← Chapters

ရောနှောအဆင့် ပြိုင်ပွဲပုံစံ

Vol. 38 Ch. 523

ရောနှောအဆင့် ပြိုင်ပွဲပုံစံ

Vol. 38 Ch. 523

ခန်းမကြီးထဲတွင်သည် ကျောင်းသားများပြည့်ကျပ်နေသည်။

လီလော့သည် ပထမနှစ် ကျောင်းသားများစုဝေးရာသို့ လျှောက်သွားခဲ့သည်။

"အစ်ကိုလော့...."

ယုလန်က လှမ်းနှုတ်ဆက်လိုက်ပြီး လီလော့ လက်ကို ဆုပ်ကိုင်လိုက်ကာ ....

"အိုး အစ်ကိုလော့.... မင်းရဲ့ရုပ်ရည်ကလွဲရင် မင်းက ငါ့လိုပဲ သာမန်လူသာမန်လူတစ်ယောက်ပဲလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ဒီတစ်ခါတော့ မင်းကို တကယ်သဘောကျသွားပြီ......"

ယုလန်၏ ယခုလိုပွတ်သီးပွတ်သပ်အပြုအမူကြောင့် လီလော့ ထိတ်လန့်အံ့သြနေရှာသည်။

ထိုစဉ် ပိုင်တုတုက ယုလန်ဆီကို လေအလျင်ဖြင့်ရောက်လာပြီး ဇက်ပိုးအုပ်လိုက်ကာ.....

"နင့် ပါးစပ်ကိုပိတ်ထားလိုက်တော့... စီနီယာကျန်းအကြောင်း နောက်တစ်ခါ ပြောရင် နင့်လျှာကို ငါဖြတ်မယ်!"

ယုလန်က ဖမ်းမိခံထားရသော ယုန်တစ်ကောင်လို အော်ဟစ်လိုက်သည်။

"ငါ့ခေါင်းဆောင်က ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ!"

"ခေါင်းဆောင် မနက်စာစားပြီးပြီလား? ဒီမှာနည်းနည်းရှိသေးတယ်"

ပိုင်မျန်မျန်က တောက်ပသောအပြုံးဖြင့် အိတ်တစ်လုံးကို လှမ်းပေးနေသည်။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ချင်းအာလာ ပေးပြီးသားပါ"

ယုလန် စိတ်ဆိုးနေလေပြီ.. တချို့လူတွေဘာလို့ ဒီလောက်တောင်ကံကောင်းနေရတာလဲ..... စီနီယာကျန်းက တစ်ညလုံး အိပ်ယာထဲမှာ.. လုချင်းအာက သူ့ကို မနက်စာ လာကျွေးတယ်...လူချင်းတူတာတောင်ကံချင်းမတူပါလား.....

ပိုင်မျန်မျန်က ပြုံးပြီး ခေါင်းညိတ်ကာ အိတ်ကိုပြန်ယူလိုက်သည်။

အိတ်ကို ကမ်းပေးဖို့ ရှေ့တိုး လိုက်ချိန်မှာတော့ လီလော့ရဲ့ ခန္ဓာကိုယ်ပေါ်တွင် အခြားရနံ့တွေကိုကပ်ငြိမနေကြောင်းအတည်ပြုနိုင်ခဲ့သည်။

လီလော့နဲ့ စီနီယာကျန်းတို့ မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးနဲ့တူတယ်... မဟုတ်ရင် ရနံ့တွေ ရောနှောနေမှာ သေချာတယ်.....ခေါင်းဆောင်က သမာဓိအားကောင်းသားပဲ....သူက စီနီယာကျန်းလို နတ်ဘုရားမနဲ့ တစ်ညလုံးအတူရှိနေခဲ့တာတောင် လုံးဝ မယိမ်းယိုင်ခဲ့ဘူး?

ပိုင်မျန်မျန်ပင်လျှင် သူ့ကို လေးစားနေလေတော့သည်။

လျှို့ဝှက်ထင်ကြေးပေးသံများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ဒုတိယကျောင်းအုပ်စုရှင်း စင်မြင့်ပေါ်တက်လှမ်းလာသဖြင့် ခန်းမကြီးတခုလုံး တိတ်ဆိတ်သွားသည်။

"ကဲ... ရှန့်ပိန်းတွေ့ဆုံပွဲရဲ့ ရောနှောအဆင့် ပြိုင်ပွဲရဲ့ အချက်အလက်တွေကို ထုတ်ပြန်လိုက်ပြီ" ဟု စိတ်အားထက်သန်စွာ နားထောင်နေသော ကျောင်းသားများကို သူမက ကြေညာခဲ့သည်။

"အရင်ကပြောခဲ့သလိုပဲ ကျောင်းတစ်ကျောင်းစီကနေ တပ်ဖွဲ့နှစ်ဖွဲ့ပဲ စေလွှတ်လို့ရတယ်"

ဤသည်မှာ အပြင်းအထန် လေ့ကျင့်ခဲ့ကြသော ကျန်ကျောင်းသားများအတွက် စိတ်ပျက်စရာ သတင်းတစ်ခုဖြစ်သည်။မည်သို့ပင်ဆိုစေ ဒါက သူတို့အတွက် တစ်သက်မှာ တစ်ကြိမ်သာရနိုင်သည့် အတွေ့အကြုံတွေ ရလာပြီး သူတို့ရဲ့ အိပ်မက်တွေကို ချဲ့ထွင်ဖို့ အခွင့်အရေးကောင်းဖြစ်နေသည်မဟုတ်လော.....

နှစ်သင်းကန့်သတ်ချက်သည် ၎င်းတို့အများစုအတွက် ထိုအခွင့်အရေးကို ပိတ်ပစ်လိုက်သည်။

"ဒုကျောင်းအုပ်....ဘာဖြစ်လို့ ဒီလောက်အရေအတွက် နည်းနေတာလဲ....ဟိုတုန်းကဆို အနည်းဆုံး လေး၊ငါးဖွဲ့ စေလွှတ်နိူင်တယ်မလား..." ဟု တစ်စုံတစ်ယောက်က မေးသည်။

ဒုကျောင်းအုပ်စုရှင်းက စာနာစိတ်ဖြင့် ခေါင်းညိတ်လိုက်ပြီး..

"ဘာလို့လဲဆိုတော့ ရောနှောအဆင့်ပြိုင်ပွဲတွေကို ထပ်တလဲလဲလုပ်နေတာက ပိုအန္တရာယ်များတယ်...."

ကျောင်းသားများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ရောနှောအဆင့်ပြိုင်ပွဲကို တိုက်ရိုက်ပြိုင်ဆိုင်မှုပုံစံနဲ့ ကျင်းပမှာမဟုတ်တဲ့အပြင် ရှန့်ပိန်းနေရာလွတ်ထဲမှာတောင် ကျင်းပမှာ မဟုတ်ဘူး....ဒီတကြိမ် ပြိုင်ပွဲမှာ ကမ္ဘာခြားသက်ရှိတွေပါလာလိမ့်မယ်....."

ထိုကြေငြာချက်ကြောင့် ကျောင်းသားတော်တော်များများက ကြောက်လန့်တကြားဖြစ်ကုန်ကြသည်။အရိပ်လှိုဏ်ဂူထဲက အချိန်တွေကို သူတို့ ကောင်းကောင်းမှတ်မိနေဆဲပင်.....

ရောနှောအဆင့်ပြိုင်ပွဲတွင် ကမ္ဘာခြားသက်ရှိများ အဘယ်သို့ပါဝင်လာရသနည်း......

ဒုကျောင်းအုပ် စုရှင်းက အလင်းတန်းအနည်းငယ်ကိုဆင့်ခေါ်ကာ မြေပုံအဖြစ် ချဲ့ထွင်လိုက်သည်။

လီလော့ ထိုမြေမျက်နှာသွင်ပြင်ကို အနီးကပ်ကြည့်သော်လည်း ရင်းနှီးသော မြေမျက်နှာသွင်ပြင်ကို ရှာမတွေ့ပေ။ ထိုမြေပုံသည် ရှပြည်ထောင်စု၏မြေပုံမဟုတ်ပေ။

"ဒါက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့ မြောက်ပိုင်းမှာရှိတဲ့ မဟူရာလေပြင်းအင်ပါယာရဲ့မြေပုံပါ..ဒီနိုင်ငံက ရှပြည်ထောင်စုထက် ကျယ်ပြောတဲ့အပြင် ဂုဏ်သတင်းလည်းကျောဇောခဲ့ဖူးတယ်....ဒါပေမယ့် ကပ်ဘေးတစ်ခုကြောင့် သုံးနှစ်အတွင်းပြိုလဲသွားခဲ့ပြီ......အကြောင်းအရင်းကတော့ မဟူရာလေပြင်းကောလိပ်က စောင့်ကြပ်ထားရမယ့် အရိပ်လှိုဏ်ဂူကျိုးပေါက်သွားလို့ပဲ..... အကြောင်းတစ်ခုခုကြောင့် လုံခြုံရေးစည်းကျိုးပေါက်ပြီး ကမ္ဘာခြားသက်ရှိတွေ မဟူရာလေပြင်းကောလိပ်ကိုကျုးကျော်ခဲ့ကြတယ်....."

"အခုဆို မဟူရာလေပြင်းအင်ပါယာက မရှိတော့ဘူး...အဲ့ဒီ့ဒေသတစ်ခုလုံးမှာ ကမ္ဘာခြားသက်ရှိတွေနဲ့ ပြည့်နှက်နေပြီ.... အဲဒီလို ဖြစ်စဉ်တွေကို ကပ်ဘေးလို့ ခေါ်တယ်.... အဲ့ဒီ့အင်ပါယာမှာသက်ရှိလူသားတစ်ယောက်မှရှိမနေတော့ဘူး....."

ကျောင်းသားများ ငြိမ်ကျသွားလေ၏။

မဟူရာလေပြင်းအင်ပါယာရဲ့ အထင်ကရကောလိပ်တောင် ဝါးမျိုခံခဲ့ရတယ်တဲ့.....

သူတို့အားလုံးသည် ယခင်က တိုက်ပွဲတွင် ကမ္ဘာခြားသက်ရှိများနှင့် ရင်ဆိုင်ခဲ့ဖူးသော လက်ရွေးစင် ကျောင်းသားများဖြစ်ပြီး ၎င်းတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်မှုများကြောင့် လုံးလုံးလျားလျား သိမ်းပိုက်ထားသော နယ်မြေကို စိတ်ကူးယဉ်နေကြဆဲဖြစ်သည်။

ကြီးကျယ်ခမ်းနားသောနိုင်ငံကြီးတောင် ပြိုလဲသွားရသည်တဲ့လား......

သူတို့အားလုံး ထိုတိုင်းပြည်၏ ပျက်စီးခြင်းကို စိတ်ကူးကြည့်နိုင်သည်။

"မဟူရာလေပြင်းအင်ပါယာ၏ပြိုလဲချိန်မှာ အိမ်နီးချင်းနိုင်ငံတွေက ကမ္ဘာခြားသက်ရှိတွေကိုနှိမ်နင်းဖို့အကူအညီတွေတောင်းခံခဲ့ကြတယ်...ဒါပေမယ့် ကမ္ဘာခြားသက်ရှိတွေကို ရှင်းလင်းရတာလွယ်ကူတဲ့အလုပ်မဟုတ်ဘူး...."

"ဒုကျောင်းအုပ်....ဒါဆို ကျွန်တော်တို့က မဟူရာလေပြင်းအင်ပါယာကိုသွားပြီး ဒီမစ်ရှင်ကို ကူညီရမယ်လို့ ပြောချင်တာလား။"

ကုန်းရှန်ကျွင်း၏မေးခွန်းကြောင့်လူတိုင်း စိတ်လှုပ်ရှားစွာ တံတွေး မျိုချမိကြသည်။ အသင်းနှစ်သင်းသာ ခွင့်ပြုခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ဒါက ရူးချင်စရာကောင်းလောက်သည့် အန္တရာယ်ကြီးတစ်ခုသာပင်....

ဒုကျောင်းအုပ်စုရှင်းက ခပ်လေးလေး ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... မဟူရာလေပြင်းအင်ပါယာက ကမ္ဘာခြားသက်ရှိတွေကိုသုတ်သင်ဖို့က ရောနှောအဆင့်ပြိုင်ပွဲရဲ့ မစ်ရှင်ပဲ.... "

ကမ္ဘာခြားသက်ရှိများ လုံးလုံးလျားလျား သိမ်းပိုက်ထားသော နယ်မြေသည် ကြောက်မက်ဖွယ်ရာ ဖုန်းဆိုးမြေ အဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ မြို့စားအဆင့်များပင်လျှင် ထိုနေရာ၌ လွတ်လွတ်လပ်လပ် သွားလာခြင်း မပြုဝံ့ပေ။ဒီလိုနေရာဆီကျောင်းသားတွေ စေလွတ်ခြင်းသည် အလကားသက်သက် အသေခံခိုင်းနေသလိုပင်.....

"ဒုကျောင်းအုပ်...စစ်ဆင်ရေးဧရိယာနဲ့ ပတ်သက်ပြီး နယ်မြေသတ်မှတ်ထားတာတော့ သေချာပေါက်ရှိနေတယ်မဟုတ်လား"

လီလော့က မဝံ့မရဲ မေးလိုက်သည်။

သူတို့ရဲ့ အရည်အချင်းထက် ကျော်လွန်တဲ့ ဒေသတွေဆီ ဗဟိုကျောင်းသားသမ္ဂက သက်သက်အသေခံခိုင်းဖို့ စေလွှတ်ခြင်းမဖြစ်နိုင်ဝု လီလော့ ထင်နေမိသည်။ ဤသည်မှာ ဖြစ်နိုင်ချေရှိသော တစ်ခုတည်းသော ရှင်းလင်းချက်ဖြစ်သည်။

ဒုတိယကျောင်းအုပ်စုရှင်းက ခေါင်းညိတ်ပြပြီး ဒေသတစ်ခုသို့ ညွှန်ပြလိုက်သည်။

"ဒါကို ရွှံ့နီ ပြည်နယ်လို့ခေါ်တယ်..အဲ့နေရာမှာ ရောနှောအဆင့်ပြိုင်ပွဲတွေ ကျင်းပမှာ..... သေချာလေ့လာထားသလောက်ဆို အဲ့နယ်မြေရဲ့ အသန်မာဆုံးကမ္ဘာခြားသက်ရှိက အဆင့်နိမ့် ကောင်းကင်ဘုံကပ်ဘေးအဆင့်ပဲ....."

ကျောင်းသားများ သက်ပြင်းချလိုက်ကြသည်။ ကောင်းကင်ဘုံကပ်ဘေးအဆင့်များသည် ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့်များနှင့်ယှဉ်နိုင်သည်။ ကုန်းရှန်ကျွင်းနှင့်မင်းသမီးတို့လို လက်ရွေးစင်များကသာ သင့်လျော်သောအဖွဲ့အရံများဖြင့် စီမံခန့်ခွဲနိုင်လိမ့်မည်။

"ပြိုင်ပွဲစတင်ပြီဆို ရွှံ့နီ ပြည်နယ်တစ်ဝိုက်က နေရာအသီးသီးကို ပို့ဆောင်ပေးလိမ့်မယ်.... မြေပုံတွေလည်းပေးထားလိမ့်မယ်....မစ်ရှင်ရဲ့ ရည်မှန်းချက်က ဧရိယာကို သန့်စင်ဖို့နဲ့ကမ္ဘာခြားသက်ရှိတွေကိုသုတ်သင်ဖို့ပဲ....ပြီးရင် မင်းတို့ကို ရမှတ်တွေတွက်ချက်ပေးမယ်.... ဒီလုပ်ငန်းစဉ်ကို မင်းတို့ရင်းနှီးပြီးသားပါ....အရိပ်လှိုဏ်ဂူထဲမှာ မစ်ရှင်လုပ်ခဲ့ရတဲ့အတိုင်းပဲ.....နောက်ဆုံးပန်းတိုင်က ရွှံ့နီ ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့... သွေးကျောက်တုံးမြို့"

ပြည်နယ်ရဲ့အလယ်ခေါင်က ဦးခေါင်းခွံသင်္ကေတကို ညွှန်ပြပြီး သူမက သေချာရှင်းပြပေးနေသည်။

" သွေးကျောက်တုံးမြို့ ကို သန့်စင်ပြီးတာနဲ့ ရောနှောအဆင့်ပြိုင်ပွဲ ပြီးဆုံးသွားပြီ....ဒါပေမယ့် မင်းကို တစ်ခုသတိပေးပါရစေ....သွေးကျောက်တုံးမြို့က လေထုညစ်ညမ်းမှု အပြင်းထန်ဆုံးနေရာပဲ... အဲ့ဒီ့နေရာမှာ အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်တွေတောင် ရှိကောင်းရှိနိုင်တယ်... အထူးဂရုစိုက်ကြပါ... "

ကုန်းရှန်ကျွင်းနှင့် မင်းသမီးတို့သည် ဤစကားကိုကြားသောအခါတွင် ပို၍စိုးရိမ်နေပုံရသည်။

အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် စစ်သူကြီးအဆင့်၏ ကောင်ကင်ပဲ့တင်ထပ်သံအဆင့်နှင့်ညီမျှသည်။

ဒါက ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မည်.....

All Chapters