← Chapters

အလဲအထပ်က မင်းအသက်

Vol. 23 Ch. 343

အလဲအထပ်က မင်းအသက်

Vol. 23 Ch. 343

ကျန်းယု၏ အမူအယာက ပြောင်းလဲသွားပြီး သူက အလောတကြီး ပြောလိုက်၏။

“ဒီမိန်းမက ကျုပ်တို့ကို သက်သက်ရန်တိုက်ပေးနေတာပဲ.. မဟာရှန်က ရောင်းရင်းတို့ ဒီမိန်းမရဲ့ လှည့်ကွက်ထဲကို မ၀င်မိပါစေနဲ့”

တစ်ကယ်လည်း ကျိယောင်ရွှယ်က ရန်တိုက်ပေးနေတာ‌ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်လေသည်။

သို့သော်လည်း အံ့အားသင့်စရာကောင်းသည်မှာ မဟာရှန်မှ လူများက ကျိ‌ယောင်ရွှယ်၏ လှည့်ကွက်ထဲ မကျရောက်ဖူးဆိုလျှင်တောင် နောက်အနာဂတ်မှာ ကျန်းယုကို ယုံကြည်ဖို့ ခဲယဉ်းသွားလေပြီ။ တစ်ကယ်တမ်းပြောရလျှင် သူက သင်္ကာမကင်းဖြစ်ခံရတာ သို့မဟုတ် အသတ်ခံရတာမျိုးပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

သွမ့်မင်တက ခဏမျှ ငိုင်သွားပြီးနောက် ပြုံးလိုက်၏။

“ဘာမှစိုးရိမ်စရာ မလိုပါဘူး.. တာအိုရောင်းရင်းကျန်းယု.. ခင်ဗျားက အကြီးကြီး အကျိုးဆောင်ပေးထားတာပဲ.. ဘာလို့ ကျုပ်တို့က ခင်ဗျားကို သံသယ၀င်ရမှာလဲ”

“ဟုတ်တာပေါ့.. အခုချိန်မှာ အရေးကြီးဆုံးလုပ်ရမှာက မဟာကျိုးက ကျင့်ကြံသူတွေကို အရင်သတ်ဖို့ပဲ” အခြားကျင့်ကြသူတစ်ယောက်က ပြန်ဖြေလိုက်၏။

ရုတ်တရတ် သွမ့်မင်တ၏ အမူအယာက ပြောင်းလဲသွားပြီး ခပ်လှမ်းလှမ်း တစ်နေရာသို့ လှည့်ကြည့်လိုက်၏။

အဲ့ဒီမှာ လာနေကြသောလူများ ရှိလေသည်။

ကျင့်ကြံသူအယောက်ခြောက်ဆယ်က ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များနှင့် အပြင်းလျှောက်လှမ်းလာနေကြ၏။ မျက်တစ်မှိတ်မှာပင် သူတို့က ရောက်ချလာကြ၏။

မဟာရှအင်ပါယာမှ လူများပင်..

လူအုပ်ကြီးက ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ဆူဇီမိုသည် တစ်ချက်အကဲခတ်ကြည့်လိုက်၏။ သွမ့်မင်တနှင့် အခြားသူများ၏ မျက်လုံးများထဲမှ တုန်လှုပ်ချောက်ချားမှုကို မြင်လိုက်ရသောကြောင့် သူသည် မျက်မှောင်ကြုတ်လိုက်မိ၏။

ကြည့်ရတာတော့ မဟာရှန်နှင့် မဟာရှအင်ပါယာမှ လူများက အချိတ်အဆက်ရှိပုံ မရပေ။

သို့သော်လည်း မဟာရှန်မှ ကျင့်ကြံသူများ ရောက်လာပြီး မကြာမီ.. မဟာရှမှ ကျင့်ကြံသူများက ရောက်ချလာ၏။ လောကမှာ ဤမျှထိ တိုက်ဆိုင်လောက်သောအရာ ရှိမည်ဟု ဆူဇီမို မယုံကြည်ပေ။

တစ်ခုခုတော့ လွဲမှားနေတာ ဖြစ်ရပေမည်။

မဟာရှကျင့်ကြံသူများ ရောက်ချလာသောကြောင့် သုံးပွင့်ဆိုင်တိုက်ခိုက်ရမည့် အနေအထားဖြစ်သွားပြီး အခြေအနေက နည်းနည်းတော့ ထူးဆန်းနေ၏။

အခုအချိန်မှာ မဟာကျိုး၏ အင်အားက အားအနည်းဆုံးဖြစ်ပြီး.. မဟာရှနှင့် မဟာရှန်တို့ကတော့ မတိမ်းမယိမ်းအနေအထားမှာ ရှိလေသည်။

သို့သော်လည်း မဟာရှန်နှင့် မဟာရှတို့က ထိပ်တိုက်ရင်ဆိုင်ရတော့မည့် အခြေအနေ ရောက်နေပြီး.. နှစ်ဖက်စလုံးက သူတို့လူများ ထိခိုက်နစ်နာဆုံးရှုံးရမည်ကို စိုးရိမ်နေကြ၏။

ဒါ့အပြင် မဟာရှအင်ပါယာ၏ ရောက်ရှိလာမှုက အတော်လေး ထူးဆန်းနေ၏။

ကျန်းယုက မဟာရှန်ကျင့်ကြံသူများကို လမ်းပြခေါ်လိုက်သော သူလျှိုဆိုလျှင် မဟာရှကျင့်ကြံသူများကို လမ်းပြခေါ်ဆောင်လိုက်သူက ဘယ်သူလဲ..

တစ်ကယ်ပဲ တိုက်ဆိုင်မှုတစ်ခုလား..

ကျိယောင်ရွှယ်၏ မျက်လုံးက ဖျတ်ကနဲ လက်သွားပြီး သူမက ရုတ်တရတ် ထုတ်ကြေညာလိုက်၏။

“မဟာရှအင်ပါယာက ရောင်းရင်းတို့ရှင်.. ကျမက မဟာကျိုးမင်းသမီးပါ.. ရှင်တို့အဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူများလဲ မသိဘူး”

မဟာရှအုပ်စုမှ ခေါင်းဆောင်တပ်မှူးက သံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ဖြစ်၏။ သူ့အမူအယာက အေးတိအေးစက်နှင့် အလေးအနက် မေးလိုက်၏။

“ကျုပ်ကောယီပဲ.. မဟာကျိုးမင်းသမီးက ဘာများ ပြောချင်လို့လဲ”

“တာအိုရောင်းရင်းကော.. ကျမက မဟာကျိုးကို ကိုယ်စားပြုပြီး မဟာရှနဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်.. မဟာကျိုးရှန်က ကျင့်ကြံသူတွေကို ရှင်းပစ်ရအောင်”

ကျိယောင်ရွှယ်က ဆက်ပြောလိုက်၏။

“နောက်ပြီး ကျမတို့က သူတို့ဆီက ရမယ့် သိုလှောင်အိတ်တွေ၊ ပစ္စည်းတွေ ဘာတစ်ခုမှ မလိုချင်ပါဘူး.. ကျမတို့အတွက်က မဟာကျိုးရဲ့ သစ္စာဖောက်ကောင်ကို သတ်နိုင်ရင် ရပါပြီ”

ထိုသို့ သူမပြောလိုက်သည့်အချိန်တွင် သွမ့်မင်တနှင့် အခြားသော မဟာရှန်မှ ကျင့်ကြံသူများသည် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြ၏။

မဟာကျိုးဘက်တွင် ကျင့်ကြံသူနှစ်ဆယ်ပင် မပြည့်တော့သော်လည်း.. သူတို့သာ မဟာရှနှင့် ပူးပေါင်းမိသွားလျှင် သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု သေချာပေါက် ဖြစ်လာပေတော့မည်။

အခြေအနေအရ.. မဟာရှန်အင်ပါယာက စတင်အရေးနိမ့်နေပြီဖြစ်၏။

သွမ့်မင်တက ဟက်ကနဲ တစ်ချက်ရယ်လိုက်ပြီး တင်းမာလာသော အခြေအနေကို ဖြေလျှော့ဖို့ ကြိုးစားလိုက်၏။

“တာအိုရောင်းရင်းကောယီ.. မဟာကျိုးအင်ပါယာက ကျန်တဲ့ကျင့်ကြံသူတွေက လမ်းဆုံးကို ရောက်နေကြပြီး သူတို့ကို ကြောက်နေစရာ ဘာမှမရှိတော့ဘူး.. ကျိယောင်ရွှယ်ရဲ့ ရည်ရွယ်ချက်က ကျုပ်တို့နှစ်ဖက်စလုံးကို အထိနာစေဖို့ပဲ.. မဟာရှက တာအိုရောင်းရင်းတို့.. သေချာစဉ်းစားကြပါ.. ဒီအမျိုးသမီးရဲ့ လှည့်ကွက်အောက် အရောက်မခံကြပါနဲ့”

မဟာရှ၏ ကောယီက အသံတိတ်နေ၏။ သူက ဆူဇီမိုတို့အုပ်စုဘက်သို့ လေးလေးနက်နက် ကြည့်လိုက်၏။

ခဏကြာပြီးနောက် သူက ရုတ်တရတ် ပြောလိုက်၏။

“ကျုပ်တို့ ပူးပေါင်းပြီး ဒီမဟာကျိုးက ကျင့်ကြံသူတွေကို အရင်သတ်ကြမယ်ဆိုရင်ရော ဘယ်နှယ့်လဲ.. တိုက်ပွဲက ရလာမယ့် အကျိုးအမြတ်ကိုတော့.. အင်း.. ကျုပ်တို့ အညီအမျှ ခွဲယူကြတာပေါ့”

“ရတယ်လေ အဆင်ပြေတာပေါ့”

ကောယီ၏ စကားကို ကြားသောအခါ သွမ့်မင်တနှင့် အခြားသူများ၏ မျက်လုံးများက ဝင်းလက်သွားပြီး ချက်ချင်းသဘောတူလိုက်ကြ၏။

ကျိယောင်ရွှယ်နှင့် အခြားသူများကတော့ ရင်ထဲဆို့နင့်သွားကြ၏။

မဟာရှန်အင်ပါယာတစ်ခုတည်းကတောင် သူတို့ကို ရှင်းပစ်ဖို့ လုံလောက်၏။ အခု မဟာရှနှင့်ပါ ပူးပေါင်းလိုက်ပြီဆိုတော့...

ဆူဇီမိုက မျက်ခုံးနှစ်ဖက်ကို အနည်းငယ် တွန့်ကွေးလိုက်၏။

ကောယီက ဆုံးဖြတ်ချက်က အနည်းငယ် အချိန်ဆွဲနေ၏။ သူက မပြောခင် တစ်ယောက်ယောက်ဆီက အမိန့်ကို စောင့်ဆိုင်းနေသလိုပင်။

မဟာရှအင်ပါယာ၏ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာမှုနှင့် ကောယီ၏ အမူအယာတို့ကို ဆက်စပ်ကြည့်လိုက်သောအခါ မဟာကျိုး၏ ကျန်ရှိနေသော ကျင့်ကြံသူများထဲတွင် နောက်ထပ်သူလျှိုတစ်ယောက် ရှိနေဦးမည်ဖြစ်ကြောင်း ဆူဇီမို ခန့်မှန်းမိလိုက်၏။

ဒါ့အပြင် မဟာရှအင်ပါယာမှာ ထိုသူလျှို၏ ဂုဏ်အဆင့်အတန်းက ကောယီထက်ပင် ပိုမြင့်မားနိုင်၏။

စောစောက ထိုသူလျှိုက အထူးနည်းစနစ်တစ်ခုကို သုံးပြီး သတင်းစကား ပေးပို့လိုက်ပုံရ၏။ ထိုအခါမှသာ ကောယီက မဟာရှန်အင်ပါယာနှင့် ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပုံရ၏။

ဆူဇီမိုသည် မသိမသာနှင့် ကျန်ရှိသော မဟာကျိုးကျင့်ကြံသူများကို အကဲခတ်ကြည့်လိုက်၏။ သူ့အကြည့်က လူတစ်ယောက်အပေါ်တွင် ခဏမျှ ကြန့်ကြာသွားပြီးမှ တစ်ဖက်သို့ အကြည့်လွှဲလိုက်၏။

အဇူရာနှင်းမြူလွှာဂိုဏ်းက ကျွင်းဟောက်..

မဟာရှနှင့် မဟာရှန်တို့က အတူလက်တွဲတော့မည်ဟု ကြားရချိန်တွင် မဟာကျိုးကျင့်ကြံသူများသည် ဝမ်းနည်းခြင်း၊ ကြိတ်မနိုင်ခဲမရဖြစ်ခြင်း၊ စိတ်တိုဒေါသထွက်ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ကို ပြသကြ၏။

သို့သော်လည်း ကျွင်းဟောက်တစ်ယောက်ကတော့ ထူးထူးခြားခြား တည်ငြိမ်နေ၏။

ကောယီနှင့် သွမ့်မင်တတို့အုပ်စုက အကျိုးအမြတ်ကို ဘယ်လိုခွဲဝေယူကြမလဲ ဆွေးနွေးနေကြစဉ်မှာပင် ဆူဇီမိုက ကောင်းကင်ကို မော့ကြည့်ပြီး အေးအေးလူလူပုံစံနှင့် ရှေ့ကို လျှောက်လှမ်းသွား၏။

“ဇီမို”

“ကိုလေး”

ကျိယောင်ရွှယ်နှင့် အခြားသူများက ထိတ်လန့်သွားကြပြီး အလိုလို အော်ခေါ်လိုက်ကြ၏။

ဆူဇီမိုကတော့ သူတို့ကို လျစ်လျူရှုထားကာ ကောယီနှင့် သွမ့်မင်တတို့အုပ်စုနှင့် မလှမ်းမကမ်းသို့ ရောက်သွားပြီးနောက် ခပ်ပေါ့ပေါ့ မေးလိုက်၏။

“မိုးက ချုပ်တော့မယ်.. မင်းတို့ကောင်တွေ စကားပြောလို့ မပြီးတော့ဘူးလား”

“သူက မဟာကျိုးအင်ပါယာရဲ့ နံပါတ်တစ်နတ်ပန်းပဲဆရာပဲ.. မရီးဒါန်သုံးခုအခြေတည်အဆင့်.. သူ့ဆီမှာ ထိပ်တန်းအဆင့်ဓါးပျံ ဆယ့်ရှစ်လက်နဲ့ ပကတိစိတ်ဝိညာဉ်လက်နက် သွေးသောက်သူရှိတယ်” ကျန်းယုက အလေးအနက် ဝင်ပြောလိုက်၏။

မဟာရှနှင့် မဟာရှန်မှ ကျင့်ကြံသူများသည် အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြ၏။ သူတို့သည် ဆူဇီမိုကို အရှင်လတ်လတ် အရေခွံခွာချင်သည့်အလား.. ပြင်းပြင်းပျပျ ကြည့်လိုက်ကြ၏။

“ပကတိစိတ်ဝိညာဉ်လက်နက်.. ဟုတ်လို့လားကွာ” သွမ့်မင်တက သူ့အကြည့်ကို ကျဉ်းမြောင်းပြီး ကျန်းယုကို စိုတ်ကြည့်ကာ စကားတစ်လုံးချင်း ဖိမေးလိုက်၏။

“လုံးဝ သေချာတာပေါ့ဗျာ”

ကျန်းယုက ခေါင်းညိတ်လိုက်၏။

“သူက မဟာကျိုးအင်ပါယာရဲ့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ အားလုံးရဲ့ မျက်စိရှေ့မှာတင် သွေးသောက်သူကို ကိုယ်တိုင်သွန်းလုပ်ထားတာ”

သွမ့်မင်တက ကောယီဘက်သို့ လှည့်ပြီး ဟန်လုပ်ပြုံးပြလိုက်၏။

“အစ်ကိုကော.. အဲ့ဒီပကတိစိတ်ဝိညာဉ်လက်နက်ကို ကျုပ်တို့ ဘယ်လိုခွဲယူကြမလဲ”

ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုက ရွှေအမြုတေများကိုပင် သွေးလွှမ်းတိုက်ပွဲဖြစ်ပွားစေနိုင်၏။

မဟာရှဖြစ်စေ၊ မဟာရှန်ဖြစ်စေ.. အဲ့ဒါကို ဘယ်သူမှ လက်လွှတ်ခံချင်ကြမှာ မဟုတ်ပေ။

ကောယီက မျက်ခုံးနည်းနည်းပင့်ပြီး မေးလိုက်၏။

“ညီကိုသွမ့်ကရော ဘယ်လိုလုပ်ချင်လို့လဲ”

“ငါ့မှာ အကြံပေးစရာတစ်ခုတော့ ရှိတယ်”

ရုတ်တရတ် ဆူဇီမိုက ဝင်ပြောလိုက်၏။

“အို ဟုတ်လား ဘယ်လိုမျိုးလဲ ပြောစမ်းပါဦး”

သွမ့်မင်တနှင့် ကောယီတို့က ဆူဇီမိုကို တည်ငြိမ်စွာ လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုမှုနှင့် မထီတရီထေ့ငေါ့မှုတို့ကို ဖုံးကွယ်မထားနိုင်ကြပေ။

သူတို့နှစ်ယောက်အတွက်တော့ ဆူဇီမိုက စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လိုပင်။

“သွေးသောက်သူကို လိုချင်သူ ဘယ်သူမဆို...”

ရုတ်တရတ် ဆူဇီမိုက သူ့စကားကိုရပ်ပြီး မြေပြင်ကို ခြေဖြင့် ပြင်းစွာ ကန်ကျောက်လိုက်၏။

ဘုန်းကနဲ မြည်သံနှင့်အတူ မြေပြင်က လှုပ်ခါသွား၏။

သူ့ခန္ဓာကိုယ်မှ ကျယ်လောင်သောအသံများက ထွက်ပေါ်လာပြီး သူက ရှေ့သို့ လျစ်ကနဲ ခုန်တက်လိုက်၏။ သူ့သွေးထဲတွင် မိုးကြိုးအသံများနှင့် ဆူနာမီအသံများက ကျားများ၊ ကျားသစ်များ၏ အသံနှင့် ရောထွေးထွက်ပေါ်နေပြီး အလွန်တရာ ကြောက်လန့်ဖွယ်ကောင်းနေ၏။

“အလဲအထပ်”

မျက်စိတစ်မှိတ်မှာပင် ဆူဇီမိုသည် သူတို့နှင့် နီးကပ်လာပြီဖြစ်၏။ သူစကားပြောနေစဉ်မှာပင် ကြီးမားသည့် သွေးနီရောင်ဆေဘာကြီးက သူ့လက်ထဲတွင် ပေါ်လာ၏။

ဇီ..

ဆေဘာပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်ငါးခုက တဖျတ်ဖျတ်တလက်လက်နှင့် ‌တောက်ပနေပြီး တောက်လောင်နေသော နေမင်းကြီးလိုပင်။ ၎င်းမှ သွေးရနံ့နှင့် သတ်ဖြတ်လိုစိတ် အမြောက်အမြားက ဖြာထွက်နေ၏။

မဟာရှန်နှင့် မဟာရှမှ ကျင့်ကြံသူများ ငေးကြောင်သွားကြ၏။

ဆူဇီမိုနှင့် ရင်ဆိုင်နေရသော သွမ့်မင်တနှင့် အခြားသူများကတော့ မည်သိုမျှ ခုခံလို့ မရနိုင်သော ကမ္ဘာပျက်ကပ်ဘေးကို ရင်ဆိုင်ရသလို ခံစားလိုက်ရ၏။

“လုပ်ဖို့က”

ဆူဇီမိုသည် သွေးသောက်သူကို လေထဲတွင် အပေါ်အောက် စက်ဝန်းသဏ္ဌာန် လွှဲရမ်းလိုက်သောကြောင့် ကြောက်စရာကောင်းသည့် သွေးအလင်းရောင်က တောက်ပသွား၏။

“မင်းတို့”

ယခုအချိန်တွင် ရှောင်ဖို့က နောက်ကျလေပြီ။ သွမ့်မင်တသည် အထွေအထူး စဉ်းစားနေဖို့ အချိန်မရတော့ဘဲ.. ကာကွယ်ရေးအဆောင်တစ်ခုကို နေရာမှာတင် ချိုးဖျက်လိုက်၏။ အခြားဘာမှ သူ မလုပ်နိုင်ခင်မှာပင် သွေးသောက်သူက အပေါ်ကနေ ကျဆင်းလာပြီဖြစ်၏။

“အသက်တွေပဲ”

သွေးသောက်သူကို လိုချင်တဲ့သူတွေက သူတို့ရဲ့အသက်နဲ့ အလဲအထပ် လုပ်ရမယ်..

ဆူဇီမို၏ နောက်ဆုံးစကားပြောအပြီး၌ သွမ့်မင်တ၏ ခန္ဓာကိုယ်က သွေးသောက်သူ၏ ခုတ်ချက်ဖြင့် နှစ်ပိုင်းကွဲထွက်သွားပြီး သွေးများက မြင်မကောင်းအောင် ပြန့်ကျဲသွား၏။ ကာကွယ်ရေးအဆောင်ကတောင်မှ သူ့အသက်ကို မကယ်နိုင်ခဲ့ပေ။

မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ခုတ်ချက်တစ်ချက်တည်းဖြင့် အသက်ပျောက်သွားရလေပြီ။

All Chapters