← Chapters

နောက်ဆုတ်

Vol. 23 Ch. 333

နောက်ဆုတ်

Vol. 23 Ch. 333

ကျိဖန်က မဟာကျိုးဧကရာဇ်၏ နာမည်ဖြစ်လေသည်။

သူ့ကို မည်သူမျှ နာမည်တပ်မခေါ်ရဲတော့သည်မှာ အတော်ကြာခဲ့လေပြီ။ အခုလို အများသူငှာရှေ့မှောက်မှာ ခေါ်ဖို့ဆိုတာ ဝေလာဝေး။

ပကတိအရှင်မင်းကျီက ရှေ့တက်ပြီး အေးစက်စက်အမူအယာနှင့် ငေါက်ငမ်းလိုက်၏။

“သွေးကျီးကန်းဘုရင်.. ဒါက မဟာကျိုးမြို့တော်နော်.. မင်းစကားကို ဆင်ခြင်ပြောရင် ကောင်းလိမ့်မယ်”

ပကတိအရှင်မင်းကျီက ထိုသို့ပြောလိုက်သော်လည်း သူသည် လှုပ်ရှားမှုတော့ မပြုလုပ်ပေ။

သူသည်လည်းပဲ သွေးကျီးကန်းဘုရင်၏ နောက်ခံကို သတိထားရ၏။ ဧကရာဇ်၏ အမိန့်မပါဘဲနှင့် သူသည် အရမ်းကာရော မပြုလုပ်ရဲပေ။ မဟာကျိုးအင်ပါယာအတွက် မလိုလားအပ်သော ပြဿနာများ ဖိတ်ခေါ်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။

“ငါထပ်ပြောလိုက်မယ်.. ငါ ဒီ‌နေ့ ဆူဇီမိုကို ခေါ်သွားမယ်”

သွေးကျီးကန်းဘုရင်က ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီးနောက် သူ၏ အေးစက်စက်အကြည့်က ဧကရာဇ်အပေါ် ကျရောက်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါ့ကို တားဆီးမယ့်ဘယ်သူမဆို.. သွေးကျီးကန်းနန်းတော်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ”

“ဖျောင်း”

ဧကရာဇ်၏ သူ့ဘေးက စားပွဲကို အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် ရိုက်ချလိုက်၏။

သူ၏ မျက်လုံးထဲသို့ စူးရှပြတ်သားသည့် သတ်ဖြတ်လိုစိတ်က ဝင်ရောက်လာပြီး ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်၏။ သူစကားပြောမလို့ ဟန်ပြင်လိုက်စဉ်မှာပင် သူ့စိတ်အာရုံထဲတွင် အသံတစ်သံက မြည်လာ၏။

“ကျိဖန်.. ဒီကိစ္စကို ဒီအတိုင်း.. ကြည့်နေလိုက်”

ထိုအသံကို ကြားလိုက်ရသောအခါ ဧကရာဇ်၏ နုလုံးက ဒုတ်ကနဲ ခုန်သွား၏။

အခြားတစ်ယောက်ယောက်က လာရောက်ဖျောင်းဖျတာဆိုလျှင် သူနားထောင်ချင်မှ နားထောင်ပေမည်။ သို့သော်လည်း ယခုပြောလိုက်သောသူက ကျိမိသားစု၏ မိသားစုခေါင်းဆောင် ဖြစ်လေသည်။ မဟာကျိုးအင်ပါယာကို တည်ထောင်ခဲ့သူ.. နှစ်၁၀၀၀၀နီးပါး ရှင်သန်နေထိုင်လာခဲ့သော မွန်းစတားအိုကြီး ဖြစ်လေသည်။

ထိုပုဂ္ဂိုလ်၏ တည်ရှိမှုကြောင့်ပင် မဟာကျိုးအင်ပါယာက နှစ်ပေါင်းတစ်သောင်းကြာသည့်အထိ မပြိုမလဲနှင့် ရပ်တည်ခဲ့ပြီး နယ်မြေဒေသများစွာကို အုပ်ချုပ်နေနိုင်ခဲ့ခြင်း ဖြစ်လေသည်။

မိသားစုခေါင်းဆောင်ကျိ၏ စကားလုံးများက အင်ပါယာအမိန့်ပြန်တမ်းတစ်ခုကဲ့သို့ မည်သို့မျှ ငြင်းဆန်လို့ မရပေ။

မရေမတွက်နို်ငသော အကြည့်များအောက်မှာပင် အခုလေးတင် မတ်တပ်ထရပ်လိုက်သော ဧကရာဇ်သည် ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်၏။ သူ့အော်ရာက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားပြီး သူ့ပုံစံက တစ်နည်းနည်းဖြင့် မအီမသာပုံ ပေါက်နေ၏။

“အဖေ”

ကျိယောင်ရွှယ်က တစ်ခုခုကို နားလည်သဘောပေါက်သွားပုံရပြီး ညင်သာစွာ လှမ်းခေါ်လိုက်၏။

ဧကရာဇ်က သူ့မျက်လုံးကို မှိတ်ချလိုက်ပြီး ကူကယ်ရာမဲ့နေသလို ခေါင်းခါပြလိုက်၏။

ချက်ချင်းပင်.. ကျိယောင်ရွှယ်၏ အမူအယာက ပျက်ဆီး၍ ဖြူလျော့ကျသွား၏။

ဆူဇီမိုသည်လည်း ကြိတ်၍ ထိတ်လန့်သွားပြီး သူ့မျက်လုံးများကို မှေးစင်းလိုက်၏။

ဤအခြေအနေ၌ ဧကရာဇ်က လက်ရှောင်သွားပြီဆိုလျှင်.. ရွှမ်ယီနှင့် လျှိုဟွေ့တို့သည် သွေးကျီးကန်းဘုရင်ကို တားဆီးနိုင်စွမ်း မရှိပေ။

တည့်တည့်ပြောရလျှင် ယနေ့တွင် သွေးကျီးကန်းဘုရင်သည် ဆူဇီမိုကို ခေါ်ဆောင်သွားပေတော့မည်။

ထိုအခါ ထွက်ပေါ်လာမည့်ရလဒ်က စဉ်းစားနေစရာပင် မလိုတော့ပေ။

သူ့ကို တစ်ချိန်က အမဲလိုက်ခဲ့သောသူသည် နတ်နဂါးကြီး၏ စွမ်းအားကြောင့် ဆိုးဆိုးရွားရွား အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ထိုသူသည် သူထင်ထားသည်ထက် များစွာပို၍ ကြောက်ဖို့ကောင်းနေကြောင်း ဆူဇီမို ရုတ်တရတ် နားလည်သဘောပေါက်လာ၏။

အနည်းဆုံးတော့ မဟာကျိုးအင်ပါယာ၏ ဧကရာဇ်ပင်လျှင် ထိုသူကို မဆန့်ကျင်မိအောင် လက်ရှောင်ရလေသည်။

“ဟီးဟီး..”

သွေးကျီးကန်းဘုရင်က ရယ်မော၍ ခေါင်းညိတ်လိုက်၏။

“ဒီလို အလိုက်သိမှပေါ့.. မဆိုးပါဘူးလေ”

အခြေအနေက မဟန်တော့တာကို သတိပြုမိလိုက်ပြီး နတ်ဆိုးမကျိက အလောတကြီးနှင့် မနောဆက်သွယ်ချက် ပို့လွှတ်လိုက်၏။

“အန်တီဂူ.. နည်းလမ်းတစ်ခု မြန်မြန်စဉ်းစားပေးပါဦး.. ဆူဇီမိုက အဲ့လူနဲ့သာ ပါသွားရင် သေချာပေါက် အသတ်ခံရမှာ”

“ငါက ဘာများ လုပ်နိုင်ဦးမှာလဲ”

ဂူရှီက ခေါင်းခါလိုက်၏။

“ငါနင့်ကို ပြောခဲ့ပါတယ်.. ဒြပ်စင်ငါးမျိုးထီးထဲက ရလဒ်က အရေးမကြီးတော့ဘူးလို့.. သွေးကျီးကန်းနန်းတော်ကို အာခံမိတဲ့အတွက် ဆူဇီမိုက သွားပါပြီလို့”

“ဒါပေမယ့်.. သူ့ကို ခေါ်သွားမှာကို ကျမတို့ ဒီအတိုင်းကြည့်မနေနိုင်ဘူးလေ.. တစ်ခုခုလုပ်ပါဦ.. ဒေါ်လေးဂူ” နတ်ဆိုးမကျိက မျက်မှောင်ကြုတ်လိုက်၏။

“လုပ်လဲ အလကားပဲ”

ဂူရှီက ထူးမခြားနားလေသံနှင့် ပြောလိုက်၏။

“ငါ ဒီတစ်ခေါက် သူ့ကို ကယ်လိုက်ရင်တောင်.. ရှေးဟောင်းတိုက်ပွဲမြေက ပြန်လာတာနဲ့ သူက သေရဦးမှာပဲ.. အဲ့ဒါတင်မကဘူး.. ဆန်းကြယ်တောင်ထွတ်ပါ ရောပါပြီး ချေမှုန်းခံရနိုင်တယ်”

“ဟိုစီနီယာကို အကြောင်းကြားလိုက်မယ်ဆိုရင်..”

နတ်ဆိုးမကျိက ပြောနေစဉ် ဂူရှီက ကြားဖြတ်ပြောလိုက်၏။

“သူက အထွတ်အထိပ်ဂိုဏ်းက.. သူတို့ကျင့်ကြံရတာက နုလုံးသားမဲ့တာအို.. သူက ဝင်ပါလိမ့်မယ်လို့ ညည်းထင်လို့လား”

နတ်ဆိုးမကျိက အခိုင်အမာ ပြောလိုက်၏။

“ဒေါ်လေးဂူ.. နောက်မှ ဖြစ်လာမယ့်အကြောင်းကို နောက်မှပဲ ပြောကြတာပေါ့.. ဒါပေမယ့် အခုလောလောဆယ်တော့ ဒေါ်လေးဂူ ဆူဇီမိုကို ကယ်ပေးရမယ်”

ဂူရှီက ဆက်မပြောတော့ဘဲ.. ညင်သာစွာ သက်ပြင်းချက်လိုက်၏။

ဆူဇီမိုနှင့် မလှမ်းမကမ်းတွင် ရှိနေသော သွေးကျီးကန်းဘုရင်က သူ၏ မကောင်းဆိုးဝါးဆန်ဆန် သွားဖြူဖြူများ အကပ်လိုက်ပေါ်လာသည့်အထိ အေးစက်စက် ပြုံးလိုက်၏။

“ဆူဇီမို.. မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့”

ဝုန်း..

သွေးကျီးကန်းဘုရင်က ဆူဇီမိုရှေ့သို့ ချက်ချင်းရောက်ချလာ၏။

ရွှမ်ယီနှင့် လျှိုဟွေ့တို့သည် သူ့ကို ကယ်တင်ဖို့ရာ လုံးဝအချိန်မရတော့ပေ။

နောက်ပြီး သူတို့က တိုက်ခိုက်လျှင်တောင် သွေးကျီးကန်းဘုရင်ကို မည်သို့မျှ အန်တုနိုင်လိမ့်မည် မဟုတ်ပေ။

ဘုန်း..

ရုတ်တရတ်.. သေးသွယ်လှပသည့် လက်လေးတစ်ဖက်က ဆူဇီမို၏ရှေ့တွင် ပေါ်လာ၏။ အဲ့ဒါက နုနုနယ်နယ် ပုံစံပေါက်နေသော်လည်း.. သွေးကျီးကန်းဘုရင်၏ လက်ဝါးကို လွယ်လင့်တကူ ဖယ်ထုတ်ပစ်လိုက်၏။

“ဟမ်”

သွေးကျီးကန်းဘုရင်၏ အမူအယာက ပြောင်းလဲသွား၏။ သူ့မျက်စိကို မှေးကျဉ်း၍ ကြည့်လိုက်သောအခါ.. စမ်းရေလို လှိုင်းဂယက်လေးများ ထနေသော ညို့ငင်ဖမ်းစားနိုင်သည့် မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရ၏။

မျက်စိတစ်မှိတ်မှာပင် သွေးကျီးကန်းဘုရင်သည် အသိစိတ်ပျောက်သွားပြီး ငူငူငိုင်ငိုင် ဖြစ်သွား၏။

အားလုံး၏ အမြင်မှာတော့ ဂူရှီ၏ မျက်လုံးများက ဘာမျှသိပ်ထူးခြားလှသည် မရှိဘဲ.. သွေးကျီးကန်းဘုရင်ကို အေးအေးဆေးဆေး ငေးကြည့်နေရုံပင်။

သို့သော်လည်း သွေးကျီးကန်းဘုရင်အတွက်တော့.. ဂူရှီ၏ မျက်လုံးများသည် တဖျတ်ဖျတ်လက် တောက်ပနေပြီး လျှို့ဝှက်နက်နဲ အသိရခက်သော စွမ်းအားကိုပိုင်ဆိုင်ထားကာ သူ့ကို ညို့ငင်ဖမ်းစား၍ သူ့အသိစိတ်ကို ထိန်းချုပ်နေ၏။

ရုတ်တရတ်..

သွေးကျီးကန်းဘုရင်၏ ကိုယ်တွင်းမှ အလွန်တရာ ဆိုးယုတ်သော စွမ်းအားတစ်မျိုးက ရုန်းကြွထွက်ပေါ်လာပြီးနောက်.. သွေးကျီးကန်းဘုရင်၏ မျက်လုံးအနက်ပိုင်းထဲတွင် သွေးရိပ်က ပေါ်လာ၏။

သွေးကျီးကန်းဘုရင်၏ မျက်လုံးထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူသည် တုန်လှုပ်ချောက်ချားစွာဖြင့် သတိပြန်ဝင်လာ၏။

“နင်က သွေးကျီးကန်းနန်းတော်ကို ဆန့်ကျင်ရဲတယ်ပေါ့လေ” သွေးကျီးကန်းဘုရင်က သူ့အသက်ရှုနှုန်းကို ထိန်းညှိ၍ ခပ်ပြတ်ပြတ် မေးလိုက်၏။ သို့သော်လည်း သူသည် ဂူရှီ၏ မျက်နှာကိုတော့ ထပ်မကြည့်ရဲတော့ပေ။

ဂူရှီက ဂရုမစိုက်သည့်အထာနှင့် ပြန်ပြောလိုက်၏။

“နင်ပြန်တော့.. ဒီကောင်လေးက ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်”

“နင်က သူ့ကို ကာကွယ်နိုင်လို့လား”

“အနည်းဆုံးတော့ နင်ဒီနေ့ သူ့ကို ခေါ်မသွားနိုင်အောင် ငါတတ်နိုင်တယ်”

သွေးကျီးကန်းဘုရင်၏ မျက်နှာက ပျက်ဆီးသွား၏။ သူသည် နေရာမှာတင် အတန်ကြာအောင် မတ်တပ်ရပ်၍ စဉ်းစားချင့်ချိန်နေပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ.. သိပ်ကောင်းတယ်.. နောက်တစ်နှစ်နေလို့ ငါ့ဆရာထွက်လာတာနဲ့.. အဲ့အချိန်ကျရင် သူ့ကို ဘယ်သူက ကာကွယ်ပေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

သွေးကျီးကန်းဘုရင်သည် သွေးနီရောင်မျက်လုံးများနှင့် နက်မှောင်နေသော ကျီးကန်းကြီးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ကောင်းကင်ထက် ပျံတက်၍ ပျံသန်းပျောက်ကွယ်သွားတော့၏။

ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် စိတ်သက်ရာရကာ သက်ပြင်းချလိုက်နိုင်ကြ၏။

စောစောက ပဋိပက္ခပြီးနောက်.. ဆူဇီမိုကို သွေးကျီးကန်းဘုရင်က ခေါ်သွားတော့မည်ဟု သူတို့အားလုံး တွေးထင်ခဲ့မိကြ၏။

ဆူဇီမိုက ဂူရှီဘက်သို့ လှည့်ပြီး အလေးအနက် ဦးညွှတ်လိုက်၏။

“အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ”

“အင်း”

ဂူရှီက ခေါင်းညိတ်ပြလိုက်ပြီး တခြားဘာမှ ပြန်မပြောပေ။

သို့သော်လည်း ယခုသူတို့ မြင်တွေ့ခဲ့ရတာနှင့် ပတ်သတ်ပြီး လူတိုင်းသည် ခံစားချက်အမျိုးမျိုး ရှိနေကြ၏။

သွေးကျီးကန်းဘုရင်က ဆူဇီမိုကို ခေါ်ဆောင်သွားမည့် လွမ်းမောဖွယ်ရာဇာတ်လမ်းကို ဂိုဏ်းအများစုသည် ကြည့်ရှုရဖို့ စိတ်အားထက်သန်နေကြ၏။ အထူးသဖြင့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းပင် ဖြစ်လေသည်။

ဧကရာဇ်ပင်လျှင် သွေးကျီးကန်းနန်းတော်ကို ရန်မစမိဖို့ လက်ရှောင်ရ၏။

သို့သော်လည်း ဆူဇီမိုကို ကယ်တင်ဖို့အတွက် ဂူရှီက ရှေ့ထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြပေ။

ဧကရာဇ်တောင် လက်ရှောင်ရသော သွေးကျီးကန်းနန်းတော်ကို ဂူရှီက ဝင်ပါရဲသည်ဆိုတော့ ရတနာ့ကောင်းကင်လေလံအိမ်တော်က မဟာကျိုးအင်ပါယာထက်တောင် စွမ်းအားပိုကြီးနေတာလား။

ဂူရှီက ရတနာ့ကောင်းကင်လေလံအိမ်တော်မှ ဘဏ္ဍာစိုးခေါင်းဆောင်တစ်ယောက်မျှလောက် မရိုးရှင်းကြောင်း လူတိုင်း ဝိုးတဝါး ခန့်မှန်းမိလိုက်ကြ၏။

ပကတိအရှင်မင်းကျီက ညင်သာစွာ ချောင်းဟန့်၍ လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“အားလုံးပဲ တိတ်တိတ်နေပေးကြပါ.. အဆင့်သတ်မှတ်စာရင်းဝင် ကျင့်ကြံသူများအားလုံး သင်တို့ရဲ့ ဆုလာဘ်ကို ရွေးချယ်ယူဖို့အတွက် နန်းတော်ထဲကို ကျုပ်နောက်ကနေ လိုက်ခဲ့ကြပါ”

ဆူဇီမိုက ရွှမ်ယီ၊ လျှိုဟွေ့နှင့် ဆန်းကြယ်တောင်ထွတ်မှ အခြားသူများကို မိုစိတ်ဝိညာဉ်ပန်းပဲရုံသို့ ခေါ်၍ နေရာချပေးပြီးမှ နန်းတော်ထဲသို့ လိုက်သွားလိုက်၏။

ပြီးခဲ့သည့်နှစ်ရက်က နန်းကြည်သည် အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် သေရေးရှင်ရေး အရေးကြီးသော အဆင့်ကို ရောက်နေသောကြောင့် သူမသည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကို ကြည့်ရှုဖို့အတွက် လိုက်မလာခဲ့တော့ပေ။ ညဝိညာဉ်က မိုစိတ်ဝိညာဉ်ပန်းပဲရုံကို စောင့်ကြပ်နေသောကြောင့် သူမ၏ ဘေးကင်းလုံခြုံမှုကို စိတ်ပူစရာ မလိုပေ။

ဒီတစ်ခေါက်ပြိုင်ပွဲတွင် ဆူဇီမိုသည် နတ်ပန်းပဲနှင့် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်း နှစ်နေရာဝင်ခဲ့သောကြောင့် သူသည် စိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် လျှို့ဝှက်ပညာရပ်အတတ်တစ်ခုကို ရွေးချယ်နိုင်လေသည်။

စိတ်ဝိညာဉ်လက်နက်အပေါ် ဆူဇီမိုသည် များစွာစိတ်ဝင်စားမှု မရှိပေ။

မဟာကျိုးအင်ပါယာက သူတို့အတွက် ဆုလာဘ်အဖြစ် ပကတိအဆင့် သို့မဟုတ် မူလအဆင့် စိတ်ဝိညာဉ်လက်နက်များကို ထုတ်ပေးစရာ အကြောင်းမရှိပေ။ တခြားအဆင့် စိတ်ဝိညာဉ်လက်နက်များက ဆူဇီမိုကို စိတ်ဝင်စားအောင် မစွမ်းနိုင်ပေ။

သို့သော်လည်း မဟာကျိုးအင်ပါယာကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းနီးပါးရှိပြီဖြစ်သောကြောင့် နန်းတော်ထဲတွင် လျှို့ဝှက်ပညာရပ်ကျမ်းစာများစွာ သေချာပေါက် ရှိပေလိမ့်မည်။ သူသည် ပျောက်ကွယ်နေပြီဖြစ်သော လျှို့ဝှက်ပညာရပ်တစ်ခုခုကိုများ တွေ့ရှိနိုင်မလား.. ဆူဇီမိုသည် အမှန်တစ်ကယ် စိတ်ဝင်စားမိလေသည်။

All Chapters