← Chapters

ဒီဂိမ်းက တော်တော်ဆိုးဝါးတာပဲ

Vol. 17 Ch. 252

ဒီဂိမ်းက တော်တော်ဆိုးဝါးတာပဲ

Vol. 17 Ch. 252

ကိန်းဂဏန်းများက အားလုံးပုံမှန်ပဲဖြစ်သော်လည်း ၂ ခုကတော့ အတော်လေး ပြဿနာရှိပါသည်။

ကြော်ငြာကို နှိပ်တာနဲ့ ဂိမ်းအတွက် စားရင်းသွင်းမှုအကြားတွင် ကစားသမားများစွာကို ဆုံးရှုံးလိုက်ရသည်။ သာမန် ဝက်ဘ်ဆိုက်ဂိမ်းတွေထက် ၆ ဆ ၇ ဆလောက် ပိုပြီး ဆိုးရွားပါသည်။

ထို့အပြင် ဂိမ်းထဲက ကစားသမားများစွာက ပစ္စည်းများ ဝယ်ယူကြသော်လည်း အနှစ်ချုပ်ဝင်ငွေကတော့ နည်းပါးနေဆဲ ဖြစ်သည်။

အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။

ပထမတစ်ခုမှာ Mini-client က အလွန် ကြီးနေသောကြောင့်ဖြစ်သည်။ ဝက်ဘ်ဆိုက်ဂိမ်မာအများစုက Mini-client 370MB ကြီးကို ဒေါင်းလုတ်ဆွဲသား မကျနိုင်ကြပေ။ ထို့ကြောင့် ဂိမ်းကိုတောင် ဒေါင်းလုတ်မဆွဲကြည့်တော့ဘဲ မကစားတော့ခြင်း ဖြစ်ပါသည်။ သူတို့ ချက်ချင်းဆိုသလိုပဲ လက်လျှော့လိုက်ကြ၏။

ဂိမ်းထဲက ပစ္စည်းများကို ဂိမ်မာများ ဝယ်ယူနေခြင်းမှာလည်း ဂိမ်းထဲက Paywall များကို စေတနာကောင်းကောင်းနဲ့ ဒီဇိုင်းဆွဲထားတာကြောင့် ဖြစ်ပါသည်။ ခွန်အားဆေးရည်များကိုသာ ရောင်းချပေး၏။

သို့သော်လည်း ဆေးရည်ကို လူတွေဘယ်လောက်များများဝယ်ပါစေ ကိစ္စမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ဂိမ်း၏ Paywall က နိမ့်လွန်းနေသောကြောင့် ဖြစ်ပါသည်။ ဂိမ်းသူဌေးတွေတောင် ၎င်းတို့၏ ပိုက်ဆံကိုဖြုန်းဖို့ နေရာရှာတွေ့မည်မဟုတ်ပေ။ ထို့ကြောင့် အနှစ်ချုပ်ဝင်ငွေနည်းပါးခြင်းက ယုတ္တိရှိပါသည်။

ဖေးချမ့်၏ ခန့်မှန်းချက်များက မှန်ကန်နေ၏။ Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း၏ ကြော်ငြာကို ကောင်းမွန်စွာရိုက်ကူးထားသော်လည်း ပစ်မှတ်ထား ပရိသတ်က မှားယွင်းနေပါသည်။

ကြော်ငြာမှ ဆွဲဆောင်လိုက်သည့် လူအများစုက သာမန်ဝက်ဘ်ဆိုက် ဂိမ်မာများသာ ဖြစ်ကြသည်။ Mini-client 370MB ကိုဒေါင်းလုတ်ဆွဲရခြင်းက ၎င်းတို့အများစုအား လက်လျှော့သွားစေခဲဲ့သည်။ Paywall နိမ့်ခြင်းကလည်း ဂိမ်းသူဌေးများစွာကို ပထုတ်နိုင်ခဲ့၏။ မျှတသည့် ဂိမ်းကစားမှုမျိုးကို ရှာဖွေနေသည့် ဂိမ်မာတွေက Client-side ဂိမ်းများကို ကစားနေပြီဖြစ်သည်။ သူတို့ 370 MB ရှိသည့် ဂိမ်းကို ဒေါင်းလုတ်ဆွဲရလည်း ကိစ္စမရှိပါ။ သို့သော်လည်း သူတို့က ဝက်ဘ်ဆိုက်ဂိမ်းများအပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးကြသည်။ ကြော်ငြာကြောင့် သူတို့ကို ပထုတ်နိုင်ခဲ့ပြီး သူတို့ကလည်း ပြေးနိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားကြပါပြီ။ ထို့ကြောင့် ဂိမ်းထဲ စာရင်းသွင်းကြမှာလည်း မဟုတ်ပါ။ ဒီလိုနဲ့ လက်ရှိ အကြပ်အတည်းပြဿနာာမျိုးကို ရင်ဆိုင်လာရခြင်းဖြစ်သည်။

ကိန်းဂဏန်းတွေကို မြင်ပြီးတာနဲ့ ဖေးချမ့်တစ်ယောက် နဂိုထက် နေရထိုင်ရပိုသက်သာသွားပြီး ထိုင်ခုံတွင် မှီထိုင်လိုက်ပါသည်။

ဒါပဲကွ ဒါကမှ ယုတ္တိရှိတဲ့ တိုးတက်မှုပဲ နောက်ဆုံးတော့ တစ်ခုခုက ငါမျှော်လင့်ထားတဲ့အတိုင်း တိုးတက်နေပြီ။

ဖေးချမ့် ဒီလောက်ထိ ဘယ်တုန်းကမှ စိတ်မကျေနပ်ဖူးပါ။

မကြာသေးခင်က မင်ယွမ်စားဖိုဆောင်ကြီး ဘယ်ကနေဘယ်လိုမှန်းမသိ နာမည်ကြီးလာခဲ့သည်။ ဖေးချမ့် ပြင်းပြင်းထန်ထန် ထိခိုက်သွားရပြီး အလွန်အမင်း စိတ်ဖိစီးခဲ့ရသည်။

သို့သော်လည်း လက်ရှိ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း၏ အခြေအနေကို မြင်လိုက်ရပြီးနောက် အများကြီး ပိုစိတ်အေးသွားခဲ့ပါသည်။ ဝက်ဘ်ဆိုက်ဂိမ်းများ၏ အစဥ်အလာအရဆို သူတို့ရရှိခဲ့သည့် စုတ်စုတ်ပြတ်ပြတ် အဖွင့်အခြေအနေက ဘယ်တော့မှ တကျော့ပြန်လာနိုင်တော့မှာ မဟုတ်ပါ။

ဝက်ဘ်ဆိုက်ဂိမ်းအများစုက ဝင်ငွေကောင်းကြသည်။ ဂိမ်းဖန်တီးသူများက များနိုင်သမျှ ကြော်ငြာမျာကို ထည့်သွင်းကြသည်။ ကြော်ငြာပုဂ္ဂိုလ်များအဖြစ် နာမည်ကျော်များကို ငှားရမ်းကြသည်။ ထို့နောက် ဂိမ်းကို နာမည်ကြီးလာအောင် လုပ်သည်။ ရက်ပိုင်းအတွင်း ထိုဂိမ်းက အင်တာာနက်တစ်ခွင် ရေပန်းစားလာမည်ဖြစ်ပြီး ဂိမ်မာတွေ အုပ်လိုက်ကြီး စာရင်းလာသွင်းကြပါလိမ့်မည်။

သို့သော်လည်း ဂိမ်မာတွေက အလာမြန်သလို အပြန်လည်းမြန်ကြပါသည်။ ၎င်းတို့၏ ဝင်ငွေက အထွတ်အထိပ်ကို ရောက်ရှိသွားနိုင်သော်လည်း ခပ်မြန်မြန်ပဲ ပြန်ထိုးကျသွားလိမ့်မည်။ ထို့နောက် ဂိမ်းဖန်တီးသူများက ရနိုင်သမျှငွေတွေကိုယူဖို့ ဆာဗာသစ်များ ဆက်တိုက်ဖွင့်ကြပါလိမ့်မည်။

ထို့ကြောင့် ဝက်ဘ်ဆိုက်ဂိမ်းများက အစပိုင်းမှာ ရေပန်းစားနေရင်တောင် လမ်းတစ်ဝက်ရောက်လျှင် ကျဆုံးသွားနိုင်ခြေ ရှိနေပါသေးသည်။

ပြောစရာမလိုအောင် ထုတ်လိုက်ကတည်းက ရေပန်းမစားသည့် ဝက်ဘ်ဆိုက်ဂိမ်းများကတော့ တစ်ချိန်လုံး ဒီအတိုင်းပဲ ဆက်ရှိသွားမှာပဲ ဖြစ်သည်။

ထုတ်လုပ်လိုက်သည့် ပထမနေ့မှာတင် Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း၏ ကိန်းဂဏန်းများက အလွန်ဆိုးရွားနေပါပြီ။ နောက်ပိုင်း ပြန်ကောင်းလာနိုင်ခြေက လျစ်လျူရှုလို့တောင် ရသည်။ ဝက်ဘ်ဆိုက်ဂိမ်မာအများစု ထွက်ပြေးသွားရခြင်း အဓိက အကြောင်းအရင်းကတော့ Mini-client 370MBလောက် ကြီးနေခြင်းပင်။ ဒီပြဿနာကို သူတို့ ဘယ်လိုဖြေရှင်းနိုင်မလဲ။

သူတို့ Mini-client 370MB လုံးကို ဖယ်ရှားပြီး ကစားသမားတွေ ကစားချင်တိုင်း ဖွင့်ကစားနိုင်သည့် ဂိမ်းသစ်တစ်ခုကိုတော့ ဖန်တီးဖို့ မဖြစ်နိုင်ပါ။ ဒါဆို သူတို့ကြိုးစားထားသမျှ အလကား ဖြစ်မသွားနိုင်ဘူးလား။

ထို့ကြောင့် အခြေအနေကို ဘယ်လိုပဲကြည့်ကြည့် ဖေးချမ့်က Bloody Battle Song : ပိုကြမ်းတဲ့ဗာရှင်း၏ အခြေအနေကို အားရပါသည်။

အမှန်ပင်။ သူစိတ်အေးလက်အေးနေလို့ မရသေးမှန်းတော့ သိပါသည်။ ဒီ့မတိုင်ခင် ယခင်တုန်းက အကြိမ်ပေါင်းများစွာတုန်းကလည်း သူ့အစီအစဥ်များက အစပိုင်းအလုပ်ဖြစ်ပြီး လမ်းတစ်ဝက်ရောက်မှ ပျက်စီးသွားရသည်။ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းကို ထုတ်ထားတာ ၁ ရက်သာ ရှိပါသေးသည်။ သူ အပျော်လွန်နေလို့ မဖြစ်သေးပေ။ အခြေအနေကို ခဏလောက် သေချာစောင့်ကြည့်နေပြီးမှ လုံးဝ စိတ်အေးနိုင်ပါလိမ့်မည်။

ထိုအချိန်၊ ရှန်းယန်ဂိမ်း၌....

အားလုံး စိတ်ဓာတ်ကျနေကြပါသည်။ ဒီနေရာကြီးတစ်ခုလုံး ကြေကွဲရာနယ်မြေကြီးတစ်ခု ဖြစ်လာသလိုပင်။

ဖေးချမ့်က ကိန်းဂဏန်းတွေကို မြင်နိုင်သလို ယဲ့ကျစ်ကျိုး၊ ဝမ်ရှောင်းပင်နဲ့ လင်းဝမ်တို့လည်း မြင်နိုင်ကြပါသည်။ သူတို့ ၃ ယောက်လည်း ဖေးချမ့် ကောက်ချက်ချသည့် ပြဿနာများကို မြင်နိုင်ကြသည်။

သို့သော်လည်း ဖြေရှင်းဖို့ နည်းလမ်း မရှိပါ။

ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့က ၎င်းတို့၏ အလုပ်စားပွဲတွင် ထိုင်နေကြပြီး မျက်မှောင်ကြုတ်ကာ စကားတစ်ခွန်းမှ မပြောကြပေ။

370MB Mini-client ကိစ္စက အားလုံး သဘောတူထားသည့် ဒီဇိုင်းပလန် ဖြစ်သည်။ ဘော့စ်ဖေးတောင် သဘောတူထားပါသေးသည်။

အခုတော့ လက်တွေ့ဘဝက သူတို့မျက်နှာတည့်တည့် ထိုးကြိတ်သွားခဲ့လေပြီ။ ဒီလောက်ကြီးမားသည့် Mini-client ကြီးက ဝက်ဘ်ဆိုက် ဂိမ်မာအသိုင်းအဝိုင်းထဲတွင် ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါ။

ဂိမ်မာတွေကလည်း ဘယ်နည်းနဲ့မှ လက်ခံကြမှာ မဟုတ်ပေ။

Bloody Battle Song ၏ ကစားသမားဟောင်းများကတော့ လက်ခံကြပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့က Bloody Battle Song ကို သံယောဇဥ်ဖြစ်နေကြပြီဖြစ်သည်။ ထို့အပြင် 370MB Mini-client က ပိုကောင်းသည့် ရုပ်ထွက်နဲ့ ပိုချောမွေ့သည့် ဂိမ်းကစားမှုတို့ကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ ဂိမ်းရသလည်း အလွန်အမင်း တိုးမြင့်သွားခဲ့ပါသည်။

သို့သော်လည်း Bloody Battle Song ကို လူအများစုက စွန့်ပစ်ထားခဲ့ကြပြီဖြစ်သည်။ ကစားသမားဟောင်း ဘယ်လောက်များများ ကျန်နေဦးမှာလဲ။

ဂိမ်ဖန်တီးမှု ကုန်ကျစရိတ်ကို ပြန်ရဖို့ အသာထား၊ သူတို့ရရှိနေသည့် ဝင်ငွေနည်းနည်းလေးနဲ့ ကုမ္ပဏီ၏ နေ့စဥ်အော်ပရေးရှင်း ကုန်ကျစရိတ်တွေကိုတောင် မကာမိနိုင်ပါ။

ထို့ကြောင့် သူတို့အားလုံး ရှေ့မတိုးသာ နောက်မဆုတ်ဝံ့ အခြေအနေမျိုးထဲ ရောက်ရှိနေကြပါသည်။

လက်ရှိအခြေအနေ ဘယ်လောက်ဆိုးသလဲ ဝမ်ရှောင်းပင်သိသည်။ ပြဿနာက အရေးမပါသည့် အသေးစိတ်များကြောင့်သာဆို သူတို့ ပြင်ဆင်နိုင်လောက်ပါသည်။

ဥပမာအားဖြင့် နေ့စဥ်ထိန်းသိမ်းနှုန်းက နိမ့်နေပြီး ကစားသမားတွေက ပထမနေ့အကုန်တွင် ဂိမ်းကစားခြင်းကို ရပ်တန့်သွားကြပါက သူတို့ နောက်တစ်နေ့ လော့အင်ဝင်ခြင်းဖြင့် ကစားသမားများကို Item များကို ဆုချနိုင်သည်။ ဒီလိုဆို နေ့စဥ် ထိန်းသိမ်းမှုနှုန်ကို မြင့်တက်စေပါလိမ့်မည်။

သို့သော်လည်း အခုသူတို့ ရင်ဆိုင်နေရသည့် ပြဿနာများကတော့ ဖြေရှင်းချက် မရှိပါ။

လူအများစုက ကြော်ငြာကို နှိပ်ကြည့်ပြီးနောက် ဂိမ်းထဲကိုတောင် မဝင်ကြပါ။ Mini-client 370MB က အလွန်ကြီးမားနေတာကြောင့်သာဖြစ်သည်။ သူတို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မှာလဲ။

ဝမ်ရှောင်းပင်နဲ့ ယဲ့ကျစ်ကျိုးတိ့ အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက် တစ်ယောက်စိတ်ကို တစ်ယောက်ဖတ်မိကြ၏။

ငါတို့ ဒီတိုင်းထိုင်နေလို့ မဖြစ်တော့ဘူး။ ငါတို့ ဖြေရှင်းချက်တစ်ခုခု စဥ်းစားရလိမ့်မယ်။

ဘော့စ်ဖေးက သူတို့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံထားသည်။ ဒီလိုအချိန်မျိုးမှာ ကျယ်ပြန့်သည့် အကြံပြုချက်များဖြင့် အကျိုးကျေးဇူးရနိုင်သည်။ သူတို့ ဘော့စ်ဖေး၏ ဝန်ထုပ်ဝန်ပိုးကို ကူထမ်းရပါမည်။

ယဲ့ကျစ်ကျိုးက ခေတ္တစဥ်းစားလိုက်ပြီး အကြံပေးလိုက်ပါသည်။ "ညီအစ်ကိုဝမ် ဒီလိုဆိုရင် ဘယ်လိုသဘောရလဲ။ ငါတို့ Mini-client ကို ထပ်ပြီး ခွဲထုတ်လိုက်မယ်။ ဂိမ်းရဲ့ ပထထမ အပိုင်းလောက်ပဲပါတဲ့ 5MB စာ Mini-client လေးတစ်ခု ဖန်တီးလိုက်မယ်။ အဲ့တာဆို ကစားသမားတွေ ကြော်ငြာကို နှိပ်ပြီးတဲ့နောက် ဂိမ်းကို စမ်းကစားကြည့်လို့ရတာပေါ့။"

"၁၀ မိနစ်လောက် ကစားပြီးရင် ကျန်တဲ့ဂိမ်းရဲ့ အရင်းအမြစ်တွေကို ဒေါင်းလုတ်ဆွဲခိုင်းလိုက်မယ်။ ဒါမှမဟုတ်လည်း သူတို့ ပထမအပိုင်းကို ကစားနေတုန်း ဂိမ်းရဲ့ ကျန်တဲ့အပိုင်းကို ဘက်ဂရောင်းမှာ ဒေါင်းလုတ်ဆွဲထားလိုက်မယ်လေ။"

"အဲ့တာဆို ပိုမကောင်းဘူးလား"

ဒါ ယဲ့ကျစ်ကျိုး စဥ်းစားနိုင်သည့် တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်ပါသည်။

ဝမ်ရှောင်းပင်ကတော့ ခေါင်းခါလိုက်သည်။ "အကြံက ကောင်းပါတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ် မထင်ဘူး။"

"အစောပိုင်းတုန်းက ဂိမ်းထဲဝင်ပြီးတာနဲ့ ကစားသမားတွေကို မြို့တစ်ခုထဲဝင်သွားအောင် ငါတို့ ဂိမ်းကို ဒီဇိုင်းဆွဲထားခဲ့တာလေ။ ဒါမှ ကစားသမားတွေက လှပတဲ့ ရှုခင်းတွေနဲ့ ဘက်ဂရောင်းတွေကို မြင်ပြီးတော့ ဂိမ်းအပေါ် ပထမဆုံး အထင်အမြင်တွေ ကောင်းလာကြမှာ။ အရေးကြီးတဲ့ အရင်းအမြစ်တွေ တော်တော်များများကို ဂိမ်းရဲ့ အစပိုင်းမှာပဲ ထည့်ထားတာမလား။"

"ဂိမ်းရဲ့ ပထမအပိုင်းကို ကစားဖို့တောင် အရင်းအမြစ်တွေ အများကြီး ဒေါင်းလုတ်ဆွဲရဦးမှာပဲ။ ပြီးတော့လည်း ဇာတ်ကောင်တွေ၊ မွန်းစတားတွေနဲ့ မြို့ကိုတောင် 3D နဲ့ ဖန်တီးထားတာလေ။ အဲ့တာကြောင့် အရင်းအမြစ်တွေလည်း အများကြီး ကုန်တယ်။ ဂိမ်းရဲ့ လုပ်ငန်းဆောင်တာတွေကလည်း အဲ့ဒီ အစပိုင်း Mini-client မှာ ပါရမယ်မလား။"

"အနှစ်ချုပ် ပြောရရင် Mini-client က အလွန်ဆုံး 70 - 80 MB လောက်အထိပဲ ကျုံ့နိုင်လိမ့်မယ်။ 5MB လောက်အထိ ချုံ့နိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး။"

"ဂဏန်းအရဆိုရင်တော့ 70MB က 370MB ထက် အများကြီးသာတယ်။ ဒါပေမယ့်လည်း ဝက်ဘ်ဆိုက်ဂိမ်မာတွေက ဖွင့်ဖွင့်ချင်း ကစားနိုင်မှာ မဟုတ်သေးဘူး။ သူတို့တွေ အရင်းအမြစ်တွေကို ဒေါင်းလုတ်ဆွဲဖို့ အချိန်ယူရဦးမယ်။ သူတို့အတွက် ဘာမှ ခြားနားသွားမှာ မဟုတ်ဘူး။"

"ငါတိုမှာ ပိုကောင်းတဲ့ အဖြေမရှိရင်တော့ အဲ့အကြံကို စမ်းကြည့်လို့ ရတယ်... ဒါပေမယ့် သက်ရောက်မှုရှိမယ်လို့တော့ ငါမထင်ဘူး။"

ယဲ့ကျစ်ကျိုး ဘာမှ ပြောဖို့ မကျန်တော့ပေ။

ဒီပြဿနာ၏ အဓိက အရင်းအမြစ်က သာမန် ဝက်ဘ်ဆိုက်ဂိမ်မာများအပေါ် Mini-client ၏ လွှမ်းမိုးမှုနှုန်းက ဒီလောက် အားကောင်းမှန်း ဘယ်သူမှ မထင်ခဲ့တာကြောင့် ဖြစ်ပါသည်။

ထိုအချိန်တုန်းက အားလုံး 2D ကို 3D အဖြစ် ပြောင်းလဲပြီး ရောင်စံအကြည်ဗားရှင်းကိုလုပ်ဖို့သာ အာရုံစိုက်နေခဲ့ကြ၏။ ဧကန္တ Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း၏ ထုတ်လုပ်မှု အစောပိုင်းအဆင့်များကို အကောင်းမြင်လွန်ခဲ့သည့်ပုံပင်။

ထို့ကြောင့် သူတို့ ဂိမ်း၏ အစပိုင်း ဂိမ်းကစားနည်းမှအစ ဘက်ဂရောင်များကို ဒီဇိုင်းဆွဲသည့်အဆုံး ဘယ်သူမှ ဂိမ်းရဲ့ Mini-client အကြောင်း ဖြစ်နိုင်ခြေများကို မတွေးခဲ့မိကြပါ။

ယခုတော့ Mini-client အားနှစ်ပိုင်းခွဲမည်ဆိုလျှင် ဂိမ်းကိုလည်း ကြီးကြီးမားမား ပြောင်းလဲမှုများ လုပ်ရမည်ဟူသည့်သဘောသက်ရောက်သည်။ အားစိုက်ထုတ်မှုလည်း အများကြီးလိုအပ်သလို ရလဒ်ကိုတောင် ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ပါ။

ယဲ့ကျစ်ကျိုး နာကျင်သွားသည်။ ဒီက အဖြေမရှိသည့် အခြေအနေကြီးတစ်ခုလိုပင်။

သို့သော်လည်း ဘော့စ်ဖေးကိုယ်တိုင် အစောကြီးကတည်းက ဒီပလန်ကို သဘောတူထားခြင်း ဖြစ်သည်။

ဘော့စ်ဖေးလည်း ခန့်မှန်းချက်တွေ မှားသွားပြီလား။

Mini-client က ဒီလိုမအောင်မြင်မှာကို ဘော့စ်ဖေး ကြိုသိပြီးသားလား။ သို့သော်လည်း ယဲ့ကျစ်ကျိုးက ဘော့စ်ဖေး၏ ဒီဇိုင်း Concept များကို အမြဲတမ်း အထင်ကြီးခဲ့သည်။ ဘော့စ်ဖေး အမှားလုပ်မည်ဟု သူ မယုံကြည်ချင်ပါ။

ဝမ်ရှောင်းပင်လည်း သက်ပြင်းချလိုက်ပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ပါသည်။ "အကောင်းဘက်က တွေးရအောင်ကွာ။ ဂိမ်းက မအောင်မြင်ဘူးဆိုရင်တောင် ငါတို့ဘောနပ်စ်ကတော့ အဲ့လောက် မထိခိုက်နိုင်ပါဘူး။"

"ဒီလကစပြီး ငါတို့ ဘောနပ်စ်က ဂိမ်းရဲ့ ဂုဏ်သတင်းပေါ် အခြေခံပြီး ပေးသွားမှာတဲ။ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းက အမြတ်အစွန်း မရနိုင်ပေမယ့် ဂုဏ်သတင်းကတော့ မွှေးမှာပါ။ ငါတို့ရဲ့ဘောနပ်စ်ကို ရှန်းယန်ဂိမ်းကုမ္ပဏီကနေ ဒီဂိမ်းထဲ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏပေါ် မူတည်ပြီး တွက်ချက်ကြည့်လို့ရတယ်။ ငါတို့တစ်ယောက်ချင်းစီတိုင်း တော်တော်များများ ရမှာပါ။"

ယဲ့ကျစ်ကျိုးက ခေါင်းခါလိုက်သည်။ "မင်းပြောတာ မှန်နိုင်ပေမယ့် ဂိမ်းရဲ့ဂုဏ်သတင်း ဘယ်လောက်ပဲ မွှေးမွှေး အကျိုးအမြတ် မရနိုင်ဘူးဆိုရင် ငါတို့ ဂုဏ်ယူမိမှာ မဟုတ်ဘူး။"

"ပြီးတော့လည်း TPDb မှာ ကုမ္ပဏီတွင်း Review နဲ့ ဂိမ်မာ Review တွေပဲ ရှိတာမှ မဟုတ်တာ။ Netizen တွေရဲ့ Review လည်း ပါသေးတယ်။ ဂိမ်းကို မကစားရသေးဘဲနဲ့ ငါတို့ကို ကြော်ငြာကြောင့် အဆင့်နိမ့်နိမ့်ပေးတဲ့လူတွေလည်း အများကြီးရှိမှာပဲ။ တကယ်တော့ အဲ့လိုဖြစ်နိုင်ခြေက ပိုမြင့်တယ်။"

"Netizen တွေ ငါတို့ကို ကောင်းကောင်း အဆင့်သတ်မှတ်ချက် မပေးဘူးဆိုရင် ငါတို့ရဲ့ အနှစ်ချုပ် TPDb ကတော့ နိမ့်ကျနေဦးမှာပဲ။"

"ငါတို့အားလုံးသိထားသလိုပဲ ဂိမ်းက အမြတ်အစွန်း မရနိုင်သလို နာမည်ဆိုးနဲ့တောင် ကျော်ကြားသွားနိုင်တယ်။"

ဝမ်ရှောင်းပင် အကြာကြီး တိတ်ဆိတ်သွားသည်။ နောက်ဆုံးတော့ တိုးညှင်းသော လေသံဖြင့် ရေရွတ်လိုက်မိတေ့သည်။ "လခွမ်း... အဲ့တာလည်း ဟုတ်တာပဲ..."

All Chapters