← Chapters

တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်ထဲမှ ထွက်သွားစမ်း

Vol. 11 Ch. 158

တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်ထဲမှ ထွက်သွားစမ်း

Vol. 11 Ch. 158

စစ်ယွီပုံစံက ရိုးရှင်းသော မေးခွန်းတစ်ခုကို မေးနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဝူအာကို သိက္ခာချချင်သော ရည်ရွယ်ချက် ပါဝင်သည်။

ပြီးခဲ့သော ဂျပန်နှင့် ပြိုင်ပွဲတွင် ဝူအာ၏ အမှားက ရဲ့လင်းချန်၏ ကြိုးစားအားထုတ်မှုများကို အချည်းနှီး ဖြစ်စေလုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍ သူတို့သာ ဂျပန်ကို ရှုံးသွားခဲ့လျင် တစ်နိုင်ငံလုံး အရှက်ရလောက်ပြီ ဖြစ်သည်။

ထိုအဖြစ်က ဝူအာ၏ ဘဝ၌ အမည်းစက်တစ်ခု ထင်လာစေခဲ့သည်။

စစ်ယွီက ပူးတွဲထုတ်လွှင့်မှုအတွင်း ထိုကိစ္စကို ထုတ်ပြောလာသဖြင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှန်း သိသာပေသည်။

ဝူအာက နှုတ်ခမ်းကိုက်လိုက်ပြီးနောက် တောင်းပန်လေသည်။

“အရင်က ကျွန်မ အရည်အချင်း မပြည့်ဝလို့ အခြေအနေကို တစ်လွဲဖြစ်အောင် လုပ်သလို ဖြစ်သွားခဲ့တာပါ’

“ခစ်ခစ် အဲ့လိုလား၊ ငါက ညီမဝူအာ တမင်သက်သက် လုပ်တယ်လို့ ထင်နေတာ”

စစ်ယွီက ရယ်၍ ခပ်တည်တည် ပြန်ပြောသည်။

[ဝူအာက အဲ့ဒါကို တမင်လုပ်တာလား၊ သစ္စာဖောက် ခွေးမ]

[ဝူအာက ဒီလို ဆိုးရွားတဲ့ အရည်အချင်းနဲ့ ဂိမ်းထုတ်လွှင့်သူ လုပ်ရဲတာလား၊ အသုံးမကျလိုက်တာ]

[စစ်ယွီက လူတိုင်းကို သတိပေးလိုက်တာပဲ၊ ငါတို့ စစ်ယွီကို အားပေးသင့်တယ်]

[သစ္စာဖောက် ခွေးမ ဝူအာကို ငြင်းပယ်ကြ၊ တိုက်ရိုက် ထုတ်လွှင့်မှုနယ်ပယ်ထဲက ထွက်သွားလိုက်]

…

တစ်ခဏအတွင်းမှာပင် မရေတွက်နိုင်သော ကြည့်ရှုသူများက စစ်ယွီ၏ အကွက်ထဲ ရောက်သွားပြီး ဆိုးဆိုးရွားရွား ပြောဆိုကြတော့သည်။

“အခု ကျွန်မ ဟိုင်ချောင်ဝူ (ကျောက်ပွင့်) ကကွက်လေးနဲ့ အားလုံးကို သီဆိုကပြပါမယ်”

စစ်ယွီက ရွှင်လန်းတက်ကြွစွာ ရယ်၍ သီချင်းစဆိုလေသည်။

“ကျောက်ပွင့်လေးလို … ရေစီးကြောင်းအတိုင်း စီးမျောရင်း … လှိုင်းနှင့်အတူ ကခုန်ပါ …”

သီချင်းဆိုနေစဉ်တွင် သူမခန္ဓာကိုယ်ကိုပါ ငါးရှဉ့်သဖွယ် တွန့်လိမ်လူးလွန့်ပြသည်။ သူမ၏ မလုံ့တလုံ အဝတ်အစားနှင့် ပေါင်းစပ်လိုက်သောအခါ မြူဆွယ်ပုံ ပေါ်လာပြီး သူမရင်ဘတ်ကလည်း လှုပ်ခါနေ၏။ ထုတ်လွှင့်မှုတွင်း၌ ညှို့ဓာတ်နှင့် ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေကာ ကြည့်ရှုသူများထံက ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။

[ပြင်းပြင်းလေး ခါလိုက်၊ မင်းအဝတ်အစားတွေကို ထပ်ဆွဲချလိုက်၊ ငါ မင်းကို ဆုပေးမယ်]

[ဝိုး … ဒါကမှ စိတ်ရင်းဖြူတဲ့ တင်ဆက်သူပဲ၊ ငါ နတ်သမီးလေး စစ်ယွီကို အားပေးပြီ]

[ဝိုင်နတ်ဘုရားရဲ့ ထုတ်လွှင့်မှုကို ကြည့်ရတာ ဘာများ ကောင်းလို့လဲ၊ သူက စစ်ယွီလို့ ဟော့တဲ့လူလည်း မဟုတ်ဘူး၊ ဝါး … ငါ့နှာခေါင်း သွေးလျှံနေပြီ …]

[စစ်ယွီနဲ့ ယှဉ်လိုက်ရင် ဝိုင်နတ်ဘုရားက ဘာမှမဟုတ်ဘူးလို့ ငါ ထင်တယ်]

[စစ်ယွီကို ထာဝရ အားပေးမယ်၊ နတ်သမီးလေး စစ်ယွီကို ငါ ချစ်တယ်၊ မင်းရဲ့ သီချင်းက ကောင်းလိုက်တာ]

[နောက်တစ်ခါလောက် ကပါဦး၊ ငါ မင်းကို လှေဆုပေးမယ်]

…

အချိန်တစ်ချို့ကြာသော် မရေတွက်နိုင်သော လက်ဆောင်များက ဖန်သားပြင်၌ ပလူပျံ့နေ၏။ ဒုံးပျံနှင့် လှေ လက်ဆောင်များက ဖန်သားပြင်တွင် ပြွတ်သိပ်နေသည်။

“လက်ဆောင်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ ရှင်တို့ကို ချစ်တယ်နော်”

စစ်ယွီက ရင်ဘတ်ရှေ့၌ လက်နှစ်ဖက်ဖြင့် အသည်းပုံစံလေး လုပ်ပြသည်။

ယခုအချိန်ထိဆိုလျင် စစ်ယွီ၏ လက်ဆောင်များက ဝူအာထက် အပုံကြီး သာနေသည်။ ပူးတွဲ အမှတ်ကြေငြာချက်တွင် ရလဒ်များက တစ်ဖက်စောင်းနင်း ဖြစ်နေသည်။ ဝူအာ၏ လက်ဆောင်များက စစ်ယွီနှင့် ယှဉ်လိုက်လျင် ပမွှားမျှသာ။

သူမဘေးမှ ဝူအာ၏ မျက်နှာက ဖြူရော်နေလေသည်။ သူမသည် သီချင်းဆိုလည်း မကောင်းသလို ဆွဲဆောင်မှုရှိသော ပုံစံလည်း မပြတတ်ပေ။ သူမ ဘေးမှထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထို့အပြင် အစောပိုင်းက စစ်ယွီ၏ နှုတ်ဖြင့် တိုက်ခိုက်မှုက ဝူအာအား အတော်လေး နေရခက်သော အခြေအနေသို့ ရောက်သွားစေသည်။

ထိုကြားထဲတွင် လူအချို့က ဝူအာကို လက်ဆောင်များ ပေးနေဆဲ ဖြစ်သည်။ သူမ ရှုံးမည်ဆိုလျင်တောင်မှ စိတ်မကောင်း ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပေးနေခြင်း ဖြစ်သည်။ သို့သော် ၎င်းက အကူအညီ သိပ်မဖြစ်ချေ။

“ဘာမှမဖြစ်ပါဘူး၊ ရှင်တို့ ကျွန်မကို လက်ဆောင်တွေ ထပ်ပေးစရာ မလိုပါဘူး၊ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ ရှုံးသွားရင်တောင်မှ အဆင်ပြေပါတယ်”

ဝူအာက ပရိသတ်များကို ကြိုးစား၍ ပြောပြလိုက်သည်။ ထို့နောက် သူမက ဆက်ပြောသည်။

“ခဏလောက်လေး စိတ်တိုသွားတာအတွက်နဲ့ လက်ဆောင်ပေးပြီး ပိုက်ဆံဖြုန်းဖို့ မလိုပါဘူးနော်၊ ကျွန်မတို့ နံပတ်တစ် အမျိုးသမီး တင်ဆက်သူကို ရှုံးသွားတာက ရှက်စရာ မဟုတ်ပါဘူး”

[ငါ့ဖင်ကြီးကို နံပါတ်တစ် အမျိုးသမီး တင်ဆက်သူလား၊ ဝိုင်နတ်ဘုရားသာ ရှိနေရင် သူ စကားတောင် ပြောရဲမှာ မဟုတ်ဘူး]

[ဝူအာ သူ့ကို အဖက်မလုပ်နဲ့ သူက အပျက်မသာသာပဲ၊ ကိုယ့်ပုံစံအတိုင်း နေပါ]

[ချီးပဲ သူ့ကို ကြည့်ပါဦး၊ မသိရင် အားလုံးမြင်အောင် ကိုယ်တုံးလုံး ချွတ်ပြဖို့ မစောင့်နိုင်တော့တဲ့ပုံပဲ၊ ရွံဖို့ ကောင်းလိုက်တာ]

[ကိုယ်ရည်ကိုယ်သွေးရော ယဉ်ကျေးမှုပါ မရှိဘူး၊ သူကများ ဝိုင်နတ်ဘုရားကို ကျော်တက်ပြမယ်လို့ ဘယ်လိုတောင် ပြောရဲတာလဲ၊ သူက ခွေးချီးကိုတောင် မယှဉ်နိုင်တာ]

[အမာခံ ပရိသတ်အချို့က စစ်ယွီက ဝိုင်နတ်ဘုရားကို ကျော်တက်နိုင်တယ်လို့ ပြောပြီး ရေပန်းစားဖို့ ကြိုးစားနေပြီ၊ ဟားဟား ရယ်ချင်စရာပဲ]

…

“ဟုတ်ပါပြီ၊ ကျေးဇူးပြုပြီး အရမ်း စိတ်ထဲမထားကြပါနဲ့နော်”

ဝူအာ ပြုံး၍ ပြောလိုက်သည်။ ထိုကောမန့်များကို ဖတ်ပြီးနောက် သူမစိတ်အခြေအနေက အနည်းငယ် ကောင်းမွန် လာသည်။

“ဝိုင်နတ်ဘုရားက မထုတ်လွှင့်တော့ပင်မယ့် ကျွန်မ ဝိုင်နတ်ဘုရားရဲ့ ကစားပုံအချို့နဲ့ လှည့်ကွက်တွေကို စိစစ် စုဆောင်းပြီး အားလုံးနဲ့ အသေးစိတ် ဆွေးနွေးလို့ ရပါတယ်”

ဝူအာက အကြံပေးသည်။

[ကောင်းတယ် ငါ အဲ့အကြံကို သဘောကျတယ်]

[ဝိုင်နတ်ဘုရားက မထုတ်လွှင့်တော့ဘူး ဆိုပင်မယ့် ငါတို့ သူ့ကို မေ့ပျောက်သွားလိုက်လို့ မဖြစ်ဘူး၊ ငါတို့ မှတ်ဉာဏ်တွေကို ပြန်သွေးနေတာ ကောင်းတယ်]

[ဟားဟားဟား ဝူအာက ဝိုင်နတ်ဘုရားရဲ့ လှည့်ကွက်တွေကို ဆွေးနွေးမယ်တဲ့၊ စိတ်ဝင်စားစရာပဲ]

ကြည့်ရှုသူများက စစ်ယွီ၏ ရန်စသော အပြုအမူများကို အရေးမလုပ်တော့ချေ။ ထုတ်လွှင့်ချိန် ပြီးဆုံးရန် မိနစ်အနည်းငယ်မျှသာ လိုတော့သဖြင့် နိုင်ခြင်း၊ ရှုံးခြင်းက အရေးမပါတော့ချေ။

စစ်ယွီသည် တစ်ခဏမျှ သီချင်းဆိုနေပြီးနောက် ဝူအာက သူမကို ဥပေက္ခာပြုထားသည်ကို သတိထား မိသွားသည်။ သူမမျက်နှာ၌ မကျေနပ်သော အမူအရာ ပေါ်လာသည်။ ဝူအာက ဝိုင်နတ်ဘုရား၏ နာမည်ကို ထုတ်ပြောလာသဖြင့် သူမ ပို၍ ဒေါသထွက်လာ၏။

သူမသည် ဟူယွီ၏ နံပါတ်တစ် အမျိုးသမီး တင်ဆက်သူ ဖြစ်သည်။ အခြား မည်သည့် တင်ဆက်သူမဆိုက သူမကို တလေးတစား ဆက်ဆံသင့်သည်။ သူမက ဝူအာအား ဤနေရာ၌ ဘယ်သူက ရာထူးကြီးသူလဲဆိုတာကို ပြချင်နေသည်။ ဝူအာအား အညံ့ခံအောင် ပြုလုပ်ပြီး သူမဘက် ပါလာစေချင်နေသည်။

“ခစ်ခစ် ဝူအာ၊ နင်က ဝိုင်နတ်ဘုရားရဲ့ နာမည်ကိုငှားပြီး နာမည်ရအောင် လုပ်ချင်နေတာလား”

ထိုစဉ် တစ်စုံတစ်ယောက်က ဝူအာ၏ ထုတ်လွှင့်မှုက ကောမန့်များကို ပြန်ဖြန့်လာသည်။ ထိုကောမန့်များထဲတွင် စစ်ယွီကို ပြောဆိုထားသည့် ကောမန့်များလည်း ပါဝင်နေသည်။

ချက်ချင်းဆိုသလိုပင် ပျားအုံကို တုတ်နှင့်ထိုးသကဲ့သို့ လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ လူပေါင်းများစွာက ဝူအာ၏ ထုတ်လွှင့်မှုထဲသို့ ဝင်၍ ရန်ရှာကြသည်။

[တိုက်ရိုက်ထုတ်လွှင့်မှု နယ်ပယ္ထဲ ဝင်ပြီးမှ ဖြူစင်ပြနေလို့ ဘာထူးလဲ၊ ဟဲဟဲ မင်းအဝတ်တွေက အားလုံးကို ဖုံးထားတာပဲ၊ ဒိုးလိုက်တော့]

[မင်းက ငါတို့ စစ်ယွီကို ဝေဖန်ရဲတယ်ပေါ့လေ၊ ဒီထုတ်လွှင့်မှုကို ပိတ်ပင်သင့်တယ်]

[ဝိုင်နတ်ဘုရားက ဘာတွေများ တော်နေလို့လဲ၊ ပိတ်ပင်ခံလိုက်ရတဲ့ လူရဲ့ ထုတ်လွှင့်တဲ့ အကြောင်းအရာတွေ ပြောတာ ဘာထူးမှာလဲ၊ အမှိုက်တွေ]

[မင်းက ငါတို့ စစ်ယွီကို မနာလိုအူတို ဖြစ်နေတာပဲ၊ အဲ့ဒါကြောင့် ငါတို့ စစ်ယွီကို မင်း တမင် ရိုက်ချနေတာ၊ ခွေးမ]

စစ်ယွီ၏ ပရိသတ်များက ဝူအာ့ပရိသတ်များထက် ပိုများသည်။ ဆဲရေးတိုင်းထွာ၍ ဝေဖန်ပြောဆိုသော စကားများက အခြားသော ကောမန့်များကို ဝါးမျိုသွားသည်။ ကောမန့်များက ပလူပျံနေပြီး အားလုံးက အမနာပ ခါးခါးသီးသီး ပြောဆိုသော စကားများပင်။ အချို့စကားများဆိုလျင် အော်ဂလီဆန်စရာ ကောင်းလှသည်။

[သစ္စာဖောက်ခွေးမ ဝူအာကို ငြင်းပယ်ကြ၊ တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်ထဲက ထွက်သွားစမ်း]

[သစ္စာဖောက်ခွေးမ ဝူအာကို ငြင်းပယ်ကြ၊ တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်ထဲက ထွက်သွားစမ်း]

[သစ္စာဖောက်ခွေးမ ဝူအာကို ငြင်းပယ်ကြ၊ တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်ထဲက ထွက်သွားစမ်း]

…

လျင်မြန်စွာပင် ထိုစကားက စတင် ရေပန်းစားလာသည်။ ဝူအာ၏ အမှားကို အသုံးချ၍ ထိုစကားက ထုတ်လွှင့်မှုတွင်း၌ ချက်ချင်း နေရာယူလာ၏။ ယင်းက အခြားသော အရှက်ခွဲခြင်းများထက် ပို၍ တည့်တိုးဆန်ပြီး ဝူအာ သွေးမရှိတော့လောက်အောင်ကို မျက်နှာ ဖြူရော်လာသည်။

ဤသို့သော စိတ်ဒဏ်ရာမျိုးက လူအများစုအတွက် သေစေနိုင်လောက်သည်။ သာမန်မိန်းကလေး တစ်ယောက်က ဆက်လက်၍ ထုတ်လွှင့်မှု လုပ်ရဲတော့မည် မဟုတ်ပါ။

“ဒီနေ့အတွက် ဒီလောက်ပါပဲနော်၊ ကျွန်မ လိုင်းပေါ်က ဆင်းပါတော့မယ်”

ဝူအာ၏ မျက်လုံးတွင် မျက်ရည်များ တာကျိုးလုမတတ် စုဝေးနေပြီး ကြောက်ရွံ့နေပုံ ပေါ်နေသည်။ မျက်ရည်များကြောင့် မျက်လုံးများ စိုစွတ်စ ပြုလာ၏။ သူမ အတင်း ကြိုးစား၍ ထိန်းနေရသည်။

သူမ ထုတ်လွှင့်မှုကို ပိတ်ရင် ပြင်လိုက်ချိန်တွင် ဒုံးပျံလက်ဆောင်တစ်ခုက ဆိုင်းမဆင့် ဗုံမဆင့် ဖန်သားပြင်၌ ပေါ်လာ၏။။

[ဝိုင်နတ်ဘုရားက ဝူအာကို ဒုံးပျံ လက်ဆောင် ပေးပါတယ်]

ဒုံးပျံသည် ဟူယွီ၌ ဈေးအကြီးဆုံး လက်ဆောင် ဖြစ်သည်။ ပေါ်လာတိုင်း လူအထင်ကြီးစရာ ကောင်းလှသည်။ ထို့အပြင် ၎င်းက ထုတ်လွှင့်မှုတွင် ကြီးမားသော လက်ဆောင်ကြော်ငြာ စာတန်းကြီး ပေါ်လာစေ၏။

ဒုံးပျံလက်ဆောင် ရုတ်တရက် ပေါ်လာခြင်းက ဝူအာ၏ လက်ကို တစ်ခဏမျှ တန့်သွားစေသည်။ ထို့နောက်တွင်မူ ဒုံးပျံ လက်ဆောင်များက အဆက်မပြတ် ပေါ်လာလေသည်။

[ဝိုင်နတ်ဘုရားက ဝူအာကို ဒုံးပျံ လက်ဆောင် ပေးပါတယ်]

[ဝိုင်နတ်ဘုရားက ဝူအာကို ဒုံးပျံ လက်ဆောင် ပေးပါတယ်]

[ဝိုင်နတ်ဘုရားက ဝူအာကို ဒုံးပျံ လက်ဆောင် ပေးပါတယ်]

…

ကြီးမားသော စာတန်းက ပျောက်မသွားချေ။ ထုတ်လွှင့်မှုတစ်ခုလုံး ဒုံးပျံများနှင့် ပြည့်နေသည်။

လူတိုင်း မှင်တက်သွားသည်။ ဝူအာ၏ ထုတ်လွှင့်မှုတွင်းမှ လက်ဆောင်ပေးရင်း အလုပ်များနေသည့် လူများပင် စာရိုက်ရန် မေ့လျော့သွားကြသည်။ ချက်ဘောက်တစ်ခုလုံး၌ လက်ဆောင်ပေးသည့် အသိပေးစာကလွဲလျင် ဘာမှ တက်မလာချေ။

လူအများ လက်ဆောင်ပေးသည်ကို သူတို့ မြင်ဖူးပါ၏။ သို့သော် ဖန်သားပြင်၌ ဒုံးပျံများ ပြည့်လုနီးပါး တက်လာသည်အထိ ပေးသည်ကို ဘယ်သူက မြင်ဖူးမည်နည်း။

All Chapters