← Chapters

ဉာဏ်အလင်း၊ မိုဆာဆော (ဂ)

Vol. 39 Ch. 582

ဉာဏ်အလင်း၊ မိုဆာဆော (ဂ)

Vol. 39 Ch. 582

သူသည် နားလည်သဘောပေါက်မှုကို ဆက်လက်ဆင်ခြင်ရန် အကျဉ်းထောင်ဌာနသို့ ပြန်သွားနေရဆဲ ဖြစ်သည်။

သူ ပြန်ရောက်ပြီး အကျဉ်းထောင်ဌာန၏ ၉ထပ်ကို ဖြတ်သွားရသောအခါ လှေကားပေါ်သို့ ရောက်ရောက်ချင်း ရုံးတော်သခင်၏တင်းမာနေသောအသံကို အဝေးမှ ကြားလိုက်ရသည်။

“သူများတွေက ကောင်းကင်လက်ရွေးစင်လို့ခေါ်လို့ မင်းကိုယ်မင်း ထူးခြားလှပြီ ထင်မနေနဲ့။ ငါ့မျက်လုံးထဲမှာတော့ မင်း ခုန်ရှန်းလုံဆိုတာ မနူးမနပ် ဓားကိုင်အသစ်လေးပဲ”

ရွှီချင်း သူ့ခြေလှမ်းများကို ရပ်လိုက်ကာ ကြည့်လိုက်သည်။ ခုန်ရှန်းလုံသည် ထောင့်ချိုးတွင် ခေါင်းငုံ့လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်ရပ်နေသည့် ရုံးတော်သခင်သည် တင်းမာသောအမူအရာနှင့် အေးစက်စွာကြိမ်းမောင်းနေသည်။

“တခြားသူတွေ မျက်လုံးထဲမှာ မင်းက ထူးခြားနေရင်တောင် မင်းက  ဓားကိုင်တွေရဲ့ စည်းမျဉ်းကို မလိုက်နာဘဲ ပုဂ္ဂိုဟ်ရေးအကြောင်းပြချက်တွေနဲ့ အလုပ်ပျက်တာတွေ များနေပြီ။ အနှေးနဲ့ အမြန် မင်းက ဘေးဒုက္ခ ဖြစ်စေလိမ့်မယ်။ ဒါကို နားလည်လား”

ရုံးတော်သခင်အသံက ဒေါသတချို့ ပါနေသည်။

“ဓားကိုင်ရုံးတော်က ပန်းပွင့်လေးတွေကို ပျိုးထောင်တဲ့နေရာ မဟုတ်ဘူး။ ပြီးတော့ စည်းမျဉ်းမလိုက်နာတဲ့သူတွေကိုလည်း အလိုမရှိဘူး။ မင်းရဲ့ လှည့်ကွက်သေးသေးလေးတွေပေါ်မှာ မှီခိုနိုင်မယ် ထင်ရင်တော့ ဒီမှာ ဒုက္ခရောက်ပြီပဲ…”

ရွှီချင်း ထိုမြင်ကွင်းကို မြင်သောအခါ ခုန်ရှန်းလုံ အကျဉ်းသားများလွှဲပြောင်းစဉ် ကိုယ်‌‌ရေးကိုယ်တာကိစ္စဆောင်ရွက်ခဲ့ခြင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး ရုံးတော်သခင် ကြိမ်းမောင်းသည်ကို ခံနေရခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူသည် နောက်တကြိမ် အကျဉ်းထပ်ချခြင်း ခံရနိုင်သည်။

“ရုံးတော်သခင်က အစ်ကိုခုံကို ဘာလို့ အမြဲစောင့်ကြည့်နေတာလဲ”

ရွှီချင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း တဖက်လူသည် ဒေါသထွက်သင့်ကြောင်း နားလည်သည်။ ထို့ကြောင့် ခေါင်းငုံ့လိုက်ပြီး ၁၀ထပ်မြောက်သို့ လျှောက်သွားလိုက်သည်။

သို့သော်လည်း သူ လှေကားထစ်သို့ မဆင်းနိုင်မီ ခုံရှန်းလုံက ပြန်ငြင်းလိုက်သည်။

“ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ ကျွန်တော်က တာဝန်ကို ပြီးမြောက်အာင်လုပ်ပြီး ပစ္စည်းကို ရခဲ့တယ်။ ဒါက နှစ်ရက်လေးပဲ နောက်ကျတာပါ။ ဒီနစ်နာသူတွေအသက်က အန္တရာယ်ရှိနေတယ်။ ဒီလိုအကြပ်အတည်းမှာ သူတို့ကို ထားခဲ့ဖို့ လိုလို့လား”

“အရိုသေတန်လှချည်လား”

ရုံးတော်သခင်က အေးစက်စွာ နှာမှုတ်လိုက်သည်။ ၎င်းအသံသည် နေရာစုံမှာ ကျယ်လောင်စွာ မိုးခြုန်းလိုက်သကဲ့သို့ ပတ်ဝန်းကျင်မှ နယ်ရုပ်များကို ထိတ်လန့်သွားစေသည်။ ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြန်လှည့်ကြည့်လိုက်သည်။

ခုန်ရှန်လုံသည် လက်မခံချင်သော အမူအရာနှင့် ခေါင်းမော့လိုက်သည်။ ရုံးတော်သခင်၏ဒေါသများက ပြင်းထန်လာပြီး မျက်လုံးများက အေးစက်သော အကြည့် ထုတ်လွှတ်နေသည်။

“မင်း အခု အတော်လေးစွမ်းနေပြီပေါ့ ဟုတ်လား။ မင်းက ဘယ်လိုအာခံရမယ်ဆိုတာ တတ်လာပြီပေါ့။ မင်း ဒီလိုဖြစ်ချင်ရင် ဒေသငယ်မြို့တော်က ထွက်သွားလိုက်။ နေရာသေးသေးလေးရှာပြီး မင်းရဲ့သူရဲကောင်းဆန်မှုကို ကိုယ့်ဘာသာကိုယ် အထင်ကြီးပျော်မွေ့နေလိုက်။”

ခုံရှန်းလုံ၏ခန္ဓာကိုယ်က တုန်ရီနေသည်။ အချိန်အကြာကြီး ကြာပြီးနောက် သူ့ခေါင်းကို ငုံ့လိုက်သည်။

“မင်းဓားကိုင်တစ်ယောက် ဖြစ်လာတုန်းက ပထမဆုံး ငါပြောခဲ့တဲ့စကားကို မှတ်မိလား”

ရုံးတော်သခင်က ခုံရှန်းလုံကို ကြည့်သည်။

“ဓားကိုင်တွေအနေနဲ့ ကျွန်တော်တို့အားလုံးဟာ လူသားမျိုးနွယ်ရဲ့ ထက်ရှတဲ့ ဓားတစ်ချောင်းဖြစ်တယ်။ ကျွန်တော်တို့က လူသားမျိုးနွယ်အတွက် သေပေးဖို့ အမြဲတမ်း ပြင်ဆင်ထားရမယ်”

ခုံရှန်းလုံက ကျယ်လောင်စွာ ပြောသည်။

ရွှီချင်းသည် ၎င်းဝါကျနှင့် ရင်းနှီးနေသည်။ အတိတ်က ၈၉ထပ်တွင် ရုံးတော်သခင်ကို ပထမဆုံးတွေ့ရစဉ် တစ်ဖက်လူပြောသော ပထမဆုံးစကားသည် အတူတူပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရုံးတော်သခင်၏စကားလုံးတို့သည် လေးနက်မှုတို့နှင့် ပြည့်နေသည်။

“အနာဂတ်မှာ မင်းက စက်ဆုပ်ဖွယ် ပြစ်မှုတွေမှာ မဟုတ်ဘဲ စစ်မြေပြင်မှာ သေသွားဖို့ ငါမျှော်လင့်တယ်”

“မင်းရဲ့အကျင့်စရိုက်အရ မင်းကို အကွက်ချဖို့ မခဲယဉ်းဘူး။ အစောင့်တွေ သူ့ကို နှစ်လလောက် ချုပ်ထားလိုက်။ ဒီအတောအတွင်း ဘယ်သူ့ကိုမှ ဧည့်တွေ့ခွင့်မပေးနဲ့”

နန်းတော်သခင်သည် သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး လှည့်ထွက်သွားသည်။ ရွှီချင်းကို ဖြတ်သွားသောအခါ သူက စူးစူးဝါးဝါး ကြည့်သည်။

“မင်းက ဘာကြည့်တာတုန်း။ ဃ၁၃၂ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ပြီလား။ နယ်မြေဂကို နားလည်သဘောပေါက်မှု ပြီးဆုံးပြီလား။ မြန်မြန် သွားစမ်း”

“ဟုတ်ကဲ့…”

ရွှီချင်း ခေါင်းငုံ့လိုက်ပြီး သွက်လက်စွာ ထွက်ခွာသွားသည်။

သူ မထွက်ခွာမီ ခုံရှန်းလုံကို ကြည့်လိုက်သည်တွင် တဖက်လူသည်လည်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။

ရွှီချင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အထပ်၉၀သို့ အလျင်စလို ထွက်ခွာသွားတော့သည်။ ရုံးတော်သခင်၏တင်းကြပ်မှုကြောင့် သူက ခံစားချက်များနှင့် သက်ပြင်းချလိုက်စဉ် အတွေးနက်သော အကြည့်တစ်ချက် သူ့မျက်လုံးများတွင် ပေါ်လာသည်။

“ရုံးတော်သခင်က ငါ နားလည်သဘောပေါက်အောင် ဆင်ခြင်နေတာကို သိနေတာလား”

အကျဉ်းထောင်ဌာနတစ်ခုလုံးကို ထိန်းချုပ်နေသော ရုံးတော်သခင်အတွက် သူ သိချင်သည့်အရာ မှန်သမျှကို ရှာတွေ့ရန် မခက်ကြောင်း ရွှီချင်း နားလည်သည်။

သို့သော် အကျဉ်းထောင်ဌာန၌ အရာများစွာဖြစ်ပျက်နေသည်ပင် ရုံးတော်သခင်က သူ့လှုပ်ရှားမှုများကို သိရှိနေဆဲဖြစ်သည်။ ထိုသည်က ရုံးတော်သခင်သည် သူ့ကို အာရုံစိုက်နေသည်ဟု ဆိုလိုသည်။

ရွှီချင်း ၉၀ထပ်သို့ရောက်သောအခါ အတွေးထဲတွင် နစ်မြောသွားသည်။ အထဲဝင်လိုက်သည်တွင် သူက ထိုနေရာ၌ ထိုင်သောက်နေသော တစေလက်ကို ချက်ချင်းသတိပြုမိလိုက်သည်။ ရွှီချင်းကို မြင်သောအခါ တစေလက် ပြုံးလိုက်သည်။

“မင်းက သေချာပေါက် ရုံးတော်သခင် ကြိမ်းမောင်းတာ ခံလာရပြီပဲ။ ငါက ဒီကနေတောင် အော်သံကို ကြားလိုက်ရတယ်”

ရွှီချင်း ခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ဤတစ်ခေါက်တွင် အကြိမ်းခံရခြင်းက မထိုက်တန်ဟု ယူဆနိုင်သည်။

“ရုံးတော်သခင်ရဲ့အကျင့်စရိုက်က ဒီလိုပဲ။ သူက လူတိုင်းကို တင်းကြပ်နေတာ။ အထူးသဖြင့် သူ့ကိုယ်သူပဲ”

တစေလက်က သေရည်အိုးတစ်အိုး ထုတ်ယူလိုက်ပြီး ပြုံးလိုက်သည်။

“သူက မင်းကို တင်းကြပ်လေ သူက မင်းကို ပိုဂရုစိုက်လေပဲ”

ရွှီချင်းက သူ၏ယခင်မှန်းဆချက်များကို ပြန်တွေးသည်။

“ရုံးတော်သခင်မှာ တပည့်တစ်ယောက်မှ မရှိဘူး။ သူ့မျိုးဆက်တွေကလည်း တိုက်ပွဲမှာ ကျသွားကြပြီ။ ဒါ့ကြောင့် သူက ထူးချွန်တဲ့ ဓားကိုင်တွေကို အရမ်း အာရုံစိုက်တာပဲ။ မင်းနဲ့ ခုံရှန်းလုံလိုပေါ့”

တစေလက်က ခံစားချက်များနှင့် သက်ပြင်းချလိုက်ပြီး သေရည်တစ်ကျိုက် ကျိုက်လိုက်သည်။

“သူ့မျိုးဆက်တွေ တိုက်ပွဲကျသွားတာလား”

ရွှီချင်းက တစေလက်ကို ကြည့်လိုက်သည်။

“ဟုတ်တယ်။ အသစ်လေးတွေကတော့ ဒီအကြောင်း မသိကြဘူး။ ဒါပေမဲ့ လူအိုကြီးတွေအများစုကတော့ သိကြတယ်။ ရုံးတော်သခင်မှာ သားနှစ်ယောက်ရှိခဲ့ပြီး နှစ်ယောက်စလုံးက ဓားကိုင်တွေပဲ။ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပါရမီထူးကြတယ်”

“ဒါပေမဲ့ တစ်ယောက်က သန့်စင်ရေလှိုင်းမျိုးနွယ်ထဲ ခိုးဝင်တဲ့ တာဝန်မှာ ကျဆုံးသွားခဲ့တယ်။ သူက အသက်ရှင်လျက် အဖမ်းမခံချင်လို့ အဆုံးစီရင်ခဲ့တာ။ တခြားတစ်ယောက်က သူများအကွက်ချတာ ခံလိုက်ရတာ”

တစေလက် သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ရွှီချင်း တိတ်ဆိတ်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး ၈၉ထပ်အထက်သို့ ကြည့်လိုက်သည်။ အချိန်များစွာကြာပြီးနောက် သူသည် တစေလက်ကို ဦးညွတ်လိုက်ပြီး နံရံဆေးရေးပန်းချီများဆီသို့ လျှောက်သွားကာ ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

အ‌ရှေ့နယ်မြေ၁၃တွင် လိုအပ်ချက်များနှင့်ကိုက်ညီသော ရာဇဝတ်သားလေးဦး ရှိနေပေပြီ။ သို့သော် လွန်ခဲ့သော သုံးရက်က နယ်မြေဂမှ အခြားနယ်ရုပ်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များနှင့် ကိုက်ညီသော လူအချို့ကို သူ့နယ်မြေမှ ရာဇဝတ်သားများနှင့် လဲလှယ်ခဲ့သည်။

ထိုအခိုက်၌ သူသည် မီးတောင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိနေပြီး ကောင်းကင်ကို မော့ကြည့်နေသည်။ ကမ္ဘာတုန်ခါလာသောအခါ ကောင်ကင်ဓားမော့သည် တဖန် ပေါ်လာသည်။

ရွှီချင်းအမူအရာက တည်ငြိမ်နေသည်။ လက်ရှိတွင် သူသည် ယခင်ကကဲ့သို့ စိတ်လှုပ်ရှားမနေတော့ပေ။ ထိုအစား သူက အေးဆေးနေသည်။ သူသည် တိတ်ဆိတ်စွာကြည့်နေရင်း နားလည်သဘောပေါက်အောင် ဆင်ခြင်နေကာ ၎င်းအရာကို သူ၏စိတ်ထဲတွင် တိတ်ဆိတ်စွာ ပုံပွားနေသည်။

ဓားမော့အရိပ်များသည် ထပ်ခါထပ်ခါ သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသည်။

သို့သော် တစ်ကြိမ်ပြိးတစ်ကြိမ် တဖန် ပျောက်ကွယ်သွားသည်။

ထိုသို့ဆိုလျှင်ပင် ရွှီချင်း ဇွဲကောင်းကောင်းဖြင့် ကြိုးစားနေဆဲဖြစ်သည်။

All Chapters