လွှမ်းမိုးနိူင်သောအင်အားစု....
Vol. 38 Ch. 530
ကောင်းကင်တစ်ခွင်မှ အလင်းတန်းများက ရွာတစ်ရွာလုံးပေါ်ဖြာကျလာပြီး စိမ်းပြာရောင် မြူခိုးများပင် လျင်မြန်စွာ ဆုတ်ယုတ်သွားတော့သည်။
မယုံနိုင်လောက်အောင် ဖြူစင်တဲ့ စွမ်းအားတွေ ရောက်လာခဲ့ပြီ......
သာမာန်ဝံပုလွေအချို့ အလင်းတမ်းကြောင့်ပျောက်ကွယ်သွားကြသည်။
မျက်နှာနှစ်ခြမ်းရှိသော ဝံပုလွေ၏ သည်းခြေများပင် ခန်းခြောက်လာသည်။
“အူး!”
ဒေါသတကြီး အော်ဟစ်လိုက်ကာ နွမ်းနယ်နေသော မျက်လုံးများကို အလင်းရောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဝှစ်....
အလင်းတန်းနှစ်ခုသည် မျက်နှာနှစ်ဘက်ရှိသော ဝံပုလွေဆီသို့ ကောင်းကင်ယံမှကျဆင်းလာသည်။
ဟွမ်လောင် မျက်လုံးများကို မှိတ်ထားသည်။ ၎င်းတို့သည် သန့်စင်သောအလင်းရောင်ဖြင့် ပြုလုပ်ထားသော လက်သည်းများဖြစ်ပြီး ၎င်းတို့၏ပြင်းထန်မှုမှ အပူဖြင့် လောင်ကျွမ်းစေပါသည်။ အလင်း၏လက်သည်းများသည် ကျောရိုးစိမ့်တက်သွားသည့်အထိ ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများကို ဖြည့်သွင်းထားသည်။
ကြောက်ရွံ့ခြင်းနှင့် လေးစားမှုတို့ကိုတပြိုင်နက်ခံစားနေရသည်။
ဤသည်မှာ အလင်းစွမ်းအင်ဖြစ်သည်။
သူတို့သည် အလင်းပဲ့တင်ထပ်သံကျွမ်းကျင်သူတစ်ဦး၏ ကယ်တင်ခြင်းခံရတော့မည်ဖြစ်သည်။
"ကောင်းကင်ဘုံကို ချီးမွမ်းကြလော့...."
မျက်နှာနှစ်ဘက်ရှိသော ဝံပုလွေသည် တိုက်ခိုက်မှုနောက်ကွယ်မှ အန္တရာယ်ကို သတိပြုမိပြီး ၎င်း၏ပါးစပ်မှ အနက်ရောင်မီးခိုးငွေ့နှစ်ခုကို ထပ်မံပစ်ခတ်ခဲ့သည်။
ရွှီး
အလင်းစွမ်းအင်က တောက်လောင်နေသော ခြေသည်းများကို လုံးဝအငွေ့ပျံသွားစေခဲ့သည်။ အလင်းတန်းနှစ်ခုက အတားအဆီးမဲ့စွာဖြင့် လမ်းကြောင်းအတိုင်း ဆက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာနှစ်ခုရှိသော ဝံပုလွေ၏ ဦးခေါင်းနှင့် အမြီးတွင် စိုက်ဝင်သွားခဲ့သည်။
ဝုန်းးးးးး
မျက်နှာနှစ်ဘက်ရှိသော ဝံပုလွေသည် မြေပြင်တွင် ချိတ်ဆွဲခံထားပြီးနောက် လက်သည်းများ ပေါက်ကွဲကာ တစစ လောင်ကျွမ်းနေသည်။
ထို့ကြောင့် မျက်နှာနှစ်ခုရှိသော ဝံပုလွေသည် ၎င်း၏လက်ကျန် အသက်စွမ်းအားကို မှီဝဲကာ အသည်းအသန်ရုန်းကန်ခဲ့ရသည်။
ဝှစ်....
စိမ်းလန်းသောစွမ်းအင်များ အပေါ်စီးမှ ထွက်လာပြီး အစိမ်းရောင်လွမ်ငှက်တစ်ကောင်သည် ကျက်သရေရှိစွာ ပျံတက်သွားသည်။ထိုအခါ မျက်နှာနှစ်ဘက်ရှိသော ဝံပုလွေသည် နာကျင်စွာအော်ဟစ်ရင်း အစိတ်စိတ်အမွှာမွှာကွဲသွားလေတော့သည်။
အပိုင်းအစများကို အလင်းလက်သည်းများက လျင်မြန်စွာ လောင်ကျွမ်းစေခဲ့သည်။
ထိုမြင်ကွင်းကို ဟွမ်လောင်တို့ မှင်သက်စွာကြည့်နေခဲ့ကြသည်။
မျက်နှာနှစ်ခြမ်းရှိသော ဝံပုလွေသည် ၎င်းတို့၏ တစ်ရွာလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်စွာ အားကောင်းခဲ့သော်လည်း ယခုအခါ အလွယ်တကူ သေဆုံးသွားခဲ့ရပြီ......
ဟွမ်လောင် ခက်ခက်ခဲခဲတံတွေး မျိုချလိုက်ရသည်။ ထိုအလင်းစွမ်းအင်သည် အစိမ်းရောင်လွမ်ထက်ပင် ပိုမိုအားကောင်းသည်။
"ကျုပ်က ဟွမ်လောင်ပါ....မိတ်ဆွေတို့က ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ကယ်တင်ပေးတဲ့အတွက် ရွာရဲ့ကိုယ်စား ကျေးဇူးတင်ပါရစေ..."
အလင်းတန်းများက မကြာမီ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ဟွမ်လောင်နှင့် သူ၏လူများသည် တောက်ပသောအလင်းရောင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်ပြီးနောက် အသက်ရှူချောင်သွားကြသည်။
သူတို့ရှေ့မှာ ချောမောလှပပြီး ငယ်ရွယ်နုပျိုသော မိန်းကလေး နှစ်ယောက် ရှိနေသည်။
ဘယ်ဘက်ခြမ်းက မိန်းကလေးထံတွင် ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်မျက်ဝန်းတစ်စုံရှိနေသည်။ သူမသည် အေးစက်ပြီး လက်လှမ်းမီဖို့ခက်ခဲပုံရသော်လည်း သူမထုတ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်းများက ၎င်းတို့အားလုံးကို သက်သာရာရစေသည့် ခံစားချက်မျိုးပေးစွမ်းနေသည်။
ညာဘက်တွင်ရှိသော မိန်းကလေး၏မျက်နှာပေါ်တွင် ကြင်နာသောအမူအရာရှိသဖြင့်ဖော်ရွေသည်ဟုထင်ရသော်လည်း ခေသူမဟုတ်ပေ.....
"ဒါ...ဒါ...ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့်တွေလား...."
စစချင်းတွင်၊ ဟွမ်လောင်သည် ၎င်းတို့နောက်တွင် ရပ်နေသော ငွေရောင်ဆံပင်လူငယ်လေးတစ်ယောက်ရှိနေကြောင်းကို သတိပြုမိသည်။ သူသည် ချောမောသော်လည်း သူ့ရှေ့ရှိ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားကြောင့် ခဏတာမေ့လျော့သွားခဲ့သည်။...ကောင်လေးက ဆရာသခင်အဆင့်လား...
မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေးတစ်ယောက်......
ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီး အဆင့်...နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်... ဆရာသခင်အဆင့်......
တကယ်ကို ထူးဆန်းတဲ့ အဖွဲ့ပဲ.......
"မင်းတို့သုံးယောက် ငါတို့ကို ကယ်ပေးလို့ ကျေးဇူးပဲ"
သူသည် ယဉ်ကျေးသော်လည်း သတိမပြတ်ဝံ့ပေ။ မဟူရာလေပြင်းအင်ပါယာကျဆုံးပြီးနောက် အခုလို ကယ်တင်ရှင်ပေါ်ထွက်လာခြင်းသည် ကောင်းမွန်သောစေတနာဖြင့်ရောက်လာခြင်းဟုတ်မဟုတ် သေချာမသိရသေးပေ။
သူသည် တစ်ချိန်က မဟူရာလေပြင်းအင်ပါယာ၏ အရှိန်ကြောင့် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ကိုပင် မကြောက်ခဲ့ပေ။သို့သော် ယခုချိန်တွင် အရင်လိုမဟုတ်ပေ။
"ယဉ်ကျေးလွန်းနေပါပြီ ...ကျွန်မတို့ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေကြတာပါ...."
မင်းသမီး၏ဖော်ရွေသောအပြောကြောင့် ဟွမ်လောက်မျက်လုံးပြူးသွားသည်။
"မစ်ရှင်?"
ဤမြေတွင် အရေးကြီးပုဂ္ဂိုလ်မည်သူမျှ
မရှိတော့သည်သဖြင့် ကယ်ဆယ်ရေးမစ်ရှင်များကို မည်သူက တာဝန်ပေးမည်နည်း။
"ကျွန်မတို့က ဗဟိုကျောင်းသားသမဂ္ဂကပါ....အဖွဲ့ချုပ်က တာဝန်ပေးလို့အခုလို မစ်ရှင်ထမ်းဆောင်နေရတာပါ....."
သူမသည် ဤနေရာတွင် သူတို့၏ စစ်မှန်သော ရည်ရွယ်ချက်များကို မဖုံးကွယ်ခဲ့ပေ။ သန့်စင်သောနှင်းရည်များချထားရန် မြို့ထဲသို့ဝင်သောအခါ၊ ဟွမ်လောင်၏အကူအညီကိုလည်း လိုအပ်မည်ဖြစ်သည်။
"ဗဟိုကျောင်းသားသမဂ္ဂ... ?"
ဟွမ်လောင်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ မဟူရာလေပြင်းအင်ပါယာမှာ တာဝန်ထမ်းဆောင်ဖူးသည့်အတွက် ထိုအကြောင်းကို ကြားဖူးသည်။
"ဒါဆို မင်းတို့က ကပ်ဘေးကိုအဆုံးသတ်ပေးဖို့ရောက်လာတာလား...."
"မဟူရာလေပြင်းအင်ပါယာရဲ့ဘေးဒုက္ခက ပြင်းထန်လွန်းတယ်"
လီလော့က လေးနက်စွာသုံးသပ်လိုက်သည်။
"အဖွဲ့ချုပ်ရဲ့ ပူးပေါင်းကူညီမှုနဲ့တောင် သဘာဝဘေးအန္တရာယ် တိုးပွားလာမှုကို ကန့်သတ်ရုံပဲတတ်နိုင်တယ်.... တစ်ချိန်တည်းမှာ ကျွန်တော်တို့က အခြေခံရှင်းလင်းမှုအချို့ကို လုပ်ဆောင်နိုင်ပေမယ့် ဘေးအန္တရာယ်ကို လုံးလုံးလျားလျား ဖြေရှင်းဖို့ လွယ်ကူမှာမဟုတ်ဘူး...."
ဟွမ်လောင်ကို မှားယွင်းသော မျှော်လင့်ချက် မပေးလိုပေ
"အာ....ကျုပ်ကိုအမြင်မှန်ရစေတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဟွမ်လောင်က ကိုယ့်ကိုယ်ကို ရှုံ့ချသော အပြုံးဖြင့် ပြောလိုက်သည်။
"ဒါပေမယ့်အဖွဲ့ချုပ်က ကူညီတာနဲ့တင် လုံလောက်နေပါပြီ.... အသက်တစ်ချောင်းကို ကယ်တင်လိုက်တာကလည်း အသက်ကယ်တာပဲလေ....."
လီလော့ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့ ဒီရွာမှာ သန့်စင်ရေး ပစ္စည်းတစ်ခု ထားခဲ့မယ်....ဒါက နောက်ပိုင်းမှာ ပိုလုံခြုံပြီး ကူးစက်မှု မပြန့်ပွားအောင် ကူညီပေးနိုင်တယ်..... ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုချင်ပါတယ်...."
"သိပ်ကောင်းတာပေါ့!"
ဟွမ်လောင်၏ မျက်နှာ တောက်ပလာသည်။ ထိုအရာများကို ယခင်က သူမြင်ဖူးသော်လည်း ၎င်းတို့ကို ဖန်တီးခြင်းသည် သူ့အတွက် အလွန်အဆင့်မြင့်သော ဆန်းကျယ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဒီသုံးယောက်ကို ကူညီပေးနိုင်ရင် သူတို့အတွက် တကယ့်ကို ကောင်းချီးတစ်ခုဖြစ်လာလိမ့်မည်။
"ဝင်လာခဲ့ပါ ကယ်တင်ရှင်တို့!"
ဟွမ်လောင်က သူတို့ကို ပျော်ရွှင်စွာ လမ်းပြပို့ဆောင်ပေးခဲ့သည်။
သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြပြီး ရွာထဲကို လိုက်သွားကြသည်။
ရွာတွင်းလမ်းများသည် ရွှံ့များဖြင့် ရှုပ်ထွေးနေပြီး လူစိမ်းသုံးယောက်ကို ကြည့်ရန် စူးစမ်းလိုသော ရွာသားများစွာ ရှိနေသည်။
ဟွမ်လောင်သည် ၎င်းတို့သုံးဦးစလုံးက သန့်စင်ရေးပစ္စည်းများထားရှိရန် ရောက်ရှိလာကြောင်း ကျယ်လောင်စွာကြေညာခဲ့သဖြင့် အားလုံးက ချက်ချင်းပင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
လီလော့ သူတို့မျက်နှာများကို ဂရုတစိုက်လေ့လာကြည့်သည့်အခါ ၎င်းတို့၏ အသားအရေပေါ်တွင် စိမ်းညိုရောင်မှိန်ဖျော့ဖျော့ဖျော့အငွေ့အသက်များကို တွေ့ရှိခဲ့သည်။
သူ မျက်မှောင်ကြုတ်လိုက်သည်။ ဒါဟာ ကူးစက်မှုရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပဲ....
ဒိုင်း!
အိမ်တံခါးတချပ် ရုတ်တရက်ပွင့်ထွက်လာပြီး လူတစ်ဉိီးက လီလော့တို့ထံ အော်ဟစ်ပြီးပြေးလာနေသည်။
အနီးနားက ရွာသူရွာသားတွေကလည်း အော်ဟစ်ပြီး ထွက်ပြေးနေကြသည်။
ငိုနေတဲ့ ကလေးငယ်ကို ချီထားတဲ့ အမျိုးသမီးတစ်ဦး ပြေးထွက်လာပြီး ရူးနေသူ၏လည်ပင်းနားက သံကြိုးကို ဆွဲယူကာ အိမ်ထဲကို အတင်းဆွဲခေါ်သွားသည်။
လီလော့ ထိုမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေသည်။ ထိုလူ၏မျက်နှာ နီမြန်းလာသည်နှင့် စိမ်းညိုရောင်အငွေ့အသက်က သိသိသာသာ ထင်ရှားနေသည်။
"သူ့ကို အမြန်ပြန်ပို့ပေးပါ!"
ဟွမ်လောင် အမိန့်ပေးလိုက်သဖြင့် အချို့က ထိုသူကို ထိန်းရန် ပြေးသွားကြသည်။
လီလော့တို့ကတော့ ခပ်အေးအေး စောင့်ဆိုင်းနေခဲ့သည်။
အဖြစ်အပျက်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဟွမ်လောင် ၎င်းတို့ထံ ပြန်ရောက်လာခဲ့သည်။
"ကျုပ်တို့ရွာက မြို့နဲ့ ဝေးပေမယ့် ကမ္ဘာခြားသက်ရှိတွေက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပိုအားကောင်းလာတယ်..... မကြာသေးခင်က အားနည်းတဲ့ ရွာသားတွေကူးစက်မှုပိုများလာတယ်...."
"ဘာလို့ သူတို့ကို မဖျက်ဆီးတာလဲ..."
"ဟင်းးး....ရွာသေးသေးလေးမှာက ရင်းနှီးတဲ့လူတွေချည်းပဲလေ.... အဲ့ဒီလူမှာ ဇနီးနဲ့ ကလေးရှိတယ်၊ မင်းမြင်တဲ့အတိုင်းပဲ... သူ့ကလေးနဲ့ဇနီးရှေ့မှာ ဘယ်လိုသတ်ပစ်ရမှာလဲ....လုံးလုံးလျားလျား ထိန်းမရသိမ်းမရဖြစ်လာရင်တော့လည်း......"
လီလော့၏ နှလုံးသား လေးလံနေသည်။ အရိပ်လှိုဏ်ဂူတွင် ဒီလိုပြဿနာမျိုး မကြုံဖူးခဲ့ပေ။ အရိပ်လှိုဏ်ဂူထဲသို့ ဝင်ရောက်လာသူများသည် အထက်တန်းစား ကျောင်းသားများဖြစ်သည်။ ဒါပေမယ့် မဟူရာလေပြင်းအင်ပါယာမှာတော့ သာမန်ပြည်သူတွေအပေါ် ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေကို မျက်မြင်ကြုံတွေ့နေရပြီ.....
ဤနေရာသည် အကျင့်ပျက်ချစားမှု နည်းပါးသောနေရာဖြစ်သည်။ဒီအတိုင်းသာဆို မဟူရာလေပြင်းအင်ပါယာ၏ နက်ရှိုင်းသောနေရာတွင် အခြေနေတွေဘယ်လောက်ဆိုးဝါးနေလိမ့်မလဲ.......
“သန့်စင်ရေးပစ္စည်းတွေကို ချထားတဲ့အခါ ဒီလိုအခြေအနေတွေ လျော့သွားလိမ့်တယ်” လို့မင်းသမီးက နှစ်သိမ့်စကား ပြောလိုက်သည်။
"မင်းပြောတာမှန်ပါစေလို့ မျှော်လင့်ပါတယ်"
"ကျွန်မတို့ရဲ့ တာဝန်ပြီးရင် ထွက်သွားမှာပါ...ဒီကနေ မြစ်စောင့်မြို့ဆီခရီးဆက်မှာမို့ ရှင့်မှာအသုံးဝင်မယ့်သတင်းအချက်အလက်များရှိနိုင်မလား...."
မြစ်စောင့်မြို့သည် အစီအရင်အတွက် အရေးကြီးသော အခြေခံအချက်ဖြစ်ပြီး ၎င်းတို့အတွက် မဖြစ်မနေလုပ်ရမည်ဟု ချမှတ်ပေးထားသော အဓိက မစ်ရှင်ဖြစ်သည်။
"မြစ်စောင့်မြို့?!"
ဟွမ်လောင်က တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းတို့မြစ်စောင့်မြို့ကို သွားမလို့လား.....မရဘူး....ဟိုဘက်မှာ ကောင်းကင်ဘုံကပ်ဘေးအဆင့်ရှိတယ်....."