← Chapters

မြစ်စောင့်မြို့

Vol. 38 Ch. 532

မြစ်စောင့်မြို့

Vol. 38 Ch. 532

ရွာမှထွက်ခွာပြီးနောက် လီလော့တို့သည် မြစ်စောင့်မြို့သို့ ခရီးတလျှောက် အရှိန်အဟုန်ဖြင့် ထွက်ခွာခဲ့ကြသည်။

မှောင်မိုက်နေသော ကောင်းကင်ကြီးနှင့် အုံ့မှိုင်းနေသော မြူခိုးများအတွင်းက ဝေဝေဝါးဝါး တီးတိုးသံများက သူတို့၏ စိတ်ဝိညာဉ်အချိန်နှင့်အမျှ တိုက်စားဖို့ကြံရွယ်နေသည်။

ဒီလိုပတ်ဝန်းကျင်မှာ စိတ်တင်းထားဖို့ ခက်ခဲလှသည်။ အစပိုင်းတွင် သတိထားနေသော်လည်း မကြာမီတွင် အဆက်မပြတ်စိုးရိမ်ပူပန်မှုအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ မသိလိုက်ခင်မှာပင်လမ်းလျှောက်နေတဲ့ ဖုတ်ကောင်ဖြစ်မလာခင် အရိပ်ထဲက ဓားတွေမြင်ရလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သုံးဦးသည် ယခင်က အရိပ်လှိုဏ်ဂူတွင် လေ့ကျင့်ခဲ့ဖူးသည်။မင်းသမီးသည် ၎င်းတို့အနက်မှ အသန်မာဆုံးဖြစ်ပြီး သူမ၏ အတွေ့အကြုံကြွယ်ဝမှုက သူမအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ထူးချွန်သူဖြစ်လာစေသည်။ ကျန်းချင်းအာသည် အဆင့်ကိုးအလင်းပဲ့တင်ထပ်သံရှိသောကြောင့် အကျင့်ပျက်ခြစားမှုများက နေလာနှင်းသဖွယ် သူမရှေ့တွင် အငွေ့ပျံသွားသည်။

အလင်းစွမ်းအင်၏ သန့်စင်သောစွမ်းအားသည် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် အမှန်တကယ် ပြီးပြည့်စုံပါသည်။

ထိုသုံးယောက်ထဲတွင် လီလော့သည် အညံ့ဆုံးနှင့် ကူးစက်မှုခံရနိုင်ဆုံးဖြစ်သည်။ ထို့ကြောင့်၊ ကျန်းချင်းအာက ခရီးတစ်လျှောက်လုံး သူ့လက်ကို ကိုင်ထားပြီး တောက်ပသော အလင်းစွမ်းအင်ဖြင့် အကာအကွယ်ပေးခဲ့သည်။

ကျန်းချင်းအာသည် လီလော့၏ အကူပဲ့တင်ထပ်သံနှစ်ခုတွင် အလင်းပဲ့တင်ထပ်သံရှိမှန်း သိရက်နှင့် ထိုအချက်ကိုလျစ်လျူရှုထားခဲ့သည်။လီလော့၏အလင်းပဲ့တင်ထပ်သံက ရေနှင့်သစ်သားပဲ့တင်ထပ်သံထက် အားနည်းပေမယ့် ကာကွယ်ဖို့တော့ လုံလောက်ပါသေးသည်။

ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် လက်ကို ကိုင်ထားတာများလား.....

သို့တိုင် သူမနှင့်အတူ လိုက်ပါသွားခဲ့သည်။ ဤနေရာသည် အရိပ်လှိုဏ်ဂူထက်ပင် ပို၍အန္တရာယ်များသောနေရာဖြစ်သောကြောင့် သတိထားသည်က ပိုကောင်းသည်မဟုတ်လော......

နှစ်ယောက်သား လက်ချင်းယှက်ကာခရီးနှင်ခဲ့ကြသည်။

မင်းသမီးကတော့ ခရီးထွက်ရင်း ခွေးစာစားနေရသဖြင့် ရှုံ့မဲ့နေရှာသည်။

[TN/ ခွေးစာ...single တွေရှေ့တွင် အတွဲများကလူကျီစယ်နေကြခြင်း....]

"ဒီနှစ်ယောက်က အပြင်မှာ တကယ်ပျော်နေကြလား...."

ထိုသုံးယောက်သည် နောက်ထပ် ရွာပေါင်းများစွာကိုဖြတ်သွားခဲ့ကြသည်။ ရွာသား အများစုဟာ အိုမင်းမစွမ်းဖြစ်ပြီး အားနည်းနေကြသဖြင့် မရေရာတဲ့ အခြေနေကနေ လွတ်မြောက်ဖို့သာဆုတောင်းနိုင်ကြသည်။

အကျင့်ပျက်ခြစားမှု၏ ဆိုးယုတ်မှုတို့သည် ၎င်းတို့အပေါ်တွင် အဆက်မပြတ်ဆွဲငင်နေသဖြင့် ဆရာသခင်အဆင့်များတောင် ကြာကြာတောင့်မခံနိုင်ကြပေ။

သူတို့သည် လုံးလုံးလျားလျား ကူးစက်ခံရခြင်းမဟုတ်သည့်တိုင် ပင်ကိုယ်စရိုက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီးကြီးမားမား ရှိလာလိမ့်မည်။

ထိုအချိန်တွင် ၎င်းတို့သည် အသက်ရှင်နေသေးသော်လည်း လူသေအလောင်းနှင့်သာတူနေလိမ့်မည်။

ထို့ကြောင့် လီလော့တို့ ဖြတ်သွားသောအခါ စိတ်ပျက်လက်ပျက်ပင်လယ်ပြင်တွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခုလို ဖြစ်နေတော့သည်။

သန့်စင်သောနှင်းရည်များကိုစိုက်ပျိုး၍ စိတ်ဖောက်ပြန်ခြင်းမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးသောအခါတွင် အတိုင်းအဆမရှိ ကျေးဇူးတင်နေကြရှာသည်။ သူတို့အားလုံး အကျင့်ပျက်ခြစားမှု၏ သားကောင်အဖြစ် ကျရောက်မည်ကို ကြောက်ရွံ့နေရန် မလိုပေ။

မြစ်စောင့်မြို့ အနီးတဝိုက်ကို ရောက်ဖို့ငါးရက်ကြာခရီးနှင်ခဲ့ရသည်။ထိုအချိန်အတွင်း

အမှတ် 65,000 ရရှိခဲ့သည်။

မြစ်စောင့်မြို့ အပြင်ဘက် တောင်စောင်းတစ်ခုတွင်.......

လီလော့တို့က မြို့ကြီးကိုအဝေးမှကြည့်ကာ ပုန်းအောင်းနေခဲ့သည်။

မြို့ကြီးပြကြီးဖြစ်သည့်အတွက် အကျင့်ပျက်ခြစားမှုက ဒီနေရာမှာ ရွာငယ်လေးတွေထက် ပိုနက်ရှိုင်းနေသည်။

မြို့၏အထက်တွင် တိမ်မည်းများ ချိတ်ဆွဲကာ မြင့်မားသော ကောင်းကင်ယံတခုလုံး မှောင်မိုက်နေသည်။ သူတို့ရောက်နေတဲ့ အကွာအဝေးကနေတောင် အတွင်းထဲက အဆိုးမြင်စိတ်တွေ အာရုံစူးစိုက်မှုကို ခံစားနေရသည်။

ဆင်ခြင်တုံတရား ဆိတ်သုဉ်းသွားစေနိုင်သော တီးတိုးရေရွတ်သံများကလည်း စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်နေသည့်နှယ်.....

"ဒီနေရာက အတော်မှောင်နေတယ်"

လီလော့က မြို့ကို အဝေးကကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ဒီမှာ ကမ္ဘာခြားသက်ရှိ အရိပ်အယောင်တွေ အများကြီးရှိတယ်... ဒီမြို့ကို သန့်စင်ဖို့ လွယ်မှာမဟုတ်ဘူး... ...ကြည့်ရတာ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရမယ်ထင်တယ်...."

ကျန်းချင်းအာသည် ယခင်အတိုင်း ငြိမ်သက်နေပုံရသည်။ သူမသည်က လီလော့ ဘက်လှည့်လိုက်ပြီး....

"အခု ငါတို့ အဆင့်ဘယ်လောက်ရောက်ပြီလဲ..."

လီလော့က စိတ်ဝိညာဉ်မှန်ကိုစစ်ဆေးကာ....

"စတုတ္ထ၊ သိပ်တော့မဆိုးပါဘူး....."

"ပထမက. ..ဉာဏ်အလင်းကောလိပ်ကလန်လန်တို့အဖွဲ့... ရမှတ်က 80,000 .... အမှတ်ကွာခြားချက်က ဒီလောက်ကြီးမများသေးတဲ့အတွက် ခက်ခဲတဲ့တိုက်ပွဲတွေကို ဘယ်သူမှ မကြုံဖူးသေးဆိုတဲ့သဘောပဲ....."

"ဒါ အံ့သြစရာတော့ မဟုတ်ဘူး..."

မင်းသမီးက ပခုံးတွန့်လိုက်သည်။

"ဒါပေမယ့် တကယ့်စမ်းသပ်မှု ပထမလှိုင်းက အချိန်မရွေး ရောက်လာလိမ့်မယ်လို့ထင်တယ်......"

လီလော့ ခေါင်းညိတ်လိုက်သည်။ ၎င်းတို့အားလုံးသည် ယခုအချိန်အထိ လွယ်ကူသောကျေးရွာအချို့ကို သန့်ရှင်းရေးလုပ်ခဲ့ပြီး ကမ္ဘာခြားသက်ရှိများကလည်းအဆင့် မမြင့်မားခဲ့ကြပေ။ ယခုအချိန်မှစ၍ ၎င်းတို့သည် ရွှံနီ ပြည်နယ်သို့ ခြေတစ်လှမ်းပိုနက်လာကာ မြစ်စောင့်မြို့ ကဲ့သို့သော နေရာများသည် ပို၍အန္တာရာယ်များလာမည်ဖြစ်သည်။

နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးအဆင့် လည်း ပေါ်လာနိူင်သေးသည်။

အားနည်းသောအသင်းအချို့က ဤနေရာတွင် ရပ်တန့်သွားမည်ဖြစ်ပြီး အမှတ်ကွာဟမှုက ပိုကြီးမားလာမည်ဖြစ်သည်။

"ငါတို့ဘာဆက်လုပ်ရမလဲ?"

လီလော့က သူ့ထက် ပိုသန်မာတဲ့ မိန်းကလေးနှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။

မင်းသမီးက ကျန်းချင်းအာကိုပြုံးပြလိုက်ပြီး....

"ချင်းအာ နင် ဘယ်လိုထင်လဲ"

“ဒီမှာ အခြေအနေက ရှုပ်ထွေးတယ်...ခြေလက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေက ဒီမှာရှိတဲ့ တစ်ကောင်တည်းသော ကောင်းကင်ဘုံကပ်ဘေးအဆင့်ဆိုတာတောင် မသိရသေးဘူး.... အလျင်စလို မလုပ်သင့်ဘူးလို့ ထင်တယ်.... မြို့ထဲကို ခိုးဝင်ပြီး သတင်းရယူဖို့ ကင်းထောက်ဖို့ အကြံပြုချင်ပါတယ်...ဒါမှ.ရန်သူရဲ့အရွယ်အစားနဲ့ အနေအထားကိုကောင်းကောင်းဝေဖန်ခွဲခြားနိုင်မှာ...."

မင်းသမီးက ခေါင်းညိတ်သဘောတူသည်။

"ဒီအကြံကောင်းတယ်... သတင်းအချက်အလက်တွေက အမြဲတမ်းအရေးပါတယ်.... ဒါမှ နောကိပိုင်းဖြစ်လာမယ့်ပြသာနာတွေကိုကြိုတင်ကာကွယ်နိုင်မှာ....."

လီလော့က ခက်ခက်ခဲခဲတံတွေး မျိုချလိုက်သည်။

ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချရမယ်ဆိုတာ သူတို့ တကယ်သိတယ်..

မိုင်းတွင်းတစ်ခုလို တိမ်မည်းတွေ ကြီးစိုးနေတဲ့နေရာကို နေ့ခင်းဘက်လက်ဖက်ရည်သောက်ဖို့ စားသောက်ဆိုင် ရွေးနေသလိုမျိုး ဆွေးနွေးနေကြတယ်...တကယ်လက်လန်တယ်.......

ဒါပေမယ့် သူနှစ်ယောက်က အဲဒီလို ဆုံးဖြတ်လိုက်တဲ့အတွက် သူ့လို ခွေးလေးတစ်ကောင်က အဲဒီအကြောင်းကို အများကြီး ဝင်မစွက်ဖက်နိုက်တာကြောင့် နာခံစွာ ခေါင်းညိတ်လိုက်ရသည်။

မင်းသမီးက သူမ၏ အိတ်ကပ်ထဲမှ အနက်ရောင် တံဆိပ်သုံးခုကို ထုတ်ယူလိုက်သည်။

"ဒါတွေက ကိုယ်ပျောက်အဆောင်တွေပဲ.... ခန္ဓာကိုယ်နဲ့ တွဲထားရင် မင်းရဲ့တည်ရှိမှုကို ဖုံးကွယ်ထားနိုင်တယ်"

သူမက ပြောပြောဆိုဆိုနှင့်လီလော့တို့ကို တစ်ယောက်တစ်ခုဆီပေးလိုက်သည်။

လီလော့သည် အံ့သြဖွယ်ရာ အဆောင်ကို ဆန်းစစ်ကြည့်လိုက်သည်။

"ဒါတွေက အဖိုးတန်တဲ့ အရာတွေပဲ၊ မင်းသမီးကတကယ်ရက်ရောတယ်နော်...."

“နာမည်ကြီးကျောင်းသားနှစ်ယောက်က ငါ့ကို သူတို့အဖွဲ့ထဲဝင်ခွင့်ပေးပြီး မျက်နှာသာပေးနေမှတော့ ငါလည်းဒီလောက်တော့ရက်ရောရမှာပေါ့...."

သုံးယောက်သား ရယ်မောကြပြီး အဆောင်များကို ချိတ်ဆွဲလိုက်ကြသည်။ ချက်ခြင်းပင်၊ သူတို့ပတ်ဝန်းကျင်ရှိ အော်ရာများ သိသိသာသာ မှိန်ဖျော့လာသည်။ ၎င်းတို့ကို သာမန်မျက်စိဖြင့် မြင်နိုင်သော်လည်း၊ အော်ရာကိုအာရုံခံကြည့်ပါက အချည်းနှီးဖြစ်လိမ့်မည်။

ပြင်ဆင်မှုတွေ အဆင်သင့်ဖြစ်တော့ သုံးယောက်သား မြို့တော်ဆီဉီးတည်ခရီးနှင်ခဲ့ကြသည်။

လီလော့၏လုံခြုံရေးအတွက် ကျန်းချင်းအာ နှင့်မင်းသမီးတို့က သူ့ကိုအလယ်တွင် လုံခြုံစွာထားကြသည်။ သူတို့သည် တောင်စောင်းပေါ်ကနေ အတူတကွ ဆင်းလာပြီးနောက် ကျိုးကျနေသော လမ်းတစ်လျှောက် လျင်မြန်တိတ်ဆိတ်စွာ ရွေ့လျားကာ ပျက်စီးနေသောမြို့ရိုးကတဆင့် မြစ်စောင့်မြို့ထဲသို့ ခိုးဝင်ခဲ့ကြသည်။

All Chapters