← Chapters

ရွှံ့နီပြည်နယ်....

Vol. 38 Ch. 528

ရွှံ့နီပြည်နယ်....

Vol. 38 Ch. 528

မူးဝေစေသည့် နေရာကူးပြောင်းခြင်း ပြီးဆုံးသွားသောအခါ လီလော့ မျက်လုံးများကို ကျယ်ကျယ် ဖွင့်ကြည့်လိုက်သည်။

သူ့ရှေ့က ကောင်းကင်ကြီးက စိမ်းညို့အုံ့မှိုင်းနေပြီး အဆိပ်ပြင်းသော အစိမ်းရောင် မြူမှုန်များက လေထုထဲတွင် ပြည့်နှက်နေသည်။ သူ့ပတ်ဝန်းကျင်ဆီကနေ တီးတိုးပြောဆိုသံများကိုလည်း ဝေဝေဝါးဝါးကြားနေရသည်။

အရိပ်လှိုဏ်ဂူသို့ ပြန်ရောက်နေသလို ခံစားရသည်။

"ဒါက ရွှံ့နီ ပြည်နယ်လား.."

နောက်ကွယ်မှကျန်းချင်းအာ ၏ အသံထွက်ပေါ်လာသည်။

ထို့နောက် ပတ်ဝန်းကျင်အနေအထားကိုသေချာစူးစမ်းခဲ့ကြသည်။

မင်းသမီးသည် ငုံ့၍ လက်တစ်ဆုပ်စာ မြေဆီလွှာကို ယူလိုက်သည်။ ၎င်းသည် မြေနီရောင်ဖြစ်သည်။

"ဟုတ်တယ်... ရွှံ့နီပြည်နယ်က အပူလွန်ကဲတဲ့အတွက် လျှပ်စီးတွေကို ဆွဲဆောင်နိုင်တဲ့ အထူးသတ္တုရိုင်းတွေထွက်တယ်... ဒါကြောင့် ရွှံ့နီ ပြည်နယ်မှာ မိုးခြိမ်းသံတွေ မကြာခဏကြားရလေ့ရှိတယ....."

"ဒါဆို ခေါင်းဆောင်မှာ ဘာအစီအစဉ်ရှိလဲ"

လီလော့ ပြုံးလိုက်သည်။

"ဝိုး၊ အသန်မာဆုံး ပထမနှစ်ကျောင်းသားဆီကနေ ခေါင်းဆောင်လို့ ခေါ်ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်"

မင်းသမီးက သူမ၏ ဝိညာဉ်မှန်ကို ဆွဲထုတ်ကာ အသက်သွင်းလိုက်သည်။ထိုအခါ အနီစက်များစွာဖြင့် ဖုံးအုပ်ထားသော မြေပုံတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ ရွှံ့နီ ပြည်နယ်၏မြေပုံဖြစ်ပြီး ထိုအနီရောင်အစက်များသည် ပြည်နယ်အတွင်းရှိမြို့များဖြစ်သည်။

"လောလောဆယ် ငါတို့က အနောက်ဘက်ခြမ်းမှာ ရှိနေတယ်" ဟု မင်းသမီးက လက်ညိုးထိုးကာ ပြောလိုက်သည်။

“ဒီရွာတွေက ငါတို့ဖြတ်သန်းရမယ့်နေရာတွေဖြစ်ပြီး ပိုကြီးတဲ့အလင်းအစက်တွေက ပိုကြီးတဲ့မြို့တွေကို ညွှန်ပြနေတာကို တွေ့နိုင်တယ်.... အကျင့်ပျက်ခြစားမှုတွေက အဲဒီနေရာမှာ ပိုနက်ရှိုင်းလာမယ်၊ အဲ့မှာရှိတဲ့ကမ္ဘာခြားသက်ရှိတွေကလည်း ပိုအားကောင်းပြီး အရေအတွက်လည်း ပိုများလာမှာ သေချာပါတယ်...ဒီနေရာတွေက အမှတ်တွေအများကြီးရနိုင်တဲ့နေရာတွေလေ.....အမှတ်ရနိုင်မယ့်အဆင့်သုံးဆင့်ရှိတယ်.... အဆင့်တစ်ကတော့ အစွန်အဖျားကရွာတွေနဲ့ မြို့တွေမှာ ညစ်ညမ်းမှုနည်းပါးတဲ့အတွက် သန့်စင်ဖို့ လွယ်ကူစေရမယ်...အဲ့အတွက် အမှတ် 5,000 ရနိုင်တယ်....."

"အဆင့် ၂ က ပိုကြီးတဲ့မြို့တွေ ဖြစ်လိမ့်မယ်.... သန့်စင်ခြင်းနှင်းစက်ကို မြို့ထဲမှာထားနိုင်ရင် အမှတ် ၂၀,၀၀၀ ရမယ်...."

"အဆင့် 3 မြို့တွေက လက်တစ်ဆုပ်စာပဲရှိတယ်....... ရွှံ့နီပြည်နယ်တစ်လျှောက်မှာ အများဆုံး တစ်ဒါဇင်လောက်အထိ ရှိမယ်ထင်တယ်.... အဲဒါတွေက အမှတ် 50,000 တန်တယ်....."

"ဒီစနစ်ကိုရင်းနှီးနေတယ်..."

လီလော့က ခြောက်ကပ်စွာ မှတ်ချက်ချလိုက်သည်။

"ဟုတ်တယ်၊ အရိပ်လှိုဏ်ဂူမှာသုံးတဲ့ အမှတ်ပေးစနစ်နဲ့ အတူတူပဲ... အဲဒါက အဆင်ပြေမယ်ထင်တယ်.... ဒါကြောင့် သူတို့က ဒီစနစ်ကိုတွင်တွင်ကျယ်ကျယ်သုံးနေတာ..." ဟု ကျန်းချင်းအာက ပြောလိုက်သည်။

အရိပ်လှိုဏ်ဂူရှိ သန့်စင်ရေးမျှော်စင်များကိုလည်း အဆင့်သုံးဆင့်ခွဲထားကြောင်း လီလော့ သတိရမိသည်။

"နောက်ထပ်သတိပေးချက်အနေနဲ့ကတော့ ဒီအချက်တွေကို ချန်ပီယံဆုအတွက်ပဲ သုံးတာမဟုတ်ဘူး... ကျောင်းတွင်းအမှတ်တွေနဲ့လည်း ချိတ်ဆက်ထားတယ်၊ ဆိုလိုတာက ပြိုင်ပွဲပြီးရင် ဒီအမှတ်တွေကို သိမ်းထားလို့ရပြီး အရင်းအမြစ်တွေကို ကျောင်းမှာ ပြန်ရွေးနိုင်မှာပါ"

"ဒါ အရမ်းရက်ရောတာပဲ!"

လီလော့ ယခုချ်ိန်တွင် စိတ်လှုပ်ရှားနေပြီဖြစ်သည်။

ဤသည်မှာအမှတ်များများရနိုင်သည့်နည်းလမ်းပင်...အဆင့်သုံးဆင့် ခွဲထားသော်လည်းအရိပ်လှိုဏ်ဂူတုန်းကထက် များစွာသာလွန်သော မြို့အနည်းငယ်ကိုသာ သန့်စင်နိုင်လျှင် ပင်ပန်းရကျိုးနပ်ပြီဟုဆိုနိုင်သည်။

"ဒီမစ်ရှင်က အရမ်းအန္တရာယ်များတယ်..ဒါ့ကြောင့်အမှတ်တွေဖောဖောသီသီပေးထားတာပေါ့..."

ကျန်းချင်းအာက သူ့ကို ညင်သာစွာ သတိပေးလိုက်သည်။

မင်းသမီးက ခေါင်းညိတ်သဘောတူလိုက်ပြီး....

"ဒါ့အပြင် ရှန့်ပိန်းတွေ့ဆုံပွဲမှာ အနိုင်ရရင် ကျောင်းတွင်းရမှတ်တွေက အရေးမကြီးတော့ဘူး ..... အကျိုးကျေးဇူးတွေနဲ့ ယှဉ်ရင်တောင် မနီးစပ်သေးဘူး.... ဒါကြောင့် ငါတို့ ပန်းတိုင်က ဒီနေရာက အရာတွေကို အနိုင်ရဖို့ပဲ....."

လီလော့နှင့် ကျန်းချင်းအာတို့ နှစ်ဦးစလုံး အကြွင်းမဲ့ သဘောတူခဲ့ကြသည်။ ကျောင်းအမှတ်တွေက ကိတ်မုန့်ပေါ်က ချယ်ရီသီးတွေလိုပင်... ဒါပေမယ့် ကိတ်မုန့်ကိုလည်း မေ့မထားသင့်ပေ......

ကျောင်းတွင်းရမှတ်တွေက မအောင်မြင်နိုင်တဲ့အသင်းတွေအတွက် နှစ်သိမ့်ဆုတစ်ခုသာပင်......

"ဒီနေရာက ဘာလဲ၊ အဲ့ဒါ ဘယ်လောက်တန်လဲ"

လီလော့သည် မြေပုံအလယ်ရှိ ယုတ်ညံ့သော အနီစက်ကို ညွှန်ပြလိုက်သည်။ ထိုနေရာသည် ၎င်းတို့၏ နောက်ဆုံးဦးတည်ရာဖြစ်သော ကျောက်နီမြို့တော် ဖြစ်ကြောင်း သူသိသည်။

"500,000"

လီလော့ ပြင်းပြင်းထန်ထန် ပင့်သက်ရှိုက်လိုက်နိသည်။

"ဒါက အမှတ်အဲ့လောက်များတာ သေချာလား?"

ထိုမြို့တစ်ခုတည်းသည် အဆင့်သုံးမြို့အားလုံးနှင့် တူညီနိုင်ဖွယ်ရှိသည်။

"500,000၊ ဒါပေမယ့် ဘယ်အဖွဲ့မှ ကိုယ့်အတွက် ယူနိုင်မယ်မထင်ဘူး" ဟု ကျန်းချင်းအာက သူ့ကို သတိပေးလိုက်သည်။

အဖွဲ့အားလုံးသည် နောက်ဆုံးတွင် ကျောက်နီမြို့တော်တွင် ဆုံစည်းရမည်ဖြစ်သည်။ထိုနေရာသည် ရောနှောအဆင့် ပြိုင်ဆိုင်မှု၏ နောက်ဆုံးပန်းတိုင်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု အထူထပ်ဆုံးဖြစ်ခဲ့သည်။ အကယ်၍များ ကောင်းကင်ဘုံကပ်ဘေးအဆင့်ကမ္ဘာခြားသက်ရှိများရှိနေပါက၊ အဖွဲ့တစ်ဖွဲ့တည်းနှင့် မလုံလောက်ပေ။

ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သောကြောင့် အမှတ် 500,000 ကို ခွဲထုတ်ရမည်ဖြစ်သည်။

"ငါတို့ အားလုံးမရနိုင်ပေမယ့် တစ်ဝက်လောက်ရနိုင်ရင် ဒီမှတ်နဲ့ ရေကူးရလိမ့်မယ်" ဟု မင်းသမီးက ရွှင်မြူးစွာပြောလိုက်သည်။

"ဟုတ်တယ်....ကြည့်ရတာ ကျွန်တော်တို့တွေကြိုတင်သတ္တိမွေးထားရတော့မယ်ထင်တယ်...."

ကျန်းချင်းအာနဲ့မင်းသမီးက သူ့ကို စိုက်ကြည့်နေသည်။

"ခဏနေဉီး.... နင်တို့ ဒီမြို့ကို မြင်လား"

မင်းသမီးသည် အဝါရောင်အနားသတ်မျဉ်းဖြင့် အနီရောင်အမှတ်သား မှတ်သားထားသည့် နောက်ထပ်အနီစက်ကို ညွှန်ပြလိုက်သည်။

"ဒီအဆင့်သုံးမြို့က မဖြစ်မနေ သန့်စင်ရမယ့် ရည်မှန်းချက်တစ်ခုပဲ... ဒါကို ငါတို့အတွက် စီစဉ်သူတွေ ချမှတ်ထားတဲ့ အဓိက မစ်ရှင်တစ်ခုအနေနဲ့ ယူဆလို့ ရတယ်... တကယ်လို့ အဲဒီမြို့ကို မသန့်စင်နိုင်ရင် အမှတ်တွေ မရတဲ့ပြင် အမှတ်နှုတ်ခံရလိမ့်မယ်...."

လီလော့ မေးရိုး ပြုတ်ကျလုမတတ်ပါးစပ်အဟောင်းသားဖြစ်နေရှာသည်။

"အမှတ်နှုတ်မယ့်စနစ်လား...!"

မင်းသမီးက ခေါင်းညိတ်လိုက်သည်။

“အကယ်၍ အစီအစဉ်ရေးဆွဲသူတွေက ဒီလိုနယ်နိမိတ်သတ်မှတ်ထားလျှင် အရမ်းအရေးကြီးတဲ့ နေရာဖြစ်ရမယ်....”

ကျန်းချင်းအာက.... "အစီအရင်အတွက် အဓိကအချက်တစ်ခု ဖြစ်နိုင်တယ်...."

လီလော့ ပခုံးတွန့်လိုက်ပြီး...

"ကောင်းပြီ၊ ငါက ဒီမှာအရံလူသက်သက်ပါပဲ... သခင်မလေးတို့ဆုံးဖြတ်သမျှနာခံပါ့မယ်....."

"ဟမ်....နင်က ဘယ်လိုကောင်လဲ"

မင်းသမီးက လီလော့၏ ငွေရောင်ဆံပင်ကို ဖွဖွဖွ လှမ်းဆွဲပြီး ကြိမ်းမောင်းလိုက်သည်။

"သတိထားပါ၊ ချင်းအာ သဝန်တိုနေလိမ့်မယ်....."

"နင့်လို လူရှုပ်လူပွေကို သဝန်တိုစရာလား..."

"ချင်းအာ...ငါ့ကိုအဲ့လိုမပြောပါနဲ့...ငါကရိုးသားတဲ့ဖိုးသခွားလေးပါ...."

"ဟားးးဟားးးး"

မင်းသမီးက သူတို့နှစ်ယောက် ကလူကျီစယ်နေသည်ကိုကြည့်ပြီး ရယ်လိုက်မိသည်။

ကျန်းချင်းအာရဲ့ အခုလိုပျော်ပျော်နေတတ်ပုံကို ကျောင်းမှာ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လီလော့ကြောင့်သာ သူမ၏ အေးစက်မှုက အနည်းငယ် အရည်ပျော်သွားပုံရသည်။

ရုတ်တရက် မင်းသမီး အေးခဲသွားပြီး အခြားဘက်သို့ လှည့်သွားခဲ့သည်။

"ဟိုမှာ တစ်ခုခုရှိနေတယ်....."

ကျန်းချင်းအာသည်လည်း တူညီသော ဦးတည်ချက်ကို ရင်ဆိုင်ရန် လှည့်လိုက်သည်။

ထို့နောက်လီလော့တို့ အရှိန်အဟုန်ပြင်းစွာဖြင့် သူတို့နောက်သို့ လိုက်သွားခဲ့ကြသည်။

မိနစ်အနည်းငယ်အကြာတွင် သူတို့သည် မြင့်မားသော တောင်စောင်းတစ်ခုသို့ ရောက်ရှိကြပြီး မီးခိုးမှိုင်းဖုံးလွှမ်းနေသော ရွာငယ်လေးကို လှမ်းကြည့်လိုက်ကြသည်။

မြို့တွင်းမှာ သဘာဝမကျတဲ့ လှုပ်ရှားမှုတွေ ရှိနေတာကို သူတို့ မြင်နေရသည်။

သူတို့ အတွေးတွေကို အတည်ပြုပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ကမ္ဘာခြားသက်ရှိ အစုအဖွဲ့.........

All Chapters