ပြင်းထန်လာသောရောနှောအဆင့်ပြိုင်ပွဲ.....
Vol. 38 Ch. 527
သစ္စာဖောက်ဖြစ်နိုင်သည့်အကြောင်း အကြီးအကဲလင်းယု၏ ကြေငြာချက်ကြောင့် အားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အရိပ်လှိုဏ်ဂူသည် လူသားမျိုးနွယ်၏ အဆိုးရွားဆုံးရန်သူ အိပ်မက်ဆိုးများဖြစ်သည်။သစ္စာဖောက်ခြင်းသည် ကမ္ဘာခြားသက်ရှိများ၏ ဘေးအန္တရာယ်များထက် ပိုဆိုးသည်။
"သစ္စာဖောက်တစ်ယောက်ကြောင့် မဟူရာလေပြင်းအင်ပါယာ တကယ်ကျဆုံးသွားတာ ဟုတ်မဟုတ် သေချာမသိနိုင်သေးဘူး.... လောလောဆယ်မှာ ဖြစ်နိုင်ခြေတစ်ခုပဲ ကျန်တော့တယ်၊ ဒါပေမယ့် ငါတို့အဖြေရှာမရသေးတာမို့ အားလုံးသတိထားကြပါ....."
အခုချိန်မှာ မဟူရာလေပြင်းအင်ပါယာကြီး လုံးလုံးလျားလျား ပြိုလဲသွားတော့ အကျင့်ပျက်ခြစားမှုတွေက နက်ရှိုင်းပြီး ချဲ့ထွင်လာနေတယ်... အတွင်းမှာဘာတွေရှိဆိုတာကို သိဖို့တောင် ခက်တယ်.... နက်နက်ရှိုင်းရှိုင်း အကျင့်ပျက်ခြစားမှုတွေက တခြား ဝင်ပေါက်တွေကနေလည်း ပေါ်လာနိုင်တယ်..ဒါကြောင့်မို့ မဟူရာလေပြင်းအင်ပါယာက အမှန်တကယ်ကို ထိတ်လန့်စရာဖြစ်နေလိမ့်မယ်.... အိမ်နီးချင်းနိုင်ငံတွေက မြို့စားအဆင့်တွေကိုစေလွှတ်ပြီးအတော်များများက ဒဏ်ရာရခဲ့ပြီး ပြန်လာကြသည် ကြည့်ရတာ ဘုရင်အဆင့်ကမ္ဘာခြားသက်ရှိတွေတောင်ရှိနေနိုင်တယ်...."
တခြားကျောင်းသားတွေက သူတို့အရွေးမခံရသည့်အတွက် တိတ်တဆိတ်ပျော်ရွှင်နေကြသည်။
ဘုရင်အဆင့် ကမ္ဘာခြားသက်ရှိ... အဘိုးကြီး၊ ခင်ဗျားကျွန်တော်တို့ကို စောစောသေစေချင်နေတာလား....
ဒါက ကျောင်းသားတစ်ယောက် လုပ်နိုင်တဲ့အဆင့်ထက် ကျော်လွန်သွားပြီ.....
"ဒီအချက်အလက်တွေအားလုံးကို ပြောပြပေးနေတာ ကွောကျအောငျခွောကျဖျို့မဟုတျဘူး ... ဒီကိစ္စက ဘယ်လောက်လေးနက်တယ်ဆိုတာ နားလည်ဖို့ပြောပြနေတာ.... မင်းတို့ရဲ့မစ်ရှင်က မဟူရာလေပြင်းအင်ပါယာမှာရှိတဲ့ ဘေးအန္တရာယ်တွေကို ရပ်တန့်တဲ့အစီအမံမှာ မင်းတို့ရဲ့တာဝန်က အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လိမ့်မယ်...အဲ့ဒီနေရာကို ရှင်းပစ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိတယ်...ဒါကြောင့် အခုလောလောဆယ် တံဆိပ်ခတ်ဖို့ ရွေးချယ်လိုက်တာ...."
"စည်းတံဆိပ်ကို အင်ပါယာတစ်ခုလုံးကို ဝနျးရံနျိုငျလောကျတဲ့အထိ ကြီးမားအောင်စီမံထားပြီး ကမ္ဘာခြားသက်ရှိတွေ တခြားနိုင်ငံတွေဆီ မပြန့်ပွားအောင် ဟန့်တားပေးလိပ်မယ့် ...ဒီအစီအရင်ကို ပံ့ပိုးပေးမယ့် အချက်တွေအများကြီးရှိတယ်..ငါတို့တွေ အခြားနေရာက ကမ္ဘာခြားသက်ရှိတွေကိုသုတ်သင်ပြီးပြီမို့ ရွှံ့နီပြည်နယ်က နောက်ဆုံးနေရာဖြစ်တယ်...ရွှံနီပြည်နယ်ကို သန့်စင်ပြီးတာနဲ့ တံဆိပ်ခတ်ဖို့ စတင်အကောင်အထည်ဖော်ကြလိမ့်မယ်....
"တစ်ချိန်တည်းမှာ အခြားနိုင်ငံတွေက မဟူရာလေပြင်းအင်ပါယာထဲက အသန်မာဆုံးသတ္တဝါများကိုထိန်းထားပေးလိမ့်မယ်...."
"ဒီမစ်ရှင်ကို ပြိုင်ဆိုင်မှုတစ်ခုအနေနဲ့ မမြင်ဖို့မျှော်လင့်ပါတယ်.... မင်းတို့ရဲ့အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုက မဟူရာလေပြင်းအင်ပါယာရဲ့အနာဂတ်နဲ့ ငါတို့ပြည်သူအားလုံးရဲ့ ဘေးကင်းမှုကို ဆုံးဖြတ်ပေးလိမ့်မယ်...အစီအရင်ပျက်စီးသွားရင် ငါတို့အားလုံးအတွက် တုနှိုင်းမရတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်...."
ကျောင်းသားများ ကျောက်တုံးကြီးကဲ့သို့ တိတ်ဆိတ်နေကြသည်။
လီလော့နှင့်ကျန်းချင်းအာတို့က အကြည့်ချင်းဖလှယ်လိုက်သည်။
ရောထွေးအဆင့် ပြိုင်ဆိုင်မှုက အခုဆို ပိုပြင်းထန်လာခဲ့ပြီ.....
ဒီမစ်ရှင်အဆင့်က... အခက်အခဲနဲ့ အရေးပါမှု နှစ်ခုလုံး မြင့်မားနေပြီ....
သို့သော် ငြင်းစရာအကြောင်းမရှိပေ။ ဒါက ချန်ပီယံဆုအတွက်တင်မဟုတ်တော့ဘဲ၊ သူတို့လုံခြုံရေးအတွက်ပါအရေးပါနေသည်မို့ ဘယ်သူမှ ရှောင်ပြေးလို့မရတဲ့တာဝန်ဖြစ်နေခဲ့သည်။
မဟူရာလေပြင်းအင်ပါယာသည် ရှပြည်ထောင်စုနှင့် အလှမ်းဝေးနေသော်လည်း ထိန်းချုပ်မှုမှ လွတ်မြောက်သွားပါက ၎င်းတို့ထဲမှ မည်သူမျှ ဘေးကင်းမည်မဟုတ်ပေ။
"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေက ကောလိပ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက မဟူရာလေပြင်းအင်ပါယာက ဘေးအန္တရာယ်တစ်ခုကို အတူတူ မကိုင်တွယ်နိုင်ကြဘူးလား?"
လီလော့က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ဒါက ထင်သလောက်မလွယ်ဘူး
မင်းသမီးက ခေါင်းယမ်းရင်းပြောလိုက်သည်။
ကျောင်းတိုင်းမှာ ပြုစုစောင့်ရှောက်ဖို့ ကိုယ်ပိုင်တာဝန်တွေရှိတယ်.... ကျောင်းအုပ်တွေက မိမိတို့ကျောင်းတွေကို ခဏလောက်တောင် စွန့်ခွာလို့မရဘူး.... အခု ရှန့်ပိန်းတွေ့ဆုံပွဲကိုပဲ ကြည့်ပါ...ဒီပြိုင်ပွဲက ဒီလောက်အရေးကြီးပေမယ့် ဒုတိယကျောင်းအုပ်တွေကိုပဲ စေလွှတ်ကြတယ်.... ကျောင်းအုပ်ကြီးက ထွက်သွားလို့မရဘူး..... အိမ်နီးချင်းနိုင်ငံတွေအပြင် တခြားနိုင်ငံတွေက စွန့်ပစ်မြေစာပုံမှာ ကပ်ဘေးကိုထိန်းချုပ်ဖို့ ကျွမ်းကျင်သူတွေကို ဘယ်သူတွေ စေလွှတ်မလဲ။ နိုင်ငံရေး၊ နယ်နိမိတ်အငြင်းပွားမှုနဲ့ အချင်းချင်း ခြိမ်းခြောက်မှုတို့က ကမ္ဘာခြားသက်ရှိတွေရဲ့ဘေးအန္တရာယ်တစ်ခုနှင့် ယှဉ်ရင် ကိုင်တွယ်ဖြေရှင်းဖို့ များစွာလွယ်ကူသေးတယ်... ပြီးတော့ အကြီးအကဲလင်းယု ပြောခဲ့သလိုပဲ မဟူရာလေပြင်းအင်ပါယာမှာ ဘုရင်အဆင့် ကမ္ဘာခြားသက်ရှိတွေ လှည့်ပတ်သွားလာနေတယ်လို့ သံသယရှိတယ်... အခြေအနေက အန္တရာယ်များပြီး ရှုပ်ထွေးလွန်းတယ်... ဘုရင်အဆင့်တွေကသာ ဒီလိုရန်သူတွေကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုပေမယ့်လည်း အရေအတွက်နည်းလွန်းတယ်....."
"ဒါကြောင့် နယ်မြေပိတ်သိမ်းတာဟာ အခုအချိန်မှာ အကောင်းဆုံး အစီအစဉ်ပဲ"
"ဗဟိုကျောင်းသားသမ္မဂ္ဂအဖွဲ့ချုပ်ကရော...သူတို့က သိပ်အင်အားကြီးတာမဟုတ်ဘူးလား...သူတို့ဆီကနေ ဘုရင်အဆင့်တွေ လွှတ်ပေးလို့မရဘူးလား..."
"အဖွဲ့ချုပ်က တကယ်ကို ခိုင်မာတယ်" ဟု မင်းသမီးက သက်ပြင်းချကာ လီလော့၏မေးခွန်းကိုပြန်ဖြေလိုက်သည်။
"ဒါပေမယ့် ကမ္ဘာကြီးက ငါတို့ထင်ထားတာထက် အများကြီးကျယ်ဝန်းတာ်... ပြီးတော့ သူတို့မှာ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီးရှိတယ်... ရှန့်ပိန်းတွေ့ဆုံပွဲအတွက်မဟုတ်ရင် အကြီးအကဲလင်းယုက ဒီကိုတောင် ရောက်လာမှာမဟုတ်ဘူး....အဖွဲ့ချုပ်က အရိပ်လှိုဏ်ဂူအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ အင်အားရှိတယ်ဆိုပေမယ့် အလုံးစုံပြီး ပြည့်စုံတဲ့ တန်ခိုးရှင်တွေမဟုတ်တာ ...အရိပ်လှိုဏ်ဂူက သူတို့အတွက် တစ်ခုတည်းသော စိုးရိမ်ပူပန်မှု မဟုတ်တဲ့အပြင် အဖွဲ့ချူပ်က ဒီကမ္ဘာပေါ်က တစ်ခုတည်းသောအင်အားစုလည်းမဟုတ်ဘူးလေ...."
"ဘယ်လိုပဲပြောပြော... ဘုရင်အဆင့်တွေက အဖွဲ့ချုပ် အတွက်တောင် အဖိုးတန် ပိုင်ဆိုင်မှုတွေဖြစ်နေတုန်းပဲ... မဟူရာလေပြင်းအင်ပါယာရဲ့အခြေအနေကို မသေချာခင်မှာ ဒီလို အင်အားကြီးတဲ့ လူတစ်ယောက်ကို စေလွှတ်မှာ မဟုတ်ဘူး.... မတော်တဆမှုတစ်ခု ဖြစ်လာခဲ့ရင်တော့ ဒါကအဖွဲ့ချုပ်အတွက်တောင် ဆုံးရှုံးမှုကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်...."
လီလော့က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"နူးလွယ်နပ်လွယ်လေးတွေကိုအရင်ထိုးကျွေးတဲ့သဘောပေါ့......"
မင်းသမီးက ပြုံးလိုက်ပြီး...
"ဟုတ်တယ်...အဖွဲ့ချုပ်က လိမ္မာပါးနပ်တယ်၊ ရှန့်ပိန်းတွေ့ဆုံပွဲက သူတို့အတွက်ကောင်းကောင်းအသုံးချနိုင်တဲ့ ထူးခြားတဲ့အခွင့်အရေးကို ပေးတယ်.... အထက်တန်းလွှာတွေဒီမှာ စုနေကြပေမယ့် ငါတို့က သေးငယ်တဲ့ခြေရာကို ချန်ထားရမယ့် ကျောင်းသားတွေပဲလေ...ရွှံ့နီပြည်နယ်ရဲ့ သန့်စင်ရေးနေရာကို တည်ထောင်ပြီးတာနဲ့၊ ဘေးဥပဒ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်...."
လီလော့က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ အမှန်စင်စစ်၊ ရှန့်ပိန်းတွေ့ဆုံပွဲ စည်းဝေးခြင်းသည် အတော်လေး ခိုင်မာသောအဖွဲ့ဖြစ်သည်။ ပထမနှစ် ကျောင်းသားများက ရေတွက်များနိုင်မည်မဟုတ်သော်လည်း ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့်ခန်းမ ကျောင်းသားများသည် သာမန်ထက်သန်မာပြီး စစ်သူကြီးအဆင့်ရောက်နေပြီဖြစ်သည်။ ဤအာဏာအဆင့်သည် မည်သည့်နိုင်ငံ၌မဆို အထင်ကြီးလောက်စရာပင်.....
ဥပမာအားဖြင့်၊ လော့လန်အိမ်တော်တွင် သူ့မိဘများနှင့် ဦးလေးပေါင်မှလွဲ၍ ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့် ဘိုးဘေး ၃ ဦးသာရှိသည်။
စင်မြင့်ပေါ်တွင် အဘိုးကြီးလင်းယုက ပြင်းထန်သောသတိပေးချက်များ ကြေငြာ ပြီးသွားကာ လက်ခုပ်တီးလိုက်သည်....
"ကျောင်းသားတို့.... ရွှံ့နီပြည်နယ်ကို ဝင်ရောက်မယ့်သူအားလုံးက ဒီဝိညာဉ်ကြေးမုံကနေတဆင့် ညွှန်ကြားချက်တွေကို လိုက်နာပြီး တာဝန်တွေကို ချောချောမွေ့မွေ့အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်....."
"ရောထွေးအဆင့်ပြိုင်ပွဲမှာ အမှတ်အများဆုံးရတဲ့အသင်းက ချန်ပီယံဆုရမှာဖြစ်ပြီး...
အမှတ်တွေကို ဘယ်လိုတွက်ရလဲဆိုရင် ရွှံ့နီ ပြည်နယ်ထဲကို ဝင်လိုက်တာနဲ့ ဝိဉာဉ်မှန်ထဲကနေ သိရမှာပါ.... မေးစရာရှိကြသေးလား...."
အားလုံးတိတ်ဆိတ်နေသည့်အတွက်အဘိုးကြီးလင်းယုက ခေါင်းညိတ်လိုက်သည်။
"ဒါဆို အဆင်သင့်ပြင်ထား....မကြာခင် တည်နေရာကူးပြောင်းပေးတော့မယ်... မင်းတို့ရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်..."
ထိုစဉ် မျက်စိကျိန်းလောက်တဲ့ အလင်းတန်းတွေက အပေါ်ထပ်ကို ဖြာကျလာပြီး မကြာခင်မှာပဲ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ဖျစ်ညှစ်ခံရသလိုခံစားနေရပြီး ကျောက်စိမ်းကွင်း ပတ်ပတ်လည်က လေဟာနယ်သည်လည်း စတင်ရွေ့လျားလာခဲ့သည်။
တစ်မိနစ်ခန့်ကြာသောအခါတွင် စွမ်းအင်များသည် အရေးကြီးသောအဆင့်အထိ ရောက်ရှိလာပြီး တစ်ယောက်ချင်းစီကို နေရာကူးပြောင်းပေးလိုက်တော့သည်။
ဧရိယာအပြင်ဘက်တွင်ကျန်ခဲ့သော
ကျောင်းသားများက စိတ်ထဲကနေ အောင်မြင်စေဖို့ ဆုတောင်းပေးနေကြသည်။
ရောထွေးအဆင့်ပြိုင်ပွဲကို တရားဝင်စတင်ခဲ့လေပြီ. . …