မိုဆာဆောကောင်းကင်တာအိုအသွင်ပြောင်းခြင်း
Vol. 39 Ch. 584
တွန့်ဆုတ်မှုမရှိဘဲ ရွှီချင်းသည် ကမ္ဘာငယ်ထဲသို့ တစ်ဖန်ပြန်ဝင်လိုက်ပြီး အရှေ့ဘက်နယ်မြေ၁၃ရှိ မီးတောင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်သည်။ သူ ကောင်းကင်ကို မော့ကြည့်သည်။ အချိန်များစွာ ကြာပြီးနောက် သူသည် မျက်လုံးများကို ဖြည်ညှင်းစွာ ပိတ်လိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ မူလရင်းမြစ်မိုဆာဆောကို အာရုံခံလိုက်သည်။
အရှိန်အဝါ၏လမ်းညွှန်မှုအောက်တွင် သက်စောင့်မိုဆာဆောသည် ရွှီချင်းစိတ်ထဲတွင် ထင်ရှားလာပြီး သူ့ကို စိုက်ကြည့်နေသည်။
၎င်းမူလရင်းမြစ်မိုဆာဆောသည် အဆင့်၈ ပင်လယ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရွှီချင်း ချီစုစည်းမှုအဆင့်တွင် ရှိစဉ်က အသွင်ပြောင်းအတတ် ဖြစ်သည်။ ထိုအချိန်က ၎င်းကို တားမြစ်ပင်လယ်ဝေလငါးဟု ခေါ်သည်။ ထို့နောက်တွင် သူသည် တားမြစ်ပင်လယ်သတ္တဝါများနှင့် သူတို့ပုံစံများ၏ပြောင်းလဲမှုအားလုံးကို နားလည်သဘောပေါက်သွားပြီး မိုဆာဆောခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲစေခဲ့သည်။
အခြေတည်အဆင့်တွင် ဖြစ်စဉ်က သူသည် ဤအရာကို သူ၏သက်စောင့်ဓမ္မတံခါးအဖြစ် အသုံးပြုခဲ့သည်။ ရွှေအမြုတေအဆင့်သို့ရောက်သောအခါ မိုဆာဆောသည် ၎င်း၏တာဝန်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ယနေ့တိုင်အောင်…
“ဒါဆို ငါက သက်စောင့်မိုဆာဆောကို တာအိုသတ်ဖြတ်ခြင်းနိယာမခုခံခြင်းမှာ သုံးရမယ်”
ရွှီချင်းသည် ပြတ်သားစွာနှင့် သူ၏ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ အဝေးမှ တောင်ထွတ်သည် တုန်ခါလာပြီး လူသားမျိုးနွယ်မဟုတ်သောအကျဉ်းသားတစ်ဦး သူ့ထံသို့ ချက်ချင်း ရောက်လာသည်။
ထိုသူကား တခြားနယ်ရုပ်များနှင့် သူလဲလှယ်ထားသော နောက်ဆုံး စမ်းသပ်ခံ ဖြစ်သည်။ ထိုနေရာများတွင် မည်မျှများများ ရှိစေကာမူ တခြားသူများက ဆက်လက်လဲလှယ်ရန် ဆန္ဒ မရှိတော့ပေ။
“ဒါက လုံလောက်သင့်နေပြီ”
ရွှီချင်းသည် ရှေ့တွင် ရှိနေသည့် လူသားမဟုတ်သောမျိုးနွယ် အကျဉ်းသားကို ကြည့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အကျဉ်းသား၏ခန္ဓာကိုယ်သည် ရွှီချင်းကို မျှော်လင့်ချက်မဲ့စွာ ကြည့်လျက် တုန်ရီနေသည်။ သူက သူ့ကံကြမ္မာကို နားလည်ထားပြီး အလျင်စလို ပြောလိုက်သည်။
“ဆရာ ကျွန်တော် ကောင်းကင်ကပ်ဘေးဓားမော့ကို ဆရာ့အတွက် ဆွဲဆောင်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်အပြစ်တွေက ကြီးမားလွန်းတာကြောင့် မလွတ်နိုင်ဘူးဆိုတာလည်း သိပါတယ်။ ဆရာ တစ်ခုခု ရပြီးသွားတဲ့ အချိန်ကျရင်သာ ကျွန်တော့်ကို မှတ်ဉာဏ်ဆုံးရှုံးရတဲ့ နာကျင်မှုကနေ လွတ်မြောက်ပေးဖို့လေးတစ်ခုပဲ မျှော်လင့်ပါတယ်”
လူသားမဟုတ်သောမျိုးနွယ်၏မျက်လုံးများက တောင်းပန်ခယနေသည်။
ရွှီချင်း ဘာမှ မပြောပေ။ သူသည် ထိုသူကို ပစ်ချလိုက်ပြီး ဆေးလုံးများ ကြဲလိုက်သည်။
လူသားမဟုတ်သော မျိုးနွယ်သည် သူ၏သွားများကို တင်းတင်းစေ့လိုက်ပြီး ဆေးလုံးများနှင့်အတူ အဝေးသို့ ပျံထွက်သွားသည်။ သူ့မျက်လုံးများ စိတ်ပိုင်းဖြတ်မှုများ အထင်းသားပေါ်နေ၏။ ၎င်းဆေးလုံးများကို မျိုချပြီးနောက် သူ၏ကျင့်ကြံခြင်းကို အစွမ်းကုန်လှည့်ပတ်လိုက်ပြီး အဆင့်ချိုးဖျက်ရန် ကြိုးစားလိုက်သည်။
ခဏအကြာတွင် ကောင်းကင်သည် တုန်ခါလာပြီး တိမ်များ လျင်မြန်စွာ ဖြစ်တည်လာသည်။ များစွာသော လျှပ်စီးတန်းများသည် လေထုထဲတွင် ပြည့်နေသည်။ များမကြာမီ မရေတွက်နိုင်သော လျှပ်စီးတန်းများမှ ဖြစ်တည်လာပုံရသော်လည်း အမှန်တွင် နိယာမများမှ ဖြစ်တည်လာသော တာအိုသတ်ဖြတ်ခြင်းကောင်းကင်ဓားမော့သည် ကောင်းကင်တွင် တဖန် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဓားမော့အလင်းသည် တောက်ပနေပြီး သူ၏စိတ်တွင် ရောင်ပြန်ဟပ်သွားသောကြောင့် ရွှီချင်းအမူအရာသည် တည်ငြိမ်သွားပြီး စတင် ပုံတူကူးနေလိုက်သည်။
ဤအကြိမ်တွင် သူသည် ဓားမော့ကို သူ့စိတ်ထဲတွင် မှတ်သားမနေတော့ဘဲ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သက်စောင့်မိုဆာဆောပေါ်တွင်သာ ရေးထွင်းလိုက်သည်။ ခဏအတွင်း ဟိန်းဟောက်သံတစ်ခု ရွှီချင်းခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သက်စောင့်မိုဆာဆောသည် ပြင်ပတွင် ချက်ချင်း ထင်ရှားလာသည်။
ရွှီချင်းသည် လုံးဝ အာရုံစိုက်ထားပြီး သူ၏ညာလက်နှင့် လျင်မြန်စွာ ရေးဆွဲလိုက်သည်။
မိုဆာဆောကို ပုံဆွဲဘုတ်ပြား၊ သူ၏မှတ်ဉာဏ်များကို ဆေးရည်နှင့် သိမြင်နားလည်မှုများကို စုတ်တံအဖြစ် အသုံးပြုကာ သူသည် တာအိုသတ်ဖြတ်ခြင်းဓားမော့ကို မိုဆာဆောပေါ်တွင် ဖြည်းဖြည်းချင်း ရေးဆွဲလိုက်သည်။
အချိန်ကုန်ဆုံးသွားပြီး တာအိုသတ်ဖြတ်ခြင်းဓားမော့သည် ကောင်းကင်မှ ကျဆင်းလာသည်။ လူသားမဟုတ်သောမျိုးနွယ် အကျဉ်းသားက ခါးသက်စွာရယ်မောလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် ပြိုကွဲသွားသည်။ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လဲကျသွားကာ သူက သေလုမြောပါး ဖြစ်သွားသည်။
ရွှီချင်း ပုံဆွဲနေခြင်းက မပြီးဆုံးသေးပေ။ သူသည် ဆက်လက် ရေးဆွဲနေဆဲပင်။
သက်စောင့်မိုဆာဆောကို ပုံဆွဲဘုတ်ပြားအနေနှင့် အသုံးပြုခြင်းသည် ရွှီချင်း တုပထားသောနိယာမများကို ခံနိုင်ရည်ရှိနေပြီးနောက် ၎င်းသည် တဖြည်းဖြည်းနှင့် ထိန်းသိမ်းထားရန် ခက်ခဲလာပြီး ကွဲအက်သော လက္ခဏာများ ပြသလာသည်။ အတွင်းပိုင်းတွင် အက်ကွဲလာပြီး ၎င်း၏ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပြိုကွဲလုနီးပါး ဖြစ်နေသည်။
၎င်းသည် ဆို့နင့်ဖွယ်ကောင်းစွာ အော်ဟစ်လိုက်သည်။
ရွှီချင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ၏သက်စောင့်မိုဆာဆောကို ကြည့်လိုက်သည်။ မိုဆာဆော၏အဆင့်သည် လုံလောက်အောင် မမြင့်သောကြောင့် ဖြစ်ကြောင်း သူ သိလိုက်သည်။ သို့သော် တခြားပစ္စည်းများ ပြောင်းခြင်းက ရွှီချင်းအတွေးများနှင့် မကိုက်ညီပေ။
စေ့စေ့စပ်စပ် တွေးတောပြီးနောက် ရွှီချင်းခန္ဓာကိုယ်တွင်းရှိ သက်စောင့်မီးအိမ်နှစ်ခုသည် ချက်ချင်း သက်စောင့်မိုဆာဆောကို ထည့်သွင်းလိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်ထားသော အဖုံးတစ်ခုကို ထုတ်လွှတ်လိုက်သည်။
သက်စောင့်မိုဆာဆောခန္ဓာကိုယ်သည် တုန်ခါသွားသည်။ သက်စောင့်မီးအိမ်များ၏ ကာကွယ်ပေးမှုအောက်တွင် ၎င်းသည် အနည်းငယ်မျှသာ တည်ငြိမ်လာသည်။
သို့သော် ၎င်းက မလုံလောက်ခဲ့ပေ။
ရွှီချင်း ထိုအရာအကြောင်း တွေးမိသည်။ တတိယမြောက်နန်းတော်သည် တုန်ခါလာပြီး တားမြစ်အဆိပ်ဆေးလုံးသည် သက်စောင့်မိုဆာဆောနှင့် ပေါင်းစပ်နေသော ဓာတ်နှောကို ထုတ်လွှတ်လိုက်ပြီး ၎င်းအရာကို တိုးပွားစေလိုက်သည်။
၎င်းဓာတ်နှောများကို ရွှီချင်း ထိန်းချုပ်ထားသည်ဖြစ်ရာ မိုဆာဆောကို ထိခိုက်စေမည် မဟုတ်ပေ။
အချိန် တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကုန်လွန်ပြီးနောက် …
ရွှီချင်းသည် လုံးဝ ဈာန်ဝင်စားနေပြီး သူ့ကိုယ်သူပင် မေ့လျော့နေပုံ ပေါ်သည်။ သူ့မျက်လုံးထဲတွင် တာအိုသတ်ဖြတ်ခြင်းဓားမော့သာ ရှိနေသည်။ သူ၏အကန့်အသတ်ဖြစ်သော အသက်ရှူချိန် ၂၀၀၀ ကုန်ဆုံးသွားသော်လည်း သူက ဂရုမစိုက်ပေ။
သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်နေသော နိယာမ စွမ်းအားများသည် ခန္ဓာကိုယ်ကို အက်ကွဲသွားစေခြင်း မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှီချင်း တစ်ကြိမ်ပြီး တစ်ကြိမ် ရေးဆွဲနေသည်နှင့်အမျှ လောကစည်းမျဉ်းများနှင့် နိယာမများသည် သူ၏သက်စောင့်မိုဆာဆောပေါ်တွင် ဆက်တိုက် တံဆိပ်ရိုက်လျက် ရှိသည်။
မိုဆာဆောသည် ဖိအားကို မျှ၍ ခုခံပေးသည်။
တစ်ချိန်ထဲတွင် လွန်ခဲ့သော နှစ်လအတွင်း သူ၏ရှုံးနိမ့်မှုများမှ ရရှိခဲ့သော အတွေ့အကြုံများသည်လည်း ဤအခိုက်အတန့်တွင် အရေးပါနေသည်။
၎င်းသည် ရွှီချင်း တာအိုသတ်ဖြတ်ခြင်းဓားမော့ကို ပုံတူကူးရာတွင် ပို၍ ကျွမ်းဝင်လာရန် အားဖြည့်ပေးနေသည့် အာဟာရကဲ့သို့ပင်။
ထိုအချိန်အတွင်း မိုဆာဆောသည် ၎င်းကို ထပ်၍ မဆန့်ကျင်နိုင်တော့ပေ။ ရွှီချင်းသည် သူ၏အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ကို ဖြန့်ကျက်လိုက်ပြီး ၎င်းကို တိုးပွားစေလိုက်သည်။
ခုနစ်ရက်၊ ဆယ်ရက် ကြာပြီးနောက်..
မိုဆာဆောသည် အော်မြည်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်သည် ပို၍ပင် တုန်ခါလာခဲ့သည်။ ရွှီချင်း ၎င်းအပေါ် ရေးဆွဲလိုက်သည့်အကြိမ်တိုင်း ၎င်းက ပို၍ပင် ဝေဝါးလာခဲ့သည်။ များစွာသော အားဖြည့်မှုများနှင့်ပင် ၎င်းက သူ၏အကန့်အသတ်သို့ ရောက်ရှိနေပေပြီ။
ရွှီချင်းသည်လည်း သူ၏သက်စောင့်မိုဆာဆော ဖျက်စီးခံရလျှင် သူသည်လည်း ထိခိုက်မည်ဖြစ်ကြောင်း နားလည်ထားပြီး ဖြစ်သည်။
သို့သော် ရွှီချင်းတွင် ရက်စက်ပြတ်သားသောစရိုက် ရှိသည်။ ထိုအခိုက်အတန့်တွင် စူးရှသော အကြည့်တစ်ချက် သူ့မျက်လုံးများတွင် ပေါ်လာသည်။ စတုတ္ထမြောက်နတ်နန်းတော်သည် ရုတ်တရက် တုန်ခါလာပြီး ခရမ်းလ၏စွမ်းအားသည် ထွက်ပေါ်လာသည်။ ၎င်းနတ်ဘုရားစွမ်းအား အပိုင်းအစသည် မိုဆာဆော၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး ၎င်းကို ထပ်မံ၍ ကြီးထွားသွားစေသည်။
မိုဆာဆော၏ခန္ဓာကိုယ်သည် ရွှီချင်း ထပ်၍ ရေးဆွဲသောအခါ တုန်ရီသွားသည်။
လဝက်ခန့်ကြာပြီးနောက် မိုဆာဆောသည် အရေးကြီးသော အခြေအနေ၌ ရောက်နေစဉ် နောက်ဆုံးတွင် ရွှီချင်းသည် သူ၏နောက်ဆုံးခုတ်ချက်ကို ပြီးဆုံးခဲ့သည်။
၎င်းနောက်ဆုံးခုတ်ချက် ဆင်းသက်လာစဉ် ရွှီချင်းသည် မိုဆာဆောခန္ဓာကိုယ်ပေါ်သို့ ပါးစပ်အပြည့် သွေးတစ်လုတ် အန်ချလိုက်သည်။ ၎င်းသည် မိုဆာဆောခန္ဓာကိုယ်ကို တုန်ရီစေ၍ သွေးအလင်းကို ဖြစ်ပေါ်စေသော နောက်ဆုံးခုတ်ချက်ကဲ့သို့ ဖြစ်ပြီး ထူးဆန်းနေသည်။
ရွှီချင်းခန္ဓာကိုယ်သည် ချက်ချင်းပင် အားနည်း ဖျော့တော့သွားသည်။
ဤလဝက်တွင် သူသည် မကြုံစဖူး များပြားလှသော စိတ်စွမ်းအင်များ ကုန်ဆုံးကာ အလွန်ပင်ပန်းခဲ့သည်။
သို့သော် သူ၏မျက်ဝန်းများကမူ အသက်ဝင်တောက်ပနေသည်။
သူ့ရှေ့တွင် ရှိနေသော မူလမိုဆာဆော၏ပုံပန်းသွင်ပြင်သည် လုံးဝ ပြောင်းလဲသွားသည်။ တောက်ပသောအလင်းများနှင့် တလက်လက်ဖြစ်နေသော ကြိုးမျှင်များသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ဤကြိုးမျှင်များသည် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နေပြီး တလက်လက်ဖြစ်နေသည်နှင့်အမျှ ပုံစံတစ်ခု ပါဝင်နေသည်ဟု ထင်ရသည်။
အသက်ရှုချိန်တိုင်း အခိုက်အတန့်တိုင်းတွင် အလင်းတို့သည် တစ်ချိန်ထဲ တလက်လက် ဖြစ်နေသည်။ ရှေးဟောင်းအရှိန်အဝါ ထုတ်လွှတ်နေသော မရေတွက်နိုင်သည့် သင်္ကေတစာလုံးများနှင့် အမှတ်အသားများ မိုဆာဆောခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည်။
တချို့သည် ကြီး၍ တချို့သည် သေးငယ်ကြပြီး တချို့သည် တောက်ပ၍ တချို့သည် မဲမှောင်နေကြသည်။
ထိုအရာအားလုံးသည် ထိုအခိုက်အတန့်တွင် ရွှီချင်း ကမ္ဘာငယ်လေးအပြင်တွင် မြင်ခဲ့သော မူလကောင်းကင်တာအို အရှိန်အဝါ သင်္ကေတတစ်ခု နောက်ဆုံး၌ မိုဆာဆောတွင် ရှိသွားစေသည်၊။
၎င်းသည် သင်္ကေတတစ်ခုမျှသာ ရှိသော်လည်း ထိတ်လန့်ဖွယ်ကောင်းနေဆဲပင်။
“နောက်ဆုံးမှာ ငါက အောင်မြင်တယ်ဆိုရုံလေးပဲ…”
ရွှီချင်း အသက်အရှည်ကြီး ရှုသွင်းလိုက်သည်။ ၎င်းတာအိုသတ်ဖြတ်ခြင်းဓားမော့တွင် များစွာသော နိယာမများ ပါဝင်နေသည်။ သူ၏နားလည်သဘောပေါက်မှုစွမ်းရည်သည် အံ့အားသင့်ဖွယ်ကောင်းနေလျှင်ပင် အဆုံးတွင်တော့ သူ၏ကျင့်ကြံခြင်းက အကန့်အသတ်ရှိသည်။ ထိုအခိုက်အတန့်တွင် သူသည် ဓားမော့ခုတ်ချက်၏ ၁၀%ကိုသာ ပုံတူကူးနိုင်ခဲ့သည်။
၎င်းသည် ၁၀ %မျှသာ ဖြစ်သော်လည်း ရွှီချင်း ကျွမ်းကျင်ထားသော နတ်အတတ်များနှင့် မန္တန်အတတ်များထက်ပင် သာလွန်နိုင်သေးသည်။
“ဒါက ငါ့ရဲ့ တတိယမြောက် ကောင်းကင်ပြင်းထန်ဓားမော့၊ ကောင်းကင်တာအိုဓားမော့ပဲ”
ရွှီချင်းသည် သူ့ဘေးရှိ ကျောက်တောင်ကို မှီ၍ မတ်တပ်ရပ်ပြီး သူ၏သက်စောင့်မိုဆာဆောကို ညွှန်လိုက်သည်။
ချက်ချင်းပင် မိုဆာဆောသည် နားစည်ကွဲလောက်သော အော်သံကြီးပေးကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး တိမ်များကို ဖြတ်သန်းလျက် ကခုန်နေသည်။ ၎င်းရောက်ရှိရာ ပတ်ပတ်လည်နေရာတိုင်းက လျှပ်စီးမျှင်အတန်းကြီးနှင့် ပြည့်လျက်ရှိသည်။ နိယာမများ၏ရည်ရွယ်ချက်များက ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပို၍ပင် ထင်ရှားလာသည်။
လက်တွေ့တွင် ကမ္ဘာသည် ထိုအခိုက်အတန့်၌ ပြောင်းလဲလာခဲ့သည်။ ကောင်းကင်၌ နေနှင့်လ တစ်ပြိုင်နက် ပေါ်လာသည်ကို လူတိုင်း ခပ်ဝါးဝါး မြင်နိုင်သည်။
ထိုသည်မှာ ကမ္ဘာငယ်လေးအပြင်ဘက်ရှိ မူလကောင်းကင်တာအိုအကြည့်လေးခုသည် ဤနေရာ၌ စုစည်းကာ ထင်ရှားလာခြင်း ဖြစ်သည်။
သူတို့သည် အဝေးမှ မိုဆာဆောကို လှမ်းကြည့်နေကြသည်။
လူအိုကြီးက မွေးကင်းစကလေးငယ်ကို စိုက်ကြည့်နေသကဲ့သို့ပင်။
မိုဆာဆောသည်လည်း အကြည့်များကို အာရုံခံမိသည်။ ၎င်းသည် ခေါင်းမော့လျက် အဆုံးမဲ့သော ကောင်းကင်ကို ကြည့်ကာ စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။
ကမ္ဘာ တုန်ခါသွားသည်။
ကျက်သရေရှိသော တိမ်တိုက်တို့သည် မြင့်တက်လာပြီး ကောင်းကင်တစ်ခုလုံးသည် အနီရောင် သန်းနေသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာငယ်တစ်ခုလုံး၏ကောင်းကင်သည် ရောင်စုံအလင်းတို့နှင့် ပြည့်နေပြီး ထိုမြင်ကွင်းကို မြင်ရသော နယ်ရုပ်များနှင့် အကျဉ်းသား အပေါင်းကို ထိတ်လန့်သွားစေ၏။
“ကျက်သရေရှိတဲ့ နိမိတ်လက္ခဏာပဲ”
“ဒါက လောကစည်းမျဉ်းတွေမှာ အပြောင်းအလဲ တစ်ခုပဲ”
“ဘာဖြစ်တာလဲဟ”
ရွှီချင်း ရှိနေသော နေရာတွင် ကျင့်ကြံခြင်းအခြေခံ ဆုံးရှုံးသွားသော လူသားမဟုတ်သည့်မျိုးနွယ် အကျဉ်းသားသည် ၎င်းမြင်ကွင်းကို အစအဆုံး မြင်လိုက်ရသည်။ သူသည် ပြင်းပြင်းထန်ထန် ထိတ်လန့်သွားပြီး သူ့မျက်လုံးတို့က မယုံကြည်နိုင်မှုတို့နှင့် ပြည့်နေသည်။
သူသည် မိုဆာဆောကို ကြည့်လိုက်ပြီးနောက် ရွှီချင်းကို ကြည့်သည်။ သူ့နှလုံးသားက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လှိုင်းထန်သွားသည်။
“အမြုတေကျင့်ကြံခြင်းက.. ကောင်းကင်တာအိုသန္ဓေသားပုံစံကို ဖြစ်ပေါ်စေနိုင်တာလား။ ဒါက နမူနာလေးပဲ ဆိုပေမဲ့ ဒါက ကောင်းကင်တာအိုရဲ့ သန္ဓေသားပုံစံတော့ ဖြစ်နေတုန်းပဲ”
သူ တစ်ဦးထဲသာ မဟုတ်ပေ။ ဤနေရာရှိနယ်ရုပ်အားလုံးသည် စိတ်ထဲတွင် ကြီးမားသော အပြောင်းအလဲကို ခံစားလိုက်ရသည်။ သူတို့က နေရာအနှံ့ ပြေးလွှားလိုက်ကြပြီး အကြောင်းအရင်းကို ရှာဖွေနေကြသည်။
လက်တွေ့၌ ကမ္ဘာငယ်လေးအပြင်ဘက် အကျဉ်းထောင်ဌာန၏ ၉၀ထပ်တွင် သေရည် သောက်နေသော တစေလက်သည် သေရည် မြိုချရန် မေ့လုနီးပါးပင် ဖြစ်သွားသည်။ သူ၏မျက်လုံးများသည် ပြူးကျယ်သွားပြီး ကမ္ဘာငယ်လေးကို မယုံကြည်နိုင်သော အမူအရာနှင့် ကြည့်လိုက်သည်။
“ဘာဖြစ်နေတာလဲဟ”
“ကောင်းကင်ကပ်ဘေး ပေါ်လာနိုင်လို့ ငါ သူ့ကို အရှေ့နယ်မြေ ၁၃ကို သွားခိုင်းလိုက်တာပါ။ ငါက သူ့ကို ဓားမော့ခုတ်ချက်ရဲ့ အဓိပ္ပါယ်နဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ကို ဖြတ်တောက်နိုင်တဲ့ ကောင်းကင်ဓားမော့ကို နားလည်သဘောပေါက်စေချင်ခဲ့တာ။ ဒါပေမဲ့ သူ.. သူက..”
တစေလက်သည် နေ့ခင်းကြောင်တောင် သရဲ မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူ၏လက်တွင်းရှိ သေရည်ဘူး ဖိတ်ကျနေသည်ကိုပင် သတိမပြုမိပေ။
“သူ တကယ်ကြီး ကောင်းကင်တာအို သန္ဓေသား ဖန်တီးလိုက်တာပဲ”
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ အမြုတေကျင့်ကြံသူတစ်ယောက်က ကောင်းကင်တာအို သန္ဓေသားပုံစံကို ပိုင်ဆိုင်နိုင်တယ်တဲ့လား။ ဒါက ဘယ်လို သောက်ကျိုးနဲ မိုဆာဆောမျိုးလဲ”
ကမ္ဘာငယ်ထဲရှိ နယ်မြေ ၁၃ တွင် ကောင်းကင်၌ အဆုံးမရှိသော ကျက်သရေနှင့် ပြည့်စုံသည့် အလင်းများ မြင့်တက်လာသောကြောင့် လူများ အပြေးအလွှား ရောက်လာချိန်တွင် ရွှီချင်းသည် သတိကပ်သွားသည်။ လက်တစ်ချက်ဝှေ့ယမ်းကာ သူသည် မိုဆာဆောကို တိုက်ရိုက် ထိန်းသိမ်းလိုက်သည်။
မိုဆာဆော ပျောက်ကွယ်သွားလျှင် သွားချင်းတွင် ကမ္ဘာက မူလအတိုင်း ပြန်ဖြစ်သွားသည်။
ထို့နောက် ဘေးတွင် ရှိနေသော ရာဇဝတ်သားကို ရွှီချင်း ကြည့်လိုက်သည်။ ထိုမြင်ကွင်းကို ရာဇဝတ်သား မြင်သောအခါ မည်သို့ ဖြစ်တော့မည်ကို သူက ကောင်းကောင်း သဘောပေါက်လိုက်သည်။ တောင်းပန်ခယသော အကြည့်တစ်ချက် သူ့မျက်လုံးများတွင် ပေါ်လာသည်။ သူက အသက်ရှင်ရန်မတောင်းဆိုခဲ့ဘဲ သေခြင်းကိုသာ တောင်းဆိုခဲ့သည်။ ရွှီချင်း ခေါင်းညိတ်ပြသည်။ သူ၏လက်တစ်ချက် ဝှေ့အယမ်းတွင် လောကစည်းမျဉ်းများ ဆင်းသက်လာပြီး ရာဇဝတ်သားကို သတ်လိုက်ကာ သူ့ကို လွတ်မြောက်သွားစေသည်။
ထို့နောက်တွင် သူသည် ကောင်းကင်နက်မျိုးနွယ် သုံးဦး၏ နေရာသို့ လျင်မြန်စွာထွက်ခွာလိုက်ပြီး အရိပ်မျက်လုံးနှင့် မှတ်တမ်းတင် ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်တွင် တည့်တည့်ဦးတည်လိုက်ပြီး ကမ္ဘာငယ်မှ ထွက်ခွာကာ အကျဉ်းထောင်ဌာနသို့ ပြန်လာလိုက်သည်။
၉၀ထပ်သို့ ပြန်ရောက်သည်တွင် သူက တစေလက်ကို မြင်လိုက်သည်။
တစေလက်သည် ကျောက်ကုလားထိုင်တွင် ထိုင်မနေဘဲ နံရံဆေးရေးပန်းချီရှေ့တွင် ရပ်လျက် ရှိနေကာ ရွှီချင်းကို အထူးတလည် စောင့်နေပုံရသည်။
“အထဲမှာ ဘာဖြစ်ခဲ့တာလဲ”
တစေလက်သည် ရင်ထဲမှ ထိတ်လန့်မှုများကို ထိန်းချုပ်ကာ တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးစားထားသည်။ သူက ရွှီချင်းကို ပြုံးပြသည်။
ရွှီချင်း မျက်တောင် ခတ်လိုက်သည်။ ၎င်းကို ဖုံးကွယ်ထားရန် မလိုအပ်သော်လည်း အရာအားလုံးက ချွင်းချက်ရှိကြောင်း နားလည်ထားသည်။ လူတိုင်းသိရန် ရာခိုင်နှုန်းများသည် ဆိုလျှင်ပင် တုံးအယောင်ဆောင်ရန်လိုသော တချို့အချက်များ ရှိနေသေးသည်။
ထို့ကြောင့် သူက အမူအရာမဲ့စွာနှင့် ခေါင်းယမ်းပြသည်။
တစေလက်က ရွှီချင်းကို ဟန်ဆောင်ပြုံး ပြုံးပြလိုက်သည်။ အချိန်များစွာကြာပြီးနောက် သူက ရယ်မောကာ နှာမှုတ်လိုက်သည်။
“ကောင်လေး မဆိုးဘူး။ မင်း သတိရှိတယ်”
ထိုသို့နှင့် တစေလက်သည် သေရည်တစ်ဘူး ထုတ်ယူလိုက်ပြီး အကျိုက်ကြီး တစ်ကျိုက် ငုံလိုက်သည်။ သူသည် သံစဉ်တစ်ခု ညည်းလိုက်ပြီး ကျောက်ကုလားထိုင်ဆီ ပြန်သွားသည်။ သိသာစွာပင် သူက ကောင်းမွန်သော စိတ်အခြေအနေတွင် ရှိနေသည်။ ကျောက်ကုလားထိုင်တွင် ထိုင်ပြီးနောက် သူက ဖြည်းညှင်းစွာ ပြောသည်။
“ဒါပေမဲ့ ဒါကြီးက ဗြောင်ကျလွန်းတယ်။ မှတ်ထားပါ.. အနာဂတ်မှာ ဒီလိုမျိုး ထပ်ကြုံလာရင် တိုက်ရိုက်ကြီး မငြင်းနဲ့။ ဥပမာ တစ်ယောက်ယောက်မေးလာရင် မင်းက ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို ထိခိုက်စေတဲ့ ဓားမော့ခုတ်ချက်ကို နားလည်သဘောပေါက်တာလို့ ဖြေလို့ရတယ်”
ရွှီချင်း အတွေးနက် သွားသည်။ စီနီယာတစေလက် ပြောသည်က အဓိပ္ပါယ်ရှိသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် သူက ထိုစကားလုံးများကို မှတ်သားလိုက်ပြီး တဖက်လူကို လေးနက်စွာ ဦးညွတ်လျက် ထွက်ခွာလိုက်သည်။
အကျဉ်းထောင်ဌာနမှ ထွက်လာပြီးနောက် သူက ခေါင်းဆောင်ဆီသို့ အသံလွှင့်လိုက်သည်။
“စီနီယာ အစ်ကိုကြီး ကောင်းကင်နက်မျိုးနွယ်တွေကို မှတ်တမ်း ယူပြီးသွားပြီ။ ငါလည်း အချိန်တချို့ အားနေတယ်။ ဘယ်တော့ တွေ့ကြမလဲ”
“နောက်ဆုံးတော့ မင်း ငါ့ဆီ အကြောင်းပြန်ပြီပေါ့။ ချင်းလေး နှစ်လတောင် ကုန်သွားပြီ။ ငါ့ရဲ့တောက်တောက် ဘယ်မှာလဲ”
ခေါင်းဆောင်၏ခါးသက်သော သက်ပြင်းချသံက ကျောက်စိမ်းပေလွှာမှ ထွက်ပေါ်လာသည်။
“တောက်တောက်လား”
ရွှီချင်း စပြောသည်။
“ဟုတ်တယ်လေ။ မင်းက လီတောက်တောက်ကို ငါနဲ့ မိတ်ဆက်မပေးဘူးလား”
ရွှီချင်း တိတ်ဆိတ်သွားသည်။ တဖက်လူ၏အမည်က လီရှစ်တောက် ဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။
“မင်းက ဆိုးဝါးတဲ့ အရာတွေကို သင်ယူခဲ့တာပဲ။ မင်းက ငါ့ကို နှစ်လတောင် အောင့်အည်း စောင့်ရအောင် လုပ်တယ်”
ခေါင်းဆောင်က ဝမ်းနည်းစွာ သက်ပြင်းချသည်။
“ခုတလော ကျွန်တော် အလုပ်တော်တော်များနေလို့ပါ..”
ခေါင်းဆောင်၏ဖုံးကွယ်ထားသော ခါးသက်မှုများကို ကြားပြီးမှ ခေါင်းဆောင်သည် သူတို့နှင့် မိတ်ဆက်လိုကြောင်း ရွှီချင်း သတိရသွားသည်။ သူက ထိုအကြောင်းကို လုံးဝ မေ့သွားခဲ့သည်။
“ချင်းလေး ငါ့ရဲ့ပျော်ရွှင်မှုက မင်းလက်ထဲမှာပါ။ တချို့အချိန်တွေမှာ ပြည်ထဲရေးရုံးတော်ဆီ ငါ့ရဲတောက်တောက်ကို ခိုးကြည့်ဖို့ သွားခဲ့တယ်။ အဟွတ်.. မဆိုးပါဘူး”
ခေါင်းဆောင် ချောင်းဟန့်လိုက်သည်။
ရွှီချင်းက ထိုအကြောင်းကို စိတ်ထဲတွင် ထားလိုက်ပြီး ပြောသည်။
“အင်း .. ကျွန်တော်တို့ ဒီအကြီးကြီးကို လုပ်ပြီးသွားရင် အစ်ကိုကြီးကို မိတ်ဆက်ပေးမယ်။ အစ်ကိုကြီးက ကောင်းကင်နက်မျိုးနွယ်ရဲ့ မှတ်တမ်းတွေကို လာယူလို့ ရတယ်”
ရွှီချင်းအာမခံချက်ကို ကြားပြီးနောက် ခေါင်းဆောင်နှလုံးသားက မျှော်လင့်ချက်များနှင့် မရိုးမယွဖြစ်သွားသည်။ သို့သော်လည်း ထိုအကြီးကြီးကို လုပ်ဆောင်ရန်က အရေးကြီးကြောင်း သူ သဘောပေါက်ထားသည်။ ထို့ကြောင့် သူက ထိုညတွင် အလျင်စလို ရောက်လာသည်။ ကောင်းကင်နက်မျိုးနွယ်၏ မှတ်တမ်းတင်ကျောက်စိမ်းပေလွှာများကို ယူပြီးနောက် သူက အမှာစကား တစ်ခု ချန်ခဲ့သည်။
“ချင်းလေး ငါမှာ အကုန်လုံး အဆင်သင့် ရှိနေပြီ။ ဒီတစ်ခုလေးပဲ မရှိသေးတာ။ သုံးရက်ပဲစောင့်။ သုံးရက်အတွင်း မင်းကို လာရှာပြီး ငါ့ရဲ့ အစီအစဉ်အသေးစိတ်ကို ပြောပြမယ်”