မက်လုံးပေးခြင်း....
Vol. 38 Ch. 521
လီလော့ သူ့အခန်းထဲတွင် ထိုင်နေပြီး အခန်းထောင့်က စာအုပ်များကို အာရုံပြောင်းသည့်အနေဖြင့် စိုက်ကြည့်နေသည်။ နောက်ခန်းက ရေချိုးသံကြောင့် အရမ်းစိတ်ရှုပ်နေရှာသည်။
ထိုနေရာတွင် ကျန်းချင်းအာ ရေချိုးနေသည်။
ငယ်ငယ်တုန်းက အတူတူ ရေချိုးဖူးသည်မှာ သေချာသော်လည်း ငယ်စဉ်အခါက ယောက်ျားနဲ့ မိန်းမကြားက ကွာခြားချက်ကို သိလာတဲ့အချိန်ကစပြီး အတူရေချိုးခြင်းကို ရပ်တန့်ခဲ့ရသည်။ ယခုမူ ကျန်းချင်းအာကသူ့အခန်းထဲတွင် ရေချိုးနေသဖြင့် သူ့နှလုံးခုန်သံကို ပြန်ကြားရလောက်သည်အထိ ရင်ခုန်နေမိသည်။
" ငန်းဝတုတ် ဘာတွေလုပ်နေပြန်ပြီလဲ...သက်သက် ကလိနေတာလား....."
လီလော့ မနည်း တည်ငြိမ်အောင် ကြိုးစားနေရသည်။
ရေချိုးခန်းထဲက ရေသံက ရပ်တန့်မသွားခင် နာရီဝက်လောက်ကြာအောင် ဆက်တိုက်ကြားနေခဲ့ရသည်။
ထို့နောက် ရေချိုးခန်းတံခါး ညင်သာစွာ ပွင့်လာသည်။
လီလော့ မော့ကြည့်ဖို့ကြိုးစားခဲ့သော်လည်း မျက်လုံးများက သူ့အမိန့်ကိုမနာခံကြပေ။
ရေချိုးပြီးခါစမို့ ကျန်းချင်းအာ၏ ရှည်လျားသော ဆံပင်များက စိုစွတ်နေသေးသည်။ သူမသည် ရေချိုးခန်းထဲတွင်ကျန်ခဲ့သော လီလော့၏ အဖြူရောင်ညအိပ်ဝတ်အင်္ကျီကို ချောင်ချောင်ချိချိဝတ်ထားသည်။
လီလော့၏ ညအိပ်ဝတ်အင်္ကျီက ခပ်ပွပွဖြစ်နေသော်လည်း ကျန်းချင်းအာ၏ သဲနာရီပုံသဏ္ဍာန်ရှိသော ခန္ဓာကိုယ်သည် အမှန်ပင် ဆွဲဆောင်အားပြင်းလွန်းလှသည်။
ညဝတ်အင်္ကျီတွေက ရှည်လျားလွန်းတာကြောင့် သူမ၏ ပေါင်လယ်လောက်ထိဖုံးလွှမ်းနေပြီး အခန်းကို ပိုတောက်ပနေစေမယ့် သူမရဲ့ ချစ်စဖွယ်ခြေထောက်တွေကို လှစ်ဟာပြသပေးနေသည်။
လီလော့ ရုတ်တရက် အသက်ရှုကြပ်လာသလို ခံစားလိုက်ရသည်။ ကျန်းချင်းအာသည် ပုံမှန်အားဖြင့် တိုက်ပွဲအဝတ်အစားကို သပ်ရပ်စွာ ၀တ်ဆင်လေ့ရှိပြီး ထက်မြက်ထူးချွန်ဟန်အပြည့်ရှိသည်။ သို့သော်လည်း ယခုချိန်တွင် ညအိပ်ဝတ်စုံဖြင့် မြင်ရသည်မှာလည်း နူးညံသိမ်မွေ့သောမိန်းမသားတစ်ဉီးသဖွယ် နှစ်လိုဖွယ်ကောင်းနေပြန်သည်။
သူမ၏ပုံသဏ္ဍာန်ကွာဟချက်သည် လုံးဝကွဲပြားခြားနားသောပုံစံဖြင့် ဆွဲဆောင်မှုအားပိုကောင်းစေသည်။
လီလော့ အတွေးများဖြင့် ယောက်ယက်ခတ်နေစဉ် ကျန်းချင်းအာက စားပွဲဆီသို့ လျှောက်သွားကာ ရေနွေးနှစ်ခွက် ငှဲ့ပေးနေသည်။
"နင့်ရဲ့ အိပ်ယာက တော်တော်အဆင်ပြေတယ်... သန့်တယ်မဟုတ်လား...."
လီလော့တစ်ယာက် နှာခေါင်းသွေးလျှံခြင်းရှိမရှိ သေချာအောင်နှာခေါင်းကိုပွတ်သပ်လိုက်ပြီး....
" နင် သဘောကျရင် ဒီအခန်းကိုယူလိုက်လေ....."
"ကျောင်းမှာပြောကြတာတော့ လော့လန်သခင်လေး လီလော့က တကယ့်ကို လူရှုပ်လေးတစ်ယောက်တဲ့...ဒါနင့် လှုပ်ရှားမှုတွေထဲကတစ်ခုပဲလား....."
"ငါ့ကို ဒီလို ဆဲဆိုနေတာ ဘယ်သူလဲ...."
လီလော့ ဒေါသထွက်ကာ အရှက်ပြေကြိမ်းမောင်းလိုက်သည့်အခါ ကျန်းချင်းအာက တခစ်ခစ်ရယ်နေ၏။
လီလော့ သူမ၏အလှတွင် နစ်မြောနေလေပြီ.... နက်မှောင်သောမျက်တောင်များသည် ရွှေရောင်မျက်လုံးများကို ဘောင်ခတ်ထားပြီး ချောမွတ်ပြီး ဖြူစင်တဲ့ အသားအရေက ချက်ချင်း ပြေးနမ်းပစ်ချင်စရာပင်....ထို့အပြင် ရေချိုးပြီးခါစမို့ မွှေးပျံ့သောရနံ့တချို့ သင်းထုံနေသည်။
လီလော့က အရှက်ပြေချောင်းဟန့်လိုက်ပြီး.....
"ဒါဆို နင် ဒီညဘာလုပ်ဖို့စီစဉ်ထားလဲ...."
"လီလော့.... ဒီနေ့ ခန်းမအဆင့်ပြိုင်ပွဲမှာ နင်ကောင်းကောင်းစွမ်းဆောင်နိူင်ခဲ့တယ်...."
"ငါက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသားဖြစ်နေပေမယ့် နင်နဲ့မယှဉ်နိုင်သေးပါဘူး...."
"တစ်နှစ်အတွင်း ဗလာနန်းတော်အခြေအနေကနေ ခွဲထွက်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အသန်မာဆုံးပထမနှစ်ကျောင်းသားဖြစ်လာခဲ့ပြီ.... ဒီနေ့ နင့်ထက်အရင် ကျင့်ကြံနိုင်ခဲ့တဲ့ ပြိုင်ဘက်တွေကို နည်းလမ်းပေါင်းစုံနဲ့ အနိုင်ယူခဲ့တယ်ဆိုတော့ညနင့်ရဲ့တိုးတက်မှုက တကယ်အံ့သြစရာပဲ.....ငါဒီနေ့ အရမ်းပျော်တယ်”
လော့လန်အိမ်တော်ကို ကာကွယ်ဖို့သူမနှင့်အတူ ဝန်ထုပ်ဝန်ပိုးတွေ ကူထမ်းလိုသော ဆန္ဒကြောင့် သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေလှုံ့ဆော်ခံရကြောင်း သူမ သိနားလည်ထားပါသည်။
အခုတော့ ဧကန်မုချ ပြီးမြောက်ခဲ့လေပြီ....
လီလော့ကို အသုံးမကျသူအဖြစ် လှောင်ပြောင်တဲ့ မှတ်ချက်တွေကြောင့် သူမ အမြဲတမ်း ဒေါသ ထွက်နေခဲ့ရပြီး နှလုံးသားတစ်လုံးနာကျင်ခဲ့ရဖူးသည်။
အချစ်ရေးနဲ့ ဘာမှမဆိုင်ပေမယ့် သူတို့ကြားက နက်နဲတဲ့ သံယောဇဉ်တွေ ရှိနေသည်မဟုတ်လော.......
ကျန်းချင်းအာသည် လီလော့ထံတွင် ဗလာနန်းတော်ရှိနေသည့် နှစ်နှစ်အတွင်း သူ့အတွက် အလွန်စိုးရိမ်ခဲ့ရသော်လည်းရည်ရွယ်ချက်ရှိရှိ အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ဤသည်မှာလည်း လီလော့ကိုအထင်သေးခြင်းကြောင့်မဟုတ်ခဲ့ပေ။ သူမ၏ ထူးချွန်ထက်မြက်သော စွမ်းဆောင်မှုက လီလော့ကို မလိုအပ်သော ဖိအားများ ဖြစ်စေမည်ကို သူမကြောက်ရွံ့ခဲ့သောကြောင့်ပင်....
လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ အနီးနားတွင် မရှိခဲ့သော နှစ်များတွင် သူမသည် အိမ်တော်နှင့် သခင်ငယ်တို့ကို စောင့်ရှောက်ခဲ့ရသည်။
ယခု လီလော့ အင်အားကြီးထွားလာသောကြောင့် သူမသည်လည်း လေးလံသောဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်နိုင်သလို ခံစားရသည်။
သူမ၏လေသံထဲက နွေးထွေးမှုလှိုင်းလုံးများက သူ့ထံ ပြေးဝင်လာသည်ကို လီလော့ ခံစားလိုက်ရသည်။
"ဒါဆို ဒါက ငါ့အတွက် ဆုလာဘ်လား...."
“အင်း...ဆိုပါတော့...."
လီလော့ အသက်ပြင်းပြင်းရှူလိုက်ပြီး
"ချင်းအာ...ဒါဆုလာ်မဟုတ်ဘူး....ညှင်းပန်းနှိပ်စက်မှု...."
သူမသည် လီလော့ အနားတွင် ရပ်ရန် စားပွဲဝိုင်းကို လှည့်လိုက်ပြီး သူ့မျက်နှာဘေးတွင် သူမ၏ခြေထောက်များကို တွန်းတင်လိုက်သည်။
ယခုချိန်တွင် လီလော့သည် ကျင်းထန်ရှုကို အနိုင်ယူခြင်းထက် ပိုမိုခက်ခဲသော အခြေနေမျိုးကိုကြုံတွေ့နေရသည်။
လီလော့ ရင်တထိတ်ထိတ်ခုန်နေတာကိုကြည့်ပြီး ကျန်းချင်းအာက သူ့ကို ပြုံးပြလိုက်သည်။
"ဒါဆို စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ စဉ်းစားနေတုန်းပဲလား"
"ရွေးချယ်ခွင့်ရှိလို့လား..."
"နင် စေ့စပ်ပွဲကိုမဖျက်သိမ်းဖူးဆို ငါတို့ ဆက်ဆံရေး ပိုကောင်းလာမယ်၊ နောက်ပိုင်းကျရင်လည်း ဆုလာဘ်တွေ ပိုများလာမယ်..."
လီလော့က ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး....
“ဒါ မတရားဘူး....ငါတို့ မျှတတဲ့ တိုက်ပွဲတစ်ခု လုပ်ရမယ်၊ ဒီ ပျားရည်ထောင်ချောက် နည်းဗျူဟာတွေကို မသုံးဘဲ တရားမျှတစွာ ယှဉ်ပြိုင်ရမယ်...ချင်းအာ နင် ကြောက်နေမှန်း ငါသိတယ်နော်...."
သူမ မျက်ခုံးပင့်လိုက်ပြီး...
"ဘာကိုကြောက်လို့လဲ ၊ အိမ်မက်မက်မနေနဲ့...."
"ငါက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကျော်ကြားလာပြီ... ဒီနှုန်းနဲ့ဆိုရင် စေ့စပ်ပွဲကို မကြာခင်မှာ ဖျက်သိမ်းနိုင်တော့မှာမို့လို့ မင်းငါ့ကို အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာမလား....."
ကျန်းချင်းအာက လှည့်စားနေခြင်းကိုရပ်တန့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က ညကောင်းကင်ကိုငေးကြည့်ကာ.....
"လီလော့....ရှန့်ပိန်းတွေ့ဆုံပွဲ ပြီးသွားတဲ့အခါ ကောလိပ်မှာ တစ်နှစ်လောက်နေခဲ့ရလိမ့်မယ်...."
သူမ သက်ပြင်းချလိုက်သည်။
လော့လန်အိမ်တော်တွေ့ဆုံပွဲက အတော်နီးကပ်နေပြီ ဖြစ်သည်။
ရန်သူတို့၏ ကြံစည်မှု နှင့် ပရိယာယ်များ အားလုံးသည် ထိုအချိန်တွင် အဆုံးစွန်ထိပြင်းထန်လာလိမ့်မည်။
အကယ်၍ သူတို့သည် ထိုမုန်တိုင်းအတွင်း မရှင်သန်နိုင်ခဲ့ပါက လော့လန်အိမ်တော် ပျက်သုန်းရပေလိမ့်မည်။
ပြီးတော့ သူနဲ့ ကျန်းချင်းအာတို့လည်း အသက်အန္တရာယ်လည်းရှိလာနိုင်သည်။
ဆင်ခြင်တုံတရားနဲ့ တွေးမည်ဆိုပါက လီလော့၏တိုးတက်မှုသည် ယမန်နှစ်တွင် တရှိန်ထိုးမြင့်တက်လာသော်လည်း အိမ်တော်စုဝေးပွဲ၏ရလဒ်ကို ချယ်လှယ်နိုင်ဖို့ကတော့ ဝေးကွာနေသေးသည်။ ထို့ကြောင့် သူသည် ရှန့်ပိန်းတွေ့ဆုံပွဲတွင် အနိုင်ယူပြီး ဖန်ချန်းယွမ် သူ့အား ပေးအပ်မည့် အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ စွမ်းအားကို ယူဆောင်လာချင်ခဲ့သည်။
"လော့လန်အိမ်တော်က သခင်ကြီးနဲ့ သခင်မတို့ရဲ့ အသက်သွေးကြောမို့ တခြားသူတွေ ဘယ်လိုထင်နေပါစေ ငါ့အသက်ကို ဆုံးရှုံးစေရင်တောင်မှ အဲဒါကို ပိတ်ပစ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး.... ..."
ကျန်းချင်းအာ စိတ်ပိုင်းဖြတ်ပြီးနှင့်ပြီ.....
"ချင်းအာ...ငါတို့ အရင်ဆုံး ရှန့်ပိန်းတွေ့ဆုံပွဲမှာအနိုင်ရဖို့ လိုသေးတယ်"
ယခုအချိန်တွင် ကုန်းရှန်ကျွင်း၏ကမ်းလှမ်းချက်ကို ရှောင်ရှားရတော့မည်ထင်သည်။
ကုန်းရှန်ကျွင်းဘာကြောင့် အနိုင်မယူချင်သေးလဲ မသိပေမယ့် ဒီအနိုင်ရမှုက လီလော့အတွက် အရမ်းအရေးကြီးနေသည်။
"နားလည်ပြီ...."
ကျန်းချင်းအာက ပျင်းရိနေဟန်ဖြင့် လီလော့ရှေ့တွင် အကြောဆန့်လိုက်သောကြောင့် လီလော့ မျက်ကလူးဆန်ပြာဖြစ်နေရှာသည်။
"နင့် အခန်းက ငါ့အခန်းထက် လေဝင်လေထွက်ကောင်းတယ်...ငါ ဒီည ဒီမှာ အိပ်မယ်"
သူမ ထိုသို့ပြောပြီးသည်နှင့် လီလော့၏ အိပ်ခန်းဆီသို့ လျှောက်သွားခဲ့သည်။
"ဒါဆို ငါ ကရော?"
သူမက နောက်ပြန်လှည့်မကြည့်ဘဲ တံခါးကို ပေါ့ပေါ့ဆဆဖွင့်ကာ....
"နောက်နေ့ပြိုင်ပွဲအတွက် စာကြည့်ခန်းထဲမှာ သွားလေ့ကျင့်နေပေါ့...."
ထိုအဖြေကြောင့် လီလော့ စိတ်ပျက်သွားခဲ့သည်။
ကျန်းချင်းအာက တံခါးကို နောက်ပြန်မှီပြီး ညစ်ကျယ်ကျယ် ပြုံးနေလေ၏။ သူမ လီလော့ကို ဆွဲထုတ်လာစဉ်က လုချင်းအာ၏ မျက်လုံးများက လီလော့ထံတွင်သာသေချာပေါက်ကပ်ညိနေလိမ့်မည်။ ထို့ကြောင့် ဒီတညလုံး ဒီအခန်းထဲကထွက်ဖို့ လုံးဝစိတ်မကူးထားပေါ
သိပ်မကြာသေးခင်က လီလော့နှင့်လုချင်းအာတို့ နီးနီးကပ်ကပ်ရှိနေခဲ့သဖြင့် သူမ (ကျန်းချင်းအာ)၏လုပ်နိုင်စွမ်းနှင့် လွှမ်းမိုးနိုင်မှုတို့ကို သေချာစွာပြသပေးရပေတော့မည်။