← Chapters

ကလေးလို့ခေါ်တဲ့ကောင် သေစမ်း (ခ)

Vol. 38 Ch. 574

ကလေးလို့ခေါ်တဲ့ကောင် သေစမ်း (ခ)

Vol. 38 Ch. 574

သို့သော် သူ၏သုံးသပ်မှုသည် မျိုးနွယ်စုနှစ်ခုကြား မိတ်ဖက်ဆက်ဆံရေးအရသာ ဖြစ်သည်။ ၎င်းကိစ္စသည် ကျွမ်ရှင်းမျိုးနွယ်စုကို တိတ်တဆိတ် သဘောတူညီရန် ဖိအားပေးခဲ့သည်။

“မင်းက အပေါ်ယံလေးပဲ ကြည့်လို့ မရဘူးလေ”

ရွှီချင်း ခံစားချက်များနှင့် သက်ပြင်းချလိုက်သည်။ သွေးမျက်လုံးခုနစ်လုံးတွင် ရှိစဉ်ကလည်း ထိုကဲ့သို့ ခံစားခဲ့ဖူးသည်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က အနည်းငယ် ပိုအားကောင်းလာပြီး ဤဒေသမြို့တော်ငယ်၌ ရှိနေသည်တွင် ၎င်းခံစားချက်က ပို၍ပင် အားကောင်းလာခဲ့သည်။

“ကြည့်ရတာ ငါက ပြန်လွှတ်ခါနီး ကျွမ်ရှင်းမျိုးနွယ်အကျဉ်းသားအပေါ် အမှတ်အသားတစ်ခုခု ချန်ထားဖို့ နည်းလမ်းကို စဉ်းစားသင့်တယ်”

ရွှီချင်းသည် ထိုကိစ္စအတွက် ဖြစ်နိုင်ချေများကို အလေးအနက် တွေးတောလိုက်သည်။

အပြင်ဘက်၌ လင်းလာချိန်၌ ရွှီချင်းမျက်လုံးများတွင် အနက်ရောင်အကြည့်တစ်ချက် ဖြစ်ပေါ်လာသည်။ သူသည် ထရပ်လိုက်ပြီး အကျဉ်းထောင်ဌာနသို့ သွားလိုက်သည်။ သူက ဃ၁၃၂ကိုကော နယ်မြေဂကိုပါ မသွားခဲ့ပေ။ ၉ထပ်မြောက်သို့ အရင်သွားလိုက်သည်။

နယ်မြေဂတွင် နယ်ရုပ်ဟူသော သူ၏အထောက်အထားနှင့် လုပ်ပိုင်ခွင့်အာဏာအရ နယ်မြေဃရှိ အကျဉ်းသားအားလုံး၏ အချက်အလက်များကို စစ်ဆေးလိုက်ပြီး နောက်ဆုံးတွင် သဲလွန်စတစ်ခု ရလိုက်သည်။

ကျွမ်းရှင်းမျိုးနွယ်စုအားလုံးက နယ်မြေဂတွင် အကျဉ်းချခံထားရသည် မဟုတ်ပေ။

၃၀၀မျှသော ကျွမ်ရှင်းမျိုးနွယ်အကျဉ်းသားများသည် နယ်မြေဃတွင် ရှိနေသည်။

သူတို့ထဲမှ ၁၇ဦးသည် ဆယ်နှစ်ကြာသောလွတ်ရက် နီးကပ်နေပြီဖြစ်သည်။ မကြာမီ သူတို့ကို ကျွမ်ရှင်းမျိုးနွယ်စုသို့ ပြန်ပို့တော့မည် ဖြစ်သည်။

“ပထမအကျဉ်းထောင်ကမ္ဘာထဲက ထူးဆန်းတဲ့ ကျွမ်ရှင်းမျိုးနွယ်အယောက်၄၀မှာလဲ ဒီလိုလူတစ်ချို့ ရှိရမယ်”

“အင်မော်တယ်စက္ကောမရုပ်တစ်ခုလုပ်ဖို့အတွက် ဝိညာဉ်သူငယ်ကျင့်ကြံဆင့်တစ်ဦးပဲ လိုပေမဲ့ နယ်မြေဃက အကျဉ်းသားတွေရဲ့ ကျင့်ကြံဆင့်က မလုံလောက်ဘူး။ နောက်ဆုံးရလဒ် ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောဖို့ခက်တယ်”

အကျဉ်းသားများ၏ အချက်အလက်များကို စစ်ဆေးပြီးနောက် ရွှီချင်း အတွေးနက်သွားသည်။ ထို့နောက် သူက လှည့်ထွက်သွားသည်။ နယ်မြေဃ၂၇တွင် သူသည် နယ်ရုပ်တစ်ဦးကို မြင်ခဲ့ပြီး စီစဉ်မှုများမပြုလုပ်မီ ၎င်းနယ်ရုပ်ကို သွားရောက်နှုတ်ဆက်လိုက်သည်။

နယ်မြေဂ၏လုပ်ပိုင်ခွင့်အာဏာအရသော်လည်းကောင်း နယ်မြေဃအတွင်း ရွှီချင်းကျော်ကြားမှုကြောင့်သော်လည်းကောင်း စီစဉ်မှုများက ချောမွေ့စွာ ပြီးဆုံးသွားသည်။

ဃ(၂၇)ရှိ ထောင်ခန်းတစ်ခုတွင် ရွှီချင်းသည် သူတွေ့ချင်နေသော ကျွမ်ရှင်းမျိုးနွယ်ကို ထိုထောင်ခန်း၏နယ်ရုပ် ဦးဆောင်မှုအောက်တွင် တွေ့ခဲ့သည်။

ထိုသူက သက်လတ်ပိုင်းဖြစ်ပြီး တစ်ကိုယ်လုံးဖြူနေသည်။ ထောင်အတွင်းရောက်နေသည်ပင် သူက မြင့်မြတ်သော ခံစားချက် ပေးစွမ်းနိုင်ဆဲပင်။ လက်ရှိတွင် သူသည် ခြေချိတ်လျက် တရားထိုင်နေကာ နယ်ရုပ်ရောက်လာသည်ကို အာရုံခံမိသည်ပင် တည်ငြိမ်နေဆဲဖြစ်သည်။ မောက်မာမှုများသည် သူ၏အရိုးများထဲမှ စိမ့်ထွက်နေသည်။

“ရွှီချင်း ကျုပ်က ဒီကျွမ်ရှင်းမျိုးနွယ်ကို ခင်ဗျားနဲ့ ထားခဲ့လိုက်မယ်။ ဒါပေမဲ့ သူ့ကို သတ်တော့မသတ်လိုက်နဲ့..”

နယ်မြေဃ(၂၇)မှ နယ်ရုပ်သည် ဃ(၁)ရှိ သွေးကန်ကို မြင်ဖူးပြီး ဖြစ်သောကြောင့် သူ့ကို သတိပေးလိုက်သည်။

ရွှီချင်း ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်လျက် ကျေးဇူးတင်လိုက်သည်။

“စိတ်ရှိသလိုသာ ကိုင်လိုက်တော့”

နယ်ရုပ်သည် ပြုံးပြ၍ မထွက်ခွာမီ ပြန်နှုတ်ဆက်လိုက်သည်။

ရွှီချင်းသည် ပြန်လှည့်လိုက်ပြီး အချုပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ သူ အတွင်းသို့ဝင်လိုက်သည့်အခိုက်တွင် ကျွမ်ရှင်းမျိုးနွယ်က ခေါင်းမော့လာသည်။ ရွှီချင်းကို ကြည့်စဉ် သူ၏မျက်လုံးတို့က အထင်အမြင်သေးသော အရိပ်အယောင်တို့ စွက်နေသည်။

“မင်း..”

ကျွမ်ရှင်းမျိုးနွယ်ပြောလိုက်သည့်ခဏတွင် ရွှီချင်းသည် အမူအရာမဲ့စွာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ ရွှီချင်းက သူ၏ညာလက်ကို မြှောက်၍ ကျွမ်ရှင်းမျိုးနွယ်ခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။ သူ၏လက်ဝါးကျလာသည်တွင် သူ၏ကျင့်ကြံခြင်းအခြေခံ ထွက်ပေါ်လာသည်။ ကျွမ်ရှင်းမျိုးနွယ်၏ခန္ဓာကိုယ်က တုန်ရီလာပြီး သွေးတစ်လုတ် အန်ထုတ်ကာ မေ့မြောသွားတော့သည်။

ရွှီချင်းက လေဖြုန်းရသည်ကို မကြိုက်ဘဲ စကားအများကြီး ပြောလိုစိတ်လည်း မရှိပေ။ ထို့ကြောင့် သူသည် ထိုအကောင်ကို လက်ဝါးရိုက်ချက်တစ်ချက်ထဲနှင့် အမှောက်သိပ်လိုက်သည်။

တဖက်လူ သတိမေ့နေစဉ် ရွှီချင်းသည် ထိုင်ချလိုက်ပြီး ကျွမ်ရှင်းမျိုးနွယ်၏ခန္ဓာကိုယ်ကို လေ့လာလိုက်သည်။

ဂရုတစိုက် စစ်ဆေးပြီးသည်တွင် သူ့မျက်လုံးများက အတွေးနက်သွားသည်။ မည်သို့တိုက်ခိုက်ရမည်ကို အသေအချာ စဉ်းစားသုံးသပ်ပြီးနောက် ကျွမ်ရှင်းမျိုးနွယ်ကို ဆက်လေ့လာလိုက်သည်။ တစ်ချိန်ပြီးတစ်ချိန် ကုန်ဆုံးပြီးနောက် ရွှီချင်းသည် ကျွမ်ရှင်းမျိုးနွယ်ကို အကြိမ်အနည်းငယ် ခွဲစိတ်လိုက်ပြီး သူ၏အသားနှင့် အရိုးများကို စစ်ဆေးလိုက်သည်။

သိပ်မကြာမီ ရွှီချင်းက ဆက်လက်ဆန်းစစ်နေစဉ် ကျွမ်ရှင်းမျိုးနွယ်ကျင့်ကြံသူ၏ခန္ဓာကိုယ်က တုန်ခါလာသည်။ အဆက်မပြတ်နာကျင်မှုက သူ့ကို နိုးလာစေသည်။ သူ မျက်လုံးဖွင့်လုနီးတွင် ရွှီချင်းက တည်ငြိမ်စွာပြောလိုက်သည်။

“မင်းသတ်လိုက်တဲ့လူက ငါ့သူငယ်ချင်းအရင်းကြီးပဲ”

ပြောပြီးသည်နှင့် သူက ထပ်ရိုက်လိုက်သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ မျက်လုံးပင် မဖွင့်ရသေးသော ကျွမ်ရှင်းမျိုးနွယ်သည် တဖန် ပြန်သတိလစ်သွားသည်။

ထိုကဲ့သို့ အချိန်သည် ကုန်ဆုံးသွားသည်။ ကျွမ်ရှင်းမျိုးနွယ်သည် ပြင်းထန်သော နာကျင်မှုများမှ ၁၂ကြိမ်မြောက် နိုးထလာချိန်တွင် ရွှီချင်းသည် နောက်ဆုံး၌ သူ၏လေ့လာမှုကို အဆုံးသတ်လိုက်သည်။

ထိုအခိုက်တွင် ကျွမ်ရှင်းမျိုးနွယ်သည် ဒဏ်ရာများနှင့် ပြည့်နေပြီ ဖြစ်သည်။

“ငါ့ရဲ့ဓာတ်နှောကို သူခန္ဓာကိုယ်ထဲထည့်ဖို့က အကောင်းဆုံးနည်းပဲ။ ဒါမှသာ အလုံခြုံဆုံးဖြစ်ပြီး ရှာတွေ့လို့မရမှာ။ အနက်ရောင်ပိုးကောင်တွေကိုတော့ မေ့ထားလိုက်တာ ကောင်းမယ်။ ငါက ကျွမ်ရှင်းမျိုးနွယ်ကို လျှော့တွက်လို့ မရဘူး”

“ဒါပေမဲ့ ဓာတ်နှောကိုတော့ ရှာမတွေ့နိုင်လောက်ပါဘူး”

ထိုအကြောင်းတွေးနေရင်း ရွှီချင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ အနီးအနားရှိမြူခိုးများသည် သူ့ကိုဖုံးလွှမ်းသွားပြီးနောက် ပတ်ပတ်လည်ကို ပိတ်ဆို့လိုက်သည်တွင် သူ့ခန္ဓာကိုယ်ထဲမှ တတိယနန်းတော် တုန်ခါလာသည်။ ဤအကြိမ်က အဆိပ်ပျံနှံ့လာခြင်းမဟုတ်ဘဲ သူနှင့်သက်ဆိုင်သော ဓာတ်နှော၏ကိုယ်ပွား ဖြစ်သည်။

၎င်းဓာတ်နှောသည် အရာအားလုံးကိုကျူးကျော်နိုင်ပြီး သူက ၎င်းအရာ ကျူးကျော်ခြင်းကို ခံရသော တည်ရှိမှုအားလုံး၏ အရင်းခံ ဖြစ်လာလိမ့်မည် ဖြစ်သည်။

သူသည် ဓာတ်နှောကိုယ်ပွားကို ဂရုတစိုက်ထိန်းချုပ်ကာ ကျွမ်ရှင်းမျိုးနွယ်၏ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်ပြီး ထိုသူ၏ ကျောက်ကပ်ထဲတွင် ဝှက်ထားလိုက်သည်။

သူက နှလုံးကို မရွေးချယ်ခဲ့သည်မှာ ကျွမ်ရှင်းမျိုးနွယ်တွင် နှလုံးငါးခုရှိပြီး အားကောင်းသော ခုခံစွမ်းရည် ရှိသောကြောင့်ဖြစ်သည်။ သူက နှလုံးလေးခုကို ဖျက်စီးလိုက်လျှင်ပင် သူတို့က မသေနိုင်ပေ။

သို့သော်လည်း အတိတ်က လျှို့ဝှက်လေ့ကျင့်ရေး အတောအတွင်း ကျောက်ကပ်များသည် သူတို့၏သေစေနိုင်သည့် အားနည်းချက်ဖြစ်ကြောင်း တစေလက်က ပြောပြခဲ့သည်။

ထို့ကြောင့် သူ၏ဓာတ်နှောကိုယ်ပွားကို ကျွမ်ရှင်းမျိုးနွယ်၏ကျောက်ကပ်တွင် ဝှက်ထားပြီးနောက် ရွှီချင်းသည် သူ့ပုံရိပ်ကို ဖုံးလွှမ်းနေသော မြူများကို ပြန့်ကျဲစေလိုက်ပြီး ဒုတိယမြောက် ကျွမ်ရှင်းမျိုးနွယ်ကို ချုပ်နှောင်ထားသော ထောင်ခန်းသို့ ဦးတည်လျက် ထွက်ခွာသွားသည်။

သူထွက်သွားပြီးသည်နှင့် ဒဏ်ရာများပြည့်နေပြီး သေလုမျောပါးဖြစ်နေသော ကျွမ်ရှင်းမျိုးနွယ် နိုးထလာသည်။ သူ၏အမူအရာသည် ပြင်းထန်စွာဒေါသထွက်နေပြီး သူ၏ခန္ဓာကိုယ်ကို အသေအချာပင် စစ်ဆေးလိုက်သည်။ သူ၏ဒဏ်ရာများသည် ပြင်းထန်သော်လဲ သေလောက်အောင်ထိမဟုတ်ကြောင်း အတည်ပြုပြီးနောက် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏မျက်ဝန်းများက ရက်စက်ခြင်းအရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူက တဖက်လူ ပြောသွားသည်များကို ပြန်လည်စဉ်းစားလိုက်ပြီး ထိုသူသည် လက်စားချေရန် တကူးတက လာခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားသည်။

“ငါ သတ်ခဲ့တဲ့ လူတွေ အများကြီးပဲ။ ဘယ်တစ်ယောက်က သူ့ရဲ့သူငယ်ချင်းအရင်းလဲ”

“ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ မကြာခင် ငါက မျိုးနွယ်ဆီ ပြန်ရောက်တော့မှာပဲ။ ငါ အပြင်ရောက်ရင် ဒီအကြွေးကို ဆတိုးနဲ့ ပြန်ယူမယ်”

ကျွမ်ရှင်းမျိုးနွယ်၏နှလုံးသားက ဒေါသများနှင့် လှိုင်းထနေစဉ် ရွှီချင်းသည် ပြန်လွတ်လုနီးဖြစ်သော ကျွမ်ရှင်းမျိုးနွယ်အားလုံးကို ထိုသို့ ပြုလုပ်နေသည်။

အကြိမ်တိုင်း သူ၏ သွင်ပြင်လက္ခဏာက ပြောင်းလဲသွားသည်။ အကြိမ်တိုင်း သူက ထိုသူတို့ကို တူညီသော အကြောင်းပြချက်နှင့် စွပ်စွဲသည်။

ထိုအရာအားလုံးသည် ၎င်းကျွမ်ရှင်းမျိုးနွယ်များက သူတို့၏ခန္ဓာကိုယ်များတွင် ရွှီချင်းလျှို့ဝှက်စွာပြုထားသော ပြောင်းလဲမှုများကို သတိမပြုမိစေရန် ဖြစ်သည်။

သတင်းအချက်အလက်နှင့် ပြောဆိုဆက်သွယ်ခွင့် ရရှိခြင်း မရှိသော ထိုသူတို့သည် ပုဂ္ဂိုဟ်ရေးရန်ငြိုးဟု မှားယွင်းစွာ ယူဆသွားကြသည်။

ထိုသို့ ပြုလုပ်ပြီးနောက် ရွှီချင်သည် နယ်မြေဃမှ ထွက်ခွာ၍ နယ်မြေဂသို့ သွားလိုက်သည်။

နယ်မြေဂတွင် မကြာမီ လွတ်တော့မည့် ကျွမ်ရှင်းမျိုးနွယ်ဝင် ၂ဦး ရှိနေသည်။ ရွှီချင်းသည် ကမ္ဘာငယ်၏လောကစည်းမျဉ်းများဖိအားကို ခုခံနိုင်ပြီဖြစ်သော်လည်း လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရန်အတွက်မူ ခက်ခဲနေဆဲပင်။ ထို့အပြင် သူ၏အချိန်က အကန့်အသတ်ရှိနေသည်။

ထို့ကြောင့် လက်ရှိတွင် ကျွမ်ရှင်းမျိုးနွယ်ဝင်နှစ်ဦးကို ဆိုင်းငံ့ထားရန်သာ တတ်နိုင်တော့သည်။

ထိုအချိန်တွင် ရွှီချင်းသည် သူ၏စွမ်းအင်အားလုံးကို နယ်မြေဂရှိ ကမ္ဘာငယ်၏လောကစည်းမျဉ်းများဖိအားနှင့် အသားကျရန် အသုံးပြုလိုက်သည်။ သူသည် ကမ္ဘာငယ်လေးအတွင်းသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်ရောက်ပြီး သူ၏ခန္ဓာကိုယ် တစ်ကြိမ်ပြီးတစ်ကြိမ် အက်ကွဲသည့် နာကျင်မှုကို တောင့်ခံသည်။

သို့သော်လည်း သူက တစ်ကြိမ်တွင် အသက်ရှုချိန် ၃၀၀သာ အများဆုံး တောင့်ခံနိုင်သည်။ ထိုမျှအချိန်က သူ့အတွက် ကျွမ်ရှင်းမျိုးနွယ်ဝင်များကို ရှာဖွေ၍ သူ၏ဓာတ်နှောကိုယ်ပွား ထည့်သွင်းရန် မလုံလောက်ပေ။

“ငါက အနည်းဆုံး အသက်ရှုချိန် ၂၀၀၀ လောက်တော့ ခုခံနိုင်မှ ရမယ်”

ရွှီချင်းသည် သုံးသပ်ပြီးနောက် ပို၍ပင် ကြိုးစားပမ်းစား လုပ်တော့သည်။

သူအလုပ်သို့လာတိုင်း လူအိုကြီးအတွက် သေရည်တစ်ဘူး ပါလာစမြဲ ဖြစ်သည်။ တဖက်လူက သောက်ရသည်ကို ကြိုက်ကြောင်း သူ သိရှိထားသည်။

သေရည်အိုးများ အကြိမ်ပေါင်းများစွာ ပေးပြီးနောက် တဖက်လူ သောက်နေချိန်တွင် ရွှီချင်းက ကမ္ဘာငယ်လေး၏လောကစည်းမျဉ်းများကို ခုခံနိုင်မည့် နည်းစနစ်ကို လေးစားစွာ မေးမြန်းလိုက်သည်။ ဆင်တူသော နည်းစနစ်တစ်ခု ရှိရမည်ဟု သူ ယုံကြည်သည်။

အစတွင် တစေလက်က ဘာမှ မပြောပေ။ နောက်ပိုင်း ရွှီချင်း၏သေရည်ကို အကြိမ်များစွာ သောက်သုံးပြီးနောက်မှ ရွှီချင်းအပေါ် အမြင်‌ကောင်းများ တိုးလာသောကြောင့် သူက ပြောပြလိုက်ခြင်း ဖြစ်သည်။

ရွှီချင်းသည် အလွန်လေးနက်စွာ နားထောင်သည်။ ထို့နောက် ကမ္ဘာငယ်လေးထဲတွင် ထိုနည်းလမ်းအတိုင်းကြိုးစားခဲ့ပြီး သူ့ကိုယ်သူ မာကျောလာစေရန် အကြိမ်ပေါင်းများစွာ တွန်းအားပေးခဲ့သည်။

သူ၏တိုးတက်မှုက အလွန်မြန်ဆန်ပြီး လောကစည်းမျဉ်းများဖိအားအောက်တွင် သူသည် ကြာသည်ထက်ကြာအောင် ခုခံလာနိုင်သည်။ တစ်လကြာပြီးနောက် နောက်ဆုံးအကြိမ် သူလုပ်နိုင်ခဲ့သော အသက်ရှုချိန် ၃၀၀မှ အသက်ရှူချိန် ၁၀၀၀ ထိအောင် တိုးတက်လာခဲ့သည်။

ထိုဖြစ်စဉ်အတောအတွင်း ဖုန်းဟိုင်ဒေသငယ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။

ကောင်းကင်နက်မျိုးနွယ်မှ ကျင့်ကြံသူများသည် ဖုန်းဟိုင်ဒေသငယ်တွင် ပေါ်လာကြသည်။ ဓားကိုင်ရုံးတော်မှ ကျွမ်းကျင်သူများသည် သူတို့ကို လျှို့ဝှက်စွာဖမ်းလိုက်ကြပြီး ညှင်းပန်း၍ စစ်ချက်ယူခဲ့သည်။ အဆုံးတွင် သူတို့ကို ဖိနှိပ်ထားရန် နယ်မြေဂသို့ ပို့လိုက်ကြသည်။

ထိုကိစ္စသည် လျှို့ဝှက်ချက်ဖြစ်ပြီး ပြင်ပလူများက ထိုအကြောင်း မသိပေ။ ရွှီချင်းသာလျှင် နယ်မြေဂ၏နယ်ရုပ်ဟူသော အထောက်အထားကြောင့် သိခွင့်ရခဲ့သည်။

သူတို့ကို ပို့လိုက်သည့်နေ့က သူတာဝန်ကျနေချိန် ဖြစ်သည်။ အထပ် ၉၀သို့ ဝင်ဝင်ချင်းပင် ရွှီချင်းသည် တစေလက်နှင့် ပထမအကျဉ်းထောင်ကမ္ဘာမှ များစွာသောနယ်ရုပ်များက အကျဉ်းသားများကို ခေါ်ဆောင်လာသည်ကို တွေ့လိုက်သည်။

ဤအကြိမ်ကား ကောင်ကင်နက်မျိုးနွယ်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

လူသားမျိုးနွယ်တို့က မီးတောက်လမျိုးနွယ်နှင့် စစ်မဖြစ်လိုသည့် အရေးကြီးသော အကြောင်းရင်းသည် စစ်ပွဲအပြီး၌ လူသားများ ပြန်လည်အားယူနေချိန်တွင် အခွင့်ကောင်းယူကာ လူသားမျိုးနွယ်တစ်ဝက်မျှကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ရန် စောင့်ဆိုင်းနေသည့် ကောင်းကင်နက်မျိုးနွယ်ကြောင့် ဖြစ်သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်သည်လည်း ကောင်းကင်နက်မျိုးနွယ်၏ လက်အောက်ခံအဖြစ် ခိုဝင်သွားမည့် အချိန်လည်း ဖြစ်သည်။

သမိုင်းအချက်အလက်များအရ ကြည့်လျှင် သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီး၏အတိတ်က သစ္စာဖောက်မှုသည် ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်နှင့် ပိုတူသည်။ သို့သော်လည်း အချိန်ကာလပြောင်းလဲသွားပြီ ဖြစ်သောကြောင့် အနည်းငယ်ကသာ တိကျသော အဖြစ်မှန်ကို သိကြတော့သည်။

ရွှီချင်းသည်ပင် ထိုအကြောင်း အနည်းငယ်သာသိသည်။ သူ၏သမိုင်းဗဟုသုတအားလုံးသည် ဓားကိုင်များ၏လျှို့ဝှက်လေ့ကျင့်ရေးအတွင်း လက်ထောက်ဘုရင်ခံထံမှ သိရှိခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်းက ကောင်းကင်နက်မျိုးနွယ်သည် နေရောင် မနှစ်သက်သည်ကို သိထားသည်။ ထို့ကြောင့် ၎င်းမျိုးနွယ်သည် သူတို့အပေါ်တွင် မူလကတည်းက ရှိနေသော နေကို ပြုတ်ကျသွားရန် အင်တိုက်အားတိုက် တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုအခိုက်အတန့်အပြီးတွင် ကောင်းကင်နက်မျိုးနွယ်နယ်မြေတစ်ခုလုံးတွင် လတစ်မျိုးသာ ကျန်ရှိတော့မည်ဖြစ်သည်။

All Chapters