အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေ
Vol. 39 Ch. 585
ခေါင်းဆောင် ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ရွှီချင်း တိတ်ဆိတ်သွားသည်။
ခေါင်းဆောင်ပြောသော ကိစ္စကြီး၏အသေးစိတ်ကို မသိသေးသော်လည်း သူက အကြမ်းဖျင်း ခန့်မှန်းမိသည်။ ဤခရီးက တိုတောင်းမည် မဟုတ်ကြောင်း သူ နားလည်သည်။
ထို့ကြောင့် သူသည် ခွင့်ရက်ရှည် တင်ရန်နှင့် လိုအပ်သော ပစ္စည်းအားလုံး နောက်သုံးရက်အတွင်း ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ အရာအားလုံးပြင်ဆင်ပြီးနောက် ရွှီချင်းသည် ဓားခန်းဆောင်သို့ ပြန်လာပြီး တစေလက် သူ့ကို လေ့လာရန် ပေးခဲ့သော ကောင်းကင်နက်မျိုးနွယ်၏မျက်လုံးကို ထုတ်ယူလိုက်သည်။
၎င်းပစ္စည်းသည် ဆန်းကြယ်ပြီး ဝိညာဉ်ကို တိုးတက်စေနိုင်သော အစွမ်းတချို့ ရှိသည်။ သို့သော် ရွှီချင်းသည် ၎င်းကို ထိန်းချုပ်ရန် ခရမ်းလနန်းတော်၏စွမ်းအင် သုံးလိုက်သောအခါ မူမှန်သော ပြောင်းလဲမှုများ ဖြစ်လာခဲ့သည်။
မျက်စိတမှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားသည်။
ထိုသုံးရက်အတွင်း ညနေချိန် ရောက်တိုင်း ဒေသငယ်မြို့တော်၏ကောင်းကင်သည် ပုံမှန်နှင့် အနည်းငယ် ကွဲပြားနေသည်။ ရာသီဥတုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ကောင်းကင်သည် အဝါဖျော့ဖျော့ မဟုတ်တော့ဘဲ နီရဲနေသည်။
၎င်းသည် မြေပြင်ကို ရောင်ပြန်နေပြီး အဆောက်အအုံအားလုံးသည် သွေးကဲ့သို့ ချင်းချင်းနီနေသည်။
၎င်းက ကျက်သရေရှိသော နိမိတ်လက္ခဏာလော သို့မဟုတ် မကောင်းသော နိမိတ်လက္ခဏာလော ပြောရန် ခက်ခဲသည်။
ထိုအရာသည် သုံးရက်ဆက်တိုက် တူညီစွာ ဖြစ်ပျက်နေသည်။
ဓားခန်းဆောင်တွင် ရပ်နေရင်း ရွှီချင်း ကောင်းကင်ကို ကြည့်လိုက်သည်။ တချို့သော အကြောင်းရင်းများကြောင့် သူ၏ရင်တွင်းမှ ရုတ်တရက် တင်းကြပ်ကြပ် ခံစားလိုက်ရသည်။ ၎င်းခံစားချက်သည် အလွန် ရုတ်တရက်ဆန်ပြီး ခဏအတွင်း ပျောက်ကွယ်သွားသည်။
ရွှီချင်းက ပဟေဠိဆန်သော အမူအရာနှင့် ရှိနေသည်။ သူက ထိုကဲ့သို့သော ခံစားချက်မျိုး ယခင်က မရဖူးပေ။ လက်ရှိတွင် သူသည် ထိုအရာအကြောင်း တွေးတောနေပြီး ၎င်းတင်းကြပ်သော ခံစားချက်သည် သူ၏သက်စောင့်မိုဆာဆောမှ လာသည်ဟု ခံစားနေရသည်။
ရွှီချင်း စဉ်းစားနေစဉ် လူတစ်ဦးသည် အနီရောင်များကြားမှ လျှောက်ထွက်လာသည်။
ခေါင်းဆောင် ဖြစ်သည်။
သူက စိတ်လှုပ်ရှားစွာ အမြန်လာနေသည်။ ရွှီချင်းကို မြင်သောအခါ သူက သဘောတကျ ရယ်လိုက်ပြီး လက်ဟန်အမူအရာများ ထုတ်ဖော်လိုက်ကာ ပတ်ပတ်လည်ကို ဝင်္ကပါအစီအရင် ခင်းကျင်းလိုက်သည်။ သူက ရွှီချင်းကိုလည်း ဓားခန်းဆောင် ဝင်္ကပါအစီအရင်ကို အသက်သွင်းရန် ပြောလိုက်သည်။ ပတ်ပတ်လည်ကို ပိတ်ဆို့ပြီးနောက် သူက ထူးထူးဆန်းဆန်းများ ပြောတော့သည်။
“ချင်းလေး အကုန်အဆင်သင့် ဖြစ်ပြီ။ ဒီတစ်ကြိမ်တော့ ငါတို့ နှစ်ယောက်ထဲပဲ။ ငါ တခြားသူတွေ ခေါ်မလာဘူး”
“အစက ငါ နင်ယန်ကို ခေါ်ချင်ပေမဲ့ ဒီကောင်လေးက စစ်ဆေးမှု ပြီးကတည်းက ပျောက်သွားတာပဲ။ ငါ အကြာကြီးလိုက်ရှာတာတောင် မတွေ့ဘူး။ ငါ သူ့ကို လူသားဒိုင်းအနေနဲ့ အသုံးချချင်တာ သူ သိသွားတာ ဖြစ်နိုင်လား”
ခေါင်းဆောင် နောင်တရစွာ သက်ပြင်းချသည်။
ရွှီချင်းသည်လည်း ထိုအကြောင်း ကြားသောအခါ အံ့အားသင့်သွားသည်။ အကြောင်းတချို့ တွေးပြီးသည်တွင် သူက မေးသည်။
“သူ ပါမလာတာ ပြဿနာရှိနိုင်လား”
“အစကတော့ သက်ရောက်မှု အကြီးကြီး ရှိပေမဲ့ မင်း ငါ့ကို ပေးတဲ့ ကောင်းကင်နက်မျိုးနွယ်ရဲ့ မှတ်တမ်းတွေကြောင့် နင်ယန် ပါပါ မပါပါ ကိစ္စမရှိတော့ဘူး”
ခေါင်းဆောင်မျက်လုံးများက လက်နေပြီး သူက လေသံတိုးတိုးနှင့် ပြောသည်။
“ချင်းလေး ငါတို့က ဒီတစ်ကြိမ် အလျင်စလို မလုပ်တော့ဘူး။ ခေါင်း သုံးတော့မယ်။ ငါ မင်းကို သန့်စင်ရေလှိုင်းမျိုးနွယ်ဆီ ခေါ်သွားပေးမယ်”
ရွှီချင်း အတွေးနက်သွားသည်။
“ကျုပ်တို့က သန့်စင်ရေလှိုင်းမျိုးနွယ်ဆီ ကောင်းကင်နက်မျိုးနွယ် အယောင်ဆောင်ပြီး သွားမှာလား”
ခေါင်းဆောင်က ရယ်မောလိုက်ပြီး ပျော်ရွှင်မှုများနှင့် တောက်ပနေသည်။
“ချင်းလေး မင်းက ငါ့ကို ကောင်းကောင်း နားလည်တာပဲ။ ဟုတ်တယ်.. ငါတို့က ဒီတစ်ကြိမ်မှာ ကောင်းကင်နက်မျိုးနွယ် အယောင်ဆောင်ပြီး သန့်စင်ရေလှိုင်းမျိုးနွယ်ဆီ သွားမယ်။ သန့်စင်ရေလှိုင်းမျိုးနွယ်က ကောင်းကင်နက်မျိုးနွယ်ရဲ့ လက်အောက်ခံလေ။ ငါတို့က သူတို့ရဲ့ သခင်အနေနဲ့ ဟန်ဆောင်ကြမှာ။ အစီအစဉ်တွေက အကုန် ချောမွေ့နေလိမ့်မယ်”
ရွှီချင်းခေါင်းညိတ်ပြသည်။ ဖြေရှင်းရန်အတွက် အသေးစိတ်အကြောင်းအရာများစွာ ရှိနေသေးသော်လည်း သိသာစွာပင် ခေါင်းဆောင်သည် ရုပ်ဖျက်အသွင်ပြောင်းရာတွင် အလွန် ထူးချွန်သည်။ ထို့ကြောင့် ရွှီချင်းသည် ၎င်းအသေးစိတ်များကို စိတ်ပူမနေတော့ပေ။
သူသည် ယေဘုယျ ဦးတည်ချက်ကိုသာ ခွဲခြမ်းစိတ်ဖြာလိုက်ပြီး ဤကိစ္စက ပြီးမြောက်အောင်မြင်နိုင်သည်ဟု ခံစားလိုက်ရသည်။
“ငါတို့က သန့်စင်ရေလှိုင်းမျိုးနွယ်ထဲက ဘယ်နေရာကို သွားကြမှာလဲ”
ရွှီချင်းမေးသည်။
“ဖုန်းဆိုးမြေအရှေ့ဘက်ဒေသငယ်”
ခေါင်းဆောင်က လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။
“သန့်စင်ရေလှိုင်းဒေသကြီးမှာ ဒေသငယ် ၁၄ခု ရှိတယ်။ သူတို့ထဲမှာ ဖုန်းဆိုးမြေအရှေ့ဘက်ဒေသငယ်က ဖုန်းဟိုင်ဒေသငယ်နဲ့ ထိစပ်နေတယ်။ အဲဒီအထဲမှာ အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေလို့ ခေါ်တဲ့ ထူးဆန်းတဲ့ နေရာလည်း ရှိတယ်”
ရွှီချင်းအကြည့်က အေးစက်သွားသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်အကြောင်း သူသိပ်မသိသော်လည်း ထိုနာမည်အကြောင်း သူ ကြားသောအခါ အလိုလို အနည်းငယ် ထူးဆန်းသလို မသက်မသာ ဖြစ်သလို ခံစားလိုက်ရသည်။
ရွှီချင်းအမူအရာကို သတိပြုမိသည်တွင် ခေါင်းဆောင်က လေသံနှိမ့်လျက် ပြောသည်။
“ဒီနာမည်က အရမ်းထူးဆန်းတယ်လို့ မင်း တွေးနေတာမလား။ အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေ။ ဒါက အူတွေလို ကွေ့ကောက်ခွေပြီး ရှိနေတဲ့ သန္ဓေပြောင်း အပင်ဆယ်ပင်ကို ဆိုလိုတာပဲ”
“အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေက ဟိုးရှေးတုန်းကတည်းက ရှိခဲ့တာ။ နတ်ဘုရား မရောက်လာခင် သူ့ရဲ့အဝန်းအဝိုင်းက နယ်မြေရဲ့တစ်ဝက်လောက် လွှမ်းထားခဲ့တာ။ သူတို့က ဒီဒေသမှာရှိတဲ့ မျိုးနွယ်တိုင်းရဲ့ ကိုးကွယ်ခြင်း ခံရခဲ့တာ”
“ပြောကြတာက အဲဒီအချိန်တုန်းက ဒီနယ်မြေထဲက အရာအားလုံးကို ဒီအပင်ကြီးရဲ့ အကိုင်းအခက်တွေ ဖုံးလွှမ်းထားခဲ့တာ။ အကိုင်းတွေမှာ မရေတွက်နိုင်တဲ့ အလောင်းတွေ ချိတ်ဆွဲရှိနေပြီး သူတို့အားလုံးက ယဇ်ပူဇော် ခံကြရတာ။ ဒီနည်းနဲ့ တစ်စုံတစ်ယောက်က ကောင်းချီးကို ရတယ်လို့ ဆိုကြတယ်။ ရွှမ်ယုံရှေးဘုရင်က ဒီဒေသရဲ့ ဓလေ့ထုံးတမ်းကို မတားဆီးခဲ့ဘူး”
“သေချာတာပေါ့။ ဒါက ဘာလို့လဲ ဆိုတော့ အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေရဲ့ ဒဏ္ဍာရီ တစ်ခု ကြောင့်ပဲ”
ခေါင်းဆောင် မျက်လုံးများတွင် နက်မှောင်သော အကြည့် တစ်ချက် ရှိနေသည်။
“ဒဏ္ဍာရီအရ ဒီအစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေက နှစ်အသင်္ချေက အင်မော်တယ်ဖြစ်သွားခဲ့တဲ့ ကပ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးနွယ်ဝင်ကနေ အသွင်ပြောင်းလာခဲ့တယ်လို့ ဆိုတယ်”
ရွှီချင်းအကြည့်က အေးစက်သွားသည်။
“ကပ်ဘေးအင်မော်တယ်မျိုးနွယ်က ဆန်းကြယ်ပြီး နားလည်ရခက်တယ်။ သူတို့က အရာအားလုံးကို အစပြုတဲ့ အသက်ရဲ့ အမြုတေဟာ အူလို့ ယူဆကြတယ်။ အင်မော်တယ်တက်လှမ်းခြင်း အခိုက်အတန့်မှာ တစ်စုံတစ်ဦးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို သေချာပေါက် ဖွင့်လှစ်ရပြီး ဒီအရာကို ဝိညာဉ်အူကို ကမ္ဘာဆီ လွှတ်ထုတ်လိုက်ဖို့ အသုံးပြုပြီး ကမ္ဘာရဲ့အာဟာရတွေကို စုပ်ယူတယ်”
“ဒဏ္ဍာရီအရ ကပ်ဘေးအင်မော်တယ်မျိုးနွယ် ကျင့်ကြံသူက နောက်ဆုံးမှာ အောင်မြင်သွားခဲ့တယ်။ သူက ဝမ်ယုကုန်းမြေရဲ့ အစစ်အမှန် အင်မော်တယ် တစ်ပါး ဖြစ်လာပြီး ဒီအစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေက သူ့ရဲ့အဓိကခန္ဓာကိုယ်ပဲ။ ဒါပေမဲ့ နတ်ဘုရား ရောက်လာခဲ့ပြီး သူ့ကို အကျဉ်းချခဲ့တာမို့ လက်ရှိမှာ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်”
ခေါင်းဆောင်က ပြောပြီးသည်နှင့် ပန်းသီးတစ်လုံးနှင့် မက်မွန်သီးတစ်လုံး ထုတ်ယူလိုက်သည်။ သူက မက်မွန်သီးကို တစ်ကိုက် ကိုက်လိုက်ပြီး ပန်းသီးကို ရွှီချင်းဆီ ကမ်းလိုက်ကာ စကား ဆက်သည်။
“ဒါက အစစ်အမှန် အင်မော်တယ် တစ်ယောက်လား”
ရွှီချင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤအရာက သူ စိတ်ကူးထားသော အင်မော်တယ်နှင့် ကွာခြားနေသည်။
“မင်း အင်မော်တယ်တွေကို ဒီလိုဖြစ်မယ်လို့ ထင်မထားဘူးမလား။ ချင်းလေး မင်းရဲ့ ဒီကမ္ဘာအပေါ် သဘောပေါက်မှုက လိုအပ်နေသေးတယ်။ အနာဂတ်မှာ မင်းရဲ့စီနီယာအစ်ကိုကြီးဆီက အများကြီး သင်ယူရမယ်”
ခေါင်းဆောင်သည် မက်မွန်သီး ကိုက်လျက် ဝင့်ကြွားသော အမူအရာနှင့် ရှိနေသည်။
ရွှီချင်းသည် ထိုသည်က အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
ခေါင်းဆောင်၏မျက်လုံးများသည် လေးနက်မှုများနှင့် ပြည့်နေပြီး သူက လေသံအေးအေးနှင့် ဆက်ပြောသည်။
“အင်မော်တယ်တွေကို မင်းဘယ်လို ထင်ထားလဲ။ ငါတို့ လူသားတွေက သူတို့ကို ကမ္ဘာမြေက ထွက်ခွာသွားတဲ့ ဉာဏ်ပညာ ကြီးရင့်တဲ့ ဖြစ်တည်မှုတွေလို့ ထင်ကြပြီး သာလွန်မြင့်မြတ်တယ်လို့ ယူဆကြတယ်”
“ဒါပေမဲ့ မျိုးနွယ်တိုင်းရဲ့နားလည်ထားမှုက ကွဲပြားကြတယ်။ ကပ်ဘေးအင်မော်တယ်မျိုးနွယ်က အင်မော်တယ်တွေဟာ အူခွေဆယ်ခုဖြစ်ကြတယ်လို့ ယူဆကြချိန်မှာ တခြား လူသားမဟုတ်တဲ့မျိုးနွယ်တွေကတော့ အင်မော်တယ်တွေကို အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်ရေးဆွဲကြတယ်”
“အနာဂတ်မှာ ငါတို့က နေရာအများကြီးကို သွားကြလိမ့်မှာမို့ မင်းက မရေတွက်နိုင်တဲ့ ထူးဆန်းတဲ့ အရာတွေကို တွေ့ရလိမ့်မယ်”
“ဒီကမ္ဘာကြီးက အရမ်းပျော်ဖို့ကောင်းတယ်”
ခေါင်းဆောင် ပြုံးလိုက်သည်။
ရွှီချင်း နှလုံးသားက လှုပ်ရှားသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
ခေါင်းဆောင်အသံက ဆက်လက် ထွက်ပေါ်လာသည်။
“အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေက သစ်ပင်တွေက အဆုံးမဲ့တောအုပ်ထဲကို တိုးချဲ့သွားတယ်။ ဒီတစ်ကြိမ်မှာ ငါတို့ အဲ့ဒီကို သွားကြမယ်”
“ဒီအစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုတောအုပ်က နှစ်တစ်ရာကြာတိုင်း အစစ်အမှန်အင်မော်တယ်တာအိုအသီးတွေ အများကြီး သီးတယ်။ ဒီသစ်သီးတွေက ထူးခြားပြီး မျက်စိအမြင်မှာ တစ်ထပ်ထဲကျအောင် တူတယ်။
“ဒီအသီးတွေက စားလို့မရဘူး။ မင်း စားလိုက်မယ်ဆိုရင် ရူးသွားပြီးတော့ စရိုက်လက္ခဏာတွေ အများကြီး ရှိလာလိမ့်မယ်။ ထိုက်စီရှန်းမုန်ဂိုဏ်းသားတွေဆို သူတို့ကျင့်ကြံခြင်းက စရိုက်လက္ခဏာတွေအများကြီး လိုအပ်တာတောင်မှ ဒီအသီးကို မစားရဲကြဘူး”
“ဒါပေမဲ့ ဒီအစစ်အမှန်အင်မော်တယ်တာအိုသစ်သီးတွေက မှော်ပစ္စည်းလက်နက်တွေ သန့်စင်ဖို့အတွက် ရှားပါး ပါဝင်ပစ္စည်းပဲ။ ဒီအသီးက မှော်လက်နက်တွေကို အဆင့်အများကြီး မြင့်သွားစေနိုင်တာမို့ လုံးဝ ဈေးကြီးတယ်”
“ငါတို့ ဒေသငယ်ရဲ့ အရာရှိအနေနဲ့က ငါတို့ဟာ သန့်စင်ရေလှိုင်းမျိုးနွယ်တွေနဲ့ ကုန်သွယ်လို့မရတာကြောင့် ဒီလိုတာအိုသစ်သီးတွေအတွက် တစ်နှစ်ပတ်လုံး တာဝန်တွေ အများကြီး ချထားပေးတယ်။ တာအိုသစ်သီးတစ်လုံးချင်းစီက စစ်ရေးအကျိုးပြုမှတ် တစ်သောင်း ရှာပေးလိမ့်မယ်”
“ဒီတစ်ကြိမ်မှာ ငါတို့က တာအိုသစ်သီး ရာဂဏန်း အနည်းငယ်လောက် ရရင် စစ်ရေးအကျိုးပြုမှတ် သန်းဂဏန်း အနည်းငယ်လောက် ရှာနိုင်မှာ မဟုတ်ဘူးလား”
“ဘယ်လိုလဲ ချင်းလေး။ မင်းရဲ့ စီနီယာအစ်ကိုကြီးက အံ့အားသင့်ဖို့ မကောင်းဘူးလား။ ဒါက ငါ မှတ်တမ်းဌာနမှာ အချိန်အကြာကြီး တူးဆွခဲ့ပြီး ရခဲ့တဲ့ ကိစ္စကြီးရဲ့ ကျောရိုးပဲ။ သေချာတာပေါ့.. ဒါက ပထမပစ်မှတ်ပဲ ရှိသေးတာ။ တခြားအရာတွေ ရှိသေးတယ်”
ခေါင်းဆောင်အမူအရာက အနည်းငယ် ဝင့်ကြွားနေသည်။ မက်မွန်သီးကို စားပြီးနောက် သူသည် နောက်ထပ်မက်မွန်သီးတစ်လုံးကို ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။
ရွှီချင်းက လေးစားအထင်ကြီးသော အကြည့်တစ်ခု အလိုလိုကြည့်လိုက်မိပြီး သူ၏မျက်လုံးများထဲတွင် အတွေးနက်မှုများ ပေါ်ပေါက်လာသည်။
“ဂျူနီယာညီလေး မင်းက အရမ်း အပေါ်ယံ ဆန်မနေဘူးလား။ ငါက မင်းကို အမူအရာတွေ ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သင်ပေးတဲ့ သူတစ်ဦးပဲ”
ခေါင်းဆောင်က ရွှီချင်းကို ကြည့်လျက် စိတ်အားထက်သန်စွာဆိုသည်။
ရွှီချင်း ခေါင်းညိတ်သည်။ သူ၏မျက်လုံးများက ပြူးကျယ်သွားပြီး သူ၏အမူအရာက မယုံကြည်နိုင်မှုများနှင့် ပြည့်နေသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။
“စီနီယာ အစ်ကိုကြီး၊ သစ်ပင်တွေအပြင် အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေ ပတ်ဝန်းကျင်မှာ ဘယ်လို အရာတွေ အန္တရာယ်တွေ ရှိသေးလဲ။ ဒါတွေအပြင် သန့်စင်ရေလှိုင်းမျိုးနွယ်က ဒီလို အင်မော်တယ်ပစ္စည်းကို ရိတ်သိမ်းဖို့ လာသင့်တယ် မဟုတ်ဘူးလား”
ခေါင်းဆောင်က ရွှီချင်း အမူအရာ အပြောင်းအလဲကို ကြည့်လျက် လက်မခံချင် ခံချင် လက်ခံလိုက်သည်။ သူသည် မက်မွန်သီး စားရင်း သူ့အစီအစဉ်ကို ဆက်ရှင်းပြသည်။
“ဒီအစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေက အန္တရာယ်များပေမဲ့ အဆုံးမှာတော့ ဒီအရာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ”
“တောအုပ် ပတ်ပတ်လည်ဝန်းကျင်မှာ တာအိုသစ်သီးတွေရဲ့ တည်ရှိမှုတွေကြောင့် ဟိုးမရေတွက်နိုင်တဲ့ နှစ်တွေကတည်းက မြို့ငယ်လေးတွေ အများကြီး ပေါ်လာတယ်။ ဒီမြို့ငယ်လေးအများစုက သန့်စင်ရေလှိုင်းမျိုးနွယ် မင်းဆက်ကြီးလေးခုရဲ့ လက်အောက်ခံတွေ ဖြစ်ကြတယ်”
“တာအိုသစ်သီးတွေ ရင့်မှည့်လာတဲ့ အခါတိုင်း ဒီမြို့ငယ်လေးတွေက သစ်သီးတွေ ဆွတ်ခူးစုဆောင်းဖို့ တာဝန်ယူရပြီး သူတို့နဲ့ သက်ဆိုင်ရာ မင်းဆက်တွေကို ပဏ္ဏာဆက်ရတယ်”
“သေချာပေါက် အန္တရာယ်ရှိမှာ ဆိုပေမဲ့ ငါတို့က ကောင်းကင်နက်မျိုးနွယ် အသွင်ယူထားပြီး အသေးစိတ် စနစ်တကျ ပြင်ဆင်ထားတာမို့ ငါတို့က အောင်မြင်နိုင်တယ်”
ခေါင်းဆောင်က လျှာသပ်လိုက်ပြီး သူ့မျက်လုံးများတွင် ရူးသွပ်မှုများ ပေါ်လာသည်။
“ဒီကိစ္စရဲ့ သော့ချက်က ငါတို့ ဘယ်လို သွားမလဲ ဆိုတာပဲ။ ငါတို့က ကောင်းကင်နက်မျိုးနွယ်အနေနဲ့ သွားရင် နည်းနည်းတော့ ရုတ်တရက် ဆန်လိမ့်မယ်”
ရွှီချင်း နူးညံ့စွာပြောသည်။
ခေါင်းဆောင်သည် ယုံကြည်မှုရှိနေပြီး သူက အရာအားလုံးကို အစီအစဉ် ဆွဲထားပုံပင်။
“အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုသစ်ပင်ရဲ့ တာအိုသစ်သီးတွေ ရင့်မှည့်လာခါနီးတိုင်း သူတို့က မီကာကျောက်တုံးလို့ ခေါ်တဲ့ အထူးအာဟာရတစ်ခု လိုတယ်။ ဒီကျောက်တုံးတွေကို တခြားနေရာတွေကလည်း ရနိုင်ပေမဲ့ ပမာဏ အများကြီး မရှိဘူး။ ဖုန်းဟိုင်ဒေသငယ်ရဲ့ ကျောက်ရှာတောင်မှာသာ ဒီကျောက်တုံးတွေကို ပေါပေါသီသီ ထုတ်လုပ်တာ”
“ဒါ့ကြောင့် တာအိုသစ်သီးတွေ ရင်မှည့်လာခါနီးတိုင်း သန့်စင်ရေလှိုင်းမျိုးနွယ် ကုန်သည်အုပ်စု အများကြီး တိတ်တဆိတ် စိမ့်ဝင်ကြပြီးတော့ မီကာကျောက်တုံးတွေကို လျှို့ဝှက်သယ်ယူတယ်။ အစိုးရက သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ ကုန်မသွယ်ပေမဲ့ ယောင်မိသားစုက သန့်စင်ရေလှိုင်းမျိုးနွယ်ကို ထောက်ပံ့တယ်”
“ဒါက ယောင်မိသားစုရဲ့ အရေးကြီးတဲ့ ဝင်ငွေအရင်းအမြစ် အမြဲတမ်း ဖြစ်ခဲ့တယ်”
ထိုအချက်တွင် ခေါင်းဆောင်က ရွှီချင်းမျက်လုံးများကို ကြည့်လိုက်သည်။
“ငါ ဘာပြောချင်တာလဲ နားလည်လား၊ ချင်းလေး”
ရွှီချင်းမျက်လုံးများက လက်သွားပြီး သူက လေသံအေးအေးနှင့် ပြောလိုက်သည်။
“ကုန်သည်ယာဉ်တန်းတစ်ခုက ငါတို့ကို သန့်စင်ရေလှိုင်းမျိုးနွယ်ဆီ ပို့ပေးမှာပဲ”
ခေါင်းဆောင် ရယ်မောလိုက်ပြီး သူ့မျက်လုံးများက တောက်ပနေသည်။
“မှန်တယ်”
“ငါက အစီအစဉ် ဆွဲပြီးပြီ။ အရင်တုန်းက ငါမင်းကို ဒီကောင်းကင်နက်မျိုးနွယ်တွေရဲ့ အပြုအမူတွေကို စူးစမ်းခိုင်းတာက ကောင်းကင်နက်မျိုးနွယ် ကျင့်ကြံသူတွေအဖြစ် ရုပ်ဖျက်ရင် ကောင်းကောင်း လုပ်နိုင်အောင်ပဲ။ ငါက ဒီကိစ္စနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိသလို ကောင်းကောင်းလည်း ပြင်ဆင်ထားတယ်”
“ဓားကိုင်ရုံးတော် ကောင်းကင်နက်မျိုးနွယ်ကို ဖမ်းမိတာက လျှို့ဝှက်ချက်ဖြစ်ပေမဲ့ ငါက ဒီကိစ္စကို ပစ်မှတ် ကုန်သွယ်ယာဉ်တန်းဆီ တိတ်တိတ်လေး သတင်းဖြန့်ထားပြီးပြီ။ ဒါပေမဲ့ ကောင်ကင်နက်မျိုးနွယ် ဘယ်လောက်များများ ဖမ်းမိထားတယ်ဆိုတာ သူတို့ မသိဘူး”
“နောက်ထပ် ငါတို့လိုတာက အယောင်ပြမှုတစ်ခု လုပ်ဖို့ပဲ။ ငါတို့က တခြားဓားကိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုတယ်”
“မင်းက ခုံရှန်းလုံနဲ့ ရင်းနှီးတယ်ဆိုတော့ ငါက ဒီကိစ္စကို မင်းကို လွှဲပေးရင် ဘယ်လိုလဲ”
ခေါင်းဆောင်က လေသံနိမ့်နိမ့်နှင့် ပြောသည်။
ရွှီချင်းက စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
“ဒါဆို နေရာကျပြီ။ ငါတို့ နက်ဖြန်မနက် စထွက်ကြမယ်”
ခေါင်းဆောင်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ၏မျက်ဝန်းများက မျှော်မှန်းချက်များ သန်းနေကာ လက်ထဲမှ မက်မွန်သီးကို မြိုချလိုက်သည်။
“ချင်းလေး ငါတို့က ဒီတစ်ကြိမ်တော့ ထောပြီ။ သေချာပေါက် အန္တရာယ်လဲ ရှိမှာ မဟုတ်ဘူး။ ငါတို့က ဆရာကြီးတွေ ဖြစ်တော့မယ်”
ဤခရီးက အတော် အန္တရာယ်များကြောင်း ရွှီချင်း နားလည်ထားသော်လည်း သူက စေ့စပ်သေချာစွာ ပြင်ဆင်ထားခဲ့သည်။ ထို့အပြင် သူတို့ အောင်မြင်လိုက်သည်နှင့် ရရှိမည့် စစ်ရေးအကျိုးပြုမှတ်များက သေချာပေါက် အံ့အားသင့်ဖွယ်ဖြစ်လိမ့်မည်။ ထို့ကြောင့် သူ၏မျက်လုံးများက မျှော်မှန်းချက်များနှင့် သန်းနေသည်။ သူက စစ်ရေးအကျိုးပြုမှတ်များကို ဘယ်အရာနှင့်မျှ မလဲနိုင်အောင် တောင့်တနေပေသည်။
ထိုကိစ္စ ပြီးမြောက် အောင်မြင်ပြီးနောက် မည်သို့ ပြန်လာမည်ကိုမူ ရွှီချင်း မမေးခဲ့ပေ။ သူနှင့် ခေါင်းဆောင်သည် အရေးကြီးသော ကိစ္စအများကြီးကို ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ သူတို့က အစောပိုင်းအဆင့်များတွင် စည်းချက်ညီညီ အတူတကွ လုပ်ဆောင်ကြမည်ဖြစ်ပြီး အောင်မြင်ပြီး နောက်ပိုင်းကိစ္စများကိုမူ ကံကြမ္မာကိုသာ ပုံအပ်ထားလိုက်ကြသည်။
ခေါင်းဆောင် ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ရွှီချင်းသည် အသံလွှင့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ခုံရှန်းလုံဆီ အသံလွှင့်လိုက်သည်။ သူက အရာအားလုံးကို မပြောတော့ဘဲ သူ၏တောင်းဆိုချက်ကိုသာ ပြောလိုက်သည်။ ထိုအကြောင်း ခုံရှန်းလုံကြားသောအခါ သူက ရယ်သည်။
“ကောင်းကင်နက်မျိုးနွယ်ဝင် ယောင်ဆောင်မှာလား။ ဘယ်လို စိတ်ကူးမျိုးလဲ။ ငါ့ကိုလည်း ခေါ်သွား”
“ငါ့ရဲ့စီနီယာ အစ်ကိုကြီးနဲ့ ငါက..”
ရွှီချင်း တွန့်ဆုတ်နေသည်။
“အမ်.. ဒါဆို ငါမသွားတော့ဘူး။ ရွှီချင်း မင်း ငါ ပြောတာကို နားထောင်ချင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါက မင်းကို သတိတော့ ပေးရမယ်။ မင်းရဲ့ စီနီယာအစ်ကိုကြီးကို ဂရုစိုက်ပါ။ သူ့ရဲ့ဆယ်ပေအလင်းက သူက စိတ်မချရဘူးလို့ ဆိုလိုတာပဲ။ သူ လှည့်စားတာ မခံရစေနဲ့”
ရွှီချင်းက ခါးသက်စွာ ပြုံးလိုက်ပြီး ခုံရှန်းလုံနှင့် အချိန်အနည်းငယ် စကားပြောလိုက်သည်။ အသေးစိတ်အပေါ် သဘောတူပြီးနောက် သူက အသံလွှင့်မှုကို အဆုံးသတ်လိုက်သည်။
အချိန်က နောက်ကျနေပြီ ဖြစ်သောကြောင့် ရွှီချင်းက သူ့သိုလှောင်အိတ်ကို စစ်လိုက်သည်။ သူထွက်သွားမည့် ကြာချိန်က ဤတစ်ကြိမ်တွင် မသေချာသောကြောင့် နတ်မိမယ်ကျစ်ရွှမ်ကို အသံလွှင့်ပြီး သူ ထွက်ခွာမည့်အကြောင်း ပြောပြလိုက်သည်။
ထိုသို့ လုပ်ပြီးနောက် ခြေချိတ်ထိုင်လျက် ဆင်ခြင်နေကာ အာရုံတက်ချိန်ကို စောင့်ဆိုင်းနေတော့သည်။
သို့သော် အာရုံတက်ချိန် မတိုင်မီ တစ်စုံတစ်ဦးသည် ဓားခန်းဆောင် အပြင်ဘက် ရောက်ရှိလာသည်။
သူမက နတ်မိမယ်ကျစ်ရွှမ် ဖြစ်သည်။
သူမ ဓားခန်းဆောင်သို့ ဝင်လာပြီးနောက် နေရာတစ်ခုလုံးက သူမ ကိုယ်သင်းနံတို့ ပျံ့နှံသွားသည်။ သူမက ရွှီချင်းက သိမ်မွေ့ညင်သာစွာ ကြည့်လျက် နူးညံ့စွာ ပြောသည်။
“မင်း ထွက်သွားမှာကို ငါ လာတားတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ အကာအကွယ်တွေက မပြည့်စုံဘူး။ ငါ မင်းကို တချို့တလေ ပြင်ဆင်ပေးစရာရှိတယ်။”
သူမ၏လှပသောပုံရိပ်နောက်ရှိ တံခါးအပြင်ဘက်မှ လရောင်သည် မြစ်တစ်စင်းကဲ့သို့ ဖြစ်နေပြီး သူမ၏ဝတ်စုံသည် မြေပြင်ပေါ်တွင် စီးမြောနေသကဲ့ ကျနေသည်။
လရောင်အောက်တွင် ကျစ်ရွှမ်သည် လရောင်မြစ်ထဲတွင် ရပ်နေသည်ဟု ထင်ရသည်။ သူမ၏တင့်တယ်သောအမူအရာနှင့် နူးညံ့သော အကြည့်တို့သည် လရောင်မြစ်တွင် ပွင့်လန်းနေသော ကြာပန်းကဲ့သို့ ငြိမ်းအေးမှုကို ပေးနေသည်။