စိုက်ပျိုးမွေးမြူခြင်း......
Vol. 39 Ch. 533
မြစ်စောင့်မြို့ရှိ အမှောင်ထုသည် အသက်ရှုရခက်လောက်အောင် မြင်သာထင်သာရှိနသည်။ အသက်ရှုလိုက်တိုင်း မကောင်းသောငွေ့အသက်များက ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး အသွေးအသားကိုဝါးမျိုတိုက်စားတော့မည့်နှယ်......
သူတို့သုံးယောက်သည် ပျက်စီးယိုယွင်းနေသော အဆောက်အဦများ စီတန်းနေသော လမ်းများကို ဖြတ်လျှောက်ခဲ့ကြသည်။ အချို့မှာ လုံး၀ ပြိုကျပျက်စီနေပြီး ခါးအထိမြင့်သော နံရံများသာ ကျန်ခဲ့သည်။ ၎င်းတို့ကို မည်ကဲ့သို့ ဖျက်ဆီးပစ်ခဲ့သည်ကို လီလော့ စေ့စေ့စပ်စပ် သိချင်နေမိသည်။
ဒီမြို့ဟာ တစ်ချိန်က စည်ပင်ကြွယ်ဝခဲ့သည်ကို စိတ်ကူးကြည့်ရန်ခက်လှသည်။
ကိုယ်ပျောက်အဆောင်၏ အစွမ်းဖြင့်၊ သုံစယောက်သား မြို့ကိုဖြတ်၍ တိတ်ဆိတ်သော ဝံပုလွေများကဲ့သို့ ရွေ့လျားကာ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာကြသည်။
ရွှီးးးးးရွှီးးးးး.....
ထိုအသံများကြောင့် သူတို့ လမ်းထောင့်ချိုးတွင် ရပ်လိုက်ကြသည်။ သူတို့ရှေ့တွင် ကြမ်းပြင်ပေါ်၌ အနီရောင်မြွေများ အထွေးလိုက် ဖုံးလွှမ်းနေတဲ့ အဆောက်အဦးတစ်ခု ရှိနေပြီး မြွေတွန်သံများက ပတ်ဝန်းကျင်တွင်ပဲ့တင်ထပ်နေ၏။
အနီးကပ်ကြည့်သောအခါ အနီရောင်မြွေများ၏ အကြေးခွံများက အနီရောင်၊သန်ကောင်များနှင့် ပိုတူနေသည်။
သူတို့မှာ မျက်လုံးမရှိသည့်အပြင် ပါးစပ်ထဲတွင် ချွန်ထက်တဲ့ သွားတွေနဲ့ ပြည့်နှက်နေသည်။
ကမ္ဘာခြားသက်ရှိတွေ.......
သူတို့သည် မြင့်မားသောအဆင့်မဟုတ်ကြဘဲ အဖြူရောင်တိုက်စားသူအဆင့်များဖြစ်နိုင်သည်။
သုံးယောက်စလုံး ခဏရပ်နေသော်လည်း ထိုမြွေများကို သတ်ဖို့မကြိုးစားခဲ့ကြပေ။ထိုစဉ် မြွေများ ထွက်လာတဲ့အဆောက်အဦးက နံရံ တွေကို တုန်လှုပ်သွားစေတဲ့ ထူးဆန်းတဲ့ အသံ တစ်ခုထွက်ပေါ်လာသည်။
ခဏအကြာတွင် ထူးဆန်းသော မြွေတစ်ကောင်သည် မီတာတစ်ဒါဇင်ခန့် အကွာအဝေး အမှောင်ထုထဲမှ ခုန်ဆင်းလာသည်။
၎င်းဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင် ပုပ်သိုးရိရွဲနေသည့် ရွံ့ရှာဖွယ်အစွန်းအထင်းများကိုချန်ရစ်ခဲ့သည်။
ထိုမြွေ၏ခန္ဓာကိုယ်ပေါ်တွင် ပင့်ကူကဲ့သို့ခေရှစ်ချောင်းရှိနေပြီး ဉီးခေါင်းက လူသားဉီးခေါင်းဖြစ်နေသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။
၎င်းသည် ကြမ်းပြင်ပေါ်က မြွေနီများထက် အဆင့်ပိုမြင့်မည်မှာသေချာသည်။
မြွေတစ်ကောင် အိမ်ထဲထွက်ပြီး အဝေးကို ထွက်သွားသည်ကို သုံးယောက်သား ဘေးကင်းတဲ့ အကွာအဝေးကနေ စောင့်ကြည့်နေခဲ့ကြသည်။
ကျန်းချင်းအာက.....
"ဒီကောင်ကငါတို့ ဟိုနေ့ကတွေ့ဖူးတဲ့ မျက်နှာနှစ်ခုရှိတဲ့ ဝံပုလွေထက် ပိုသန်မာတဲ့ မြေကမ္ဘာကပ်ဘေးအဆင့်ဖြစ်လိမ့်မယ်ထင်တယ်......."
"ဒါက မြို့ထဲရောက်ကတည်းက မြင်ဖူးတာ တတိယအကြိမ်ပဲ"
လီလော့ နှုတ်ခမ်း ကိုက်လိုက်မိသည်။ ဤနေရာတွင် ကမ္ဘာခြားသက်ရှိ အရေအတွက်မနည်းလှပေ။ ရေတွက်ရန်အလွန်များသောကြောင့် အနီရောင်တိုက်စားသူများကို လျစ်လျူရှုထားသော်လည်း၊ ထိုမြွေနှင့်အတိအကျတူသော မြွေသုံးကောင်ကိုတွေ့ထားပြီးပြီ.........
သူ၏ အကြမ်းဖျင်း ခန့်မှန်းချက်အရ မြို့တစ်ဝိုက်တွင် ထိုကဲ့သို့သောအကောင်မျိုး ဆယ်ကောင်ထက်မနည်း ရှိနေနိူင်သည်။
မြေကမ္ဘာကပ်ဘေးအဆင့်သည် နတ်ဆိုးခန္ဓာ ဒုတိယအဆင့်နှင့်ညီမျှသည်။ထို့အပြင်ခြေထောက်လေးချောင်းရှိတဲ့ နတ်ဆိုးမျက်လုံးမြွေလည်း ရှိသေးသည်။
"ဒါတွေကို ကောင်းကင်ဘုံကပ်ဘေးအဆင့် ခြေလေးချောင်းနတ်ဆိုးမြွေက ဖန်တီးတာ ဖြစ်နိုင်တယ်....မြစ်စောင့်မြို့မှာ တွေ့ဖူးတဲ့ ကမ္ဘာခြားသက်ရှိ အားလုံးက ပုံစံတူတွေချည်းပဲ... ဒါ တိုက်ဆိုင်မှု မဟုတ်ဘူး" ဟုမင်းသမီးက ထောက်ပြသည်။
ခြေလေးချောင်းရှိသော နတ်ဆိုးမျက်လုံးမြွေသည် ပုံစံတူ သားပေါက်များကိုဖန်တီးနေသည်ဆိုပါက ဉာဏ်ရည်နိမ့်ပါးမည်မဟုတ်ပေ။
“အနားမှာ ကမ္ဘာခြားသက်ရှိတွေ အများကြီးရှိတယ်.....ခြေလေးချောင်းရှိတဲ့ နတ်ဆိုးမျက်လုံးမြွေက သူတို့ကို အားလုံးကို ထိန်းနိုင်ရင် ဒါက တော်တော်ခေါင်းကိုက်စရာပဲ.... ငါတို့က သုံးယောက်ပဲ ရှိတာမို့.... ကြီးကြီးမားမား အန္တရာယ်ရှိနိုင်တယ်..."
ကျန်းချင်းအာကိုကြည့်ရသည်မှာ အလွန်စိုးရိမ်နေပုံရသည်။
မင်းသမီးက ခေါင်းညိတ်သည်။ သူမ စကားပြောတော့မည့်အချိန်တွင် မြို့အနောက်ဘက်ခြမ်းကို ရုတ်တရက် လှည့်ကြည့်မိသည်။
"အဲ့မှာ တခုခုရှိနေတယ်....!"
ကျန်းချင်းအာလည်း လှည့်ကြည့်လိုက်သည်။ ထိုနေရာရှိ အနက်ရောင်မြူထဲတွင် ပြင်းထန်သော လှုပ်ရှားမှုအချို့ရှိနေပြီး မြွေနီများထက် အဆများစွာ ပိုမိုအားကောင်းနေမှုကို ညွှန်ပြနေသည်။
"ခြေလေးချောင်းရှိတဲ့ နတ်ဆိုးမျက်လုံးမြွေဖြစ်နိုင်တယ်"
ကျန်းချင်းအာက ခပ်တိုးတိုးသတိပေးလိုက်သည်။
"ငါတို့သွားကြည့်သင့်လား"
"ငါတို့လုပ်နိုင်တယ်...ကိုယ်ပျောက်အဆောင်နဲ့ဆို ငါတို့အော်ရာကို ထောက်လှမ်းလို့ မရဘူး..... ငါတို့ အစီအစဉ်မချခင်မှာ ဘယ်အဆင့်တန်းလဲဆိုတာ သိဖို့လိုတယ်"
သူတို့နှစ်ဦးသည် ပြတ်သားသော ပင်ကိုယ်စရိုက်များရှိသူများဖြစ်သဖြင့် ဆွေးနွေးပြီးနောက် ချက်ချင်းပင် နေရာရွှေ့လိုက်ကြသည်။
လီလော့ သူတို့နှင့် အနီးကပ်လိုက်လာခဲ့သည်။ ဤနေရာတွင် မြေကမ္ဘာအဆင့်ကမ္ဘာခြားသက်ရှိများ မှိုလိုပေါများနေသဖြင့်အလွန်အန္တရာယ်ကြီးလှသည်။
သုံးယောက်သား လူသွားလမ်းကို ကျော်ဖြတ်သွားခဲ့ကြသည်။ ကျန်းချင်းအာနှင့်မင်းသမီးတို့သည် နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူတို့နှစ်ယောက်လုံးသည် အထပ်ပေါင်းများစွာရှိသော တည်းခိုခန်းတစ်ခုနှင့် ထူးထူးခြားခြား ကျယ်ပြောလှသော လမ်းသွားလမ်းလာများကို လှမ်းကြည့်နေကြသည်။
အနက်ရောင် မြူခိုးများက လှုပ်ခါလာပြီး ငါးမီတာမြင့်သော အသွင်အပြင်တစ်ခု ပေါ်လာသည်။
ခြေလက်လေးချောင်းပါရှိသော မြွေဖြူတစ်ကောင်ပျင်းရိစွာ တွားသွားနေခြင်းဖြစ်သည်။ မြွေဖြူ၏ ချွန်မြသောလူသားလက်သည်းများကိုမြင်လိုက်သည်နှင့် လီလော့ အေယ့အန်ချင်စိတ်ကိုထိန်းမရတော့ပေ။
မြွေတစ်ကောင်၏အထက်တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးတီး ကိုယ်ခန္ဓာရှိပြွး ဆံပင်ရှည်များက သူမ၏ ရင်ဘတ်ပေါ်တွင် ဆွဲဆောင်မှုရှိစွာရစ်ပတ်ထားသည်။ သူမတွင် စူးရှတောက်ပနေသည့် မျက်လုံးနီနီလေးများရှိသည်။
ထိုမျက်ဝန်းနီနီများကို လီလော့ အကြာကြီး မကြည့်ဝံ့ပေ။ ခပ်ကြာကြာကြည့်မိသည်နှင့် သူ့အလိုလို စိတ်ညှို့ခံရမည်မှာ သေချာသည်။
ဤမြွေဖြူသည် မြို့တော်သခင်ကို မျိုချခဲ့သည့် ကောင်းကင်ဘုံကပ်ဘေးအဆင့် ကမ္ဘာခြားသက်ရှိဖြစ်ပြီး မြစ်စောင့်မြို့တွင် အသန်မာဆုံးဖြစ်နိုင်သည်။
လမ်းတစ်လျှောက် လှုပ်လှုပ်ရွရွ ရွေ့လျားသွားသော်လည်း ၎င်း၏အမြီးတစ်ခုနှင့်တင် လူသွားလမ်းတစ်လျှောက်လုံးပြည့်နှက်နေ၏။
မြွေဖြူသည် ဉယျာဉ်တစ်ခုဆီသို့ ဉီးတည်ရွေ့လျားနေသည်။
သုံးယောက်သား ဥယျာဉ်ကို ပိုမိုရှင်းလင်းစွာမြင်နိုင်ရန် အထပ်မြင့် တည်းခိုခန်းပေါ်တက်၍ ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အလွန်ထိတ်လန့်ကုန်သည်။
ဥယျာဉ်ထဲမှာ လူသားတွေ အများကြီးရှိနေသည်။
အသက်ရှင်တဲ့လူသားတွေ အများကြီးရှိနေသေးတာလား....
လူသားများသည် အလောင်းများကဲ့သို့ လဲလျောင်းနေသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်တွင် အသက်ရှင်နေသည့် အရိပ်အယောင်အချို့ကို တွေ့ရှိနိုင်သည်။
ကျား မတိုင်း၏ဝမ်းဗိုက်များက ကိုယ်ဝန်ဆောင်များလို ဖောင်းကားနေသည်။
ခြေထောက်လေးခုပါသော နတ်ဆိုးမျက်လုံးမြွေသည် ၎င်းတို့အား စစ်ဆေးရန် အေးအေးဆေးဆေး လှည့်ပတ်ကြည့်ပြီးနောက် ထူးဆန်းစွာ အော်ဟစ်လိုက်သည်။
ထိုအခါ လဲလျောင်းနေသောလူသားများ၏ ဗိုက်ထဲက လှုပ်လှုပ်ရွရွနဲ့တခုခု ထွက်လာချင်သလို ဆန်တက်လာပြီး လူတွေရဲ့ ပါးစပ်တွေ ပွင့်သွားပေမယ့် ဘာသံမှ ထွက်မလာခဲ့ပေ။
ထို့နောက် ၎င်းတို့၏ မျက်လုံးအိမ်များ ပေါက်ထွက်ကာ သွေးမည်းများ စီးကျလာသည်။ လူတစ်ဦးစီ၏ မျက်လုံးနှစ်လုံးကိုစားသောက်ပြီး မျက်တွင်းဟောက်ပက်ထဲမှ အနက်ရောင်မြွေနှစ်ကောင်ထွက်ကျလာသည်။
ထိုမြွေများသည် နာခံစွာဖြင့် ခြေလေးချောင်းပါသောနတ်ဆိုးမျက်လုံးမြွေ၏ပါးစပ်ထဲသို့ဝင်သွားကြပြီးကျေကျေနပ်နပ်ကြီးအစားခံနေကြသည်။ အနက်ရောင်မြွေများကိုအားပါးတရစားသောက်နေသော ခြေလေးချောင်းပါသောနတ်ဆိုးမျက်လုံးမြွေ၏ပါးစပ်ထဲမှ အနက်ရောင်သွေးများယိုစီးကျနေပြီး ရုပ်ရည်သွင်ပြင်ကလည်း အရင်ကထက်ကြမ်းတမ်းခက်ထန်လာသည်။
မြေပြင်ပေါ်ရှိ လူသားများသည် အရေပြားအလွတ်များထက် မပိုကြတော့ပေ။
ခြေထောက်လေးခုပါ နတ်ဆိုးမျက်လုံးမြွေသည် အစာစားပြီးသောအခါတွင် အနက်ရောင်အလင်းတန်းများကို လူသားများ၏ခန္ဓာကိုယ်ထဲသို့ ပစ်လွှတ်လိုက်လေသည်။ သေးငယ်သောပိုးကောင်များ ခန္ဓာကိုယ်တစ်ခုစီတွင် ကျရောက်ပြီးနောက် ခိုကိုးရာမဲ့လူများထံ လျင်မြန်စွာ မြှုပ်နှံသွားကြသည်။
ထိုမြင်ကွင်းကြောင့် လီလော့တို့ အာစေးမိသလိုဆွံ့အနေသည်။
ဤကမ္ဘာခြားသက်ရှိသည် ၎င်း၏သားပေါက်အတွက် အစာအဖြစ် လူသားများကို မွေးမြူထားခြင်းဖြစ်သည်။