မင်းသမီး၏ခံစားချက်....
Vol. 38 Ch. 522
နောက်တစ်နေ့တွင်.....
ကျန်းချင်းအာသည် တစ်ညတာ ကောင်းကောင်းအိပ်ပျော်ပြီးနောက် လန်းဆန်းတက်ကြွစွာဖြင့် လီလော့ ၏အခန်းထဲမှ ထွက်လာသည်။
ခပ်အေးအေး ထွက်သွားသော သူမကိုကြည့်ပြီး လီလော့အတော်စိတ်ထိန်းနေရသည်။
သူ့ခင်ဗျာ မစားရအညှော်ခံ တညလုံးစာကြည့်ခန်းထဲတွင်သာနေခဲ့ရသည်။
"ကျန်းချင်းအာ ..နင်တော်တော်မွှေတယ်..."
လီလော့ ကျန်းချင်းအာကိုကျိန်ဆဲနေချိန်တွင်....
"လီလော့...!!"
ဒေါသအရိပ်အမြွက်ဖြင့်ပြည့်နှက်နေသော အော်သံကိုကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ လုချင်းအာ လှေကားနားမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် ဒေါသနှင့် စိတ်ပျက်အားငယ်နေသည့် အကြည့်များဖြင့် ပြူးကျယ်စွာ စိုက်ကြည့်နေသည်။
"အော်...ချင်းအာ...."
" စီနီယာကျန်း နင့်အခန်းထဲမှာ တညလုံးနေခဲ့တာလား....."
သူမသည် ဒေါသတကြီးဖြင့် လီလော့ကိုမေးလိုက်သည့်အခါ လီလော့က ခေါင်းညိတ်လိုက်သည်။
သူမ စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ထားသော်လည်း ဒေါသမပျယ်ခဲ့ပေ။ ကျန်းချင်းအာ အခန်းထဲမှ ထွက်သွားသည် ယခုလေးတင် သူမ မြင်ခဲ့ရသည်။ လီလော့နှင့်ကျန်းချင်းအာတို့ကြားတွင် ဘာမှမဖြစ်ခဲ့သည်မှာ မှန်သော်လည်း ကျန်းချင်းအာကြောင့် လီလော့၏ဂုဏ်သတင်းပျက်ပြားခဲ့ရပြီ.....
ယောက်ျားနဲ့ မိန်းမ တစ်ညလုံး အတူရှိနေသည်ကို ဘယ်သူ အထင်မလွဲဘဲနေမည်နည်း.....
သို့သော်လည်း နှစ်ယောက်သား စေ့စပ်ထားသည့်အတွက် တစ်ခုခုဖြစ်ပျက်ခဲ့ရင်တောင်မှ ဒီအကြောင်းကို ဘယ်သူမျှအပြစ်ပြောမည်မဟုတ်ပေ။
ကျန်းချင်းအာ၏ အဆုံးအဖြတ်ကြောင့် လုချင်းအာ ဒေါသထွက်ခဲ့ရသည်။
"စီနီယာကျန်းက စည်းမျဉ်းစည်းကမ်းနဲ့အညီ ဘယ်တော့မှ မကစားဘူး!"
သူမက၏ဒေါသက လီလော့ဘက်သို့လှည့်လာခဲ့ပြန်သည်။
"လီလော့ နင်က ငယ်သေးတယ်...နင်ဒီ့ထကပိုပြီးသတိထားသင့်တယ်....ဒီလိုမှမဟုတ်ရင် ကျင့်ကြံမှုကို ထိခိုက်လာနိုင်တယ်....နင်က ယောက်ျားလေးဆိုပေမယ့် ဆန္ဒကို သိက္ခာနဲ့ထိန်းပါ...နို့မို့ဆို နင့်ကိုဘယ်သူမှလိုချင်တော့မှာမဟုတ်ဘူး...."
လီလော့ ဘာပြန်ပြောရမှန်းပင်မသိတော့ချေ....
လုချင်းအာက သူ့လက်ထဲကို အိတ်တစ်လုံးထည့်ပေးလိုက်ပြီး....
"ဒီမှာ ငါ နင့်အတွက် နံနက်စာယူလာပေးတာ... ကျေးဇူးကန်းတဲ့ကောင်...."
ထို့နောက် သူမ တုန်တုန်ယင်ယင်နှင့် ပြေးထွက်သွားလေ၏။
လီလော့က သူ့လက်ထဲက အိတ်ကို ငုံ့ကြည့်လိုက်တော့ နံနက်စာက အခုထိပူနွေးနေဆဲပင်.....
"ကျေးဇူးတင်ပဲ ချင်းအာ"
လီလော့ သူမကို ကမန်းကတန်းအော်ပြောလိုက်သည်။
လီလော့ လှေကားလက်ရန်းကိုမှီကာ နံနက်စာစားနေသည်ကို ကျောင်းသားအချို့က မနာလိုသည့်အကြည့်များနှင့်ကြည့်သွားကြသည်။
ကျန်းချင်းအာ သူ့အခန်းထဲတွင် တစ်ညတာ ကုန်ဆုံးခဲ့သည့် သတင်းသည် မြို့စားအဆင့်
လေပဲ့တင်ထပ်သံအသုံးပြုသူ ပျံသန်းနိုင်သည်ထက်ပင် ပိုမိုမြန်နေသည်မှာ အထင်အရှားပင်.....
သို့သော် နှစ်ယောက်သား စေ့စပ်ထားသောကြောင့် ဤကိစ္စနှင့်ပတ်သတ်၍ မည်သူမျှ မစွက်ဖက်နိုင်ပေ။
"ပထမထပ်က ပင်မခန်းမမှာ လူစုထားကြပါ...."
လီလော့ သည် နောက်ဆုံးပေါင်မုန့်ကို ပါးစပ်ထဲသို့ အပြည့်ထည့်လိုက်ပြီး အမှိုက်များကို ခါလိုက်သည်။ သူသည် လှေကားထစ်မှ တဟုန်ထိုး ဆင်းလာကာ ဒုကျောင်းအုပ် စုရှင်းက ၎င်းတို့နှင့် ရောနှောအဆင့်ပြိုင်ပွဲနှင့် ပတ်သက်သည့်အချက်အလက်များကို မည်ကဲ့သို့ မျှဝေမည်ကို သိချင်လာသည်။
ဘယ်လိုပုံစံမျိုးဖြစ်မလဲ.....
လီလော့ မင်းသမီးကိုမြင်လိုက်သဖြင့် လှစ်ကနဲပြေးသွားလိုက်သည်။
မင်းသမီးသည် ယခုချိန်တွင် ပြိုင်ပွဲကာလဖြစ်သဖြင့် ပုံမှန်လိုနန်းဆန်သောအဝတ်အစားဖြင့်မဟုတ်ဘဲ သာမန်ဆန်သော အဝတ်အစားကိုသာဝတ်ဆင်ထားသည်။
သူမရဲ့ ပေါ့ပါးသွက်လက်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် လှေကားထစ်မှ ဆင်းလာချိန်တွင် ယောက်ျားလေးများ အားလုံးက ငေးကြည့်နေကြသည်။
နှစ်ယောက်သား အချင်းချင်း အံ့သြတကြီး တွေ့ဆုံကြချိန်တွင် လီလော့က အရှိန်နဲ့ နောက်ပြန်ဆုတ်လိုက်ပြီး....
"မင်းသမီး..."
"လီလော့... ချင်းအာ နင့်ရဲ့အိပ်ယာထဲမှာ တစ်ညအိပ်ခဲ့တယ်ဆို....."
"သူ တစ်ညလုံး ကျွန်တော့်အိပ်ရာထဲမှာ နေခဲ့တာပါ....ကျွန်တော်ကတော့ စာကြည့်ခန်းထဲမှာ တစ်ညတာ အပြစ်ပေးခံရတယ်...."
"အိုး..ဘာလို့ ပြစ်ဒဏ်ပေးရတာလဲ...ခန်းမအဆင့်ပြိုင်ပွဲမှာ နင် ကောင်းကောင်းကြိုးစားခဲ့တယ်မလား....အဲ့အတွက် ဆုတစ်တော့ရသင့်တာပေါ့....."
" ကျေးဇူးပြုပြီး မစပါနဲ့တော့ဗျာ...."
လီလော့က ချိုမြိန်စွာ တောင်းပန်လိုက်သည်။
"အင်းပါ...အတူတူအောက်ဆင်းကြရအောင်...."
လီလော့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေပြီး ကောင်းသောအခိုက်အတန့်ကို တွေ့လိုက်သောအခါတွင် မင်းသမီးထံသို့ ရုတ်တရက် ချဉ်းကပ်လိုက်သည်။
သူမက ဝေးရာသို့မရွေ့ဘဲ...
"ငါ့ကိုမေးစရာရှိလို့လား?"
"မင်းသမီး ရှန့်ပိန်းတွေ့ဆုံပွဲမှာ အနိုင်ရဖို့ စိတ်ဝင်စားလားလို့ မေးချင်ပါတယ်"
သူမ သူ့ကိုကြည့်ကာ အံ့သြသွားသည်။
"အနိုင်မရချင်ရင် ငါဒီနေရာမှာရှိနေပါ့မလား...."
တကယ်တော့ ဆုတွေက သူမအတွက် အဓိက ဆွဲဆောင်မှု မဟုတ်ခဲ့ပေ။ ယင်းအစား၊ ၎င်းသည် သူမ၏ဂုဏ်ပုဒ်ကိုအဆမတန်ပို၍တန်ဖိုးရှိစေမည့်အပြင် ကောလိပ်ကနေလည်း မျက်နှာသာပေးခြင်းခံရနိုင်သည်။
နောက်ဆုံးတွင်၊ ကြယ်တာယာခရီးရှည်ကောလိပ် သည် ကြားနေအင်အားစုဟုဆိုနိုင်သော်လည်း ရှပြည်ထောင်စုတွင် အရေးကြီးသော အဖွဲ့တစ်ဖွဲ့ ဖြစ်နေဆဲပင်.....
သူမ သက်ပြင်းချလိုက်ပြီး....
"စိတ်ဝင်စားတာက ကောင်းတယ်၊ ဒါပေမယ့်ဒီမှာ အားကောင်းတဲ့ ပြိုင်ဘက်တွေ အရမ်းများတယ်။ခန်းမအဆင့် ပြိုင်ပွဲမှာတောင် ငါ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး...အဲ့တော့ ရောနှောအဆင့်ပြိုင်ပွဲကို ဘယ်လို ရည်မှန်းချက်ထားနိုင်မလဲ...."
"တစ်ဦးချင်းစီအတွက် ခက်ခဲတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယုံကြည်စိတ်ချရတဲ့ အဖော်နှစ်ယောက်ကို မင်းသမီးရှာတွေ့နိုင်မှာပါ"
"ကောလိပ်တစ်ခုကို နှစ်ဖွဲ့ပဲ စေလွှတ်နိုင်တယ်....ပြီးတော့ ကောလိပ်တိုင်းက အရည်အချင်းပြည့်မီတဲ့ အဖွဲ့တွေစေလွှတ်ကြမှာ...ငါတို့ကောလိပ်ကတော့ အားကောင်းတဲ့အဖွဲ့တစ်ဖွဲ့ပဲ စေလွှတ်နိုင်တယ်.... နင်နဲ့ကျန်းချင်းအာက ဒီအဖွဲ့ထဲမှာ သေချာပေါက်ပါလိမ့်မယ်... ဒါပေမယ့် ငါတော့ ပါမယ်မထင်ဘူး.....ကုန်းရှန်ကျွင်းက ခန်းမအဆင့်ပြိုင်ပွဲမှာ ငါ့ထက် ပိုကောင်းခဲ့တယ်...နင်တို့သုံးယောက်က စံပြအဖွဲ့ဖြစ်လာမှာပါ...."
မင်းသမီးသည် ကျန်အဖွဲ့ဝင်များထဲမှသာ သူမအတွက်အသင်းဖော်ကို ရွေးချယ်ရမည်ဖြစ်ပြီး ကျန်းချင်းအာနှင့်လီလော့တို့ကို မည်သူကမျှ မနှိုင်းယှဉ်နိုင်ပေ။
လီလော့ ခဏတာ ငြိမ်သက်နေခဲ့ပြီး
" ကျွန်တော်နဲ့ချင်းအာက မင်းသီးနဲ့ပူးပေါင်းချင်တယ်ဆိုရင်ရော.... " ဟုတိုးတိုးလေးမေးလိုက်သည်။
ထိုမေးခွန်းကြောင့် သူမ ဆံစမှခြေဖျားထိတိုင် တုန်လှုပ်သွားခဲ့သည်။
လီလော့က သူမ၏အကြည့်ကို ယဉ်ကျေးစွာ ရှောင်နေသော်လည်း မင်းသမီးက တအံ့တသြ စိုက်ကြည့်နေဆဲပင်.....
"နင်နဲ့ချင်းအာက ငါနဲ့ပူးပေါင်းမယ်?"
"ဘာလဲ မင်းသမီးက မကြိုက်ဘူးလား?"
"မဟုတ်ဘူး...ဒါပေမယ့် ဘာကြောင့်လဲ? ယုတ္တိကျကျပြောရရင် ကုန်းရှန်ကျွင်းကိုပဲရွေးချယ်သင့်တယ်မဟုတ်လား...."
"မင်းသမီးက လှပပြီး ကြင်နာတဲ့အတွက်ကြောင့် ကျွန်တော်တို့အဖွဲ့ကို ပိုကောင်းတဲ့အဖွဲ့ဖြစ်လာစေမှာမို့ပါ....."
"လီလော့၊ ဒါက ရယ်စရာကိစ္စ မဟုတ်ဘူး....."
" ကျွန်တော် ရယ်စရာပြောနေတာမဟုတ်ဘူး....ချင်းအာက အမိန့်ပေးထားလို့အခုလိုလာကမ်းလှမ်းတာပါ...ချင်းအာက ကုန်းရှန်ကျွင်းထက်ပိုယုံလို့နေမှာပေါ့...."
" တကယ်ပဲ ချင်းအာကဒီလိုထင်တယ်ပေါ့....."
"ဒါမှမဟုတ် မင်းသမီးက ကုန်းရှန်ကျွင်းထက်အားနည်းတာမို့ ချင်းအာမှားနေတယ်ထင်လို့လား.....
"ဘယ်လိုဖြစ်နိုင်မှာလဲ! သူ့ရဲ့ စွမ်းရည်က နက်ရှိုင်းနိုင်ပေမယ့် ငါ့ကိုယ်ငါ ညံတယ်လို့တခါမှမတွေးဖူးဘူး....ချင်းအာရဲ့ပံ့ပိုးမှုနဲ့သာဆို လန်လန့်ကိုတောင်ရင်ဆိုင်ရဲတယ်...."
လီလော့က ပြုံးပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် နင်တကယ် အတည်ပြောနေတာလား.... နင်နဲ့ချင်းအာက ရောနှောအဆင့်ပြိုင်ပွဲမှာ ငါနဲ့တကယ်ပူးပေါင်းမှာလား...."
ဒီလို အံ့သြစရာကောင်းတဲ့ အံ့အားသင့်မှုက သူမလို သတိထားတတ်တဲ့သူတစ်ယောက်ကိုပင် ထိတ်လန့်စေသည့်အတွက် အမှန်တရားကို ထပ်ပြီး အတည်ပြုရမှာ ပေလိမ့်မည်။
မင်းသမီး၏ မယုံနိုင်သောမေးခွန်းများကြောင့် လီလော့စိတ်တိုလာသည်။
ဟိုလူကလည်း ချင်းအာ...ဒီလူကလည်း ချင်းအာနဲ့ သူ့ဘေးကငါ့ကိုဘယ်သူမှမမြင်ကြတော့ဘူးလား....ငါလည်း အသန်မာဆုံးကြယ်တစ်ပွင့်ကျောင်းသားဘွဲ့ရထားတဲ့ကောင်ပါ....နည်းနည်းပါးပါး ဂရုစိုက်ကြပါဉီးလား.....
" ကောင်းပြီ...ဒါဆိုလည်း နောက်မှတွေ့ကြတာပေါ့...."
လီလော့က ထိုသို့ပြောပြီးသည်နှင့် တချိုးတည်းလှည့်ထွက်သွားလေ၏။
သူမ သတိပြန်ဝင်လာချိန်တွင် လီလော့က အဝေးကိုရောက်နှင့်နေပြီ.....
ဒီလူယုတ်မာလေးက ငါ့ကို ကတုန်ကယင်ဖြစ်အောင်လုပ်ပြီး ထွက်ပြေးသွားတယ်.... ဒီကောင် လူတွေရဲ့ခံစားချက်ကို ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိနေတယ်.......
သူမ၏ ရုတ်တရတ် လှုပ်ရှားမှုသည် အခြားကျောင်းသားများထံမှ စူးစမ်းလိုသော အကြည့်အချို့ကို ဆွဲဆောင်နေသောကြောင့် လီလော့နောက်သို့ လိုက်ချင်စိတ်ကို ထိန်းကာ ခန်းမထဲသို့ အရှိန်အဟုန်ဖြင့် လျှောက်သွားခဲ့သည်။