← Chapters

အသန်မာဆုံး ခုခံရေးသမား မွေးဖွားလာခြင်း (က)

Vol. 38 Ch. 575

အသန်မာဆုံး ခုခံရေးသမား မွေးဖွားလာခြင်း (က)

Vol. 38 Ch. 575

ဤအရာမှ ကောင်းကင်နက်မျိုးနွယ်သည် မည်မျှ စွမ်းအားကြီးကြောင့် တွေ့နိုင်ပေသည်။

ယနေ့တွင် သူသည် နောက်ဆုံး၌ ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူများကို တွေ့လိုက်ရပေသည်။

စုစုပေါင်း ကောင်းကင်နက်ကျင့်ကြံသူလေးဦးကို နယ်မြေဂသို့ ပို့လိုက်သည်။

သူတို့၏ပုံပန်းသွင်ပြင်က လူသားတို့နှင့် ခြားနားသည်။

ကောင်းကင်နက်မျိုးနွယ်များသည် အနည်းငယ်သေး၍ ပိန်လှီကြသည်။ ၁၂နှစ် ၁၃နှစ်အရွယ် လူသားကလေးငယ်များ သာသာမျှသာ ရှိသည်။

သူတို့တစ်ကိုယ်လုံးသည် မီးခိုးရောင်ဖြစ်ပြီး ဦးခေါင်းက အလွန်ကြီးကာ မျက်ခွံများ မပါရှိဘဲ ဘယ်သောအခါမှ မျက်စိမှိတ်ခြင်း မရှိကြပေ။

ထို့အပြင် သူတို့၏မျက်လုံးများသည် ကြီးမားပြီး လုံးဝ နက်မှောင်နေသည်။

သူတို့၏ဆံပင်များသည် ဆူးများကဲ့သို့ ကြောက်စရာကောင်းအောင် ချွန်မြနေပြီး လက်နက်များသဖွယ် ဖြစ်သည်။

မှိန်ပျပျ ၉၀ထပ်တွင်ပင် သူတို့၏ဆံပင်များမှ စူးရှဖျော့‌တော့သော အရောင် ထုတ်လွှတ်နေသည်။

လက်ရှိတွင် သူတို့၏ခန္ဓာကိုယ်များသည် များစွာသော သံကြိုးများဖြင့် အထပ်ထပ် တုပ်နှောင်ခြင်းခံထားရပြီး သူတို့၏အမူအရာများက လုံးဝ သုန်မှုန်နေကြသည်။ သူတို့ခန္ဓာကိုယ်များသည် ညှဉ်းပန်းခံထားရသော ဒဏ်ရာများနှင့် ဇကာပေါက်ဖြစ်နေပြီး အလွန်ပြင်းထန်ကာ အရိုးများကိုပင် မြင်နေရသည်။

မ‌ရေတွက်နိုင်သော သင်္ကေတစာလုံးငယ်လေးများ ရေးထွင်းထားသော အနက်ရောင် အပ်ရှည်ကြီးများသည် သူတို့၏ဦးခေါင်းတွင် စိုက်လျက်ရှိသည်။

ရွှီချင်းက သူတို့ကို အကဲခတ်နေစဉ်တွင် ကောင်းကင်နက်မျိုးနွယ်အကျဉ်းသားများကို စောင့်ကြပ်နေသော ဓားကိုင်များသည် တစေလက်ထံသို့ အကျဉ်းသား လွှဲပြောင်းသော ဖြစ်စဉ် ပြီးဆုံးသွားခဲ့သည်။ ရွှီချင်းအကြည့်ကို သတိပြုမိပြီးနောက် တစေလက်သည် ကောင်းကင်နက်မျိုးနွယ်လေးဦးကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ယှက်သန်းလာသည်။

“ကောင်းကင်နက်မျိုးနွယ်ကို ငါတို့ဖုန်းဟိုင်ဒေသငယ်ထဲမှာ တွေ့ခဲပါတယ်”

ပြောပြီးသည်နှင့် သူသည် နယ်မြေဂထဲမှ နယ်ရုပ်များကို သူ့ဘေးသို့ ခေါ်လိုက်ပြီး ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူသုံးဦးကို ကမ္ဘာငယ်ထဲသို့ စောင့်ကြပ်ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။

နယ်မြေဂမှ ၎င်းနယ်ရုပ်များသည် ကောင်းကင်နက်မျိုးနွယ်များကိုကြည့်လိုက်ရင်း ညစ်ကျယ်ကျယ်ပြုံးလိုက်ကြပြီး သူတို့၏မျက်ဝန်းများတွင်မူ ကြမ်းကြုတ်သော အကြည့်များပင် ရှိနေကြသည်။ ထိုကဲ့သို့ ရှားပါးပစ္စည်းများက သူတို့အတွက် သေချာပေါက် အလွန်ပျော်စရာကောင်းမည်မှာ သိသာလှသည်။

“သူတို့ကို သတ်လို့မရဘူးဆိုတာ မှတ်ထားပါ။ မျိုးဆက်သစ်လေးတွေ လေ့ကျင့်ဖို့အတွက် သူတို့ကို ထိန်းသိမ်းထားရမယ်။ မင်းတို့အတွက်ပဲ တစ်ကိုယ်ကောင်း မဆန်ကြနဲ့”

တစေလက်က ကြိမ်းလိုက်သည်။ နယ်ရုပ်များက မဖြုံပေ။ သူတို့သည် ရယ်မောလိုက်ကြပြီး ကောင်းကင်နက်မျိုးနွယ်သုံးဦးနှင့်အတူ ထွက်ခွာသွားကြတော့သည်။

များမကြာမီ ရွှီချင်း၊ တစေလက်နှင့် ကောင်းကင်နက်မျိုးနွယ်တစ်ဦးတို့သာ ၉၀ထပ်တွင် ကျန်နေခဲ့တော့သည်။

“ရွှီချင်း လာခဲ့။ လျှို့ဝှက်လေ့ကျင့်ရေးတုန်းက သင်ခန်းစာက နမူနာ စမ်းသပ်စရာ မပါခဲ့ဘူး။ ဒီနေ့ မင်းရဲ့သင်ခန်းစာကို ဆက်လိုက်ရအောင်”

တစေလက်သည် လျှာသပ်လျက် ဆန့်ဆန့်ကြီး လဲနေသော ကောင်းကင်နက်မျိုးနွယ်ကို ကြည့်လိုက်သည်။ သူက ညစ်ကျယ်ကျယ်အပြုံးနှင့် လျှောက်သွားလိုက်ပြီး ကောင်းကင်နက်မျိုးနွယ်ကို မ ယူလိုက်သည်။

“ကောင်းကင်နက်မျိုးနွယ်က နေရောင် မကြိုက်ကြဘူး။ ဒါက သူတို့ရဲ့ သေစေနိုင်တဲ့ အားနည်းချက်ပဲ။ ဒါပေမဲ့လည်း ဒီစကားကြောင့် အလှည့်ဖြား မခံရစေနဲ့။ သူတို့က အလင်းရောင်ကို မခုခံနိုင်ဘူးလို့ မဆိုလိုဘူး။ အဆုံးမှာတော့ ကောင်းကင်နက်မျိုးနွယ်မှာ လတစ်စင်း ရှိနေသေးတယ်”

“အမှန်က သူတို့ကို သေစေဖို့ နေရောင်က အရမ်းကို ပြင်းနေမှ ရမယ်။ မဟုတ်ရင် အလွန်ဆုံးမှ သူတို့ကို မအီမသာ ဖြစ်စေရုံလောက်ပဲ”

ရွှီချင်းကို အသေးစိတ်ရှင်းပြနေစဉ် တစေလက်၏မျက်လုံးများသည် ရက်စက်မှုများနှင့် ပြည့်နေသည်။

“ကောင်းကင်နက်မျိုးနွယ်ရဲ့မျက်လုံးတွေကို အာရုံစိုက်ကြည့်။ မရေတွက်နိုင်တဲ့ အမှတ်အသားတွေ စုစည်းနေတယ်။ ကောင်းကင်နက်မျိုးနွယ်ရဲ့ ကျင့်ကြံတဲ့ နည်းစနစ်အများစုက မျက်လုံးနဲ့ ဆက်စပ်နေတယ်။ သူတို့က အစေခံပြုခြင်းအတတ်မှာ ဆရာတစ်ဆူပဲ”

ပြောပြီးသည်နှင့် သူက ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူ၏ မျက်လုံးကို ကိုင်လိုက်သည်။ ဝမ်းနည်းဖွယ်အော်သံများကြားတွင် သူက မျက်လုံးကို နှိုက်ထုတ်လိုက်သည်။

အနက်ရောင်သွေးများသည် နေရာအနှံပြန့်ကျဲသွားပြီး တစေလက်သည် မျက်လုံးကို ရွှီချင်းထံ ပစ်ပေးလိုက်သည်။

ရွှီချင်းက မျက်လုံးကို တည်ငြိမ်စွာနှင့် ဖမ်းလိုက်သည်။ ဂရုတစိုက်လေ့လာပြီးနောက် အနက်‌ရောင်မျက်လုံးထဲမှ မရေတွက်နိုင်သော စာလုံးသင်္ကေတများကို ရှင်းရှင်းကြီး မြင်လိုက်သည်။ ၎င်းတို့သည် ဝင်္ကပါအစီအရင်တစ်ခု ခင်းကျင်းထားသကဲ့သို့ သိပ်သည်းစွာ တည်ရှိနေသည်။

“ဒီမျက်လုံးကို မှော်ပစ္စည်းအနေနဲ့ သုံးလို့ရတယ်။ ငါက မင်းကို အမှတ်တရအနေနဲ့ ပေးလိုက်မယ်”

ရွှီချင်းက ၎င်းပစ္စည်းသည် သေချာပေါက် အဖိုးတန်သည်ကို သိရှိသည်။ သူက လက်နှစ်ဖက်ကို ယှက်၍ ဦးညွတ်ကာ ကျေးဇူးတင်မှုကို ဖော်ပြလိုက်ပြီး မျက်လုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

“ဒါက ဘာကြောင့် ကောင်းကင်နက်မျိုးနွယ်တွေရဲ့ကျင့်ကြံခြင်းနဲ့ စွမ်းရည်တွေဟာ ထူးခြားပြီး ကောင်းကင်နက်မျိုးနွယ်တွေရဲ့ နတ်အာရုံက မျိုးနွယ်တွေ အများကြီးကြား ထိပ်တန်းဖြစ်နေသလဲဆိုတဲ့ တိကျတဲ့အကြောင်းအရင်းပဲ။ သူတို့ရဲ့နတ်အာရုံက သဲလွန်စမကျန်ဘဲ သတ်နိုင်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သလို မရေတွက်နိုင်တဲ့ မျိုးနွယ်စုတွေကို ကျွန်ပြုနိုင်လောက်အောင် အရမ်းစွမ်းအားကြီးတယ်”

“ကောင်းကင်နက်မျိုးနွယ်တွေရဲ့ ကျွမ်းကျင်သူတွေဆိုရင် ဘာမှမရှိတာကနေ အရာဝတ္တုတွေ ဖြစ်တည်လာအောင် လုပ်နိုင်တယ်”

တစေလက်သည် ကောင်းကင်နက်မျိုးနွယ်ကို ဆက်လက်ခွဲစိတ်နေပြီး ရွှီချင်းကို အသေးစိတ် ပြောပြနေသည်။

“ဒါတွေကြောင့် ကောင်းကင်နက်မျိုးနွယ်ရဲ့ဦးနှောက်ထဲမှာ သလင်းဦးနှောက် ရှိလိမ့်မယ်။ ဒီအရာတွေရဲ့တန်ဖိုးက ပိုတောင် ကြီးသေးတယ်”

“သလင်းဦးနှောက်က သူတို့မျိုးနွယ်တွေ ဓာတ်နှောတွေကို စုပ်ယူပြီး ကျင့်ကြံခြင်းမှာသုံးဖို့အတွက် အဓိက သော့ချက်ပဲ။ ဒီသလင်းဦးနှောက်ကို ထုတ်ယူပြီး သူတို့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ဖူးတဲ့ လူသားတွေ ရှိခဲ့ပေမဲ့ သူတို့အားလုံး ကျရှုံးခဲ့ကြတယ်”

“ငါပြောခဲ့တာက ဒီမျိုးနွယ်ရဲ့ အခြေခံစွမ်းအားလေးပဲ။ ကောင်းကင်နက်မျိုးနွယ်က အရမ်းကြီးတာကြောင့် သူတို့မှာ မရေတွက်နိုင်တဲ့ နည်းလမ်းတွေနဲ့ စွမ်းရည်အမျိုးမျိုးရှိတဲ့ ဂိုဏ်းခွဲတွေ မိသားစုတွေ အများကြီးရှိသေးတယ်”

“ဒါတွေအပြင် သူတို့ရဲ့ဆံပင်တွေ ကျန်သေးတယ်။ ဒီဆံပင်တွေက ကောင်းကင်နက်မျိုးနွယ်ရဲ့အခြေခံအကျဆုံး လက်နက်တွေပဲ။ ဒီအရာတွေထဲမှာ အားနည်းသွားစေပြီး ဝိညာဉ်ကို ထိခိုက်စေနိုင်တဲ့ အဆိပ်တွေ ပါတယ်။ အနာဂတ်မှာ သူတို့နဲ့ ရင်ဆိုင်ရရင် မင်းက သေချာဂရုစိုက်ရမယ်”

တစေလက်က စကားဆက်ပြောလုနီးတွင် ရွှီချင်းသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် လေပြေလေးနှင့် ပြောလိုက်သည်။

“စီနီယာ အမှတ်တရအနေနဲ့ ကျနော့်ကို ဆံပင်တစ်ချောင်းလောက် ပေးလို့ရမလား”

တစေလက် ရယ်လိုက်သည်။ သူက ကောင်းကင်နက်မျိုးနွယ်၏ ဆူးသဖွယ် ဆံပင်သုံးချောင်းကို တိုက်ရိုက်ဆွဲနှုတ်လိုက်ပြီး ရွှီချင်းဆီ ပစ်ပေးလိုက်သည်။ ထို့နောက်တွင် သူသည် ကောင်းကင်နက်မျိုးနွယ်အကြောင်း ရွှီချင်းကို ဆက်ပြောပြသည်။

သူသည် ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူကို ခွဲစိတ်နေရင်းနှင့် ရိုးရှင်းစွာပြောလိုက်ပြီး နိဂုံးချုပ်လိုက်သည်။

အစမှအဆုံး ရွှီချင်းအမူအရာက ပြောင်းလဲမသွားပေ။ သူက သနားခြင်း တစက်မျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသာ အနက်ရောင်မျိုးနွယ် ဖမ်းဆီးခြင်းကို ခံရပါလျှင်လည်း ထိုကဲ့သို့ အလုပ်ခံရမည်မှာ သေချာသလောက် ဖြစ်သောကြောင့် ဖြစ်သည်။

မျိုးနွယ်စုနှစ်ခုကြား ကမ္ဘာမကြေရန်ငြိုးကို ဝမ်ကုကုန်းမြေမှ လူတိုင်း သိကြသည်။

သို့သော် ဤတစ်ကြိမ်တွင် စီနီယာတစေလက်သည် သင်ခန်းစာတစ်ခု သင်ပေးနေသည်နှင့် မတူဟု ရွှီချင်း ခံစားနေရသည်။ ထိုအစား သူက သင်ခန်းစာကို အကြောင်းပြ၍ သူ့ဝါသနာကို ဖြေဖျောက်နေသည်ဟု ထင်ရသည်။

သို့သော်လည်း ရွှီချင်းက မမြင်ချင်ယောင်ဆောင်လိုက်ပြီး အလေးအနက်သာ နားထောင်နေလိုက်သည်။

ထိုသို့နှင့် နှစ်နာရီကြာပြီးနောက် တစေလိုက်၏မကျေနပ်သေးသောအကြည့်အောက်တွင် သင်ခန်းစာ ပြီးဆုံးသွားသည်။

“စမ်းသပ်ခံနမူနာ အရမ်းနည်းတာက သနားစရာပဲ။ အခွင့်သင့်ရင် နောက်တစ်ခါ မင်းကို ထပ်ရှင်းပြမယ်”

တစေလက်က လျှာသပ်လိုက်ပြီး သေရည်ဘူးထုတ်ကာ များများ တစ်ကျိုက် ကျိုက်လိုက်သည်။ သူက သံစဉ်တစ်ခု ပျော်ရွှင်စွာ ညည်းလိုက်ပြီး ကမ္ဘာငယ်အတွင်းသို့ ဝင်သွားတော့သည်။

နယ်မြေဂတွင် ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူလေးဦး မရှိတော့သော်လည်း ထိုနေရာတွင် ရှိနေသည်။

ရွှီချင်းသည် တဖက်လူထွက်ခွာသွားသည်ကို ကြည့်လျက် လက်နှစ်ဖက်ယှက်ကာ ဦးညွတ်လိုက်သည်။

All Chapters