ဉာဏ်အလင်း၊ မိုဆာဆော (ဃ)
Vol. 39 Ch. 583
လဝက်ခန့်ကြာပြီးနောက် ကြိမ်ဖန်များစွာ နားလည်သဘောပေါက် ဆင်ခြင်မှုအပြီးတွင် သူလဲလှယ်နိုင်သည့် လူသားမဟုတ်သော မျိုးနွယ်အကျဉ်းသား အနည်းငယ်သာ ကျန်တော့သည်။
ရွှီချင်းက အကျဉ်းသားများကို အဆင့်ချိုးဖျက်စေ၍ ကောင်းကင်ကပ်ဘေးဓားမော့ ဆွဲဆောင်ခြင်းအား ဆက်မလုပ်တော့ပေ။ ထိုအစား ဓားမော့ကို သူ၏စိတ်ထဲတွင် ပြန်လည်စဉ်းစားပုံဖော်ပြီး ဓားမော့လှုပ်ရှားမှုကို ပုံတူပွားရန် ကြိုးစားနေသည်။
သူ့စိတ်ထဲတွင် အတော်လေးထင်ရှားသော ဓားမော့ပုံရိပ်သည် နောက်ဆုံး၌ ပေါ်လာခဲ့သည်။ သူသည် ၎င်းပုံရိပ်ကို ဂရုတစိုက် ထိန်းသိမ်းပြီး ထင်ရှားလာစေရန် ဖြည်းဖြည်းချင်း ကြိုးစားနေခဲ့သည်။
၎င်းဖြစ်စဉ်သည် အနှိုင်းမဲ့ ထက်ရှသော ဓားတစ်ချောင်းကို သွန်းလုပ်ရသကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ်အတိပင်။
တဖြည်းဖြည်းနှင့် ဓားမော့သည် ထက်ရှသော အလင်းတစ်ချက် ထုတ်လွှတ်လိုက်သည်။ အမှန်တွင် ထိုအခြေအနေ၌ ရွှီချင်းသည် ၎င်းကို ရပ်တန့်လိုက်နိုင်ကြောင်း သိသည်။
သို့သော် ထိုအခိုက်အတန့်၌ ဓားမော့အပေါ် သူ၏နားလည်သဘောပေါက်မှုသည် အံ့အားသင့်ဖွယ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည် သူ မျှော်မှန်းထားသကဲ့သို့ တာအိုကို ပိုင်းဖြတ်နိုင်သော ဓားမော့မဟုတ်ကြောင်း အာရုံခံမိသည်။ ထိုအစား ၎င်းသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုသာ ပိုင်းဖြတ်နိုင်သည်။
“ငါထင်ထားတာနဲ့ မတူဘူးပဲ..”
ရွှီချင်း တိတ်ဆိတ်သွားပြီး ၎င်းကို မရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် ဆက်လက် တုပခဲ့ပြီး သူ၏သိစိတ်ပင်လယ်ထဲမှ ဓားမော့ပုံရိပ်ကို ထင်ရှားလာစေရန် ဆက်လက် ကြိုးစားခဲ့သည်။ သူ ဆက်လက်၍ နားလည်သဘောပေါက်ရန် ဆင်ခြင်နေလျှင် မည်သို့ဖြစ်လာမည်ကို မြင်ချင်နေသည်။
တစ်ခါတရံတွင် နည်းလမ်းမှားနေလျှင် သွန်းလုပ်သည့် အချိန် တိုတောင်းပါက အဆင်ပြေသော်လည်း သွန်းလုပ်ချိန် ကြာမြင့်နေလျှင် ရရှိလာမည့်အရာသည် ထက်ရှနေသော ဓားတစ်ချောင်းမဟုတ်ဘဲ သံတိုသံစများသာ ဖြစ်လိမ့်မည်။
ထို့ကြောင့် လဝက်ခန့်အကြာ နားလည်သဘောပေါက်ရန် ထပ်ခါ ထပ်ခါ ဆက်လက် ဆင်ခြင်နေစဉ် သူ၏စိတ်သည် ရုတ်တရက် တုန်ခါလာသည်။ သူ၏သိစိတ်ပင်လယ်ထဲတွင် ပုံတူပွားနေသော ဓားမော့ခုတ်ချက်သည် ပြိုကွဲနေဆဲပင် ဖြစ်သည်။
သူသည် ထိုအရာပေါ်တွင် အချိန်ကြာမြင့်စွာ သွေး၊ ချွေးများနှင့် ရင်းနှီးထားသောကြောင့် ဓားမော့ပုံရိပ် အပိုင်းပိုင်းအစစ ကွဲထွက်သွားသောအခါ ရွှီချင်းခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ရီသွားပြီး ပါးစပ်နှင့်အပြည့် သွေးများ အန်ထုတ်လိုက်ရသည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ..”
ရွှီချင်းအမူအရာက စိတ်ဓာတ်ကျနေသည်။ သူက လက်မခံနိုင် ဖြစ်နေသည်။
ကောင်းကင်ပြင်းထန်ဓားမော့ဖြစ်စေ တစေအင်ပါယာတောင်ကုန်းဖြစ်စေ အလွန် ခက်ခဲသည်ဟု သူ မခံစားခဲ့ရပေ။ ထို့အပြင် သူသည် နားလည်သဘောပေါက်မှု ပုံရိပ်ကို အစောပိုင်းတွင် အလွန် ထင်ရှားနေခဲ့သော်လည်း အဆုံး၌ တချို့သော အကြောင်းရင်းများကြောင့် ၎င်းအရာက ပြိုကွဲသွားသည်။
ထိုသည်မှာ သူသည် ဓားမော့ခုတ်ချက်၏အပေါ်ယံကိုသာ ပုံတူပွားနိုင်ခဲ့ပြီး နက်နဲစွာ မတုပနိုင်ခဲ့သောကြောင့် ဖြစ်သည်။
“ငါ့နည်းလမ်း မှားနေတာလား”
ရွှီချင်း တိတ်ဆိတ်သွားသည်။ သူသည် မျက်လုံးများကို မှိတ်လျက် အတွေးနက်သွားသည်။
အချိန်များစွာ ကြာမြင့်ပြီးနောက် ထိုနည်းလမ်းအတိုင်း ဓားမော့ခုတ်ချက် နားလည်သဘောပေါက်မှုအပေါ် လက်လျှော့လိုက်သည်။ ထိုအစား သူသည် တာအိုအငွေ့အသက် ပြင်းထန်နေပြီး ဓားမော့ခုတ်ချက် ကျဆင်းလာပြီးနောက် တာအိုအုတ်မြစ် ပျက်စီးသွားသော ရာဇဝတ်သားများကို ပြန်လည်အောက်မေ့လိုက်သည်။
မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ဆက်၍ ပေါ်နေသောကြောင့် ရွှီချင်းခန္ဓာကိုယ် ရုတ်တရက် တုန်ရီလာကာ မျက်လုံးများ ပွင့်လာသည်။
“ငါ့ ဦးတည်ချက် မှားနေတာလား!”
“ငါ့ရဲ့ အရင်က နားလည်သဘောပေါက်မှုတွေက အရင်နည်းလမ်းအပေါ်မှာ အခြေခံထားပေမဲ့ ဒီနည်းလမ်းတွေ အကုန်လုံးက ခန္ဓာကိုယ်နဲ့ ဝိညာဉ်အပေါ် အခြေခံထားတာပဲ။ ဥပမာ ကောင်းကင်ပြင်းထန်ဓားမော့က ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပြီး တစေအင်ပါယာတောင်ကုန်းက ဝိညာဉ်ကို ဖိနှိပ်တာပဲ”
“ဒါက နားလည်သဘောပေါက်မှု အစစ်အမှန် မဟုတ်ဘူး။ ဒါက ပုံတူပွားတာလေးပဲ။ ဒီတစ်ကြိမ်မှာ ငါလိုအပ်နေတာက အစစ်အမှန် နားလည်သဘောပေါက်မှုပဲ”
“ဒီလောကရဲ့စည်းမျဉ်းတွေကြောင့် ဖြစ်တည်လာတဲ့ တာအိုသတ်ဖြတ်ခြင်းဓားမော့က ကောင်းကင်ကဒ်ဘေးဓားမော့ မဟုတ်ဘဲ ကောင်းကင်တာအိုဓားမော့ပဲ”
“ပိုနက်နဲတဲ့ အဆင့်မှာ ဒီအရာက ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်မှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ဖို့ လောကစည်းမျဉ်းတွေကို အသုံးပြုလိမ့်မယ်”
“ဒီဓားမော့ခုတ်ချက်ရဲ့ အဓိကအချက်က ပိုင်းဖြတ်ဖို့ မဟုတ်ဘဲ ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ချီကို ကျင့်ကြံသူတွေကို ငြင်းပယ်စေပြီး သူ့ဘာသာသူ ပြိုကွဲသွားစေတာပဲ”
“ဒီခုတ်ချက်.. မဟုတ်ဘူး.. ဒီလှုပ်ရှားမှုက အမိန့်တော်တစ်ခုနဲ့ ပိုတူနေတာပဲ”
ရွှီချင်း အသက်ရှူမြန်လာပြီး လေးနက်သော အကြည့်တစ်ချက်က သူ့မျက်လုံးများတွင် ပေါ်လာသည်။
“အမိန့်တော်က ဝိညာဉ်ချီကို အမိန့်ပေးပြီး ကျင့်ကြံသူတွေကို ငြင်းပယ်စေတာလား”
“ဘယ်လိုတောင် လုပ်လိုက်တာလဲ”
အဖြေတစ်ခုက ချက်ချင်း သူ့ခေါင်းထဲ ပေါ်လာသည်။
ဝိညာဉ်စွမ်းအင်သည် အနှစ်သာရ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဝိညာဉ်စွမ်းအင်ကို ဓာတ်နှောများ တည်ရှိမှုကဲ့သို့ ကိုင်တွယ်မိလျှင် ထိုသူ၏အရှိန်အဝါသည် ဝိညာဉ်စွမ်းအင် ဖြစ်မည်လား.။
ရွှီချင်းသည် ဤကမ္ဘာငယ်အပြင်ဘက်ရှိ မူလကောင်းကင်တာအိုလေးခုကို တွေးလိုက်မိသည်။ သူတို့၏အကြည့်များသည် နေနှင့်လ ဖြစ်ပေါ်စေရန် စုစည်းခဲ့ကြပြီး လောကနိယာမနှင့် စည်းမျဉ်းများ ဖြစ်လာခဲ့သည်။
“ဝိညာဉ်စွမ်းအင်ဟာ နိယာမတွေကလာပြီး နိယာမတွေဟာ ကောင်းကင်တာအိုက လာတာလား”
ရွှီချင်း ရေရွတ်လိုက်ပြီး ထူးဆန်းသော အကြည့်တစ်ချက် သူ့မျက်လုံးများတွင် ပေါ်လာသည်။
ထောင်သားများသည် ကမ္ဘာငယ်လေးထဲတွင် အကျဉ်းချခံရပြီးနောက် ကမ္ဘာငယ်၏ကျုးကျော်ခြင်းနှင့် ချေဖျက်ခြင်းတို့ကို ခံလိုက်ရပြီး ၎င်းကမ္ဘာနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားကြသည်။ ထို့ကြောင့် ဤကမ္ဘာငယ်၏ နိယာမများသည် သူတို့၏ ကျင့်ကြံခြင်းများကို ပျောက်ကွယ်စေနိုင်ခြင်း ဖြစ်သည်။
“ဒါ့ကြောင့် ကောင်းကင်တာအိုက အမိန့်တော်တစ်ခုနဲ့ ပိုင်းဖြတ်စေဖို့ နိယာမတွေကို အသုံးပြုတဲ့အခါမှာ ဒီခုတ်ချက် ဖြစ်လာတာပဲ”
“ဒါဆို ကောင်းကင်တာအိုက ဘာလဲ”
အတွေးနက်နေသော အကြည့်တစ်ချက်သည် ရွှီချင်းမျက်လုံးများတွင် ပေါ်လာသည်။ အချိန်များစွာ ကြာပြီးနောက် သူသည် အသက်ပြင်းပြင်းရှူ၍ မတ်တပ်ရပ်လိုက်ပြီး ကမ္ဘာငယ်လေး အပြင်ဘက်သို့ ထွက်ခွာသွားတော့သည်။ ကုန်းမြေ၏အပြင်ဘက်သို့ ရောက်သောအခါ လေဟာနယ်ထဲတွင် ရပ်တန့်လိုက်ပြီး အလင်းအကာအရံအပြင်ဘက်ရှိ ကြီးမားသော မူလကောင်းကင်တာအိုကြီးလေးခုကို ငုံ့ကြည့်လိုက်သည်။
သူသည် လေးလေးနက်နက် စေ့စေ့စပ်စပ် စူးစမ်းလိုက်သည်။ သူ၏သိမြင်နားလည်မှုကိုပင် ဖြန့်ကျက်လိုက်ပြီး သူ့ကိုယ်သူ လုံးဝ မြှုပ်နှံလိုက်တေ့ာသည်။
အချိန်သည် ကုန်ဆုံးလာပြီး ခုနစ်ရက် ကြာပြီးနောက် ရွှီချင်းသည် နားလည်သဘောပေါက်မှု လှိုင်းများကို ခံစားလာရသည်။
ဤကောင်းကင်တာအိုလေးခုသည် ရုပ်ဝတ္တုပစ္စည်းများ မဟုတ်ကြပေ။ သူတို့၏တည်ရှိမှုများသည် ရှင်သန်နေသည်ဟု ထင်ရသော်လည်း မဟုတ်ကြပေ။ သူတို့သည် သေဆုံးနေသည်ဟုထင်ရသော်လည်း မဟုတ်ကြပြန်ပေ။
“ဒီလိုတည်ရှိမှုတွေက သူတို့ ကိုယ်ပိုင်စိတ်ဆန္ဒ မရှိကြဘူး’
ဤအရာသည် ရွှီချင်း၏တွေ့ရှိချက် ဖြစ်သည်။ တစ်ချိန်ထဲတွင် ၎င်းသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်က နတ်မိမယ်ကျစ်ရွှမ်ကို သူမေးခဲ့စဉ် ရခဲ့သော အဖြေလည်း ဖြစ်သည်။
၎င်းအဖြေသည် ရွှီချင်းကို ဝမ်ကုကုန်းမြေအကြောင်း သတိပေးလိုက်သည်။
သူ၏နားလည်မှုအရ ဝမ်ယုကုန်းမြေ၏နိယာမများကို ဆုပ်ကိုင်ထားနိုင်သော ကျွမ်းကျင်သူများသည် ဤကောင်းကင်တာအိုဓားမော့အတတ်ကို ဝမ်ယုကုန်းမြေတွင်လည်း ထုတ်ဖော်နိုင်ကြသည်။ သို့သော် အလွန် ခက်ခဲပေသည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာငယ်၏ကောင်းကင်တာအိုသည် ဓားကိုင်ရုံးတော်က ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က ၎င်းကို အသုံးချနိုင်ခြင်းဖြစ်သည်။
သို့သော်လည်း ဝမ်ယုကုန်းမြေ၏ကောင်းကင်တာအိုကို ထိန်းချုပ်ထားသောသူ ရှိမနေသင့်ပေ။
တစ်စုံတစ်ဦး၏ထိန်းချုပ်မှုမပါဘဲ ကောင်းကင်တာအို၌ ကိုယ်ပိုင်အသိစိတ် ရှိလိမ့်မည်မဟုတ်ပေ။ ၎င်းတွင် နိယာမများမှ ဖြစ်ပေါ်လာသော ပင်ကိုယ်အပြုအမူများသာ ရှိသည်။
ထိုအခိုက်အတန့်တွင် ရွှီချင်းသည် ဝိညာဉ်သိုက်အဆင့်ကို ရုတ်တရက် နားလည်သွားသည်။
သူက ဝိညာဉ်သိုက်အဆင့်သည် အဘယ်ကြောင့် ကောင်းကင်တာအိုကို နားလည်သဘောပေါက်ရန်လိုအပ်ပြီး သူတို့၏လျှို့ဝှက်အသိုက်တွင် စောင့်ကြပ်နေသော ကောင်းကင်တာအို ရှိရမည်ဖြစ်ကြောင်း တစေလက်ပြောခဲ့သည်ကို နားလည်သွားသည်။
အဘယ်ကြောင့်ဆို့သော် ကောင်းကင်တာအိုသည်သာ နိယာမများကို သယ်ဆောင်ထားနိုင်ပြီး ၎င်းတို့ကို အမိန့်ပေးနိုင်သောကြောင့် ဖြစ်သည်။
ဝိညာဉ်သိုက်အဆင့် ကျွမ်းကျင်သူများသည် ဝမ်ကုကုန်းမြေပေါ်ရှိ သူတို့၏ကောင်းကင်တာအိုနိယာမများကို အသုံးချနိုင်ပြီး ဖြစ်သည်။ ၎င်းကို အချိန်အကြာကြီး အသုံးမပြုနိုင်သော်လည်း သူတို့ကို အချိန်အနည်းငယ် အသန်မာဆုံးအခြေအနေဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်။
၎င်းသည် အခြေတည်အံ့ဖွယ်အလင်းပုံစံနှင့် ဆင်တူသည်။
ထိုအရာများကို သဘောပေါက်ပြီးနောက် ရွှီချင်းသည် ၎င်းကောင်းကင်တာအိုဓားမော့နှင့် ပတ်သက်၍ နက်နက်နဲနဲ နားလည်လာသည်။
သူသည် အဘယ်ကြောင့် ယခင်က ကျရှုံးရသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းဓားချက်တွင် ဝိညာဉ်သိုက်အဆင့်များသာ ဆုပ်ကိုင်နိုင်သော နိယာမများသာ ပါဝင်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ဝိညာဉ်သိုက်အဆင့်များသည် ဝိညာဉ်သိုက်ထဲတွင် ရှိနေသော ကောင်းကင်တာအိုကို မှီခို၍ ၎င်းကို ကောင်းကောင်း အသုံးချနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူ ကျရှုံးခဲ့ခြင်း ဖြစ်သည်။ မည်မျှပင် ပုံတူပွားနေစေကာမူ သူ့အတွက် မအောင်မြင်နိုင်ပေ။
သူ့တွင် နိယာမများကို ကောင်းကောင်း အသုံးချနိုင်စွမ်း မရှိပေ။
“ဒီတော့ ဒါက ဒီလိုပဲ”
ရွှီချင်း လုံးဝ နားလည်သွားသည်။
“သယ်ဆောင်သူ..”
သူသည် တားမြစ်အဆိပ်ဆေးလုံး၊ သက်စောင့်မီးအိမ်များ၊ အင်ပါယာကျင့်ကြံခြင်းအတတ်များ၊ ခရမ်းရောင်လ စသည်တို့အကြောင်း တွေးလိုက်သည်။
အဆုံးတွင် သူ လက်လျှော့လိုက်သည်။
နောက်ဆုံးတွင်တော့ ထိုအရာအားလုံးသည် ပြင်ပအရာများ ဖြစ်ကြသည်။
အသင့်တော်ဆုံးသော အရာက တစ်ခုသာ ရှိသည်။
ထိုသည်က မိုဆာဆော ဖြစ်သည်။
ထိုသည်က သူ၏မူလရင်းမြစ် မိုဆာဆော ဖြစ်သည်။
“ငါ့ရဲ့ အနာဂတ် လျှို့ဝှက် ဝိညာဉ်သိုက်ထဲက ကောင်းကင်တာအို”
၎င်းအရာသည် သူနှင့် အစစ်အမှန် သက်ဆိုင်သော ပစ္စည်း ဖြစ်သည်။
ရွှီချင်းမျက်လုံးများက စူးရှသွားသည်။