မူလပြင်းထန်ကောင်းကင်ဓားမော့
Vol. 39 Ch. 579
ရွှီချင်းသည် နံရံဆေး ရေးပန်းချီ လောကထဲသို့ ပြန်ဝင်ပြီး ဆင်းသက်လိုက်သည်။
ကမ္ဘာ၏ ဥပဒေသများက ဖိနှိပ်ထားသောကြောင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ လမ်းညွှန်ချက်အရ သူက နောက်ပိုင်းတွင် စောင့်ကြပ်ရန် လိုအပ်သော နယ်မြေ(၁၃)သို့ သွားလိုက်သည်။
ထိုနယ်မြေက အလွန်ကြီးမားလှသည်။ တစေလက်က သူ့ကို ခေါ်မသွားဖူးသောကြောင့် ရွှီချင်းက ထိုနေရာကိုရောက်ရန် အချိန်ခဏယူလိုက်ရသည်။
ထိုနေရာရှိနယ်မြေတွင် အဓိကအားဖြင့် အနီရောင်မြေမျက်နှာသွင်ပြင်နှင့် ချော်ခဲများဖုံးလွှမ်းနေသော မီးတောင်များ အဓိကပါဝင်သည်။
ထိုကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူသုံးဦးကို မီးတောင်သုံးခုတွင် ခွဲကာ ဖိနှိပ်ထား၏။
သူတို့ကို နေ၏စွမ်းအားကို တုပနိုင်သော မီးတောင်များမှ ထုတ်လွှတ်နေသည့်အလင်းနှင့် အပူများကို အသုံးပြု၍ နှိပ်စက်ထား၏။
ရွှီချင်းက ပျံသန်း၍ တစ်ချက်လှည့်လည်ကြည့်လိုက်ပြီး ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူတစ်ဦးကို ထုတ်ယူကာ စစ်စစ်ပေါက်ပေါက် လေ့လာလိုက်သည်။ အသက် ၅၀၀ ရှိုက်ခန့်ကြာပြီးနောက် ရွှီချင်း၏ မျက်လုံးများက တောက်ပသွားသည်။
“အနီရောင်လရဲ့အရှိန်အဝါက သန့်စင်ရေလှိုင်းမျိုးနွယ်ထက် ပိုပြီး သိပ်သည်းတာပဲ”
ရွှီချင်း ရေရွတ်လိုက်သည်။
လက်တွေ့တွင် အရင်က တစေလက်သည် ကောင်းကင်နက်မျိုးနွယ်ကို သူ့ရှေ့တွင် ခွဲခြမ်းစိတ်ဖြာပြီး ရှင်းပြသောအခါ ရွှီချင်းက အနီရောင်လ၏ အရှိန်အဝါကို ကောင်းကင်နက်မျိုးနွယ်၏ ခန္ဓာကိုယ်ထဲတွင် အာရုံခံမိခဲ့သည်။
ထိုအရှိန်အဝါသည် သူတို့၏အနက်ရောင်သွေးမှ လာသည်။
အခုမူ သူက ထိုအရာကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
“ဒါက ငါ အနီရောင်လရဲ့အရှိန်အဝါကို သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့အလောင်းမှာ အာရုံမိတဲ့ အကြောင်းပြချက်လည်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကောင်းကင်နက်မျိုးနွယ်ရဲ့ သွေးမျိုးဆက်က သန့်စင်ရေလှိုင်မျိုးနွယ်ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်တွေထဲမှာ ပေါင်းစပ်နေတယ်ဆိုတဲ့ သဲလွန်စရှိနေလို့ပဲ”
“ဒါကို ကြည့်ချင်းအားဖြင့် ကောင်းကင်နက်မျိုးနွယ်က ယင်ဟွမ်ပြည်နယ် လီယုံကျောက်တိုင်ပေါ်က အမှတ်အသားက ကိုယ်စားပြုထားတဲ့ နတ်ဘုရားကျင့်ကြံသူတွေနဲ့ အတူတူ ဖြစ်နိုင်တာလား။ မျိုးနွယ်နှစ်ခုလုံးက အနီရောင်လထဲက မျက်လုံးကိုကာထားတဲ့ မကောင်းဆိုးဝါးနတ်ဘုရားကို ယုံကြည်ကြတာလား”
ရွှီချင်းက တက်ကြွသွားသည်။ သူ၏စတုတ္ထနတ်နန်းတော်ထဲက ခရမ်းရောင်လသည် အနီရောင်လထံမှ လုယူလာခဲ့သော အရှိန်အဝါအငွေ့အသက်တစ်ခုမှ ဖြစ်လာခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်သည်။
“ကောင်းကင်နက်မျိုးနွယ်စု”
ရွှီချင်းက တိတ်ဆိတ်သွားသည်။ သူ၏သုံ့သပ်မှုများက မှန်ကန်သင့်သည်ဟု ခံစားနေရသည်။ ထိုသည်က ကောင်းကင်နက်မျိုးနွယ်စုတွင် နေမရှိဘဲ လသာရှိသည်ဆိုသော အချက်နှင့်လည်း ကိုက်ညီနေသည်။
အချိန်များစွာ ကြာပြီးနောက် ရွှီချင်းက သူ့အတွေးများကို ထိန်းချုပ်လိုက်ပြီး ကောင်းကင်နက်မျိုးနွယ်သုံးဦးကို လေ့လာရန် အရိပ်မျက်လုံးကို ချန်ထားလျက် သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။
တစ်ချိန်ထဲတွင်ပင် သူတို့၏လှုပ်ရှားမှုများကို မှတ်တမ်းတင်ရန် ကျောက်စိမ်းပေလွှာများကို နေရာချလိုက်သည်။
ထို့နောက်တွင် ရွှီချင်းသည် စတင်တွေးတောလိုက်သည်။ သူတို့သုံးဦးကို အချင်းချင်းဆက်သွယ်ခွင့်ပြုလိုက်လျှင် အသေးစိတ်အချက်အလက်များ ပိုတွေ့နိုင်သည်။ ရိုးရှင်းစွာနှင့်ပင် ၎င်းကောင်းကင်နက်မျိုးနွယ်သုံးဦးကို မီးတောင်တစ်လုံးထဲတွင် ချုပ်ထားလိုက်သည်။
ထိုသို့စီမံပြီးနောက် ရွှီချင်းသည် လူသားမျိုးနွယ်မဟုတ်သော အခြားအကျဉ်းသားတစ်ဦးကို ဖမ်းလိုက်သည်။ သူက အောက်လမ်းတာအိုလုယက်အတတ်ကို ကြိုးစားကြည့်ချင်ပြီး အခြားတစ်ယောက်ကို ဝါးမျိုနိုင်လျှင် သူ၏ ကျင့်ကြံခြင်းက ပိုမိုတိုးတက်လာမည်လော သိလိုသည်။
ကံမကောင်းစွာနှင့်ပင် ရွှီချင်းက ထိုရာဇဝတ်သားများကို သူ၏ တိုက်ခိုက်ရေးစွမ်းအားသက်သက်နှင့် နင်းခြေပစ်နိုင်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်ကွာခြားချက်များကြောင့် အောက်လမ်းတာအိုလုယက်အတတ်အတွက် ကောင်းကောင်းသက်ရောက်မှု မရှိပေ။
ရွှီချင်းက ရွှေမြုတေအဆင့်၏ အမြုတေကို ဝါးမျိုရခြင်းက သကြားသီးများကို စားရသည်နှင့် နှိုင်းယှဉ်နိုင်သည်ဟု ခံစားရသည်။ သကြားသီးက မည်မျှပင် မာသည်ဖြစ်စေ ကိစ္စမရှိ။ သူက ဆက်ပြီး စားနိုင်သေးသည်။ အဆုံးတွင်တော့ သူတို့ပတ်ပတ်လည်တွင် သကြားအကာ ကျန်နေသည်ပင်။ ဗိုက်ထဲ ရောက်သွားသွားချင်းပင် ၎င်းတို့က အရည်ပျော်ပြီး အစာချေခံလိုက်ရမည်ဖြစ်သည်။
ဝိညာဉ်သူငယ်ကို ဝါးမျိုခြင်းအတွက် ဖြစ်သောကြောင့် ၎င်းက သကြားသီး၏ အပြင်လွှာကို သံအလွှာနှင့် ဖုံးကာထားသကဲ့သိုပင်။ အစာခြေရန်အတွက် မလွယ်ကူပေ။
ရွှီချင်းက ထိုအချက်ကို နားလည်နိုင်သည်။ မည်သို့ဆိုစေ ထိုသူများသည် မည်မျှအားနည်းကာ ကျိုးပဲ့လွယ်သည်ဖြစ်စေ သူတို့၏ကျင့်ကြံဆင့်မှာ ဝိညာဉ်သူငယ်၌ ရှိနေကြ၏။ အဆင့်ကွာဟချက်က သူ့အား အမြုတေကျင့်ကြံဆင့်အတတ်အား ပုံမှန်အတိုင်းထုတ်လွှတ်ရန် ခက်ခဲစေသည်။
၎င်းသည် ဖြေရှင်းနည်းမရှိသည်မဟုတ်သော်လည်း အတော်လေး ဒုက္ခများမြောင်စေခြင်းသာ ဖြစ်သည်။ ၎င်းသည် အမြုတေကျင့်ကြံခြင်းအဆင့်များအား ဝါးမျိုခြင်းကဲ့သို့ အဆင်မပြေခြင်းသာ ဖြစ်သည်။
ရွှီချင်းက သူ့နည်းလမ်း မှားနိုင်သည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူက လောကစဉ်းမျဉ်းများနှင့် အသားကျသည်အထိ စောင့်ဆိုင်းပြီးမှသာ ထိုပြဿနာအတွက် အဖြေရှာရန် တွေးထားလိုက်၏။ သူက အချိန်ကို တွက်ချက်ကာ ထွက်သွားရန် ပြင်လိုက်သည်။
ဒီနေ့တွင် သူက နှစ်ကြိမ်ရောက်ခဲ့ပြီ ဖြစ်သည်။ ယခုတွင် သူ၏ ခန္ဓာကိုယ်က ကမ္ဘာငယ်၏ လောကစည်းမျဉ်းများကို တောင့်ခံနေရဆဲဖြစ်ကာ သူ့အကန့်အသတ်သို့ ရောက်ခါနီးပြီ ဖြစ်သည်။
ရွှီချင်းထွက်ခွာခါနီးတွင် ပတ်ပတ်လည်မှ ကောင်းကင်၏ အသွေးအရောင်သည် ရုတ်တရက် ပြောင်းလဲသွားသည်။ ကောင်းကင်ရှိ တိမ်များနှင့် မြူခိုးများသည် ပြောင်းလဲသွားပြီး အနက်ရောင်ထုထည်ကြီး ဖြစ်ပေါ်သွားပြီး သူတို့ထဲတွင် လျှပ်စီးမျှင်များက ယှက်သန်းနေသည်။
၎င်းက ကောင်းကင်မိုးကြိုးကပ်ဘေးကဲ့သို့ပင်။
ထိုအထဲတွင် များစွာသော လျှပ်စီးမျှင်များက ယှက်သန်းနေပြီး မြေပြင်ပေါ်သို့ ကျဆင်းနေသည်။ ထိုသည်က မြေပြင်ကို ချိုင့်တွင်းများဖြစ်သွားစေပြီး ကျောက်စခဲလေးများကို နေရာအနှံ့ ပြန့်ကျဲသွားစေသည်။ ဧရိယာကမူ ဆက်လက်ပြီး ကျယ်ပြန့်နေသည်။
ရွှီချင်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ထိုမြင်ကွင်းကို မဖန်တီးခဲ့ပေ။
“တခြားနယ်ရုပ်တွေ ရောက်လာတာလား”
ရွှီချင်းက အနားသို့ ကပ်လိုက်သောကြောင့် ခန္ဓာကိုယ်က ယိမ်းသွားသည်။ သူဖြတ်သွားသော နေရာတွင်းတွင် လေနှင့်တိမ်များက လှုပ်ရှားသွားသည်။
အဝေးမှ ကြည့်လျှင် ၎င်းက ခရမ်းရောင်စွမ်းအားများနှင့် လွှမ်းခြုံထားသောကောင်းကင် ခန္ဓာကိုယ်တစ်ခု အရှိန်မြင့်စွာ အဝေးသို့ ထွက်သွားသည်နှင့် တူသည်။
ရွှီချင်းက နီးကပ်လာသည်နှင့်အမျှ ပုံရိပ်တစ်ခုသည် ကောင်းကင်ကပ်ဘေးမိုးကြိုးအောက်ရှိမြေပြင်မှ ပြေးထွက်လာသည်။ အပြာရောင်အသွေးနှင့် ခေါင်းတွင် ချိုတစ်ခုရှိသော ဒေါင်ကောင်းကောင်းနှင့် လူသားမဟုတ်သည့် မျိုးနွယ်ကောင်ပင်။
ထိုအကောင်သည် မျက်လုံးတစ်လုံးသာရှိပြီး လက်ချောင်းကိုးချောင်းစီပါရှိသော တုတ်ခိုင်သည့်လက်မောင်းကြီးများ ရှိသည်။ ထိုအခိုက်အတန့်တွင် သူသည် မိုးကြိုးများနှင့် ပြည့်နေသော ကောင်းကင်ထဲသွား ပြေးဝင်သွားပြီး သူ၏ မျက်နှာသည် စိတ်ရှုပ်ထွေးမှုများ စိတ်ဆိုးမှုများနှင့် ပြည့်နေသည်။
သူက ကပ်ဘေးကို ကျော်လွှားနေခြင်းပင်။
ထိုသည်ကို ရွှီချင်းမြင်သောအခါ ဤနေရာတွင် အခြားနယ်ရုပ်များ မရှိသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ကမ္ဘာက ပြောင်းလဲသွားခဲ့ခြင်းသည် ဤလူသားမဟုတ်သော မျိုးနွယ်ကြောင့်ဖြစ်သည်။
ထိုသတ္တဝါက လုံးဝ ထူးခြားသည်။ သူ၏ကျင့်ကြံဆင့်သည် ကမ္ဘာငယ်အတွင်း၌ အမှန်တကယ် အဆင့်တက်ခါနီးဖြစ်နေကာ စည်းမျဉ်းများအား ကောင်းကင်ကဒ်ဘေးအဖြစ် အသွင်ပြောင်းစေလျှက် သူ့အား ဖိနှိပ်လာနေစေသည်။
ဤအရာက ကမ္ဘာငယ်လေးအတွင်း ဖြစ်တောင့်ဖြစ်ခဲပင်။ ထိုအခိုက်အတန့်အတွင်း ရွှီချင်း၏ အကျဉ်းထောင်ကမ္ဘာကို နားလည်သဘောပေါက်မှုအရ ထိုသူသည် အောင်မြင်ရန်မဖြစ်နိုင်ကြောင်း သေချာနေသည်။
အကယ်၍သာ ဤကမ္ဘာ၏ ဥပဒေသများကို ဓားကိုင်ရုံးတော်က ထိန်းချုပ်မထားပါက တစ်ဖက်လူတွင် အောင်မြင်ရန်အခွင့်အရေး ရှိပေသည်။ သို့သော်လည်း သည်နေရာက ကောင်းကင်ကဒ်ဘေး၏ဖိနှိပ်မှုကို ရွှီချင်း မမြင်ဖူးသော်လည်း ၎င်းသည် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
ဤနေရာက မူလက စောင့်ကြပ်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လူသားမဟုတ်မျိုးနွယ်သည် ဤနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
သို့သော်လဲ ထိုရာဇဝတ်သားသည် ရွှီချင်း ရောက်ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“စီနီယာတစေလက်က ငါ့ကို ဒီနေရာကို လာဖို့ စီစဉ်ပေးထားတာ။ သူက ဒီကိစ္စကို သိနိုင်လား”
ရွှီချင်းက နားလည်သဘောပေါက်လာသည်။ တစ်ချိန်ထဲတွင်ပင် မိုးကြိုးကပ်ဘေးတိမ်ထဲမှ ထိတ်လန့်ဖွယ်ရာ တုန်ဟီးသံကြီးတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
မိုးကြိုးများသည် မြည်ဟီးနေပြီး ကောင်းကင်က အရောင်ပြောင်းလဲသွားသည်။ လျှပ်စီးမျှင်များသည် တိမ်များထဲမှ တက်ညီလက်ညီ ကျဆင်းနေသည်။ ၎င်းတို့သည် လူသားမဟုတ်မျိုးနွယ်ကို တိုက်ရိုက်ဦးတည်ခြင်း မရှိသော်လည်း လျင်လျင်မြန်မြန်နှင့် စုပြုံကျဆင်းနေကြသည်။
တိမ်များအောက်တွင် လျှပ်လက်ခြင်းမှ ရှည်လျားသော ဓားမော့တစ်လက် ဖြစ်ပေါ်လာသည်။
၎င်းဓားမော့သည် အဆုံးမရှိသော လျှပ်စီးများနှင့်ပြည့်နေပြီး ပြိုးပြိုးပြက်ပြက် လက်နေသည်။ ပြင်းထန်သော စွမ်းအားကြီးတစ်ခုက ကမ္ဘာပေါ်သို့ ကျဆင်းလာသည့်အလား၊ ၎င်းတွင် ကမ္ဘာငယ်လေးကို စီမံအုပ်ချုပ်နေသော ဥပဒေသများ၊ ကမ္ဘာ၏ လောကစည်းမျဉ်းများနှင့် ကောင်းကင်တာအို၏ စွမ်းအားများ ပါရှိသည်။
၎င်းသည် တာအိုလှိုင်းသံကို ထုတ်လွှတ်ထားသည်။
ဓားမော့ရောင်ချည်က ထိုအခိုက်အတန့်တွင် ကမ္ဘာ၏ အရောင်အသွေးကို ပြောင်းလဲစေ၍ ပိုမို လင်းလက်လာသည်။ ထိုအခိုက်အတန့်တွင် ကမ္ဘာသည် မှိန်ဖျော့သွားသည်။ ဓားမော့၏အလင်းရောင်သည်သာ ကမ္ဘာအတွင်း တစ်ခုထဲသော အလင်းရောင်ဖြစ်လာခဲ့သည်။
၎င်းသည် အဆုံးမရှိသော ခွန်အားနှင့် ကောင်းကင်ကြီးပြိုကွဲသကဲ့သို့ မြည်ဟိန်းပြီး လူသားမဟုတ်သောမျိုးနွယ်ကို ခုတ်ချလိုက်သည်။
ဤသည်ကား စစ်မှန်သော ကောင်းကင်ဓားမော့ဖြစ်သည်။
၎င်းသည် ခန္ဓာကိုယ်ကို သတ်ဖြတ်ခြင်းမဟုတ်ဘဲ တာအိုကို ဖြတ်တောက်ခြင်းသာ ဖြစ်သည်။
ဓားမော့သည် လူသားမဟုတ်မျိုးနွယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။
အပြာရောင်အသားအရေနှင့် လူသားမဟုတ်သောမျိုးနွယ်၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး ကြေကွဲဖွယ်ရာ အော်ဟစ်လိုက်သည်။ ထို့နောက် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
ထို့နောက် သူ၏ ဝိညာဉ်သူငယ်ကျင့်ကြံဆင့်ကို ဆက်မထိန်းနိုင်တော့ပဲ မျက်စိတစ်မှိတ်အတွင်း ပြိုကွဲသွားတော့သည်။
သူ့ကိုယ်ထဲမှ ဝိညာဉ်သူငယ်သည် ချက်ချင်းပင် မီးခိုးရောင်ပြောင်းသွားပြီး အဝေးသို့ လွင့်ထွက်သွားတော့သည်။ သူ၏ နတ်နန်တော်များက ချက်ချင်းပင် ဖျက်စီးခံလိုက်ရပြီး သူ့တာအို၏ အခြေခံအုတ်မြစ် မီးတောက်သည်လည်း ချုပ်ငြိမ်းသွားတော့သည်။ သူ၏ တာအိုအုတ်မြစ်က ပျက်စီးသွားပြီး ကျင့်ကြံခြင်းက ပျက်စီးသွားတော့သည်။
“ဒီလို မဖြစ်ရဘူးးးး”
ထိုလူသားမဟုတ်သောမျိုးနွယ်၏ အသံက နှိုင်းဆမရသော နာကျင်မှု၊ ဝမ်းနည်းပူဆွေးမှုကို ပေးသည်။ သူက ဤကမ္ဘာ၏ လောကစည်းမျဉ်းများနှင့် ဥပဒေသများအောက်တွင် ကူရာမဲ့နေသည်မှာ သိသာလှပေသည်။ သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် ဘုန်းခနဲ လဲကျသွားပြီး သေမျိုးအဖြစ်သို့ပြောင်းလဲသွားတော့သည်။ သူကား အရာအားလုံးကို ဆုံးရှုံးသွားပြီး သေလုဆဲဆဲ ဖြစ်နေပေပြီ။
ထိုအခိုက်အတန့်တွင် ရွှီချင်းသည် ရာဇဝတ်သားနှင့် သူ၏မလိုလားသော အော်မြည်သံတို့ကို လျစ်လျူရှုလိုက်သည်။ သူက တောင်ထွတ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် မျက်လုံးများလည်း ပြူးကျယ်သွား၏။ သူ့စိတ်ထဲတွင် မိုးခြိမ်းသံများ မြည်နေပြီး ပြင်းထန်သော လှိုင်းများထနေ၏။
သူက ကောင်းကင်တွင် မရေတွက်နိုင်သော လျှပ်စီးများမှ ဖြစ်တည်လာသော ကောင်းကင်ဓားမော့ကို တောက်လျောက် စိုက်ကြည့်လိုက်သည်။
ထိုဓားမော့ခုတ်ချက်က သူ၏ ခေါင်းထဲ စွဲမြဲနေသည့် တစ်ခုထဲသောအရာ ဖြစ်လာခဲ့သည်။
“ဓားမော့.. ဒီဓားမော့”
ရွှီချင်းက ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ရီလာပြီး သူ့စိတ်ထဲတွင် မုန်တိုင်းထန်သွားသည်။
သူ၏စိတ်အခြေအနေပြောင်းလဲမှုက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများကို ပြောင်းလဲသွားစေသည်။ မရေတွက်နိုင်သော တိမ်များနှင့် မြူခိုးများက သူ့အထက်တွင် ဖြစ်တည်လာပြီး တစ်ခါတစ်ရံ အက်စစ်မိုးများအဖြစ်လည်းကောင်း၊ တစ်ခါတစ်ရံတွင် လျှပ်စစ်သံလိုက်မုန်တိုင်းနှင့် တစ်ခါတစ်ရံတွင် လျှပ်စီးများအဖြစ်လည်းကောင်း ပြောင်းလဲသွားသည်။
သူရှိနေသော ထောင်ထွတ်ပတ်ပတ်လည်တွင်ပင် ထိုသို့ဖြစ်နေသည်။
တောင်၏အပြင်ဘက်ကမူ ခပ်ဝါးဝါး။ တစ်ချက်တွင် ၎င်းသည် ပင်လယ်၊ ထို့နောက် ကွင်းပြင်များ၊ တဖန် သဲကန္တာရနှင့် မီးတောင်များအဖြစ်သို့ ပြောင်းလဲနေကြသည်။
ကောင်ကင်၏အရောင်အသွေးသည် ပြောင်းလဲသွားပြီး လေနှင့်တိမ်များသည် လှုပ်ခတ်သွားကြသည်။
ကောင်းကင်ကပ်ဘေးကျော်ခြင်းတွင် ကျရှုံးသွားသည့် လူမဟုတ်မျိုးနွယ်ကျင့်ကြံသူသည်ကား ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများအောက်တွင် သဲလွန်စပင် မကျန်ပဲ ပျောက်ကွယ်သွားတော့သည်။ သူက သေဆုံးခြင်း သို့မဟုတ် ထွက်ပြေးသွားခြင်း ဖြစ်နိုင်၏။
ရွှီချင်က ထိုသူအပေါ်တွင် အာရုံမစိုက်တော့ပေ။ သူ၏အလုံးစုံသော အာရုံတို့က ကောင်းကင်မိုးကြိုးကပ်ဘေး၏ ဓားမော့အပေါ်တွင် စူးစိုက်နေသည်။
၎င်းကောင်းကင်မိုးကြိုးကပ်ဘေးဓားမော့က တဖြည်းဖြည်းနှင့် ထိုနေရာအတွင်း ပျောက်ကွယ်သွားလျင်ပင် ၎င်းက ရွှီချင်း၏စိတ်ထဲတွင် ပိုမိုရှင်းလင်းလာခဲ့သည်။
ဤဓားမော့ခုတ်ချက်က ရတနာရှာစခန်းနောက်ရှိ တားမြစ်ကောင်းကင်တာအိုကျောင်းတော်မှ သူမြင်ဖူးသော ဓားမော့တိုက်ခိုက်မှုနှင့် ဆင်တူနေသည်ဟု ခံစားနေရသည်။
ထိုအရာကို စဉ်းစားမိသည်တွင် ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ရီလာသည်။
“ဖြစ်နိုင်တာက…”
အတိတ်က ပြင်းထန်ကောင်းကင်ဓားမော့ကို ဖန်တီးသော အနှိုင်းမဲ့ကျွမ်းကျင်သူက ယနေ့ခေတ် တာအိုသတ်ဖြတ်ခြင်းကောင်းကင်ဓားမော့ကို ဖန်တီးသူနှင့်တူညီသည်ဟု သုံ့သရသည်။
သို့သော်လည်း အနီးကပ် ကြည့်ရှုသည်တွင် ကွာခြားမှုများရှိနေသည်။
တာအိုဘုံကျောင်း၏ အဆုံးမဲ့ကောင်းကင်ဓားမော့သည် ကျင့်ကြံသူတစ်ဦး၏ ဓားမော့ဖြစ်ပြီး ဤဓားမော့သည် မိုးကြိုးကပ်ဘေးဓားမော့ဖြစ်သည်။
ထိုနှစ်ခုသည် အရင်းခံတစ်ခုမှ လာလုနီးပါးဖြစ်ပြီး တူညီကြသည်။ ကွာခြားမှုသည် ပါဝင်သော တာအိုစာလုံးမျှသာဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ချက်၏ လားရာများက ကွာခြားနေရခြင်းပင်။
ပထမတစ်ချက်သည် ရုပ်အကောင်အထည်ကို တိုက်ခိုက်သည်ဖြစ်ပြီး နောက်တစ်ချက်သည် တာအိုကိုဖြစ်သည်။
“တကယ်လို့ ငါက ဒီနားလည်မှုကို ပြင်းထန်ကောင်းဓားမော့နဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင်…”
ရွှီချင်း၏ မျက်လုံးများက လက်သွားပြီး အသက်ရှူသံပင် အနည်းငယ်မြန်လာခဲ့သည်။
သူ၏ညာလက်ကို အလိုလိုမြှောက်လိုက်မိပြီး စိတ်ကူးထဲမှ ဓားမော့ခုတ်ချက်ကို ပုံတူကူးလိုက်သည်။ သူ၏ ညာလက်သည်လဲ ဝေ့ယမ်းသွားပြီး ကမ္ဘာ၏ ဥပဒေသများမှ ဖြစ်ပေါ်လာသော တာအိုသတ်ဖြတ်ခြင်းဓားမော့ကို အသုံးပြုချင်လာသည်။
သို့သော်ငြားလဲ ရွှီချင်း၏ နားလည်မှုစွမ်းရည်က အံသြဖွယ်ကောင်းလှသည်ဆိုလျှင်ပင် တစ်ချက်ထဲနှင့် အောင်မြင်သွားရန်က မဖြစ်နိုင်ပေ။
အသက်ရှူချိန် ဒါဇင်ခန့်ကြာပြီးနောက် ကောင်းကင်ရှိ လျှပ်စီးများမှ ဖြစ်ပေါ်လာသော ကောင်းကင်ဓားမော့ပုံရိပ်သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ ရွှီချင်း၏ ခေါင်းထဲတွင် ပေါ်နေသော ဓားမော့ပုံရိပ်သည်လည်း တဖြည်းဖြည်း ဝေဝါးသွားတော့သည်။
အဆုံးတွင်တော့ ရွှီချင်းက မည်မျှပင် မပျောက်ကွယ်သွားစေချင်သည်ဖြစ်စေ ထိုပုံရိပ်ကို ထိန်းသိမ်းထားရန်က ခက်ခဲဆဲဖြစ်ပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
သူ၏ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ၎င်းဓားမော့ချက်ကို ကောင်းကင်တွင် ပြန်ပေါ်လာရန် ကြိုးစားခဲ့သော်လည်း ထိရောက်မှု မရှိပေ။
ရှင်းလင်းစွာပင် ထိုကောင်းကင်မိုးကြိုးဓားမော့ဖြစ်တည်မှုသည် သူ၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေသည်။
သို့သော်လည်း ရွှီချင်းက လက်မလျှော့ပေ။ ချက်ချင်းပင် မျက်လုံးတို့ကို မှိတ်လိုက်ပြီး စတင်၍ ဆင်ခြင်တော့သည်။
အတိတ်က တစေအင်ပါယာတောင်ကုန်းရှေ့တွင် နားလည်သဘောပေါက်ခဲ့သကဲ့သို့ သူ၏ စိတ်ထဲမှ ဓားမော့ပုံရိပ် ပျောက်ကွယ်နေမှုကို နှေးကွေးသွားရန် အစွမ်းကုန်အားထုတ်လိုက်ပြီး ပြန်လည်မှတ်မိရန် အကောင်းဆုံး ကြိုးစားနေတော့သည်။
မျက်စိတမှိတ်အတွင်း အသက်ရှုချိန်တစ်ရာခန့် ကုန်ဆုံးသွားသည်။
ရွှီချင်းက သူ၏ နီရဲနေသော မျက်လုံးများကို ဖွင့်လိုက်သည်။ ခေါင်းကို မော့လိုက်ပြီး ပုံမှန်ပြန်ဖြစ်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် နူးညံ့စွာ စိုက်ကြည့်လိုက်သည်။
သူ၏ သုံ့သဆင်ခြင်မှုက ကျရှုံးခဲ့သည်။
တစ်ဖက်တွင် ကောင်းကင်ဓားမော့ ပေါ်လာချိန်က အလွန်တိုတောင်းလှသည်။ အခြားတစ်ဖက်တွင်က ကမ္ဘာငယ်လေးအတွင်း သူ၏ အကန့်အသတ်ကို ရောက်ရှိနေပြီဖြစ်သည်။ သူ့အခြေအနေက မကောင်းတော့ပေ။
ဤကောင်းကင်ဓားမော့၏ အဆင့်သည်လည်း အတော်မြင့်ပေသည်။ အဆင့်တစ်ခုတွင် ၎င်း၏ မူလပုံစံဖြစ်သော ပြင်းထန်ကောင်းကင်ဓားမော့အဖြစ် မြင်တွေ့နိုင်ပေသည်။
ထိုအရာအားလုံးက သူ့ကို အောင်မြင်ရန် အလွန်ခက်ခဲသွားစေသည်။
“ငါ အတော်လေး လောနေတယ်”
ရွှီချင်းက ရေရွတ်သည်။ သူ၏ ရှုံးနိမ့်မှုကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ လေပေါ်သို့ ပျံတက်လိုက်ပြီး ကမ္ဘာငယ်လေးကို စွန့်ခွာလိုက်တော့သည်။
သူထွက်လာချိန်တွင် သက်တောင့်သက်သာဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက နွမ်းနယ်မှုကို ခံစားလိုက်ရသည်။
ကမ္ဘာငယ်လေးမှ ထွက်လာချိန်တိုင်း သူက ထိုကဲသို့ ခံစားရပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံချင်းက လုံလောက်အောင်မမြင့်သေးသလို ကမ္ဘာ၏ လောကစည်းမျဉ်းများ ဖိအားကလဲ ကြီးမားလှသောကြောင့် ဖြစ်သည်။
သို့သော်လည်း သူက ထိုအရာများကို ဂရုမစိုက်ပေ။ ခွဲခြမ်းစိတ်ဖြာမှုပြုနေသောကြောင့် အာရုံစူးစိုက်နေမှုက မျက်လုံးထဲတွင် အထင်းသားပေါ်နေသည်။
“တကယ်လို့ ငါက ဒီဓားမော့ခုတ်ချက်ကို နားလည်ချင်ရင် ဒီခုတ်ချက် အကြိမ်အနည်းငယ်ပေါ်လာအောင် ငါလုပ်ရမယ်။ ငါက သက်တောင့်သက်သာအခြေအနေမှာ ရှိပြီးတော့ ရှုပ်ထွေးစေတဲ့အရာတွေကနေ လုံးဝ လွတ်မြောက်နေရမယ်”
“ဒါမှသာ တာအိုသတ်ဖြတ်ခြင်းကောင်းကင်ဓားမော့ကို နားလည်ဖို့ ဖြစ်နိုင်လိမ့်မယ်”
ရွှီချင်းက အတွေးနက်သွားသည်။ သူ၏ခေါင်းက အောက်ကို ငုံ့နေပြီး သူ့စိတ်ထဲတွင် ရှိနေသော လားရာကို ကမ္ဘာငယ်လေးအောက် ကြည့်နေသည်။
“ငါက ကောင်းကင်အင်ပါယာဓားမော့ရဲ့ ခုတ်ချက်နှစ်ခုကို ဆုပ်ကိုင်မိပြီ။ တကယ်လို့ ငါသာ တာအိုသတ်ဖြတ်ခြင်းကောင်းကင်ဓားမော့ကို နားလည်သွားရင် ဒီခုတ်ချက်က ငါ့ရဲ့ တတိယမြောက် ခုတ်ချက် ဖြစ်လာလိမ့်မယ်”
ရွှီချင်း ဒေသငယ်မြို့တော်သို့ရောက်ပြီးနောက် သူက အပြင်ထွက်ခြင်း ပြင်းထန်ကောင်းကင်တာအိုဘုံကျောင်းကို ရှာဖွေခြင်းများ မလုပ်ခဲ့ပေ။ ထို့ကြောင့် ပြင်းထန်ကောင်းကင်ဓားမော့ခုတ်ချက် အရေအတွက်က တိုးမလာခဲ့ပေ။
ထို့အပြင် သူက ပြင်းထန်ကောင်းကင်ဓားမော့ခုတ်ချက်ကို ဆင်ခြင်ရန် အခြေအနေကို နားလည်၏။ ပြင်းထန်ကောင်းကင်တာအိုဘုံကျောင်းအများစုမှာ ပျက်စီးသွားကြပြီဖြစ်သည်။
အဆုံးတွင်တော့ တစ်စုံတစ်ယောက်က တစ်ကြိမ်အောင်မြင်ပြီးပါက ၎င်း၏အကျိုးသက်ရောက်မှုမှာလည်း ပျက်စီးသွားပေလိမ့်မည်။
ထိုအချက်ကြောင့်ပင် ပြင်းထန်ကောင်းကင်ဓားမော့ခုတ်ချက်များကို စုစည်းရန်က အလွန်ခက်ခဲသည်ဟု ဆိုလိုသည်။ တစ်စုံတစ်ယောက်က နားလည်သဘောပေါက်ခြင်းမရှိသေးသော တာအိုကျောင်းတော်ကို ရှာတွေ့ရန်အခွင့်အရေး သို့မဟုတ် နားလည်သဘောပေါက်ထားသူတစ်ဦးကို သတ်ရန်လိုအပ်သည်။
ရွှီချင်းက အကျဉ်းထောင်ဌာနသို့ ပြန်သွားလိုက်သည်။
“ငါက အခု ဓားခန်းဆောင်ကို ပြန်သွားအုံးမှာ မဟုတ်ဘူး”
နံရံဆေးရေးပန်းချီကမ္ဘာမှ ထွက်လာသော အခိုက်အတန့်တွင် ရွှီချင်းသည် နောက်ပြန်လှည့်ပြီး ကမ္ဘာငယ်လေးထဲမှ မြင်ကွင်းကို ကြည့်လိုက်သည်။
သူ၏မျက်ဝန်းများက ဆုံးဖြတ်ချက်ပြတ်သားရိပ် ပေါ်လာသည်။ ရိုးရှင်းစွာဖြင့်ပင် အထပ် ၉၀က ထောင့်တစ်ထောင့်ကို ရှာလိုက်ပြီး ထိုင်လျှက်သား ကျင့်ကြံလိုက်တော့သည်။
လေးနာရီမျှကြာပြီးနောက် နယ်ရုပ်များက ကမ္ဘာငယ်သို့ တစ်ယောက်ပြီး တစ်ယောက် အဝင်အထွက် ပြုနေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်က ခရမ်းသလင်းကျောက်၏ သွေးလှည့်ပတ်မှု အောက်တွင် ပုံမှန်ပြန်ဖြစ်သွားသည်။
သူက အချိန်ဆွဲမနေပေ။ သူက မတ်တပ်ရပ်လိုက်ပြီး ဥပဒေသဖိအားများကို တောင့်ခံရင်း ကမ္ဘာငယ်လေးတွင်းသို့ ထပ်ဝင်လိုက်သည်။