← Chapters

ခြေလေးချောင်းနတ်ဆိုးမြွေ....

Vol. 38 Ch. 531

ခြေလေးချောင်းနတ်ဆိုးမြွေ....

Vol. 38 Ch. 531

"ကောင်းကင်ဘုံကပ်ဘေးအဆင့်...

ကျေးဇူးပြုပြီး ထပ်ပြောပြပါ.... အဲဒါက ဘယ်လိုပုံစံလဲ၊ ဘယ်လို အရည်အချင်းတွေ ရှိလဲ..."

ဤသည်မှာ အလွန်အရေးကြီးသော အချက်အလက်ဖြစ်ခဲ့သည်။ ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် ၎င်းတို့အတွက် ကြီးမားသောဒုက္ခဖြစ်သည်။

"တိုက်ဆိုင်မှုလို့ပဲပြောရမှာပေါ့...... ငါတို့အင်ပါယာမပျောက်စီးခင် မြစ်စောင့်မြို့ရဲ့ ကာကွယ်ရေးကို ကြီးကြပ်ဖို့ ငါတာဝန်ယူခဲ့ရဖူးတယ်..." ဟု ဟွမ်လောင်က ခါးသီးစွာရယ်မောလိုက်သည်။

"ကာကွယ်ရေးတပ်မှူး....ကျွန်မတို့ရှင့်ကိုလေးစားပါတယ်" လို့ မင်းသမီးက တလေးတစား ပြောလိုက်သည်။

"နှိမ့်ကျတဲ့ စစ်သားပါပဲလေ..."

ဟွမ်လောင်က ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။ ဤမိန်းကလေးသည် နွေးထွေးသော အပြုအမူ ရှိကောင်းရှိနိုင်သော်လည်း၊ သူမ၏ပြုမူပြောဆိုပုံအရ မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသည်ဟု သံသယဝင်နေမိသည်။

"မြစ်စောင့်မြို့က ဒီဘက်ပိုင်းမှာဆို မြို့ကြီးတစ်မြို့အဖြစ် ယူဆနိုင်တယ်.... ကပ်ဘေး စတင်ဖြစ်ပွားချိန်မှာ ကမ္ဘာခြားသက်ရှိတွေ ဝိုင်းအုံနေတဲ့ အချက်အချာကျတဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်.... အဲ့မှာ ခြေလေးချောင်းရှိတဲ့ နတ်ဆိုးမြွေကမ္ဘာခြားသက်ရှိတစ်ကောင်ရှိတယ်....သူက ကောင်းကင်ဘုံကပ်ဘေးအဆင့်ပဲ....."

"သူက တခြားမြွေတွေထက်ခြေလက်လေးချောင်းပိုရှိတာလား......."

“အဲဒီ ခြေလေးချောင်းက တောင်တွေကို ရွှေ့နိုင်တဲ့ စွမ်းအားရှိတယ်၊ လျှော့မတွက်နဲ့.. ” ဟု ဟွမ်လောင်က တိုးတိုးလေးပြောလိုက်သည်။

"ကြောက်စရာအကောင်းဆုံးက သူ့ရဲ့တစ်ခုတည်းသော နတ်ဆိုးမျက်လုံးပဲ....သူ့မျက်လုံးကိုကြည့်တဲ့သူတိုင်းဟာ ဉာဏ်ရည်ဉာဏ်သွေး ကင်းမဲ့ပြီး အလောင်းကောင်လိုဖြစ်သွားရော...."

“အဲဒီတုန်းက မြစ်စောင့်သခင်က ပုလဲသုံးလုံးဖန်တီးနိုင်တဲ့ ကောင်းကင်ပုလဲသွယ်အဆင့်ရောက်နေပြီ.... မြို့သူမြို့သားတွေလွတ်မြောက်အောင် အချိန်ဆွဲပေးရင်း လုပ်ကြံခံခဲ့ရတယ်...."

ထိုအမှတ်တရများကြောင့် ဟွမ်လောင် ဆိုးဆိုးရွားရွား တုန်လှုပ်သွားသည်မှာ ထင်ရှားသည်။

လီလော့သည်လည်း ဉီးရေပြားထုံကျဉ်လာသလိုခံစားနေရသည်။ ကောင်းကင်ပုလဲသွယ်အဆင့် ကျွမ်းကျင်သူကို စားသောက်ခြင်း... အလွန်စိတ်ပျက်စရာ ဖြစ်ပေမည်။

မင်းသမီးနှင့်ကျန်းချင်းအာတို့ကတော့ ခပ်အေးအေးပင်...

“တကယ့်ကို ရိုင်းစိုင်းတဲ့ ဘီလူးကောင်”

မင်းသမီးက အေးအေးဆေးဆေး ပြစ်တင်ကြိမ်းမောင်းနေသေးသည်။

သူမရဲ့ တုံ့ပြန်မှုက မြို့သခင်ထက် သေချာပေါက် အားကောင်းတယ်လို့ ခံစားစေရသည်။ ဒီအရွယ်ဖြင့် ဤမျှထူးချွန်သည်မှာ ဟွမ်လောင်ကိုပို၍ပင်အံ့အားသင့်စေခဲ့သည်။

"ရှင်ပြောတဲ့အတိုင်းဆို အဲ့ကောင်က အဆင့်နိမ့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ဖြစ်လောက်မယ်...ဒါပေမယ့် မြို့သခင်ကို စားပြီးရင်၊ အဲဒါထက် ပိုအားကောင်းရမယ်။ အခုအချိန်မှာ ပုလဲငါးသွယ် အဆင့်လောက်ရှိနေလောက်ပြီ...ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီ့ထက် ပိုအားကောင်းလာနိုင်သေးတယ်...”

ဤသည်မှာ ကျန်းချင်းအာ၏သုံးသပ်ချက်ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဆင့်နိမ့် ကောင်းကင်ဘုံကပ်ဘေးအဆင့်ဆိုတော့ ငါတို့ကိုင်တွယ်နိုင်တဲ့အနေအထားပဲ....."

လီလော့ ခေါင်းညိတ်လိုက်သည်။ မင်းသမီးကိုယ်တိုင်က ပုလဲခုနစ်သွယ်အဆင့်ဖြစ်သည်။ သူမတစ်ယောက်တည်း ခြေထောက်လေးချောင်းရမြွေနှင့်ရင်ဆိုင်နိုင်လောက်သည်။ ကျန်းချင်းအာ၏အကူအညီနှင့်သာဆို အခြေနေပိုကောင်းနိုင်သည်။

"ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေအပြင်၊ အလားတူအဆင့်တွေရှိသေးလား...."

အဆင့်နိမ့် ကောင်းကင်ဘုံကပ်ဘေးအဆင့် တစ်ကောင်ကို စီမံခန့်ခွဲနိုင်သော်လည်း အခြားတစ်ကောင် ပေါ်လာပါက ဒုက္ခရောက်လိမ့်မည်။

ဟွမ်လောင် တုံ့ဆိုင်းသွားသည်။

“ကျုပ်တို့ ထွက်ပြေးပြီးကတည်းက မြစ်စောင့်မြို့ကို တခါမှပြန်မရောက်တော့ဘူး....ဒါပေမယ့် ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေဟာ သူ့ရဲ့နယ်မြေကို ရက်စက်စွာကာကွယ်တယ်လို့ ဒုက္ခသည်တွေဆီကနေ ရံဖန်ရံခါကြားသိခဲ့ရတယ်....သူ့ရဲ့နယ်မြေအတွင်း ခြိမ်းခြောက်နိူင်တဲ့ လူရော ကမ္ဘာခြားသက်ရှိတွေကိုပါ သတ်ဖြတ်စားသောက်ခဲ့တယ်တဲ့ ..အဲ့ဒါကြောင့် ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေ တစ်ကောင်းတည်းရှိလိမ့်မယ်ထင်တယ်.. သေချာပါတယ်....ဒါပေမယ့် သန်မာတဲ့ လက်အောက်ခံလေးတွေလည်း ရှိကောင်းရှိနိုင်တယ်... ကိုင်တွယ်ရတာ လွယ်မှာမဟုတ်ဘူး...မင်းတိူ့ကို အဲဒီကို သွားဖို့ အားမပေးဘူး..."

မင်းသမီးနှင့် ကျန်းချင်းအာက ဘာမှပြန်မဖြေဘဲနှုတ်ဆိတ်နေကြည်။ မြစ်စောင့်မြို့ သည် ၎င်းတို့၏ မဖြစ်မနေ လုပ်ရမည့် မစ်ရှင်ဖြစ်သည်။ထိုသို့မသွားပါက ချန်ပီယံဆုနှင့်ဝေးမည့်အပြင် အမှတ်ပါအနှုတ်ခံရဉီးမည်။

လီလော့က သူ့ကို ပြုံးပြလိုက်ပြီး....

"သတိပေးချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ် တပ်မှူးဟွမ်လောင်....တခြားအကြံဉာဏ်တွေ မျှဝေဖို့ ရှိသေးလား...ခင်ဗျားက ဒီမှာနေတာကြာပြီဆိုတော့ဆောင်ရန်ရှောင်ရန်လေးတွေသိနေမှာပေါ့....."

ဟွမ်လောင် ခဏလောက်စဉ်းစားလိုက်ပြီး....

"ကျုပ်တို့ဒီမှာနေတာ နှစ်နှစ်သုံးနှစ်လောက်ရှိပြီ.....ကမ္ဘာခြားသက်ရှိတွေကိုခြေရာခံပြီး ရှောင်ကွင်းနိုင်လို့သာ အခုချိန်ထိအသက်ရှင်နေခဲ့တာပေါ့....."

ဟွမ်လောင်ကသူ့အိတ်ကပ်ထဲက မြေပုံကြမ်းကို ထုတ်ယူပြီး အချက်အလက်တချို့ ရေးလိုက်သည်။အချက်အလက်က နည်းပါးသော်လည်း ကျန်းချင်းအာ ၎င်းကိုမြင်သောအခါ မျက်ဝန်းများတောက်ပလာသည်။ထိုအချက်အလက်အနည်းငယ်က ၎င်းတို့အတွက် အဖိုးတန်အချိန်နှင့် စွမ်းအင်များစွာကို သက်သာစေမည်ဖြစ်သည်။

လီလော့ မြေပုံကို ကြည့်လိုက်သည်။ သူတို့ရဲ့ စိတ်ဝိညာဉ်မှန်က ဖော်ပြတဲ့ အကြမ်းဖျဉ်းလမ်းညွှန်ချက်နှင့်ကိုက်ညီသည့်အတွက် တိကျသည်ဟုဆိုနိုင်သည်။

ဟွမ်လောင်က မြေပုံကို မင်းသမီးကို ပေးလိုက်တော့...

"ကျေးဇူးတင်ပါတယ် တပ်မှူးဟွမ်လောင်၊ ဒါက ကျွန်မတို့အတွက် အရမ်းအရေးကြီးတဲ့ အချက်အလက်ပါ...."

ဤနည်းဖြင့် ၎င်းတို့သည် အမှတ်များစုဆောင်းရန် ထိရောက်သောလမ်းကြောင်းကို စီစဉ်နိုင်မည်ဖြစ်သည်။

ဟွမ်လောင်က လက်ခါပြပြီး....

"မင်းတို့ ငါတို့ရွာကို ကယ်ခဲ့ပြီးပြီ....ဒါက သေးငယ်တဲ့ ပြန်ဆပ်မှုတစ်ခုလေးပါ.... ပြီးတော့ ကမ္ဘာခြားသက်ရှိတွေကို တကယ်ရှင်းနိုင်ရင် ငါတို့အနာဂတ်မှာ စိုးရိမ်စရာ နည်းပါးလာမှာပါ....."

"ဟုတ်ပြီ... မင်းတို့ မြစ်စောင့်မြို့ကို တကယ်ရှင်းနိုင်ရင် မိုးကြိုးတောင်ကို သွားကြည့်လို့ကတယ်.... မြစ်စောင့်မြို့ ရဲ့အနောက်တောင်ဘက် ကီလိုမီတာ 150 လောက်မှာမိုးကြိုးတောင်ရှိတယ်...."

"ဘာဖြစ်လို့လဲ...?"

"အဲဒီမှာ မဟူရာလေပြင်းအင်ပါယာရဲ့ နာမည်ကြီးထွက်ကုန်တွေထဲက တစ်ခုဖြစ်တဲ့မိုးကြိုးသစ်သီးတွေရှိတယ်... မိုးကြိုးတောင်ကို မင်းမျိုးမင်းနွယ်တွေပဲ ပိုင်ဆိုင်ခဲ့ဖူးပြီး သာမန်လူတွေကို တားမြစ်ပိတ်ပင်ထားတယ်.... မိုးကြိုးသစ်သီးတွေက တော်ဝင်ရတနာတွေဖြစ်ပြီး သန့်စင်ပြီးတဲ့အခါ ဆန်းကြယ်တဲ့ ဂုဏ်သတ္တိတွေကို ပေးစွမ်းန်ိုင်တယ်လေ.... အရည်အချင်းအရှိဆုံး ကျင့်ကြံသူတွေကတော့ မိုးကြိုးနတ်ဘုရားတွေကိုတောင်ဖန်တီးနိုင်တယ်တဲ့.....ဒါကြောင့်မို့ မိုးကြိုးနတ်ဘုရာယက ခေါတ်အဆက်ဆက်ကတည်းက မင်းမျိုးမင်းနွယ်အမှတ်အသားဖြစ်နေခဲ့တာ....မိုးကြိုးနတ်ဘုရားက မိုးကြိုးသစ်သီးက ထောက်ပံ့ပေးတဲ့ စွမ်းအင်နဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အားကောင်းစေနိုင်တယ်.... ယခု မဟူရာလေပြင်း အင်ပါယာ လုံးဝပျက်စီးသွားပြီး တော်ဝင်မိသားစုမရှိတော့တ.ကြောင့် မိုးကြိုးတောင်တန်းက ပိုင်ရှင်မဲ့နေပြီ..... မင်းတို့သုံးယောက်မှာ အဲဒီကိုသွားဖို့ ခွန်အားတွေရှိတယ်.... လမ်းသင့်တယ်ဆို ဝင်ကြည့်ကြပေါ့ကွာ....."

လီလော့က ဒါကို တိတ်တိတ်လေး မှတ်ထားလိုက်သည်။

သုံးယောက်သား စကားနည်းနည်းပြောပြီး သန့်စင်ရေးအစီအမံများ ပြင်ဆင်ကြသည်။

၎င်းတို့ သုံးဦးသည် အခြားအကာအကွယ်များ ချထားရန် သီးခြားစီ လုပ်ဆောင်ပြီးနောက် ရွာပတ်ပတ်လည် နေရာ အသီးသီးတွင် ထွန်းလင်းသော သန့်စင်ရေး နှင်းမှုန်များ စိုက်ပျိုးရန် အထူးနည်းလမ်းကို အသုံးပြုခဲ့ကြသည်။

အမှုန်အမွှားလေးတွေက ရွာတစ်ဝိုက်မှာ စုဝေးလာတဲ့အခါ အတွင်းမှာရှိတဲ့ စိမ်းပြာရောင် အခိုးအငွေ့တွေ ပျံ့လွင့်လာသည်။

နောက်ဆုံး တစ်ရွာလုံး အကာအကွယ် ပေးနိုင်ခဲ့ပြီ......

ချက်ချင်း သက်သာလာပြီး ရွာသူရွာသားများ ကလည်း တဟုန်ထိုး အော်ဟစ်နေကြသည်။ ကြောက်ရွံ့စရာတွေကို ကိုယ်တိုင်ကြုံတွေ့ဖူးသူများသာ ကြည်လင်သောကောင်းကင်ကိုတန်ဖိုးထားတတ်လိမ့်မည်.....

လီလော့တို့ အလုပ်ပြီးသောအခါမှသာ သက်ပြင်းချနိူင်ခဲ့ကြသည်။

“အမှတ်တွေ ရနေပြီ”

မင်းသမီးက ဝိဉာဉ်မှန်ကို စစ်ဆေးပြီးအသ်ပေးလိုက်သည်။

"သွားကြရအောင်။"

သူတို့ရဲ့ တာဝန်က ရှည်လျားခက်ခဲသည့်အတွက် အနားယူဖို့အချိန်မရှိပေ။

လီလော့နှင့် ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး ဟွမ်လောင်ကို နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြသည်။

ရွာသားများကလည်း ရွာလုံးကျွတ်နှုတ်ဆက်နေကြသည်ယ

ရွာထဲက မှိန်ဖျော့နေတဲ့ အခန်းလေးထဲမှာ လူတစ်ယောက်က အမွှေးတိုင်ကို မီးညှိနေသည်။

မွှေးပျံ့သောငင်းရနံ့ အခန်းထဲတွင် ပြည့်လျှံနေပြီး မီးခိုးငွေ့ပါးပါးလေးကနေ ဖန်သားပြင်တစ်ခုဖြစ်လာသည်။

ဖန်သားပြင်ပေါ်တွင် လူရိပ်တခု ရွေ့လျားနေပုံရသည်။

အမွှေးတိုင် ထွန်းညှိသူကတိုးတိုးတိတ်တိတ် အသံဖြင့် သတင်းအချက်အလတ်များ ပေးပို့ပြီးနောက်ခဏအကြာတွင် ဖန်သားပြင် ပျောက်သွားသည်။

အမွှေးတိုင်မီးထွန်းထားသူက လက်ကိုပိုက်ကာ အသံတိုးတိုးဖြင့် စာသားအချို့ကိုရေရွတ်ကာ အခန်းထဲသို့ ဝင်လာသည်။

"အလင်းနဲ့အမှောင်...အကောင်းနဲ့အဆိုးကမူလဇစ်မြစ်တခုတည်းကပေါက်ဖွားလာကြတာ......

."

All Chapters