← Chapters

မဟာရှန်အင်ပါယာ

Vol. 23 Ch. 342

မဟာရှန်အင်ပါယာ

Vol. 23 Ch. 342

ဆူဇီမိုက မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ကို လှဲသိပ်နိုင်လိမ့်မည်ဟု ကျိယောင်ရွှယ်က မယုံကြည်သော်လည်း သူ၏ စကားက ရှင်းမပြတတ်သော ယုံကြည်စိတ်ချရမှုကို ပေးစွမ်းနေလေသည်။

အဲ့ဒါက ကန်းလန်ရိုးမမှာတုန်းက သူမခံစားခဲ့ဖူးသော ခံစားချက်လိုပင် ဖြစ်လေသည်။

ရုတ်တရတ် ကျိယောင်ရွှယ်သည် တစ်စုံတစ်ရာကို ပြန်လည်တွေးတောမိသွားပြီး သူမ၏ ပါးပြင်နှစ်ဖက်က ရှက်သွေးနီသွားကာ ပြစ်မျိုးမှဲ့မထင်သော အလှတရားကို ဖော်ပြမိသွား၏။

သူမ၏ အတွေးရိုင်းများ ခုန်ပေါက်နေစဉ်မှာပင် ဆူဇီမို၏ အသံက တစ်ဖန်ပြန်ထွက်လာ၏။

“တစ်ယောက်ယောက် လာနေပြီ”

“အာ”

ကျိယောင်ရွှယ်သည် စိတ်ကူးအာရုံမှ ပြန်လည်နိုးထလာပြီး ဆူဇီမိုကြည့်ရာသို့ လိုက်ကြည့်လိုက်၏။ သို့သော်လည်း ဘာကိုမျှ သူမ မမြင်ရပေ။

သူမက ကြောင်တိကြောင်တောင် ဖြစ်နေစဉ်.. ဆူဇီမိုက မျက်စိကို မှေးကျဉ်းပြီး ရုတ်တရတ် ကြေညာအော်ဟစ်လိုက်၏။

“အားလုံးပဲ မသွားကြနဲ့ဦး.. ရှေ့မှာ ကျင့်ကြံသူတစ်အုပ်စု ငါတို့ဆီကို မာန်နဲ့ထန်နဲ့ လာနေကြတယ်.. သူတို့က ဖော်ရွေမယ့်ပုံမပေါ်ဘူး.. အားလုံးပဲ ဂရုစိုက်ကြပါ”

ထိုသို့ သူပြောလိုက်ချိန်တွင် လူအုပ်ကြီးထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

သူတို့၏ အဖွဲ့တွင် ကျင့်ကြံသူငါးဆယ်က ဆိုးဆိုးရွားရွားကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရပြီး အသက်ရှင်ကျန်ခဲ့သော အယောက်နှစ်ဆယ်မပြည့်သည့် လူများကလည်း မောပန်းနွမ်းနယ်နေကြလေပြီ။ အခုချိန် ရန်သူများနှင့်သာ ရင်ဆိုင်ရလျှင် သူတို့က အသက်ရှင်သန်နိုင်ဖို့ မလွယ်ပေ။

ဆူဇီမိုကို ကျောပေးပြီး ရှေ့ဆုံးကနေ လျှောက်နေသော ကျန်းယု၏ မျက်လုံးထဲတွင် အေးစက်စက်သတ်လိုဖြတ်လိုစိတ်က ဖျတ်ပြေးသွား၏။

“ဘယ်သူ့မှလဲ မရှိပါဘူး”

များစွာသော ကျင့်ကြံသူများသည် စိုးရိမ်ထိတ်လန့်စွာနှင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ကြ၏။ သို့သော်လည်း ဘာကိုမျှ သူတို့မြင်တွေ့ရခြင်း မရှိပေ။

ရုတ်တရတ်ဆိုသလို...

ရှေ့တည့်တည့်တွင် အဝတ်စလေတိုးသံများက ထွက်ပေါ်လာ၏။ အစတုန်းက မပီမသသာ ထွက်နေသော်လည်း တဖြည်းဖြည်းနှင့် အဲ့ဒါက ပိုပိုကျယ်လာ၏။

သိပ်မကြာမီ ပုံရိပ်များက ပေါ်ပေါက်လာပြီး သူတို့ရှိရာသို့ အလွန်တရာ လျှင်မြန်စွာ လျှောက်လှမ်းလာကြ၏။

“ခေါင်းဆောင်ကျန်း.. ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ.. သူတို့ရဲ့ပစ်မှတ်က ကျုပ်တို့လား” ကျင့်ကြံသူတစ်ယောက်က အသံနှိမ့်ပြီး ကြောက်ကြောက်လန့်လန့် မေးလိုက်၏။

ကျန်းယုက ပြန်မဖြေဘဲ အေးတိအေးစက်သာ ပြုံးနေ၏။

တစ်ဖက်အဖွဲ့တွင် ကျင့်ကြံသူငါးဆယ်ကျော်ရှိပြီး မျက်တစ်မှိတ်မှာတင် သူတို့ရှေ့သို့ ရောက်လာကြ၏။ မဟာကျိုးအစောင့်များ၏ အမူအယာက ပြောင်းလဲသွားပြီး အော်ဟစ်လိုက်ကြ၏။

“မဟာရှန်အင်ပါယာက လူတွေပါလား”

ထိုစကားကို ကြားသောအခါ လူတိုင်း၏ ရင်သည့် ဆို့နင့်သွားကြ၏။

ကျွင်းဟောက်က အံ့အားသင့်သွားပုံရပြီး မျက်မှောင်ကြုတ်လိုက်၏။

ကျိယောင်ရွှယ်၏ မျက်နှာကလည်း အလွန်တရာ ဆိုးဆိုးရွားရွား ပျက်သွား၏။

ထျန်ဟွမ်မြောက်ပိုင်းဒေသကြီးတွင် မဟာအင်ပါယာလေးခု တည်ရှိ၏။ မဟာရှ၊ မဟာရှန်၊ မဟာကျိုးနှင့် မဟာယိုတို့ပင်။ ထိုအင်ပါယာလေးခု၏ နယ်စပ်များတွင် စစ်ပွဲများက အမြဲလိုလို ဖြစ်ပွားနေတတ်ပြီး သူတို့က မီးနဲ့ရေလို ဘယ်လိုမှ အတူယှဉ်တွဲ မနေနိုင်ကြပေ။

ယခုကဲ့သို့ အခြေအနေတွင် သူတို့သည် မဟာရှန်အင်ပါယာမှ ကျင့်ကြံသူများနှင့် ပက်ပင်းသွားတိုးရခြင်းက သေဖို့ကံပါလာတာပင်။

ဆူဇီမို၏ အကြည့်က ကျန်းယုအပေါ် ကျရောက်သွားပြီး သူ့ရင်က လှုပ်ခတ်သွားကာ တစ်စုံတစ်ရာကို ရိုးတိုးရိပ်တိတ် သဘောပေါက်သွား၏။

မဟာရှန်အင်ပါယာမှ ကျင့်ကြံသူများ ပေါ်ပေါက်လာခြင်းက အရမ်းကို တိုက်ဆိုင်ပြီး သူတို့၏ အားအနည်းဆုံးအချိန်မှာမှ ရောက်ချလာခြင်းက အရမ်းကို အချိန်ကိုက် ဖြစ်လွန်းနေ၏။

နောက်ပြီး တစ်ရက်ပင် မပြည့်သေးသည့် အချိန်အတွင်းမှာ.. မဟာရှန်အင်ပါယာမှ ကျင့်ကြံသူများသည် သူတို့၏ တည်နေရာကို အတိအကျ ရှာဖွေနိုင်ခြင်းက အရမ်းကို များသွားလေပြီ။ သူတို့ကို တစ်ယောက်ယောက်က လမ်းပြခေါ်လာသလိုပင်။

အဲ့ဒါက ယုတ္တိရှိမနေပေ။

သို့သော်.. ကျန်းယုကသာ မဟာရှန်အင်ပါယာကလူဖြစ်သည်ဆိုလျှင်တော့ အကုန်လုံးက အကျိုးအကြောင်း ညီညွတ်မှု ရှိလာလေသည်။

ထို့ကြောင့်ပင် သူက သွေးကင်းခြေများများကို အသုံးချပြီး သူတို့အုပ်စုကို အင်အားနည်းပါးသွားစေရန် .. လူတိုင်းအား အလောင်းများဘေးသို့ သွားရန် တမင်သက်သက် ခွင့်ပြုပေးလိုက်ခြင်းပင်။

ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကျန်းယုသည် လူတိုင်းကို လုံးဝအနားမယူစေဘဲ.. သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်လုနီးပါးဖြစ်သည့်အထိ ဆက်လက်ပြေးလွှားခိုင်းခဲ့၏။ သူတို့၏ အားအနည်းဆုံးအချိန်မှာပင် မဟာရှန်အင်ပါယာက ပေါ်လာ၏။

အားလုံးက ယုတ္တိတန်ပြီး ပြီးပြည့်စုံလှ၏။

“ကျုပ်က မဟာရှန်အင်ပါယာက သွမ့်မင်တပဲ.. မဟာကျိုးက တတိယမင်းသမီးက ဒီကိုရောက်လာတယ်ကြားလို့ ဧည့်သည်တစ်ယောက်အဖြစ် လိုက်ပါရအောင် ကျုပ်က အထူးတလည် လာဖိတ်ရတာပဲ”

သူမကို ဧည့်သည်တစ်ယောက်အဖြစ်ဟု ရည်ညွှန်းသော်လည်း သူတို့က တစ်ကယ်တော့ ကျိယောင်ရွှယ်ကို အတင်းအကျပ် ဓါးစာခံအဖြစ် ဖမ်းခေါ်လိုနေခြင်း ဖြစ်လေသည်။

စကားပြောလိုက်သောသူက ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျိယောင်ရွှယ်ကို ဘဝင်ခိုက်စွာ ကြည့်နေ၏။

ထိုသို့ပြောပြီးနောက် သွမ့်မင်တက အခြားလူများကို ဝေ့ကြည့်ကာ ရက်စက်ယုတ်မာစွာ ပြုံးလိုက်ပြီး အေးစက်စက် ပြောလိုက်၏။

“ကျန်တဲ့ တခြားသူတွေကတော့.. အကုန်လုံးကို သတ်ပစ်ကွာ.. ဘယ်သူ့ကိုမှ မညှာနဲ့”

“တိုက်ဖို့ အဆင်သင့်ပြင်ထား”

ကျိယောင်ရွှယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ရုတ်တရတ် ဆုံးဖြတ်ချက်ချပြီး ခပ်ပြတ်ပြတ်ပြောလိုက်၏။

“ငါအဖမ်းခံရမယ့်အစား တိုက်ရင်းနဲ့ပဲ အသေခံမယ်.. မဟာရှန်က လူတွေက ငါ့ကို အထင်သေးတာပဲ”

ထိုအချိန်တွင် ကျိယောင်ရွှယ်မျက်နှာပေါ်တွင် နူးညံ့ပျော့ပျောင်းမှုတို့က မရှိတော့ပေ။ ထိုနေရာမှာ သံမဏိလို ကြံ့ကြံ့ခံဇွဲနှင့် သတ်လိုဖြတ်လိုရိပ်က အစားထိုးဝင်ရောက်လာ၏။

သူမက ဘေးဘက်ကို ငဲ့ကြည့်ပြီး တီးတိုးပြောလိုက်၏။

“ဇီမို.. အကုန်လုံးကို ခေါ်ပြီး ရရာနည်းနဲ့ ထွက်ပြေးတော့.. ငါ့အတွက် ဘာမှ ပူမနေနဲ့”

ဆူဇီမိုက ဘာမှပြန်မပြောဘဲ မျက်ခုံးသာ ပင့်ပြလိုက်၏။

သူက အခြေအနေကို ကောင်းကောင်းသဘောမပေါက်သေးမှာကို စိုးပြီး ကျိယောင်ရွှယ်က ထပ်ပြောလိုက်၏။

“သူတို့က ငါ့ကို လိုချင်နေတာ.. ငါ့ကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး.. အဲ့ဒါမို့ ငါ သူတို့နဲ့ လိုက်သေပေးလိုက်မယ်.. ရှင်တို့ကတော့ မတူဘူး.. ရှင် အသက်ရှင်ရမယ်.. ဇီမို ကျမကို ကတိပေးစမ်းပါ.. ဒီကနေ ရအောင်ထွက်ပြီး ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို အဖေ့ကို ပြန်ပြောပေးမယ်လို့”

“ဟီဟီး”

ထိုအချိန်မှာပင် အေးစက်စက် ရယ်သံတစ်သံက ထွက်လာ၏။

ကျန်းယုက ရှေ့သို့ လေးငါးလှမ်း လျှောက်သွားပြီး ပြန်လှည့်ကြည့်လိုက်၏။ သူက ကျိယောင်ရွှယ်နှင့် ဆူဇီမိုကို လှောင်ပြောင်သလို ကြည့်ပြီး ခေါင်းခါလိုက်၏။

“အရမ်းနောက်ကျသွားပြီ တတိယမင်းသမီး.. ဒီနေ့ မင်းတို့ ဘယ်သူမှ လွတ်မှာ မဟုတ်တော့ဘူး”

“ကျန်းယု.. တစ်ကယ်ပဲ နင်က သစ္စာဖောက်ကိုး” ကျိယောင်ရွှယ်၏ အမူအယာက အေးစက်ခက်ထန်သွား၏။

မဟာကျိုးအင်ပါယာမှ အခြားလူများသည် နေရာမှာတင် ငူငူကြီး ရပ်နေမိကြပြီး ဘာတွေဖြစ်ပျက်နေသည်ကို နားမလည်နိုင်ကြတော့ပေ။

“ခေါင်းဆောင်ကျန််း.. ခင်ဗျား ဘာလို့....”

မဟာကျိုးအစောင့်များတောင်မှ ဖြစ်ပျက်နေသည်ကို မယုံကြည်နိုင်ဘဲ အလိုလို မေးလိုက်မိ၏။

သွမ့်မင်းတက ဟက်ကနဲ ရယ်လိုက်၏။

“တာအိုရောင်းရင်းကျန်း.. မဟာကျိုးအင်ပါယာက လူတွေကို လှဲချပြီး တတိယမင်းသမီးကိုတောင် အရှင်ဖမ်းနိုင်အောင် ခင်ဗျားကောင်းကောင်း ကူညီပေးလိုက်တာပဲ”

“ဒါပေါ့”

နောက်ထပ် မဟာရှန်မှ ကျင့်ကြံသူတစ်ယောက်က ရယ်မောပြီး ခေါင်းညိတ်လိုက်၏။

“ခင်ဗျားရဲ့ အခုလို အကျိုးဆောင်မှုအတွက် အရှင်မင်းမြတ်က တာအိုရောင်းရင်းကျန်းကို ကောင်းကောင်းဆုချမှာ သေချာတယ်”

“သွားပြီ.. သွားပါပြီကွာ”

စစ်ယုထန်၏ မျက်နှာက ကြောက်လန့်တကြားပုံစံ ဖြစ်သွားပြီး သူမိဘများ ဆုံးပါးသွားသလို တတွတ်တွတ် ရေရွတ်မြည်တမ်းနေ၏။

အခြားသူများသည်လည်း ဆိုးဆိုးရွားရွား ကြောက်လန့်တကြား ဖြစ်နေကြလေပြီ။

အစတုန်းကတော့ ကျန်းယုသည် သူတို့အဖွဲ့၏ တစ်ဦးတည်းသော မရီးဒါန်ခြောက်ခု အခြေတည်အဆင့်.. သူတို့၏ ထောက်တိုင်ကြီးဖြစ်လေသည်။

သို့သော် ယခုအခါ.. သူတို့၏ မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူကြီးက မဟာရှန်အင်ပါယာမှ တစ်ဖက်အဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်လေပြီ။

ကျန်းယု၏ နောက်ထပ်ပြောလိုက်သောစကားက လူတိုင်း၏ စိတ်နုလုံးကို အောက်ဆုံးသို့ ဆွဲချသွာ၏။

“ကျိယောင်ရွှယ်.. နင်လက်လျှော့လိုက်တာ ကောင်းလိမ့်မယ်.. ငါ့အပြင် အစ်ကိုမင်တကလဲ မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ပဲ.. မင်းတို့မှာ အတောင်ပံတွေပါရင်တောင် ပြေးလွတ်မှာ မဟုတ်တော့ဘူး”

အားလုံး တုန်လှုပ်သွားကြ၏။

မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်..

ကျန်းယုက တစ်ဖက်အဖွဲ့နှင့် သွားပေါင်းလိုက်ပြီးနောက်.. သူတို့ဘက်တွင် အမြင့်ဆုံးကျင့်ကြံမှုအဆင့်က မရီးဒါန်ငါးခု အခြေတည်အဆင့်များဖြစ်ကြသော ကျိချန်းရှန်နှင့် အခြားတစ်ယောက်သာ ဖြစ်လေသည်။

သူတို့၏ ခွန်အားများကို ပေါင်းစပ်လျှင်တောင် မရီးဒါန်ခြောက်ခုအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် သူတို့အားလုံးသည် ပင်ပန်းနွမ်းနယ်နေကြပြီး သူတို့၏ တိုက်ခိုက်စွမ်းရည်များက လျော့ကျနေ၏။

ကျိယောင်ရွှယ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကျန်းယု ငါတို့ကျိမိသားစုက နင့်အပေါ် အမြဲတမ်း ကောင်းပေးခဲ့တယ်လေ.. ငါတို့က ကြင်နာပေးခဲ့သလောက် နင်က ဘာလို့ ကျေးဇူးပြန်ကန်းရတာလဲ”

ကျန်းယုက ပြန်ဖြေလိုက်၏။

“တစ်ကယ်တော့ ကျိမိသားစုက ငါ့အပေါ် ကောင်းပါတယ်.. ဒါပေမယ့်လို့ ပြီးခဲ့တဲ့ဆယ်နှစ်တုန်းက ဒီမဟာရှန်က မိတ်ဆွေတွေကြောင့်သာ မဟုတ်ရင် ငါက အဲ့ထဲက သေနေခဲ့ပြီ”

“ဒါဆို ပြီးခဲ့တဲ့ဆယ်နှစ်ထဲက နင်က နင့်အသက်ကို မဟာရှန်အင်ပါယာဆီမှာ ရောင်းခဲ့တာပေါ့လေ”

“ဒါကြောင့်မို့ နင်က နင့်ရဲ့ကျေးဇူးရှင်တွေအကုန်လုံးကို မေ့သွားတာပေါ့လေ.. နင့်ကို ကျင့်ကြံရေးလမ်းကြောင်းပေါ် ဆွဲတင်ပြီး ပညာတွေ၊ နည်းစနစ်တွေသင်ပေးခဲ့တဲ့ သူတွေကို မေ့သွားပြီပေါ့လေ”

ကျိယောင်ရွှယ်သည် သူမ၏ ရင်ထဲက ဒေါသမီးများကို မငြိမ်းသတ်နိုင်ဘဲ စူးရှပြတ်သားစွာကြည့်၍ ကျယ်လောင်စွာ မေးခွန်များထုတ်လိုက်၏။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းယုက မထီတရီ အေးစက်စက်နှင့် ပြန်ဖြေလိုက်၏။

“ငါက မသေချင်သေးဘူးလေ.. အဲ့တော့ နင်တို့က သေပေးရမှာပေါ့”

“ချီးကောင်”

ကျိယောင်ရွှယ်က ရယ်မောလိုက်၏။

ကျန်းယုက ဆက်ပြောလေသည်။

“ကျိယောင်ရွှယ်.. နင် အသာတကြည်နဲ့ အညံ့ခံမယ်ဆိုရင် နင်ဘာမှ မခံစားရစေဘူးလို့ ငါအာမခံတယ်.. ဒါပေမယ့် ရူးရူးမိုက်မိုက်တွေ လျှောက်လုပ်မယ်ဆိုရင်တော့..”

“ဘာမှလျှောက်ပြောနေစရာ မလိုတော့ဘူး.. တိုက်ကြတာပေါ့.. နင့်လိုကျေးဇူးကန်းတဲ့ ဝံပုလွေတစ်ကောင်က ဘယ်လိုမျိုး အဆုံးသတ်မလဲ ကြည့်ရသေးတာပေါ့”

ကျိယောင်ရွှယ်က အေးစက်ခက်ထန်စွာ မှတ်ချက်ပေးလိုက်၏။

“မဟာရှန်က လူတိုင်းပဲ နားထောင်ကြ.. ဒီလိုလူမျိုးက သူ့ကို တစ်သက်လုံး စောင့်ရှောက်လာခဲ့တဲ့ မဟာကျိုးအင်ပါယာကို သစ္စာဖောက်နိုင်ရင်.. မဟာရှန်အင်ပါယာအပေါ်လဲ အဲလိုပဲ လုပ်နိုင်တယ်”

ထိုစကားကို ကြားသောအခါ.. မဟာရှန်အင်ပါယာမှ လူတိုင်း၏ မျက်နှာအမူအယာက ပြောင်းလဲသွားကြ၏။

သွမ့်မင်တ၏ အကြည့်ကလဲ ခဏမျှ အရောင်ပြောင်းသွား၏။

ဆူဇီမိုက ကြိတ်ပြီးချီးကျူးလိုက်၏။

ကျိယောင်ရွှယ်၏ ထိုစကားက လက်နက်များထက်ပင် ထက်ရှသေး၏။ သူမက ကျန်းယု၏ အဓိက အသက်သွေးကြောကို ဖမ်းပြီး တိုက်ခိုက်လိုက်သလိုပင်။

All Chapters