← Chapters

ဆေဘာအတွက် ယစ်ပူဇော်မယ်

Vol. 23 Ch. 331

ဆေဘာအတွက် ယစ်ပူဇော်မယ်

Vol. 23 Ch. 331

မိစ္ဆာနှိမ်နင်းချိတ်စည်းကို ပုံဖော်ဖို့အတွက် ဆူဇီမိုသည် သူ့စိတ်ဝိညာဉ်စွမ်းအင်အကုန်လုံးနီးပါးကို အသုံးပြုလိုက်ရ၏။

ဆူဇီမိုက လျှို့ဝှက်ပညာရပ်ချင်း အားပြိုင်မှုမှ ထွက်ပေါ်လာမည့်ရလဒ်ကို အရေးလုပ်ပြီး စောင့်ကြည့်မနေပေ။ သူသည် လှည့်ပတ်လျှောက်လိုက်ရင်း.. ညာဘက်လက်နှင့် သိုလှောင်အိတ်ထဲမှ လေးကြီးတစ်လက်ကို ဆွဲထုတ်ကာ မြားသုံးစင်းကို တစ်ပြိုင်တည်း ဆွဲတင်ပြီး လေထဲမှာရှိနေသော ဖုန်ဟောက်ယွီကို ချိန်ရွယ်လိုက်၏။

သူ၏ လှုပ်ရှားမှုက ကြိမ်ဖန်များစွာ လေ့ကျင့်ထားသကဲ့သို့ ရေပြင်လို ချောမွတ်နေ၏။

သာမန်ဟုသာ ထင်ရသော ထိုလေးမှ စိတ်ဝိညာဉ်အင်းကွက်လေးခုက လင်းလက်တောက်ပလာ၏။ အဲ့ဒါက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုပင်။

သူ့လေးက လပြည့်ဝန်းတစ်ခုပမာဖြစ်ပြီး မြားများက ကြယ်များကြွေဆင်းလာသကဲ့သို့ ပစ်လွင့်လာ၏။

ရွှစ်.. ရွှစ်.. ရွှစ်..

မြားအလင်းတန်းသုံးခုက လေဟာနယ်ကို ဖြတ်သန်း၍ ချက်ချင်းပင် ဖုန်ဟောက်ယွီရှေ့သို့ ရောက်ရှိလာ၏။

အရမ်းမြန်လွန်းသည်။

တစ်ချိန်တည်းမှာပင် သွေးနီရောင်ဦးခေါင်းခွံနှင့် ရွှေရောင်လက်ဝါးကြီးက လေထဲမှာ ထိတွေ့မိသွားကြ၏။

ဦးခေါင်းခွံကြီးက ရွှေရောင်လက်ဝါးကြီးကို တစ်ကိုက်တည်းနှင့် ဝါးမျိုလိုက်ပြီး ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် ဦးခေါင်းခွံပတ်လည်တွင် အကန့်အသတ်မဲ့ ရွှေရောင်အလင်းများက ဖြာထွက်လာပြီးနောက် ၎င်းက ပေါက်ကွဲထွက်သွား၏။

ဖုန်ဟောက်ယွီသည် ဝင်ရောက်လာသော အေးစက်စက်အလင်းတန်းသုံးခုကို ရှောင်လိုက်၏။ သို့သော်လည်း လျှို့ဝှက်ပညာရပ်နှစ်ခု ထိတွေ့မှုမှ စွမ်းအင်တုန်ခါလှိုင်းများက ရုတ်တရတ် ပေါက်ကွဲထွက်ပေါ်လာသောကြောင့် သူ၏ လှုပ်ရှားမှုကို ဝင်ရောက်နှောင့်ယှက်မိသွားပြီး သူသည် ခြေတစ်လှမ်းမျှ နောက်ကျသွား၏။

ဖောက်..

မြားတစ်စင်းက ဖုန်ဟောက်ယွီ၏ ရင်အုပ်ကို ထိုးဖောက်သွားပြီး သွေးများက ဖြာကနဲ ထွက်လာ၏။

ဖလပ်.. ဖလပ်..

နောက်ထပ်ဝင်ရောက်လာသော မြားနှစ်စင်းက ဖုန်ဟောက်ယွီ၏ နောက်ကျောမှ အတောင်ပံများကို ထိုးဖောက်ရိုက်ခတ်၍ ဖျက်ဆီးပစ်လိုက်၏။

စိတ်ဝိညာဉ်အတောင်ပံတစ်စုံက ကြေမွပျက်ဆီးသွားသောကြောင့် ဖုန်ဟောက်ယွီသည် လေထဲကနေ ပြုတ်ကျလာ၏။

ဘုန်း..

ထိုအချိန်တွင် အောက်ဘက်မှ ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။ ကောင်းကင်က ပြိုကျလာသည့်အလား သတ္တုနယ်မြေတစ်ခုလုံး၏ မြေပြင်က တုန်ခါသွား၏။

စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် မျက်လုံးများ အောက်မှာပင် ဆူဇီမိုသည် မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်၍ ကိုယ်ကာယခွန်အားသက်သက်နှင့် လေထဲသို့ ခုန်တက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဖုန်ဟောက်ယွီ၏ ဦးခေါင်းအထက်သို့ ရောက်ရှိသွား၏။

အဲ့ဒါက ပေတစ်ရာအမြင့် ဖြစ်လေသည်။

ရွှေအမြုတေများပင်လျှင် သူတို့၏ ကိုယ်ကာယခွန်အားသက်သက်နှင့် ထိုအမြင့်ထိ ခုန်နိုင်လိမ့်မည် မဟုတ်ပေ။

ဝုန်း ဝုန်း ဝုန်း...

ဝေါ ဝေါ..

ထို့နောက်ချက်ချင်းပင် အပြင်ဘက်မှ ကျင့်ကြံသူများသည် ထူးဆန်းသည့်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

အဲ့ဒါက မိုးကြိုးများ တဝုန်းဝုန်း ပစ်ခတ်သံလိုလို.. ဆူနာမီရေလှိုင်းများ တက်လာသံသလိုလိုနှင့်.. ထိုအထဲတွင် ကျားနှင့် ကျားသစ်တို့၏ အသံကလည်းရောစွက်ပါဝင်နေသေး၏။ ထိုအသံက ကြားရသူများကို အတော်လေး နေမထိထိုင်မသာ ဖြစ်စေ၏။

ထိုအသံများအားလုံးက ဆူဇီမို၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

“ဖုန်ဟောက်ယွီ.. ဒီနေ့တော့ မင်းက ငါ့ဆေဘာအတွက် ယစ်ကောင်ပဲ”

လူတစ်ယောက်၏ ခါးလောက်ရှည်သော တုတ်ခိုင်သည့် ဆေဘာကြီးက ဆူဇီမို၏ လက်ထဲတွင် ရုတ်တရတ် ပေါ်ပေါက်လာ၏။ စိတ်ဝိညာဉ်စွမ်းအင်များက ထိုဆေဘာထဲသို့ တိုးဝင်သွားပြီး မျက်စိကျိန်းလောက်သည့် သွေးရောင်စိတ်ဝိညာဉ်အင်းကွက်ငါးခုက ဖြာထွက်လာ၏။

သွေးသောက်သူ၏ မွေးဖွားမှု..

ကြီးမားသည့် ဓါးသွားက သွေးနီရောင်တောက်ပြီး ပြင်းထန်စွာ တုန်ခါနေကာ အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့် လူတစ်ယောက်၏ ဝိညာဉ်ကို စုတ်ပြတ်သွားစေလောက်သောအော်ရာတို့က ထွက်ပေါ်နေ၏။

“သေစမ်း”

ဆူဇီမိုက သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ.. သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပွယောင်းလာ၏။ သူသည် လက်နှစ်ဖက်ဖြင့် သွေးသောက်သူကို ဆုပ်ကိုင်ကာ ကောင်းကင်ထက်မှ ခုန်ဆင်း၍ ရပ်တန့်ခြင်းငှာ မစွမ်းသာသော စွမ်းအားနှင့် ဖုန်ဟောက်ယွီ၏ ဦးခေါင်းကို ပိုင်းချလိုက်၏။

သွေးသောက်သူက ဆူဇီမို၏ မျိုးဆက်သွေးနှင့် ပြီးပြည့်စုံစွာ တစ်သားတည်းပေါင်းစည်းသွားပုံရ၏။ ဓါးသွားပေါ်တွင် သွေးစသွေးနကိုပင် မြင်လာရ၏။

လေထုက သွေးသောက်သူ၏ စွမ်းအားကြောင်း တစ်စစီ စုတ်ပြဲသွားပုံရ၏။

ဤခုတ်ချက်ကို ရရှိဖို့အတွက် ဆူဇီမိုစောင့်ဆို်ငးခဲ့ရသည်မှာ ကြာခဲ့လေပြီ။

မိစ္ဆာနှိမ်နင်းချိတ်စည်းဖြစ်စေ၊ မြားသုံးစင်းဖြစ်စေ.. သူတို့အားလုံးက ဖုန်ဟောက်ယွီကို ရှောင်လိုမလွတ်နိုင်သော ဤအနေအထားနှင့် ဤသို့ ခုတ်ပိုင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုများသာ ဖြစ်လေသည်။

ဤခုတ်ချက်က ဆူဇီမို၏ တိုက်ခိုက်မှုများမှ စုဆောင်းထားသော အနှစ်သာရဖြစ်လေသည်။

ဤခုတ်ချက်သည် သူ၏ သားရဲကျင့်ကြံခြင်းကို မထုတ်ဖော်ဘဲ သူတိုက်ခိုက်နိုင်သမျှ အားအကြီးဆုံးတိုက်ခိုက်မှု ဖြစ်လေသည်။

သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် စိတ်ဝိညာဉ်စွမ်းအင်တို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပြီး သွေးသောက်သူကပါ ထပ်မံအားဖြည့်ထားသောကြောင့် ဖုန်ဟောက်ယွီသည် သေချာပေါက် သေရတော့မည်ဆိုတာ ဆူဇီမိုလုံးဝ ယုံကြည်ထားလေသည်။

ဖုန်ဟောက်ယွီသည် သူ့ခေါင်းကို အနည်းငယ်မော့၍ ကြည့်လိုက်ပြီး သူ့မျက်နှာက သွေးဆုတ်သွား၏။ သူသည် လွန်ခဲ့သည်သုံးနှစ်လောက် စိတ်ဝိညာဉ်တောင်ထွတ်၏ ပြိုင်ပွဲစင်ပေါ်မှာတုန်းက ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရသော အချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။

သို့သော်လည်း ထိုအချိန်တုန်းက သူတို့နှစ်ယောက်သည် တစ်ဂိုဏ်းသားများ ဖြစ်ခဲ့ကြ၏။

ယခုအခါမှာတော့ သူတို့က ကမ္ဘာ့ရန်သူတွေ ဖြစ်နေကြလေပြီ။

ဒီတစ်ကြိမ်မှာတော့ ဆူဇီမိုသည် ဘာကိုမျှ ထိန်ချန်မထားတော့ပေ။

ဖုန်ဟောက်ယွီသည် ဘာမျှ စဉ်းစားမနေအားတော့ဘဲ သူ့သိုလှောင်အိတ်ထဲကနေ သွေးရောင်ဒိုင်းကာတစ်ခုကို ဆွဲထုတ်ကာ ပြန့်ကားစေ၍ သူ့ဦးခေါင်းထက်ကနေ ပိတ်ကာလိုက်၏။

ဝုန်း..

သွေးသောက်သူက သွေးရောင်ဒိုင်းကာနှင့် ထိတွေ့သွားပြီး ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။

ဖုန်ဟောက်ယွီသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား.. သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါယိမ်းယိုင်သွားပြီး မျက်လုံးများက သွေးပျက်ကြောက်လန့်မှုအပြည့်နှင့်..ဖြစ်၏။ သူသည် နှစ်ခုစဉ်းစားမနေဘဲ ကျောက်စိမ်းအဆောင်ကို ဆွဲထုတ်ကာ ချက်ချင်းချိုးဖျက်လိုက်၏။

အလင်းတစ်ခုက ဖျတ်ကနဲ တောက်ပသွား၏။

ချွမ်း..

သွေးရောင်ဒို်ငးကာက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ၎င်း၏အရောင်က မှိန်ဖျော့သွား၏။ ထိုဒိုင်းကာ၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲရာများက ပေါ်လာ၏။ ၎င်းက သွေးသောက်သူ၏ ခုတ်ပိုင်းချက်တစ်ချက်တည်းနှင့် ပျက်ဆီးသွားလေပြီ။

ဖုန်ဟောက်ယွီ၏ ခန္ဓာကိုယ်က ဖျတ်ကနဲ လှုပ်ရှားသွားပြီး သူသည် သတ္တုနယ်မြေထဲမှ ပျောက်ကွယ်သွား၏။

လေးထောင့်ကွင်းတွင် အလင်းရိပ်တစ်ခုက ပေါ်လာပြီးနောက် ဖုန်ဟောက်ယွီကို မြင်လိုက်ကြရ၏။ သူသည် ဖြူလျော့နေသော ပုံစံနှင့် မြေပြင်ပေါ် ပစ်လဲကျသွား၏။

“ဟမ်”

သွေးကျီးကန်းဘုရင်က ဖုန်ဟောက်ယွီရှေ့ ဖျတ်ကနဲ ရောက်သွား၏။ သူသည် မျက်လုံးပြူးမျက်ဆံပြူးနှင့် ဖုန်ဟောက်ယွီကို ငုံ့ကြည့်လိုက်ပြီးနောက် အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်များက သူ့မျက်လုံးထဲတွင် ပြည့်နှက်လာ၏။

“ဆူ.. ဇီ.. မို”

သွေးကျီးကန်းဘုရင်၏ အရိုးထဲမှလာသော နားကျည်းမုန်းတီးနေသည့် ကျောချမ်းစရာအသံကြီးကို လူတိုင်းကြားလိုက်ရ၏။

ဖုန်ဟောက်ယွီသည် တစ်ခုခုကို ပြောချင်နေပုံရ၏။ သို့သော်လည်း သူ့ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်တွင် ကြီးမားသည့် သွေးခဲကြီးများနှင့်တကွ သွေးများက အိုင်ထွန်းထွက်ကျလာ၏။

မြင်ရသည့်မြင်ကွင်းက သွေးပျက်ကြောက်လန့်စရာဖြစ်ပြီး ကျင့်ကြံသူများအားလုံး ရင်ထဲ တဒုတ်ဒုတ် ခုန်လာကြ၏။

ဖုန်ဟောက်ယွီထွေးထုတ်လိုက်သော သွေးခဲများက သူ၏ ကြေမွပျက်ဆီးသွားသော ကိုယ်တွင်းအင်္ဂါအပိုင်းအစများ ဖြစ်လေသည်။

ခုတ်ချက် တစ်ချက်တည်းရယ်..

ဖုန်ဟောက်ယွီသည် သတ္တုနယ်မြေကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ဆူဇီမို၏ ဆေဘာခုတ်ချက်ဖြင့် သူ၏ကိုယ်တိုင်းအင်္ဂါများက လုံးဝပျက်ဆီးကုန်လေပြီ။ သူက အသက်ဆက်ရှင်နိုင်စရာအကြောင်း မရှိတော့ပေ။

လူတိုင်းတိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဖုန်ဟောက်ယွီ.. ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးမျိုးစလုံးကို ကျင့်ကြံလေ့ကျင့်ထားသူ၊ ဆူဇီမိုထက် ကျင့်ကြံမှုအဆင့်နှစ်ဆင့်တောင် ပိုမြင့်သူ.. ထိုသူကား ဆေဘာခုတ်ချက်တစ်ချက်တည်းနှင့် သေရပေတော့မည်။

ထွက်ပေါ်လာသောရလဒ်က လူတိုင်း ‌မျှော်လင့်တွေးထင်ထားသည်ထက် လုံးဝကျော်လွန်သွား၏။

သူတို့ဘယ်လိုမှ မဖြစ်နိုင်ဟု ထင်ထားခဲ့သည့်အရာက ယခုသူတို့ရှေ့မှောက်မှာတင် ဖြစ်လာခဲ့လေပြီ။

ရွှမ်ယီက စိတ်ထဲရှုပ်ထွေးနေသောအမူအယာနှင့် ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဝမ်ရွှမ်း.. မင်း မြင်ရလား.. ဆန်းကြယ်တောင်ထွတ်က တပည့်တစ်ယောက်က ဖုန်ဟောက်ယွီရဲ့ ကျင့်ကြံမှုရော၊ ဘဝကိုပါ ကိုယ်တိုင်ပြန်ယူခဲ့ပြီကွ.. အခု မင်းရဲ့ဆန္ဒတွေလဲ ပြည့်ဝသွားပြီဆိုတော့ အေးအေးချမ်းချမ်း အနားယူလို့ရပါပြီ သူငယ်ချင်းရေ”

ရွှေအမြုတေအချို့သည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ကြ၏။

ဘိုးဘေးများနှင့် ဆရာသမားများကို သစ္စာဖောက်ခြင်း၊ ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်ခြင်းများက ကျင့်ကြံရေးလောကတွင် အကြီးမားဆုံး ပိတ်ပင်တားမြစ်ထားသော အရာဖြစ်လေသည်။ ယခုဖုန်ဟောက်ယွီ ကြုံတွေ့ရသော အခြေအနေက ဒဏ်ပြန်ခတ်ခံရခြင်းဟု ပြောလို့ရလေသည်။

“ဆန်းကြယ်တောင်ထွတ်က အကျပ်အတည်းနဲ့ ကြုံတွေ့ရတိုင်း မွန်းစတားတစ်ကောင်ကို မွေးထုတ်ပေးနေကျပဲ”

“အဲ့မှာ ဆူဇီမိုအပြင် ဘယ်သူရှိသေးလို့လဲ”

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ပြိုင်ဘက်ကင်းအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာဖူးသေးတယ်လေ”

“အာ အဲ့လူလား.. ငါကြားဖူးတယ်.. သူက ဂိုဏ်းကိုသစ္စာဖောက်ပြီး မိစ္ဆာလမ်းကြောင်းပေါ် ရောက်သွားတာဆိုလား..”

ထိုဆွေးနွေးပြောကြားသံများကို ကြားသောအခါ နတ်ဆိုးမကျိသည် မျက်လုံးကို ကလယ်ကလယ်လုပ်၍ ဂူရှီအနားသို့ ရုတ်တရတ် တိုးသွားလိုက်ပြီး မနောအသံ ပို့လွှတ်ကာ‌ မေးလိုက်၏။

“ဒေါ်လေးဂူ.. သူတို့ပြောနေကြတာ အထွတ်အထိပ်ဂိုဏ်းက ဟိုလူမလား”

“အမ်း” ဂူရှီက မှင်သေသေ အမူအယာနှင့် ပြန်ဖြေလိုက်၏။

နတ်ဆိုးမကျိက တခစ်ခစ်ရယ်လိုက်၏။

“ဒေါ်လေးဂူ ကျမကြားတာတော့ ဒေါ်လေးနဲ့ အဲ့လူကြားက ဆက်ဆံရေးက သိပ်မရိုးဘူးဆို.. ကျမကို ပြောပြပါလား”

“သွားစမ်းပါအေ”

ဂူရှီက နတ်ဆိုးမကျိကို စိုက်ကြည့်လိုက်၏။ သူမ၏ လေသံက အပြစ်တင်ဟန်နှင့် ညုတုတုဟန် ရောစွက်နေ၏။

ဒြပ်စင်ငါးမျိုးထီးထဲတွင် နယ်မြေတစ်ခုချင်းစီ၏ တိုက်ပွဲများက အဆုံးသတ်ဖို့ နီးလာ၏။

သတ္တုနယ်မြေတွင် ဆူဇီမိုသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ သူ့အင်္ကျီလက်စကို ဝေ့ရမ်း၍ မြေပြင်ပေါ်တွင် ကျနေသော ထိပ်တန်းအဆင့် ဓါးပျံဆယ့်ရှစ်လက်ကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

သူနှင့် ဖုန်ဟောက်ယွီတို့၏ အသေအကြေတိုက်ပွဲက လျှင်မြန်စွာပင် ပြီးဆုံးသွားခဲ့၏။

ပြောရမည်ဆိုလျှင် နှစ်ချီမျှသာ ကြာခဲ့ပြီး.. မည်သူမျှ သူ၏ ထိပ်တန်းအဆင့်ဓါးပျံများကို ခိုးယူ၍ ထွက်သွားဖို့ အချိန်မရလိုက်ပေ။

သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်ပြီး ဆူဇီမိုက ထူးမခြားနားလေသံနှင့် ပြောလိုက်၏။

“တာအိုရောင်းရင်းတို့.. ကျေးဇူးပြုပြီး ထွက်သွားကြပါတော့.. ဒီနယ်မြေအတွက် နေရာနှစ်နေရာကို.. ဆန်းကြယ်တောင်ထွတ်က ယူလိုက်ပါပြီ”

ရိုးရှင်းသော စကားလုံးများပင် ဖြစ်သော်လည်း မည်သူမျှ ပြန်လှန်မဝံ့ရဲအောင် လွှမ်းမိုးနိုင်စွမ်း ပါဝင်နေ၏။

ချက်ချင်းပင် ဖက်တီးလေးသည် သွေးများဆူပွက်လာပြီး အော်ဟစ်ဟိန်းဟောက်ချင်စိတ်များ တဖွားဖွား ပေါ်လာ၏။

သူသည် ဆူဇီမိုအနားသို့ ဒယီးဒယိုင်ဖြင့် လျှောက်သွားလိုက်ပြီး သူ့ရင်ဘတ်ကိုပုတ်ကာ ဘေးပတ်လည်ကို လှည့်ကြည့်လိုက်၏။ သူ့ဘေးနားက ဤစံပြပုဂ္ဂိုလ်နှင့် ယှဉ်ရင် အရာရာတိုင်းက နိမ့်ကျအဖက်မတန်သလို သူခံစားလာရ၏။

All Chapters