ခုတ်ချက်သုံးချက်
Vol. 23 Ch. 345
ဇီ..
လူအုပ်ကြီးထဲ ဖြတ်ဝင်သွားသော ဆူဇီမိုသည် ပျံသန်းလာသော ဓါးသံတစ်သံကို ကြားလိုက်ရ၏။ သူ့နုလုံးက တဒုတ်ဒုတ်ခုန်လာ၏။
တိုက်ခိုက်မှုက အလွန်တရာမြန်ဆန်ပြီး ထက်ရှ၏။ အဲ့ဒါက သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိနေ၏။
မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က တိုက်ခိုက်လေပြီ။
“ချွမ်း”
ဆူဇီမိုသည် နောက်ပြန်လှည့်ကြည့်မနေဘဲ ဝင်ရောက်လာသော ဓါးပျံကို ဆေဘာနှင့် လက်ပြန်ခတ်ထုတ်လိုက်၏။ နားကွဲမတတ် သတ္တုချင်းရိုက်ခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက ဖွားကနဲ လွင့်ပျံထွက်လာ၏။
တိုက်ခိုက်မှုက အလွန်တရာ ပြင်းထန်၏။ ဆူဇီမို၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က နေရာယူလာ၏။
ထိုရှုထောင့်မှ တိုက်ခိုက်နိုင်သူမှာ တစ်ယောက်တည်းသာလျှင် ရှိ၏။ မဟာကျိုးအင်ပါယာ၏ သစ္စာဖောက်.. ကျန်းယုပင်။
ဆူဇီမိုက ဘေးတိုက်ရွေ့လျားပြီး နောက်ထပ် ဓါးပျံနှစ်လက်ကို ရှောင်တိမ်းကာ ကိုယ်ကို ဖျတ်ကနဲ လှည့်လိုက်၏။ သူက မလှမ်းမကမ်း လေထဲတွင် ရှိနေသာ ကျန်းယုကို စိုက်ကြည့်ပြီး အေးစက်စက်လေသံနှင့် ပြောလိုက်၏။
“မင်းကတော့ သေချင်နေပြီပဲ”
“အားလုံးပဲ မကြောက်ကြနဲ့.. အကွာအဝေးတစ်ခုသာ ခြားထား.. အဲ့လူက ငါတို့ကို မခြိမ်းခြောက်နိုင်ဘူး”
ကျန်းယုက ကျယ်လောင်စွာ ထပ်ပြီးကြေညာလိုက်၏။
“ငါက သူ့ကို ထိန်းပေးထားမယ်.. မင်းတို့က ပူးပေါင်းပြီး သူ့ကိုသတ်ကြ”
“မင်းလိုကောင်မျိုးကလား”
ဆူဇီမိုက အေးစက်စွာရယ်မောပြီး သူ့နောက်ဘက်မှ ဝင်ရောက်လာသော ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကို လျစ်လျူရှုလိုက်၏။ သူက မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်ပြီး လေထဲသို့ သက်တန့်တစ်ခုလို ခုန်တက်လိုက်၏။
လေထဲတွင် ဆူဇီမိုက လက်ဟန်ချိတ်စည်းတစ်ခုက ရုတ်တရတ် ပုံဖော်လိုက်သောအခါ.. သူ့ကျောနောက်တွင် ကြီးမားသည့် တောင်ပံတစ်စုံက ထွက်ပေါ်လာ၏။ အဲ့ဒါက စိတ်ဝိညာဉ်ချီများဖြင့် ထောက်ပံ့ထားပြီး အသက်ဝင်နေသကဲ့သို့ပင်။
ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်သော ဆန်းကြယ်တောင်ပံပင် ဖြစ်လေသည်။
ဆန်းကြယ်တောင်ပံများနှင့် ဆိုပါက ဆူဇီမိုသည် လေထဲတွင် ရွှေအမြုတေများကဲ့သို့ ပျံသန်းနိုင်၏။ လေထဲတွင် သူ့တိုက်ခိုက်ရည်က မြေပြင်ပေါ်မှာနှင့် ခြားနားမည် မဟုတ်ပေ။
ရွှစ်..
တောင်ပံများကို ခတ်လိုက်ပြီးနောက် ဖျတ်ကနဲ ရွေ့လျားသွားကာ ဆူဇီမိုသည် မဟာရှန်မှကျင့်ကြံသူတစ်ယောက်ဘေးကနေ ဖြတ်သွား၏။
ထိုလူ၏ လည်ပင်းတွင် သွေးများစီးကျနေသော ဓါးချက်ရာက ပေါ်လာပြီးနောက် သွေးများက ပန်းထွက်လာကာ ဓါးပျံပေါ်မှ ပြုတ်ကျသေဆုံးသွားတော့၏။
ကျန်းယု၏ မျက်ခွံက တဆတ်ဆတ် လှုပ်သွား၏။
သူသည် မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ဖြစ်ပြီး ဆူဇီမိုထက် သုံးဆင့်တောင် ပိုမြင့်သော်လည်း သူ၏ ဓါးပျံစီးနင်းမှုအမြန်နှုန််းက ဆူဇီမို၏ ဆန်းကြယ်တောင်ပံများကို မမီပေ။
တစ်နည်းအားဖြင့် ကျန်းယုက ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆို်ငတိုက်ခိုက်ရပေတော့မည်။
“ရေလလှည်းဘီး”
ကျန်းယုက လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး လှည့်ပတ်လိုက်သောအခါ လုံးဝိုင်းသော အပြာရောင်လပြည့်ဝန်းကြီးက သူ့ရှေ့တွင် ပေါ်လာ၏။ အဲ့ဒါက ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့် တောက်ပနေပြီး ရှေ့သို့ ပစ်ဝင်သွား၏။
“ဖျက်ဆီးစမ်း”
ဆူဇီမို၏ မျိုးဆက်သွေးက ရုန်းကြွလာပြီး မိုးကြိုးစွမ်းအားများက သူ့လက်ဖဝါးထဲတွင် စုစည်းကာ မိုးကြိုးလှံတံတစ်ခုဖြစ်သွားပြီး လျှပ်စီးများနှင့် တောက်ပနေ၏။ သူက အဲ့ဒါကို လပြည့်ဝန်းကြီးဆီ ပစ်သွင်းလိုက်၏။
ဝုန်း..
စိတ်ဝိညာဉ်တိုက်ကွက်နှစ်ခု ထိတွေ့ရိုတ်ခတ်မှုမှ အလွန်ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာ၏။
အင်အားချင်းက ညီတူမျှတူပင်..
စတင်တိုက်ခိုက်ကြကတည်းက ဆူဇီမိုသည် နည်းနည်းလေးမျှ ရပ်တန့်ခဲ့ခြင်း မရှိပေ။ မျက်စိတစ်မှိတ်မှာပင် သူက ကျန်းယုနှင့် ပေတစ်ရာအကွာသို့ ရောက်လာ၏။
“သွား”
သူ၏ စိတ်ဝိညာဉ်တိုက်ကွက်က သုံးစားမရတာကို သိလိုက်ပြီး ကျန်းယုက သူ၏ ဓါးပျံတစ်လက်ကို ထိန်းချုပ်ကာ ရှေ့သို့ အလောတကြီး စေညွှန်လိုက်၏။ ဓါးပျံက တုန်ခါသွားပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ဆူဇီမို၏ မျက်နှာဆီသို့ ပျံသန်းသွား၏။
တစ်ချိန်တည်းမှာပင် ကျန်းယုသည် သူ့ဓါးပျံတစ်လက်ကို စီးနင်း၍ နောက်သို့ အသည်းအသန် ဆုတ်နေ၏။
သူ၏ တိုက်ခိုက်မှုက ဆူဇီမိုကို ထိခိုက်ဒဏ်ရာရဖို့ မရည်ရွယ်ပေ။
အဲ့ဒါက ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့စေဖို့သာ ဖြစ်လေသည်။
ထိုနည်းအားဖြင့် ဆူဇီမို၏ အရှိန်က လျော့ကျသွားပြီး သူတို့နှစ်ယောက်အကြား အကွာအဝေးကို အတိုင်းအတာတစ်ခုအထိ ခြားထားနိုင်မည် ဖြစ်လေသည်။
မရီးဒါန်ခြောက်ခု အခြေတည်အဆင့်တစ်ယောက်၏ ဓါးပျံက အလွန်တရာ မြန်ဆန်လှ၏။
ဆူဇီမိုကလည်း ကျန်းယုနောက်သို့ အသည်းအသန် ပြေးလိုက်နေသောကြောင့် ထိုဓါးပျံက ချက်ချင်းပင် သူထံရောက်ချလာ၏။
တခြားသူများသာဆိုလျှင် ထိုဓါးပျံကို ရှောင်တိမ်းနိုင်တော့မည် မဟုတ်ပေ။ သူတို့က သေရင်သေ သို့မဟုတ် အပြင်းအထန် ဒဏ်ရာရရှိတော့ပေမည်။
သို့သော်လည်း ဆူဇီမို၏ အာရုံခံသတိစိတ်က အလွန်တရာ ထက်ရှပြီး ကျန်းယုစတင်တိုက်ခိုက်လိုက်ကတည်းက အဲ့ဒါကို အာရုံခံမိခဲ့၏။
နောက်ပြီး သူက ကျန်းယု၏ လှုပ်ရှားပုံများကို စောင့်ကြည့်နေသောကြောင့်ထိုသူ၏ စိတ်ထဲဘာတွေရည်ရွယ်နေသည်ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းတွက်ချက်လို့ ရလေသည်။
ဝင်ရောက်လာသောဓါးပျံနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက မရှောင်တိမ်းသလို သွေးသောက်သူကိုလည်း ထုတ်မသုံးပေ။ ထို့အစား သူ၏ ဖြူဖွေးချောမွတ်နေသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
သူ့လက်က ဓါးပျံနှင့် ထိတွေ့မိချိန်တွင် ဆင်နှာမောင်းတစ်ခုလို၊ နွားလျှာတစ်ခုလို လိုက်လျောညီထွေသန်မာ၍ ရစ်ပတ်ကာ လှုပ်ခါလိုက်၏။
ခလန်း..
ဓါးပျံမှ တုန်ခါပဲ့တင်သံက ထွက်ပေါ်လာ၏။
ဓါးပျံပေါ်ရှိ စိတ်ဝိညာဉ်အလင်းက မှိန်ကျသွား၏။
ထိုသည်ကိုမြင်သောအခါ ကျန်းယု၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ သူငယ်အိမ်များက တင်းကျပ်ဖျစ်ညှစ်သွား၏။
ဆူဇီမိုက အနီးကပ်တိုက်ခိုက်ရည်မှာ ကြောက်စရာကောင်းပြီး အလွန်ကြံ့ခို်ငသော ကိုယ်ကာယကို ပိုင်ဆိုင်ထားသည်ဟု သူကြားဖူးထားသည်မှာ ကြာလေပြီ။ သို့သော်လည်း ဒီလောက်အထိ သန်မာလိမ့်မည်ဟုတော့ သူမထင်ထားမိပေ။
ဆူဇီမိုက သာလွန်အဆင့်ဓါးပျံတစ်လက်ကို လက်ဗလာနဲ့ ခုခံခဲ့တာတောင် ဘာဆိုဘာမှ မဖြစ်ဘူးလား..
ဆူဇီမိုက ပျက်ဆီးသွားပြီဖြစ်သော ဓါးပျံကို ဘေးသို့ပစ်ချလိုက်၏။ သူသည် တောင်ပံများကို တဖျတ်ဖျတ်ခတ်၍ ရွေ့လျားလိုက်သောအခါ ကျန်းယုနှင့် ဆယ်ပေအကွာလောက်ကို ရောက်ချလာ၏။
ထိုအကွာအဝေး၌ ဆူဇီမို၏ မျက်လုံးထဲတွင် ကျန်းယုက သေလူတစ်ယောက်ပင်။
“အား”
ကျန်းယု၏ နုလုံးက ဒိန်းကနဲ ခုန်သွား၏။ သူသည် မလွတ်မြောက်နိုင်တော့ဘူးဆိုတာ နားလည်းလိုက်ပြီး သိုလှောင်အိတ်ထဲမှ ခုခံရေးကိရိယာတစ်ခုကို ကပျာကယာဆွဲထုတ်ကာ သူ့လက်တွင် တပ်ဆင်လိုက်၏။ အဲ့ဒါက သံမဏိ လက်အစွပ်အကာ၊ သတ္တုလက်အိတ်တစ်ခုပင် ဖြစ်လေသည်။
စိတ်ဝိညာဉ်စွမ်းအင်များကို ထိုးသွင်းလိုက်သောအခါ ထိုလက်အိတ်မှ စိတ်ဝိညာဉ်အင်းကွက်သုံးခုက တောက်ပလာ၏။ အဲ့ဒါက သာလွန်အဆင့် လက်နက်တစ်ခုပင်။
ဆူဇီမိုက လျှပ်စီးလို ဖျတ်ကနဲ ရှေ့သို့တက်လိုက်၏။ သူ့လက်ထဲမှ သွေးသောက်သူက တုန်ခါ၍ အသံထွက်လာ၏။
“ငါ့ခုတ်ချက်ကို ခံစားကြည့်လိုက်ဦး”
ဆူဇီမိုက ဘာအလှကွက်မှ မပါဘဲ သွေးသောက်သူကို ရိုးရိုးရှင်းရှင်း လွှဲရမ်းကာ သိပ်သည်းပြင်းထန်သောခွန်အားနှင့် အပေါ်ကနေအောက်သို့ ခုတ်ပိုင်းချလိုက်၏။
ကျန်းယု၏ မျက်နှာကသွေးမရှိတော့ပေ။ သူက လက်နှစ်ဖက်ကို အလိုလို မြှောက်လိုက်၏။ သူ့ဦးခေါင်းထက်တွင် လက်အိတ်နှစ်ခုက လင်းလက်တောက်ပလာ၏။
ချွမ်း..
ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာ၏။
ကျန်းယု၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့ခြေထောက်များက ဒယီးဒယိုင်ဖြစ်လာပြီး ဓါးပျံပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွား၏။ ရိုက်ခတ်မှုဒဏ်ကို သူ့လက်တံက ခံနိုင်ရည်မရှိဘဲ.. သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာ၏။
“မဆိုးပါဘူး.. နောက်တစ်ခေါက်ပေါ့”
ဆူဇီမိုက ရယ်မောလိုက်ပြီး သွေးသောက်သူနှင့် နောက်တစ်ကြိမ် ခုတ်ပိုင်းချလိုက်၏။
ချွမ်း..
ကျန်းယု၏ လက်နှစ်ဖက်က ကွဲအက်လုနီးပါးဖြစ်သွားပြီး သွေးသောက်သူ၏ ထက်ရှမှုက သူ့ဦးခေါင်းဆီသို့ ရောက်လုနီးပါးပင်။
သူ၏ လက်အိတ်များပေါ်မှ စိတ်ဝိညာဉ်အလင်းရောင်များက မှိတ်တုတ်မှတ်တုတ်ဖြစ်လာ၏။
သွေးသောက်သူထံမှ ခုတ်ချက်နှစ်ချက် ဆက်တိုက်လက်ခံပြီးနောက် သာလွန်အဆင့် ထိုလက်နက်က ပျက်ဆီးတော့မည့်နီးနီးပင်။
“သေလိုက်တော့”
ဆူဇီမိုက အေးစက်ခက်ထန်စွာ ဟိန်းဟောက်လိုက်၏။
ထိုသို့သူပြောလိုက်သည်နှင့် သွေးသောက်သူက ကျန်းယု၏ လက်ပေါ်သို့ နောက်တစ်ဖန် သည်းထန်စွာ ကျဆင်းလာပြန်၏။
ဂျွတ် ဂျွတ် ဂျွတ်..
ထိုလက်အိတ်များမှ အက်ကွဲသံများက ထွက်ပေါ်လာ၏။
ထို့နောက် ကျန်းယု၏ မျက်လုံးက အရောင်မှိန်ကျသွားပြီး သွေးများကို ထွေးထုတ်ကာ သူ့လက်က အောက်သို့ပြိုလဲကျသွား၏။
သွေးသောက်သူက ဆက်လက်ကျဆင်းလာပြီး အေးစက်စက်ဓါးသွားက ကျန်းယု၏ ဦးခေါင်းကို လှီးဖြတ်သွားကာ သွေးသံရဲရဲဓါးချက်ရာကြီးက ပေါ်လာ၏။
ဖြီး..
ကျန်းယု၏ ခန္ဓာကိုယ်က ထောင်လိုက်နှစ်ပိုင်းကွဲသွားပြီး ဓါးပျံပေါ်မှ ပြုတ်ကျသွား၏။ သူ၏ သွေးတွေ၊ ကလီစာတွေက ပြန့်ကျဲထွက်ကျကုန်၏။
သွေးသောက်သူ၏ လက်ချက်နှင့် နောက်ထပ်မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ကျင့်ကြံသူ တစ်ယောက်က သေဆုံးသွားပြန်လေပြီ။