာခဲ့မိတာလား။