← Chapters

ဉာဏ်အလင်း၊ မိုဆာဆော(ခ)

Vol. 39 Ch. 581

ဉာဏ်အလင်း၊ မိုဆာဆော(ခ)

Vol. 39 Ch. 581

“မင်းဘယ်သူ့ကို စောင့်နေတာလဲ…”

သက်လတ်ပိုင်းအရွယ်ဓားကိုင်က မျက်မှောင်ကြုတ်လျက် ဖြည်းညှင်းစွာ မေးသည်။

နင်ယန်သည် တွန့်ဆုတ်နေသော်လည်း ရွှီချင်းအမည်ကို ထုတ်မပြောခဲ့ပေ။ လက်ရှိတွင် သူက တဖက်လူ အမှန်တကယ် လာရောက်မည် ဟုတ်မဟုတ် သေချာမနေပေ။ သူ အမည်ကို ထုတ်ပြောလိုက်ပြီးမှ တဖက်လူ မလာပါက ဟာသဖြစ်သွားပေလိမ့်မည်။

ထို့အပြင် တစ်ချိန်ထဲတွင် သူက ထိုလူများနှင့် အရံအဖွဲ့ဝင် စစ်ဆေးအကဲဖြတ်မှုကို ခံယူနေရသည် ဖြစ်သည်။ အရံအဖွဲ့ဝင် ထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်သည် ဖြစ်သောကြောင့် မလွှဲမရှောင်သာ တချို့သော ပဋိပက္ခများ ရှိနေသည်။

ထိုအခိုက်အတန့်တွင် လူအုပ်ထဲ၌ လူငယ်သုံးဦးနှင့် စိတ်အားထက်သန်နေသော လူငယ်များ ရှိနေသည်။ သူနှင့် ကတောက်ကဆ ဖြစ်ထားသူများလည်း ရှိနေသည်။

ထိုသူများသည် နင်ယန် စိတ်ရှုပ်ထွေးနေသည်ကို မြင်နေပြီး ထောက်ခံသူကို ပြောမပြသည်တွင် သရော်ခြင်းများ မျက်နှာပေါ်တွင် ပေါ်လာသည်။ ထိုအမူအရာက မသိသာသော်လည်း နင်ယန် မြင်လိုက်ပေသည်။

၎င်းအမူအရာက နင်ယန်ကို အနည်းငယ် မသက်မသာ ဖြစ်သွားစေသည်။

သူတို့ထဲက တစ်ဦးဆိုလျှင် ကြိတ်၍ပင် ရယ်လိုက်သေးသည်။

“အရံအဖွဲ့စစ်ဆေးအကဲဖြတ်မှုရဲ့ ပထမ ဖြစ်ချင်နေပေမဲ့ သူ့ကို ထောက်ခံပေးဖို့ ဘယ်သူမှမလာဘူး။ ငါတို့ စရိုက်လက္ခဏာကို မြင်ရပြီ”

နင်ယန် တိတ်ဆိတ်သွားသည်။

သက်လတ်ပိုင်းဓားကိုင်သည် ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ရှိနေသည်။ သွေးဆူနေသော လူငယ်များ၏စကားလုံးများကို သူက ဂရုမစိုက်ပေ။ ထိုကဲ့သို့သော လူအများအပြား ရှိနေသည်။ အဆုံးတွင်တော့ လူတိုင်းတွင် စရိုက်လက္ခဏာမျိုးစုံ ရှိနေသည်။ တချို့က ဒဲ့တိုးဆန်စဉ် တချို့က မျှော်လင့်ချက်မဲ့နေကြသည်။

သို့သော် ဓားကိုင်တစ်ယောက် ဖြစ်လာပြီးနောက် သူတို့အားလုံး ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် သူက နင်ယန်၏ကိုယ်ရေးအကျဉ်းကို လှန်လှောကြည့်လိုက်သည်တွင် ယင်ဟွမ်ပြည်နယ်မှ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက အံ့အားသင့်စွာ ခေါင်းမော့လိုက်ပြီး နင်ယန်ကို ကြည့်သည်။

“မင်းက ညီအစ်ကိုရွှီချင်းနဲ့ ပြည်နယ်တစ်ခုထဲကပဲ”

နင်ယန် ခေါင်းညိတ်ပြသည်။

သူနှင့် ရန်စရှိသော အရံအဖွဲ့ဝင် သုံးဦးထဲမှ တစ်ဦးက ပျက်ရယ်ပြုသည်။

“အလင်းပေ ၁သိန်းရှိတဲ့ အစ်ကိုကြီးရွှီချင်းက တစ်ယောက်ယောက်ကို ထောက်ခံမပေးချင်ရင် အဲဒီတစ်ယောက်က သေချာပေါက် တစ်ခုခုမှားနေတယ်ဆိုတာ သိသာနေပြီ”

“အစကတည်းက ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ”

“မင်းတို့ကောင်တွေ သေချင်နေတာပဲ”

နင်ယန့်မျက်နှာက မည်းမှောင်နေပြီး ဝေ့ကြည့်လိုက်သည်။ တဖက်လူသည် သူ့ကို ကြိမ်ဖန်များစွာ ရန်စခဲ့သည်။ ထို့အပြင် သူသည် ထိုအခိုက်အတန့်တွင် စိတ်ရှုပ်နေခဲ့သည် ဖြစ်သောကြောင့် သူ့နှလုံးသားထဲမှ ရန်လိုခြင်းတို့သည် ထိန်းချုပ်မရဘဲ ပွင့်ထွက်လာတော့သည်။

“ဘာကြောင့်လဲ ဟုတ်လား။ မင်းက ငါတို့နဲ့ ဒီနားမှာ တိုက်ခိုက်ချင်နေတာလား”

လူငယ်သုံးဦးသည် နင်ယန်ကို ခပ်စိမ်းစိမ်း ကြည့်လိုက်ကြသည်။ သူတို့က နင်ယန်ကို ဒေါသထွက်စေချင်နေကြသည်။

နင်ယန်က အံတင်းတင်းကြိတ်နေပြီး သူ၏မျက်လုံးထဲမှ ဒေါသများသည် တဖြည်းဖြည်း မြင့်တက်လာသည်။

မှတ်တမ်းဌာနမှ သက်လတ်ပိုင်းဓားကိုင်ကမူ ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်လိုက်သည်။ အရံအဖွဲ့ဝင် စစ်ဆေးအကဲဖြတ်ချိန်တွင်း အလားတူပုံစံမျိုး ဖြစ်ပျက်လေ့ရှိသည်။ အဆုံးတွင်တော့ လူအများကြီးရှိသော‌ နေရာသည် အလိုလို ပဋိပက္ခဖြစ်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူက တည်ကြည်စွာ ပြောလိုက်သည်။

“မင်းတို့ တိုက်ခိုက်ချင်ရင် အပြင်ကို သွားကြ”

လူငယ်သုံးဦးသည် ထိုစကားကြားသောအခါ လေပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ကြသည်။ သူတို့ထဲက တစ်ဦးက နင်ယန်ကို လက်ညှိုးထိုးလျက် ပြောသည်။

“မင်းက ငါတို့ အာရုံစိုက်တာ ခံချင်နေတာမလား။ ထပ်ပြီး ချရဲလား”

“မင်းပြောတာ မှားနေတယ်။ ဘာလို့ နင်ယန်က မရဲရမှာလဲ။ သူက သူ့ရဲ့ထောက်ခံသူကို စောင့်နေတာကြောင့် ငါတို့နဲ့ မချနိုင်လောက်ဘူး။ ဟုတ်လား နင်ယန်။ ငါက မင်းငြင်းဖို့ အကြောင်းပြချက် တစ်ခုတောင် စဉ်းစားပြီးသွားပြီ”

တခြားလူငယ်က ပြုံးလျက် ပြောသည်။

အေးစက်သော အကြည့်တစ်ချက် နင်ယန့်မျက်လုံးများတွင် လက်သွားသည်။ သူက ပျံထွက်လုနီးတွင် တည်ငြိမ်သော အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။

“နင်ယန် ငါက ကိစ္စလေးတစ်ခုကြောင့် နှောင့်နှေးနေပြီး နောက်ကျသွားတယ်”

အသံတစ်ခုထွက်ပေါ်လာပြီး အဝေးကောင်းကင်မှ ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်။

နေရောင်အောက်၌ ၎င်းပုဂ္ဂိုဟ်၏ ဆံပင်ရှည်များသည် လေထဲတွင် လွင့်မြောနေသည်။ သူ၏အဖြူရောင်တာအိုဝတ်စုံသည် နှင်းထက် ပိုဖြူနေသည်။ သူ၏ခန့်ညားသောရုပ်ရည်နှင့် တွဲဖက်လိုက်သော် မြင်သူတိုင်းက အလိုလို အာရုံစိုက်မိ သွားကြသည်။

ထိုသူသည် ရွှီချင်း ဖြစ်သည်။

ရွှီချင်းသည် တစ်စုံတစ်ခုကို လွယ်လွယ်နှင့် လက်မခံပေ။ သူ လက်ခံပြီးလျှင် သေချာပေါက် လုပ်မည် ဖြစ်သည်။

နင်ယန်ကို ထောက်ခံပေးရန် သဘောတူပြီးဖြစ်သောကြောင့် သူက ရှည်ရှည်ဝေးဝေး စဉ်းစားနေလိမ့်မည် မဟုတ်ပေ။ ဤအတောအတွင်း သူသည် တာအိုသတ်ဖြတ်ခြင်းဓားကို နားလည်သဘောပေါက်ရန် အလုပ်ရှုပ်နေသောကြောင့် နောက်ကျသွားခြင်းဖြစ်သည်။

နင်ယန်ကို သဘောမကျသောကြောင့် သူက မသက်မသာ ခံစားနေရဆဲ ဖြစ်သော်လည်း ခေါင်းဆောင်သည် ထိုသူက အသုံးဝင်သည်ဟု မှတ်ချက်ပေးထားသောကြောင့် ရွှီချင်းက သူ့အား လေ့လာကြည့်ရန် တွေးထားသည်။

သူ ရောက်ရောက်ချင်း မှတ်တမ်းဌာနရှိ အရံအဖွဲ့ဝင် အားလုံး၏နှလုံးများက တုန်ခါသွားကြသည်။ သူတို့၏မျက်လုံးများသည် လေးစားမှုများ ပြသလိုက်ကြပြီး တပြိုင်နက်ထဲ နှုတ်ဆက်လိုက်ကြသည်။ နင်ယန်နှင့် ကတောက်ကဆ ဖြစ်ထားသော လူငယ်သုံးဦးသည်လည်း ထိတ်လန့်သွားကြ၏။ သူတို့သည် အလျင်စလို ခေါင်းငုံ့လိုက်ကြပြီး လက်လွတ်စပယ် ဆက်မလုပ်ရဲကြတော့ပေ။

လက်ရှိ၌ ဓားကိုင်နန်းတော်တွင် ရွှီချင်း၏ဂုဏ်သတင်းက မသေးဘဲ သူသည် ဤအပတ်စဉ်၏ အံ့ဖွယ်ပါရမီရှင်အဖြစ် သိကြသည်။ သူက ၎င်းအပတ်စဉ်၏အခြားသော အံ့ဖွယ်ပါရမီရှင်များနှင့်ပင် ကောင်းမွန်သောဆက်ဆံ‌ရေး ရှိသည်။ တစ်ဦးကို ရန်စခြင်းသည် လူတိုင်းကို ရန်စခြင်းနှင့် ညီမျှသည်။

ထို့အပြင် လက်ရှိတွင် သူတို့အားလုံးသည် အ‌‌ရေးကြီးသောနေရာများကို တာဝန်ယူထားကြကာ သူတို့၏ကိုယ်ပိုင်အင်အားစုများရှိနေပြီး မည်သူမျှ သူတို့ကို ဆန့်ကျင်လိုစိတ်မရှိကြပေ။

မှတ်တမ်းဌာနမှ ဓားကိုင်သည်လည်း မတ်တပ်ရပ်ကာ ရယ်မောလျက် သူ့ကို ကြိုဆိုလိုက်သည်။

အတိတ်တွင် ရွှီချင်း၊ ခုန်ရှန်းလုံနှင့် အခြားသူများ ဓားကိုင်ရုံးတော်ရှေ့တွင် ယောင်မိသားစုနှင့် ရင်ဆိုင်နေရစဉ် ၎င်းဓားကိုင်သည် မြောက်များစွာသော ဓားကိုင်များထဲတွင် ပါလာသူတစ်ဦး ဖြစ်သည်။ သူသည် ရွှီချင်းနှင့် တစ်ကြိမ်မျှသာ ဆုံဖူးပြီး ရွှီချင်းနှင့် အခြားသူများ လုပ်ခဲ့သောအရာကို သိသည်။ သူက ထိုသူတို့ကို အလွန် လေးစားအားကျသည်။

နင်ယန်သည် ပို၍ပင် စိတ်လှုပ်ရှားနေသည်။ သူက လျင်မြန်စွာ ရှေ့တိုးလာသည်။ သူ့အတွက် ရွှီချင်းအသံသည် သဘာဝအသံကဲ့သို့ဖြစ်ပြီး သူ၏ရုပ်ပုံသည် သက်တံ့ကဲ့သို့ ဖြစ်သည်။ သူ့စိတ်ခံစားချက်လှုပ်ခတ်မှုများကြောင့် ပို၍ပင် ကျေးဇူးတင်စိတ်များ ဖြစ်လာနေသည်။

ရွှီချင်းက နင်ယန်ကို ခေါင်းညိတ်ပြသည်။ ထို့နောက် သူက လက်သီးဆုပ်လျက် သက်လတ်ပိုင်းဓားကိုင်ကို ပြန်နှုတ်ဆက်လိုက်သည်။

“အစ်ကိုကျိုးကို ဒုက္ခပေးမိပြီ။ ကျွန်တော် ဒီကို လာတာက နင်ယန်ကို ထောက်ခံပေးဖို့ပါ”

သတ်လတ်ပိုင်းဓားကိုင်သည် ရွှီချင်း သူ့မျိုးရိုးနာမည် ခေါ်လိုက်သည်ကို ကြားလိုက်သောခါ သူ့မျက်လုံးများက ချက်ချင်း လက်သွားသည်။ သူ့ကိုယ်သူတွေးလိုက်မိသည်က ဤပုဂ္ဂိုဟ်သည် ခုန်ရှန်းလုံနှင့် တခြားလူတို့၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်က သူ၏ပေ၁သိန်း အလင်းကြောင့်ချည်းမဟုတ်ဘဲ သူ၏ပုံစံနှင့် အပြုအမူတို့ကြောင့်လည်း ပါပေသည်။

ထိုအချိန်က များစွာသောဓားကိုင်များ ပြစ်ဒဏ်ခန်းမသို့ သွားရောက်ခဲ့ကြသည်။ ယောင်မိသားစုပြဿနာပြီးဆုံးသွားပြီးနောက် အချင်းချင်းမိတ်ဆက်ကြသေးသော်လည်း အချိန်ကား တိုတောင်းလွန်းလှသည်။

ထိုကဲ့သို့ အခြေအနေတွင် သူ၏မျိုးရိုးနာမည်ကို မှတ်မိခြင်းက စွမ်းရည်တစ်ခုဖြစ်သည်။

ထို့ကြောင့် သူက ရယ်မောရင်း ပြောလိုက်သည်။

“ညီအစ်ကို ရွှီချင်းရဲ့ထောက်ခံပေးမှုက ဒီနင်ယန်မှာ သင့်တော်မှန်ကန်တဲ့ စရိုက်ရှိတယ်လို့ ဆိုလိုတာပဲ”

ထိုသို့ပြောပြီးနောက် သူသည် ချက်ချင်းပင် နင်ယန်ကို အောင်မြင်ကြောင်း စာရင်းသွင်းလိုက်သည်။ ထို့နောက် သူက နင်ယန်ကို လေးနက်စွာ ကြည့်လိုက်သည်။

“နင်ယန် မင်းက ဓားကိုင်ဖြစ်လာပြီးရင် မင်းရဲ့အလုပ်ကို တာဝန်ကျေဖို့ ငါမျှော်လင့်တယ်။ ညီအစ်ကိုရွှီချင်းကို မျက်နှာမပျက်စေနဲ့”

နင်ယန်က သွက်လက်စွာ ခေါင်းညိတ်လိုက်သည်။

ရွှီချင်း အကြာကြီး မနေပေ။ ‘ကျိုး’ ဟူသော မျိုးရိုးနာမည်နှင့် ဓားကိုင်ကို စကားအနည်းငယ်ပြောပြီးနောက် အနီးဝန်းကျင်ရှိ လူတိုင်း၏ရိုသေလေးစားသော အကြည့်များအောက်တွင် နှုတ်ဆက်ထွက်ခွာသွားတော့သည်။

All Chapters