မင်းသမီးနှင့်အတူကန်ထုတ်ခြင်း.....
Vol. 38 Ch. 525
အားလုံးက ကျန်းချင်းအာကို ထူးထူးခြားခြားကြည့်နေကြသည်။
လီလော့သည် လော့လန်အိမ်တော်၏သခင်ငယ်ဖြစ်သော်လည်း ကျန်းချင်းအာက သူ့ထက်သာလွန်ကြောင်း လူတိုင်းသိကြသည်။ လီလော့၏ စွမ်းဆောင်မှုမှာ ယခုအချိန်တွင် အထင်ကြီးလောက်စရာဖြစ်သော်လည်း ကျန်းချင်းအာနှင့်မနှိုင်းယှဉ်နိုင်သေးပေ။
သူတို့အိမ်ထောင်စုမှာ အာဏာကို ဘယ်သူက ချုပ်ကိုင်ထားတယ်ဆိုသည်မှာ အရှင်းသားပင်.......
ကျန်းချင်းအာ၏ စကားများက လူကြားကောင်းအောင် သက်သက်အလှဆင်ထားခြင်းပင်.....
သို့သော်လည်း ကျန်းချင်းအာက ဒီအခြေနေရောက်နေသည့်တိုင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်းကို အကျယ်တဝင့်ပြောပြသွားခဲ့သည်။
ကုန်းရှန်ကျွင်း မည်သို့တုန့်ပြန်ရမှန်းမသိသဖြင့်ခဏလောက် ငြိမ်သက်စွာ ရပ်လိုက်ပြီး စိတ်မကောင်းဖြစ်နေဟန်နှင့် ပြုံးလိုက်မိသည်။
"စိတ်မကောင်းစရာပဲ...ငါက ဂျူနီယာကျန်းနဲ့အတူချန်ပီယံဖြစ်ဖို့တွေးထားတာ...အခုတော့....."
"လီလော့, ကျန်းချင်းအာ, မင်းတို့ရဲ့အဖွဲ့ခေါင်းဆောင်အဖြစ် ကုန်းလွမ်ယုကိုရွေးချယ်မှာသေချာလား?"
ဒုကျောင်းအုပ်စုရှင်းက မေးလိုက်သည့်အခါ
နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။
အသင်းများရွေးချယ်ခြင်းသည် ခေါင်းဆောင်ကျောင်းသားများအတွက်အထူးအခွင့်အရေးဖြစ်သည်။ ထို့အပြင် လွမ်ယုသည် ရှန်ကျွင်းထက် အနည်းငယ် အားနည်းသော်လည်း၊ ကွာခြားချက်မကြီးမားပေ။
လီလော့ကတော့ အရပ်စကားဖြင့်ပြောရလျှင် ထမင်းချိုးဟင်းချိုးသာသာပင်....
"ကောင်းပြီ ဒါဆို မင်းတို့ သုံးယောက် အဖွဲ့ဖွဲ့ပြီး ငါတို့ကျောင်းအတွက် ဒီထက်မက အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
သုံးယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။
ဒုကျောင်းအုပ်စုရှင်းက ကုန်းရှန်ကျွင်းဘက်ကို ပြန်လှည့်လိုက်ပြီး....
"ကောင်းပြီ၊ ဒါဆို မင်းရဲ့အသင်းအတွက် တခြားအသင်းသားနှစ်ယောက်ကို ရှာရလိမ့်မယ်"
"ကျောင်းအတွက် အကောင်းဆုံးဖြစ်စေရပါမယ်.... ကျွန်တော်တို့အနိုင်ရရင် တခြားဘာမှ အရေးမကြီးတော့ဘူး....."
ကုန်းရှန်ကျွင်း က သဘောကျနှစ်ခြိုက်စွာ ခေါင်းညိတ်ပြလိုက်သည်။စုရှင်းသည်ပင် ဤသဘောထားကို ခေါင်းညိတ်သဘောတူနေသည်။ သူသည် ကြယ်တာယာခရီးရှည်ကောလိပ်တွင် အထင်ရှားဆုံး ကျောင်းသားတစ်ဦးအဖြစ် ဂုဏ်သတင်းနှင့် ထိုက်တန်စွာပြုမူတတ်သည်။
ကုန်းရှန်ကျွင်းသည် ကြယ်သုံးပွင့်ခန်းမ၏ ဒူဇီဟုန်လျန်နှင့် ကြယ်နှစ်ပွင့်ခန်းမ၏ ဇူရွှမ်း ကို ၎င်း၏အသင်းဖော်နှစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။ နှစ်ယောက်လုံးကလာ်း ကျေးဇူးတင်စွာဖြင့် လက်ခံခဲ့ကြသည်။
ထို့ကြောင့် ရောနှောအဆင့်ပြိုင်ပွဲအတွက် ဒုတိယအသင်းကိုလည်း အတည်ပြုနိူင်ခဲ့သည်။
အဖွဲ့နှစ်ဖွဲ့စလုံးက အတော်လေးကို အားကောင်းပုံရသော်လည်း အားလုံးကို ခြုံကြည့်လျှင် မင်းသမီး၏အဖွဲ့သည် ကျန်းချင်းအာ ရှိနေခြင်းကြောင့် အနည်းငယ် ပိုကောင်းပုံရသည်။
လီလော့ကတော့ ပေါ့ပါးလွန်းသည်။ သူသည် စစ်သူကြီးအဆင့်များနှင့်နှိုင်းယှဉ်ပါက ဆရာသခင်အဆင့်သာရှိသဖြင့် ထွေထွေထူးထူး ထည့်တွက်နေစရာမလိုပေ။
အကယ်၍ အသင်းသား သုံးဦးစလုံးသည် မတူညီသော ခန်းမများမှ ဖြစ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကြောင့် မဟုတ်ပါက ကြယ်တစ်ပွင့်ခန်းမသည် ရောနှောအဆင့်ပြိုင်ပွဲတွင် မည်သည့်အခါမျှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
ဇူရွှမ်းသည် ပံုသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်ဖြစ်သော်လည်း လီလော့နှင့်ကွာခြားချက်သိပ်မရှိပေ။ဇူရွှမ်း ရှုံးနိမ့်ခဲ့ရသော မြောက်ပိုင်းပင်လယ်ကောလိပ်၏ အောင်းပိုင်ဆိုလျှင် စစ်သူကြီးတစ်ပိုင်းအဆင့်ပင်ရောက်နေပြီ.....
"ဒီမစ်ရှင်မှာ ပြိုင်ဆိုင်မှုရော၊ သုတ်သင်ရေးရောတစ်ခါတည်းလုပ်ရမှာ...အရင်က အရိပ်လှိုဏ်ဂူမှာ လေ့ကျင့်မှုတွေ လုပ်ဖူးပေမယ့် ပြင်ပကမ္ဘာနဲ့ လုံးဝကို ကွဲပြားတယ်.... ရွှံ့နီ ပြည်နယ်မှာ ကမ္ဘာခြားသက်ရှိတွေကြီးစိုးနေတာမို့ အားလုံး အထူးသတိထားကြပါ....."
စုရှင်းက ပြောနေရင်းကနေ လက်ဝှေ့ယမ်းလိုက်သည့်အခါ အဖြူရောင်မှန်တစ်ချပ်နှင့် သလင်းကျောက်ဖြင့်ပြုလုပ်ထားသောပုလင်းတစ်ု လက်ထဲတွင်ပေါ်လာသည်။
"ဒါက အသုံးဝင်တဲ့အချက်တွေအများကြီးရှိတဲ့ ဝိညာဉ်မှန်....ဒီမှန်နဲ့အမှတ်ပေးဇယားကိုတိုက်ရိုက်ကြည့်နိုင်တယ်.... အကယ်၍ အသက်ဘေးနဲ့ကြုံလာပြီဆို ဒီမှန်ကိုခွဲလိုက်တာနဲ့ ပြိုင်ပွဲကနေဖယ်ထုတ်ပြီး ဒီနေရာကိုတိုက်ရိုက်ပြန်ပို့ပေးလိမ့်မယ်....."
"ပုလင်းထဲက အရည်က သန့်စင်ခြင်းနှင်းစက်လို့ခေါ်တယ်.... ရွှံ့နီပြည်နယ်က ကမ္ဘာခြားသက်ရှိတွေကို ရှင်းပြီးတာနဲ့ ဒါကို လောင်းချပြီး သန့်စင်တဲ့နေရာတစ်ခု ဖန်တီးဖို့ လိုတယ်.... ဒီအရည်သာလုံလောက်ရင် ပြည်နယ်တစ်ခုလုံးကို သန့်စင်ပေးနိုင်လိမ့်မယ်....."
ကျောင်းသားတွေက ခေါင်းညိတ်လိုက်ကြသည်။ ဤသည်မှာ ထူးခြားသောအယူအဆမဟုတ်ပေ။ ၎င်းတို့သည် အရိပ်လှိုဏ်ဂူတွင်လည်း သန့်စင်ရေးမျှော်စင်များကို ပြန်လည်အသက်သွင်းခဲ့ရသည်။
"မစ်ရှင် လုပ်ရမယ့်နယ်မြေဆီရောက်တာနဲ့ သတင်းအချက်အလက်တွေ ပိုရလိမ့်မယ်.... ရောနှောအဆင့်ပြိုင်ပွဲကို နှစ်ရက်ကြာမှ တရားဝင်စတင်မှာမို့ သွားပြီးတော့ ပြင်ဆင်ပြီး အနားယူလိုက်ကြပါ....."
ဒုကျောင်းအုပ်စုရှင်း ထွက်သွားသည်နှင့် ခန်းမအတွင်းရှိ လေထုက ပို၍ ကြည်လင်လာသည်။ ကုန်းရှန်ကျွင်းနှင့်မင်းသမီးတို့နှင့် နီးစပ်သူများသည် အားပေးပေးရန် ရှေ့သို့ တိုးလာကြသည်။
လီလော့နှင့် ကျန်းချင်းအာဆီသို့ လူအုပ်ကြီးစတင် ရွေ့လျားလာစဉ် မင်းသမီးက ဉီးအောင် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“ခဏနေပါဉီး...."
သူတို့နှစ်ယောက်က သူမဘက်လှည့်ကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"မင်းသမီး....ပြိုင်ပွဲကမှာ ကျွန်တော်တို့ကိုစောင့်ရှောက်ပေးပါဉီးနော်....."
"သခင်လေး ဘာဖြစ်လို့ ဒီလောက်တောင် ယဉ်ကျေးရတာလဲ၊ ငါ့လို အိုးသေးသေးလေးက မင်းနှစ်ယောက်ဆီကနေ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းတွေကို ဆံ့ဖို့ ဘယ်လိုမျှော်လင့်နိုင်မှာလဲ"
ကျန်းချင်းအာက အနည်းငယ်ပြုံးလိုက်သပြီး....
"မင်းသမီးက ကျွန်မတို့ထက်ပိုသန်မာပါတယ်....."
မင်းသမီးသည် ကျန်းချင်းအာအား တံတောင်နှင့်တွက်ကာကျီစယ်လိုက်ပြီး....
"စိတ်မပူပါနဲ့ချင်းအာ၊ နင်နဲ့ငါ အတူတူရှိနေမှတော့ ငါတို့ကို ဘယ်သူတားနိုင်မလဲ ကြည့်ကြသေးတာပေါ့....."
လီလော့၏ စိတ်ထဲတွင်မူ ကျန်းချင်းအာနှင့်မင်းသမီးတို့ အတိုင်အဖောက်ညီနေသည်ကိုကြည့်ပြီး......
ငါ့ကိုတစ်ယောက်ယောက် လာကယ်ကြပါ.....