← Chapters

ရွေးချယ်မှုများ....

Vol. 38 Ch. 524

ရွေးချယ်မှုများ....

Vol. 38 Ch. 524

ခန်းမကြီးတခုလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။

အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို ရင်ဆိုင်ရန် စိတ်ကူးကြည့်ရုံဖြင့် ကျောင်းသားအများအပြား တုန်လှုပ်ခြောက်ခြားနေကြသည်။

ယခု ရောနှောအဆင့် ပြိုင်ပွဲတွင် အဘယ်ကြောင့် တစ်ကျောင်းလျှင် အဖွဲ့နှစ်ဖွဲ့သာစေလွှတ်ခိုင်းသည်ကို သေချာနားလည်လာကြပြီ..... အမှန်တော့၊ အားနည်းတဲ့ ကျောင်းသားတွေ ပါဝင်ခဲ့မယ်ဆိုရင် ထိခိုက်နစ်နာမှုတွေ ရှိလာမည်မှာ သေချာသလောက်ပင်......

ကောလိပ်တိုင်းက ကျောင်းသားများကို အကာအကွယ်အချို့ သေချာပေါက်ပေးမည်ဖြစ်သော်လည်း ကမ္ဘာခြားသက်ရှိများက သေလောက်အောင် မိုက်မဲလွန်းလှသည်။ ကျင့်ပျက်တိုက်စားမှုက ဘယ်လမ်းကြောင်းကနေမဆို ရိုက်ခတ်လာနိုင်သည်။

သူတို့တင်မကဘဲ လီလော့ကတောင် ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို စိတ်ကူးကြည့်ရုံနှင့်ပင် စိတ်ပူနေပြီဖြစ်သည်။ သူတို့ကိုယ်တိုင် အရိပ်လှိုဏ်ဂူထဲတွင် အပြုံးမျက်နှာနတ်ဆိုးကို ရင်ဆိုင်ခဲ့ရဖူးသည်။ အဲ့အချိန်တုန်းက ကျန်းချင်းအာ အစွမ်းကုန်ကြိုးစားခဲ့ခြင်းကြောင့်သာ သေကံမရောက်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးတွင် သူ မြှူဆွယ်ခဲ့သော အမြီးသုံးချောင်းကောင်းကင်ဝံပုလွေကြောင့်သာ မဟုတ်ပါက ကျောင်းသားအားလုံး နတ်ဆိုးလက်ချက်ဖြင့် သေဆုံးသွားပေလိမ့်မည်။

ထိုကိစ္စတွေဖြစ်ပျက်ပြီးနောက်ပိုင်းတွင်လည်း အပြုံးများကိုမြင်တိုင်း မသိစိတ်ကကြောက်လန့်နေသည်အထိ စိတ်ဒဏ်ရာကျန်ရစ်နေဆဲပင်......

ကောင်းကင်ဘုံကပ်ဘေးက ထိုမျှလောက်အထိ အလွန်ကြောက်စရာကောင်းလှသည်။

ယခုဆိုလျှင် သူတို့သည် ဤကဲ့သို့သော နတ်ဆိုးများအုပ်စိုးရာနယ်မြေကို သန့်စင်ရတော့မည်....

လီလော့ သက်ပြင်းချလိုက်သည်။

ကောင်းပြီ၊ အနည်းဆုံးတော့ ငါ့အသင်းမှာ အဓိကကစားသမားနှစ်ယောက်ရှိတယ်... ဒါ့ကြောင့်မို့ ငါကသူတို့ကိုဝိုင်းကူပေးရုံပဲ....

လီလော့ သူ့လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်လက်ကောက်ကို ထိလိုက်သည်။ ပြုံးနေသော နတ်ဆိုးကို အနိုင်ယူခဲ့သော အမြီးသုံးချောင်းကောင်းကင်ဝံပုလွေသည် လက်ကောက်ထဲတွင် ပိတ်မိနေသည်။

ဖန်ချန်ယွမ်၏အဆိုအရ ဤအမြီးသုံးချောင်း ကောင်းကင်ဝံပုလွေသည် ထူးခြားသောအရာဖြစ်သည်။၎င်းသည် ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး၊ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်နှင့်နှိုင်းယှဉ်နိုင်သည်။... အရိပ်လှိုဏ်ဂူထဲတွင် မင်းသမီး သူ့ကိုကယ်တင်ရန် မဆင်မခြင်ပြေးလာစဉ်က ဖန်ချန်ယွမ်သာ လက်ဉီးမှုရယူပြီး ဝံပုလွေကိုစည်းမခတ်ခဲ့လျှင် မင်းသမီးလည်းသေနေလောက်ပြီ ..

"ဒါက အန္တရာယ်များလွန်းတဲ့ မစ်ရှင်ပဲ.... ဒါပေမယ့် ကောလိပ်တွေရဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကမ္ဘာခြားသက်ရှိတွေကို သုတ်သင်ရှင်းလင်းခြင်းက ငါတို့ရဲ့ တာဝန်တစ်စိတ်တစ်ပိုင်းဖြစ်တယ်...ထွေထွေထူးထူး သိပ်တွေးမနေနဲ့...အရိပ်လှိုဏ်ဂူထဲမှာ မစ်ရှင်လုပ်နေတယ်လို့ပဲတွေးထားလ်ိုက်....."

"အဖွဲ့နှစ်ဖွဲ့ကို ကုန်းရှန်ကျွင်းနဲ့ ကုန်းလွမ်းယုတို့က ဦးဆောင်လိမ့်မယ်....."

သူမ၏အမည်စာရင်းတင်သွင်းခြင်းကိုကြားတော့ ကုန်ရှန်းကျွင်းတို့မောင်နှမနှစ်ယောက် ငြိမ်သက်စွာ မတ်တပ်ရပ်လိုက်ကြသည်။ သူတို့သည် ကောင်းကင်ဘုံကပ်ဘေးအဆင့်များနှင့်ရင်ဆိုင်ရန် ကြောက်ရွံ့ခဲ့ကြသော်လည်း ၎င်းတို့သည် တော်ဝင်မင်းမျိုးမင်းနွယ်များဖြစ်သဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ရမည်သာ.....

"နောက်တစ်ခုက အဖွဲ့နှစ်ဖွဲ့စီမှာ နောက်ထပ်အဖွဲ့ဝင် နှစ်ယောက်လိုတယ်။ စည်းမျဉ်းတွေအရ၊ တစ်ဖွဲ့တည်းမှာ ခန်းမတူနေတဲ့သူ နှစ်ယောက်ရှိနေလို့မရဘူး...."

"ကျန်းချင်းအာ..လီလော့.. မင်းတို့နှစ်ယောက် မခွဲချင်ကြဘူးထင်တယ်?"

စုရှင်း၏ ခပ်ဘွင်းဘွင်းအပြောကြောင့် ရယ်မောသံအချို့ထွက်ပေါ်လာသည်။

လီလော့၏ စွမ်းဆောင်မှုများက ကောင်းမွန်သော်လည်း လူအများက သူ့ကို နတ်ဘုရားမ ကျန်းချင်းအာထက် နိမ့်ကျသည်ဟု မှတ်ယူကြသည်။

ကုန်းရှန်ကျွင်းကလည်း သူတို့ရဲ့ ဦးတည်ရာကို ကြည့်နေပြီး နွေးထွေးစွာ ပြုံးပြကာ ....

"ဂျူနီယာကျန်း...ဂျုနီယာလီလော့... မင်းတို့နှစ်ယောက်က ငါ့အဖွဲ့ထဲဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါတို့သုံးယောက်က ချန်ပီယံဆုရဖို့ အခွင့်အရေးပိုများလာနိုင်တယ်...."

ထိုစကားသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အံ့သြစရာမဟုတ်ပေ။ ဟုတ်ပါတယ်၊ သူ့ရဲ့အဓိကပစ်မှတ်က သူ့အဖွဲ့အတွက် အာမခံချက်ရှိအောင် ကျန်းချင်းအာကိုအပါခေါ်ဖို့ဖြစ်သည်။ သူမသည် ကြယ်လေးပွင့်ခန်းမအပြင်ဘက်တွင် အသန်မာဆုံးလူတစ်ယောက်ဖြစ်သည်မှာ သေချာပါသည်။

လီလော့၏ အသုံးဝင်မှုကသာ အနည်းငယ်သာ၍ ငြင်းခုံစရာဖြစ်ခဲ့သည်။ သူသည် အသန်မာဆုံး ပထမနှစ်ကျောင်းသားဖြစ်ခဲ့သော်ငြားလည်း တခြား ကြယ်နှစ်ပွင့်ခန်းမကိုလည်း ရွေးချယ်ခွင့်ရှိသေးသည်။

ဥပမာ ဇူရွှမ်း.....

သူသည် ကြယ်နှစ်ပွင့်ခန်းမတွင် ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့သော်လည်း ကျင့်ကြံမှုအပိုင်းတွင် လီလော့ထက် တစ်ဆင့်မြင့်နေဆဲပင်.....

မည်သို့ပင်ဆိုစေကာမူ လီလော့သည် ကျန်းချင်းအာလို ချက်ချင်းရွေးချယ်သင့်သူမဟုတ်ပေ။

ဒါပေမယ့်...ဒီအတွဲက ခွဲလို့မရမှန်း လူတိုင်းသိနေကြသည့်အတွက် တစ်ယောက်ဝယ်တစ်ယောက်အလကားဆိုသလို အတွဲလိုက်သာခေါ်ယူရတော့မည်။

ဒုကျောင်းအုပ်စုရှင်းကလည်း သူတို့ရဲ့ အဖြေကို စောင့်ဆိုင်းနေသည်။ကြံ့ခိုင်မှုအရ၊ သူတို့နှစ်ဦးနှင့်ကုန်းရှန်ကျွင်းတို့သည် နိုင်ပွဲရရှိရန် အခွင့်အလမ်းများ တိုးပွားစေမည့် အပြင်းထန်ဆုံးအသင်းတစ်သင်းကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

သို့တိုင် သူမ နှုတ်ဆိတ်နေခဲ့သည်။ အဖွဲ့များကို ရွေးချယ်ခြင်းသည် အဖွဲ့ဝင်များ၏ အခွင့်ထူးဖြစ်ပြီး သူမသည် ဒုကျောင်းအုပ်ဖြစ်သော်လည်း အတင်းအကြပ် မလုပ်ဆောင်နိုင်ပေ။

မင်းသမီးသည် နှုတ်ခမ်းကိုက်ထားပြီး စောနက လီလော့ ပြောခဲ့သည့်စကားများကိုသေချာပြန်စဉ်းစားနေသည်။

ကျန်းချင်းအာနှင့်လီလော့တို့က အကြည့်ချင်းဖလှယ်ကြပြီးနောက် လီလော့က ကုန်းရှန်ကျွင်းကို တောင်းပန်သည့်အနေဖြင့် ပြုံးပြကာ....

"တောင်းပန်ပါတယ် ....ချင်းအာနဲ့ကျွန်တော် စီနီယာကုန်းရဲ့ကမ်းလှမ်းချက်ကိုငြင်းပါရစေ....ကျွန်တော်တို့ မင်းသမီးရဲ့အဖွဲ့နဲ့ပဲပူးပေါင်းမယ်...."

လူအုပ်ထဲမှ အံ့အားသင့်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကုန်းရှန်ကျွင်းလည်း တကယ့်ကို ထိတ်လန့်သွားသည် ။ လီလော့ မနေ့ညက သူ့ရဲ့တောင်းဆိုမှုကို ရှောင်တိမ်းလိုက်ကတည်းက တစ်ခုခုဖြစ်နိုင်သည်ဟု သံသယရှိခဲ့သော်လည်း ထိုသို့ဖြစ်လာမည်ဟုထင်မထားခဲ့မိပေ။

"လီလော့နဲ့ ကျန်းချင်းအာတို့က မင်းသမီးကို ရွေးချယ်လိုက်တယ်..."

“ဒါက သူ့ဘာသာသူရပ်တည်မယ်ဆိုတဲ့ ရိုးရှင်းတဲ့ ရွေးချယ်မှုမဟုတ်လား...."

"ဒါမှမဟုတ် လော့လန်အိမ်တော်က မင်းသမီးဘက်တော်သားလို့ ဆိုလိုတာလား?"

" စီနီယာကုန်း..ခင်ဗျားက တခြားသူတွေရဲ့အမြင်မှာ အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပေမယ့် ရှန့်ပိန်းတွေ့ဆုံပွဲ မတိုင်ခင်ကတည်းကမင်းသမီးရဲ့ ဖိတ်ကြားချက်ကို ကျွန်တော်တို့လက်ခံထားပြီးသားမို့ပါ..."

လီလော့က တောင်းပန်စကားပြောပြီး မင်းသမီးနားတွင်သွားရပ်နေလိုက်သည်။

"မင်းသမီး?"

လီလော့ သတိပေးမှသာ ကုန်းလွမ်းယု မှင်သက်နေရာကနေ သတိဝင်လာပြီး......

"အစ်ကို၊ အရာအားလုံးမှာ စည်းစနစ်ရှိရတယ်.... အရင်ကတည်းက ချင်းအာကို ညီမဘက်ပါအောင်မနည်းအားထုတ်ထားရတာ....."

"လွမ်ယု...ဒီအချိန်က စည်းမျဥ်းစည်းကမ်းအကြောင်း ပြောရမယ့်အချိန်လား....ဒီအချိန်မှာ ချန်ပီယံဆုရဖို့နဲ့ ကျောင်းရဲ့ဂုဏ်သိက္ခာနဲ့ ဂုဏ်ကို မြှင့်တင်ဖို့က အရေးကြီးတယ်....."

ပင်းသမီးက ချိုချိုသာသာ ပြုံးနေသော်လည်း ထိုအပြုံးက အန္တရာယ်များလွန်းလှသည်။

"ဘာလဲ...အစ်ကိုတော်က ညီမကို အရည်အချင်းမရှိဘူးလို့ထင်နေတာလား....."

"မဟုတ်ပါဘူး....ဂျူနီယာကျန်း...မင်း လွမ်ယုကိုပေးထားတဲ့ကတိကိုတည်တဲ့အတွက်လေးစားပါတယ်.... ဒါပေမယ့် လုံကူရှန့်ပိန်းကို သယ်သွားနိုင်ဖို့ကအရေးကြီးတယ်.... သေချာပြန်စဉ်းစားပါဉီး... လွမ်ယုက ရွေးချယ်မှုကောင်းတစ်ခုဆိုပေမယ့် အရေးကြီးတာကိုပိုဉီးစားပေးသင့်တယ်....."

သူသည် လိမ္မာပါးနပ်ပြီး တရားမျှတစွာ ပြောဆိုခဲ့သဖြင့် ကျောင်းသားအများအပြားက သူ၏ကျိုးကြောင်းဆီလျော်သော အဆိုပြုချက်ကို သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။

ကျန်းချင်းအာ၏ မျက်နှာကတော့ ရေကန်တစ်ခုလို ငြိမ်သက်နေ၏။ သူမသည် အတိုင်းအတာတစ်ခုအထိ အရှိန်အဟုန်ဖြင့် စကားမပြောမီ သူ့ကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

"ကျွန်မတို့အိမ်မှာ လီလော့ကပဲ ဆုံးဖြတ်ချက်တွေ ချတယ်... သူက မင်းသမီးနဲ့ အလုပ်တွဲလုပ်ဖို့ပြောပြီးသားမို့ သူ အရှက်ရအောင် စငကားပြန်မပြင်နိုင်တာ ခွင့်လွှတ်ပါ... တောင်းပန်ပါတယ်... နောင်ဆို စီနီယာကုန်းနဲ့ လက်တွဲဖို့ မျှော်လင့်နေပါတယ်...."

သူမ၏စကားများက အားလုံးကို ပါးစပ်ပိတ်သွားစေခဲ့သည်။

All Chapters