← Chapters

စားသောက်ဆိုင်က မကြီးပေမယ့် စည်းမျဥ်းတွေ အများကြီး ရှိတယ်

Vol. 17 Ch. 246

စားသောက်ဆိုင်က မကြီးပေမယ့် စည်းမျဥ်းတွေ အများကြီး ရှိတယ်

Vol. 17 Ch. 246

"နာမည်မရှိဘူး ဟုတ်လား။"

"အဲ့တာက..."

ဝမ်ဖန်း ရှုကျားပင်ကို လှည့်ကြည့်လိုက်ရာ သူလည်း စားပွဲထိုးလိုပဲ ပြုံးနေပြီး ဘာမှ မပြောပေ။ အထင်သေးခံလိုက်ရသလို ဝမ်ဖန်း ခံစားလိုက်ရပါသည်။ သူ့ကို ကမ္ဘာကြီးအား တစ်ခါမှ မမြင်ဖူးသော တာဇံတစ်ယောက်လို သဘောထားနေကြသည်။

"မဟုတ်သေးပါဘူး။ ဒီစားသောက်ဆိုင်က နာမည် မရှိဘဲနဲ့ ဘယ်လိုလုပ် မှတ်ပုံတင်လို့ ရမှာလဲ။ မင်းတို့က စားသောက်ဆိုင်နာမည်ကို ဗျူဟာတစ်မျိုးမျိုးကြောင့် ကတ်စတမ်မာတွေကို လျှို့ဝှက်ထားတာလား။"

ဝမ်ဖန်း ရှုံးနိမ့်သွားသလို ပို၍ပင် ခံစားလိုက်ရပါသည်။ ချွမ်းမင် Review ၏ ဖန်တီးသူများထဲမှ တစ်ဦးအဖြစ် စားသောက်ဆိုင် များစွာကို သွားဖူးပြီး ထူးခြားသည့် ဆိုင်များစွာကိုလည်း မြင်ဖူးပါသည်။

သို့သော်လည်း ဒီလောက်ထူးဆန်းသည့် ဆိုင်မျိုးကို ကြုံတွေ့ဖူးတာတော့ ဒါပထမဆုံးပင်။

ပုံမှန်ဆို တချို့ ဇာတ်နိမ့်နေသည့် စားဖိုဆောင် တချို့မှာတောင် နာမည်ရှိကြပါသည်။ တချို့က ၎င်းတို့၏ အိိမ်နံပါတ်များကို နာမည်အဖြစ် သတ်မှတ်ပြီး 'စားဖိုဆောင် အမှတ် ၄၅' သို့မဟုတ် 'စားသောက်ဆိုင် အမှတ် ၇၈' စသည်ဖြင့် ပေးထားတတ်ကြသည်။

စားသောက်ဆိုင်တစ်ဆိုင်က ဘယ်လောက်ပဲ ဇာတ်နိမ့်နေဖို့ ကြိုးစားပါစေ နာမည်တစ်ခုတော့ ရှိရမည်။ မဟုတ်ပါက ကိုယ်စားသောက်ခဲ့သည့် စားသောက်ဆိုင်ကို ဘယ်လိုဖော်ပြရမှန်း ဘယ်သူမှ သိကြမှာ မဟုတ်ပေ။ ဒါဆို မလိုအပ်ဘဲ ပြဿနာရှိနိုင်ပါသည်။

ထို့အပြင် နာမည်မရှိခြင်းက စားသောက်ဆိုင် တစ်ဆိုင် နာမည်ကြီးလာပြီး ဂုဏ်သတင်းမွှေးလာမှာကို အတားအဆီး ဖြစ်စေနိုင်သည်။ စားသောက်ဆိုင်၏ ဘော့စ်က ဂုဏ်သတင်းအကြောင်း စိတ်မဝင်စားဘဲ သူ့စားသောက်ဆိုင်ကို ယုံကြည်ချက် အပြည့်အ ဝမရှိဘဲ ဒီလိုအကွက်မျိုး ရွှေ့မှာ မဟုတ်ပါ။

ဝမ်ဖန်း၏ မျက်လုံးထဲက စိတ်ရှုပ်ထွေးမှုများအား ရှုကျားပင် မြင်သွားပြီး အလွန်အမင်း စိတ်ကျေနပ်သွားပါသည်။ သူ့ရင်ထဲမှာ ထူးထူးဆန်းဆန်း သာလွန်မှုတစ်ခုကို ခံစားလိုက်ရသလိုပင်။

"အများကြီး စဥ်းစားမနေဘဲ စားစရာရှိတာ စားစမ်းပါ။ အစားအသောက်တွေ အေးကုန်တော့မှာပဲ" ရှုကျားပင်က အလျင်စလို ပြောလိုက်ပါသည်။

ဝမ်ဖန်းက ခေါင်းငြိမ့်လိုက်သည်။ လောလောဆယ်တော့ ဒီမေးခွန်းတွေကို အသာထားလိုက်ဦးမည်။ သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်ပုံရိုက်ဖို့ ပြင်လိုက်ပါသည်။

စားပွဲထိုးက ဝမ်ဖန်းကို မရိုက်ဖို့ ပြောမလို့ရှိသေးသော်လည်း ရှုကျားပင်က ဦးစွာ ပြောလိုက်ပါသည်။ ညစာ စားပွဲပေါ်က ဆိုင်းဘုတ်ကို ညွှန်ပြလိုက်ပြိး ပြောလိုက်ပါသည်။ "မင်းဓာတ်ပုံရိုက်လို့မရဘူးနော်။"

ဝမ်ဖန်း ဇဝေဇဝါဖြစ်သွားသည်။ ဒီစားဖိုဆောင်ကမကြီးသော်လည်း စည်းမျဥ်းစည်းကမ်းများက များလွန်းသည်။

ဓာတ်ပုံရိုက်ခွင့်မပြုသည့် စားသောက်ဆိုင်များအကြောင်း ဝမ်ဖန်း ကြားဖူးသော်လည်း ၎င်းတို့က အလွန်ရှားပါးသည်။ ထို့အပြင် အများစုက နိုင်ငံခြားစားသောက်ဆိုင်များသာ ဖြစ်သည်။

ပြည်တွင်း စားသောက်ဆိုင်များက ၎င်းတို့၏ ကတ်စတမ်မာများကို ဓာတ်ပုံရိုက်ခွင့်မပြုတာ လူသားမဆန်ရာကျနေပါသည်။ ဒီနေရာက လူတွေအတွက် မစားသောက်ခင် ဓာတ်ပုံရိုက်တာက ရိုးရာတစ်ခုလိုတောင် ဖြစ်နေလေပြီ။ သူတို့ကို ဓာတ်ပုံရိုက်ခွင့်မပြုပါက တခြားသူတွေကို ဘယ်လိုလုပ် ကြွားလို့ရတော့မှာလဲ။

အစားအသောက်အတွက် ပိုက်ဆံအများကြီး ကုန်ကျခံထားသော်လည်း ဓာတ်ပုံရိုက်ခွင့်မရှိဘဲ မိတ်ဆွေများကို ပြန်ကြွားခွင့်မရှိပေ။ ဒီကို လုံးဝ မလာခဲ့တာမှ ပိုမကောင်းသွားဘူးလား။ အမှန်ပင်။ သူတို့ 'ဓာတ်ပုံမရိုက်ရ' စည်းကမ်းကို အတင်းကြီး သတ်မှတ်လို့တော့ မရပါ။ ကတ်စတမ်မာတစ်ယောက်က ဆဲလ်ဖုန်းကိုထုတ်ပြီး ဓာတ်ပုံရိုက်ဖို့ အတင်းလုပ်ပါက စားပွဲထိုးများ ဖုန်းကို ရိုက်ခွဲလိုက်လို့ မရပေ။ သူတို့ မလုပ်ဖို့သာ ယဥ်ယဥ်ကျေးကျေး တောင်းဆိုနိုင်သည်။ ပြောမရပါက သူတို့ ဘာမှ မလုပ်နိုင်ပါ။

သို့သော်လည်း စားပွဲထိုးတစ်ယောက် ရောက်လာပြီး သူတို့ကို ဓာတ်ပုံမရိုက်ဖို့ သတိပေးပါက ကတ်စတမ်မာများ၏ ညစာ စားသုံးမှုရသကို ပျက်စီးစေပါလိမ့်မည်။ စားပွဲထိုးအများစုက ဒီလောက်ရူးသွပ်တာမျိုး လုပ်မည်မဟုတ်ပါ။

ထို့အပြင် ကတ်စတမ်မာတွေက အရသာရှိသည့် အစားအသောက်များ၏ ဓာတ်ပုံလှလှများကို ရိုက်ယူသွားပါက စားသောက်ဆိုင်အတွက် လူတွေကိုတောင် ပိုဆွဲဆောင်ပေးနိုင်သည်။ စားသောက်ဆိုင်ကို အခမဲ့ကြော်ငြာပေးခြင်းနဲ့ ဆင်တူပါသည်။ စားသောက်ဆိုင်က ဘာလို့ ဒါမျိုးကို ခွင့်မပြုရတာလဲ။

ထို့ကြောင့် ဘယ်ရှုထောင့်ကပဲကြည့်ကြည့် စားသောက်ဆိုင်က ကတ်စတမ်မာတွေကို ဓာတ်ပုံရိုက်ခွင့်မပြုတာက အလွန်ဒေါသထွက်ဖွယ်ကောင်းပါသည်။

ဝန်ဖမ်း ခေါင်းနောက်သွားလေသည်။ "ဒါ ဘာသဘောလဲ။ အစားအသောက်က ဒီလောက် ကောင်းတဲ့ပုံပေါက်နေတာတောင် ငါက ဓာတ်ပုံရိုက်ခွင့် မရှိဘူးလား။ အဲ့တာ နှမြောစရာ မကောင်းဘူးလား။"

သူ့ရှေ့က အစားအသောက်များကို ကြည့်လိုက်သည်။ ဟင်းလျာတိုင်းက အရောင်အသွေး စုံလင်ပြီး ပြီးပြည့်စုံစွာ တည်ခင်းပေးထားသည်။ ဓာတ်ပုံရိုက်ပြီး တခြားသူတွေကို ကြွားခွင့်မရတာ သူ့အတွက် နာကျင်စရာကောင်းပါသည်။

ရှုကျားပင်မျက်နှာပေါ်က အပြုံးက ပိုလို့တောင် ကျယ်ပြန့်လာပါသေးသည်။ ဝမ်ဖန်း၏ စိတ်ရှုပ်ထွေးမှုက သူ့သာလွန်မှုခံစားချက်ကို အားဖြည့်ပေးသည်။ ထို့ကြောင့် စားပွဲထိုးကိုယ်စား ရှင်းပြပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

"ဒါက ဒီစားသောက်ဆိုင်ရဲ့ ကောင်းတဲ့အချက်တစ်ချက်ပဲ။ ဓာတ်ပုံတွေရိုက်တာက စားသုံးသူတစ်ယောက်ကို အစားအသောက်ရဲ့ အရသာကနေ အာရုံလွဲသွားစေတယ်လို့ ဒီစားသောက်ဆိုင်ရဲ့ ဘော့စ်က ယုံကြည်ထားတယ်။"

"မင်းက အကောင်းဆုံးရှုထောင့်နဲ့ အလင်းရအောင် ဘယ်လိုရိုက်ရမလဲဆိုတာပဲ စဥ်းစားနေရင် မင်းရှေ့က အစားအသောက်တွေရဲ့ အနံ့အရသာတွေကို အာရုံစိုက်ပြီးခံစားနိုင်မှာ မဟုတ်တော့ဘူး။ အစားအသောက်တွေရဲ့ အသေးစိတ်ကျမှု အများကြီးကို မင်းလွတ်သွားလိမ့်မယ်။ မင်းဖုန်းကို ချလိုက်စမ်းပါ။ အဲ့တာမှ မင်းမိတ်ဆွေတွေကို စကားပြောပြီး ဟင်းလျာတွေကို အရသာခံနိုင်ဖို့ အာရုံစိုက်နိုင်မှာ။ မင်း အရမ်းအေးချမ်းတဲ့အချိန်တစ်ခုကို ခံစားရလိမ့်မယ်။"

"ရောမရောက်ရင် ရောမလိုကျင့်ရတယ်ကွ။ မင်းက အလုပ်များတတ်တာ ငါသိပါတယ်။။ ဒါပေမယ့် ညစာလေးတစ်ပွဲစားလိုက်ရုံနဲ့ မင်းအလုပ်ကို အများကြီး မနှောင့်နှေးစေပါဘူး။ မင်းဖုန်းကို သိမ်းထားလိုက်စမ်းပါကွာ။"

ဝမ်ဖန်းက စိတ်မကောင်းဖြစ်နေသေးသော်လည်း ရှုကျားပင်က ပြောစရာရှိတာ ပြောပြီးပြီဖြစ်သည်။ အစားအသောက်အတွက် ဓာတ်ပုံရိုက်ဖို့သာ ဆက်ပြီး အတင်းလုပ်နေပါက လူ့ခွစာဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ဝမ်ဖန်း ဖုန်းကို သိမ်းလိုက်ပြီး စတင် စားသောက်တော့သည်။

အမဲနံရိုးသား စတိတ်ခ်၊ မာဆူတကဲမှိုနှင့် ငါးဥဆားနယ်... ဒီဟင်းလျာတွေက စျေးမပေါပါ။ ဒီညစာတစ်ပွဲနဲ့တင် ယွမ် ၁၀,၀၀၀ ကျော် ကုန်ကျသည်။

ထို့အပြင် ရှုကျားပင်က မီနူးပေါ်က စျေးအကြီးဆုံး ဟင်းလျာတွေကိုတောင် မမှာရသေးပါ။ သူ့အဓိက ရည်ရွယ်ချက်ကတော့ အော်ဒါ ကြိုတင်ရသည့် ဟင်းလျာတွေက အလိမ်အညာတွေလား စစ်ဆေးဖို့ ဖြစ်ပါသည်။

ဝမ်ဖန်းက ဟင်းလျာများကို တစ်ပွဲချင်းစီ မြည်းစမ်းကြည့်ပါသည်။ အသေးစိတ်အရသာကို အာရုံစိုက်ထားသည်။

"အင်း ဒါတွေက သာမန်ဟင်းလျာတွေတော့ မဟုတ်ဘူးပဲ။"

စားသုံးသူ Review ဝက်ဘ်ဆိုက် တစ်ခု၏ မန်နေဂျာတစ်ယောက်အနေဖြင့် ဝမ်ဖန်း အရင်က ဟင်းလျာများစွာကို မြည်းစမ်းဖူးပါသည်။ ဘာပဲဖြစ်ဖြစ် ဒါက သူ့အလုပ်ပဲ မဟုတ်ပါလား။

ဟင်းလျာတစ်ခု၏ အရသာက အသုံးပြုထားသည့် ပါဝင်ပစ္စည်းများ၊ စားဖိုမှူး၏ စွမ်းရည်များ၊ ညစာပတ်ဝန်ကျင်းနှင့် အနေအထားများ၊ ညစာ စားသုံးသူ၏ စိတ်အခြေအနေတို့အပေါ် မူတည်ပါသည်။ ၎င်းတို့ထဲတွင် အရေးအကြီးဆုံးကတော့ သုံးစွဲထားသည့် ပါဝင်ပစ္စည်းများ ဖြစ်သည်။

ဟင်းလျာတိုင်းကို မြည်းစမ်းပြီးနောက် ဒီပါဝင်ပစ္စည်းတွေက အရည်အသွေးမြင့်ပြီး ပေးရသည့်စျေးနှင့် ထိုက်တန်မှန်း ပြောနိုင်ပါသည်။

အမှန်ပင်။ ဒီပါဝင်ပစ္စည်းများက အကောင်းတကာ့ အကောင်းဆုံးတွေတော့ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တန်ဖိုးကြီး နိုင်ငံခြား ဟင်းချက်ပစ္စည်း အမြောက်အများကို ၎င်းတို့ ထွက်ရှိသည့် ဒေသတွင် လေလံတင်ရောင်းချရသည်။ ထိုကဲ့သို့ ပါဝင်ပစ္စည်းများက အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်သဖြင့် ဘေးပတ်လည်ရှိ နယ်မြေ အနည်းငယ်ကိုသာ ပို့ဆောင်နိုင်သည်။ ထိုကဲ့သို့ ပါဝင်ပစ္စည်းများကိုတော့ တရုတ်ထိ ပို့ဆောင်ပေးနိုင်ဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း ဒီအမည်မဲ့ စားသောက်ဆိုင်က တရုတ်နိုင်ငံမှာ ရနိုင်မည့် အကောင်းဆုံး ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားမှန်း သိသာပါသေးသည်။

ရှုကျားပင်က ဝမ်ဖန်း၏ မျက်နှာထားကို စောင့်ကြည့်နေ၏။ "အရသာက ဘယ်လိုနေလဲ။”

ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက် ဖြစ်သဖြင့် ရှုကျားပင် သူ့ဘဝတစ်လျှောက်လုံး အစားကောင်းအသောက်ကောင်းများစွာ စားဖူးပါသည်။ အရည်အသွေးကောင်း အစားအစာများနှင့် အရည်အသွေးညံ့များအကြား ခွဲခြားနိုင်သော်လည်း ပရော်ဖက်ရှင်နယ်တော့ မဟုတ်ပါ။ ဝမ်ဖန်းကို မှီနိုင်ဖို့ အဝေးကြီး လိုပါသေးသည်။ ဝမ်ဖန်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ "မဆိုးပါဘူး ငါတို့အရင်တစ်ခေါက် စားခဲ့တာထက်တောင် ပိုကောင်းတယ်ထင်တယ်။"

"ဥပမာ ငါးဥဆားနယ်ကိုပဲကြည့်။ ဒီကမ္ဘာကြီးထဲက ငါးဥဆားနယ် ၃၀ ရာခိုင်နှုန်းက ငါတို့နိုင်ငံကထွက်တာ။ ပဲရစ်စ်မြို့မှာရှိတဲ့ Michelin ကြယ် ၃ ပွင့်ရ စားသောက်ဆိုင် ၂၆ ဆိုင်မှာ ၂၁ ဆိုင်က တရုတ်နိုင်ငံထွက် ပရီမီယံ ငါးဥဆားနယ်တွေကိုပဲ တည်ခင်းပေးထားတယ်။"

"ငါတို့နိုင်ငံတော်ရဲ့ မွေးမြူရေး ငါးဥဆားနယ်တွေက သာမန်ငါးဥဆားနယ်တွေနဲ့ ယှဥ်နိုင်တယ်။ ငါပေကျင်းနဲ့ ရှန်ဟိုင်းမြို့ကစားသောက်ဆိုင်တွေ အများကြီးကိုလည်း ရောက်ဖူးပါတယ်။ သူတို့ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေက ဆင်တူပေမယ့် ဘာကြောင့်မှန်းမသိဘဲ ဒီက ငါးဥဆားနယ်က ပိုပြီးတော့ အရသာကောင်းသလို ခံစားရတယ်။"

"မဟုတ်မှလွဲရော ဇွန်းခွက်ပန်းကန်တွေနဲ့ ဒီက ညစာ ပတ်ဝန်းကျင်ရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်များလား။"

ရှုကျောင်းပင်လည်း သီးသန့်ခန်းထဲက ပြောင်းလဲမှုအကြောင်း တွေးမိပြီး ပြောလိုက်ပါသည်။ "မင်းပြောမှ သူတို့ ဒီသီးသန့်ခန်းကို အသစ်စက်စက် ပြန်အလှဆင်ထားတာ။ အလှဆင်ပစ္စည်းတွေကအစ ညစာ စားပွဲနဲ့ ဇွန်းခွက်ပန်းကန်တွေအဆုံး အရင်တစ်ခေါက် ငါလာတုန်းကနဲ့ ယှဥ်ရင် ခြားနားနေတယ်။"

သူ့ဘေးက စားပွဲထိုးကို လှည့်ကြည့်လိုက်သည်။ "မင်းတို့ ဘာလို့ ဒါတွေအကုန်လုံးကို ပြောင်းလိုက်ရတာလဲ။"

"ရှေးခေတ်တုန်းက ပညာတတ်ပုဂ္ဂိုလ်တွေ ဝိုင်သောက်တဲ့အခါ မတူညီတဲ့ဝိုင်တွေအတွက် မတူညီတဲ့ ခွက်တွေကို အသုံးပြုကြတယ်။ ရှုပ်ထွေးပြီး အသေးစိတ်ကျတဲ့ ကျင့်ထုံးတွေလည်း အများကြီး ရှိပါတယ်။ ဒါတွေက သာမန် ရိုးရာမဟုတ်ဘဲ သင့်လျော်တဲ့ ခွက်က မတူညီတဲ့ဝိုင်တွေရဲ့ အထူးဝိသေသလက္ခဏာတွေကို ထုတ်ဖော်ပေးနိုင်တယ်တဲ့။ ထူးခြားတဲ့ ဝန်းကျင်အနေအထားတွေကိုလည်း ဖန်တီးပေးနိုင်တယ်။"

ဝမ်ဖန်း ဆွံ့အသွားရပါသည်။ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်ပြီး ထင်ကြေးပေးလိုက်သည်။ "ဆန်းကြယ်လိုက်တာ"

ဒါကို တခြားတစ်နေရာရာမှာသာ ကြားလိုက်ရပါက ဝမ်ဖန်း သရော်မိလောက်သည်။ ဇီဇာကြောင်ပြီး အဓိပ္ပာယ်မရှိသောအရာဖြစ်သည်ဟုလည်း ထင်မိလောက်သည်။

အခန်းထဲက အပြင်အဆင်များ၊ ညစာစားပွဲနှင့် ဇွန်းခွက်ပန်းကန်များကို တည်ခင်းပေးသည့် ဟင်းလျာများအပေါ် မူတည်ပြီး ပြောင်းလဲပေးခြင်းက အလွန်ဆုံး အပေါ်ယံရွှေမှုန်ကြဲရုံသာ ဖြစ်နိုင်သည်။ ဟင်းလျာများက ဆိုးဆိုးရွားရွားများ ဖြစ်နေပါက ဒါတွေအကုန်လုံး အဓိပ္ပာယ်မဲ့သွားပါလိမ့်မည်။

သို့သော်လည်း အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေနဲ့ ထူးချွန်တဲ့ စားဖိုမှူးတွကို ပိုင်ဆိုင်ထားရင်တော့ ဘယ်လိုဖြစ်သွားနိုင်မလဲ။

သူတို့က ဒီစားသောက်ဆိုင်ထဲမှာ ထိပ်တန်းအဆင့် ပါဝင်ပစ္စည်းများကို အသုံးပြုနေကြသည်။ ဒီမှာ အလုပ်လုပ်သည့် စားဖိုမှူးများကလည်း အကောင်းတကာ့ အကောင်းဆုံးဖြစ်ကြသည်။ တခြားအဆင့်မြင့် စားသောက်ဆိုင်တွေနဲ့ ယှဥ်ကြည့်ပါက ဒီဆိုင်က နိမ့်မည်မဟုတ်သလို... အထူးတလည် သာလွန်မှာလည်း မဟုတ်ပေ။

ထိုအခါ ကတ်စတမ်မာ၏ ရင်ထဲအလေးနက်ဆုံး ထင်ကျန်ရစ်ခဲ့မည့်အရာက အသေးစိတ်ကျမှုများသာ ဖြစ်မည်။

၎င်းတို့အနက် ထူးခြားသည့် ညစာပတ်ဝန်းကျင်၊ စေ့စပ်သေချာသည့် ဝန်ဆောင်မှု၊ သင့်လျော်သည့် ဇွန်းခွက်ပန်းကန်များ၊ စသည်တို့ပါဝင်သည်။ ထို့အပြင် လူတွေကို ဒီစားသောက်ဆိုင်မှာ ဓာတ်ပုံရိုက်ခွင့် မပေးပါ။ အားလုံးက သူတို့ရှေ့က အစားအသောက်ကိုသာ အာရုံစိုက်ထားကြလိမ့်မည်။ ထိုအခါ မသိစိတ်မှ ဒီက အစားအသောက်များက တခြားနေရာများထက် ပိုအရသာရှိသည်ဟူသော ထင်မြင်ချက်ကို ပေါ်လာစေလိမ့်မည်။

ဆိုလိုရင်းက စားသောက်ဆိုင် ၂ ဆိုင်က ထပ်တူညီသည့် ဟင်းလျာများကို တည်ခင်းပေးရင်တောင် ကတ်စတမ်မာများက ဟင်းလျာ ၂ ခုစလုံးကို ခြားနားစွာ ခံစားမိနိုင်ပါသည်။

"ဒီညစာ ဘယ်လောက်ကျလဲ" ဝမ်ဖန်းက မေးလိုက်သည်။

ရှုကျောင်းပင်က ပြုံးလိုက်သည်။ "၁၃,၀၀၀ ယွမ်"

ဝမ်ဖန်း သဘောကျသွားမိပါသည်။ "တော်တော်လေး တန်ပါတယ်။"

မင်ယွမ်စားဖိုဆောင်ထဲမှ ထွက်လာသောအခါ ဒီအတွေ့အကြုံကို အဆုံးမသတ်ချင်သလိုမျိုး ဝမ်ဖန်း ခံစားမိပါသည်။ ဒီနေ့ ရှုကျောင်းပင်၏ နောက်ကျောဓားနဲ့ ထိုးတာကို ခံခဲ့ရပြီး ညစာအတွက် ယွမ် ၁၀,၀၀၀ ကျော်သုံးခဲ့ရသော်လည်း အားလုံးတန်သည်ဟု ထင်မိပါသည်။

ရှုကျားပင်၏ ညွှန်းဆိုမှုကြောင့်သာ မဟုတ်ပါက ဝမ်ဖန်းတစ်ယောက် ဒီလိုအဆင့်မြင့်စားသောက်ဆိုင်ကြီး ကျင်းကျိုးမြို့မှာရှိနေမှန်း သိမှာတောင် မဟုတ်ပါ။

အရသာရှိသော ဟင်းလျာများကြောင့်ပဲ မဟုတ်ပေ။ ဒိစားသောက်ဆိုင်က ပုန်းကွယ်နေပြီး ဇာတ်နှိမ့်ထားသော ဆိုင်ဖြစ်သည်။ ဆိုင်ကိုလည်း အဆင့်အတန်း မြင့်မားစွာဖြင့် အလှဆင်ထားသည်။ ဝန်ဆောင်မှုများက စေ့စပ် သေချာသည်။ ထို့အပြင် သူတို့ကို ဓာတ်ပုံရိုက်ခွင့် ပြုမထားပါ။ ဒီနေရာကြီးက ဟိတ်ကြီးဟန်ကြီးများမှန်း သိသာပါသည်။

စားသောက်ဆိုင်က လုပ်ငန်းညစာစားပွဲများအတွက် အလွန်သင့်တော်သည်။

စျေးကြီးသော်လည်း ဝမ်ဖန်းက ပိုပြီး စတိုင်ကျသည့်ပုံစံ ပေါ်နိုင်သည်။ ထို့အပြင် သူ့လုပ်ငန်းပါတနာတွေလည်း အစားကောင်း အသောက်ကောင်းကို စားရကာ ကျေးဇူးတင်မိကြမည်ဖြစ်သည်။ အားလုံးတန်ပါသည်။

ထို့အပြင် ပြေစာပေါ်ရှိ အစားအသောက်စျေးနှုန်းများကို ဝမ်ဖန်း ကြည့်ခဲ့ပြီး လက်ခံနိုင်သော အတိုင်းအတာအတွင်းရှိနေတာကို မြင်ခဲ့ရပါသည်။ အဆင့်မြင့် အစားအစာများကတော့ အစကတည်းက စျေးကြီးကြသည်။ ပရော်ဖက်ရှင်နယ် စားဖိုမှူးများ၊ နေရာကောင်းတစ်ခု၊ အထူးညစာ စားပွဲဝိုင်းများနှင့် ဇွန်းခွက်ပန်းကန်များ၊ စားပွဲထိုးများ စသည်တို့ကိုပါ စုပေါင်းလိုက်သည့်အခါ ဒီလို စျေးမျိုး သတ်မှတ်ထားတာတောင် သဘောကောင်းလှပါပြီ။

စားသောက်ဆိုင်ဘော့စ်၏ ဖုန်းနံပါတ်ကို မရခဲ့တာကိုပဲ ဝမ်ဖန်း စိတ်မကောင်းဖြစ်မိပါသည်။

သူ ငွေရှင်းနေတုန်း မျိုးရိုးနာမည် 'လင်း' ဖြင့် ဆိုင်ခွဲမန်နေဂျာက သူတို့ထံသို့ ယဥ်ကျေးစွာ ချဥ်းကပ်လာပြီး ဝေဖန်ချက်တောင်းခံခဲ့သည်။ စားသောက်ဆိုင်အတွက် ဘာများ အဆင့်မြှင့်စရာရှိမလဲ သိချင်နေခြင်း ဖြစ်သည်။ ဝမ်ဖန်းက အခွင့်အရေးယူပြီး ဘော့စ်ဖြစ်သူ၏ ဖုန်းနံပါတ်ကို တောင်းလိုက်သည်။ သူ့ကို ချွမ်းမင် Review ၏ ပါတနာ တစ်ယောက်အဖြစ် ခေါ်ယူဖို့ မျှော်လင့်ထားသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဆိုင်ခွဲမန်နေဂျာလင်းက သူ့ကို ငြင်းလိုက်ပါသည်။

ပြောရမည်ဆိုလျှင် ငြင်းလိုက်တာ ဆိုင်ခွဲမန်နေဂျာလင်း မဟုတ်ပါ။ ဆိုင်ခွဲမန်နေဂျာလင်းက စားသောက်ဆိုင်ဘော့စ်ကိုယ်စား တောင်းဆိုချက်ကို ငြင်းဆန်လိုက်ခြင်းသာ ဖြစ်သည်။ ဝမ်ဖန်းကို သူ့ဖုန်းနံပါတ်သာ ပေးလိုက်ပြီး ဘော့စ်ဖုန်းနံပါတ်ကိုတော့ မပေးခဲ့ပါ။

ဆိုင်ခွဲမန်နေဂျာလင်းက ချွမ်းမင် Review ဖြင့် အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းချက်ကိုလည်း ဘော့စ်ကိုယ်စား ငြင်းဆန်လိုက်ပါသည်။ စားသောက်ဆိုင်၏ နာမည်ကို မဖော်ချင်သောကြောင့် ဖြစ်သည်။

သူ့ကို တွန်းအားပေးဖို့ မသင့်တော်မှန်း ဝမ်ဖန်း သိပါသည်။ ဘာပဲဖြစ်ဖြစ် ဒီစားသောက်ဆိုင်၏ တည်နေရာနှင့် ကြော်ငြာ ဗျူဟာများကို ကြည့်ခြင်းအားဖြင့် ဒီနောက်ကွယ်က ဘော့စ်က ဇာတ်နိမ့်နေတတ်သူသာ ဖြစ်မှန်း ဝမ်ဖန်း ပြောနိုင်ပါသည်။ သူ့ဖုန်းနံပါတ်ကို မပေးချင်တာ ဖြစ်သင့်ပါသည်။

ထို့ကြောင့် ဝမ်ဖန်းလည်း ဆိုင်ခွဲမန်နေဂျာလင်း၏ ဖုန်းနံပါတ်ကိုသာ ရေးမှတ်နိုင်ခဲ့ပါသည်။ ဒီလိုမှ နောက်ပိုင်း သူ့လုပ်ငန်းပါတနာများကို ခေါ်လာချင်ပါက ကြိုတင် ဘိုကင် တင်နိုင်မည်ဖြစ်သည်။

ချွမ်းမင် Review ကိုယ်စား ဒီစားသောက်ဆိုင်ကို မခေါ်ယူနိုင်တာကိုတော့ ဝမ်းနည်းမိပါသည်။

သို့သော်... ပါတနာတွေမဟုတ်တာနဲ့ဘဲ ချွမ်းမင် Review က ဒီစားသောက်ဆိုင်ကို သူ့ဝက်ဘ်ဆိုက်မှာ ဖော်ပြလို့ မရတော့ဘူးလား။

မဟုတ်ဘူး။

ချွမ်းမင် Review တွင် 'ဆိုင် ထည့်သွင်းရန်' ဟူသည့် လုပ်ဆောင်ချက်တစ်ခု ရှိသည်။ အသုံးပြုသူတွေက ၎င်းတို့ကိုယ်တိုင် သွားရောက်ခဲ့သည့် ဆိုင်များ၏ အချက်အလက်များကို ဝက်ဘ်ဆိုက်တွင် ထည့်သွင်းခွင့် ရှိပါသည်။

အမှန်ပင်။ ဆိုင်နာမည်ကိုလည်း ထည့်သွင်းဖို့တော့လိုအပ်ပါလိမ့်မည်။ ဒီကိစ္စအတွက်တော့ သူ့ဝန်ထမ်းများ၏ အကူအညီကို လိုအပ်ပါလိမ့်မည်။

ဝမ်ဖန်းက စားသောက်ဆိုင်၏ တည်နေရာကို ချမှတ်လိုက်ပြီး သူ့နည်းပညာ ဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်ပါသည်။ "ဒီနေရာမှာ အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ ငါတို့ ဝက်ဘ်ဆိုက်ကို Update တင်လိုက်။ နောက်မှ ငါကိုယ်တိုင် Review ရေးလိုက်မယ်။"

"နာမည်တော့ မရှိဘူး။ ကွက်လပ်ပဲ ထားလိုက်။"

All Chapters