← Chapters

ငရဲကို ငါမှ မဝင်ရင် ဘယ်သူဝင်မလဲကွာ (ခ)

Vol. 38 Ch. 578

ငရဲကို ငါမှ မဝင်ရင် ဘယ်သူဝင်မလဲကွာ (ခ)

Vol. 38 Ch. 578

သေချာသည်က တချို့သော အကျဉ်းသားများသည် အကြိမ်ပေါင်းများစွာသေဆုံးပြီးဖြစ်ပြီး သူတို့၏ မှတ်ဉာဏ်များက လုံးဝ ပျောက်ဆုံးလုပင် ဖြစ်နေချေပြီ။ သူတို့၏ မျက်လုံးများသည် တောက်ပနေပြီး ရွှီချင်းဆီသို့ မျက်နှာမူထားကာ မထိန်းချုပ်နိုင်သော လောကစည်းမျဉ်းများ၏ စွမ်းအားကို ငှားယူကာ သတ်သေကြရန် ဆန္ဒပြင်းပြနေကြသည်။

လောကစည်းမျဉ်းများမှ သေဆုံးသွားလျှင် သူတို့က ပြန်လည် ဖြစ်တည်တော့မည် မဟုတ်ပေ။ ထိုသည်က ငြိမ်းချမ်းသွားသည်ဟု ဆိုနိုင်ပေသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ညာလက်ကို မြှောက်ကာ ဖိချလိုက်ပြီး တည်ငြိမ်စွာဖြင့် ဆိုသည်။

“လေဟာနယ်က ငါ့ကို ပိတ်ဆို့ထားတယ်။ ဘယ်သူမှ ငါ့နားကို ကပ်နိုင်မှာ မဟုတ်ဘူး”

သူပြောပြီးပြီးချင်းတွင်ပင် ထိုကမ္ဘာ၏ မမြင်ရသော လောကစည်းမျဉ်းများက သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် တုန်ရီသွားစေသည်။ များမကြာမီ ကမ္ဘာမှ အက်ကွဲသံများ ထွက်ပေါ်လာပြီး မမြင်ရသော မမြင်ရသောကြိုးမျှင်များသည် ထိုကမ္ဘာရှိ သက်ရှိသက်မဲ့ အရာအားလုံးဆီမှ ဖြာထွက်လာပြီး နောက်ဆုံးတွင် ရွှီချင်း၏ ဘေးတွင် စုစည်းသွားကြသည်။

လောက၏ စည်မျဉ်းအသစ်များ ဖြစ်တည်လာချေပြီ။

ကိုယ့်ကိုယ်ကိုယ် သတ်သေရန် စိုင်းပြင်းနေကြသော အကျဉ်းသားများသည်လည်း ချက်ချင်းပင် တားဆီးခံလိုက်ရသည်။ သူတို့သည် ရွှီးချင်းဆီသို့ ချဉ်းကပ်ရန် ခက်ခဲသွားကြပြီး ရွှီချင်းတစ်ဦးထဲ ပျံသန်းရန် ခွင့်ပြုလိုက်ရသည်။

သူတို့ ပြန်လည် ပျံသန်းနိုင်ရန် ရွှီချင်းထွက်ခွာသွားသည်အထိ စောင့်ဆိုင်းကြရပေမည်။

ထိုအရာများပြုလုပ်ပြီးနောက် ရွှီချင်းသည် အချိန်ကို တွက်ချက်လိုက်ပြီး အကြာကြီး နှောင့်နှေးနေ၍ မဖြစ်ကြောင်း သိရှိလိုက်သည်။ အံတစ်ချက်ကြိတ်လိုက်ပြီးနောက် ရှေ့သို့ လျင်မြန်စွာ တက်သွားလိုက်သည်။

လမ်းတွင် သူ၏ ခန္ဓာကိုယ်က ဆက်လက် အက်ကွဲနေသည်။ သူသည် ပို၍မြန်မြန်သွားနိုင်ရန် လောက၏စည်းမျဉ်းများကိုပင် ပြောင်းလဲခဲ့ပြီး မြေပြင်များကို သူ၏ ခြေဖဝါးအောက်တွင် စုန်းစုန်းမြုပ်သွား‌စေသည်။

နောက်ဆုံးတွင် သူသည် ကျွမ်းရှင်းမျိုးနွယ်အကျဉ်းသားများရှိရာ ကွင်းပြင်သို့ရောက်ရှိခဲ့သည်။

ထိုအရာက သူလုပ်ရမည့် ပထဆုံးအရာသာ ရှိသေးသည်။

ထိုနေရာသို့ရောက်ပြီးနောက် သူက လောကစည်းမျဉ်းများကို ချက်ချင်းပြောင်းလဲလိုက်သည်။ သူ၏ ညာလက်ကို မြှောက်၍ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် ကျွမ့်ရှင်းမျိုးနွယ်မှ အကျဉ်းသားနှစ်ဦးသည် လေပေါ်သို့ မြောက်တက်လာပြီး ရွှီချင်း၏ ရွှေ့ပြောင်းခြင်းကို ခံလိုက်ရသည်။

မည်သူတစ်ဦးတစ်ယောက်မျှမရှိသော နေရာသို့ ရောက်သောအခါ နယ်မြေ(ဃ)မှ ကျွမ်းရှင်းမျိုးနွယ်များကို လုပ်ခဲ့သည့်အတိုင်း ထပ်လုပ်လိုက်သည်။ သူ၏ ဓါတ်နှောများကို ထိုဝိညာဉ်ကျင့်ကြံသူနှစ်ဦးတွင် အောင်မြင်စွာ မျိုးစေ့ချပြီးနောက် ရွှီချင်းက တိတ်ဆိတ်သွားခဲ့သည်။

“သူတို့ရဲ့ မှတ်ဉာဏ်တွေက မဖယ်ရှားခံရဘူးဆိုရင် အင်မော်တယ်စက္ကောမအရုပ် ဖြစ်လာဖို့ ပိုခက်သွားလိမ့်မယ်။ ဒါပေမဲ့ ကျွမ်းရှင်းမျိုးနွယ်စုက မခေဘူး။ သူတို့ရဲ့ မှတ်ဉာဏ်တွေ ချက်ချင်းအဖျက်ခံလိုက်ရရင် သေချာပေါက် သံသယဝင်သွားမှာပဲ။ ဒါကြောင့် ငါ အရမ်းလုပ်လိုက်လို့မရဘူး”

ရွှီချင်းက တွေးတောပြီးနောက် ကျွမ်းရှင်းမျိုးနွယ်တစ်ဦးကို သူ၏ မူလနေရာသို့ ပြန်ပို့ပြီး အခြားတစ်ယောက်ကို အပြင်သို့ စေလွှန်ရန် ဆုံးဖြတ်လိုက်သည်။

“ငါက ဒီအတောအတွင်း လေ့လာဖို့ ဒီနေရာကို မကြာခဏ လာရမယ်။ ဒီကျွမ်းရှင်းမျိုးနွယ် မှတ်ဉာဏ်တွေ လုံးဝမပျောက်သွားခင် ငါက သူ့ကို ပြန်ပို့လိုက်ပြီး သူ့ရဲ့ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကိုပဲ ဖျက်လိုက်မယ်”

ရွှီချင်းက ထိုအရာကို လုပ်ပြီးပြီးချင်း ကျွမ်းရှင်းမျိုးနွယ်ကို မြေရိုင်းနယ်တွင် ထားခဲ့လိုက်သည်။ သူ၏ ဒုတိယမြောက်အရာကို လုပ်ပြီးခါနီးတွင် မျက်နှာပျက်သွားပြီး နောက်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

မမျှော်လင့်ဘဲ လူတစ်ဦးသည် သူနှင့် ပေ၅၀၀၀ အကွာတွင် ရောက်ရှိနေသည်။

ထိုပုဂ္ဂိုဟ်သည်လဲ နယ်ရုပ်တာအို ဝတ်စုံ ဝတ်ထားပြီး နယ်မြေ(က)မှ လူတစ်ယောက်ဖြစ်သည်။ သူသည် ရွှီချင်းကို အေးစက်စွာစိုက်ကြည့်လိုက်ပြီးနောက် မြေရိုင်းနယ်တွင်းမှ ကျွမ့်ရှင်းကျင့်ကြံသူကို ကြည့်လိုက်သည်။ ထိုသူ၏မျက်လုံးများ စူးရှသွားသည်။

“မင်းဘာလုပ်နေတာလဲ”

ရွှီချင်းက နယ်မြေ(က)မှ အစောင့်ကို ကြည့်လိုက်ပြီး သူ၏ ဝိညာဉ်သူငယ်ကျင့်ကြံဆင့် မတည်မငြိမ်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။

သူက ထိုအဖွဲ့နှင့် တွေ့ဖူးသည်။ သို့သော် သူတို့က မည်သည့်စကားလုံးမျှ ပြောင်းလဲ မသွားပေ။

ထိုလူ၏ မေးခွန်းများကို ကြားလိုက်ပြီး ရွှီချင်းက အတွေးနက်သွားသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တောင်းပန်သော အမူအရာပြလိုက်သည်။

“ကျွန်တော် စမ်းသပ်ချက် တစ်ခုလုပ်နေတာပါ”

နယ်ရုပ်က ရွှီချင်းကို အေးစက်စွာကြည့်လိုက်ပြီ မြေပြင်ပေါ်ရှိ နိုးလုဆဲဆဲ ကျွမ်းရှင်းမျိုးနွယ်ဆီသို့ အကြည့်လွှဲလိုက်သည်။

“ဒီနေရာက ငါစောင့်ကြပ်တဲ့နေရာပဲ။ မင်းက ငါ့ကို ကြိုပြီး အသိပေးသင့်တယ်။ ဒေသအကြီးအကဲက ကျွမ်းရှင်းမျိုးနွယ်စု အကျဉ်းသားတွေကို မှတ်ဉာဏ်တွေဖျက်ပြီး နာကျင်အောင်မလုပ်ဖို့ အမိန့်ထုတ်ထားတယ်။ ဒီနေ့ကိစ္စ   နောက်ဆုံးဖြစ်ပါစေ”

ထိုသို့နှင့် သူသည် ရွှီချင်းကို တားမြစ်ခြင်း မရှိတော့ဘဲ ထိုနေရာမှ ထွက်ခွာသွားသည်။

အဆုံးမှာတော့ လူတိုင်းက နယ်ရုပ်ဖြစ်သည်။ ရွှီချင်း၏ ကျင့်ကြံခြင်းသည် ဝိညာဉ်သူငယ်အဆင့်‌‌တွင် မဟုတ်သော်လည်း သူ့တွင် အကျဉ်းသားများနှင့်ရင်ဆိုင်ခွင့်ရှိနေဆဲပင်။ ထိုအရာသည် အကျဉ်းထောင်စည်းမျဉ်းများကို အနည်းငယ် ဆန့်ကျင်သော်လဲ သူတို့က တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြရန် အကြောင်းမရှိပေ။ တစ်ဖက်ကလဲ တောင်းပန်သောအမူအရာနှင့်ဖြစ်သောကြောင့် သူအနေနှင့် ထိုကိစ္စကို အကျယ် မချဲသင့်ပေ။

ရွှီချင်းသည်လည်း သူနမော်နမဲ့ နိုင်သွားသည်ကို နားလည်သည်။ သူ၏ အပြုအမူများသည် အကျိုးအအကြောင်း မဆီလျော်နေပေ။

အမှန်တွင် သူက ထိုကဲ့သို့သော အမှားမျိုးမလုပ်သင့်ပေ။ ထိုအရာသည် သူ့အနေနှင့် နယ်မြေ(ဃ)တွင် လုပ်ခဲ့ဖူးပြီးဖြစ်သည်။

သူသည် ယနေ့အတွက် ကင်းလှည့်အဖြစ် တာဝန်ကျရန် ကြိုးစားခဲ့သော်လည်း နယ်မြေနှင့် အချိန်ကို သူ့အတွက် ယခုထိ မသတ်မှတ်ပေးသေးချေ။ ထို့ကြောင့် သူက ဤနယ်မြေအတွက် တာဝန်ရှိသူကို မသိခဲ့ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် သူက မလွှဲသာ မရှောင်သာ သတိလွတ်သွားခြင်းဖြစ်သည်။

“ကျွန်တော် တောင်းပန်ပါတယ်”

ရွှီချင်း၏ အမူအရာက လေးနက်နေသည်။ သူက လက်နှစ်ဖက်ကို ယှက်ကာ ထွက်ခွါသွားသော နယ်ရုပ်ကို အရိုအသေ ပြုလိုက်သည်။

နယ်ရုပ်က ရွှီချင်းကို ကျောခိုင်းလျက် လက်ပြကာ ထွက်ခွာသွားသည်။ သူ့ရင်ထဲမှ အစိုင်အခဲ အများစုက ကွယ်ပျောက်သွားပြီး ဖြစ်သည်။

တစ်ဖက်လူ၏ ပုံရိပ်ကို မမြင်ရတော့သော အခါမှ ရွှီချင်းသည် ပြန်လှည့်ကာ ထွက်လာခဲ့သည်။ သူ၏ ဒုတိယမြောက်လုပ်စရာဖြစ်သည့် ကောင်းကင်နက်မျိုးနွယ် ကျင့်ကြံသူသုံးဦးကို ရှာကာ သူတို့၏ အလောင်းများတွင် အမှတ်အသားများ ချန်ကာ လေ့လာရပေအုံးမည်။

သို့သော်လဲ ထိုအခိုက်အတန့်တွင် သူက စိတ်ပြောင်းသွားပြီး ရှာဖွေမှု မပြုတော့ပေ။ ထိုအစား လေပေါ်ကို ပျံသန်းကာ ကမ္ဘာငယ်လေးမှ ထွက်ခွာလိုက်သည်။

သူ့အပေါ်သက်ရောက်နေသည့် ဥပ‌ဒေသများ ပျောက်ကွယ်သွားသည် ခံစားချက်ကြောင့် ရွှီချင်းက လေပူးကြီးကို မှုတ်ထုတ်လိုက်ပြီး အကျဉ်းထောင်ဌာနသို့ ပြန်သွားလိုက်သည်။

အကျဉ်းထောင်ဌာနတွင် ပြန်ပေါ်လာပြီးနောက် ရွှီချင်းက ချက်ချင်းပင် တစေလက်ကို ရှာလိုက်ပြီး သူက ဥပဒေသများကို ခုခံနိုင်ပြီး လွတ်လပ်စွာ ကင်းလှည့်နိုင်ကြောင်း ပြောပြလိုက်သည်။

အထပ်၉၀၏ ထောင့်တစ်နေရာတွင် ကျောက်ကုလားထိုင်ပေါ်တွင် လှဲလျက် အရက်သောက်နေသော တစေလက်သည် သူ၏လက်ကို မြှောက်လျက် ရွှီချင်းကို နှုတ်ဆက်လိုက်သည်။

“မြန်လှပါလား”

တစေလက်က အံအားသင့်နေပုံပင်။ သူက လက်ဟန်များ ပြုလိုက်ပြီး ပန်းချီကား ကမ္ဘာကို ညွှန်လိုက်သည်။ ချက်ချင်းပင် ပန်းချီကား ကမ္ဘာသည် အလင်းရောင် ဖျော့ဖျော့လေးကို ထုတ်လွှတ်လိုက်သည်။ မူလ ပန်းချီအတွင်းက ဝါးဝါးသာ ဖြစ်ခဲ့ပြီး မြင်ကွင်းအသစ် ဖြစ်လာသည်။

ရွှီချင်း အထဲတွင် ကင်းလှည့်နေသော မြင်ကွင်းဖြစ်သည်။

“ကောင်လေး မင်းမဆိုးဘူး.. မဆိုးဘူး”

တစေလက်က ဆက်မကြည့်တော့ပေ။ ရွှီချင်းကို တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်ပြီး သူ၏ လက်ကို ဝေ့ယမ်းလိုက်ကာ မြင်ကွင်းကို ဖျောက်လိုက်သည်။

“အရှေ့ဘက်နယ်မြေ (၁၃)ကို စောင့်ကြပ်ဖို့ မင်းကို တာဝန်ပေးလိုက်ပြီ”

ရွှီချင်းက တံဆိပ်ပြားကို ယူလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်ပြသည်။ ထို့နောက် သူက ထိုအကြောင်းကို တွေးလိုက်ပြီ ညင်သာစွာ ဆိုသည်။

“ကျွန်တော် ကျွမ်းရှင်းမျိုးနွယ်တစ်ယောက်ကို စမ်းသပ်ချက်တစ်ခုလုပ်ဖို့ သူတို့ရဲ့ သတ်မှတ်နယ်မြေ အပြင်ဘက်မှာ ထားခဲ့လိုက်တယ်”

“ဒါက အသေးအဖွဲပါ”

တစေလက်က ရယ်လျက် ပြောသည်။ သဘာဝကျစွာပင် သူက ထိုအရာအကြောင်းကို သိရှိပြီး ဖြစ်သည်။ အကျဉ်းထောင်ဦးစီးဖြစ်သည်နှင့်အညီ သူက အကျဉ်းထောင်ကမ္ဘာတွင်းရှိ ကိစ္စရပ်များကို ရှင်းလင်းစွာ နားလည်ထားသည်။ သူ၏ လက်အောက်တွင်ရှိသော နယ်ရုပ်များသည်လဲ အမှန်တကယ်တမ်းတွင် ရိုးရှင်းမှု မရှိဘဲ ကိုယ်ပိုင်ကိစ္စရပ်များနှင့် ပတ်သက်နေသော အရာများလုပ်နေကြသည်ကိုလည်း နားလည်ထားသည်။

သို့သော်လည်း အဆုံးတွင်တော့ သူတို့အားလုံးသည် အန္တရာယ်ရှိသော အကြံအစည်များ မရှိသည့် ဓါးကိုင်များသာ ဖြစ်သည်။ အလွန်ဆုံးအနေနှင့် သူတို့အကန့်အသတ်သို့ မရောက်မှီအထိသာ လုပ်ဆောင်ကြပေသည်။

သူက ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး မျက်စိမှိတ်ထားပေးသည်။

နောက်ပိုင်း၌ သူသည်ပင် တဖြည်းဖြည်းနှင့် ထိုသို့လုပ်လာရပေလိမ့်မည်။

ရွှီချင်းက ထိုအကြောင်းကို ကိုယ့်သဘောနှင့် ဖွင့်ပြောလာသည့်တွက် သူက သဘောကျနေ၏။

ထိုသည်ကို ကြည့်ခြင်းအားဖြင့် ရွှီချင်းက သူ့လုပ်ရပ် မှန်ကန်သွားသည်ကို နားလည်လိုက်သည်။

တချို့ကိစ္စများကို ထိမ်ချန်ထားရန် အကြောင်းမရှိပေ။ ထိုအစား ၎င်းသည် မလိုလားအပ်သော သံသယများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခေတ္တစဉ်းစားပြီးနောက် သူက ထပ်ပြောလိုက်သည်။

“စီနီယာ ကျွန်တော် ကောင်းကင်မျိုးနွယ်ကျင့်ကြံသူ နည်းနည်းကို ကြည့်ကြည့်ချင်တယ်”

တစေလက်က ရယ်လိုက်ပြီး ရွှီချင်းလက်ထဲမှ ကျောက်စိမ်းပြားကို ညွှန်ပြလိုက်သည်။

“နောက်ဆုံးတစ်ခေါက် ငါမင်းကို ရှင်းပြတုန်းက မင်းလုံးဝ စိတ်ဝင်စားမယ်ဆိုတာ ငါပြောရဲတယ်။ မင်းစောင့်ကြပ်ရတဲ့နေရာမှာ သွားကြည့်လိုက်…”

ရွှီချင်းက ထိုစကားကို ကြားရသောအခါ အံ့အားသင့်သွားသည်။ သူက တစေလက်ကို လေးနက်စွာ ဦးညွတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။

ထွက်ခွာသွားသော ရွှီချင်းကို ကြည့်ရင် တစေလက် သေရည်တစ်ငုံ ငုံလိုက်သည်။ သူ၏ မျက်လုံးများတွင်က ကျေနပ်မှုများ အတိုင်းသားပေါ်နေသည်။

သူသည် ရွှီချင်းကို အမှန်တကယ် သဘောကျပေသည်။ နာမကျန်းတစေကို အဆိပ်ခပ်ခြင်းဖြစ်စေ၊ သူ၏ဉာဏ်ရည်ဉာဏ်သွေးနှင့် ကျိုးနွံမှုတို့ဖြစ်စေ ထိုစိတ်နေစိတ်ထားမှာ ရှားပါးလှပေသည်။

သူ၏ ‌ရွှေအမြုတေကျင့်ကြံဆင့်နှင့် လွတ်လပ်စွာ ထောက်လှမ်းနိုင်လျှင်ပင် ရွှီချင်းက ထူးခြားနေကြောင်း အရာအားလုံးက ဖော်ပြနေသည်။

ပို၍ အရေးကြီးသည်က သူ့တွင် ပေတစ်သိန်းရှည်သော အလင်းရောင်ရှိပြီး နယ်‌မြေ(ဃ၁၃၂) ကို စောင့်ကြပ်ရန် စီမံထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူက ရှီချင်းကို ကောင်းကင်နက်မျိုးနွယ်အနည်းငယ်ရှိသော နေရာကို ကြီးကြပ်ရန် စီစဉ်ပေးခြင်းဖြစ်သည်။ တစေလက်က ထိုနောက်ကွယ်က အဓိပ္ပါယ်ကို အလွန်ရှင်းလင်းစွာ နားလည်ထားသည်။

ထို့ကြောင့် ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူအနည်းငယ် ဖမ်းချုပ်ထားသောနေရာကို ကြီးကြပ်ရန် ရွှီချင်းကို စီစဉ်ပေးထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ထိုကောင်းကင်နက်မျိုးနွယ်အကျဉ်းသားများကို ရရန် တိုက်ခိုက်ခွင့်ရှိပြီး ၎င်းမျိုးနွယ်များက တဖြည်းဖြည်းတွေ့ရန် ရှားလာသောကြောင့်ဖြစ်သည်။

သို့သော်လည်း လူသစ်ကို ပေးသည်ဟု ဆိုလျှင်ပင် နှလုံးသားစစ်ဆေးမေးမြန်းမှုတွင် ပေတစ်သိန်း အလင်းရထားသူဖြစ်သောကြောင့် မည်သူကမျှ မေးခွန်း မထုတ်နိုင်ပေ။

“ကောင်လေး မင်းက ကြိုးစားရမယ်။ ဒီအ‌ရှေ့ပိုင်းနယ်မြေ (၁၃)ဟာ ဒီနေ့မှာ ကံကောင်းမှုတစ်ခု ရှိနေတယ်”

တစေလက်က သေရည်တစ်အိုးလုံးကို မော့လိုက်ပြီး ကျောက်ကုလားထိုင်တွင် မှီလျက် သံစဉ်တစ်ခုကို တိုးတိုးလေး ညည်းလိုက်သည်။

All Chapters