← Chapters

အစီအစဉ် ...

Vol. 39 Ch. 534

အစီအစဉ် ...

Vol. 39 Ch. 534

"ခွေးမသား...မဟုတ်သေးဘူး.... ဒါမှမဟုတ် ခွေးမသမီး...."

လီလော့ ပစ်ပစ်နှစ်နှစ်ကျိန်ဆဲလိုက်လေ၏။

သူ့ရှေ့က လူသားများကိုကြည့်ပြီး ရင်နာမိသည်။

ဝမ်းဗိုက်ထဲတွင် မြွေသားပေါက်များ နောက်တစ်သုတ်ထပ်ရောက်နေပြီဖြစ်သောကြောင့် လူသားများသည် ထိုနေရာတွင် ထုံကျဉ်စွာ အိပ်စက်နေရုံကလွဲ၍ဘာမျှမတတ်နိုင်ရှာခဲ့ပေ။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာများကို မသေခင်အထိ အကြိမ်ကြိမ်အခါခါ ရင်ဆိုင်နေကြရဉီးမည်သာ.......

သူတို့အားလုံး မျှော်လင့်ချက်တွေ ၊ ခံနိုင်ရည်တွေ ဆုံးရှုံးခဲ့ရပြီး ရိုးရှင်းစွာ လှဲလျောင်း၍ သေဆုံးမည့်အချိန်ကိုစောင့်မျှော်နေကြရရှာသည်။

"ရွံစရာကောင်းလိုက်တဲ့ခွေးမ"

ထိုမြင်ကွင်းက သူ့ကို ကြက်သီးဖြန်းဖြန်းခစေသဖြင့် လီလော့ ထပ်မံဆဲဆိုလိုက်ပြန်သည်။

ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပင်......

လူသားတွေကို မြေသြဇာအဖြစ်သုံးပြီး သားပေါက်တွေ တသုတ်ပြီးတသုတ်မွေးမြူနေတယ်ပေါ့.......

ကျန်းချင်းအာနှင့် မင်းသမီးသည်လည်း အနည်းမျက်နှာပျက်နေကြသည်။ ၎င်းတို့သည် အရိပ်လှိုက်ဂူထဲတွင် များစွာကြုံတွေ့ဖူးသော်လည်း ယခုလောက်အထိတော့အခြေနေမဆိုးခဲ့ပေ။

မင်းသမီးက တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်ပြီး....

" ခြေထောက်လေးချောင်းရှိတဲ့ နတ်ဆိုးမျက်လုံးမြွေက ဟွမ်လောင်ပြောခဲ့တာထက်ပိုအားကောင်းနေတယ်....ငါ့ရဲ့ခန့်မှန်းချက်အရ၊ ဒီကောင်က ကောင်းကင်ပုလဲခုနစ်သွယ်အဆင့်လောက်တော့ ဖြစ်နိုင်တယ်..... ငါ ဒါကို ထိန်းထားနိုင်ပေမယ့် အနိုင်ယူဖို့ လွယ်မှာမဟုတ်ဘူး......"

"ပြဿနာက သူ့လက်အောက်က မြေကမ္ဘာအဆင့်တွေချက်ချင်းရောက်လာနိုင်တာပဲ...."

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။

"ခြေလေးချောင်းနတ်ဆိုးမျက်လုံးမြွေက အရူးမဟုတ်ဘူး....တိုက်ခိုက်ခံရပြီဆိုတာနဲ့သေချာပေါက်စစ်ကူခေါ်လိမ့်မယ်...."

မင်းသမီးက စိတ်မသက်မသာနဲ့ ခေါင်းညိတ်လိုက်သည်။သူတို့သုံးယောက်အတွက် အခြေအနေကောင်းတစ်ခုမဟုတ်ခဲ့ပေ။

ကျန်းချင်းအာက မပြောခင် ခဏလောက် ငြိမ်သက်နေပြီး......

"ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေက တစ်မြို့လုံးကို ချုပ်ကိုင်ဖို့ သော့ချက်တစ်ခုဖြစ်နေတာ်.... ငါတို့သာ တိုက်ခိုက်ရင် ခေါင်းကို မြန်မြန်ဆန်ဆန်နဲ့ သေစေလောက်တဲ့ စွမ်းအားတွေနဲ့ ရိုက်မှဖြစ်မယ့..... သူ့ကိုသာဖြုတ်ချနိုင်ရင် ကျန်တာအကုန်အဆင်ပြေသွားပြီ....."

"ခေါင်းကို ရိုက်ရမယ်..."

မင်းသမီးက သံသယစိတ်ဖြင့် သံယောင်လိုက် ရေရွတ်လိုက်ပြီး...

"ဒါဆို နင်နဲ့ငါ အပြင်ထွက်မှရမယ်.....ဒါပေမယ့် ငါတို့က ခြေထောက်လေးခုရှိတဲ့ နတ်ဆိုးမျက်လုံးမြွေနဲ့တိုက်ခိုက်နေတုန်း ကျန်တဲ့ကောင်တွေကို ဘယ်လိုလုပ်ကြမလဲ.... "

မင်းသမီးက လီလော့ကိုတချက်ကြည့်ပြီး.....

" သူသာ ကျန်တဲ့ကောင်တွေကိုထိန်းမထားနိူင်ရင် အကုန်ဒုက္ခများကုန်လိမ့်မယ်....."

လီလော့ ထိုစကားကြောင့် ဒေါသထွက်ချင်သော်လည်းမျိုသိပ်နေခဲ့ရသည်။ မြွေတစ်ကောင်ကို ရင်ဆိုင်ဖို့လောက်ကတော့ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ ဝှက်ဖဲကိုပင်ထုတ်သုံးစရာမလိုပေ။

"ငါတို့ ဒီကောင်တွေကို သူနဲ့ပဲထားခဲ့ရမှာ...."

ကျန်းချင်းအာ ယက သေးငယ်သောအပြုံးဖြင့်ပြောသည်။

"အယ်?"

မင်းသမီးက သူ့ကို စိုက်ကြည့်နေ၏။

"ငါ့မှာ အစီအစဉ်ရှိတယ်"

ကျန်းချင်းအာက တည်ငြိမ်စွာ ရှင်းပြနေပြန်သည်။

"မင်းသမီးက အရင်ဉီးဆုံး ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေကိုတိုက်ခိုက်ပြီး ထိန်းထားရမယ်..... ငါက အလင်းကမ္ဘာကိုသုံးပြီး မြေကမ္ဘာကပ်ဘေးအဆင့်တွေကိုထောင်ချောက်ဆင်မယ်.... အ့အချိန်မှာ

လီလော့က သန့်စင်တဲ့နှင်းရည်ကိုသုံးပြီး အစီအရင်ဖွဲ့နိုင်မယ်ဆို ငါ မင်းသမီးကိုကူညီပေးလို့ရပြီ....."

"ခေါင်ထိအကုန်စားဆိုတဲ့အတိုင်း ခြေလေစချောင်းနတ်ဆိုးမျက်လုံးမြွေကိုရှင်းနိုင်တာနဲ့အကုန်အဆင်ပြေပြီ....ငါ့ရဲ့အလင်းကမ္ဘာက မြေကမ္ဘာကပ်ဘေးအဆင့်တွေကိုပဲ ထောင်ချောက်ဆင်နိုင်တာမို့ လီလော့က အနီရောင်တိုက်စားသူအဆင့်တွေကိုတစ်ယောက်တည်းရင်ဆိုင်ရလိမ့်မယ်...."

"ဒါ့အပြင်၊ ငါ့ထောင်ချောက်ဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတဲ့ အချိန်ကန့်သတ်ချက်ရှိတယ်...အဲ့အချိန်မတိုင်ခင် လီလော့က သန့်စင်ရေးအတားအဆီးကို အောင်မြင်အောင် တည်ဆောက်နိုင်မှရမယ်.... ဒါမှမဟုတ်ရင် ငါတို့အားလုံး ကိစ္စတုံးကုန်လိမ့်မယ်...... "

“ကောင်းလိုက်တဲ့ အစီအစဉတ....”

မင်းသမီးက ချီးကျူးစကားဆိုလိုက်ရင်း.....

"လီလော့ နင် လုပ်ပေးနိုင်မလား....."

လီလော့က ကျန်းချင်းအာကို မကျေမနပ် လှည့်ကြည့်လိုက်ကာ....

"ချင်းအာက ကျွန်တော့်ကို ကလေးလို့ထင်နေတုန်းပဲ!"

ကျန်းချင်းအာက သူ့ကို မျက်စောင်းထိုးလိုက်ပြီး....

"လီလော့....နင် သန့်စင်မှုကို အချိန်မီ မပြီးနိုင်ရင် ချက်ချင်း နောက်ဆုတ်လိုက်ပါ..... ငါနဲ့မင်းသမီး ချက်ချင်းလူစုခွဲပြီးနောက်ဆုတ်လိုက်မယ်....."

"ငါတို့ အဲဒါကို စွန့်လွှတ်မှာလား..."

လီလော့က မေးလိုက်သည်။

“ငါတို့ အရှုံးမပေးဘူး.....ဒါပေမယ့် အနီးနားက တခြားတပ်တွေကို ထောက်လှမ်းပြီး ဒီမြို့ကို ရှင်းဖို့ သူတို့နဲ့ပူးပေါင်းရမယ်...ဒါဆို သူတို့နဲ့ အမှတ်တွေ ခွဲရမှာပေါ့....."

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့အနိုင်ရချင်ရင်တော့ အမှတ်တွေခွဲပြီး ပြေးလို့မရပါဘူး။ သူတို့ရဲ့ဒုတိယ အစီအစဉ်က သူတို့ကို ချန်ပီယံဆုနဲ့ ဝေးကွာသွားစေလိမ့်မည်။

“ကျွန်တော် အကောင်းဆုံးလုပ်ပါ့မယ်”

"ငါ နင့်ကိုယုံတယ်"

ကျန်းချင်းအာက ရိုးရိုးရှင်းရှင်းပြောလိုက်သည်။

"ငါလည်း နင့်ကိုယုံတယ် လီလော့...."

"စိတ်မပူပါနဲ့.... လှပတဲ့မိန်းမပျိုလေးနှစ်ယောက်ကို ကျွန်တော်အပြည့်အဝကာကွယ်ပေးပါမယ့်...."

"အင်း...အပြောကတော့ချိုပါ့. .."

မင်းသမီးက ရယ်မောလိုက်သည်။

ထို့နောက် သူမသည် ရွှေမျက်လုံးအဆင့်ကျောက်စိမ်းရောင်လှံတံကို ဆွဲထုတ်လိုက်ကာ ကြီးကျယ်ခမ်းနားသော စွမ်းအားကို စုဆောင်းနေသည်။

ကျောက်စိမ်းလှံတံသည် အဆင့်မြင့် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းဖြစ်ပုံရသည်။

တစ်ချိန်တည်းမှာပင်၊ အစိမ်းဖျော့ဖျော့၊ အစိမ်းရောင် တိုက်ပွဲသံချပ်ကာက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်သွားပြီး သူရဲကောင်းအဖြစ်သို့ အသွင် ပြောင်းသွားစေသည်။

"ချင်းအာ ငါသွားပြီ....."

သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားဖြင့် တွန်းပို့သော အစိမ်းရောင်စွမ်းအင် ပေါက်ကွဲသံနှင့်အတူ ရှေ့သို့ဉီးတည်ထွက်ခွာသွားလေ၏။

ရုတ်တရက် ပေါက်ကွဲထွက်လာသောစွမ်းအားများကြောင့် မြွေနတ်ဆိုးက မင်းသမီးကိုစူးစူးရဲရဲစိုက်ကြည့်နေသည်။

ထိုကဲ့သို့ သန်မာသော လူသားတစ်ဦးသ၎င်း၏ နယ်မြေအလယ်တွင် ပေါ်လာမည်ဟု မမျှော်လင့်ထားပေ။

ထို့အပြင် ရုတ်တရက်ပေါ်လာသူသည် အင်အားကြီးမားသော ပြိုင်ဘက်ဖြစ်သည်၊ လျှော့မတွက်သင့်ပေ။

လေထုထဲတွင် မြည်ဟီးသံများဆူညံမေပြီး မြစ်စောင့်မြို့က တဖန်အသက်ဝင်လာသည်။ ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာခြားသက်ရှိများက ခေါ်သံကို လိုက်နာကြပြီး သခင်ထံသို့ အပြေးအလွှား သွားကြသည်။

အထူးသဖြင့် မြွေသတ္တဝါများသည် အသန်မာဆုံးနှင့် ပထမဆုံးရောက်လာခြင်းဖြစ်သည်။

"အလင်းကမ္ဘာ!"

ဝုန်းးးးး

အလင်းရောင်က သူမ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။

တောက်ပသော အရံအတားသည် အမှောင်ထုကို ပြန့်ကြဲသွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို သန့်စင်သွားစေသည်။

သေးငယ်သော ကမ္ဘာခြားသက်ရှိ အချို့မှာ ချက်ချင်း ပျက်စီးသွားကြသည်။

မြေကမ္ဘာကပ်ဘေးအဆင့်များက လေထုအလယ်တွင် အေးခဲနေပြီး အလင်းရောင်က၎င်းတို့ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

ကျန်းချင်းအာသည် အဆောက်အအုံတစ်ခု၏ထိပ်တွင် ရပ်နေကာ ရှုခင်းတပြင်လုံးကို စူးစူးစိုက်စိုက်ကြည့်နေစဉ် သူမ၏ဓားကိုလည်းအသင့်ဆုပ်ကိုင်ထားသည်။ မြွေသတ္တဝါအားလုံးကို ဖမ်းမိကြောင်း သူမသိသည်နှင့် လီလော့ကို ကြည့်လိုက်သည်။

လီလော့ တုန်လှုပ်ချောက်ချားနေပေမယ့် သတ္တိမွေးပြီး တည်းခိုခန်းထဲက ပြေးထွက်သွားကယ သူ့ပန်းတိုင်ဆီ ဆက်သွားခဲ့သည်။

အခုချိန်ကစ၍ အရာအားလုံး လီလော့အပေါ်မူတည်နေပြီ........

All Chapters